← Chapters

သခင်လေးလီက အရမ်းလွန်သွားပြီ

Vol. 7 Ch. 65

သခင်လေးလီက အရမ်းလွန်သွားပြီ

Vol. 7 Ch. 65

ထျန်ချီမြို့အပြင်ဘက်။

ထျန်ချီမြို့အတွင်းရှိ ရွှေတိုက်ပွဲအစောင့်တပ်သားများကို ရှောင်ကွင်းပြီးနောက် လဲ့မုန့်ရှားသည် အဝေးကြီး လှည့်ပတ်သွားကာ နောက်ဆုံးတွင် ရဲရှောင်ရင် ရှိခဲ့သည့်နေရာသို့ ရောက်ရှိလာသည်။

"ဟမ်..အစ်ကို ရဲ ဘယ်ရောက်သွားပါလိမ့်"

လဲ့မုန့်ရှားသည် လူသူကင်းမဲ့နေသော သစ်တောကို ကြည့်ပြီးနောက် မြို့တံခါးဘက်သို့ အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"ဝိုး အစ်ကိုရဲက အရမ်းကြမ်းတာပဲ၊ခဏလေးအတွင်းမှာ မြို့တံခါးကို ဖောက်ထွင်းလိုက်တာလား"လဲ့မုန့်ရှားသည် အနည်းငယ် တုန်လှုပ်သွား၏။

သူသည် မြို့တံခါးဆီသို့ အလျင်အမြန် လျှောက်သွားခဲ့ပြီး မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ရွှေအဆင့်အစောင့်တပ်သား၏ အလောင်းများကို မြင်သောအခါ သူ အံ့အားသင့်သွားသည်။

"အစ်ကို ရဲ နဲ့ ကျားတပ်မကြီးက အဲဒီလောက်တောင် သန်မာတာလား၊ငါ သွားတဲ့အချိန်နဲ့ပြန်လာတဲ့အချိန်က ဆယ့်ငါးမိနစ်လောက်ပဲရှိတာပါ"

"ထျန်ချီမြို့ရဲ့ မြို့တံခါးတွေ ဖောက်ထွင်းခံရရုံသာမက ကာကွယ်ရေးအတွက် တာဝန်ရှိတဲ့ ရွှေအဆင့်အစောင့် တပ်သားတွေပါ အားလုံး အရှင်းဖျက်ဆီးခံလိုက်ရတယ်" လဲ့မုန့်ရှားက အံ့ဩစွာ အော်ဟစ်လိုက်သည်။

ထို့နောက် ရိုးရှင်းသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာကာ ပြောလိုက်သည်။

"လျူယဲ့၊ လျူယဲ့၊ မင်းက ငါတို့ရဲ့ ကျားတပ်မကြီးက မြို့တံခါးကို လွယ်လွယ်နဲ့မဝင်နိုင်ဘူးလို့ ပြောခဲ့တာလား"

"အခုတော့ သူတို့ကခဏလေးအတွင်းမှာ ထျန်ချီမြို့ရဲ့ တံခါးတွေကို ဖောက်ဖျက်ခဲ့ကြပြီ၊ ငါ့အထင် အစ်ကို ရဲက အခုဆို ထိုက်အန်နန်းတော်နားကို ရောက်နေလောက်ပြီ"

လဲ့မုန့်ရှားက သူပြောခဲ့တာ အမှန်ဖြစ်လာသည့်ပုံဖြင့် ယုံကြည်ချက်အပြည့်ဖြင့်တစ်ယောက်ထဲ ပြောနေကာ ဤသတင်းကို အလွန်းစိုးရိမ်‌ နေသည့် လျူယဲ့တို့ဆီသွား ပြောပြချင်စိတ်က ထိန်းမရတော့သောကြောင့် ထိုက်အန်နန်း‌တော်ဆီသို့ အလျင်အမြန်ပြေးသွားသည်။

သူ့၏ ပြေးနှုန်းသည် ဒုံပျံကဲ့သို့ပင် မြန်နေသည်။

......

