ဒါက ကျွန်တော်ရဲ့တုံပြန်ချက်
Vol. 7 Ch. 66
“သခင်လေးလီသည် အရမ်းလွန်လွန်းအားကြီးနေပြီ" ဟူသော အာမေဍိတ်သံကို ကြားလိုက်ရသော် လီကျန့်ယီသည် အနည်းငယ် အံ့ဩသွားသည်။
“ကျွန်တော်က လက်စားချေရန်သာ လာခဲ့ခြင်းပါ၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ရုတ်တရက် လွန်တဲ့လူ ဖြစ်သွားရပါသနည်း”
“ရဲဗိုလ်ချုပ်ကြီး၊ ကျွန်တော် ဘယ်နေရာမှာ မှားနေလို့လဲ”
မာရာဏဓားကို ကိုင်ဆွဲလျက် လီကျန့်ယီသည် ရဲရှောင်ရင်နှင့် သူ၏ ကျားစစ်သည်တစ်သောင်းတို့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ရှုမေးမြန်းလိုက်သည်။
“ငါ…. အဲ့လိုဆိုလိုတာမဟုတ်ဘူး”
ရဲရှောင်ရင်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ စိတ်ပျက်အားလျော့မှု အပြည့်ဖြင့် ပြောလိုက်သည်။
လီကျန့်ယီမှာ စကားမဲ့သွားရသည်။
ရဲရှောင်ရင်၏ မျက်နှာနှင့် ကျားစစ်သည် တစ်သောင်း၏ မျက်နှာများတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အမူအရာကို မြင်လိုက်သောအခါ လီကျန့်ယီသည် တစ်ခုခုကို ရိပ်မိလိုက်သည်။
လီကျန့်ယီက “ဒါဆိုရင် ချင်ဝမ်မင်းသားရဲ့ ဦးခေါင်းကိုပဲ ကျွန်တော်လိုချင်တာ၊ သူ့ပတ်ဝန်းကျင်က လူတွေကိုတော့ ရဲဗိုလ်ချုပ်ကြီးနဲ့ ကျားစစ်သည်တွေကို ပေးလိုက်မယ်” ဟု ပြောလိုက်၏။
“သခင်လေးလီက အမှန်တကယ်ပဲ မြင့်မြတ်တဲ့ စိတ်ထားရှိသူပဲ"
ခန္ဓာကိုယ် တောင့်တင်းသန်မာသော ရဲရှောင်ရင်သည် လီကျန့်ယီ၏ စကားကို ကြားသောအခါ ဝမ်းသာပီတိ ဖြစ်သွားသည်။
ထို့နောက် သူ၏ ဓားကြီးကို ကောက်ယူကာ “ဒီတစ်ခါတော့ ပါဝင်ခွင့်ရပြီ"ဆိုသည့် အပြုံးဖြင့် ထိုက်အန်နန်းတော်ဘက်သို့ ဦးတည်သွား လေသည်။
ရဲရှောင်ရင်၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ ရူဖန်၊ လျူယဲ့နှင့် အခြားသူများမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။
“သခင်လေးလီ၊ ရဲဗိုလ်ချုပ်ကြီးနဲ့ တခြားသူတွေ ဘာဖြစ်နေကြတာပါလဲ” လျူယဲ့က လီကျန့်ယီကို မေးလိုက်သည်။
“ကျွန်တော်က သူတို့ရဲ့ နာမည်ကောင်းရမယ့် အခွင့်အရေးကို လုယူမှာကို စိုးရိမ်နေကြတာပါ” လီကျန့်ယီသည် အနည်းငယ် စကားမဲ့နေသော်လည်း မာရာဏဓားကို ပြန်လည် သိမ်းဆည်းလိုက်ရ၏။ဒါက ဘယ်လိုကြီးလည်း လူသတ်လုပွဲကြီးပဲဖြစ်နေပြီဟု သူစိတ်ထဲတွေးနေမိသည်။
“ဒါဆိုရင် ရဲဗိုလ်ချုပ်ကြီးတို့က ကျွန်တော်တို့ကို လျင်မြန်စွာ လာရောက်ကူညီနိုင်ခဲ့တာက သခင်လေးလီတစ်ယောက်တည်း ထျန်ချီမြို့ကို ဖောက်ထွင်းဝင်ရောက်ခဲ့လို့လား” လီကျန့်ယီ၏ လက်ရှိခွန်အားကို မြင်တွေ့ခဲ့ရသည့် လျူယဲ့နှင့် အခြားသူများသည် အနည်းငယ် ဆွံ့အသွားကြသည်။
“လုံးဝတော့ မဟုတ်ပါဘူး၊ ရွှေအဆင့်အစောင့်တပ်သား တစ်သောင်းလောက်ပဲ သတ်လိုက်ရတာပါ” လီကျန့်ယီက သူ၏ လက်ချောင်းများကို ရေတွက်ရင်း အေးဆေးစွာင်ပင် ပြောပြီးနောက် ရဲရှောင်ယင်း၏ ကျားတပ်မတော် နောက်မှနေ၍ ထိုက်အန်နန်းတော်ဘက်သို့ အနီးကပ် လိုက်ပါသွားသည်။
လျူယဲ့တို့၏ အဖွဲ့"....."တစ်သောင်းက နည်းနေသေးလို့လား!!
