← Chapters

ဧကရာဇ်ထိုက်အန်ကို ဖိအားပေးခြင်း

Vol. 7 Ch. 67

ဧကရာဇ်ထိုက်အန်ကို ဖိအားပေးခြင်း

Vol. 7 Ch. 67

“ခင်ဗျား ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ၊ ချင်ဝမ်မင်းသားနဲ့ ရန်ငြိုးရှိရင်တောင်မှ သူ့ကို သတ်ပိုင်ခွင့် ခင်ဗျားမှာ မရှိဘူး”

“ဒါ့အပြင် ဒါက ထိုက်အန်နန်းတော်ပဲ၊လက်နက်သုံးတဲ့လူတိုင်း သေရမယ်"

ကျို့ရှင်းသည် ရုတ်တရက်ဆိုသလိုပင် ယင်စွမ်းအင် ထည့်သွင်းထားသော လက်ဝါးချက်တစ်ချက်ကို လီကျန့်ယီအား နောက်ကွယ်မှ တိုက်ခိုက်ဖို့ ကြံရွယ်လိုက်သည်။

သူ၏ နောက်ကွယ်မှ ဧကရာဇ်ထိုက်အန်သည် ဤမြင်ကွင်းကို မြင်သော်လည်း တားဆီးခြင်း မပြုခဲ့ချေ။အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောအချိန်က သူ လျှို့ဝှက် ဖယ်ရှားပစ်လိုသော လူများသည် ဆရာတော်ကြီး ချီထျန်ချန်နှင့် အခြားသူများ ပြောခဲ့သည့်အတိုင်း အမှန်တကယ် သတ်၍မရနိုင်သူများ ဟုတ်မဟုတ် သိလိုသောကြောင့် ဖြစ်သည်။

မိန်းမစိုး ကျို့ရှင်း၏ ခွန်အားကို သူ သိသည်။လီချန်းရှန်ကိုသာ မထည့်တွက်လျှင် ကျို့ရှင်းသည်ပထမဖြစ်မည်။ ယခုချိန်တွင် လီချန်းရှန်သည်လည်း ထျန်ချီမြို့တွင် မရှိတော့သဖြင့် ဤနုနယ်သေးသော ကလေးငယ်သည် ကျို့ရှင်း၏ လျှို့ဝှက်တိုက်ခိုက်မှု့ကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ကျို့ရှင်းသည် ချုပ်နှောင်မဲ့အဆင့် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

လီကျန့်ယီသည်လည်း ချုပ်နှောင်မဲ့အဆင့်တွင် ရှိပြီး၊ သူ၏ ခန့်မှန်းရခက်သော လျင်မြန်သည့် လှုပ်ရှားမှု့လည်းရှိသေးသည်။

ကျို့ရှင်း၏ တိုက်ခိုက်မှု့က သူ့ကိုထိခိုက်မယ်လို့ တကယ်ထင်နေကြတာလား။၎င်းသည် မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်သည်။

လီကျန့်ယီသည် အတွင်းအား လှုပ်ရှားမှုကို ခံစားလိုက်ရသည့် ချက်ချင်းတွင်ပင် အရိပ်တစ်ခုကဲ့သို့ နေရာမှ ပျောက်ကွယ် သွားခဲ့သည်။ချက်ချင်းပင် သူသည် ကျို့ရှင်း၏ နောက်တွင် ပေါ်လာပြီး အဆုံးမဲ့ ဓားသဘောတရား ထည့်သွင်းထားသော ဓားချက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက်ဆန်လွန်းသော အခြေအနေကြောင့် ကျို့ရှင်းသည် ပြန်လည်တိုက်ခိုက်ရန်မဖြစ်နိုင်တော့ပဲ အတွင်းအားကိုသုံးကာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့သာလုပ်နိုင်တော့သည်။သို့သော် ဤဓားချက်ကြောင့် သူသည် ဒါဇင်ပေါင်းများစွာ နောက်သို့ ဆုတ်သွားခဲ့ရပြီး ထိုက်အန်ခန်းမ အပြင်ဘက်သို့ ရောက်သွားသည်။

