အနာဂတ်အတွက် ချန်ထားရစ်ခြင်း
Vol. 5 Ch. 48
ထိုက်အန် နန်းဆောင်။
ခမ်းနားထည်ဝါပြီး အလွန်တရာ အဖိုးထိုက်တန်သော နန်းဆောင်အတွင်း၌။
ဧကရာဇ် ထိုက်အန်သည် သူ၏ စားပွဲတွင် ထိုင်ကာ ခေါင်းခဲစရာ ကောင်းလှသော အစီရင်ခံစာများကို စစ်ဆေးနေလေသည်။ ထိုအစီရင်ခံစာ အများစုမှာ ချင်ဝမ်မင်းသားကို စွပ်စွဲပြစ်တင်ထားသည့် စာလွှာများပင် ဖြစ်ပါပေသည်။
အဘယ်ကြောင့်ဆိုသော် ချင်ဝမ်မင်းသားသည် မာရ်နတ်ဂိုဏ်းမှ လူများနှင့် ဆက်သွယ်မှု ရှိနေခြင်းကြောင့်၎င်း၊ ထျန်ချီမြို့အတွင်း၌ ရဲဒင်းကျီကို ဖမ်းဆီးရန် ရက်ပေါင်းများစွာ ကြာမြင့်နေသော်လည်း မဖမ်းဆီးနိုင်ခြင်းကြောင့်၎င်း ဖြစ်ပေသည်။ ထို့ကြောင့် အမတ်အများစုက ရဲဒင်းကျီကို ချင်ဝမ်မင်းသားကပင် လျှို့ဝှက်စွာဖြင့် ထျန်ချီမြို့ပြင်သို့ ပို့ဆောင်လိုက်သည်ဟု ယုံကြည်နေကြ၏။
အချို့သော အမတ်များကမူ ချင်ဝမ်မင်းသားသည် ပြင်ပအင်အားစုများနှင့် ပူးပေါင်းကာ နောင်တစ်ချိန်တွင် အာဏာသိမ်းရန် ကြံစည်နေသည်ဟုပင် ရဲရဲဝံ့ဝံ့ လျှောက်တင်ထားကြသေးသည်။
ထိုအစီရင်ခံစာကို မြင်သောအခါ ဧကရာဇ် ထိုက်အန်က မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးရွတ်လိုက်သည်။
"ချင်ဝမ်... ငါက မင်းကို အခွင့်အရေး မပေးတာ မဟုတ်ဘူးနော်"
မင်းကတော့ ကိုးယောက်မြောက် မင်းသားနဲ့ ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်ဟု သူက စိတ်ထဲမှ မှတ်ချက်ပြုနေတော့၏။ထိုသို့ ပြောပြီးနောက် နန်းဆောင်အပြင်ဘက်မှ မိန်းမစိုးတစ်ဦး ဝင်လာခဲ့လေသည်။ ကျင်းရွမ်သည် ဧကရာဇ်ကို သံသယဖြင့် ကြည့်ကာ
"အရှင်မင်းကြီး... ချင်းချန်တောင်က ကျောက်ယုကျန်း တောင်အောက် ဆင်းလာပါပြီ" ဟု လျှောက်တင်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုစုကျန်း ခေါ်သွားတဲ့ အဲ့ဒီကလေးလား" ဧကရာဇ် ထိုက်အန်က မျက်မှောင်ကြုတ်ကာ မေးမြန်း၏။
"မှန်လှပါ ဘုရား"ကျင်းရွမ်က ရိုသေစွာ ပြန်ဖြေလေသည်။
"ချင်းချန်တောင်က အခု ဘာတွေ ကြံစည်နေတာလဲ။ ကျောက်ယုကျန်းက တောင်အောက်ဆင်းလို့ မရဘူးလို့ ပြောခဲ့ကြတာ မဟုတ်လား"
ငါ နန်းတွင်းဆရာကြီးဆီကို တစ်ခေါက်လောက် သွားမှ ဖြစ်တော့မည်ဟု တွေးကာ ဧကရာဇ် ထိုက်အန်သည် ချက်ချင်းပင် ထရပ်လိုက်ပြီး နန်းတွင်းဆရာကြီး၏ နေအိမ်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဧကရာဇ် ထွက်သွားပြီးနောက်တွင်မူ ကျင်းရွမ်သည် စားပွဲပေါ်ရှိ စွပ်စွဲပြစ်တင်စာများကို ကြည့်ကာ မျက်နှာ အေးစက်သွားပြီး စိတ်ပျက်စွာ ပြောလိုက်သည်။
"ချင်ဝမ်မင်းသား၊ခင်ဗျားကတော့ တကယ့်ကို အသုံးမကျတဲ့သူပဲ"
သို့သော်လည်း ဧကရာဇ် ထိုက်အန်၏ ကျန်းမာရေးမှာ ဆိုးရွားနေပြီး အသက်ရှင်ရန် အချိန် သိပ်မကျန်တော့သဖြင့် ခင်ဗျားအတွက် အခွင့်အရေး ရှိပါသေးတယ်ဟု သူက ရေရွတ်နေလေတော့၏။
.........
