သခင်လေးလီက ဂုဏ်ယူစရာအားလုံးကို ယူသွားပြီ
Vol. 7 Ch. 64
ထျန်ချီမြို့သည် ယခင်က မြောက်ပိုင်း လီဒေသတစ်လျှောက်လုံးတွင် စည်းကမ်းအရှိဆုံးနှင့် အလုံခြုံဆုံးနေရာဖြစ်သော်လည်း ယခုအခါ အလွန်ရှုပ်ထွေးနေပြီဖြစ်သည်။ ထျန်ချီမြို့ရှိ ဆိုင်အားလုံးသည် ပိတ်ထားပြီး လမ်းများပေါ်တွင် လူသူကင်းမဲ့နေ၏။ မြို့အနှံ့အပြားတွင် လှည့်ပတ်သွားလာနေသော ကြွက်များ၏ အသံများသာ ကြားရသည်။
"လောကကြီး ပြောင်းလဲတော့မည်"ရူဖန်သည် လျူယဲ့နှင့် အခြား ကျီးရှား ကျောင်းတော်မှ တပည့်များနှင့်အတူ လူသူကင်းမဲ့နေသော ထျန်ချီမြို့ကို ကြည့်ရင်း အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောသည်။
"လောကကြီး ပြောင်းလဲမှာလား၊ဘာပြောင်းလဲမှာလဲ ကျွန်တော့်ရဲ့ အစ်ကို ရဲ ရဲ့ ကျားတပ်မကြီးက ထျန်ချီမြို့ အပြင်ဘက်မှာ အသင့်စောင့်နေပြီလေ၊ ဖုန်းချီ မင်းရဲ့ အမိန့်ကိုပဲ စောင့်နေကြတာ မင်းသာ အမိန့်ပေးလိုက်ရင် ချင်ဝမ်မင်းသားရဲ့ လက်အောက်ခံ ရွှေအဆင့်အစောင့်တပ်အားလုံးကို ချေမှုန်းဖို့အတွက် ထျန်ချီမြို့ကို ဖျက်ဆီးပစ်ရုံပဲ" ကျောင်းသားအားလုံးက အခြေအနေပြောင်းလဲတော့မည်ဟု ယူဆနေကြသော်လည်း လဲ့မုန့်ရှားကမူ မဲ့ပြုံးပြု၍ ချင်ဝမ်မင်းသားသည် ကြီးမားသော ပြဿနာတစ်ခုကို မဖန်တီးနိုင်ဟု ယူဆထားသည်။
"လဲ့အာ၊ မင်းက ငတုံးလား၊ ကျားတပ်မကြီးက ထျန်ချီမြို့ကို ရောက်လာရင်တောင် ဧကရာဇ် ထိုက်အန်ကို အချိန်မှီ ကယ်တင်ဖို့ ခက်လိမ့်မယ်ဆိုတာ မင်းမသိဘူးလား" လျူယဲ့က ပြန်လှန် ချေပသည်။
"မြန်မြန်လုပ်ရတာ ဘာများခက်ခဲလို့လဲ၊ တည့်တိုးဝင်စီးရုံပဲလေ" လဲ့မုန့်ရှားက မယုံကြည်စွာ ပြန်ပြောသည်။ဒါက အရမ်းခက်နေလို့လား။
"ခက်တယ်။ ဥပမာ- ကျားတပ်မကြီးက ထျန်ချီမြို့ကို ဝင်စီးတဲ့အချိန် ရွှေအဆင့်အစောင့်တပ်တွေက မြို့တစ်ခုလုံးကို ဝိုင်းထားပြီးသား၊ ပုံမှန်အခြေအနေမှာဆိုရင် ထျန်ချီမြို့ကို ဝင်စီးဖို့ အချိန်အများကြီး ယူရနိုင်တယ်၊ဒါပေမဲ့ အဲ့အချိန်မှာဲ ချင်ဝမ်မင်းသားက သူ့ရဲ့ အခြွေအရံတွေနဲ့ ရွှေအဆင့် စောင့်တပ်တွေကို ဦးဆောင်ပြီး ထိုက်အန်နန်းတော်ကို တိုက်ခိုက်နေလောက်ပြီလို့ ငါစိုးရိမ်မိတယ်" ရူဖန်က ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူသည် လဲ့မုန့်ရှားကို ကြည့်ပြီး ပြောလိုက်သည်။
