← Chapters

ချင်ဝမ်မသားက အညိုမဲစွဲမင်းသား တကယ်ဖြစ်လာခြင်း

Vol. 5 Ch. 41

ချင်ဝမ်မသားက အညိုမဲစွဲမင်းသား တကယ်ဖြစ်လာခြင်း

Vol. 5 Ch. 41

ဝမ်ရိရှင်း၏ မျက်နှာပေါ်ရှိ ကာမဂုဏ်လိုက်စားသော အပြုံးကို မြင်လိုက်ရသဖြင့် လီကျန့်ယီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားကာ "ဝမ်သခင်က တော်တော်လေး စိတ်ကူးယဉ်တတ်တာပဲ၊ အစစ်ဆေးခံထားရတာတောင်မှ အမျိုးသမီး အလှူရှင်တွေဆီက အလှူခံဖို့ ကြိုးစားနေသေးတယ်" ဟု ဆိုလိုက်သည်။

"အပြောမှားသွားပါပြီ သခင်လေးလီရာ၊ ကျွန်တော်က ဒီမှာရပ်နေရတာ ပျင်းလွန်းလို့ပါ"

"ဒီအတိုင်း အလကားရပ်နေမယ့်အစား ဒီအမျိုးသမီးတွေကို လက်ထပ်လိုက်ရင် မကောင်းဘူးလား" ဝမ်ရိရှင်းက အရှက်မရှိ ပြုံးလျက် ပြောလိုက်ပေသည်။

လီကျန့်ယီမှာမူ "..." ဆွံ့အသွားတော့သည်။

လီကျန့်ယီသည် ရထားလုံးပေါ်မှ မဆင်းဘဲ ခေါင်းကိုလှည့်ကာပြန်ပြောလိုက်သည်။ "စိတ်မရှိပါနဲ့ ဝမ်တာအိုဆရာ၊ အမျိုးသမီးတွေက ကျွန်တော့်ရဲ့ ဓားဝှေ့ယမ်းတဲ့အရှိန်ကို နှေးကွေးစေရုံပဲ ရှိမှာပါ"

"လိမ်နေတာပဲ ဘေးမှာ မိန်းကလေးတစ်ယောက် ထိုင်နေတာ အသိအသာကြီးကို သခင်လေးလီမှာ ချစ်ရတဲ့သူ ရှိနေပြီလို့ ကျွန်တော် ထင်တယ်" ဝမ်ရိရှင်းက မယုံကြည်နိုင် ဟန်ဖြင့်ပြောလိုက်သည်။

သူ စကားပြောနေစဉ်မှာပင်...ရိုးသားအေးဆေးပုံရသော အမျိုးသမီးတစ်ဦး ဖြတ်သွားတော့မည်ကို တွေ့သဖြင့် ဝမ်ရိရှင်းက ထိုအမျိုးသမီးရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ယဉ်ကျေးပျူငှာစွာဖြင့် "မေးပါရစေဦး မိန်းကလေး၊ အသက်ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်ရှိပြီလား၊ ဒီတာအိုငယ်လေးနဲ့ ခဏလောက် ဆုံတွေ့ခွင့် ရမလားခင်ဗျာ" ဟု မေးမြန်းလိုက်သည်။

"လူယုတ်မာ"

"စိတ်မနှံ့တဲ့သူ"

ထိုအမျိုးသမီး၏ မျက်နှာပျက်သွားကာ ဝမ်ရိရှင်းကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြီးနောက် အမြန်ထွက်ခွာသွားတော့သည်။ သူမသည် သူမရှေ့မှ ဤကာမရူးကြောင့် အရှက်တကွဲ ဖြစ်မည်ကို အလွန်စိုးရိမ်နေပုံရပေသည်။

ထိုအခြင်းအရာကို မြင်သောအခါ လီကျန့်ယီက မချီးကျူးဘဲ မနေနိုင်တော့ပဲ ပြောလိုက်သည်။ "လူတစ်ယောက်ကို ဖားတာက ခွေးဖြစ်စေပြီး လူတစ်သောင်းကို ဖားတာကတော့ မိန်းမဗိုလ် ဖြစ်စေတာပဲ" ဝမ်သခင်သည် မိန်းမဗိုလ် ဖြစ်လိုသူဟူသော သူ၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ကိုက်ညီလှပေသည်။

