လီကျန့်ယီတွင် တာဝန်အပြည့်ရှိသည်
Vol. 6 Ch. 56
လဲ့မုန့်ရှား ဦးဆောင်မှုဖြင့် ကျိရူဖန်သည် သမီးငယ်လေး ကျီရွှယ်ကို ပွေ့ချီကာ လီချန်းရှန်ထံသို့ စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းလျက် လျှောက်လှမ်းလာ၏။
"ဆရာကြီးလီ"
လီချန်းရှန်သည် မျက်မှောင်ကြုတ်ကာ ကျီရူဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး "အင်း သခင်ကျီက ဆွေမျိုးတော်စပ်ဖို့ လာတာလို့ ပြောတယ်၊ ဒါပေမဲ့ ဘယ်လိုမျိုး ဆွေမျိုးတော်စပ်တာလဲဆိုတာ သိချင်မိတယ်" ဟု မေးမြန်းလိုက်သည်။
ကျိယိုဖုန်းက တုံ့ဆိုင်းခြင်းမရှိဘဲ "ကျွန်တော်တို့က ဆရာကြီးလီကို ဘိုးဘေးအဖြစ် အသိအမှတ်ပြုဖို့ လာတာပါ" ပြန်လည်ဖြေကြား၏။
"ငါ့ကို ဘိုးဘေးအဖြစ် အသိအမှတ်ပြုမယ် ဟုတ်လား၊ မင်းက မျိုးရိုးအမည် 'ကျီ'၊ ငါက မျိုးရိုးအမည် 'လီ' ဖြစ်နေတာကို ဘယ်လိုလုပ် ဆွေမျိုးတော်စပ်နိုင်မှာလဲ" လီချန်းရှန်က နားမလည်နိုင်စွာ မေးခွန်းထုတ်သည်။
"ဒါပေမဲ့ သခင်လေးလဲ့ရဲ့ မျိုးရိုးအမည်က 'လဲ့' ဖြစ်ပြီး သူ့သမီးရဲ့ မျိုးရိုးအမည်က 'လီ' ဖြစ်နေတာပဲ မဟုတ်လား။ သူတို့လည်း သားအဖ တော်စပ်နေကြတာပဲလေ" ကျိယိုဖုန်းက လဲ့မုန့်ရှားကို ဥပမာပေးကာ ပြောလိုက်သည်။
ဘေးမှ အခြေအနေကို ကြည့်နေသော လဲ့မုန့်ရှားမှာ မမျှော်လင့်ဘဲ ကြားညှပ်သွားသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် "ဂိုဏ်းချုပ်ကျီ ၊အတိတ်ကကိစ္စတွေကို ထားလိုက်ပါတော့၊ ဘာလို့ ဒီစိတ်မချမ်းမြေ့စရာတွေကိုပြန်ပြောနေရတာလဲ"ညည်းတွား၏။
"သခင်ကျီ ၊ တိရစ္ဆာန်ထက်တောင်ယုတ်ညံ့တဲ့ ကိစ္စတွေကိုပဲ ဆက်ပြောပါ"
"လဲ့အာ၊ မင်းက အရိုက်ခံချင်နေတာလား"
လဲ့မုန့်ရှားက သူ့ကို တိရစ္ဆာန်ဟု ထပ်ခါတလဲလဲ ခေါ်ဆိုနေသဖြင့် လီချန်းရှန်သည် မျက်လုံးပြူးကာ မုတ်ဆိတ်မွေးများ ထောင်ထလာသည်အထိ ဒေါသထွက်နေ၏။
"ဟွန့်... ဆရာကြီးကိုယ်တိုင်က အချစ်ဇာတ်လမ်းစခဲ့ပြီးမှ စွန့်ပစ်ခဲ့တာလေ၊ကျွန်တော်က အမှန်အတိုင်းတောင် မပြောရတော့ဘူးလား" လဲ့မုန့်ရှားသည် သူကသာ တရားမျှတမှုဘက်၌ ရှိနေသည်ဟု ထင်မှတ်ကာ လီချန်းရှန်ကို လုံးဝမကြောက်ဘဲ ဆရာလုပ်ရန်ပင် ကြံစည်နေသည်။
"သခင်လေးလဲ့... အချစ်ဇာတ်လမ်းစပြီး စွန့်ပစ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျွန်တော် ကျီးရှားကျောင်းတော်ကို လာတာက ဆရာကြီးလီကို ကျွန်တော့်ရဲ့ ဘိုးဘေးအဖြစ် လာရောက် အသိအမှတ်ပြုတာပါ" ကျီရူဖန်က ရှင်းပြလိုက်ရာ လဲ့မုန့်ရှားမှာ အံ့အားသင့်သွားသည်။
