လန်ယာဝမ်မင်းသား ဘုရင်ဖြစ်လာခြင်း
Vol. 7 Ch. 68
လီကျန့်ယီသည် ဖြစ်လာနိုင်မည့်ပြဿနာမျာအားလုံးကို ထောက်ပြလိုက်သည်။ အစကတည်းက ဧကရာဇ်သည် ဤပုန်ကန်မှု့၏ တရာခံဖြစ်ခဲ့သည်။ဧကရာဇ်သာ ချင်ဝမ်မင်းသားကို အခွင့်အရေးမပေးခဲ့လျှင် ဤပုန်ကန်မှု့များက ရှိလာမည်မဟုတ်ပေ။
ဘေးတွင်ရှိကြသော ရူဖန်နှင့် အခြားသူများသည် မိုးကြိုးပစ်သကဲ့သို့ ထိမှန်စေရုံသာမက ဧကရာဇ်ထိုက်အန် ကိုယ်တိုင်ပင် ရုတ်တရက် အသက်ရှူရ ခက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။
ကျို့ရှင်းသည် ချင်ဝမ်မင်းသား၏ နောက်ကွယ်တွင် ရပ်တည်နေသည်ကို သူ သိသည်။ မည်သူက ဧကရာဇ် ဖြစ်လာရန် ပိုမိုသင့်တော်သည်ကို သိရှိရန်အတွက် သူကိုယ်တိုင်ပင် ပါဝင်ခဲ့သည်။ကျို့ရှင်းက ချင်ဝမ်မင်းသားကို ထောက်ခံနေစဉ်တွင် သူကိုယ်တိုင်က ဖြစ်ပျက်လာမည့် အရာအားလုံးကို သိရှိနေခဲ့ပြီး လူများစွာ သေဆုံးလိမ့်မည်ကိုလည်း သိရှိနေသည်။သို့သော် ကျို့ရှင်းနှင့် ချင်ဝမ်မင်းသားတို့ကို တာဆီးမည့်အစား သူကိုယ်ကပင် ထိုအထဲတွင် ပါဝင်ခဲ့သည်။
“ခမည်းတော်...၊ သခင်လေးလီ ပြောတာတွေက အမှန်လား”
ရူဖန်သည် ဧကရာဇ်ထိုက်အန်က ချင်ဝမ်မင်းသားနှင့် ကျို့ရှင်းတို့၏ ပုန်ကန်မှုကို မသိရှိဟုအမြဲ ထင်ခဲ့သော်လည်း သူ၏ ဖခင် ဧကရာဇ်ထိုက်အန်သည် ချင်ဝမ်မင်းသားနှင့် ကျို့ရှင်းတို့၏ ပုန်ကန်မှုကို သိရုံသာမက သူကိုယ်တိုင်ပင် ပါဝင်ခဲ့ကာ ယနေ့ ဖြစ်ပျက်ခဲ့သည့် ကြေကွဲဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။
ယခုချိန်တွင် ချင်ဝမ်မင်းသားနှင့် ရွှေအဆင့်အစောင့်တပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့သော်လည်း ချင်ဝမ်မင်းသားနှင့် မဟာမိတ်ဖွဲ့ထားသောအခြား မင်းသားငါးပါးသည် ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသည်။ ပုန်ကန်မှု့မအောင်မြင်လျှင် ပုန်ကန်မှု့တွင် ပါဝင်ခဲ့သော လူအားလုံးသေရမည် ဆို့သည့်အမိန့်ဖြင့်ဆိုရင် ပုန်ကန်မှုပြီးဆုံးပြီးနောက် သူတို့ငါးဦးနှင့် သူတို့၏ နောက်လိုက်များ အားလုံး သေဆုံးရတော့မည် ဖြစ်သည်။
ဧကရာဇ်ထိုက်အန်သည် သင့်လျော်သော အိမ်ရှေ့စံကို ရွေးချယ်ရန်အတွက် သူ၏ သားသမီးအားလုံးကို စတေးရန် မတွန့်ဆုတ်ဘဲ အဆိပ်ရှိသော အင်းဆက်များကို မွေးမြူခြင်းဖြင့် နောက်ဆုံး ဧကရာဇ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။၎င်းသည် အရည်အချင်းရှိသော အိမ်ရှေ့စံကို ရရှိမည်ဖြစ်သော်လည်း မလိုအပ်သော စတေးမှုများစွာကို ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော သစ္စာမဲ့ပြီး လူမဆန်သော ဧကရာဇ်များကို မွေးမြူသည့် နည်းလမ်းသည် လူများကို ထိုသို့သော ဧကရာဇ်များကို မုန်းတီးစေမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်သည် နောက်တစ်ကြိမ် ထိုသို့ထပ်လုပ်ပြီး တစ်နိုင်ငံလုံးကို ထိခိုက်စေမည် မဟုတ်ဟု မည်သူက အာမခံချက်ပေးနိုင်မည်နည်း။ထို့ကြောင့် ဤကိစ္စသည် မသိပဲရှိနေပါက ပြဿနာမရှိသော်လည်း လူသိရှင်ကြား ဖြစ်သွားပါက ဧကရာဇ်၏ ပုံရိပ်သည် ပြိုလဲသွားရုံသာမက အိမ်နီးချင်းနိုင်ငံများ၏ အခွင့်ယူမှု့ကိုလည်း ခံရလိမ့်မည်။
ပြည်တွင်း ပဋိပက္ခများ ရှိနေသော မြောက်ပိုင်းလီသည် ယခုအခါ ပြည်တွင်းတွင် မငြိမ်မသက် ဖြစ်နေရုံသာမက ပြင်ပမှ ကျားများ၊ ကျားသစ်များ၊ ဝံပုလွေများနှင့် ခွေးအများ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ဧကရာဇ်ထိုက်အန်သည် ရူဖန်ကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ “အားလုံး အမှန်ပဲ” ဟု ဝန်ခံလိုက်သည်။
"ခမည်းတော် ၊ခမည်းတော်က ဒီလိုအမှားမျိူး မလုပ်ခဲ့သင့်ဘူး” ရူဖန်သည် သူ၏ လက်သီးများကို ဆုပ်လိုက်သည်။ ဧကရာဇ်ထိုက်အန်သာ သူ၏ဖခင် မဟုတ်ခဲ့ပါက သူသည် သူ့ကို လက်သီးဖြင့် ထိုးမိလိမ့်မည်။
“နဝမမင်းသား၊ အဖေက ဒါကို မလုပ်သင့်တာ မဟုတ်ဘူး၊ သူ ပေါ်လာခဲ့တာကြောင့်ပဲ”
“သူသာ ပေါ်မလာခဲ့ရင် အဖေ လုပ်ခဲ့တဲ့ အရာအားလုံးဟာ ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ဘူး”
“သူသာ ပေါ်မလာခဲ့ရင် ဧကရာဇ် လုပ်ခဲ့တဲ့ အရာအားလုံးဟာ လုံးဝကို ဆင်ခြင်တုံတရားနဲ့ ညီညွတ်တဲ့ အရာ ဖြစ်နေမှာပဲ၊ ဒါကမြောက်ပိုင်းလီရဲ့ နောက်လာမည့် အမွေခံကို ဆုံးဖြတ်ဖို့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်တယ်”
“ဒါကြောင့် အမှားက အဖေမှာ မဟုတ်ဘူး၊ ဘယ်ကမှန်းမသိ ပေါ်လာခဲ့တဲ့ သူ့အမှားပဲ”ဧကရာဇ်ထိုက်အန်သည် လုံးဝ အမှားကို ဝန်မခံခဲ့ဘဲ အရာအားလုံးသည် လီကျန့်ယီအပေါ် အပစ်ပုံချလိုက်သည်။
"ခမည်းတော်က လောဘကြောင့် ရူးသွားပြီ" ရူဖန်သည် ခေါင်းမာသော ဧကရာဇ်ထိုက်အန်ကို မြင်သောအခါ အချိန်အကြာကြီး ထိန်းချုပ်ပြီးနောက် ပြောလိုက်သည်။
“ကိုးလေး ၊ ငါကို ရူးတယ်လို့ပဲပြောပြော ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ခဲ့တယ်"
“မင်းသားသုံးနဲ့ တခြားသူတွေက အသုံးမကျဘူး၊ ဒီပလ္လင်က အရည်အချင်းအရှိဆုံး မင်းကိုပဲ လွှဲပေးရတော့မယ်"
“ငါ အမှားလုပ်ခဲ့ရင်ကော ဘာဖြစ်လဲ။ သေရုံပဲလေ ငါက သေခြင်းတရားကို မကြောက်ဘူ"ဧကရာဇ်ထိုက်အန်သည် အသက်နှင့် သေခြင်းကို စိတ်ထဲမှ ထုတ်ပယ်ထားခဲ့သည်။
