ယီယီ၏ ထူးဆန်းသောအကြိုက်များ
Vol. 4 Ch. 39
အတန်ကြာသောက်ပြီးကြသောအခါ လီကျန့်ယီ၏ မျက်နှာသည် အရက်မူးသည့် လက္ခဏာအနည်းငယ် ပြသလာသည်။ သူသည် အရွယ်မရောက်သေးသူဖြစ်ပြီးသောကြောင့် လီဆူးဝမ်နှင့် လော့ချင်းယန်ကဲ့သို့သော အရက်သမားဟောင်းများနှင့် မည်သို့ယှဉ်သောက်နိုင်မည်နည်း။
"ယီယီ ထပ်မသောက်တော့နဲ့၊ ထပ်သောက်ရင် မူးသွားလိမ့်မယ်" လီဆူးဝမ်က သူဘေးတွင်ရှိသော လီကျန့်ယီကို ပြောလိုက်သည်။
"ဒီနေ့ သောက်ကြမယ်၊ မနက်ဖြန်က ဘာမှမသေချာဘူး" လီကျန့်ယီက သူကိုယ်သူ ဝိုင်တစ်ခွက်ထပ်ဖြည့်ပြီး မူလကမ္ဘာက စာကြောင်းကိုရွတ်လိုက်သည်။ဆိုလိုရင်းမှာ အရွယ်ရောက်လာပြီးသောလူအများစုက မိတ်ဆွေအပေါင်းအသင်းစုံစုံလင်လင်ဖြင့် သောက်ရသည့် အခွင့်အရေးမှာ ရှားပါးသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အမြဲတမ်း မှုန်မှိုင်းနေသည့် ရဲဒင်းကျီနှင့်၊ ချစ်ရသူသည် အခြားသူ၏ မိန်းမဖြစ်သွားသည်ကို ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရသည့် လော့ချင်းယန်တို့သည်လည်း စားသောက်ရင်း သူတို့၏ ပူပန်မှု့ကိုခဏစွန့်ပစ်ပစ်လိုက်ပြီး ပျော်ရွှင်စွာစားသောက်နေကြတော့သည်။
လီကျန့်ယီ၏ "ဒီနေ့ သောက်ကြမယ်၊ မနက်ဖြန်က မသေချာဘူး" ဆိုသည့် စကားသည် အမှန်ဖြစ်သည်။မနက်ဖြန်ဆိုတာ မည်သူမှကြိုမသိနိုင်ပေ။ဒီနေ့လူစုံနေလည်း မနက်ဖြန်မှာ ဒီလူတွေကမရှိတာလည်းဖြစ်နိုင်သည်။
"သခင်လေးလီ မှန်တယ်၊ဆက်သောက်ကြရအောင်။" လော့ချင်းယန်နှင့် ရဲဒင်းကျီတို့သည် အလွန်စိတ်အားထက်သန်စွာဖြင့် လီကျန့်ယီနှင့်သောက်နေကြသည်။
အတူရှိခဲ့သည့် တိုတောင်းသောကာလအတွင်းတွင် သူတို့သည် လီကျန့်ယီသည် ဗဟုသုတပြည့်ဝပြီး ပါရမီရှင်သာမကဘဲ၊ ဖြောင့်မတ်သော စရိုက်လက္ခဏာရှိသူနှင့် နက်နက်ရှိုင်းရှိုင်း မိတ်ဆွေပြုထိုက်သူတစ်ဦးလည်း ဖြစ်သည်ဟု ခံစားမိကြသည်။
"အဖိုး၊ ယီယီရဲ့ မျက်နှာ အရမ်းနီနေတယ်"ဟန်ယီက လီကျန့်ယီ လုံးဝမူးတော့မည်ကို မြင်သောအခါပြောလိုက်သည်။
"ဒီကောင်လေး ဒီလောက်များများ မသောက်သင့်ဘူး၊ ဒါပေမယ့် သူက ဆက်သောက်နေတယ် ပြန်ရောက်ရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်" လီဆူးဝမ်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ သူသည် ပထမဆုံးအကြိမ် အရက်မူးပြီး အန်သည့်အချိန်က ခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ခံစားချက်ကို တွေးမိပြီး၊ သူ၏ တပည့်ကိုလည်းထိုအဖြစ်ကိုကြုံစေချင်သောကြောင့် သူ၏မျက်လုံးများ လင်းလက်သွားသည်။
"ဒါဆို၊ ယီယီက အရင်က အဖေအရက်မူးပြီး အန်သလိုမျိုး သေချာပေါက် အန်လိမ့်မယ်၊ ဒါက တကယ်ကို မသက်မသာဖြစ်စရာပဲ." ဟန်ယီလေး၏ မျက်လုံးများ တောက်ပလာသည်။ထို့နောက်၊ တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်မ အိမ်ပြန်ရောက်ရင် ယီယီအတွက် အရက်နာကျတဲ့ဟင်းရည် ချက်ပေးမယ်"
တကယ့်ကို မူးတော့မည့် လီကျန့်ယီ"....."