ရူဖန်နှင့် အခြားသူများက ကျို့ရှင်းက တိုက်ခိုက်နေသည်ကို မြင်သောအခါ ချင်ဝမ်မင်းသားတွင် လျှို့ဝှက် လှည့်ကွက်များ ရှိနေသည်ဟု ထင်မြင်ကာ သူတို့၏ အာရုံကို ထိုက်အန်နန်းတော်ဘက်သို့ လှည့်လိုက်ကြသည်။ ချင်ဝမ်မင်းသား၏ ဦးခေါင်းကို ဖြတ်တောက်ခံရပြီ ဖြစ်သဖြင့် ကျို့ရှင်းသည် ချင်ဝမ်မင်းသားနှင့် တိုက်ခိုက်နေခြင်း မဟုတ်ပဲ လီကျန့်ယီနှင့် တိုက်ခိုက်နေခြင်း ဖြစ်ပေလိမ့်မည်။

“မိန်းမစိုး ကျို့ရှင်း သစ္စာဖောက်က သေသွားပြီလေ၊ ဒါက သခင်လေးလီရဲ့ အကူအညီကြောင့်ပဲလေ မိန်းမစိုးက ဘာဖြစ်လို့ သခင်လေးလီကို တိုက်ခိုက်ရတာလဲ”

ရူဖန်နှင့် အခြားသူများသည် ကျို့ရှင်းအား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

“ဟမ်..ပထမအချက် ထိုက်အန်နန်းတော် ရှေ့မှာ အင်အားသုံးတဲ့သူတိုင်း သေရမယ်”

“ဒုတိယအချက်အနေနဲ့ ချင်ဝမ်မင်းသားကို လန်ယာဝမ်မင်းသား ဒါမှမဟုတ် ကျင်းကျူးဝမ်မင်းသားတို့က သတ်နိုင်တယ်၊ ဒါပေမဲ့ ပြင်ပလူတစ်ယောက်က သတ်တာမျိုးတော့ အခွင့်မရှိဘူး"

“ဒါကြောင့် အကျဉ်းချုပ်ရရင် ဒီရာဇဝတ်မှု့နှစ်ခုကြောင့် သူ သေရမယ်”ကျို့ရှင်းသည် လီကျန့်ယီကို မျက်လုံးမှေးစင်းလျက် တရစပ်ပြောလိုက်သည်။

သူ့စိတ်ထဲတွင် တွေးနေသည်မှာ ဤကလေးသည် လွန်ခဲ့သော တစ်နှစ်က ဖုယောင်အဆင့်၌သာ ရှိခဲ့သော်လည်း တစ်နှစ်အကြာတွင် ချုပ်နှောင်မဲ့အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထိုမျှမကသေး ချုပ်နှောင်မဲ့အဆင့်၏ အစောပိုင်း အင်အားဖြင့်

ချုပ်နှောင်မဲ့အဆင့် အထွတ်အထိပ်တွင် ရှိသော သူ့ကိုဖိနှိပ်ထားနိုင်ခဲ့သည်။ထိုကြောင့် ဤ ကလေးသာမသေပါက သူကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်တော့ပေ။

ထို့အပြင် သူ့ရှေ့က ဒီကလေးသည် သူ့ရဲ့ ခမ်းနားသော အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်သည်။ထို့ကြောင့် လီကျန့်ယီသည် ယနေ့တွင် သေကိုသေရမည့် လူဖြစ်သည်။သူ့ကို လွှတ်ထားလျှင် လီချန်းရှန်နောက်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

“ဟက်.. ကျုပ်က သေရမယ်တဲ့လား၊ ချင်ဝမ်မင်းသားကို ပုန်ကန်ဖို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူ ဘယ်သူလဲဆိုတာ မိန်းမစိုး ကျို့ရှင်း မသိဘူးလား”

“ မိန်းမစိုးကျို့ရှင်းကသာ ချင်ဝမ်မင်းသားကို နောက်ကွယ်ကနေ အကြံဉာဏ်နဲ့ အထောက်အပံ့ မပေးခဲ့ဘူးဆိုရင် သူက ပုန်ကန်ဖို့ လုပ်ရဲမယ်လို့ ထင်နေတာလား"

“ဒါကြောင့် သေသင့်တာက ခင်ဗျားပဲ"

လီကျန့်ယီက ခနဲ့သည့်လေသံဖြင့် ပြောလိုက်သည်။ဘယ်သူကိုလာပြီး ရာဇဝတ်မှု့နှင့် ဖမ်းဆီးသတ်ဖြတ်ချင်သနည်း။

