ချစ်စဖွယ် အကြီးလေးနှင့်အငယ်
Vol. 6 Ch. 59
ငါးရက်ကြာပြီးနောက်။
လီချန်းရှန်၏ ခွင့်ပြုချက်ဖြင့် ကျီရူဖန်သည် သမီးငယ်လေး ကျီရွယ်ကို ခေါ်ဆောင်ကာ ဓားနှလုံးဂူဗိမာန်သို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့၏။
လီဆူးဝမ်သည် မိတ်ဆွေဟောင်း ရောက်လာသည်ကို မြင်သောအခါ ဓားပြုလုပ်ရန် လက်ခံထားသော အော်ဒါများကို ခေတ္တဘေးဖယ်ထားပြီး ကြိုဆိုရန် ထွက်လာလေသည်။ ပြီးခဲ့သည့်အကြိမ်က မိတ်ဆွေဟောင်း၏ ကြိုဆိုမင်္ဂလာပွဲကို သူ မတက်ရောက်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ မိသားစုလိုက် လာရောက်လည်ပတ်ချိန်တွင် နွေးထွေးစွာ ဧည့်ခံကျွေးမွေးရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။
"ဂိုဏ်းချုပ်ကျီ.."
လီဆူးဝမ်သည် ဓားနှလုံးဂူဗိမာန် အပြင်ဘက်တွင် ကျီရူဖန် မြင်သောအခါ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။
"ဗိမာန်သခင်လီ..."
ကျီရူဖန်သည် သမီးငယ်လေးကို ပွေ့ချီထားသဖြင့် မိတ်ဆွေဟောင်းကို ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်မဆက်နိုင်ပေ။
.
"ဂိုဏ်းချုပ်ကျီ.. မင်းရဲ့ သမီးလေးက အရမ်းလှတာပဲ"
ကျိယိုဖုန်း၏ လက်ထဲတွင် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေသော ကျီရွယ်လေးကို ကြည့်ကာ လီဆူးဝမ်က ချီးကျူးလိုက်သည်။
"လှတယ် မဟုတ်လာ၊ဒါဆိုရင် ရှောင်ရွယ်လေးကို ခင်ဗျားရဲ့ ဓားနှလုံးဂူဗိမာန်မှာပဲ အပ်ခဲ့ရမလား" ကျီရူဖန်းက ပြုံးစစဖြင့် နှောက်ပြောင်လိုက်၏။
"ဟားဟား..ဂိုဏ်းချုပ်ကျိက တကယ်ပဲ ခွဲနိုင်လို့လား"
လီဆူးဝမ်က ကျီရူဖန်၏ စကားကို ဟာသတစ်ခုအဖြစ် မှတ်ယူကာ "တကယ်လို့ မင်းက ခွဲနိုင်တယ်ဆိုရင်တော့ အတော်ပဲပေါ့၊ ဒီမှာလည်း သိပ်မစည်ကားလှဘူးလေ။ ငါပဲ ကူပြီး ပြုစုစောင့်ရှောက်ပေးရမလား" ဟု ပြန်ပင် မေးလိုက်သေးသည်။
ကျီရူဖန်က ရုတ်တရက် တည်ကြည်သွားကာ "ကောင်းပြီလေ ဒါ ခင်ဗျား ပြောတဲ့အတိုင်းပဲနော် ဗိမာန်သခင်လီ။ ထျန်ချီမြို့မှာ ဒီရက်ပိုင်း ပြဿနာတွေ အတော်များနေလို့ ရှောင်ရွယ်လေးကို ကျွန်တော် သေချာ ဂရုမစိုက်နိုင်ဘူး။ ဒါကြောင့် သူမကို ဒီမှာ ရက်အနည်းငယ်လောက် တကယ်ပဲ အပ်ထားခဲ့ပါ့မယ်" ဟု ပြော၏။
"ထျန်ချီမြို့လား...အဲဒီမှာတော့ နေ့တိုင်း ပြဿနာတွေနဲ့ မပြတ်ဘူး" လီဆူးဝမ်က ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်း ကျီရူဖန်ကို ဂူဗိမာန်အတွင်းသို့ ခေါ်ဆောင်သွား၏။