သူသည် မူးရာမှ ရုတ်တရက်လန့်ဖျန့်နိုးလာသည်။ဟန်ယီလေး၏ အတုမရှိသော ချက်ပြုတ်ကျွမ်းကျင်မှု့ကို တွေးမိသည်နှင့်တပြိုင်နက်၊လီကျန့်ယီသည် ချက်ချင်းပင် သူ၏အတွင်းအားကို အသုံးပြုပြီး အရက်၏ သက်ရောက်မှုများကို ဖျောက်ဖျက်လိုက်သည်။
ဟန်ယီရေ ငါ အရက်နာကျ ဟင်းရည်မလိုဘူးနော်...ငါမူးဘူး!!!
ထို့နောက် ဟန်ယီကို တည်ကြည်သောမျက်နှာအမူအရာဖြင့် ကြည့်ပြီးပြောသည်။ "ဟန်ယီ ငါမမူးပါဘူး၊ အိမ်ပြန်ရောက်ရင် ငါ့အတွက် အရက်နာကျတဲ့ဟင်းရည် မချက်ပေးတော့နဲ့"
"ဟုတ်ပြိ ဒါဆို ကျွန်မ မချက်တော့ဘူး" လီကျန့်ယီ၏ ပုံမှန်ဖြစ်သွားသော မျက်နှာကိုစစ်ဆေးကြည့်ပြီးနောက် ဟန်ယီလေးက နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ငါ ဝိုင်ကို မသောက်တော့ဘူး" လီကျန့်ယီက သူ၏ဝိုင်ခွက်ကို ချထားပြီး ဟင်းလျာများကိုသာ စားတော့သည်။
ဤသို့မြင်သောအခါ ဝိုင်သောက်နေကြသည့် ရဲဒင်းကျီနှင့် လော့ချင်းယန်တို့သည် လီကျန့်ယီ၏ခွက်ကို ဝိုင်ပြန်ဖြည့်ကာ၊ မကျေမနပ်ဖြင့် ပြောလိုက်ကြသည်။ "လီကျန့်ယီသခင်လေး၊ လက်ရှိအခိုက်အတန့်အတွက် အသက်ရှင်ပြီး မနက်ဖြန်က မသေချာဘူးလို့ သဘောတူထားတာမဘူးဟုတ်လား ဘာလို့ သောက်တာ ရပ်လိုက်တာလဲ"
ယောက်ျားနှစ်ယောက်လုံး အရက်မူးပြီး မှောက်သွားသောအခါ လီကျန့်ယီသည် နောက်ဆုံးတွင် အားရပါးရ လေချွန်လိုက်သည်။သူ၏မျက်နှာ အနည်းငယ်နီမြန်းနေပေမဲ့ သူတို့ကို သူ၏ ပိုက်ဆံဖြုန်းတတ်သည့် ဇနီးအား ကိုယ်တိုင်အရက်နာကျဟင်းရည် ပြင်ဆင်ခြင်းမှ တားဆီးနိုင်ခဲ့သည်။
"ချင်ဝမ်က ရဲဒင်းကျီကို ကျီးရှားကျောင်းတော်ရဲ့ စာမေးပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားတယ်လို့ ပြောခဲ့တာမဟုတ်လား၊ ဘာလို့ ကျွန်တော်တို့ တစ်နေ့လုံးစောင့်ကြည့်နေတာတောင် ဘာလို့ရဲဒင်းကျီရဲ့ အရိပ်တောင် မမြင်ရတာလဲ"
လဲ့မုန့်ရှားသည် လဲ့မိသားစု ခြံဝင်းထဲသို့ ဝင်လာရင်း မကျေနပ်စွာ ပြောနေသည် ။
"ချင်ဝမ်နန်းတော်မှာ မဟုတ်ဘူးဆိုရင်၊ရဲဒင်းကျီက ဘယ်မှာရှိမှာလဲ" လျူယဲ့က စိုးရိမ်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
ထိုအချိန်တွင် ဟန်ယီနှင့် ရင်လော့ရှားတို့သည် သူတို့နှစ်ဦးဆီသို့ ပြေးလာပြီး ပြောလိုက်သည်။ "အစ်ကိုရဲက အလှပဂေးနဲ့အတူရှိနေတာ၊ယီယီကတောင် ဒီနေ့ အစ်ကိုရဲနဲ့ အတူဝိုင်သောက်ခဲ့သေးတယ်"
လဲ့မုန့်ရှား"...."