နန်းတွင်းမြို့။

လီကျန့်ယီသည် တစ်ကိုယ်တည်း ဓားကိုင်ဆောင်ကာ မည်သည့် အတားအဆီးမျှ မရှိဘဲ ထျန်ချီမြို့အတွင်းရှိ နန်းတွင်းမြို့ထဲသို့ တိုက်ခိုက်ဝင်ရောက်ခဲ့သည်။

အဘယ်ကြောင့် အတားအဆီးမရှိဟု ပြောရသနည်း။ အကြောင်းမှာ နတ်ဓားရှင်တစ်ပါးရှေ့တွင် ရွှေအဆင့်အစောင့်တပ်သားများသည် တို့ဟူးတုံးကဲ့သို့ပင် ပျော့လွန်းနေပြီး ဓားတစ်ချက်တည်းဖြင့်ပင် အုပ်စုလိုက် သေဆုံးခဲ့သည်။

"ရူဖန်...ရူဖန်..ထျန်ချီမြို့ တစ်မြို့လုံးက ငါ့ရဲ့ အခြွေအရံတွေနဲ့ ရွှေအဆင့်စောင့်တပ်တွေ ဝိုင်းရံထားတာ၊ မင်းက ကျောင်းတော်ရဲ့ တပည့်တွေကို သေတွင်းထဲခေါ်လာတာလား"

"ကျောင်းတော်က အကြီးအကဲလီက ခုထိ ထျန်ချီမြို့မှာ ရှိနေသေးတယ်လို့ ထင်နေတာလား" နန်းတွင်းမြို့ရိုးပေါ်တွင် ချင်ဝမ်မင်းသားသည် သူ၏ အခြွေအရံများကို ဦးဆောင်ပြီး ရူဖန်နှင့် အဖွဲ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

"အကြီးအကဲလီ ဒီမှာ မရှိရင်တောင် ခင်ဗျား ထျန်ချီမြို့မှာ ဒီလောက် မာနထောင်လွှားစွာ ပြုမူနိုင်တဲ့နေရာ မဟုတ်ဘူး" ရူဖန်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ဟုတ်လား၊ မင်းတို့အားလုံး သူတို့ကို ဖမ်းလိုက်ပြီး အကျဉ်းထောင်ထဲထည့်"

"ငါ ဘာလုပ်နိုင်လဲဆိုတာ မင်းတို့ကို ပြမယ်" ချင်ဝမ်မင်းသားသည် မြို့ရိုးပေါ်တွင်မောက်မာစွာ ရပ်ကာ စစ်တပ်ကို အမိန့်ပေးလိုက်သည်။ထို့နောက် အရာအားလုံးသည် သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေတာဖြင့် ထိုက်အန်နန်းတော်သို့ ပျော်ရွှင်စွာပင်ဝင်သွားသည်။

အမိန့်ရသည့်နှင့် မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သား များသည် လေးနှင့် မြှားများကို ကိုင်ဆောင်ထားကြပြီး ရူဖန်တို့အဖွဲ့ကို ဆက်တိုက် ပစ်ခတ်ကြတော့သည်။

ချင်ဝမ်မင်းသား၏ လက်အောက်ခံများသည် အနည်းဆုံး ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကျင့်ကြံသူများဖြင့်ကြသဖြင့် လေးနှင့်မြှားများပါ ကိုင်ဆောင်ထားကြသောကြောင့် သူတို့နားကပ်ဖို့ခက်ခဲလေသည်။

ရူဖန်တို့ အဖွဲ့သည်လည်း ထိုအချက်ကိုသိကြသဖြင့် တိုက်ခိုက်ရင်း နောက်ဆုတ်ခဲ့ကြကာ အကာအကွယ်နားသို့ ရောက်ရှိသွားသည်။

"ဖုန်းချီ..ငါတို့ ဘာလုပ်သင့်သလဲ၊ ရွှေအဆင့်အစောင့်တပ်သား တွေပဲ ဆိုရင်တော့ ငါတို့ အတင်းအကြပ် ဝင်လို့ရပါသေးတယ်၊ဒါပေမဲ့ ကောင်းကင်ဖြတ်သန်းခြင်း အဆင့်ကျင့်ကြံသူတွေက တံခါးကိုစောင့်ကြပ်နေတာ"လျူယဲ့နှင့် အခြားသူများသည် ပုန်းကွယ်ရန် နေရာတစ်နေရာစီကို ရှာဖွေကြနောက် သူတို့၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။