"ဘာ...မင်းက ဆရာကြီးကို မယားနဲ့ သမီးကို စွန့်ပစ်ခဲ့တဲ့ တိရစ္ဆာန်အဖြစ် မဟုတ်ဘဲ ခင်ဗျာရဲ့ ဘိုးဘေးအဖြစ် လာရှာတာလား" လဲ့မုန့်ရှားမှာ မှင်တက်သွား၏။သူ၏ ဆရာအား အရှက်ခွဲရန် ပြင်ဆင်ထားသမျှမှာ အလွဲလွဲအချော်ချော် ဖြစ်သွားရပြီ။
"ဟား... ဟား... ဒါတွေအားလုံးက နားလည်မှုလွဲတာတွေပါ။ ကဲ... ဂိုဏ်းချုပ်ကျီ၊ ခင်ဗျားတို့ ဆွေမျိုးပြန်တွေ့တဲ့ ကိစ္စကို ဆက်လုပ်ကြပါဦး။ ကျွန်တော့် ရှင်းယွဲ့က အိမ်မှာ ထမင်းလက်ဆုံစားဖို့ စောင့်နေလို့ သွားလိုက်ပါဦးမယ်" လဲ့မုန့်ရှားသည် နေရခက်စွာ ရယ်မောရင်း တစ်လှမ်းချင်း ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
လီချန်းရှန်ကမူ သူ့အား ထိုမျှလွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ်မရှိပေ။
"ခဏ ဘေးဖယ်နေစမ်း၊ ဂိုဏ်းချုပ်ကျီရဲ့ ကိစ္စပြီးရင် မင်းအလှည့် လာမယ် လဲ့အာ" လီချန်းရှန်က လဲ့မုန့်ရှား၏ လက်မောင်းကို ဖမ်းဆွဲကာ ဘေးသို့ တွန်းထုတ်လိုက်သည်။ထို့နောက် သူသည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ကျီရူဖန်ဘက်သို့ လှည့်လိုက်၏။
"ဂိုဏ်းချုပ်ကျီ... ဒါက မင်းရဲ့ သမီးလေးလား" လီချန်းရှန်က ထုပ်ပိုးထားသော ကလေးငယ်လေးကို ကြည့်ကာ မေးသည်။
"ဟုတ်ကဲ့ပါ၊ သူမနာမည်က ကျိရွယ်ပါ၊ သူမကို ဘိုးဘေးတွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာတာပါ"ကျိယိုဖုန်းက ခေါင်းညိတ်ပြလေသည်။
လီချန်းရှန်က "ငါနဲ့ မင်းတို့ကြားမှာ ပတ်သက်မှုရှိတယ်လို့ မင်းကို ဘယ်သူက အခိုင်အမာ ပြောတာလဲ" ဟု သိလိုစိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။
"ဒါက ရှည်လျားတဲ့ ပုံပြင်တစ်ပုဒ်ပါ။ အဲဒီအကြောင်းကို ကျွန်တော့်ကို ယုံကြည်အောင် ပြောပြတဲ့သူက သခင်လေးလဲ့နဲ့လည်း ပတ်သက်နေပါတယ်" ကျိယိုဖုန်းက လဲ့မုန့်ရှားကို ကြည့်လိုက်၏။
လဲ့မုန့်ရှားက မျက်လုံးလေး ကလည်ကလည်ဖြင့် "ယီယီက ပြောတာလား။ မဖြစ်နိုင်တာ၊ အဲဒီကလေးက ဓားနှလုံးဂူဗိမာန်မှာပဲ ဓားကျင့်နေတာလေ၊ ဂိုဏ်းချုပ်ကျီက ကျွန်တော့်ဆရာရဲ့ ညီအငယ် ဖြစ်နေတာကို သူက ဘယ်လိုလုပ် သိမှာလဲ" ဟု ရေရွတ်သည်။
ကျီရူဖန်လည်း ဆက်ပြော၏။
"သခင်လေးလဲ့ရဲ့ သံသယက ကျွန်တော် သိချင်နေတဲ့ အချက်ပါပဲ၊ဒါပေမဲ့ သခင်လေးလီကို သာမန်လူတစ်ယောက်လို တိုင်းတာလို့ မရဘူးလေ"