"မိန်းမဗိုလ်..မိန်းမဗိုလ်ဆိုတာ ဘာလဲ သခင်လေးလီ" ဝမ်ရိရှင်းက အလှူခံရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

"မိန်းမဗိုလ် ဆိုတာ ဝမ်သခင်က အမျိုးသမီးတွေ အများကြီး၊ အများကြီးဆီကနေ အလှူခံတာကို ပြောတာပါ" လီကျန့်ယီက ရှင်းပြလိုက်သည်။

"ဩော်... အဲဒီလိုလား" ဝမ်ရိရှင်းက ရုတ်တရက် သဘောပေါက်သွားကာ "ငါ ဝမ်ရိရှင်းဟာ အမှန်တကယ်ပဲ မိန်းမဗိုလ် ဖြစ်လာမယ့် အရည်အချင်းတွေ ရှိတာပဲ" ဟု ဂုဏ်ယူစွာ ကြေညာလိုက်တော့သည်။

"ဟုတ်ပါတယ်" လီကျန့်ယီက လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်သည်။

"သခင်လေးလီ... ကျွန်တော့်မှာ မိန်းမဗိုလ်ဖြစ်ဖို့ အလားအလာ ရှိနေပြီ၊ ခင်ဗျားမှာကျတော့ ဘာရှိလဲ သိချင်မိတယ်" ဝမ်ရိရှင်းက လီကျန့်ယီနှင့် အားရပါးရ စကားလက်ဆုံ ကျနေပြီး ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလိုနေပေသည်။

ကံဆိုးစွာပင် ၎င်းတို့နှစ်ဦးသည် သူ့အား မင်းသားတစ်ပါးအဖြစ် လုံးဝအဖက်မလုပ်သည်ကို မြင်ရသဖြင့် ချင်ဝမ်မင်းသား၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူက အတင်းအကျပ် ကြားဖြတ်ကာ ဟိန်းဟောက်လိုက်သည်။"သခင်လေးလီ... ရထားလုံးပေါ်က ဆင်းစမ်း၊ငါ့ရဲ့ အမိန့်ကို နာခံ..."

"ဖြန်း---"

ဒေါသထွက်နေသော ချင်ဝမ်မင်းသား စကားမဆုံးမီမှာပင် ရထားလုံးပေါ်တွင် ထိုင်နေသော လီကျန့်ယီက ရှေ့သို့တိုးကာ မင်းသား၏ ပါးကို ခပ်ပြင်းပြင်း ရိုက်လိုက်ပြီး "တခြားလူတွေ စကားပြောနေတဲ့အချိန်မှာ ကြားဖြတ်မပြောရဘူးဆိုတာ မသိဘူးလား"

"ချင်ဝမ်က ဒီလောက်အထိ အရွယ်ရောက်လာတာတောင် ဒီလိုရိုးရှင်းတဲ့ အခြေခံစည်းကမ်းကိုမှ မသိတာလား"

"မင်း!! မင်းက ငါ့ကို... မင်းသားတစ်ပါးကို ရိုက်ရဲတယ်ပေါ့လေ"

ချင်ဝမ်မှာ ထိုသို့ ပါးရိုက်ခံလိုက်ရသဖြင့် စက္ကန့်အတော်ကြာ မှင်သက်သွားပြီးလီကျန့်ယီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူ၏ ဘဝတစ်လျှောက်လုံးတွင် ဧကရာဇ် ထိုက်အန်ပင်လျှင် သူ့ကို ပါးမရိုက်ဖူးချေ။

ထို့ပြင် ပါးရိုက်ချက်မှာ အလွန်ပြင်းထန်လှသဖြင့် ချင်ဝမ်၏ မျက်နှာတစ်ခြမ်းမှာ ချက်ချင်းပင် ညိုမည်းစွဲသွားတော့သည်။ သူသည် အမှန်တကယ်ပင် အညိုအမည်းစွဲသောမင်းသား ဖြစ်သွားရလေပြီ။

"မုအဖိုးကြီး..သူ့ကို သတ်စမ်း..သတ်လိုက်စမ်း!!"