ဧကရာဇ်သည် လီကျန့်ယီကို ကြည့်ကာ “သခင်လေးလီ၊ ကျုပ်က ကျုပ်ရဲ့ဆရာက မြောက်ပိုင်းလီကို တကယ် စွန့်ခွာသွားပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက ခင်ဗျားကို အရံအစီအစဉ်အဖြစ် ထားခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး” ဟု ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ကျွန်တော်က ဆရာလီရဲ့ အရံအစီအစဉ် မဟုတ်ပါဘူး၊ ကျွန်တော်က ချင်ဝမ်မင်းသားကို လက်စားချေဖို့ လာခဲ့ရုံ သက်သက်ပါ"လီကျန့်ယီက အေးဆေးစွာ ပြောလိုက်သည်။
“ဟား...ဟား ချင်ဝမ်မင်းသားကို လက်စားချေဖို့ လာခဲ့တာ ဟုတ်လား"
ဧကရာဇ်ထိုက်အန်သည် အသံမထိန်းနိုင်ဘဲ ရယ်မောလိုက်ပြီး ချင်ဝမ်မင်းသား၏ အလောင်းကို ကြည့်လိုက်သည်။
“မင်းသားသုံး၊ မင်း မိုက်မဲတဲ့အရာ လုပ်ခဲ့တာပဲ၊ မင်းသာ ကျောင်းတော်ပြဿနာထဲမှာ မပါဝင်ခဲ့ရင်၊ ဓားနှလုံးဂူဗိမာန်ရဲ့ အမွေခံကို မနှောင့်ယှက်ခဲ့ဘူးဆိုရင်”
“မင်း ဧကရာဇ်ကို ပုန်ကန်မှု့မှာ အောင်မြင်ခဲ့လိမ့်မယ်၊ အဲ့လိုဆိုရင် မင်းက ဧကရာဇ်ဖြစ်လာလိမ့်မယ်”
“ကံမကောင်းလိုက်တာ၊ ဒါက သခင်လေးလီ ပြောတဲ့ အကျိုးဆက်တွေဖြစ်မယ်"
“မင်းသားသုံးက သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင် ဖျက်ဆီးခဲ့တာပဲ၊ပြီးတော့ ငါရဲ့ ဘဝကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်"
ဧကရာဇ်ထိုက်အန်သည် ချင်ဝမ်မင်းသား၏ အလောင်းကို ကြည့်ရင်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ထို့နောက် သူ၏ ရင်ဘတ်မှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ လီကျန့်ယီကို ကြည့်လိုက်ပြီး “ကျုပ်သာ သေဆုံးသွားရင် သခင်လေးလီက မြောက်ပိုင်းလီကို အခက်တွေ့အောင် မလုပ်တော့ဘူးလား။ ကျုပ် လုပ်ခဲ့တဲ့ အရာတွေကို ထပ်ပြီး မထုတ်ဖော်တော့ဘူး မဟုတ်လား” ဟု မေးလိုက်သည်။
“အမှန်ပဲ ”
လီကျန့်ယီ ခေါင်းညိတ်လိုက်သည်။။ဤအခြေအနေကို မြင်သောအခါ နန်းတွင်းအကြံပေး ချီထျန်ချန်သည် လျင်မြန်စွာပင် ပြောလိုက်သည်
“သခင်လေးလီက..ကျုပ်ကို ဧကရာဇ်ထိုက်အန်ကို မသတ်ဘူးလို့ ကတိပေးခဲ့တယ်”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က သူ့ကို ကိုယ်တိုင် မသတ်ခဲ့ပါဘူး။ သူက သူ့ဘာသာကိုယ် အဆုံးစီရင်တာပါ။ ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး” လီကျန့်ယီသည် နန်းတွင်းအကြံပေး ဆရာချီထျန်ချန်ကို ကြည့်ပြီးပြောလိုက်သည်။
ချီထျန်ချန်"...."