လီကျန့်ယီသည် သာမန်လူမဟုတ်ကြောင်း သူ ခံစားမိသည်။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိနိုင်သည်ဖြစ်ရာ သူကလည်း အတင်းအကျပ် မမေးမြန်းလိုတော့ပေ။
"အိုး... လဲ့အာ၊ မင်းတို့မိသားစုကပဲ ငါ့မျိုးရိုးအမည်က 'ကျီ'ဆိုတာကို ဖွင့်ချလိုက်တာပေါ့လေ၊ ကောင်းပြီ အခုတော့ ဆရာက မင်းနဲ့ စာရင်းရှင်းလို့ ရပြီ" လီချန်းရှန်က သွားကြိတ်ကာ ပြောလိုက်သည်။ သူ့လျှို့ဝှက်ချက်ကို တစ်ယောက်ယောက်က ပေါက်ကြားအောင် လုပ်လိုက်ပြီဟု သူ ထင်ခဲ့သော်လည်း အမှန်စင်စစ်တွင် သူကိုယ်တိုင် လဲ့မုန့်ရှားထံ၌ ပြောဖူးခဲ့ခြင်း ဖြစ်နေသည်။
"လဲ့အာ... မင်း ငါ့ဆီမှာ စပြီး တပည့်ခံတုန်းက ဘယ်လို လေ့ကျင့်ခဲ့ရလဲ မှတ်မိသေးလား" လီချန်းရှန်သည် အတွင်းအားကို အသုံးပြုကာ ကျောင်းတော်ရှိ သစ်ပင်တစ်ပင်ကို သစ်သားတိုင်များအဖြစ် ပိုင်းဖြတ်လိုက်ကာထို့နောက် လဲ့အာကို သစ်သားတိုင်ပေါ်သို့ ပစ်တင်လိုက်ပြီး
"အဲဒီ မက်မွန်ပွင့်တိုင်ပေါ်မှာ ဘယ်လိုရပ်ရမလဲဆိုတာ မင်း သိပါသေးတယ်။ ငါ ကျေနပ်တဲ့အထိ တစ်ရက်နဲ့ တစ်ည အဲဒီပေါ်မှာ မလှုပ်မယှက် ရပ်နေစမ်း"ဟု ဒေါသထွက်စွာ အမိန့်ပေးလိုက်သည်။
ထိုနောက် လီချန်းရှန်သည် ကျီရူဖန်ထံသို့ လျှောက်သွားကာ မျက်လုံးလေး ကလည်ကလည်ဖြင့် ချစ်စဖွယ်ကောင်းသော ကျီရွယ်လေးကို ပွေ့ချီလိုက်ပြီး
"မင်းက ဆွေမျိုးတော်စပ်ဖို့ လာမှတော့ ငါ့ရဲ့ အကြောင်းကို မင်းကို ပြောပြရတော့မှာပေါ့”
ကျီရူဖန်ကလည်း ရိုသေစွာဖြင် "ပြောပါ ဘိုးဘေး၊ ကျွန်တော် ဂရုတစိုက် နားထောင်နေပါတယ်"
"ဒါတွေအားလုံးက ကဗျာဆရာ လီရွှမ်နဲ့ စတင်ခဲ့တာပဲ" လီချန်းရှန်က ကျိရွယ်လေးကို ချော့မြူရင်း အတိတ်ဟောင်းများကို ပြန်လည် တမ်းတစွာစတင်ရှင်းပြသည်။
လီချန်းရှန်၏ ပြောပြချက်အရ သူ၏မျိုးရိုးအမည်မှာ အတိတ်က သူငယ်ချင်းဖြစ်သူ ကဗျာဆရာ လီရွှမ်ကို ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ကြောင်း ကျီရူဖန် နားလည်သွား၏။
"ဟုတ်ပြီ.. အခုတော့ မင်း ငါ့အကြောင်းကို သိသွားပြီ။ ဒါပေမဲ့ မင်း ဒီကို ဆွေမျိုးလာတော်စပ်တာ မလုပ်သင့်ဘူး၊ လဲ့အာရဲ့တူ ယီယီကလည်း ငါ့အမှတ်အသားကို မဖော်ပြသင့်ဘူး။ ဒါက မင်းအတွက်ရော ငါ့အတွက်ရော မကောင်းဘူး" လီချန်းရှန်က လေးနက်စွာ သတိပေးလိုက်သည်။ထိုသို့ပြောရာတွင် "လဲ့အာရဲ့တူ ယီယီ" ဆိုသည့် စကားလုံးကို အထူးတလည် ဖိပြောသွား၏။
သစ်သားတိုင်ပေါ်၌ ရပ်နေရသော လဲ့မုန့်ရှားမှာ တုန်ရင်သွားပြီး "ယီယီရေ... မင်းကတော့ မင်းဦးလေးလဲ့ကို တကယ် ဒုက္ခပေးတာပဲ" ဟု စိတ်ထဲမှ ညည်းတွားနေသည်။