ဓားသွန်းခန်းမ၏ ပင်မဆောင်။
ဓားသွန်းလုပ်သည့် လုပ်ငန်းစဉ်များကို ကြည့်ရှုပြီးနောက် လီကျန့်ယီနှင့် ကျောက်ယုကျန်းတို့သည် ဧည့်ဂေဟာသို့ ရောက်ရှိလာကြသည်။ အိမ်ရှင်ဖြစ်သည့် လီကျန့်ယီက ကျောက်ယုကျန်းနှင့် ဝမ်ရိရှင်းတို့အတွက် လက်ဖက်ရည် နှစ်ခွက် ထည့်ပေးလိုက်၏။
"ဘယ်လိုလဲ" လီကျန့်ယီက ပြုံးကာ သူတို့နှစ်ဦးကို မေးလိုက်သည်။
"ချင်းချန်တောင်က ပထမဆုံးသောက်ရင် ခါးပေမဲ့ နောက်မှ ချိုတဲ့ လက်ဖက်စိမ်းနဲ့ မတူဘဲ၊ ဒီလက်ဖက်ရည်ကတော့ တစ်ငုံသောက်လိုက်တာနဲ့ လန်းဆန်းပြီး မွှေးပျံ့တဲ့ရနံ့ကို ခံစားရတာပဲ၊တကယ့်ကို ကောင်းမွန်တဲ့ လက်ဖက်ရည်ပဲ"ကျောက်ယုကျန်းက လက်ဖက်ရည်ကို မြည်းစမ်းရင်း ချီးကျူးလိုက်သည်။
"ဒီလက်ဖက်ရည်ရဲ့ နာမည်က 'ရှေးဟောင်းရနံ့'လို့ ခေါ်တယ်။ ဓားနှလုံးဂူဗိမာန် အနားက ဝေးလံတဲ့ ချိုင့်ဝှမ်းတစ်ခုမှာပဲ ပေါက်တာပါ။ အဲ့ဒီချိုင့်ဝှမ်းက ဒီလက်ဖက်ပင်တွေ ပေါက်ဖို့အတွက် အသင့်တော်ဆုံး ပတ်ဝန်းကျင်ပဲလေ"
"တကယ်လို့ သခင်လေးကျောက်နဲ့ ဝမ်သခင်တို့ ကြိုက်တယ်ဆိုရင် ကျွန်တော် လက်ဆောင်ပေးပါရစေ" လီကျန့်ယီက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း အေးအေးလူလူပင် ပြော၏။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် သခင်လေးလီ" ကျောက်ယုကျန်းနှင့် ဝမ်ရိရှင်းတို့က တပြိုင်နက် ပြောလိုက်ကြသည်။
"လက်ဖက်ရည်ရွက်လေးတွေပဲဟာ၊ အားနာစရာ မလိုပါဘူး" လီကျန့်ယီက ခေါင်းခါပြပြီးနောက် သူတို့နှစ်ယောက်ကို မေးလိုက်သည်။
"သခင်လေးကျောက်နဲ့ ဝမ်သခင်တို့ အနားယူချင်ကြပြီလား။အနားယူချင်ရင် ကျွန်တော် အခန်းတွေ ပြင်ခိုင်းလိုက်မယ်လေ"
"ဟေး... သခင်လေးလီ၊ ရာသီဥတုက ဒီလောက် သာယာနေတာကို။ ကျွန်တော်လို မိန်းမဗိုလ်က ဘယ်လိုလုပ် အိပ်နိုင်မှာလဲ။ အခန်းထဲ မသွားခင် ကျွန်တော့်ကို ဓားနှလုံးဂူဗိမာန်က အမျိုးသမီးတပည့်လေးတွေနဲ့ မိတ်ဆက်ပေးပါဦး" ဝမ်ရိရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
သို့သော် လီကျန့်ယီကဘချက်ချင်း ငြင်းပယ်လိုက်ပြီး