လျူယဲ့နှင့် အခြားသူများမှာ ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားကြသော်လည်း ဖြစ်သွားကြသော်လည်း သူတို့၏အကို နောက်လျင်မြန်စွာ လိုက်ပါသွားကြပါသည်။အထူးတပ်ဖွဲ့ဝင် တစ်သောင်း ဝင်ရောက်လာသည်နှင့်အမျှ လီကျန့်ယီနှင့် သူ၏ လူများသည် ထိုက်အန်နန်းတော်ရှေ့တွင် အသက်လု၍ ခံစစ်ဆင်နေသော ကျင်းကျူးဝမ်မင်းသားနှင့် လော့ချင်းယန်တို့ကို တွေ့ကြသည်။
သူတို့သည် အောင်ပွဲခံသူ၏ ပုံစံဖြင့် ကျင်းကျူးဝမ်မင်းသားနှင့် လော့ချင်းယန်တို့ကို ကြည့်နေသော ချင်ဝမ်မင်းသားကိုလည်း မြင်တွေ့ခဲ့ကြသည်။
သို့ပေမဲ့ ချင်ဝမ်မင်းသား၏ ပျော်ရွှင်နေသောအပြုံးများသည် ကျားစစ်သည် တစ်သောင်း ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် အောင်ပွဲခံသည့် အပြုံးသည် အေးခဲသွားသည်။
“မဖြစ်နိုင်ဘူး၊ ထျန်ချီမြို့ကို ရွှေအဆင့်အစောင့်တပ်သားတွေ စောင့်ရှောက်နေတာ၊ ကျားတပ်မကြီးက ထိုက်အန်နန်းတော်ထဲကို ဘာလို့မြန်မြန်ကြီး ဝင်လာနိုင်တာလဲ"
ထို့အပြင် နန်းမြို့တော် အပြင်ဘက်တွင် ရွှေအဆင့်အစောင့် တပ်သားများစွာနှင့် ကျင့်ကြံသူ သခင်များ ရှိနေသည်။ သူတို့ ထိုက်အန်နန်းတော်ထဲကို ဒီလောက် မြန်မြန် ဘယ်လိုများ ဝင်ရောက်လာနိုင်တာလဲ။ ရုတ်တရက် ရောက်ရှိလာသော စစ်သည်တစ်သောင်းကို မြင်သောအခါ ချင်ဝမ်မင်းသား၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် မိန်းမစိုး ကျို့ရှင်းက ဧကရာဇ်ထိုက်အန် ပြောပြခဲ့သည့် အကြောင်းအရာကို သူ့အား ပြောပြခဲ့ပြီး ဖြစ်သည်။ဤပုန်ကန်မှု့သာ မအောင်မြင်ပါက ပုန်ကန်မှုတွင် ပါဝင်သူ အားလုံး သေရမည်။
ဤအကြောင်းကို တွေးမိသောအခါ ချင်ဝမ်မင်းသားသည် သူ၏ နောက်လိုက်များနှင့် သူ့နောက်လိုက်နေသော ရွှေအဆင့်အစောင့် တပ်သား များစွာကို အေးစက်စွာ ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ကျင်းကျူးဝမ်မင်းသားနဲ့ တခြားသူတွေနဲ့ တ်ုက်ခိုက်တာကို ရပ်လိုက်တော့၊ထိုက်အန်နန်းတော်ထဲကို ချက်ချင်းဝင်မယ်”
“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းသား”
