← Chapters

မွေ့နေ့ပွဲ တက်ရောက်ခြင်း

Vol. 6 Ch. 51

မွေ့နေ့ပွဲ တက်ရောက်ခြင်း

Vol. 6 Ch. 51

ဓားနှလုံးကျောက်ဆောင်။

ကျောက်ယုကျန်းနှင့် ဝမ်ရိရှင်းတို့ ထွက်ခွာသွားပြီးနောက် လီကျန့်ယီသည် သူ၏ ပြင်းထန်သော ဓားကျင့်စဉ်များကို ပြန်လည် စတင်လိုက်ပြန်သည်။

ထိုသို့ ပြင်းပြင်းထန်ထန် ဓားဝှေ့ယမ်းလေ့ကျင့်နေစဉ်အတွင်း 'ဓားနတ်ဘုရား'' စနစ်က ဆုလာဘ်များကို ရံဖန်ရံခါ ကြေညာပေးလေသည်။

"ဒင်...ဂုဏ်ယူပါတယ် ပိုင်ရှင်.. သင်သည် ဓားအကြိမ်ရေ သန်း ၁၅၀ ဝှေ့ယမ်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် တစ်နှစ်စာ ပြင်းထန်သော ကျင့်ကြံအားကို ရရှိသည်။"

"ဒင်… ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် ဓားအကြိမ်ရေ သန်း ၁၁၀ ဝှေ့ယမ်းခြင်းကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် သက်ရှည်ဆေးတစ်လုံး (သက်တမ်း ဆယ်နှစ် တိုးစေနိုင်သည်) ကို ရရှိပါသည်။"

"ဒင်… ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် ဓားအကြိမ်ရေ သန်း ၁၂၀ ဝှေ့ယမ်းခြင်းကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် အဆိပ်ဖြေဆေးတစ်လုံး (အဆိပ်အားလုံးကို ပျောက်ကင်းစေနိုင်) ကို ရရှိပါသည်။"

ဓားနှလုံးကျောက်ဆောင်ပေါ်၌ လီကျန့်ယီ၏ ဓားဝှေ့ယမ်းနှုန်းမှာ ပိုမိုမြန်ဆန်လာသည်နှင့်အမျှ စနစ်၏ အသိပေးချက်များမှာလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။ဟန်ယီက လီကျန့်ယီ၏ ရူးသွပ်ဖွယ်ရာ ဓားဝှေ့ယမ်းနေမှုကို ကြည့်ကာ မှင်သက်နေမိသည်။

"ယီယီ... အဲ့ဒါက မြန်လွန်းတယ်၊ ဒီအတိုင်း ဆက်လုပ်နေရင် လေဆင်နှာမောင်းကြီး ဖြစ်သွားလိမ့်မယ်"

ဟန်ယီသည် ဓားရိပ်များသာ မြင်ရတော့သည့် လီကျန့်ယီကို မျက်လုံးအစုံ ပြူးကြည့်နေမိသည်။ လီကျန့်ယီ၏ ဓားချက်များမှာ အလွန်မြန်ဆန်လှသဖြင့် သူမ၏ မျက်စိဖြင့်ပင် မမြင်နိုင်တော့ပေ။

"ဟန်ယီ... နင် နားမလည်ပါဘူး၊အနာဂတ်ရဲ့ နတ်ဓားရှင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် နင့်ရဲ့ ဓားချက်က လျှပ်စီးလို မြန်ရမယ်"

ဒါမှသာ ရန်သူက တိုက်ခိုက်ဖို့ ပြင်နေတုန်း ဒါမှမဟုတ် သူတို့ရဲ့ လက်နက်ကို ကိုင်လိုက်တဲ့ အချိန်မှာတင် သူတို့ကို တိုက်ခိုက်နိုင်မှာ ဖြစ်သည်။ရန်သူဟာ သူသေသွားပြီဆိုတာကိုတောင် မသိလိုက်ခင်မှာပဲ အသက်ပျောက်သွားလိမ့်မည်။

