← Chapters

ဆရာကျီအနေနဲ့ ကျီးရှားကျောင်းတော်က ဆရာလီဆီမှာ တိုင်ပင်နိုင်တယ်

Vol. 6 Ch. 53

ဆရာကျီအနေနဲ့ ကျီးရှားကျောင်းတော်က ဆရာလီဆီမှာ တိုင်ပင်နိုင်တယ်

Vol. 6 Ch. 53

"ဆရာကြီးကျီ၊ ဒါက ဘာသဘောလဲ"

ရီဟွာက ကျီရူဖန်ကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

"ဘာသဘောလဲ ဟုတ်လား၊ အကြီးအကဲရီဟွာက ကိုယ့်ဘာသာကိုယ် ဘာသဘောလဲဆိုတာ အရင်ပြန်မေးသင့်တာ မဟုတ်ဘူးလား၊သခင်လေးလီက ကျွန်တော့်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ လာတာလေ၊ကျွန်တော်က သူ့ကို ကိုယ်တိုင်ကြိုဆိုတာသဘာဝမကျဘူးလား၊အကြီးအကဲရီဟွာကတော့ ဧည့်သည်ကို ကြိုဆိုတာ မသင့်တော်ဘူးဆိုပြီး အတင်းအကျပ် လိုက်မေးနေတာလေ"

"ကျွန်တော် ကျီရူဖန်က ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရ မလဲဆိုတာ အကြီးအကဲရီဟွာဆီက သင်ယူဖို့ လိုတယ်လို့ ထင်နေတာလား" ရီဟွာ၏ ခက်ထန်သော အကြည့်ကို ပြန်လည်ရင်ဆိုင်ရင်း ကျီရူဖန်မှာလည်း ဒေါသများ ပေါက်ကွဲလာသည်။ဒီလိုဖြစ်လာမယ်မှန်းသာ သိလျှင် ဝူဆောင်မြို့က လူတွေကို သူ့သမီးရဲ့ မွေးနေ့ပွဲကို ဖိတ်ကြားခဲ့မည် မဟုတ်ပေ။

"ဟမ်.. ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်ရောက်နေတာတောင် ဆရာကြီးကျီက ဘယ်သူ့ကိုမှ ကိုယ်တိုင် မကြိုဆိုခဲ့ဘူး"

"လေးစားအပ်တဲ့ ဝါရင့်ပုဂ္ဂိုလ်ကြီးတွေကိုတောင် ဆရာကြီးကျီရဲ့ လက်အောက်ငယ်သားတွေပဲ ကြိုဆိုခဲ့တာလေ။ ဒါပေမဲ့ ဓားနှလုံးဂူဗိမာန် က သခင်လေးလီနဲ့ မိန်းကလေးလီကိုကျတော့ ဂိုဏ်းချုပ်ကျီကိုယ်တိုင် ကြိုဆိုတယ်ပေါ့၊သိုင်းလောကထဲက ကျွန်တော်တို့ ဘယ်သူမှ ဓားနှလုံးဂူဗိမာန်က ကလေးနှစ်ယောက်လောက် အရေးမပါဘူးလို့ ဂိုဏ်းချုပ်ကျီက ယူဆနေတာလား"ရီဟွာသည် လူပုံအလယ်၌ အရှက်ခွဲခံရသဖြင့် သိုင်းလောကသားအားလုံးကို ဆွဲထည့်ကာ လူအများ၏ သဘောထားဖြင့် ကျီရူဖန်ကို တရားမျှတမှု တောင်းခံရန် ကြိုးစား၏။

သူ၏ စကားအဆုံးတွင် သိုင်းလောကသားအချို့ကလည်း သံသယဖြင့် ထောက်ခံလာကြသည်။ "ဆရာကြီးကျီ၊ အကြီးအကဲရီဟွာ ပြောတာလည်း ဟုတ်ပါတယ်၊ လူငယ်နှစ်ယောက်ကို ကိုယ်တိုင် ကြိုဆိုတာကတော့ အနည်းငယ် မသင့်တော်ဘူး”