သူ၏ ဆက်ခံသူမှာ ထျန်ချီမြို့သို့ ပထမဆုံးအကြိမ် သွားရောက်စဉ်ကပင် လုပ်ကြံခံခဲ့ရသဖြင့် သူသည် ထိုမြို့ကို အလွန်အမင်း စိတ်ပျက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထျန်ချီမြို့မှာ မည်မျှပင် ခမ်းနားထည်ဝါသော မြို့တော်ဖြစ်ပါစေ လီဆူးဝမ်အတွက်မူ စိတ်ဝင်စားစရာ မရှိချေ။
"ဒါလည်း ဟုတ်တာပဲ"
ကျီးရူဖန်က တွေးတောစွာဖြင့် ခေါင်းညိတ်ပြ၏။
ကလေးငယ်လေးကို ပွေ့ချီထားသော သူတို့နှစ်ဦးသည် ဓားဆောင်အတွင်း၌ ထိုင်လိုက်ကြသည်။
ကျီရူဖန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သခင်လေးလီနဲ့ မိန်းကလေးလီတို့ကရော ဘယ်မှာလဲ"
"သူတို့ ဓားနှလုံးကျောက်ဆောင်မှာ ရှိကြတယ်၊ ဂိုဏ်းချုပ်ကျီသွားကြည့်ချင်လား"
"ဒါဆို သွားကြည့်ကြတာပေါ့"
ကျိရူဖန်သည် ကျိရွယ်လေးကို ပွေ့ချီကာ လီဆူးဝမ်၏ လမ်းပြမှုဖြင့် ဓားနှလုံးကျောက်ဆောင်သို့ ရောက်ရှိလာသည်။
ထိုအခါ..လီကျန့်ယီသည် နတ်ဘုရားတစ်ပါးကဲ့သို့ လျင်မြန်သော အရှိန်အဝါဖြင့် ဓားကို ဝှေ့ယမ်းနေသည်။ သူ၏ ဓားချက်များကြောင့် လေဆင်နှာမောင်းငယ်လေးတစ်ခု ဖြစ်ပေါ်နေပြီး ကျောက်ဆောင်တစ်ဝိုက်တွင် လေဟုန်များ တဝုန်းဝုန်း တိုက်ခတ်နေ၏။လီဟန်ယီလေးမှာ ဂူအတွင်း ပုန်းအောင်းနေရင်း လီကျန့်ယီ၏ ဓားကစားမှုကို ငေးကြည့်နေသည်။
“ခွဲလိုက်စမ်း"
လီဆူးဝမ်သည် ဓားချက်ကြောင့် ဖြစ်ပေါ်နေသော လေပြင်းများကို မြင်သောအခါ အတွင်းအားကို အသုံးပြု၍ ရိုက်ထုတ်လိုက်ရာ လေဆင်နှာမောင်းမှာ ချက်ချင်းပင် လွင့်စင် ပျောက်ကွယ်သွားသည်။
လီကျန့်ယီသည် လီဆူးဝမ် ရောက်လာသည်ကို သတိပြုမိသဖြင့် ဓားကစားခြင်းကို ရပ်တန့်ကာ သူတို့ထံ လျှောက်လာ၏။
"ဆရာ၊ ဂိုဏ်းချုပ်ကျီက ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"
"ငါလည်း မသိဘူး ဂိုဏ်းချုပ်ကျီက သူ့သမီးလေးကို ငါတို့ဆီ ရုတ်တရက် ခေါ်လာတာပဲ" လီဆူးဝမ်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေသည်။
ကျီရူဖန်က သူရောက်လာရသည့်အကြောင်းကိုပြောသည်။
"သခင်လေးလီ... ကျွန်တော် ဒီနေ့ သတင်းအချို့ လာပို့တာပါ"
သခင်လေးလီသည် ပိုင်ရှောင်တန်၏ သတင်းစာကို ဖတ်ရသည်ကို နှစ်သက်သည် မဟုတ်လား။ပိုင်ရှောင်တန်၏ နံနက်ခင်း သတင်းစာမှာ အမှန်တကယ်တွင် တစ်ရက် နောက်ကျလေ့ ရှိသဖြင့် သူက သခင်လေးလီထံသို့ သတင်းစာကို ကြိုတင်လာရောက် ပေးအပ်ခြင်း ဖြစ်သည်။
"ဒီလိုဆိုရင် သခင်လေးလီအနေနဲ့ သိုင်းလောကရဲ့ သတင်းတွေကို ဦးဦးဖျားဖျား သိနိုင်တာပေါ့" ကျီရူဖန်က ရယ်မောကာ ပြောလိုက်သည်။
