← Chapters

မိန်းကလေးဆီက နေရာလွှတ်တောင်းခံရအောင်

Vol. 4 Ch. 40

မိန်းကလေးဆီက နေရာလွှတ်တောင်းခံရအောင်

Vol. 4 Ch. 40

"အဖေ၊ ကျေးဇူးပြုပြီး သတိကပ်ပါအုန်း၊ မာရ်နတ်ဂိုဏ်းသမီးရော မင်းသမီး ရီဝိန်ကျွင်း‌‌ရောနှစ်ယောက်စလုံးက တကယ်ကိုမကောင်းဘူး၊ဒီနှစ်ယောက်က ယီယီကြိုက်တဲ့ ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမရဲ့ဒုက္ခနဲ့မတိမ်းမယိမ်းပါပဲ"

အရက်မူးနေတဲ့ လီဆူးဝမ်ကို ကြည့်ရင်း၊ လီရှင်းယွဲ့နဲ့ လဲ့မုန့်ရှားတို့ဟာ ကြောရိုးမှာ အအေးဓာတ်တစ်ခု ဖြတ်စီးသွားသလို ခံစားရသည်။

ဒါက ပျော်စရာမဟုတ်ပါဘူးနော် အဖေရေ!!

ခေါင်းချွတ်ပြီး ထားခဲ့ရမည့် အမျိူးအစားတွေကြီးပဲ!!!

"ပါးစပ်ပိတ်ထား၊မာရ်နတ်ဂိုဏ်းက မိန်းကလေးနဲ့ ရီဝိန်ကျွင်းက ဒီပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမနဲ့ ယှဉ်ရင် ဘာအပြစ်ရှိလို့လဲ၊ယီယီက ပိုက်ဆံဖြုန်းတတ်တဲ့ မိန်းမတွေကို မကြိုက်‌တော့ဘူးဆိုရင်၊ငါက ထိုက်အန်အဖိုးကြီးရဲ့ နန်းတော်က အလှမယ်သုံးထောင်ကို သွားသိမ်းဖို့ ကူညီအုန်းမယ်"လုံးဝမူးနေသည့် လီဆူးဝမ်က မကြောက်မရွံ့ ပြောလိုက်သည်။

လီရှင်းယွဲ့ "..."

လျူယဲ့"..."

လဲ့မုန့်ရှား" ...."

အဖေရေ အဖေဘာပြောနေတာလဲဆိုတာကရော သိနေရဲ့လား!!!

ဘုရင်ရဲ့ညမောင်းမဆောင်ကို တကယ်ပဲယီယီအတွက် သိမ်းပိုက်ချင်တာလား ၊ကိုယ်တိုင်အတွက် မဟုတ်တာ သေချာရဲ့လား ဟမ်!!!!

"မုန့်ရှား၊ အဖေကို အနားယူဖို့ အမြန်ခေါ်သွားလိုက်တော့ အဖေကတကယ်ပဲ မူးနေပြီ" လီရှင်းယွဲ့က ခေါင်းကိုက်နေဟန်ဖြင့် လီဆူးဝမ်ကို ကြည့်လိုက်သည်။

"သူ သေချာပေါက် မူးနေပြီ။" လဲ့မုန့်ရှားက သဘောတူပြီး သူ၏‌ ယောက္ခထီးကို သူ၏အခန်းသို့ မြန်မြန်ကူညီပို့ဆောင်ပေးခဲ့သည်။

...။

နောက်တစ်နေ့။

လီကျန့်ယီ၏ အကျင့်အတိုင်း နံနက် ၆ နာရီအချိန်အတိအကျတွင် နိုးထလာခဲ့သည်။မျက်နှာသစ်ပြီးနောက်၊ သူသည် ခြံဝင်းထဲတွင် သူ၏ဓားကွက်များကို လေ့ကျင့်ရန် စတင်လိုက်သည်။

လီဆူးဝမ်၊ လဲ့မုန့်ရှားနှင့် အခြားသူများက ဟန်ယီကို ခြံဝင်းထဲသို့ ခေါ်လာပြီးသည့်ချိန်မှသာ လီကျန့်ယီသည် ဓာကျင့်ခြင်းကို ရပ်တန့်လိုက်သည်။