လျူယဲ့: "...."
ငါတို့က သူ့ကို တစ်နေ့လုံး ရှာနေခဲ့တာလေ!!
သူကတော့ ကောင်းရော ပျော်ရွှင်စွာ အရက်သောက်နေတယ်ပေါ့လေ!!
"သမီးပြောတာ အမှန်လား၊အခု ယီယီရော"လဲ့မုန့်ရှားက ဟန်ယီကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်ပြီးမေးလိုက်သည်။
"ယီယီက အိပ်ပျော်နေပြီ"ဟန်ယီလေးက အိပ်ခန်းဘက်ကို ညွှန်ပြလိုက်သည်။
"ရဲဒင်းကျီက တကယ်ပဲ အလှမယ်တစ်ယောက်နဲ့ အတူရှိနေတာလား" လဲ့မုန့်ရှားက မကျေနပ်စွာမေးလေသည်။
"အဖေ အစ်ကိုရဲကို စိုးရိမ်စရာ မလိုပါဘူး၊ အစ်ကိုရဲက အလှမယ်နဲ့အတူ ဘေးကင်းစွာရှိနေတယ်၊ အဖိုးက အဖေကို ထျန်ချီမြို့ကနေ အစ်ကိုရဲကိုထုတ်ပေးဖို့ပဲ နည်းလမ်းပဲရှာတဲ့"ဟန်ယီလေးက လီဆူးဝမ် ပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်သည်။
"အကြံရှိလား" လဲ့မုန့်ရှားက သူ၏ဘေးရှိ လျူယဲ့ကို လှမ်းကြည့်လိုက်သည်။
"ထိုင်ပြီး စကားပြောကြရအောင်" လျူယဲ့က ခေါင်းအနည်းငယ်ကိုက်နေသည့်ဟန်ဖြင့် သူ၏နဖူးကို ပွတ်ရင်း ပြောလိုက်သည်။ဖမ်းဝရံထုတ်ခံရသည့်လူကို ထျန်ချီမြို့မှ ထုတ်ပေးရန် ခက်ခဲသည်။
"မမေးနဲ့ ငါ အရမ်းပျော်နေတယ်ဆိုတာပဲ သိထားလိုက်ပါ၊ထပ် သောက်ကြရအောင်" လီဆူးဝမ်က အရက်ကို ကောက်ယူပြီး တစ်ခွက်လုံး သောက်ချလိုက်သည်။
သူသည် ရီဝိန်ကျွင်း၏နေရာတွင် ခုနစ်ဆယ့်ရာခိုင်းနှုန်း မူးနေပြီးဖြစ်ပြီး ဖြစ်သော်လည်း သူနောက်တစ်ခါထပ်သောက်နေပြန်သည်ကို ကြည့်ခြင်းအားဖြင့် သူအရမ်းပျော်ရွှင်နေမှန်းသိသာစေသည်။
"တကယ်လား၊ ဒါဆို ဘာက အဖေ့ကို ဒီလောက်ပျော်စေတာလဲ ပြောပြပါဦး အဖေ" ဘေးတစ်ဖက်တွင် ထိုင်နေသည့် လီရှင်းယွဲ့သည် လီဆူးဝမ်ကို ဤမျှပျော်ရွှင်နေသည်ကို မမြင်တာကြာပြီဖြစ်သောကြောင့် သူမက စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။
သူ၏ချစ်မြတ်နိုးရတဲ့သမီးက စိတ်ဝင်စားနေသည်ကို မြင်သောအခါလီဆူးဝမ်သည် ဘယ်လွန်ဆန်မှာလဲ အရက်ခွက်ကိုချပြီး ပြောလိုက်သည်။ "အစကတော့ ဓားနှလုံးဂူဗိမာန်မှာ ဒီလောက်ကြာကြာနေပြီး ယီယီက ကျင့်ကြံသူလောကထဲရောက်ရှိရင် လူမှု့ရေးဆက်ဆံခြင်းအတွက် စိတ်ပူခဲ့တာ"
ဒါပေမယ့် အံ့အားသင့်စရာက ဒီနေ့ သူတို့ ကျင်းကျူးမင်းသားအိမ်တော်ကို သွားတဲ့သည့်အချိန်တွင် ရီဝိန်ကျွင်း၊တပ်မှူးနှင့်ရဲဒင်းကျီတို့က သူတို့ကို ဖော်ရွှေစွာဆက်ဆံပေးခဲ့သည်။ငါတို့မိသားစုနှင့် မိတ်ဆွေဖြစ်ချင်သည်မှာ သေချာသည်။