"လဲ့အာ၊ မင်းသွားပြီး ရဲ ဗိုလ်ချုပ်ကြီးကို မြို့ကိုတိုက်ခိုက်ဖို့ ဦးဆောင်လိုက်ပါ။လျူယဲ့၊ ထျန်ချီ၊ ပြီးတော့ အစောင့်အရှောက် လေးယောက်တို့ကတော့ မင်းနဲ့ ရဲ ဗိုလ်ချုပ်ကြီးအတွက် အချိန်ဆွဲပေးထားမယ်"
ကျားတပ်မကြီးမြို့ကို ဖောက်ထွင်းဝင်ရောက်လေလေ၊ ချင်ဝမ်မင်းသားရဲ့ အာဏာသိမ်းမှုကို ရပ်တန့်နိုင်ဖို့ သူတို့အတွက် အခွင့်အရေး ပိုများလေလေဖြစ်မည်။
"ကောင်းပြီ၊ မြို့တွေ နယ်မြေတွေကို သိမ်းပိုက်ရာမှာ ငါ လဲ့မုန့်ရှားလောက် ဘယ်သူမှ မကျွမ်းကျင်ဘူး" လဲ့မုန့်ရှားက ရင်ဘတ်ကို ပုတ်ပြီး ရဲရှောင်ရင်နှင့် တွေ့ဆုံရန် မြို့ပြင်သို့ ထွက်သွားသည်။
........
ထျန်ချီမြို့ အပြင်ဘက်တွင်။
တစ်သောင်းသော စစ်သားများသည် တောအုပ်ထဲတွင် ချုံခိုနေကြပြီး လဲ့မုန့်ရှား ပြန်လာ၍ ထျန်ချီမြို့ကို တိုက်ခိုက်ရန် အမိန့်ပေးမည့်အထိ စောင့်ဆိုင်းနေကြသည်။ သို့သော် လဲ့မုန့်ရှား ပြန်မလာမှီ သူတို့သည် အခြားတစ်ယောက်နှင့် ဆုံသည်။
ထျန်ချီမြို့ပြင်ဘက်၌ တစ်စုံတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ အဖြူရောင်ဝတ်စုံသည် ဖုန်တစ်စက်မျှ မကပ်ပဲ၊သွေးကဲ့သို့ နီရဲ သောဓားတစ်လက်ကို ကိုင်ဆောင်ထား၏။သူသည် ၁၂ နှစ်သားသာ ရှိသေးသော်လည်း ထျန်ချီမြို့ရိုးအောက်တွင် မတ်တပ်ရပ်နေခြင်းသည်ပင် မယုံကြည်နိုင်လောက်အောင် ဖိအားများ ပေးနေသည်။
"ဒီလူက ဘယ်သူလဲ၊ ဗိုလ်ချုပ်ကြီး ရဲ၊ ကျွန်တော့်ကျောရိုးက အေးစက်နေသလို ခံစားနေရတယ်" ရဲရှောင်ရင်၏ ဒုဗိုလ်ချုပ်က ရဲရှောင်ရင်၏ နားနား ကပ်၍ တိုးတိုးလေး မေးလိုက်သည်။
"ငါလည်း မသိဘူး၊ အခု ထျန်ချီမြို့မှာ သရဲတွေတောင် လာချင်ကြတာ မဟုတ်ဘူး၊ ဒီလို လူငယ်တစ်ယောက် ရုတ်တရက် ဘယ်လို ပေါ်လာတာလဲ" ရဲရှောင်ရင်လည်း အလွန် အံ့အားသင့်နေသည်။
"ဟေ့ကောင်လေး၊ မြို့ရိုးအောက်က ကောင်လေး ထျန်ချီမြို့မှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနေတာဖြစ်လို့ ဝင်ထွက်ခွင့်ပိတ်ထားတယ်"
"ဒါကြောင့် မင်း မြန်မြန် ထွက်သွားလိုက်" မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သားများက ကျယ်လောင်စွာ အော်ဟစ်ကြေညာသည်။