"ဘာလို့လဲ ဘိုးဘေး"ကျီရူဖန်က နားမလည်နိုင်ဘဲ မေးလိုက်၏။
"ဘာလို့လဲ ဟုတ်လား။ ငါက ကမ္ဘာပေါ်မှာ နံပါတ်တစ် အစွမ်းထက်ဆုံးလူလို့ အပေါ်ယံမှာ ထင်ရပေမဲ့ ငါ့ကို သတ်ချင်နေတဲ့သူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေတယ်"
လီချန်းရှန်သည် တစ်ဦးတည်းရှိစဉ်က မည်သူ့ကိုမျှ မကြောက်သော်လည်း ယခုကဲ့သို့ ဆွေမျိုးများ ပေါ်လာသောအခါ နောင်တွင် အခက်အခဲများ ကြုံတွေ့ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"အခုတော့ ငါတို့ ဆက်နွှယ်မှုကို လူတွေ သိကုန်ကြပြီ၊ဒါက ငါ့ကို တစ်စုံတစ်ခု လုပ်ဆောင်တဲ့အခါမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်" လီချန်းရှန်က သက်ပြင်းချရင်းပြောပြီး ကြိုတင်စိုးရိမ်နေမိသည်။
ကျိရူဖန်လည်း "ဒါဆိုရင်၊ ကျွန်တော် မှားသွားတယ်" ဟု ဝန်ခံလိုက်၏။ လီချန်းရှန်ကို မနိုင်သော ရန်သူများသည် သူ၏ နောက်မျိုးဆက်များကို ရန်ရှာလာနိုင်ကြောင်း သူ ရိပ်မိသွားသည်။
"ဘိုးဘေး၊ ကျွန်တော် နောင်တမရပါဘူး၊ဘိုးဘေးတွေနဲ့ ပြန်ဆုံရတာက ဖြစ်သင့်တဲ့ ကိစ္စပဲလေ။ ဒါပေမဲ့ အနာဂတ်မှာ ပိုပြီး ခက်ခဲလာလိမ့်မယ်ဆိုတာကိုတော့ မမျှော်လင့်ထားမိဘူး"
ကျီရူဖန်သည် သူကိုယ်တိုင် သေရမည်ကို မကြောက်သော်လည်း သုံးလသားအရွယ် သမီးငယ်လေးအတွက် စိုးရိမ်နေခြင်း ဖြစ်သည်။
"မင်း စိုးရိမ်မနေပါနဲ့မင်းလုပ်စရာရှိတာကို ဆက်လုပ်ပါ၊ ကျိရွယ်လေးကို ငါ ခဏ ထိန်းထားပေးမယ်"
"နောင်တစ်ချိန် ငါ ထွက်သွားတဲ့အခါကျရင်တော့ ငါ့ရဲ့ အကြောင်းကို ဖော်ထုတ်ခဲ့တဲ့သူမှာပဲ တာဝန်ရှိလိမ့်မယ်"
"ဒါကြောင့် လဲ့အာ၊ မင်းရဲ့ ယီယီက ငါ့အပေါ်မှာရော၊ ကျီရူဖန်အပေါ်မှာရော၊ ကျိရွယ်အပေါ်မှာပါ တာဝန်ယူရလိမ့်မယ်" လီချန်းရှန်က ခိုင်မာသော လေသံဖြင့် ပြောဆိုကာ လဲ့မုန့်ရှားကို စိုက်ကြည့်လိုက်သည်။
လဲ့မုန့်ရှားက"ဗျာ... ဆရာကြီးက ယီယီကို ရှာနေတာလား၊ဘာလို့ ကျွန်တော့်ကို အဲဒီလို ကြည့်နေရတာလဲ" အပြစ်ကင်းစင်ဟန်ဖြင့် မေးလိုက်၏။
"ဟွန့်... ဆက်ရပ်နေစမ်း။ မင်းရဲ့ ဆရာက မင်းရဲ့ အသုံးမကျတဲ့တူ လေးကို သွားတွေ့ဦးမယ်" လီချန်းရှန်သည် ကျိရွယ်လေးကို ကျီရူဖန်ထံ ပြန်ပေးလိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
သူသည် နတ်ခရီးအဆင့်၏ တန်ခိုးစွမ်းအားဖြင့် စိတ်ထဲရှိရာ ဓားနှလုံးကျောက်ဆောင်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။