"ငါတို့ မနေ့ညက တိုင်ပင်ပြီးပြီး၊ ဆရာကို ခရီးထွက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပြီး မြို့ပြင်ကိုထွက်ဖို့ဆုံးဖြတ်ထားတယ်၊ကျင်းကျူးမင်သား အိမ်တော်ကို ဖြတ်သွားတဲ့အချိန် ရဲ့ဒင်းကျီကို တိတ်တဆိတ်နဲ့လှည်းထဲဝင်ခိုင်းပြီး မြို့ပြင်ကိုခေါ်သွားကြတာပေါ့"လဲ့မုန့်ရှားက လီရှင်းယွဲ့လုပ်‌ပေးသည့် ပေါင်မုန့်ကို စားရင်း သူတို့၏အကြံကိုပြောလိုက်သည်။

ဆရာလီချန်းရှန်သာပါ ပါက မည်သူက သူတို့ကိုနှောက်ယှက်ရဲမည်နည်း။

"အင်း၊ ဒါက အကြံကောင်းတစ်ခုပဲ၊ဆရာလီရဲ့ လှည်းကို ဘယ်သူကမှ စစ်ဆေးရဲမှာမဟုတ်ဘူး၊ ဧကရာဇ် ထိုက်အန်အပါအဝင်ပဲ" လီဆူးဝမ်က လဲ့မုန့်ရှား၏ ရဲဒင်းကျီကို ပို့ဆောင်သည့်နည်းလမ်းသည် ဖြစ်နိုင်ခြေရှိသည်ဟု ထင်မိသည်။

ထို့နောက်၊ သူသည် ဟန်ယီလေးနှင့် လီကျန့်ယီကို လှမ်းကြည့်ပြီး ဓားဂူဗိမာန်ကို ပြန်ရန်အချိန်တန်နေပြီဟု တွေးလိုက်သည်။

လီဆူးဝမ်က "ဟန်ယီ၊ယီယီ၊ ငါတို့လည်း ဓားနှလုံးဂူဗိမာန်ကို ပြန်ဖို့ အချိန်ရောက်နေပြီ"

"ကောင်းပြီ၊ကျွန်တော်လည်း ဓားလေ့ကျင့်ဖို အာရုံစိုက်ချိန်ရောက်ပြီ" လီကျန့်ယီ၏ မျက်လုံးများသည် တောက်ပနေသည်။ ချုပ်နှောင်မဲ့ အဆင့်ကို ချိုးဖောက်နိုင်ရန် နှစ်တစ်နှစ်အတွင်း ဓားကို ထိထိရောက်ရောက်ဓားချက် သန်းတစ်ရာလိုအပ်‌သည်။ထိုအချိန်မှသာ သူသည် ကျင့်ကြံသူလောကထဲတွင် သူကိုယ်သူ ကာကွယ်နိုင်သည့် စွမ်းအားကို တကယ်ပိုင်ဆိုင်လာမည်ဖြစ်သည်။

"ရဲဒင်းကျီကို ပို့ဆောင်တဲ့အခါ အတူတကွ မြို့ထဲကနေ ထွက်ခွာကြတာပေါ့" လီဆူးဝမ်က လဲ့မုန့်ရှားကို ကြည့်လိုက်သည်။

"ဟုတ်ပြီး ဖန်ချီရဲ့ လှည်းက ကျွန်တော်ကို လာ‌ကြိုလိမ့်မယ်" လဲ့မုန့်ရှားက ပြောသည်။

"ကောင်းပြီ၊ ငါတို့ အထုပ်ယူပြီး အိမ်ပြန်ကြစို့" လီဆူးဝမ်က သူအခန်းသို့ ပြန်သွားပြီး ထုပ်ပိုးလိုက်သည်။

ဟန်ယီလေးအတွက်မူ လီရှင်းယွဲ့က သူမအတွက် အဝတ်အစားကိုထုတ်ကိုပြင်ဆင်ပေးထားခဲ့ပြီဖြစ်သည်။