"ခင်ဗျားတို့အားလုံးလည်း ဝူဆောင်မြို့က အကြီးအကဲရီဟွာလိုပဲ ကျွန်တော် ကိုယ်တိုင် မကြိုဆိုလို့ အလေးမထားဘူးလို့ ထင်နေကြတာလား" ကျီရူဖန်က ရီဟွာနောက်က လိုက်ပါပြောဆိုသူများကို မနှစ်မြို့သော အမူအရာဖြင့် ကြည့်လိုက်သည်။

"အမှန်တရားတွေက မျက်စိရှေ့မှာတင် ရှိနေတာပဲ၊ ဂိုဏ်းချုပ်ကျီအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် ဒါက ဧည့်သည်တွေကို မလေးစားတာပဲ" ရီဟွာက မျက်လုံးကို မှေးကြည့်ကာ ပြောသည်။

"ကောင်းပြီ၊ကောင်းပြီလေ၊ ခင်ဗျားတို့က ကျွန်တော် မလေးစားဘူးလို့ ထင်နေမှတော့ ကျွန်တော် ကျီရူဖန်က မလေးစားတာပဲ ထားလိုက်ပါတော့"

"အဆင်မပြေဘူးဆိုရင်လည်း ဒီ ရန်ယွိမျှော်စင် ကနေ ထွက်သွားနိုင်ပါတယ်၊ ကျွန်တော် ကျီရူဖန်က ခင်ဗျားတို့ကို တစ်ခါမှ မဖိတ်ခဲ့ဖူးသလိုပဲ သဘောထားလိုက်ပါ" ကျီရူဖန်သည်လည်း ဂိုဏ်းချုပ်တစ်ဦး ဖြစ်ရာ တစ်ပါးသူ၏ အပြစ်တင်ဝေဖန်မှုကို ငြိမ်ခံနေမည့်သူ မဟုတ်ပေ။

ဒါကြောင့်မို့လို့ ကျွန်တော် ကိုယ်တိုင် မကြိုဆိုလို့ အလေးမထားခံရဘူးလို့ ခံစားနေရရင် ထွက်သွားကြပါ။ဒီနေရာမှာ ခင်ဗျားတို့ကို ကြိုဆိုမှာ မဟုတ်တော့ဘူး။

" ကောင်းပြီ သွားကြတာပေါ့၊ ငါတို့ ဝူဆောင်မြို့ရဲ့ ထောက်ခံမှုမရှိဘဲ မင်းရဲ့ ပိုင်ရှောင်တန်က သိုင်းလောကမှာ ရပ်တည်နိုင်မလား ကြည့်ကြသေးတာပေါ့၊ဒီနေ့ကစပြီး ဝူဆောင်မြို့ရဲ့ နယ်မြေအတွင်းမှာ ပိုင်ရှောင်တန်က ဘယ်သူ့ကိုမှ ခြေချခွင့် မပြုတော့ဘူး"

ကျီရူဖန်နှင့် လုံးဝ လမ်းခွဲလိုက်ပြီ ဖြစ်သဖြင့် ရီဟွာသည် ပိုင် ရှောင်တန်နှင့် အဆက်အသွယ်ဖြတ်ရုံသာမက သတင်းအချက်အလက်များကို ကိုယ်တိုင် စုဆောင်းရန် အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ပါ စီစဉ်လိုက်သည်။

"ဟုတ်တယ်၊ ဒီလိုပွဲမျိုးကို မတက်တာပဲ ကောင်းတယ်" အချို့သော အဖွဲ့ငယ်လေးများကလည်း ရီဟွာ၏ စကားကို ထောက်ခံကာ ထွက်ခွာသွားကြ၏။ပို၍ အံ့ဩဖို့ကောင်းသည်မှာ တန်ဂိုဏ်းမှ အကြီးအကဲတန်ပင် ထိုသူများထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။ တန်ဂိုဏ်းသားများ ထွက်ခွာသွားသည်ကို မြင်သောအခါ ကျီရူဖန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