သူ သတိပြန်ဝင်လာသည်နှင့် ညိုမည်းနေသော ပါးကို ကိုင်ကာ လီကျန့်ယီကို ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အော်ဟစ်ကာ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အရိုးထုတ်ပစ်ချင်နေမိ၏။

"အမိန့်အတိုင်းပါ မင်းသား" အနက်ရောင်ဝတ် အဖိုးကြီးသည် သူ၏ အတွင်းအားကို စုစည်းကာ ရက်စက်သော လက်ဝါးရိုက်ချက်ဖြင့် လီကျန့်ယီကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ရထားလုံးရှေ့တွင် ရပ်နေသော လီဆူးဝမ်က ထိုသို့ ဖြစ်ခွင့်ပေးပါမည်လော။ သူသည် ယခုမျိုးဆက်၏ ဓားနှလုံးဂူဗိမာန်ကို ဦးဆောင်သူ ဖြစ်သည်။ သူ၏ ဆက်ခံသူမှာ သူ့မျက်စိရှေ့တွင်ပင် စော်ကားခံရသည်ကို မည်သို့ ကြည့်နေနိုင်ပါမည်နည်း။

"မုအဖိုးကြီး ဟုတ်လား၊ သေခါနီး အဖိုးကြီးက ခေါင်းတလားထဲမှာပဲ ပုပ်နေသင့်တာ၊ ဘာလို့ ဒီမှာ လာခုန်ပေါက်နေတာလဲ" လီဆူးဝမ်၏ တိင်ယွီဓားမှ ထွက်ပေါ်လာသော ဓားအရှိန်အဝါများသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မုအဖိုးကြီးဆိုသူကို ချက်ချင်း ထိုးဖောက်သွားတော့သည်။

ချူပ်နှောင်မဲ့အဆင့်ရှိ သိုင်းဆရာကြီးတစ်ဦးမှာ ထိုနေရာ၌ပင် သေဆုံးသွားရသည်။ဓားအရှိန်အဝါကြောင့် ခန္ဓာကိုယ်တွင် အပေါက်ပေါင်းများစွာ ဖြစ်ကာ သေဆုံးသွားသော အကြီးအကဲမုကို ကြည့်ပြီး ချင်ဝမ်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားကာ "သခင်ကြီးလီ... ဒါဟာ ထျန်ချီမြို့ဆိုတာ မမေ့ပါနဲ့"

"ခင်ဗျားရဲ့ လုပ်ရပ်ကြောင့် ခင်ဗျားတို့ရဲ့ ဓားနှလုံးဂူဗိမာန် ဘယ်လိုဘေးဒုက္ခမျိုး ကြုံရမလဲဆိုတာ သိလား"

"ဟက်...ငါ့ရဲ့ ဓားနှလုံးဂူဗိမာန် ဆက်ခံသူကို ထိရဲတဲ့သူက သေမင်းကို ခေါ်နေတာပဲ၊အထူးသဖြင့် သေခါနီး အဖိုးကြီးတစ်ယောက်ကပေါ့"လီဆူးဝမ်က ချင်ဝမ်ကို အထင်အမြင်သေးစွာ ကြည့်ကာ ပြောလိုက်သည်။

အကယ်၍ ချင်ဝမ်သည် ရှောင်ရူဖန်ကဲ့သို့ ဧကရာဇ် ထိုက်အန်၏ အလေးပေးခြင်းကို ခံရသူဆိုလျှင် သူသည် မင်းသား၏ လူကို အလွယ်တကူ တိုက်ခိုက်မည် မဟုတ်ပေ။ သို့သော် ယခုမူ အခြေအနေက ကွာခြားသွားပြီ ဖြစ်သည်။ ချင်ဝမ်ဖြစ်သူ ကိုယ်တိုင်ပင်လျှင် မြို့တံခါး စောင့်ရန် ဧကရာဇ်၏ စေလွှတ်ခြင်းကို ခံထားရသည် မဟုတ်ပါလော။ထို့ကြောင့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ငါက မင်းရဲ့ အစောင့်တစ်ယောက်ကို သတ်လိုက်တာ ဘာဖြစ်သလဲ။

"ကောင်းပြီ..သခင်ကြီးလီက ငါနဲ့ အသေအလဲ တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"

ချင်ဝမ်သည် ရှုံ့မဲ့နေသော မျက်နှာဖြင့် သူ၏နောက်ကွယ်မှ မြို့စောင့်တပ်သားများကို ကြည့်ကာ "လီဆူးဝမ်နဲ့ လီကျန့်ယီကို ဖမ်းဆီးစမ်း..." ဟု အမိန့်ပေးလိုက်သည်။