"ငါ ထွက်မသွားရင် ဘာဖြစ်လာမလဲ" အဖြူရောင် ဝတ်ရုံဝတ်ထားသော လီကျန့်ယီ၏ မျက်နှာတွင် စိတ်ခံစားမှုတစ်စက်မှမရှိပဲ အေးအေးလူးလူးပင် ပြန်မေးလိုက်သည်။
"ထွက်သွားမလား ၊ သေမလား ရွေးလိုက်" မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သား၏ တပ်မှူးက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
" 'ထွက်သွားမလား ဒါမှမဟုတ် သေမလား' ဆိုတဲ့ စကားက အရမ်းကောင်းတာပဲ၊ ချင်ဝမ်မင်းသားရဲ့ စကားနဲ့တောင်တူလာပြီ"
"မင်းတို့ကို ချင်ဝမ်မင်းသားက အမိန့်ကြောင့် ထျန်ချီမြို့ကို ဝင်ခွင့်ထွက်ခွင့် ပိတ်ပင်ထားတာ မဟုတ်လား"
"ဒါဆို မင်းတို့ကို သတ်တာ မမှားဘူး" လီကျန့်ယီက သူ့ကိုယ်သူ ပြောနေသကဲ့သို့ ရေရွတ်လိုက်ပြီး၊ လူတိုင်း၏ စူးစိုက်ကြည့်ရှုနေကြသည့်အောက်တွင် သူသည် မာရာဏဓားကို ဆွဲထုတ်လိုက်ပြီး ခေါင်ရမ်းပန်းပုံစံဖြင့် ပြည့်နေသော ဓားသဘောတရားကို ထုတ်လွှတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သား ရာပေါင်းများစွာသည် တုံ့ပြန်ရန် အချိန်မရလိုက်ပဲ ခေါင်ရမ်းပန်းများဖြင့် ဖုံးလွှမ်းသွားကာ သုံးပေအနက်အထိ သွေးများ ပန်းထွက်ကုန်၏။ထျန်ချီမြို့၏ ကြီးမားသော မြို့တံခါးပင် ခေါင်ရမ်းပန်းကို စုစည်းထားသော ဓားသဘောတရားကြောင့် အပိုင်းပိုင်း ကြေမွသွားသည်။
"ဗိုလ်ချုပ်ကြီး ရဲ၊ ဒီလူဟာ ချင်ဝမ်မင်းသားကို ပြဿနာရှာဖို့ ရောက်လာပုံပဲ"ပုန်းနေသည့် စစ်သားများအာလုံး တုန်လှုပ်သွားကြသည်။သူတို့ ဘာတွေမြင်ခဲ့သနည်း။ ဓားတစ်ချက်နှင့် ရွှေအဆင့် စစ်သားပေါင်းရာကျော် သေးဆုံးသွားခဲ့သည်။
"ပြီးတော့ သူက အရမ်းသန်မာတာပဲ၊ ဒီမြို့တံခါးကို ဖြိုချဖို့ အချိန်အများကြီးယူရမယ်လို့ ကျွန်တော် ခန့်မှန်းထားတာ ၊ဒါပေမဲ့ ဒီလူငယ်လေးက ဓားတစ်ချက်တည်းနဲ့ မြို့တံခါးကို အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ရဲရှောင်ရင်၏ ဒုဗိုလ်ချုပ်က ဓားသဘောတရားဖြင့် မြို့တံခါးကို ချက်ချင်း ဖျက်ဆီးလိုက်သည်ကို မြင်သောအခါ အသက်ကို အောင့်ထားလိုက်ရသည်။
သူ့ရှေ့မှ လူငယ်သည် သိုင်းပညာ အလွန်ထူးချွန်ပြီး သူ့အပေါ် ဖိအားပေးမှုသည် စစ်သည်တစ်သိန်းတပ်ကြီး၏ ဖိအားနှင့် မခြားနားဟု ခံစားနေရသည်။
"သူက တကယ်ကို သန်မာတာပဲ၊ဒီ အသက် ၁၂ နှစ်လောက်ရှိပုံရတဲ့ ဒီကောင်လေးက ချင်ဝမ်မင်းသားအပေါ် အငြိုးရှိနေတာဖြစ်မယ်"