တကယ်တော့ သူက ဧည့်သည်တွေကို ခွဲခြားဆက်ဆံခဲ့တာလား။ ဖြစ်နိုင်သည်၊ သို့သော် အနာဂတ်တွင် လီကျန့်ယီသည် သိုင်းလောက၏ ဗဟိုချက်မ ဖြစ်လာတော့မည် ဖြစ်ရာ ပိုင် ရှောင်တန်အနေဖြင့် လီကျန့်ယီကို မည်သို့ ကျော်လွန်သွားနိုင်ပါမည်နည်း။

ထို့ကြောင့် လက်ရှိနှင့် အနာဂတ် အခြေအနေအားလုံးမှာ လီကျန့်ယီကို ဗဟိုပြုနေသဖြင့် ပိုင်ရှောင်တန်အနေဖြင့် အနာဂတ်၏ ဗဟိုချက်မကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သူ၏ ဆုံးဖြတ်ချက်မှာ ပိုင်ရှောင်တန်အတွက် မှန်ကန်သည်ဟု သူ ယုံကြည်ထားသည်။

ဒါ့အပြင် ဓားနှလုံးဂူဗိမာန်က လာတဲ့သူတွေက ကလေးနှစ်ယောက်ပဲ ရှိသေးတာလေ။လူကြီးတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်ကို ကြိုဆိုတာ ဘာမှားလို့လဲ။ သူတို့က ငါ့မိတ်ဆွေရဲ့ မြေးတွေပဲဟာကို။တန်ဂိုဏ်းသားများ ထွက်သွားပြီးနောက် အခြားသော အဖွဲ့အစည်းအချို့လည်း ရန်ယွိမျှော်စင်မှ ထွက်ခွာသွားကြသည်။

ကျီရူဖန်က သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ပြောလိုက်သည်။

"အားလုံးပဲ... ထပ်ထွက်ဦးမယ့်သူ ရှိသေးလား။ မရှိတော့ရင် ပွဲကို စပါတော့မယ်."

"ဟေး ဆရာကြီးကျီ၊ ခဏလေးဦး ကျွန်တော် အခုမှ ရောက်တာလေ၊ ပွဲက ပြီးသွားပြီလား"

ကျီရူဖန် ပွဲစရန် ကြေညာမည့်ဆဲဆဲမှာပင် ဝမ်ရိရှင်းက ကျောက်ယုကျန်းကို ဆွဲကာ ရန်ယွိမျှော်စင်သို့ အပြင်းအနှင် ရောက်ရှိလာသည်။

"ဝမ်သခင်၊ သခင်လေးကျောက် ချင်းချန်တောင်ကလည်း ခင်ဗျားတို့ နှစ်ယောက်ကို လွှတ်လိုက်တာလား" ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့ကို မြင်လိုက်ရသောအခါ ကျီရူဖန်မှာ အံ့အားသင့်သွားသည်။

"ဟုတ်ကဲ့. ကျွန်တော်နဲ့ ညီလေးက ချင်းကျိုးမှာ လှည့်လည်သွားလာနေတုန်း ဆရာက ဆရာကြီးကျီရဲ့ သမီးမွေးနေ့ပွဲကို တက်ရောက်ဖို့ စာပို့လာလို့ပါ"ဝမ်ရိရှင်းက ပြန်ဖြေသည်။

"အော်..သိပါပြီ၊ ဒါဆိုရင်လည်း တာအိုဆရာလေးတို့ နေရာယူကြပါဦး၊ပွဲက မစရသေးဘူး" ကျီရူဖန်သည် ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းကိုလည်း လီကျန့်ယီတုန်းကကဲ့သို့ပင် ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်လိုက်၏။

ထိုမြင်ကွင်းကို မြင်မှသာ ကျန်ရှိနေသည့် ဧည့်သည်များသည် ဆရာကြီးကျီက ရီဟွာကို မလေးစားခဲ့ခြင်း မဟုတ်ဘဲ လူကြီးတစ်ယောက်အနေဖြင့် လူငယ်များကို အထူးတလည် ဂရုစိုက်ပေးခြင်းသာ ဖြစ်ကြောင်း နားလည်သွားကြတော့သည်။ရီဟွာတို့ အုပ်စုကသာ လူငယ်တွေကို မနာလိုစိတ်နဲ့ ကြည့်ပြီး ကိစ္စကို ကြီးအောင် လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့သည် ဧည့်သည်များကို ဝေ့ကြည့်လိုက်ရာ လီကျန့်ယီနှင့် လီဟန်ယီတို့ကို တွေ့သွားကာ သူတို့သည် လီကျန့်ယီတို့ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်၏။