နောက်လိုက်များနှင့် ရွှေအဆင့်အစောင့်တပ်သားများသည်လည်း အခြေအနေ၏ အရေးကြီးပုံကို နားလည်ထားကြသည်။ ချင်ဝမ်မင်းသားသာ ဤအချိန်တွင် နန်းမတက်နိုင်ခဲ့ပါက ဤနေရာတွင် သူတို့အားလုံး ချွင်းချက်မရှိ သေဆုံးရလိမ့်မည်။ ထို့ကြောင့် ဤအချိန်တွင် လူတိုင်း အပြင်းအထန် တိုက်ခိုက်နေကြပြီး အစွမ်းကုန် အားထုတ်ကာ ထိုက်အန်နန်းတော်ဘက်သို့ အပြေးအလွှား သွားနေကြသည်။
“စစ်သူကြီးလော့ ခင်ဗျားတောင့်ခံထားရမယ် ကျားတပ်မကြီးက
ကျွန်တော်တို့ကို လာကူညီဖို့ရောက်လာနေပြီ" ကျင်းကျူးဝမ်မင်းသားသည် လော့ချင်းယန်နှင့် သူဦးဆောင်သော နန်းတော်အစောင့်တပ်များကို ကြည့်ကာ အားပေးစကားပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင့်သား" လော့ချင်းယန်က ကိုးချက်ဓားကို ကိုင်ဆောင်လျက် ထိုက်အန်ခန်းမကိုသွားသည့်လမ်းကို ရာနှင့်ချီသော နန်းတော်အစောင့်တပ်များဖြင့် တားလိုက်သည်။
လော့ချင်းယန်သည် ချင်ဝမ်မင်းသား၏ နောက်လိုက်များနှင့် ရွှေအဆင့်အစောင့်တပ်သားများနှင့် နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခုစတင်ပြန်သည်။သို့သော် ချင်ဝမ်မင်းသား၏ နောက်လိုက်များနှင့် ရွှေအဆင့်အစောင့်တပ်သားများသည် အင်အားအပြည့်ဖြင့် ရှိနေကြပြီး လော့ချင်းယန်နှင့် သူ၏ နန်းတော်အစောင့်တပ်သားများသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေကြသည်။
သူတို့သည် တစ်ကြိမ် တိုက်ခိုက်ထားပြီး ဖြစ်သောကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ခက်ခဲနေကြသည်။သို့သော် သူတို့သည် အနီးအနားသို့ ရောက်ရှိလာနေသော ရဲရှောင်ရင်နှင့် အခြားသူများ ရွှေအဆင့်အစောင့်တပ်သားများနှင့် နောက်လိုက်များကို ဝိုင်းရံလာသည်အထိ
တောင့်ခံရပေမည်။
“ရှုံးနိမ့်ပြီးသား စစ်သားတစ်စုကများ ငါတို့ ရှေ့မှာ ပိတ်ရပ်ရဲတယ်ပေါ့၊ ခင်ဗျားတို့ အားလုံး သေလိုက်တော့"
စိတ်ဓာတ်ကျနေသော ရွှေအဆင့်အစောင့်တပ်သားများနှင့် နောက်လိုက်များသည် သူတို့၏ လက်နက်များကို ကောက်ယူကာ ယခင်ကထက် ပိုမို ရက်စက်ကြမ်းကြုတ်စွာဖြင့် လော့ချင်းယန်နှင့် သူ၏ အုပ်စုကို တိုက်ခိုက်ကြတော့သည်။