"သူ ဘယ်သူလဲဆိုတာ ငါသိပြီး၊အဲ့တာ သူပဲ ဓားနှလုံးဂူဗိမာန်က လီကျန့်ယီ" ရဲ ရှောင်ရင်သည် သူ၏ မှန်းဆချက် မှန်ကန်ကြောင်း သေချာစွာ သိပြီးနောက် လီကျန့်ယီ၏ ပုံပန်းသဏ္ဌာန်ကို စူးစိုက်ကြည့်ရှုနေသည်။
"လီကျန့်ယီဆိုတာ ဗိုလ်ချုပ်ကြီး လဲ့ မကြာခဏ ပြောလေ့ရှိတဲ့ ထူးချွန်တဲ့ကလေးလား"
"ဗိုလ်ချုပ်ကြီး၊ မြို့တံခါးကို ဖောက်ထွင်းလိုက်ပြီဆိုတော့ ကျွန်တော်တို့ သခင်လေးလီ နောက်ကို လိုက်ပြီး ထျန်ချီမြို့ထဲကို တည့်တိုးဝင်မလား" ဒုဗိုလ်ချုပ်က မေးသည်။သူတို့ စောင့်နေစရာမလိုတော့ပေ အတားအဆီးက ပျက်သွားပြီ။
"မြို့ထဲ ချီတက်ကြ" ရဲရှောင်ရင်သည် လဲ့မုန့်ရှား ပြန်လာဖို့ကိုပင် မစောင့်တော့ပဲ ၁၀,၀၀၀ သော ကျားတပ်မကြီးကို ဦးဆောင်ပြီး ထျန်ချီမြို့ထဲကို တည့်တိုးဝင်ရောက်သွားသည်။
သူတို့ထျန်ချီမြို့ထဲသို့ ဝင်ရောက်သည့်အချိန်တွင် မြို့တွင်း၌ ရွှေအဆင့်အစောင့်တပ်သား၏ အလောင်း ထောင်ပေါင်းများစွာ ရှိနေသည်ကိုသာတွေ့လိုက်ရ၏။အားလုံးသေနေပြီ။အလောင်းတွေကသာ သူတို့ကို ကြိုဆိုနေတော့သည်။
သူတို့ မြို့ထဲကို ဝင်ဖို့ မိနစ်အနည်းငယ်သာ ကြာခဲ့သည်။ မိနစ်အနည်းငယ်အတွင်း ရွှေအဆင့်အစောင့်တပ်သား ထောင်ပေါင်းများစွာကို လီကျန့်ယီက ခြွင်းချက်မရှိ သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှေအဆင့်အစောင့်တပ်သား၏ အလောင်းများကို မြင်သောအခါ ဒုဗိုလ်ချုပ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သခင်လေးလီက.. ဘယ်မှာလဲ၊ကျွန်တော်တို့ ဘာလို့ သူ့ကိုမမြင်တာလဲ"
"ဒါ တကယ်ကို ကြောက်စရာကောင်းတာပဲ၊အို..မဟုတ်သေးပါဘူး အရမ်းကို သန်မာတယ်လို့ ပြောတာပါ"
"ချင်ဝမ်မင်းသားက ဘယ်လို နတ်ဆိုးမျိုးကို သွားပြီး ရန်စလိုက်တာလဲ" ရဲရှောင်ရင်သည်လည်း ကျားတပ်မကြီးကို ဦးဆောင်ပြီး မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မြို့အနှံ့ ပြန့်ကျဲနေသော ရွှေအဆင့်အစောင့်တပ်သား၏ အလောင်းများကို မြင်သောအခါ တုန်လှုပ်သွားသည်။
ရွှေအဆင့်အစောင့်တပ်သား ထောင်ပေါင်းများစွာဟာ လွယ်လွယ်ပင် သေဆုံးသွားခဲ့ကြသည်။ သူတို့ကို ဘယ်သူသတ်ခဲ့မှန်းတောင် သိလိမ့်မယ်မဟုတ်ဟု ရဲ့ရှောင်ရင်တွေးနေမိသည်။