"တကယ်ကြီး အဲ့ဒီလို ကောင်းတဲ့ကိစ္စ ရှိလို့လား" လီကျန့်ယီသည် သိုင်းလောကတွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို သိချင်စိတ်ဖြင့် စိတ်လှုပ်ရှားသွား၏။
"ရှိတာပေါ့၊ နောက်ပိုင်းကျရင် ပိုင်ရှောင်တန်ကလူတွေက ဓားနှလုံးဂူဗိမာန်ကို သတင်းစာတွေ တစ်ရက် ကြိုပို့ပေးပါလိမ့်မယ်" ကျီရူဖန်က သူ၏ လက်စွပ်အတွင်းမှ ပြင်ဆင်လာသော သတင်းစာကို ထုတ်ပေးသည်။
လီကျန့်ယီသည် သတင်းစာကို ယူကာ ဖတ်ကြည့်လိုက်၏။
ထိုအခါ ချင်းချန်တောင်က ဝမ်သခင်သည် ယနေ့ သတင်းစာ၏ ထိပ်ဆုံးတွင် ထပ်မံ နေရာယူထားပြန်ပြီ။
"ထူးခြားသတင်း။ ချင်းချန်တောင်၏ တပည့်ကြီး ဝမ်ရိရှင်းသည် မကြာသေးမီက ရှို့ရွှေဂေဟာ အနီးတွင် အဖမ်းခံခဲ့ရသည်။"
သူသည် ဂေဟာမှ အမှု့ထမ်းများနှင့် လော့မိသားစု၏ ဖမ်းဆီးခြင်းကို ခံထားရသည်။သူ့ကို လော့မိသားစုက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပုံ ရ၏။
"ဝမ်သခင်က လူအလား။ ရှို့ရွှေဂေဟာက သခင်လေး လျူယဲ့ရဲ့ နယ်မြေဆိုတာ သူ မသိဘူးလား"
"လော့ရွှမ်းနဲ့ လျူယဲ့တို့ မိသားစုတွေက ခင်မင်ကြတာဆိုတော့ သူတို့ဆီ သွားတာက ကျော့ကွင်းထဲကို ကိုယ်တိုင် တိုးဝင်တာနဲ့ အတူတူပဲပေါ့"
ဝမ်ရိရှင်း အဖမ်းခံရသည်ကို မြင်သောအခါ လီကျန့်ယီက ခေါင်းခါယမ်းမိသည်။တစ်ချိန်တည်းမှာပင် ကျောက်ယုကျန်းသည်လည်း ဝမ်ရိရှင်းကဲ့သို့ပင် အဖမ်းခံထားရသလားဟု သူ တွေးတောနေမိ၏။
အကယ်၍သာ အမှန်ဖြစ်ခဲ့လျှင် ဤသိုင်းလောက အတွေ့အကြုံမှာ ကျောက်ယုကျန်းအတွက် အမှတ်တရ ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထို့နောက် လီကျန့်ယီသည် မိန်းမစိုးချုပ် ကျို့ရှင်း၏ သတင်းကို ဆက်လက် ဖတ်ရှုလိုက်သည်။
လွန်ခဲ့သော ငါးရက်ခန့်က ကျီးရှားကျောင်းတော်မှ အကြီးအကဲလီသည် မိန်းမစိုးချုပ် ကျို့ရှင်း၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦး ပညာချင်း ဖလှယ်ခဲ့ကြသည်ဟု ယူဆရကြောင်း ရေးသားထား၏။
နန်းတွင်းစောင့်ရှောက်သူများ သွားရောက်စစ်ဆေးသောအခါ ကျို့ရှင်မှာ နံရံတစ်ခုအတွင်း ညပ်နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။
ထိုသတင်းကို မြင်မှပင် လီကျန့်ယီသည် စိတ်သက်သာရာ ရသွား၏။ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ကျို့ရှင်းပင် ဖြစ်သည်။