"ယီယီရဲ့ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းက တကယ်ပဲ အဖေ့အတွက် ပျော်ရွှင်စရာပါပဲ၊ပြီးတော့ သူရဲ့အကြိုက်လည်းပဲ အဖေကို စိတ်သက်သာရာရစေတယ် ဟားဟား" လီရှင်းယွဲ့လည်း အံ့အားသင့်သွားသည်။ ယုတ္တိအရ၊ လူမှု့ဆက်ဆံရေး နည်းပါးသူများသည် များသောအားဖြင့် ထင်ရှားမှုမရှိဘဲ ကျင့်ကြံသူလောကထဲ ရောက်ရှိရန် ခက်ခဲလေ့ရှိသည်။ဓားကိုအမြဲ ဆော့ကစားနေသည့် သူမ၏ မောင်လေးကထိုသို့သော အစွမ်းရှိမည်ဟု မမျှော်လင့်ထားပေ။
"ပျော်စရာ ကိစ္စပဲမလား၊လာပါ ဆက်သောက်ကြရအောင်" လီဆူးဝမ်က ပျော်ရွှင်စွာဖြင့် လဲ့မုန့်ရှားနှင့် လျူယဲ့တို့နှင့်အတူ ထပ်သောက်ပြန်သည်။
"ဟား ဟား.. မင်းတို့ ဒါကိုမသိဘူးလား၊မင်း လိုသားက မကောင်းေတာ့ ၊ရှင်းယွဲ့ကိုပဲ ပြောပြမယ် ၊ယီယီက ညသန်းခေါင်မှာ မာရ်နတ်ဂိုဏ်းသမီးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်၊အဲ့လောက်ပဲလားဆိုတော့ မဟုတ်သေးဘူး ယီယီကို ကျောပိုးပြီး လဲ့အိမ်ကို ပြန်လာတဲ့လမ်းမှာ၊ ယီယီက ရီဝိန်ကျွင်းကို ဂရုမစိုက်နိုင်ဘူးစသည်ဖြင့် ညည်းညူနေတာကို ငါကြားခဲ့ရတယ်၊ဒီကောင်လေးက လက်ဖွာတတ်တဲ့မိန်းကလေးကိုမကြိုက်တော့ဘူးဆိုတာ ရှင်းနေပြီ"
"ဒါကြောင့် ယီယီက ညသန်းခေါင်မှာ မာရ်နတ်ဂိုဏ်းသမီးနဲ့ လျှို့ဝှက်တွေ့ဆုံနေတာကို ငါကိုပျော်ရွှင်စေတယ်၊ရီဝိန်ကျွင်းတောင် သူကမချန်ထားဘူး" လီဆူးဝမ်သည် မူးနေပြီးဖြစ်ပြီး အားလုံးကို ထုတ်ဖော်ပြောဆိုလိုက်သည်။မှန်သည်မှားသည်ဆိုတာကတော့ သူကိုယ်တိုင်တောင် သိရဲ့ပါမလားလို့ စိုးရိမ်စရာပင်။
ထိုစကားတွေများကို ကြားပြီးနောက်လီရှင်းယွဲ့၊ လဲ့မုန့်ရှားနှင့် လျူယဲ့တို့သည် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြသည်။
မာရ်နတ်ဂိုဏ်းက မိန်းကလေးအကြောင်းကို မပြောတော့ပါဘူး!!
ဒါပေမဲ့ ရီဝိန်ကျွင်းဆိုတာကဘာလဲ၊သူမ ကျင်းကျူးဝမ်မင်းသား၏ မိဖုရားလေ!!
ကိုယ့်သေတွင်းကို ကိုယ်တိုင်ပြန်တူးနေတာလား!!!
အိမ်ထောင်ရှိအမျိူးသမီးတစ်ယောက်ကိုတောင် ယီယီက မချန်တဲ့အထိ ထူးဆန်းတဲ့အကြိုက်ရှိသူလား!!
ယီယီက အမြဲတမ်း ထူးဆန်းစွာပြုမူတတ်မှန်းသိပေမဲ့ ..ဒါကြီးကတော့ မဟုတ်သေးဘူးထင်တယ်!!!