လီကျန့်ယီကတော့ ဓားနှစ်စင်းပဲရှိဟန်တူသည် သစ်သားဓားတစ်လက်နှင့် မရဏဓားသာရှိဟန်တူသည်။

ပစ္စည်းများထုပ်ပိုးပြီးနောက် ဟန်ယီနှင့် လီကျန့်ယီတို့သည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် ရထားလှည်းပေါ်သို့ တက်ခဲ့ကြပြီး၊ လီဆူးဝမ်သည် ရထားမောင်းသမားဖြစ်လာသည်။

"ထွက်ခွာကြရအောင်။"

လီဆူးဝမ်က ရထားလှည်းထဲရှိ ကလေးနှစ်ယောက်ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်ကာ လှည်းကိုစတင် မောင်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပဲ ရှောင်ရူဖန်က ရှဲ့ရွမ်ကိုခေါ်လာပြီး လဲ့မုန့်ရှားကို လာကြိုသည်။သူတို့အုပ်စုသည် လီဆူးဝမ်၏ ရထားလှည်းနောက်တွင်နီးကပ်စွာ လိုက်ပါလာပြီး၊ ကျင်းကျူး မင်းသားအိမ်တော်၏ နောက်ဖေးသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။

"တပ်မှူး လော့၊ ကျွန်တော်တို့ရောက်လာပါပြီ" လီဆူးဝမ်က လီကျန့်ယီကို ခေါ်ပြီး တံခါးကို ခေါက်လိုက်သည်။ခြံဝင်းထဲတွင် စောင့်ကြပ်နေခဲ့သည့် လော့ချင်းယန်သည် ချက်ချင်းပင် လေချွန်လိုက်ပြီး ခြံဝင်းတံခါးကို ဖွင့်လိုက်ကာ ပြောလိုက်သည်။

"သခင်လေးလီ၊ အကြီးအကဲလီ"

"တပ်မှူး လော့၊ ရဲဒင်းကျီက ဘယ်မှာလဲ၊သူကို မြို့ပြင်ပို့ပေးဖို့ ကျွန်တော်တို့ လာခေါ်တာ" လီဆူးဝမ်က ခြံဝင်းကို လှည့်ပတ်ကြည့်ရှုသော်လည်း ရဲဒင်းကျီကို မမြင်ရပေ။

"ခြံဝင်းအပြင်ဘက်က အသံတွေ ကျယ်လောင်နေလို့၊ အခန်းထဲမှာ ပုန်းခိုင်းထားတယ်၊အခုပဲသူ့ကို ခေါ်လိုက်မယ်" လော့ချင်းယန်က အိပ်ခန်းဆီသို့ လျင်မြန်စွာပင် ဝင်ရောက်ပျောက်ကွယ်သွားသည်။

သိပ်ပင်မကြာလိုက်ပဲ ရဲဒင်းကျီနှင့်အတူ ခြံဝင်းသို့ ပြန်လည်ရောက်ရှိလာသည်။ ရဲဒင်းကျီက လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို နှုတ်ဆက်ပြီးနောက်ရူဖန်နှင့် ရှဲ့ရွှမ်ရှိသည့် လှည်းထဲသို့ ဝင်လိုက်သည် ။

ရူဖန်သည် လန်ယာဝမ်မင်းသားဖြစ်သောကြောင့် သူ၏ လှည်းကိုမည်သူမှ စစ်ဆေးရဲကြမည်မဟုတ်ပေ။ထို့ကြောင့် ရဲဒင်းကျီသည် ရူဖန်၏လှည်းထဲတွင် ထိုင်ခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်သည်။

"လျူယဲ့တို့လှည်းလာပြီ သွားရအောင်"

ရူဖန်၏ လှည်းကို လက်လွှဲယူထားသည့် လဲ့မုန့်ရှားသည် လီဆူးဝမ်၏လှည်းနောက်ကို နီးကပ်စွာ မောင်းနှင်လိုက်သည်။