"အခု နင် မသိလိုက်သလိုမျိုးပေါ့"လီကျန့်ယီသည် ဓားကို ဝှေ့ယမ်းနေရင်းမှ ရုတ်တရက် ရှေ့သို့ ထိုးလိုက်ရာ ဟန်ယီ၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွား၏။ထိုအချိန်အတွင်း ဟန်ယီမှာ ဘာကိုမှ သတိမပြုမိလိုက်ပေ။ တကယ်လို့ လီကျန့်ယီသာ အရှိန်မသတ်လိုက်ပါက ထိုစက္ကန့်ပိုင်းအတွင်း သူမသည် လီကျန့်ယီ၏ သစ်သားဓားဖြင့် အကြိမ်ပေါင်း မည်မျှ ရိုက်နှက်ခံရမည်ကို မခန့်မှန်းနိုင်တော့ပေ။

"ဝါး... မြန်လိုက်တာ"

သူမ၏ ဆောင်းတွင်းဝတ်စုံလေးကို ထိလုနီးပါး ဖြစ်နေသည့် သစ်သားဓားကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"မြန်တယ် မဟုတ်လား၊ငါက မြန်ရုံတင်မကဘူး၊ အကြာကြီးလည်း လုပ်နိုင်တယ်"လီကျန့်ယီက တည်ကြည်စွာ ပြောဆိုပြီးနောက် လျှပ်စီးအလား မြန်ဆန်သော ဓားချက်များကို ဆက်လက် လေ့ကျင့်သည်။ သာမန်လူများဆိုလျှင် သူ၏ ဓားလမ်းကြောင်းကိုပင် မြင်တွေ့နိုင်မည် မဟုတ်ပါပေ။

လီကျန့်ယီက ဓားကျင့်စဉ်၌ အာရုံစိုက်နေစဉ် ဓားနှလုံးဂူဗိမာန်မှ အသေးအဖွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးသွားသော လီဆူးဝမ်သည် ကျောက်ဆောင်ဆီသို့ ရောက်ရှိလာသည်။ လျှပ်စီးအလား မြန်ဆန်သော လီကျန့်ယီ၏ ဓားချက်များကို မြင်သောအခါ လီဆူးဝမ်မှာလည်း ဟန်ယီကဲ့သို့ပင် အံ့အားသင့်သွား၏။

"ဓားဝှေ့ယမ်းတဲ့ အကြိမ်ရေကိုတောင် ငါ့မျက်စိနဲ့ မမြင်နိုင်တော့ဘူး၊သူက ဒီလောက် မြန်မြန် ဝှေ့ယမ်းပြီး အရှိန်ကို လေ့ကျင့်နေတာလား" လီဆူးဝမ်က အံ့ဩတကြီး ပြောလိုက်သည်။

သို့သော်လည်း လူတိုင်း၏ ကျင့်ကြံပုံချင်း မတူညီသဖြင့် လီကျန့်ယီကို သူ အနှောင့်အယှက် မပေးခဲ့ပေ။ ထို့ကြောင့် သူ ပျင်းလာသောအခါ ဟန်ယီ၏ ဘေးတွင် ထိုင်ကာ ကြည့်နေတတ်သလို၊ တစ်ခါတစ်ရံ ကိုယ်တိုင်လည်း ကျင့်ကြံနေတတ်ပေသည်။

.....