"ဆရာကျီ နဲ့ စောင့်ရှောက်သူလီ တို့မကြာခင် ရောက်လာတော့မယ်၊ သူတို့ ရောက်လာတာနဲ့ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကျင့်ကြံသူတွေကို သူတို့ဆီ လွှဲပြောင်းပေးလိုက်ရုံပါပဲ၊ အဲ့ဒီ ရွှေအဆင့်အစောင့်တပ်သား တွေကတော့ စိုးရိမ်စရာ မရှိတော့ဘူး"ရူဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်" လျူယဲ့သည် ရူဖန်၏ စကားကို သဘောတူလိုက်သည်။ထို့ကြောင့် ကာကွယ်မှုအောက်တွင် ရူဖန်နှင့် အဖွဲ့သည် ကောင်းကင်ဖြတ်သန်းခြင်းအဆင့်၏ အစောင့်အရှောက် လေးဦး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

သို့သော်...ရဲရှောင်ရင်ကဲ့သို့ပင် သူတို့သည် ကောင်းကင်ဖြတ်သန်းခြင်းအဆင့်အစောင့်အရှောက် လေးဦးတို့ မရောက်လာခင် သူတို့ရှေ့တွင် အဖြူရောင် ဝတ်ရုံဝတ်ထားသော လီကျန့်ယီသာ‌ ပေါ်လာသည်။

"သခင်လေး လျူ၊ သခင်လေး ရှောင်၊ ခင်ဗျားတို့ ဘာလို့အဲ့မှာနေရတာလဲ"

လျူယဲ့၊ ရူဖန်နှင့် အခြားသူများသည် အကာအကွယ်နောက်ကွယ်မှ ခိုးကြောင်ခိုးဝှက် စကားပြောနေကြသည်ကို မြင်သောအခါ လီကျန့်ယီသည် အနည်းငယ် အံ့အားသင့်ပြီးမေးလိုက်သည်။

"သခင်လေးလီ၊ခင်ဗျား ဒီကို ဘာလုပ်လို့ ရောက်လာတာလဲ"

လျူယဲ့နှင့် အဖွဲ့သည်လည်း လီကျန့်ယီကို မြင်သောအခါ ထပ်တူအံ့အားသင့်ပြီး ပြန်မေးလိုက်၏။

"ကျွန်တော်က ချင်ဝမ်မင်းသားရဲ့ ဦးခေါင်းကို ယူဖို့ ရောက်လာတာပါ"လီကျန့်ယီက တည်ငြိမ်စွာပြောလိုက်ပြီး သူ၏အမူအရာများမှာချင်းဝမ်မင်း၏ ခေါင်းကိုယူခြင်းသည် ထမင်းစားရေသောက်လုပ်နေသကဲ့သိုဖြစ်နေသည်။

"အားလုံး အဲ့လူကိုသတ်၊ သူက ချင်ဝမ်မင်းရဲ့ဦးခေါင်းကိုယူဖို့ ပြောရဲတယ်"နန်းတွင်းမြို့ရိုးပေါ်ရှိ အစောင့်များသည် လီကျန့်ယီ၏ စကားများကိုကြားရသောအခါ သူတို့၏ မျက်နှာများ ပြောင်းလဲသွားကြပြီး လီကျန့်ယီကို ပစ်မှတ်ထားကြတော့သည်။ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးသည်လည်း မြှားကိုယူလိုက်ပြီး လီကျန့်ယီကို တစ်ချက်တည်းဖြင့် သတ်ရန်ချိန်ရွယ်လိုက်၏။

"သခင်လေးလီ မြန်မြန်...အရင်ဆုံး အကာအကွယ်ရှာလိုက်ဦး၊ ဂိုဏ်းချုပ်ကျီနဲ့ အခြားသူတွေ ရောက်လာတာနဲ့ နန်းတွင်းမြို့ကို ဝင်တိုက်တာကို ဆွေးနွေးကြမယ်"လျူယဲ့နှင့် အဖွဲ့သည် ရွှေအဆင့်အစောင့်တပ်သားများ၏ မြှားများသည် လီကျန့်ယီဆီသို့ ဦးတည်သွားသည်ကို မြင်သောအခါ အလျင်အမြန် အော်ဟစ်လိုက်ကြသည်။