"ဖြန်း" ဟူသော အသံနှင့်အတူ ချင်ဝမ် စကားမဆုံးမီမှာပင် သူ့ကို ကြည့်မရဖြစ်နေသော လီကျန့်ယီက နောက်ထပ် ပါးတစ်ဖက်ကို ထပ်မံရိုက်လိုက်ပြန်သည်။

လီကျန့်ယီသည် အေးဆေးတည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

"အိမ်ရှေ့စံ နေရာအတွက် ပြိုင်ပွဲက စတော့မယ်၊ ချင်ဝမ်မင်းသားအနေနဲ့ ငါတို့ ဓားနှလုံးဂူဗိမာန်နဲ့ အမှန်တကယ် ရန်သူဖြစ်ချင်တာလား၊ ငါတို့ ဓားနှလုံးဂူဗိမာန်က တခြားမင်းသားတွေဆီမှာ အမှုထမ်းသွားမှာကို မကြောက်ဘူးလား"

အကယ်၍ ထိုမင်းသားများသာ ထီးနန်းတက်သွားပါက ချင်ဝမ်သည် မည်သို့သေဆုံးသွားမည်ကိုပင် သိလိုက်ရမည် မဟုတ်ပေ။ ထို့ကြောင့် အင်အားမရှိသော ချင်ဝမ်သည် ဓားနှလုံးဂူဗိမာန်ကဲ့သို့ ထိပ်တန်းအင်အားစုကို ရန်စလိုပါသလား။

"ဓားနှလုံးဂူဗိမာန်လေးများ ၊ငါက ဂရုစိုက်ရမှာလား" ချင်ဝမ်သည် ပါးနှစ်ဖက်လုံးကို အုပ်ကာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေ၏။

တစ်ရက်တည်းမှာပင် ပါးနှစ်ချက် ရိုက်ခံလိုက်ရသဖြင့် သူသည် လုံးဝ သည်းမခံနိုင်တော့ပေ။

"မြန်မြန် တိုက်ကြစမ်း" အံ့အားသင့်နေသော မြို့စောင့်တပ်သားများကို ကြည့်ကာ အော်ဟစ်လိုက်သည်။

လီဆူးဝမ်နှင့် လီကျန့်ယီတို့၏ ရဲတင်းသော လုပ်ရပ်ကြောင့် မြို့စောင့်တပ်သား များသာမက ဝမ်ရိရှင်းပင် မှင်သက်သွားတော့သည်။ နောက်မှာရှိသော လဲ့မုန့်ရှားနှင့် လျူယဲ့တို့မှာလည်း တံတွေးပင် မြိုချမိကြသည်။ တစ်နှစ်ကြာမှ ချင်ဝမ်ကို စာရင်းရှင်းမည်ဟု သဘောတူထားကြသည် မဟုတ်ပါလော။ ယခုမူ ဤနေရာ၌ပင် ပါးရိုက်နေကြလေပြီ။

"ဟုတ်ကဲ့ပါ မင်းသား"

မြို့စောင့်တပ်သားများသည် သတိဝင်လာကာ လီဆူးဝမ်နှင့် လီကျန့်ယီတို့ကို လှံများဖြင့် ဝိုင်းရံလိုက်ကြသည်။

ထိုအခြင်းအရာကို မြင်သော် နောက်ကွယ်ရှိ လဲ့မုန့်ရှား၏ ရထားလုံးတွင် ထိုင်နေသော လန်ယာဝမ်က အပြင်သို့ ထွက်လာကာ "ခမည်းတော်က မင်းကို မြို့တံခါးစောင့်ခိုင်းတာက သစ္စာဖောက် ရဲဒင်းကျီကို ဖမ်းဖို့ပဲ၊ မင်းရဲ့ ပုဂ္ဂိုလ်ရေး အာဃာတတွေအတွက် လူဖမ်းဖို့ မဟုတ်ဘူး" ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"လန်... လန်ယာမင်းသား.." မြို့စောင့်တပ်သားများသည် လန်ယာဝမ်၏ ကြိမ်းမောင်းမှုကို ကြားရသောအခါ ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။