သုံးရက် ကြာပြီးနောက်၊ လီကျန့်ယီ၏ စုစုပေါင်း ဓားဝှေ့ယမ်းမှု အကြိမ်ရေမှာ နောက်ထပ် သန်းချီ၍ တိုးလာခဲ့ရာ ဓားနတ်ဘုရားစနစ်မှ ဆုလာဘ် အမျိုးမျိုးကို ရရှိခဲ့သည်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ ဖုယောင်ဆင့်၏ ၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဖုယောင်ဆင့် ပြည့်စုံရန် ၂၀ ရာခိုင်နှုန်းသာ လိုတော့သည်။

သို့သော်လည်း ပြည့်စုံသည့် အဆင့်သို့ ရောက်ပြီးလျှင်ပင် ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရှိရန် ပိုမိုပြင်းထန်သော လေ့ကျင့်မှုများ လိုအပ်ဦးမည်။ထို့ကြောင့် ဖုယောင်ဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း လီကျန့်ယီသည် ဓားကိုအရှိန်မ‌လျှော့ပဲ ဝှေ့ယမ်းနေဆဲပင်။

"ယီယီ... ဒီနေ့အတွက် သတင်းစာစောင် ရောက်ပြီနော်၊ပိုင်ဟွာလော့ ရဲ့ သတင်းတွေက အချိန်မှန် ရောက်လာတာပဲ"

လီကျန့်ယီ ဓားလေ့ကျင့်နေစဉ် လီဆူးဝမ်သည် ဟန်ယီနှင့်အတူ ပိုင်ရှောင်တန်မှ ထုတ်ဝေသည့် နံနက်ခင်း သတင်းစာစောင်ကို ကိုင်ဆောင်ကာ ရောက်လာသည်။

မူလက ဤသည်မှာ နန်းတွင်းမှ ထုတ်ပြန်သည့် သတင်းပြန်ကြားချက် ဖြစ်သင့်သော်လည်း ပိုင်ရှောင်တန် ရှိနေခြင်းကြောင့် နန်းတွင်းထုတ်ပြန်ချက်များမှာ ပိုင်ရှောင်တန်၏ သတင်းစာစောင်များဖြင့် အစားထိုးခံလိုက်ရခြင်း ဖြစ်ပေသည်။

"သတင်းစာ ရောက်ပြီလား၊ဆရာ ဒီနေ့ သတင်းထဲမှာ ဘာတွေပါလဲ" လီကျန့်ယီက ဓားကျင့်နေသည်ကို ရပ်တန့်ကာ စူးစမ်းလိုစိတ်ဖြင့် လျှောက်လှမ်းလာသည်။

"ယီယီ နင်ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ"

လီဆူးဝမ်က သတင်းစာကို လီကျန့်ယီထံ ကမ်းပေးလိုက်၏။

လီကျန့်ယီ ဖတ်ရှုလိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ...

"ထူးခြားသတင်း၊ ချင်းချန်တောင်မှ ကျောက်ယုကျန်း တောင်အောက် ဆင်းလာပြီ"

"ချင်းချန်တောင်၏ ဟန်ဆောင်ကောင်းလှသော မျက်နှာဖုံးကို ခွာချခြင်း၊လုစုကျန်း၏ တပည့်ရင်း ဝမ်ရိရှင်းမှာ တကယ်တော့ သူတော်ကောင်းယောင်ဆောင်ထားသည့် နှာဘူးတစ်ဦးသာ ဖြစ်သည်"

သူသည် သိုင်းလောက၌ လှည့်လည်သွားလာရင်း လော့မိသားစုအနားသို့ ဖြတ်သန်းစဉ် လူငယ်သခင်လော့ရွှမ်း၏ ညီမဖြစ်သူ လော့ယန်လုကို လူပုံအလယ်၌ ပေါ်ပေါ်ထင်ထင် စ နှောက်ခဲ့သည်။ မိန်းကလေးလော့ တီးခတ်သည့် ပုလွေသံကို အလွန်နှစ်သက်ကြောင်းနှင့် တစ်နေ့တွင် မိန်းကလေးလော့နှင့် နှစ်ယောက်တည်း ရှိနေချိန်၌ ထိုပုလွေသံကို နားထောင်လိုကြောင်း ပြောခဲ့၏။

ရလဒ်မှာမူ ရှင်းလင်းလှသည်။ သူသည် လော့မိသားစု၏ တစ်ရက်နှင့် တစ်ညတိုင်တိုင် လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိတွင် ရှို့ရွှေဂေဟာအနားတွင် ထွက်ပြေးပုန်းရှောင်နေရသည်။

လီကျန့်ယီ "..."