သို့သော်လီကျန့်ယီသည် သူတို့၏သတိပေးချက်ကို လျစ်လျူရှုလိုက်ပြီး အကာအကွယ်ရှာမည့်အစား သူ၏ ကျောဘက်မှ မာရာဏဓားကို ဆွဆွဲထုတ်လိုက်ပြီ တစ်ဖက်ကမ်းဓားသဘောတရားကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သည်နှင့် သူ့ဆီသို့ ဦးတည်လာသော မြှားအားလုံး ပျက်စီးသွားသည်။

ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ပစ်လိုက်သော မြှားပင်လျှင် တစ်ဖက်ကမ်း၏နီရဲသော ဓားသဘောတရားကြောင့် သာမန်မြှားတစ်စင်းကဲ့သို့ ချက်ချင်း ပျက်စီးသွားရသည်။

ထိုသို့မြင်သောအခါ လျူယဲ့၊ ရူဖန်နှင့် အဖွဲ့သည် တုန်လှုပ်သွားကြသည်။

"သခင်လေး လီရဲ့ ဓားအဆင့်က တိုးတက်လာပြန်ပြီ၊ သူ နတ်ဓားရှင် အဆင့်ကို ရောက်ရှိသွားပြီ"

"သူ ဒီမြှားတွေကို ဘာလို့ မကြောက်တာလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး"

"ဒီတစ်ခါ ဧကရာဇ်ကို ကာကွယ်တာ သေချာပေါက် အောင်မြင်မှာပဲ၊သခင်လေးလီရဲ့ တိုက်ခိုက်စွမ်းနဲ့ဆို မြို့ရိုးပေါ်ကအ‌စောင့်တွေ လုံးဝကာကွယ်နိုင်မှာ မဟုတ်ဘူး"လော့ရွမ်းသည် သတိပြန်ဝင်လာပြီး အကာအကွယ်ကို မှီခိုနေခြင်းကို ရပ်လိုက်ကာ လီကျန့်ယီနှင့်အတူ တိုက်ခိုက်လိုက်‌‌တော့သည်။

မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သားများသည် နတ်ဓားရှင်အဆင့်ကျင့်ကြံသူ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ တုန့်လှုပ်သွားကြ၏။သူတို့၏ မြှားများသည် သူတို့၏ ပြိုင်ဘက်များကို လုံးဝမထိခိုက်နိုင်သည်ကို မြင်သောအခါ အားလုံးစိတ်ဓာတ်ကျသွားသည်။

"ဂိုဏ်းချုပ်ဖန်၊ အခု ဘာလုပ်ရမလဲ၊ကျွန်တော်တို့ရဲ့ မြှားတွေက အသုံးမဝင်ဘူး" မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သား များသည် သူတို့ကို ဦးဆောင်နေသော ကောင်းကင်ဖြတ်သန်းခြင်း အဆင့်ကျင့်ကြံသူကို ကြည့်လိုက်သည်။

ဖန်အမည်ရှိသော ဂိုဏ်းချုပ်သည်လည်း မျက်နှာမကောင်းဘဲ ပြောလိုက်သည်။

"နတ်ဓားရှင်အဆင့်ကျင့်ကြံသူတွေက အရမ်းသန်မာနေတယ်၊ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်တော် ဘယ်လိုသိမလဲ"

"ကျွန်တော်တို့ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဒီနေရာက စွန့်ခွာပြီးဒီလိုဆိုရင် ချင်ဝမ်မင်းသားကိုသွားကူညီဖို့ပဲ"

"တကယ်လို့ ထီးနန်းသိမ်းတာ အောင်မြင်သွားရင် သူတို့ဘယ်လောက်ပဲ သန်မာပါစေ အသုံးမဝင်တော့ဘူး၊ နန်းတွင်းအကြံပေး နန်းတွင်းအကြံပေး ဆရာချီထျန်ချန်နဲ့မိန်းမစိုး ကျိူ့ရှင်းတို့တောင် ဘာမှမတတ်နိုင်တော့ဘူး"

နောက်ထပ် စကားတစ်ခွန်းမှမပြောတော့ပဲ ဂိုဏ်းချုပ်ဖန်က မြို့ကို စွန့်ခွာပြီး ထိုက်အန်နန်းတော်ဆီသို့ အလျင်အမြန် ထွက်ပြေးသွားသည်။ထိုသို့မြင်သောအခါ မြို့ရိုးပေါ်ရှိ ရွှေအဆင့်အစောင့်တပ်သားများ ထိတ်လန့်သွားကြ၏။