...။

ထျန်ချီမြို့ မြို့တံခါး။

လူများသည် အဆုံးမရှိသော ရေစီးကြောင်းကဲ့သို့ လာလိုက်သွားလိုက်ဖြစ်နေပြီး၊ မြင်းရထားလှည်းများသည် စဉ်ဆက်မပြတ် သွားလာနေသည်။

သို့သော် မြို့တံခါးနားသို့ နီးလာသောအခါ လူများ၊ ကုန်သည်များနှင့် လှည်းများသည် မျက်စိတစ်ဆုံးမမြင်တိုင်သည့်အထိ စောင့်ဆိုင်း‌နေကြပြီး စစ်ဆေးမှု့ကို ခံနေကြရသည်။

"မင်း သတင်းကိုကြားပြီးပြီလား၊ ချင်ဝမ်မင်းသားက တကယ်ပဲ မာရ်နတ်ဂိုဏ်းဝင်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်တဲ့ ၊အခု အဲ့ကိစ္စတွေ ပေါက်ကြားသွားတာကြောင့် ဒီနှစ်မှာ အခြားမင်းသားတွေနဲ့ အိမ်ရှေ့စံနေရာ ယှဉ်ပြိုင်ဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်"

"ဟုတ်လား ၊ဒါကြောင့်ကိုး ဧကရာဇ် ထိုက်အန်က သူ့ကို သစ္စာဖောက် ရဲဒင်းကျီကို ဖမ်းဖို့အမိန့်ပေးလိုက်တာ၊တကယ်လို့ သူတကယ်ဖမ်းနိုင်ရင် သူရဲ့အပြစ်အတွက် ပြစ်ဒဏ်လျှော့ကျစေမှာ"

"ကျွန်တော်တို့ ထျန်ချီမြို့တစ်မြို့လုံးကလူတွေလည်း စစ်ဆေးခံနေရတယ်၊အခုတော့ မြို့ရဲ့ အဝင်အထွက်လုပ်ရတာလည်း ခက်ခဲစေတယ်"

"ရှူး အစ်ကို အသံကိုတိုးပြောပါ၊ ချင်ဝမ်မင်းသားကက မြို့တံခါးကို စောင့်နေတယ်တဲ့ ၊သူ ကြားသွားလိမ့်မယ်"ကုန်သည်နှစ်ယောက်က တီးတိုးတီးတိုးဖြင့်ဆက်ပြောနေကြသည်။ချင်ဝမ်မင်းသားကသာ သစ္စာဖောက်ရဲဒင်းကျီကို ထျန်ချီမြို့ထဲမဖိတ်ခေါ်ခဲ့ပါ သူတို့ဒီလိုမျိူး ဒုက္ခခံရမည်မဟုတ်ပေ။

..

လီဆူးဝမ်၏ လှည်းသည် လူစုရှေ့တွင် ရပ်တန့်လိုက်သည်။ ဆွေးနွေးမှုကို ကြားပြီးနောက်၊ လီဆူးဝမ်က မျက်ခုံးကျုံ့ပြီး ပြောလိုက်သည်။ "ထျန်ချီမြို့ကနေ ထွက်ခွာဖို့ မလွယ်ကူတော့ဘူးထင်တယ်"

"အဆင်ပြေပါတယ်၊ ဆရာလီရှိနေတယ်ဆိုတော့ ချင်ဝမ်က အကြီးအကျယ် ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး" ရထားလှည်းထဲတွင် ထိုင်နေ သော လီကျန့်ယီသည် ရင်လော့ရှား ဆီကရခဲ့သည့်သစ်သီးသကြားလုံးကို ဝါးရင်း အေးဆေးစွာပြောလိုက်သည်။

ဘေးနားတွင် ဟန်ယီက လီကျန့်ယီမှာ သစ်သီးသကြားလုံးတစ်ချောင်းရှိနေသည်ကို မြင်သောအခါ သူမ၏မျက်လုံးများသည် အနည်းငယ် တောင့်တသည့်ပုံဖြင့် သူကိုကြည့် ပြီး"ယီယီ သစ်သီးသကြားလုံးက အရသာရှိလား"