အခုမှ ရောက်လာသော ကျားတပ်မကြီးတို့သည်လည်း ချင်ဝမ်မင်းသားက အသေခံ တိုက်ခိုက်ရန် ဆုံးဖြတ်ထားဆဲကို မြင်သောအခါ ရဲရှောင်ရင်သည် သူ၏ နောက်ကွယ်ရှိ ကျားစစ်သည် တစ်သောင်းကို ကြည့်ကာ "ညီအစ်ကိုတို့၊ ကျွန်တော်တို့ သခင်လေးလီကို စိတ်မပျက်အောင်လုပ်ရမယ် "
ရဲရှောင်ရင်သည် နာမည်ကောင်းရလိုသော ကျားတပ်မတော် သားများကို ဦးဆောင်ကာ တိုက်ပွဲထဲအင်အားအပြည့်ဖြင့် ဝင်တိုက်ကြသဖြင့် လော့ချင်းယန်နှင့် နန်းတော်အစောင့်တပ် များအား တိုက်ခိုက်နေသော ရွှေအဆင့်အစောင့်တပ်သားများနှင့် ချင်ဝမ်မင်းသား၏ နောက်လိုက်များ အားလုံးကို သတ်ပစ်လိုက်ကြသည်။
ထိုအချိန်မှာပင် ဤရွှေအဆင့်အစောင့်တပ်သားများနှင့် နောက်လိုက်များ၏ အစောင့်အရှောက်ဖြင့် ချင်ဝမ်မင်းသားသည် ကျင်းကျူးဝမ်မင်းသား စောင့်ကြပ်နေသော ထိုက်အန်နန်းတော်၏ တံခါးကို အောင်မြင်စွာ တွန်းဖွင့်နိုင်ခဲ့ပြီး နန်းတော်ထဲဝင်သွားသည်။
“ခမည်းတော် ကျွန်တော် ထိုက်အန်နန်းတော်ထဲကို ဝင်ရောက်လာခဲ့ပြီ ဒါဆိုရင် ကျွန်တော်အောင်မြင်ပြီမလား"
ခြေတစ်ဖက်ဖြင့် ထိုက်အန်နန်းတော်အတွင်း ရောက်ရှိနေပြီဖြစ်သော ချင်ဝမ်မင်းသားသည် နဂါးပုလ္လင်တွင် ထိုင်နေသော ဧကရာဇ်ထိုက်အန်ကို စိတ်သက်သာရာရမှု့နှင့် စိတ်လှုပ်ရှားမှု ရောပြွမ်းနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
သို့သော် ဧကရာဇ်ထိုက်အန်၏ အမူအရာမှာ ယခုအချိန်တွင် မကောင်းပေ။အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို သူ အပြည့်အဝ သိရှိနေသည်။ ချင်ဝမ်မင်းသားသည် ယခုအခါ တစ်ယောက်တည်း ကျန်ရှိနေတော့သည်။
ချင်ဝမ်မင်းသားက ပုန်ကန်မှု့အောင်မြင်သွားရင်တောင်မှ နန်းလျာအသစ်ကို တည်ထောင်ရန် ဧကရာဇ်အား အတင်းအကျပ် ဖိအားပေးနိုင်မည့် အင်အား မရှိတော့ပေ။ထို့အပြင် ယခု မေးခွန်းမှာ ချင်ဝမ်မင်းသားသည် ဧကရာဇ်အား နန်းစွန့်ရန် အတင်းအကျပ် ပြုလုပ်နိုင်ခြင်း ရှိ၊ မရှိသာမက ချင်ဝမ်မင်းသား အသက်ရှင်နိုင်ခြင်း ရှိ၊ မရှိလည်း ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ရဲရှောင်ရင်သည် ကျားစစ်သည် တစ်သောင်းကို ဦးဆောင်ကာ ရွှေအဆင့်အစောင့်တပ်သားများနှင့် ချင်ဝမ်မင်းသား၏ နောက်လိုက်များကို သတ်ဖြတ်နေစဉ်မှာပင် လီကျန့်ယီသည်လည်း ငြိငြိမ်ငြိမ်ရပ်မနေပေ။