"သခင်လေးလီ၊ ကျွန်တော်တို့ ထပ်ဆုံကြတာ တကယ်ကို ကံပါပဲဗျာ၊ဓားနှလုံးဂူဗိမာန်မှာ လမ်းခွဲခဲ့ပြီးကတည်းက အခုမှ ပြန်တွေ့ကြတော့တယ်"

"ဟုတ်ပါတယ် ဝမ်သခင်နဲ့ သခင်လေးကျောက် နေကောင်းကြရဲ့လား" လီကျန့်ယီက ပြုံး၍ မေးလိုက်သည်။

"နေကောင်းတာပေါ့၊ ဒီရက်ပိုင်း သိုင်းလောကထဲမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ ရင်ခုန်စရာ အတွေ့အကြုံတွေကို သခင်လေးလီကို ပြောပြရဦးမယ်" ဝမ်ရိရှင်းက ရယ်မောရင်းပြော၏။

ထိုအခါ ကျောက်ယုကျန်းက မျက်လုံးလေး လန်ပြလိုက်ကာ"ရင်ခုန်စရာ အတွေ့အကြုံ ဟုတ်လား၊ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ လိုက်လံ အဖမ်းခံနေရတဲ့ အဖြစ်ဆိုးတွေပဲ ပါမှာပါ"

"ဟေ့ ညီလေး၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ တိတ်တိတ်နေစမ်းပါ၊ သခင်လေးလီကို ငါ့ရဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ ပြောပြပါရစေဦး" ဝမ်ရိရှင်းက ကျောက်ယုကျန်းကို ဘေးဖယ်လိုက်ပြီး စကားများကို အားပါတရ ပြောဆိုနေတော့၏။

ထိုအချိန်တွင် ဝမ်မိသားစုမှ ဝမ်ဟူကျူးနှင့် ကောင်းကင်ဂိုဏ်းမှ ဝမ်ရန်ဆွန်း တို့လည်း ရောက်ရှိလာကြသည်။ သူတို့သည်လည်း လီကျန့်ယီတို့၏ စားပွဲတွင်ပင် ရွေးချယ် ဝင်ထိုင်လိုက်ကြ၏။

မကြာမီမှာပင် တက်ရောက်မည့်သူအားလုံး စုံလင်သွားသဖြင့် ကျီရူဖန်က ပွဲစတင်ကြောင်း ကြေညာလိုက်ပြီး အားလုံးကို သုံးဆောင်ကြရန် ဖိတ်ခေါ်လိုက်သည်။

ထိုစဉ် ဝမ်ဟူကျိုက ကျီရူဖန်ကို သံသယဖြင့် မေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်ကျီ၊ ကျွန်တော်တို့ လာတုန်းက တန်ဂိုဏ်းနဲ့ ဝူဆောင်မြို့က လူတွေ ဘာလို့ ထွက်သွားကြတာလဲ"

"အဲ့ဒါကတော့..."

ကျီရူဖန်က သက်ပြင်းချကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်သည်။ထိုစကားကို ကြားသောအခါ ဝန်ဟူကျုး၏ မျက်လုံးများ ပြူးသွားကာ

"ဝူဆောင်မြို့နဲ့ တန်ဂိုဏ်းက လူတွေက တကယ်ကို စိတ်သဘောထား သေးသိမ်တာပဲ၊ ဂိုဏ်းချုပ်ကျီက ကလေးနှစ်ယောက်ကို ကြိုဆိုတာလေးနဲ့ပဲ သူတို့ကို မလေးစားဘူးလို့ ခံစားရတယ်ပေါ့လေ"