“မင်း... မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာ၊မင်း သေသင့်တယ်”

ကျို့ရှင်းသည် လီကျန့်ယီ၏ စကားကြောင့် လိပ်ပြာမလုံသလို ခံစားရပြီး လီကျန့်ယီကို သေစေနိုင်သည့် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လီကျန့်ယီသည်လည်း သူ့ကို အခါအခါတိုက်ခိုက်နေသော ကျို့ရှင်းကို အလွှတ်ပေးဖို့ စိတ်မရှိတော့ပေ။ ထို့နောက် သူအချိန်အကြာကြီး အသုံးမပြုခဲ့သော နတ်ဘုရားအဆင့် ဓားဆွဲနည်းကို အသုံးပြုလိုက်သည်။

ကျို့ရှင်း၏ လက်ဝါးရိုက်ချက် သူနှင့်ထိတော့မည့်အချိန်တွင် လီကျန့်ယီ၏ လက်ထဲမှ မာရာဏဓားသည် သေစေနိုင်သော နေရာသို့ ချိန်ကာကျို့ရှင်း၏ နှလုံးကို ထိုးဖောက်သွားသည်အထိ မည်သူမှမတားဆီးနိုင်ခဲ့ပေ။

အလွန်အစွမ်းထက်သော မိန်းမစိုးအုပ် ကျို့ရှင်းသည်လည်း လီကျန့်ယီ၏ မာရာဏဓားအောက်တွင် ကြေကွဲဖွယ်ရာ အဆုံးသတ်ကို ကြုံတွေ့ခဲ့ရပြီး ကျို့ရှင်း၏ ရင်ဘတ်မှ သွေးများသည် ရေပန်းကဲ့သိုပင် ပန်းထွက်လာသည်။

“သူတစ်ပါးကို သတ်ရင် တခြားသူတွေရဲ့ သတ်ခြင်းကို ခံရလိမ့်မယ်”

လီကျန့်ယီသည် သူ၏ ခြေရင်းတွင် သေဆုံးသွားသော ကျို့ရှင်းကို

စိတ်မဝင်စားမှု့မရှိစွာကြည့်လိုက်သည်။သူသည် ကိုယ့်ကိုယ်ကို သေတွင်းပို့ခဲ့သော လူတစ်ယောက်ဖြစ်သည်။

ရူဖန်နှင့် အခြားသူများသည် ယခုချိန်တွင် အံ့ဩခြင်းတွင်မဟုတ်တော့ပဲမယုံနိုင်ခြင်း အခြေအနေတွင် ရှိနေကြသည်။အဘယ်ကြောင့်ဆိုသော် ကျို့ရှင်းသည် နန်းတော်၏ ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့်ကို ကျောင်းတော်မှ မာစတာလီက လျှော့ချခဲ့သည်တိုင်အောင်၊ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် အထွတ်အထိပ်တွင် ရှိခဲ့ဖူးသည့် အခြေခံတော့ရှိနေဆဲ ဖြစ်သည်။အနည်းဆုံးတော့ သူသည် ဆန်းကြယ်နတ် ခရီးတစ်ဝက်အဆင့် အစောပိုင်း၏ အင်အားနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသေးသည်။

သို့သော် သူသည် လီကျန့်ယီ၏ လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံလိုက်ရသည်။ ၎င်းသည် ချုပ်နှောင်မဲ့အဆင့်သို့ တက်လှမ်းထားသည့် လီကျန့်ယီသည် ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်နိုင်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နေပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။

“သခင်လေးလီရဲ့ ခွန်အားဟာ တကယ်ကိုသန်မာတာပဲ၊ သခင်လေးလီ ပြောတဲ့အတိုင်းသာဆိုရင် ကျို့ရှင်းက ချင်ဝမ်မင်းသားရဲ့ နောက်ကွယ်က လူတစ်ယောက်ဆိုရင် သူက ဒီလိုမျိုး ကံကြမ္မာမျိုးနဲ့ ထိုက်တန်ပါတယ်"ကျို့ရှင်း၏ ကြေကွဲဖွယ် သေဆုံးမှုမှ ထိတ်လန့်မှုမှ ပြန်လည် နာလန်ထူလာ ပြီးနောက် ရူဖန်နှင့် အခြားသူများက ရှေ့သို့ တက်လှမ်းကာ ပြောလိုက်ကြသည်။