"ဝမ်သခင်၊ မိန်းမတွေနောက်ပဲ လိုက်မနေပါနဲ့ဦး။ ကျွန်တော်နဲ့အတူ 'ဓားနှလုံးကျောက်ဆောင်' ဆီကို သွားပြီး ဓားပညာ လေ့ကျင့်ကြရအောင်လား" ဟု ဖိတ်ခေါ်လိုက်သည်။ ဤသည်မှာ စိတ်နှလုံးအတွင်းရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် အကောင်းဆုံး နည်းလမ်း မဟုတ်ပါလော။
"ဓားပညာ လေ့ကျင့်တာက အမျိုးသမီးတွေဆီမှာ အလှူခံတာလောက် ဘယ်စိတ်ဝင်စားဖို့ ကောင်းမှာလဲ။ မသွားဘူးဗျာ" ဝမ်ရိရှင်းက စိတ်မပါစွာဖြင့် ခေါင်းခါလိုက်၏။
ဝမ်ရိရှင်းက မသွားချင်သော်လည်း ကျောက်ယုကျန်း၏ မျက်ဝန်းများမှာမူ တောက်ပလာခဲ့သည်။ "နောင်တော်... နောင်တော် မသွားချင်ရင် အနားယူလိုက်လေ။ ကျွန်တော် ချင်းချန်တောင်မှာ 'ဝူလျံဓား' ကျင့်စဉ်ကို လေ့ကျင့်ခဲ့တာ လေးနှစ်တောင် ရှိပြီ၊ သခင်လေးလီနဲ့ ပညာစမ်းကြည့်ချင်တယ်"
ထိုသို့ ကျောက်ယုကျန်းသည် လီကျန့်ယီ၏ လက်မောင်းကို ဆွဲကာ ဧည့်ဂေဟာ အပြင်ဘက်သို့ အမြန် ထွက်လာခဲ့တော့၏။ ခဏအကြာတွင် သူတို့အားလုံး ဓားနှလုံးကျောက်ဆောင်သို့ ရောက်ရှိလာကြသည်။
ဓားနှလုံးကျောက်ဆောင်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် ဓားဆန္ဒကို ခံစားမိသောအခါ ကျောက်ယုကျန်းက "ဓားကျင့်ကြံသူတစ်ယောက်သာ ဒီနေရာမှာ တရားထိုင်ရင် အကျိုးကျေးဇူး အများကြီး ရမှာပဲ"ဟုအံ့ဩတကြီး ရေရွတ်မိသည်။
"ဟုတ်ပါတယ်၊ သခင်လေးကျောက် ခုနက တစ်ခုခုကို ထိုးထွင်းသိမြင်သွားတာလား" လီကျန့်ယီက ဓားနှလုံးကျောက်ဆောင်ကို ကြည့်ကာ ငိုင်နေသည့် ကျောက်ယုကျန်းကို ကြည့်ပြီး မေးလိုက်၏။
"ဟုတ်တယ်၊ သခင်လေးလီ... ကျွန်တော်တို့ ပညာချင်း ဖလှယ်ကြည့်ရအောင်" ကျောက်ယုကျန်းက စိတ်အားထက်သန်စွာဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။
လီကျန့်ယီသည်လည်း အလွန်စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချင်းချန်တောင်တွင် 'တစ်ဖက်ကမ်း' ဓားကွက်ကို ထိုးထွင်းသိမြင်ခဲ့သောကြောင့်ပင် ဖြစ်၏။ သူသည်လည်း အခြားသူတစ်ဦးနှင့် ပညာစမ်းကြည့်ရန် အခွင့်အရေးကို စောင့်စားနေခဲ့ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦးစလုံး သဘောတူပြီးနောက် ဓားနှလုံးကျောက်ဆောင်၏ ထိပ်ဖျားတွင် တက်သွားကြသည်။ ရှဟန်ယီနှင့် ဝမ်ရိရှင်းတို့က ဘေးမှ ကြည့်နေကြ၏။