"ဝူဆောင်မြို့က လူတွေက မိန်ကျယ် မှာ ကျွန်တော့်တူ ပိုင်လီတုန်းကျွင်းကို ဒုက္ခပေးတုန်းကတောင် ကျွန်တော့်ကို အရေးမစိုက်ခဲ့ကြဘူး။ အခုမှလာပြီးအလေးထားခံချင် နေကြတာလား။တန်ဂိုဏ်းကလည်း သူတို့ကိုယ်သူတို့ အဆိပ်အတတ်မှာ နံပါတ်တစ်လို့ ကြွားနေကြပေမဲ့ ကျွန်တော်တို့ ဝမ်မိသားစုကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ဘူး၊

ဒါကြောင့် ဒီလို အသေးအဖွဲ ကိစ္စလေးက ပွဲတစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ၊ ပုပ်တဲ့ငါးတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ကုန်တာ"ဝန်ဟူကျူးက မကျေမနပ်ဖြင့် ဝိုင်ပုလင်းကို ဖွင့်ကာ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

သူတို့က အရေးစိုက်ခံချင်တယ်ပေါ့လေ!!!

အခြားသော ဧည့်သည်များကလည်း တန်ဂိုဏ်းနှင့် ဝူဆောင်မြို့သားများမှာ အမှန်တကယ် စိတ်သဘောထား သေးသိမ်သူများ ဖြစ်သည်ဟု ယူဆကြ၏။

"ပြီးခဲ့တာတွေ ထားလိုက်ပါတော့ ဆရာကြီးကျီ၊ကျွန်တော်တို့ ဆရာကြီးကို ဂုဏ်ပြုပါတယ်၊ သမီးလေး မွေးဖွားတဲ့အတွက် ဝမ်းသာတယ် ဆရာကြီး"

ကျန်ရှိနေသော ဧည့်သည်များသည် ကျီရူဖန်ကို ဝိုင်းဝန်း ဂုဏ်ပြုကြသည်။ ကျီရူဖန်မှာလည်း စိတ်မကောင်းဖြစ်နေမှု့ကို ဖျောက်ပစ်ကာ ပြန်လည် နှုတ်ဆက်၏။

ဂုဏ်ပြုပွဲ ပြီးဆုံးသွားသောအခါ လဲ့ကျင်းက မတ်တတ်ရပ်ကာ စိုးရိမ်တကြီးဖြင့် ပြောသည်။"ဆရာကြီးကျီ... ဒီနေ့က ဆရာကြီးအတွက် မင်္ဂလာရှိတဲ့ နေ့ဆိုပေမဲ့ ကျွန်တော် တစ်ခုတော့ သတိပေးချင်ပါတယ်"

"ဒုတိယဂိုဏ်းချုပ်လဲ့..ပွင့်ပွင့်လင်းလင်းသာ ပြောပါ" ကျီရူဖန်က အေးအေးဆေးဆေး ပြန်ဖြေသည်။

"ဝူဆောင်မြို့နဲ့ တန်ဂိုဏ်းတို့ရဲ့ လုပ်ရပ်က ပိုင်ရှောင်တန်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်လာနိုင်ပါတယ်၊ သူတို့တွေ ပေါင်းပြီး ပိုင်ရှောင်တန်လို အဖွဲ့အစည်းမျိုး တည်ထောင်လာနိုင်သလို၊ ပိုင် ရှောင်တန်ရဲ့ ရပ်တည်မှုကိုပါ ထိခိုက်စေနိုင်တယ်" လဲ့ကျင်းက ဖြစ်နိုင်ချေရှိသည့်အရာကို ပြောပြသည်။

"ပိုင်ရှောင်တန်ကို ခြိမ်းခြောက်မယ် ဟုတ်လား၊အများဆုံးရှိလှ ဝူဆောင်မြို့နဲ့ တန်ဂိုဏ်းနယ်မြေတွေမှာ ကျွန်တော့်လူတွေ သွားလို့မရတော့တာပဲ ရှိမှာပါ၊အဲ့ဒီ နယ်မြေနှစ်ခုကို လက်လွှတ်လိုက်ရုံပေါ့" ကျီရူဖန်က လဲ့ကျင်း အလွန်အမင်း စိုးရိမ်နေသည်ဟု ယူဆလိုက်၏။