သတင်းစာထဲတွင် ဝမ်ရိရှင်း၏ ကစဉ့်ကလျား ထွက်ပြေးနေရသည့် သတင်းကို မြင်သောအခါ လီကျန့်ယီမှာ နဖူးကို လက်ဖြင့် အုပ်ကာ ဆွံ့အသွားရပြန်သည်။ ဝမ်သခင်သည် ဘယ်နေရာသွားသွား ဘာကြောင့် ဤမျှ နာမည်ကြီးအောင် လုပ်နေရသနည်း။ ဒီတစ်ခါတော့ ကျောင်းတော်၏ ဆဋ္ဌမမြောက် တပည့်ဖြစ်သည့် လော့ရွှမ်း၏ ညီမကိုပင် သွားရောက် စန နှောက်ခဲ့သေးသည်။

"ဟူး... သူနဲ့အတူ ခရီးသွားနေရတဲ့ ကျောက်ယုကျန်းလေး သနားစရာပဲ၊တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံတွေရနေမှာပဲ" လီကျန့်ယီသည် မျှော်လင့်ချက်အပြည့်ဖြင့် တောင်အောက်ဆင်းသွားသော ကျောက်ယုကျန်းအတွက် စိတ်မကောင်း ဖြစ်မိသည်။

ဝမ်ရိရှင်း၏ သတင်းကို ကျော်ဖတ်လိုက်ပြီးနောက် လီကျန့်ယီသည် အောက်ဘက်သို့ ဆက်လက် ဖတ်ရှုလိုက်သည်။ ဝမ်ရိရှင်း၏ ကိစ္စမှာ သတင်းအစနလေးမျှသာ ဖြစ်ပြီး အဓိက သတင်းကြီးမှာ ဧကရာဇ် ထိုက်အန်က အိမ်ရှေ့မင်းသားကို ရွေးချယ်လိုက်ခြင်းပင် ဖြစ်၏။

အထူးသတင်း။

မနေ့က ဧကရာဇ် ထိုက်အန်သည် နန်းတွင်း၌ အိမ်ရှေ့မင်းသား ရာထူးကို သတ်မှတ်လိုက်ရာ နောက်ထပ် ဧကရာဇ်လောင်းကို ရွေးချယ်ပြီးဖြစ်ကြောင်း သိရသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဧကရာဇ် ထိုက်အန်၏ ကိုးယောက်မြောက် သားတော် - လန်ယာဝမ်မင်းသားပင် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် လန်ယာဝမ်မင်းသားသည် တစ်နိုင်ငံလုံး၌ ထင်ရှားကျော်ကြားသူ ဖြစ်လာခဲ့သည်။ သူသည် ထျန်ချီမြို့၏ အကျော်ကြားဆုံး ပေလီသခင်လေး ရှစ်ယောက်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

ထိုသတင်းကို မြင်သောအခါ လီကျန့်ယီမှာ မှင်သက်သွားသည်။ ထုံးစံအရဆိုလျှင် အိမ်ရှေ့မင်းသား အမည်ကို လျှို့ဝှက်သေတ္တာအတွင်း၌သာ ရေးသားထားရမည် မဟုတ်ပါလော။ အဘယ်ကြောင့် ယခုတစ်ကြိမ်တွင် တိုက်ရိုက် ကြေညာလိုက်သနည်း။