ချင်ဝမ်မင်းသားသည် မြို့တံခါးစောင့်အဖြစ် ရာထူးချခံထားရသူသာ ဖြစ်သော်လည်း လန်ယာဝမ်မင်းသားမှာမူ ကွာခြားသည်။ သူသည် ဧကရာဇ် ထိုက်အန်၏ အလေးပေးခြင်းကို ခံရရုံသာမက ကျီးရှားကျောင်းတော်ရှိ ဆရာကြီးလီ၏ တပည့်များထဲတွင် ရိုသေမှု အခံရဆုံးသော ဆရာတစ်ဦးလည်း ဖြစ်ပေသည်။ သူသည် နန်းတွင်းနှင့် ကျောင်းတော် နှစ်ခုလုံးတွင် ဩဇာအာဏာ ကြီးမားသူ ဖြစ်သည်။

ထို့ကြောင့် နှစ်ဦးကို နှိုင်းယှဉ်ပြီးနောက် မြို့စောင့် တပ်သားများသည် လမ်းဖယ်ပေးလိုက်ကြတော့သည်။ "တောင်းပန်ပါတယ် မင်းသားကြီး၊ ကျွန်တော်တို့ရဲ့ တာဝန်က သစ္စာဖောက် ရဲဒင်းကျီကို ဖမ်းဖို့ပါပဲ၊ မင်းသားကြီးရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းပါ" တပ်မှူးသည် စစ်သည်များကို ထိုနေရာမှ ဆုတ်ခွာခိုင်းလိုက်သည်။

ဤမြင်ကွင်းကို မြင်သော် ချင်ဝမ်သည် ဒေါသကြောင့် သွေးပင် အန်ချင်လာပြီး သူသည် လန်ယာဝမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"လန်ယာဝမ်... မင်း ငါ့ကို ရန်သူလို ဆက်ဆံတော့မှာလား"

"မဟုတ်ဘူး၊ မင်းကို ရန်သူလို စတင်ဆက်ဆံတာ ငါမဟုတ်ဘူး၊ မင်းကိုယ်တိုင်ပဲ၊ မင်း တခြားမင်းသား ငါးပါးနဲ့ လျှို့ဝှက် မဟာမိတ်ဖွဲ့ထားတာကို ငါမသိဘူးလို့ မထင်နဲ့" လန်ယာဝမ်က အေးဆေးစွာ ပြန်ပြောလိုက်သည်။

"ဟက်..မင်းသိသွားပြီဆိုတော့လည်း ငါ့ကို ရန်သူလို ဆက်ဆံရဲသေးတာလား၊ နောင်တစ်ချိန် ငါ အာဏာရလာရင် မင်းနဲ့ မင်းရဲ့ နောင်တော်ကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား" ချင်ဝမ်က မဟာမိတ် ၆ ပါး၏ အင်အားကို ယုံကြည်ကာ ပြောလိုက်သည်။

"ဟား..ဟား သခင်လေးလီ ပြောသလိုပဲ ချင်ဝမ်မင်းသား... ခမည်းတော်ရှေ့မှာ မင်းရဲ့ စွမ်းဆောင်ရည်က ခွေးချေးပုံလိုပဲ၊ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတယ်၊နန်းတွင်းမှာ မင်းကို ထောက်ခံတဲ့သူတွေတောင် ဘက်ပြောင်းကုန်ကြပြီ။ သိုင်းလောကက လူတွေလည်း အတူတူပဲ။ အခု ဓားနှလုံးဂူဗိမာန် ဆက်ခံသူနဲ့ သခင်ကြီးလီကို ရန်စလိုက်ပြီဆိုတော့ မင်းမှာ ဘယ်သူတွေ ကျန်ဦးမယ် ထင်လို့လဲ။ မင်းတို့ မင်းသား ၆ ပါး မဟာမိတ်ဆိုတာ ငါ့ရှေ့မှာတော့ ကလေးကစားစရာပဲ။ ငါသာ အလိုရှိရင် အိမ်ရှေ့စံ နေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်။

ဒါကြောင့် ချင်ဝမ်... ဒီနေရာကနေ ထွက်သွားတော့” လန်ယာဝမ်မင်းသားက အမိန့်ပေးကာ ရထားလုံးထဲ ပြန်ဝင်သွားသည်။