"သေချာပေါက် အရသာရှိတယ်" လီကျန့်ယီက သစ်သီးသကြားလုံးကို လျက်ပြီး ဟန်ယီ၏ မေးခွန်းကိုပြန်ဖြေလိုက်သည်။

"တကယ်လား" ဟန်ယီက သူမ၏ ရွန်းလဲ့နေသည့် မျက်လုံးများဖြင့် လီကျန့်ယီလက်ထဲရှိ သစ်သီးသကြားလုံးကို စိုက်ကြည့်လိုက်သည်။

ဤသို့မြင်သောအခါ လီကျန့်ယီက ပြုံးရယ်ကာ "လာယူ ၊ မင်းအတွက် တစ်လုံး"

" ယီယီကို ကျေးဇူးတင်ပါတယ်" ဟန်ယီက သူမ၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးများဖြင့် လီကျန့်ယီထံ တိုးသွားပြီး လီကျန့်ယီလက်ထဲကိုင်ထားသည့် သစ်သီးသကြားလုံးတစ်ချောင်း သစ်သီးတစ်လုံးကို ကိုက်ယူကာ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရထားလှည်းအတွင်းမှ မြင်ကွင်းကို မြင်သောအခါ လီဆူးဝမ်သည် အားမရစွာပြောတိုးတိုးလေးရွေရွတ်လိုက်သည်။"မာရ်နတ်ဂိုဏ်းက မိန်းကလေး၊ရီဝိန်ကျွင်း၊ပိုက်ဆံဖြုန်တတ်တဲ့ မိန်းမ တွေထက် ယီယီသာ ငါ့ရဲ့ဟန်ယီကို ကြိုက်ရင် ကောင်းမှာပဲ"

အကြောင်းမှာ ထိုမိန်းကလေးတို့အားလုံးသည် စိတ်ချရခြင်းမရှိသောကြောင့်ပင်။ တကယ်လို့သာ ဟန်ယီဆိုလျှင် သူအတော် စိတ်ချရပေမည်။

ခေါင်းခါလိုက်ပြီး လီဆူးဝမ်က ရှေ့မှ စောင့်ဆိုင်းနေသည့် လူတန်းကို ငြီးငွေ့ဖွယ် မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

နှစ်နာရီပြည့်အောင် စောင့်ပြီးနောက်၊ နောက်ဆုံးတွင် သူ၏အလှည့်ရောက်လာသည်။

လီဆူးဝမ်က သူ၏ရထားလှည်းကို မြို့တံခါးမျှော်စင်ဆီသို့ မောင်းနှင်လိုက်သည်။ချင်ဝမ်မင်းသားသည် လူကြီးတစ်ဦးနှင့် မြို့တံခါးစောင့်တပ်ခွဲတစ်ခုတို့ဖြင့် မြို့တံခါးရှေ့တွင် ရပ်စောင့်နေကြသည်။ သူက တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"စစ်နိုင်ပါတယ်" လီဆူးဝမ်က ချင်ဝမ်ကို ဂရုမစိုက်စွာ ‌ပြောလိုက်သည်။သူတို့သည် ရန်သူများဖြစ်ကြသည်။ဓားနှလုံးဂူဗိမာန်သို့ မပြန်မီ ချင်ဝမ်ကို အိတ်တစ်လုံးထဲထည့်ပြီး ကောင်းစွာရိုက်နှက်ရန် နည်းလမ်းတစ်ခု ရှာချင်သေးသည်။ကံဆိုးချင်တော့ ချင်ဝမ်၏ ဦးခေါင်းကို လီကျန့်ယီက ကြိုတင်ယူထားပြီဖြစ်သဖြင့်၊ လီဆူးဝမ်သည် သေဆုံးသွားသူတစ်ဦးအတွက် အချိန်ဖြုန်းရန် မလိုအပ်ပါ။

"အကြီးအကဲလီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ" ချင်ဝမ်သည် ဓားနှလုံးဂူဗိမာန်၏ ဂိုဏ်းချုပ်ကို အလွန်လေးစားစွာဖြင့် ကြိုဆိုလိုက်သည်။၊ အနာဂတ် ထီးနန်းအတွက် တိုက်ပွဲသည် နန်းတွင်းရှိသူများသာမက၊ ကျင့်ကြံသူလောကထဲက လူများအပေါ်လည်း မူတည်မည်ဖြစ်သည်။

ထို့ကြောင့်၊ ယခုတွင် သူသည် ဧကရာဇ် ထိုက်အန်၏ ယုံကြည်မှု့ကို မရတော့သောကြောင့်၊ ကျင့်ကြံသူလောကထဲက လူများကို မကျူးလွန်မိစေရန် အကောင်းဆုံးကြိုးစားရုံသာရှိသည်။

"ဟား ဟား" လီဆူးဝမ်က ချင်ဝမ်၏ အပြုအမူ‌ကြောင့် အပေါ်ယံဆန်စွာရယ်လိုက်သည်။ထို့နောက်၊ သူက လှည်း၏ ခန်းစီးကို ဖွင့်ပြလိုက်ပြီး ပြောလိုက်သည်။ "အရှင့်သား စစ်ကြည့်ပါ ၊အရှင့်သား ရှာနေတဲ့ သစ္စာဖောက်တဲ့လူက ကျွန်တော်လှည်းထဲမှာ မရှိပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ချင်ဝမ်သည် လှည်းထဲသို့ ကြည့်ပြီး ရဲဒင်းကျီကို မမြင်ရသော်လည်း သူတို့ကို ဖြတ်သန်းခွင့်ပြုရန် ရည်ရွယ်ခြင်းမရှိပေ။အကြောင်းမှာ သူသည် လီကျန့်ယီကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

"စိတ်မကောင်းပါဘူး အကြီးအကဲလီနဲ့မိန်းကလေးက မြို့ပြင်ထွက်ခွင့်ရှိပေမဲ့ သခင်လေးလီက‌တော့ နေခဲ့ရပါမယ်" ချင်ဝမ်က တည်ငြိမ်စွာထိုင်နေသည့် လီကျန့်ယီကို မျက်စိကျုံ့ပြီး ကြည့်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ၊ အရှင့်သားက ကျွန်တော့်ဆက်ခံသူကို သစ္စာဖောက်သူလို့ ထင်နေသလား" လီဆူးဝမ်က မျက်‌မှောင်ကြုတ် ပြီး‌မေးလိုက်သည်။

"မဟုတ်ပါဘူး နောက်ဆုံးစာမေးပွဲမှာ သခင်လေးလီနဲ့ ရဲဒင်းကျီတို့က တူညီတဲ့အဖွဲ့မှာ ဖွဲ့ခဲ့ကြတယ်‌လေ ၊သူတို့အဆင်ပြေပုံရတယ်ဆိုတာ ကြားဖူးလို့ပါ ဒါကြောင့် လီကျန့်ယီသခင်လေးက ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှု့ကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်"

"သေချာပေါက်၊ ကျွန်တော်တို့က သခင်လေးလီကို ခက်ခဲ‌စေတာမဟုတ်ပါဘူး၊ ဒါပေမယ့် ရဲဒင်းကျီနဲ့အဖွဲ့ ဖွဲ့ခဲ့တဲ့ သူအားလုံးက ကျွန်တော်တို့ရဲ့ စစ်ဆေးမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်"စကားပြောပြီးပြီးခြင်း ချင်ဝမ်မင်းသားက မြို့တံခါးရှေ့တွင် ရပ်နေသည့် ဝမ်ရိရှင်းကို ညွှန်ပြလိုက်သည်။

လီကျန့်ယီကို မြင်သောအခါ ဝမ်ရိရှင်းက လက်နှစ်ဘက်ယှက်ပြီးနှုတ်ဆက်လိုက်သည်။ "သခင်လေးလီ လာ လာ ကျွန်တော်က ခင်ဗျားနေရာအတွက် မိန်းကလေးတွေဆီကနေ တောင်ခံပေးမယ်"

All Chapters