"သခင်လေးကျောက်၊ကျွန်တော်က အိမ်ရှင်၊ ခင်ဗျားက ဧည့်သည်ဆိုတော့ ခင်ဗျားပဲ အရင် စတင်လိုက်ပါ" လီကျန့်ယီသည် မာရာဏဓားကို ကိုင်ဆောင်လျက် ယုံကြည်ချက်ရှိရှိ ဆိုလိုက်သည်။
"ကောင်းပြီလေ"
ကျောက်ယုကျန်းသည် သူ၏ ခါးမှ ကောင်းကင်ပြာဓားကို ဆွဲထုတ်လိုက်၏။ ဤဓားမှာ သူ တောင်အောက်မဆင်းမီ လုစုကျန်းက လက်ဆင့်ကမ်း ပေးအပ်ခဲ့သော ဓားပင် ဖြစ်ပါပေသည်။
"သခင်လေးလီ၊ သတိထားနော်"
ချင်းချန်တောင်၏ ရတနာဖြစ်သော ကောက်းကင်ပြာဓားကို ကိုင်ဆောင်ထားသည့် ကျောက်ယုကျန်းသည် အပိုလှုပ်ရှားမှုများ မလုပ်တော့ပေ။ လေးနှစ်တိုင်တိုင် လေ့ကျင့်လာခဲ့သော ဝူလျံဓား၏ စွမ်းအားကို စမ်းသပ်ရန်အတွက် တိုက်ရိုက်ပင် 'ဝူလျံဓားအစီအစဉ်' ကို အသုံးပြုလိုက်တော့သည်။
"ဓားအစီအစဉ် စတင်စေ"
ကျောက်ယုကျန်းသည် ကောင်းကင်ပြာဓားကို သူ၏ ခေါင်းပေါ်တွင် လွင့်ပျံစေပြီး အတွင်းအားကို အသုံးပြုကာ ထိန်းချုပ်လိုက်၏။ ထို့နောက် ဓားတစ်လက်မှ နှစ်လက်၊ နှစ်လက်မှ သုံးလက်၊ ထိုမှတစ်ဆင့် ဓားပေါင်း သောင်းခြောက်ထောင်အထိ ဖြစ်ပေါ်လာတော့သည်။
ခဏချင်းအတွင်းမှာပင် မရေမတွက်နိုင်သော ကောင်းကင်ပြာဓားများမှာ ဓားနှလုံးကျောက်ဆောင်၏ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားရာ အသက်ရှူရပင် ကျပ်တည်းလာစေ၏။
ဤသည်ကို မြင်သောအခါ လီကျန့်ယီသည် ကျောက်ယုကျန်း၏ ထူးကဲသော ပါရမီကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ အသက် တစ်ဆယ့်ငါးနှစ်အရွယ်နှင့် ဝူလျံဓားပညာကို ဤမျှအထိ ကျွမ်းကျင်နေသည်။
"သခင်လေးကျောက်က ဂိုဏ်းချုပ်လုရဲ့ ဆက်ခံသူဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်၊ဝူလျံဓားပညာက တကယ့်ကို ကြောက်စရာကောင်းတာပဲ"
မိမိဆီသို့ ဦးတည်လာနေသော မရေမတွက်နိုင်သော ဓားများကို ကြည့်ကာ လီကျန့်ယီသည် သူ၏ အတွင်းအားဖြင့် မာရာဏဓားရှိ ပတ်တီးများကို ခါထုတ်လိုက်လေသည်။