ဤစစ်တပ်သည် ချမ်းသာသော ကုန်သည်များနှင့် အရာရှိများ၏ သားများဖြင့် ဖွဲ့စည်းထားသောကြောင့် မည်သူမှ သေသည့်အထိ တိုက်ခိုက်ပေးဖို့ မရည်ရွယ်ထားကြပေ။သူတို့သည် တစ်ဖက်တည်းပေမဲ့ ယာယီမဟာမိတ်များသာဖြစ်ကြသည်။

အစောင့်များသည်လည်း သူတို့၏ တပ်မှူးများ ထွက်ပြေးသည်ကို မြင်သောအခါ သူတို့လည်း ထိုက်အန်ခန်းမဆီသို့ အလျင်အမြန် ပြေးသွားကြသည်။ထိုက်အန်နန်းတော်တွင်ရှိ‌သော ချင်ဝမ်မင်းသားသာ သူ၏ ရည်မှန်းချက်ကို အောင်မြင်ပြီး သူတို့ကို ပြန်လည်တိုက်ခိုက်ရန် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြရင်း စိတ်အားထက်သန်စွာပြေးဝင်ကြသည်။

"ငါက မင်းတို့ကိုလွှတ်ပေးမယ်လို့ ထင်နေကြတာလား"

လီကျန့်ယီသည် နန်းတွင်းမြို့ပေါ်ရှိ ရွှေအဆင့် အစောင့်တပ်သားများ ထိုက်အန်နန်းတော်သို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားသည်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ ဓားကို သူတို့ ထွက်ပြေးရာ လမ်းကြောင်းသို့ တည့်တည့် ဝှေ့ယမ်းလိုက်သည်နှင့် နန်းတွင်းမြို့အတွင်း၌ တောက်ပသော ခေါင်ရမ်းပန်းနီကြီး ပွင့်လန်းလာသည်။လှပသော ခေါင်ရမ်းပန်းများနှင့်ဆန့်ကျင်စွာပင် အောက်တွင်တော့ နီရဲသောသွေးချောင်းများစီးဆင်းနေသည်။ထွက်ပြေးဖို့ကြံနေ သည့်သူများသည် တစ်ယောက်မှပင် အသက်မရှင်ကြပေ။

ဓားစွမ်းအား၏ ဖိအားများကြောင့် နန်းတွင်းမြို့၏ တံခါးပေါက်နောက်တစ်ခု ဖြိုချခံလိုက်ရပြန်သည်။

လျူယဲ့၊ ရူဖန်နှင့် အဖွဲ့သည် ပြိုကျသွာ‌သေားမြို့တံခါးတစ်လှည့်

နီရဲသော ခေါင်းရမ်းပန်းအောက်တွင် အတုန်းအရုန်းသေ နေကြသောလူစုကိုတစ်လှည့် သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လျက် ဆွံ့အနေကြတော့သည်။

"ဓား... ဓားချက် တစ်ချက်တည်းနဲ့ ပြီးသွားတာလား" ရူဖန်၊ လျူယဲ့နှင့် အဖွဲ့သည် အလွန်အမင်း တုန်လှုပ်သွားသောကြောင့် စကားမပြောနိုင်ဖြစ်နေသည်။

ထိုအချိန်တွင် ရဲရှောင်ရင်သည် ၁၀,၀၀၀ သော စစ်တပ်ကို ဦးဆောင်ပြီး နန်းတွင်းမြို့ကို တိုက်ခိုက်ရန် ရောက်ရှိလာပြီး ထိုနောက်မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှေအဆင့်အစောင့်တပ်သားနှင့် ချင်ဝမ်မင်းသား၏ အခြွေအရံများ၏ အလောင်းများကို မြင်သောအခါ သူတို့သည် ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။

"သခင်လေးလီက အရမ်းကို လွန်လွန်းအားကြီးနေပြီ!!"

သူတို့ တတ်နိုင်သည့်အမြန်နှုန်းနှင့် သူတို့လာခဲ့သည်။သို့ပေမဲ့ ဘာကွာသွားသနည်း သူတို့ကို အလောင်းတွေကသာ စောင့်ကြိုနေပြန်သည်။

All Chapters