ဤစကားကို ကြားသောအခါ၊လီကျန့်ယီသည် ဘာစကားမှမပြောဘဲ ထိုက်အန်နန်း‌တော်ဘက်သို့ လျှောက်သွားခဲ့သည်။ နာမကျန်းဖြစ်နေပုံရသော ဧကရာဇ်ထိုက်အန်ကို ကြည့်ကာ သူက ပြောလိုက်သည်။

“ဧကရာဇ်က ကျို့ရှင်းရဲ့ လုပ်ရပ်ကိုမတားခဲ့ဘူးဆိုတော့ သဘောတူတဲ့ပုံပဲ”

“ကျွန်တော်သာ အင်အား မလုံလောက်ဘူးဆိုရင် အဲဒီ လက်ဝါးချက်ကြောင့် သေဆုံးသွားရမယ့်သူဟာ ကျွန်တော်ဖြစ်သွားလိမ့်မယ်"

“ဒါကြောင့် ဧကရာဇ်ထိုက်အန်က ကျွန်တော်ကို သတ်ချင်တယ်ဆိုရင် ဧကရာဇ်ထိုက်အန်ကိုယ်တိုင်လည်း အသတ်ခံရဖို ပြင်ဆင်ထားသင့်တယ်"

“မင်း ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ၊ ငါ့ရဲ့ မြောက်ပိုင်းလီတပ်မတော်နဲ့ မရေမတွက်နိုင်တဲ့ နန်းတော်အစောင့်တပ်တွေ ဝိုင်းရံထားတာကို မင်းက ငါ့ကို ဒီလို ပြောဆိုရဲတယ်‌”

အနည်းငယ် ဖျားနာနေသည့် အရိပ်အယောင်များ ပေါ်နေသော ဧကရာဇ်ထိုက်အန်သည် အားနည်းနေသော်လည်း သူ၏ လေသံသည် လေးနက်ပြီး ခိုင်မာနေဆဲပင်။

“ဟွန်း...နန်းတွင်းအကြံ‌ပေး ချီထျန်ချန်သာ ဒီမှာရှိနေရင် ကျွန်‌တော်အနည်းငယ် သတိထားမိမှာပါ။ဒါပေမဲ့ ကျန်တဲ့ တပ်မတော်နဲ့ နန်းတော်အစောင့်တပ်လို့ ခေါ်တဲ့သူတွေကတော့ ကျွန်တော်အတွက် ဓားချက်တစ်ချက်လှုပ်လိုက်ရုံပါပဲ၊ ဒါကြောင့် ကျွန်တော် သူတို့ကို ဂဂရုမစိုက်မနေဘူး၊ ဧကရာဇ်အတွက် အသက်ရှင်ဖို့ ခက်ခဲနိုင်ပါတယ်” လီကျန့်ယီက စကားလုံး တစ်လုံးချင်းစီကို အင်အားနှင့် ယုံကြည်မှုဖြင့် ပြောလိုက်သည်။

“အဲဒီလိုလား၊ နန်းတွင်းအကြံပေးက ရှိနေတယ်ဆိုရင်ရော” အနည်းငယ် ဖျားနာနေသော ဧကရာဇ်ထိုက်အန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့၏နောက်တွင် ချီထျန်ချန်က ထိုက်အန်နန်းတော်ထဲကို ဖြည်းညှင်းစွာ ထွက်လာသည်။

“သခင်လေးလီ၊ ကျုပ်က ခင်ဗျားနဲ့ ရန်သူ မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ကျုပ်ဟာ မြောက်ပိုင်းလီကို ကာကွယ်ဖို့တာဝန်ရှိနေဆဲပဲ၊ ပြီးတော့ ဧကရာဇ်ထိုက်အန်က ကျုပ်ရဲ့‌ရှေ့မှာ သေဆုံးသွားတာကို လက်ပိုက်ကြည့်နေလို့ မရဘူး”

“ဒါကြောင့် သခင်လေးလီ ကျုပ်ကို မျက်နှာသာလေးပေးဖို့ တောင်းဆိုရင်ရော ဘယ်လိုလဲ”