ဧကရာဇ် ထိုက်အန်၏ ကျန်းမာရေးမှာ အလွန်ပင် ဆိုးရွားနေပြီလား၊သေလုမျောပါး ဖြစ်နေပြီလား။မဟုတ်လျှင် လန်ယာဝမ်မင်းသားကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ရန် ဤမျှ အလျင်လိုနေမည် မဟုတ်ပေ။ ဤသို့ လုပ်ဆောင်ခြင်းက မင်းသားရှစ်ပါး စစ်ပွဲကို ပိုမို မြန်ဆန်လာစေလိမ့်မည်။

"ထားလိုက်ပါတော့၊ နန်းတွင်းရေးတွေက ငါနဲ့ မဆိုင်ပါဘူး၊ ငါလုပ်ရမှာက နောက်တစ်နှစ် ကြာရင် ချင်ဝမ်ရဲ့ ခေါင်းကို သွားဖြတ်ဖို့ပဲ" လီကျန့်ယီသည် သတင်းစာကို ဘေးသို့ ချထားလိုက်သည်။

"ဆရာ သတင်းစာ ဖတ်လို့ ပြီးပြီ၊တခြား ဘာရှိသေးလဲ" လီကျန့်ယီက သတင်းစာကို‌ဖတ်ပြီးသည့်တိုင် ထွက်မသွားသေးသော လီဆူးဝမ်ကို ကြည့်ကာ မေးမြန်းလိုက်၏။

"ကျန့်ယီ ဒီလိုပါ၊ ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်မှာ သမီးလေး တစ်ယောက် မွေးတယ်လေ၊ဒါကြောင့် ငါ့ကို ဖိတ်ကြားထားတာ ရှိတယ်၊ဒါပေမဲ့ ငါက အခုတလော ဓားသွန်းလုပ်ရမှာတွေများနေလို့ အချိန်မရှိဘူး ဖြစ်နေတယ်၊အဲ့ဒါကြောင့် ငါ့ကိုယ်စား နင် သွားပေးပါလား" လီဆူးဝမ်က လီကျန့်ယီကို ကြည့်ကာ‌ပြောလိုက်သည်။

"ဆရာရဲ့ မိတ်ဆွေဟောင်းက ဘယ်သူလဲ" လီကျန့်ယီသည် ဓားနှလုံးဂူဗိမာန်မှ လွယ်လွယ်ကူကူ မထွက်ခွာချင်ပေ။ တကယ်လို့ လီဆူးဝမ်၏ မိတ်ဆွေမှာ သူနှင့် မရင်းနှီးသူ ဖြစ်ပါက ဂူဗိမာန်၌သာ နေထိုင်ပြီး ဓားကျင့်စဉ်ကို ဆက်လက် လေ့ကျင့်လိုသည်။

"သူက ဒီသတင်းစာရဲ့ ပိုင်ရှင်၊ လက်ရှိ ပိုင်ရှောင်တန်ရဲ့ ဂိုဏ်းချုပ် ကျီရူဖန်ပဲ" လီဆူးဝမ်က ကြမ်းပြင်ပေါ်ရှိ သတင်းစာကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။

"ဆရာကြီးကျီရဲ့ သမီးလား"

ငွေရောင်ဆံပင်နှင့် အေးစက်သော အလှပိုင်ရှင်လေး၏ ပုံရိပ်မှာ လီကျန့်ယီ၏ စိတ်ထဲ၌ အလိုအလျောက် ပေါ်လာတော့သည်။

တကယ်လို့ သူမသာ ဆိုလျှင်တော့ တစ်ခေါက် သွားရကျိုးနပ်သည်ဟု လီကျန့်ယီ တွေးလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် သူသည် အနာဂတ်၏ ပိုင်ရှောင်တန် ဂိုဏ်းချုပ် ဖြစ်လာမည့်သူ မဟုတ်ပါလော။ သူနှင့် ရင်းနှီးအောင် ပေါင်းသင်းထားပါက နောင်တစ်ချိန်တွင် သတင်းအချက်အလက်များကို ပိုမို ရရှိနိုင်ပေလိမ့်မည်။

All Chapters