"ဗိုလ်ချုပ်ကြီး ရဲ၊ သခင်လေး လီသာ ဒီလောက် အင်အားကြီးနေမယ်ဆိုရင် ဧကရာဇ်ကို ကယ်ဆယ်ဖို့ ကျွန်တော်တို့ရဲ့ တာဝန်က ဘာအဓိပ္ပာယ်ရှိတော့မလဲ" စစ်သည်တစ်ဦးမှ မဆုံးရှုံးဘဲ မြို့ထဲကို အလွယ်တကူ ဝင်ရောက်လာသည်ကို မြင်သောအခါ ဒုဗိုလ်ချုပ်က ကယ်ဆယ်ရေးအစီအစဉ်ကို မေးခွန်းထုတ်တော့သည်။
"အဓိပ္ပာယ်ကတော့... တော့..." ရဲရှောင်ရင်သည်လည်း တိတ်ဆိတ်နေလိုက်ရ၏။ အဘယ်ကြောင့်ဆိုသည်ကို ရှင်းပြချင်သော်လည်း တကယ်တမ်း သူတို့ဘာမှ မလုပ်ခဲ့ရပေ။ သူတို့သည် လွယ်လွယ်ဖြင့်မြို့ထဲကို ဝင်ရောက်လာခဲ့ပြီး၊ သူတို့ရှင်းလင်းရမည့် ရွှေအဆင့်အစောင့်တပ်သား အားလုံးသည်လည်း အကုန်သေဆုံးသွားပြီဖြစ်သည်။သူတို့ ဘာလုပ်ရတော့မည်နည်း။
ဤအကြောင်းကို တွေးလိုက်တော့ ရဲ ရှောင်ရင်က မကျေမနပ်ဖြင့်
"သခင်လေးလီက ကျွန်တော်တို့အတွက် ရွှေအဆင့်အစောင့်တပ် သားတစ်ယောက်လေးတောင် မချန်ခဲ့နိုင်ဘူးလား၊ အနည်းဆုံးတော့ ကျွန်တော်တို့ တိုက်ခွင့်နည်းနည်း လေးပေအုန်းပေါ့"
"ဗိုလ်ချုပ်ပြောတာမှန်တယ် သခင်လေး လီက အရမ်းလွန်တာပဲ"ဒုဗိုလ်ချုပ်က သဘောတူညီစွာ ခေါင်းညိတ်ထောက်ခံ၏။ထို့နောက်သူသည် သူ၏ လှံဖြင့် ရွှေအဆင့်အစောင့်တပ်သားများ၏ အလောင်းများကို စတင်ရှာဖွေလိုက်သည်။သို့ပေမဲ့ ကံဆိုးသည်ကား အသက်ရှင်နေသေးသည့် ရွှေအဆင့်အစောင့်တပ်သား တစ်ယောက်တောင်မရှိပေ။
"ဗိုလ်ချုပ်ကြီး ဒီအလောင်းတွေထဲမှာ အသက်ရှူနေတဲ့ တစ်ယောက်မှ တောင်မရှိဘူး" ဒုဗိုလ်ချုပ်သည် စိတ်ပျက်သွားသည်။သူသည် မူလက အသက်ရှူနေသော အလောင်းကို ရှာတွေ့ပြီး သတ်ကာ ဂုဏ်ပြုလိုသော်လည်း ပတ်ပတ်လည် စမ်းသပ်ကြည့်သောအခါ အလောင်းများသည် ခါးတွင် ထက်ပိုင်းပြတ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အတွက် ဂုဏ်ယူစရာ အခွင့်အရေး အနည်းငယ်မျှပင် မရှိပေ။
"ဟူး..အလောင်းတွေကို စစ်တာတွေ ရပ်လိုက်တော့ ထိုက်အန်နန်းတော်ကို သွားမယ်၊ ကျွန်တော်တို့ နောက်ထပ်နောက်ကျသွားရင် ရွှေအဆင့်အစောင့်တပ်သား တစ် ယောက်မှ ကျန်မှာမဟုတ်ဘူး"
ရဲရှောင်ရင်သည် ချက်ချင်းပင် အမိန့်ပေးကာ ၁၀,၀၀၀ သော ကျားတပ်သားများကို ဦးဆောင်၍ ထိုက်အန်နန်းတော်ကို ကူညီရန် ထွက်ခွာသွားသည်။သူတို့အားလုံ၏ ခြေလှမ်းများသည် အလွန်လျင်မြန်သည့် နှုန်းဖြင့် လျှောက်နေကြကာ သူတို့က ပါဝင်ခွင့်မရသည့် ပွဲကြည့်ပရိတ်သတ်မလုပ်ချင်ကြပေ။