“အနာဂတ်မှာ သခင်လေးလီ တစ်ခုခုလိုအပ်လာရင် ကျုပ် အတတ်နိုင်ဆုံး ကူညီပေးပါမယ်” ချီထျန်ချန်သည် လီကျန့်ယီကို အမှန်တကယ် ဆန့်ကျင်လိုခြင်း မရှိကြောင်း ပြသသည့်အနေဖြင့် တည်ကြည်လေးနက်စွာ ကတိပေးခဲ့သည်။

“ကောင်းပြီ၊ ဒါဆိုရင် ဆရာတော်ကြီးရဲ့ မျက်နှာကို ကျွန်တော်ထောက်ထားလိုက်ပါမယ်၊ ဒါပေမဲ့...”

လီကျန့်ယီသည် ချီထျန်ချန်ကို မျက်နှာသာ ပေးလိုသော်လည်း ဧကရာဇ်ထိုက်အန် သေဆုံးစရာ မလိုဟု သူ မပြောခဲ့ချေ။ သူကိုယ်တိုင် မသတ်နိုင်‌ပေမဲ့ ဧကရာဇ်ထိုက်အန်ကို သေတွင်းပို့ရန် သူလုပ်နိုင်သေးသည်။ထို့ကြောင့် သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်များ ထားရှိသော ဧကရာဇ်ထိုက်အန်သည် မည်သို့ပင်ဖြစ်စေ သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“သခင်လေးလီ ဘာကိုဆိုလိုတာလဲ” ချီထျန်ချန်သည် လီကျန့်ယီက သူ့ကိုမျက်နှာသာပေးလိုသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားသော်လည်း သူသည် လီကျန့်ယီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေဆဲပင်။

“သို့သော် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ဧကရာဇ်ထိုက်အန်ရဲ့ လက်ချက် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပြီး၊ ပြီးတော့ သူက ကွယ်လွန်သွားတဲ့ ကျို့ရှင်လိုပဲ ဒီကြေကွဲဖွယ် အခြေအနေရဲ့ တရားခံပဲလို့ ကျွန်တော်က ပြောရင်ရော၊ဒီ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို ပြည်သူလုထုထံ ဖြန့်လိုက် မယ်ဆိုရင် ဘယ်လောက်တောင်မိုက်လိုက်မလဲ၊ပြီးတော့ မြောက်ပိုင်းလီပြည်သူတွေကို သူတို့ ဧကရာဇ်ရဲ့ လူမဆန်တဲ့လုပ်ရပ်ကို သိစေမယ်"

“ဧကရာဇ်ထိုက်အန် စီစဉ်ခဲ့တဲ့ ဒီ ပုန်ကန်မှု ပြဇာတ်က ဘယ်လောက် အံ့သြစရာကောင်းလဲဆိုတာ မြင်စေရမယ်၊ ဒီပုန်ကန်မှု့မှာ မင်းသားရှစ်ပါးရဲ့ စစ်ပွဲမှာ မင်းသားခြောက်ပါး အပြင် ရွှေအဆင့်အစောင့်တပ်သားများစွာနဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သေဆုံးစေခဲ့တယ်"

“နန်ကျူး၊ ပေမန်နဲ့ တီယန်ဝူတွမ်ဘက်က လူတွေကလည်း မြောက်ပိုင်းလီရဲ့ လက်ရှိ အုပ်စိုးသူဟာ ဘယ်လောက် အရည်အချင်း မရှိပြီး လူ့အသက်ကိုဘယ်လို တန်ဖိုးမထားလဲဆိုတာ သိစေရမယ်”

“အဲဒီအချိန်ကျရင် ဧကရာဇ်ကမြောက်ပိုင်းလီရှိ ပြည်သူတွေရဲ့ ယုံကြည်မှု့ကို ဆုံးရှုံးသွားပြီး မြောက်ပိုင်းကျူးကျော်သူ၊ တောင်ပိုင်းကျူးတွေနဲ့ တီယမ်ဝူတန်တို့က ဒီအကြောင်းကို အခွင့်ကောင်းယူပြီး မြောက်ပိုင်းလီကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒီအခါကျရင် ခင်ဗျားတို့ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ ကျုပ်သိချင်တယ်”

All Chapters