"ဒါပေမဲ့ တန်ဂိုဏ်းနဲ့ ဝူဆောင်မြို့က လူတွေက တခြား နယ်မြေတွေက ဂိုဏ်းတွေနဲ့ နန်းတွင်းကိုပါ စည်းရုံးပြီး ပိုင် ရှောင်တန်ကို ကန့်ကွက်လာရင် ဘယ်လိုလုပ်မလဲ" လဲ့ကျင်းက သူ၏ စိုးရိမ်မှုကို ထပ်လောင်း ပြောပြသည်။

ဝူဆောင်မြို့သည် နန်းတွင်း၏ ထောက်ခံမှုကို ရရှိထားပြီး လောက၌ နံပါတ်တစ် မြို့ဟု ကျော်ကြားသည်။ တန်ဂိုဏ်းမှာလည်း နာမည်ကြီးလှ၏။ တကယ်လို့ သူတို့က နန်းတွင်းနဲ့ပေါင်းပြီး ပိုင်ရှောင်တန်ကို ဖိနှိပ်လာလျှင် ပိုင် ရှောင်တန်သည် သိုင်းလောကမှ မကြာမီ ပျောက်ကွယ်သွား ရပေလိမ့်မည်။

"အဲ့ဒါကတော့..."

လဲ့ကျင်း၏ စကားကို ကြားသောအခါ ကျီရူဖန်၏ မျက်နှာ အနည်းငယ် ညိုမှောင်သွားရ၏။ လဲ့ကျင်း ပြောသည်မှာ အမှန်တကယ် ဖြစ်လာနိုင်ချေ ရှိသည်။ တကယ်လို့ သူက ဝူဆောင်မြို့ကို အလျှော့ပေးလိုက်လျှင်လည်း နောင်တွင် ပိုင်ရှောင်တန်သည် သူတို့၏ ခြေဖဝါးအောက် ရောက်သွားလိမ့်မည်။

"နန်းတွင်းကသာ ပိုင်ရှောင်တန်ကို ကန့်ကွက်လာမယ်ဆိုရင်တော့ ကျွန်တော် ပိုင် ရှောင်တန်ကို ဖျက်သိမ်းရုံပဲ ရှိတော့မှာပေါ့" ကျီရူဖန်က သက်ပြင်းချလိုက်၏။

အရှင်မင်းကြီးသာ အမိန့်ထုတ်လာလျှင် ကျီရူဖန်ကို သူတို့ ဆက်လက် မထောက်ခံနိုင်တော့ပေ။ စစ်တပ် သို့မဟုတ် နန်းတွင်းကို ယှဉ်ပြိုင်နိုင်သည့် သိုင်းသမားဟူ၍ မရှိသလောက်ပင်။

သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ တကယ်လို့ ပိုင်ရှောင်တန်၏ နောက်ကွယ်မှ ထောက်ခံသူသည် နန်းတွင်းထက်ပင် ပို၍ အရှိန်အဝါ ကြီးမားနေမည်ဆိုလျှင် ဝူဆောင်မြို့နှင့် တန်ဂိုဏ်းကို ကြောက်စရာ မလိုတော့ပေ။

"ဆရာကြီးကျီ၊ တန်ဂိုဏ်းနဲ့ ဝူဆောင်မြို့အတွက် သိပ်ပြီး စိတ်ပူမနေပါနဲ့။ လိုအပ်လာရင် ထျန်ချီမြို့မှာရှိတဲ့ ကျီးရှားကျောင်းတော်က ဆရာလီကို သွားပြီး တိုင်ပင်လိုက်ပါ"

"ဘာလို့လဲဆိုတော့ ဆရာလီက ဆရာကြီးကျီကို သေချာပေါက် ကူညီပေးလိမ့်မယ်လို့ ကျွန်တော်တင်ပါတယ် လူတိုင်း နန်းတွင်းကို မရင်ဆိုင်နိုင်ဘဲ အားကိုးရာမဲ့ ဖြစ်နေချိန်တွင် လီကျန့်ယီက ဝမ်ရိရှင်း၏ စကားများကြားမှ ရုန်းထွက်ကာ ကျီရူဖန်ကို အကြံပေးလိုက်လေလိုက်၏။

All Chapters