ချင်းချန်တောင်တွင် 'အခြားတစ်ဖက်ကမ်း' ဓားကွက်ကို အသုံးပြုပြီးနောက် မာရာဏဓားသည်လည်း တစ်စုံတစ်ခု ပြောင်းလဲသွားပုံရ၏။ ဓားကို ဆွဲထုတ်လိုက်သည်နှင့် နီရဲသော အလင်းတန်းများ တောက်ပလာပြီး ဓားသွားပေါ်တွင် လှပသော ခေါင်ရမ်းပန်း ပုံသဏ္ဌာန်များ ပေါ်လာကာ ပန်းပွင့်လေးများ လွင့်ပျံလာတော့သည်။
နောင်တစ်ချိန်တွင် လီဟန်ယီ အသုံးပြုမည့် ဟန်ရွှမ်းဓားကို ဝှေ့ယမ်းလိုက်လျှင် နှင်းစများ လွင့်ပျံလာသကဲ့သို့၊ ယခု လီကျန့်ယီ၏ မာရာဏဓားမှာမူ နီရဲသော ခေါင်ရမ်းပန်းလေးများ လွင့်ပျံနေသဖြင့် အလွန်ပင် ဆွဲဆောင်မှုရှိပြီး လှပနေပါပေသည်။
"လှလိုက်တာ၊ နောင်ကျရင် အဖိုးကို မာရာဏဓားလိုမျိုး လှတဲ့ဓားတစ်လက် သွန်းခိုင်းဦးမယ်" ဘေးမှ ကြည့်နေသော ဟန်ယီက မျက်လုံးလေးများ ပြူးကာ ရေရွတ်လိုက်၏။
လီကျန့်ယီသည် မာရာဏဓားအတွင်းမှ တိုက်ခိုက်လိုသော စိတ်ဆန္ဒကို ခံစားမိသည်နှင့် မဆိုင်းမတွပင် 'အခြားတစ်ဖက်ကမ်း' ဓားကွက်ကို ဝှေ့ယမ်းလိုက်တော့သည်။
ဤဓားကွက်သည် အနာဂတ်၏ မြင်ကွင်းကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်ပေသည်။ ဤဓားချက်သည် သေခြင်းနှင့် ရှင်ခြင်းကြားမှ အရေးပါသော အမှတ်အသားပင် ဖြစ်ပါပေသည်။ မြစ်တစ်ဖက်ကမ်းတွင်သာ မြင်တွေ့နိုင်သော နီရဲသည့် ခေါင်ရမ်းပန်းများ၏ ပုံရိပ်မှာ ရုတ်တရက် ပေါ်ပေါက်လာတော့၏။
ခဏချင်းအတွင်းမှာပင် ဓားဆန္ဒမှ ပြောင်းလဲလာသော မရေမတွက်နိုင်သည့် ခေါင်ရမ်းပန်းများသည် ကောင်းကင်မှ ကောင်းကင်ပြာဓားများနှင့် ရင်ဆိုင်တွေ့ကြလေတော့သည်။
"သွားစမ်း"
ကျောက်ယုကျန်းနှင့် လီကျန့်ယီတို့ တပြိုင်နက် အော်ဟစ်လိုက်ကြရာ ကောင်းကင်ပြာဓားများနှင့် နီရဲသော ခေါင်ရမ်းပန်းများမှာ အပြင်းအထန် တိုက်ခိုက်ကြတော့၏။
ဘေးမှ ကြည့်နေသော ရှောင်ဟန်ယီနှင့် ဝမ်ရိရှင်းတို့မှာမူ ဤမြင်ကွင်းကို ကြည့်ကာ မှင်သက်သွားရသည်။ ခေါင်ရမ်းပန်း တစ်ပွင့်စီတိုင်းနှင့် ကောင်းကင်ပြာဓား တစ်လက်စီထိတွေ့မိသည့်အချိန်တိုင်း ကြောက်စရာကောင်းသော အတွင်းအား လှိုင်းများ ထွက်ပေါ်လာရာ ကောင်းကင်ဖြတ်သန်းခြင်း အဆင့်အောက်ရှိ သူများသာ ထိတွေ့မိပါက ချက်ချင်းပင် အသက်ပျောက်သွားနိုင်ပေသည်။
"ခေါင်ရမ်းပန်းတွေက က ကောင်းကင်ဓားတွေကို ဝါးမြိုပစ်နေတာပဲ"