ဤအချိန်တွင် သူသည် ချင်ဝမ်မင်းသား၏ နောက်တွင် ရပ်နေပြီး ကြက်သွေးရောင် မာရာဏဓားကို ချင်ဝမ်မင်းသား၏ ဦးခေါင်းကို ချိန်ရွယ်ထားသည်။
“ခင်ဗျား ဘာလို့အရမ်းရဲတင်းနေတာလဲ၊ အရှင်မင်းမြတ် ရှေ့တော်မှောက်မှာ လက်နက်သုံးရဲတယ်ပေါ့"
ဧကရာဇ်ထိုက်အန် ဘေးတွင် ရပ်နေသော ကျို့ရှင်းသည် ချင်ဝမ်မင်းသား၏ နောက်တွင် ရှိနေသော လီကျန့်ယီကို ကြည့်ကာကြိမ်းမောင်းလိုက်သည်။
သို့သော် သူ၏ ကြိမ်းမောင်းမှု့များသည် ချင်ဝမ်မင်းသားကို ကယ်တင်နိုင်ခြင်း မရှိချေ။ကျို့ရှင်း၏ စကားများကိုလျစ်လျူရှုပြီး လီကျန့်ယီသည် လျှပ်စီးကဲ့သို့ ဓားကို ဝှေ့ယမ်းလိုက်ရာ ချင်ဝမ်မင်းသား၏ ဦးခေါင်းကို ချက်ချင်း ဖြတ်တောက် လိုက်တော့သည်။ထိုအမြန်နှုန်းသည် အလွန်လျင်မြန်သောကြောင့် ကျို့ချင်းနှင့် ဧကရာဇ်ထိုက်အန်တို့သာမက ချင်ဝမ်မင်းသား၏ ကိုယ်ခန္ဓာကိုယ်ပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
ချင်းဝမ်မင်းသာသည် လဲကျသွားပြီး သူ့၏လည်ပင်းတွင် သွေးများပင် ပန်းထွက်လာသည်။သူ၏ မျက်လုံးများသည် မယုံကြည်သည့်ပြံဖြင့် ပြူးကျယ်နေသည်။ သူအောင်မြင်ခါနီးအချိန်မှာပင် အသတ်ခံလိုက်ရသည်။ ချင်းဝမ်မင်းသား၏ ဦးခေါင်းကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်သော်လည်း လီကျန့်ယီ၏ ကိုယ်ခန္ဓာပေါ်တွင် သွေးတစ်စက်မျှပင် စွန်းထင်းခြင်း မရှိပေ။
“ လွန်ခဲ့တဲ့ တစ်နှစ်က ကျောင်းတော်၏ နောက်ဆုံးစာမေးပွဲ ဖြေနေတုန်း ချင်ဝမ်မင်းသားက ကျွန်တော်ကို လုပ်ကြံဖို့ လူစေလွှတ်ခဲ့တာကြောင့် ဒါက ကျွန်တော်ရဲ့ ပြန်လည်တုန့်ပြန်ချက်ပါ"
“အကြွေးကို ဒီမှာ ရှင်းလိုက်ပါပြီ နှုတ်ဆက်ပါတယ်”
လီကျန့်ယီသည် ကျို့ချင်းနှင့် ဧကရာဇ်ထိုက်အန်တို့ကို တည်ငြိမ်စွာကြည့်လိုက်ပြီးပြောကာ လှည့်ထွက်သွားသည်။
ကျို့ရှင်းသည် သူ့၏အနှစ်နှစ်အလလ စီစဉ်ခဲ့သောအရာသည် မျက်စိရှေ့တွင် ရုတ်တရက်ဖျက်ဆီးခံလိုက်ရသည်ကို မယုံကြည်နိုင်သလိုလက်ခံနိုင်ဖို့လည်း ခက်ခဲနေသည်။ ချင်းဝမ်မင်းသာလည်း သေဆုံးသွားပြီ တစ်သောင်းကျော်သော ရွေအဆင့်အစောင့်တပ်များသည်လည်း သေဆုံးသွားပြီ။သူတို့ တကယ်ပဲ ရှုံးနှိမ့်ခဲ့ပြီလော ကျို့ရှင်း၏ မျက်နှာသည် မျှောင်လင့်ချက်မဲ့သွားသကဲ့သို့ခံစားနေရသည်။