မြို့စောင့်တပ်သားများသည် လန်ယာဝမ်ဘက်မှ ရပ်တည်ရန် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် လန်ယာဝမ်နှင့် လီဆူးဝမ်တို့၏ ရထားလုံးများကို မတားဆီးရဲဘဲ လွှတ်ပေးလိုက်ကြတော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ချင်ဝမ်သည် အလွန်ပင် နာကျည်းနေမိသည်။ သို့သော် ယခုအချိန်တွင် သူ အသုံးချနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ချေ။ သူနှင့်အတူ ပါလာသော ချူပ်နှောင်မဲ့အဆင့်ရှိ သိုင်းဆရာများမှာလည်း လီဆူးဝမ်ကြောင့် သေဆုံးကုန်ကြပြီ ဖြစ်သည်။

"မဟုတ်ဘူး... ငါ့မှာ နန်းတွင်းစောင့်တပ်နဲ့ မိန်းမစိုး ကျင်းရွမ်တို့ရဲ့ အထောက်အပံ့ ရှိသေးတယ်၊ ရဲဒင်းကျီကိုတွေ့အောင် ရှာရမယ်"

ထိုသို့လုပ်နိုင်မှသာ ရဲဒင်းကျီကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဖယ်ရှားနိုင်ပြီး အင်အားပြန်လည် စုစည်းနိုင်မည် ဖြစ်သည်။

"မြို့စောင့်တပ်သားတွေ... အခုချက်ချင်း ဒီရထားလုံးကို စစ်ဆေးစမ်း၊ မဟုတ်ရင် မင်းတို့ကို တာဝန်ပျက်ကွက်မှုနဲ့ ဧကရာဇ်ဆီ တိုင်ကြားမယ်" အင်အားမရှိသော ချင်ဝမ်သည် မြို့စောင့်တပ်သားများကို ဟိန်းဟောက်တော့သည်။

မြို့စောင့်တပ်သားများမှာမူ အခြားရွေးချယ်စရာ မရှိတော့ပေ။ ၎င်းတို့သည် လျူယဲ့၏ ရထားလုံးရှေ့တွင် ရပ်ကာ "တောင်းပန်ပါတယ် သခင်လေးလျူ၊ ဒါက ပုံမှန်စစ်ဆေးမှုပါ" ဟု ပြောလိုက်သည်။

"စစ်ဆေးပါ" လျူယဲ့က အေးဆေးစွာ ပြုံးလျက် ခွင့်ပြုလိုက်သည်။

သို့သော် သူ၏ အကြည့်သည် မျက်နှာတစ်ခုလုံး ညိုမည်းနေသော ချင်ဝမ်ထံသို့ မတော်တဆ ရောက်ရှိသွားသည်။ချင်ဝမ်သည် လျူယဲ့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ မြို့စောင့်တပ်သားများက ရထားလုံးလိုက်ကာကို ဖွင့်လိုက်သောအခါ ကျောင်းတော်မှ ဆရာကြီးလီသည် ရထားလုံးထဲအေးဆေးစွာ ထိုင်နေသည်ကိုမြင်သွားသည်။

"မင်းသားလေးက အရှိန်အဝါ တော်တော်ကြီးတာပဲ၊ ငါ ခရီးသွားရင် မင်းရဲ့ ခမည်းတော် ဧကရာဇ်တောင်မှ ငါ့ကို မစစ်ဆေးရဲဘူး"

"ဒါပေမဲ့ မင်းကတော့ ငါ့ကို တကယ်ပဲ အထင်ကြီးအောင် လုပ်နိုင်တာပဲ၊ မင်းရဲ့ ခမည်းတော်ထက်တောင် ပိုပြီး သတ္တိရှိပုံရတယ်"

လီချန်းရကာ ‌ခနဲ့သည့်လေသံဖြင့်ပြောလိုက်သည်။

"ဟက် ပုံမှန်စစ်ဆေးတာ ပြီးသွားပြီပဲ၊ လျူယဲ့... မြို့ပြင်ကို မောင်းတော့" လီချန်းရှန်က ချင်ဝမ်၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်တော့ဘဲ လိုက်ကာကို ပြန်ပိတ်ကာ ရထားလုံးမောင်းရန် လျူယဲ့ကို ညွှန်ကြားလိုက်ပေသည်။

လီချန်းရှန်၏ ရထားလုံး ထွက်ခွာသွားသည်နှင့်အမျှ ချင်ဝမ်၏ အကြည့်တို့သည် ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားကာ ဘာလုပ်ရမှန်းမသိရပ်နေမိသည်။

All Chapters