ဟန်ယီသည် ကောင်းကင်မှ ခေါင်ရမ်းပန်းများက ကောင်းကင်ပြာဓားများကို ထိတွေ့လိုက်သည်နှင့် ဓားများမှာ အငွေ့ပျံကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
"အင်း... သခင်လေးလီရဲ့ ကျင့်ကြံမှုအဆင့်က ညီလေးထက် နည်းနည်း ပိုမြင့်နေတာကိုး။ အဲ့ဒါကြောင့် ကောက်းကင်ပြ ဓားတွေက အားနည်းနေသလို ဖြစ်နေတာ၊မဟုတ်လို့ကတော့ ညီလေးရဲ့ ဓားတွေက သခင်လေးလီရဲ့ ခေါင်ရမ်းပန်းတွေကို ယှဉ်နိုင်မှာပါ" ဝမ်ရိရှင်းက ကောင်းကင်မှ အတွင်းအား အတက်အကျများကို အကဲခတ်ရင်း မှတ်ချက်ပေးလိုက်၏။
"ပြီးသွားပြီ၊ ကောင်းကင်ပြာဓားတွေ အကုန် ပျောက်သွားပြီ"
ဟန်ယီ ပြောသည့်အတိုင်းပင် ကျန်ရှိနေသော ကောင်းကင်ပြာဓားများသည် ခေါင်ရမ်းပန်းများအတွင်း၌ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခဏအကြာတွင် ကောင်းကင်၌ ခေါင်ရမ်းပန်းလေးများသာ လွင့်ပျံကျန်ရစ်ခဲ့ရာ အလွန်ပင် လှပသော မြင်ကွင်းတစ်ခု အဖြစ်ကျန်ခဲ့၏။
ကျောက်ယုကျန်းသည် ဤမြင်ကွင်းကို ကြည့်ကာ အိပ်မက်တစ်ခုလို ခံစားနေရသော်လည်း အရှုံးကို ဝန်ခံလိုက်သည်။"သခင်လေးလီရဲ့ 'အခြားတစ်ဖက်ကမ်း' က တကယ့်ကို အစွမ်းထက်လှပါပေတယ်။ ကျွန်တော် ရှုံးနိမ့်သွားပါပြီ"
"သခင်လေးကျောက် အဲ့ဒီလို မပြောပါနဲ့။ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုအဆင့် မတူလို့သာ ကောင်းကင်ပြာဓားက အားနည်းသွားတာပါ၊နောက်ပိုင်းမှာ သခင်လေးကျောက်ရဲ့ အဆင့်က ကျွန်တော့်လောက် ရောက်လာရင်တော့ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ ခက်ပါတယ်" လီကျန့်ယီက ဓားကို ပြန်သိမ်းရင်း နှိမ့်ချစွာ ဆိုလိုက်၏။
"ဒါဆိုရင် ဒီကိစ္စကို အနာဂတ်အတွက်ပဲ ချန်ထားလိုက်တော့မယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတဲ့အခါ သခင်လေးလီနဲ့ နောက်တစ်ကြိမ် ပညာစမ်းခွင့် ရဦးမယ်လို့ မျှော်လင့်ပါတယ်" ကျောက်ယုကျန်းသည် စိတ်ပျက်မသွားဘဲ အနာဂတ်အတွက် ပိုမို မျှော်လင့်ချက်ရှိသွားလေတော့သည်။ ယခုရှုံးနှိမ့်လည်း ဆက်ကြိုး
စားလျှင် တစ်နေ့နေ့တော့ နိုင်ခွင့်ရှိပါအုန်းမည်။