ချင်းချန်တောင်မှ လုစုကျန်းမှာ သူတို့နှင့် ရင်းနှီးသဖြင့် စိုးရိမ်စရာမရှိသလို နန်းတွင်းအတိုင်ပင်ခံမှာလည်း အကြောင်းမရှိဘဲ လှုပ်ရှားမည့်သူ မဟုတ်ချေ။သို့သော် ကျို့ရှင်းမှာမူ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေပြီး ချင်ဝမ်မင်းသားကို လျှို့ဝှက် ထောက်ခံနေသူ ဖြစ်သည်။
"အကြီးအကဲလီ အဆင်ပြေရဲ့လား" လီကျန့်ယီက ကျီရူဖန်ကို လှမ်းမေးလိုက်၏။
"အဆင်ပြေတာပေါ့၊ အဲဒီနေ့က မိန်းမစိုးချုပ် ကျို့ရှင်းဆီက ပြန်လာကတည်းက အကြီးအကဲလီ စိတ်အခြေအနေ အရမ်းကောင်းနေတာ" ကျိယိုဖုန်းက ပြုံး၍ ဖြေကြားသည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ အကြီးအကဲလီရဲ့ အစွမ်းနဲ့ဆိုရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး၊ကျွန်တော်ကပဲ အပိုတွေ စိုးရိမ်နေမိတာ"
ထို့နောက် လီကျန့်ယီသည် ကျီရူဖန်၏ လက်ထဲမှ ကလေးငယ်လေးကို ကြည့်ကာ ပါးဖောင်းဖောင်းလေးကို ဆိတ်လိုက်ပြီး
"ရှောင်ရွယ်လေးနဲ့ မတွေ့ရတဲ့ ရက်ပိုင်းအတွင်းမှာ ပိုပြီး ချစ်ဖို့ကောင်းလာတာပဲ" အသည်းယားစွာပြောလိုက်သည်။ကလေးက အလွန်ချစ်စရာကောင်း၏။
"တကယ်လား ယီယီ၊ ကျွန်မလည်း ရှောင်ရွယ်လေးကို ကြည့်ချင်တယ်"
လေပြင်းများ ငြိမ်သက်သွားသည်ကို မြင်သောအခါ ဂူထဲ၌ ပုန်းနေသော လီဟန်ယီလေးသည် လီကျန့်ယီအနားသို့ အပြေးရောက်လာပြီး "ယီယီ... ရှောင်ရွယ်လေးက တကယ်ပဲ ချစ်ဖို့ကောင်းတာပဲ" ဟု စိတ်ရင်းနှင့်အပြစ်ကင်းစင်စွာ ပြော၏။
"ဟန်ယီ၊ ရှောင်ရွယ်လေးကို ချီကြည့်ချင်လား" လီကျန့်ယီက မေးလိုက်၏။
"ချီချင်တာပေါ့၊ကျွန်မ ကလေးလေးတွေကို ချစ်တယ်၊ ရှောင်ရွယ်လေးကိုလည်း ချစ်တယ်" လီဟန်ယီလေးက ခေါင်းကို အမြန်ပင် ညိတ်သည်။
ကျိယိုဖုန်းသည် ကိုယ်ကို ကိုင်းလိုက်ပြီး ကလေးကို လက်လွှဲပေးကာ"ဟန်ယီ... သတိထားနော်၊ ရှောင်ရွှဲ့လေး နာသွားဦးမယ်"
လီဟန်ယီလေးသည် ကျိရွှဲ့လေးကို အလွန် ဂရုတစိုက် ပွေ့ချီထားပြီး ပြုံးရွှင်သော မျက်နှာဖြင့် ကလေးငယ်လေးကို ငေးကြည့်နေသည်။
သုံးလသားအရွယ် ကျိရွယ်လေးသည်လည်း သူမကို ချီထားသော လီဟန်ယီလေးကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြန်ကြည့်၏။
ခေတ္တမျှတွင် သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ထိုချစ်စဖွယ် ပုံရိပ်လေးကို ကြည့်ကာ လီကျန့်ယီနှင့် အခြားသူများမှာ ရယ်မောမိကြတော့သည်။
"ချစ်စဖွယ် အကြီးလေးက အငယ်လေးကို ကြည့်နေတယ်၊ အငယ်လေးကလည်း အကြီးလေးကို ပြန်ကြည့်နေတယ်"
"ဟန်ယီနဲ့ ရှောင်ရွယ်လေးတို့က တကယ်ပဲ ဆင်ကြတာပဲ" လီကျန့်ယီက ပြုံးရင်းပြောသည်။
နှစ်ယောက်လုံး ချစ်စရာကောင်းတယ်!!