သခင်လေးလီက လက်နဲ့မသတ်လည်း ပါးစပ်နဲ့သတ်ခဲ့တာပါနော် ဟုတ်ပြီလား!!
“နဝမမင်းသား၊ငါကွယ်လွန်သွားရင် မြောက်ပိုင်းလီကို ကောင်းမွန်စွာ ဦးဆောင်ပြီး လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းပါ"
လီကျန့်ယီ၏ ကတိကို ရရှိပြီးနောက် ဧကရာဇ်ထိုက်အန်သည် ဓားမြှောင်ကို သူ၏ နှလုံးသားထဲသို့ အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ ထိုးစိုက်လိုက်သည်။ထို့နောက် ဧကရာဇ်ထိုက်အန်သည် ထိုက်အန်နန်းတော်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။
ဧကရာဇ်ထိုက်အန်၏ ခေတ်သည် ဤနေရာတွင် အဆုံးသတ်သွားခဲ့ပြီ။လှဲကျနေသော ဧကရာဇ်ထိုက်အန်ကို မြင်သောအခါ ရူဖန်သည် ဝမ်းနည်းပူဆွေးစွာ ပြေးသွားကာ ဧကရာဇ်၏ ရုပ်အလောင်းကို ပွေ့ဖက်ပြီး ငိုကြွေးကာ အော်ဟစ်နေသည်။
“ခမည်းတော်.. ဒီလို မလုပ်ခဲ့သင့်ဘူး”
“ခမည်းတော်သာ သာမန်နည်းလမ်းနဲ့ အိမ်ရှေ့စံကို ရွေးချယ်ခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး"
“ညီတော်၊ ဖြစ်ပြီးသွားတဲ့ ကိစ္စက ပြန်ပြင်လို့ မရတော့ဘူး။ ဒီအရာကို လက်ခံပြီး ရှေ့ဆက်သွားကြစို့၊အခုက မင်းရဲ့ အချိန်ရောက်ပြီ!အချိန်ရောက်ပြီ”
“မင်းမှာ မြောက်ပိုင်းလီရဲ့ တာဝန်ကြီးကို ထမ်းဆောင်ရမယ့် တာဝန်ကြီး ရှိနေသေးတယ်” ကျင်းကျူးဝမ်မင်းသားသည် ရင်ကွဲနာကျနေသော ရူဖန်ကို ကြည့်ကာ ရှေ့သို့ တက်လှမ်း၍ နှစ်သိမ့်ပေးသည်။
ဆရာတော်ကြီး ချီထျန်ချန်၊ ရဲရှောင်ရင်နှင့် အခြားသူများကလည်း “အရှင်မင်းကြီး၊ အခု အကျိုးဆက်တွေကို ဖြေရှင်းဖို့ အချိန်တန်ပြီ” ဟု အကြံပေးခဲ့ကြသည်။
“ဒါ့အပြင် ရှေ့တန်းကနေ တိုက်ပွဲသတင်းတွေ ရောက်လာပြီ၊တောင်ပိုင်းပဋိပက္ခ၊ မြောက်ပိုင်း ပေမန်နဲ့ တီယန်ဝူတွမ်တို့ကကျွန်တော်တို့ မြောက်ပိုင်းနယ်စပ်မှာ စစ်ပွဲတွေ စတင်နေပြီ”
“အခုက ရန်သူတွေကို အာရုံစိုက်ရမဲ့ အချိန်ဖြစ်ပါတယ်"
“ကောင်းပါပြီ”
ရူဖန်သည် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
ထိုအချိန်တွင် စောင့်ရှောက်သူ လေးဦးသည် နောက်ဆုံးတွင် ထိုက်အန်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။သို့သော် သူတို့ ရောက်ရှိလာချိန်တွင် အရာအားလုံးသည် အခြေကျသွားခဲ့ပြီ။ သူတို့ မြင်လိုက်ရသည်မှာ ချင်ဝမ်မင်းသား၊ ရွှေအဆင့်အစောင့်တပ်သား၊ ဧကရာဇ်ထိုက်အန်နှင့် မိန်းမစိုးအုပ် ကျို့ရှင်းတို့၏ ရုပ်အလောင်းများသာ ဖြစ်သည်။
“လန်ယာဝမ်မင်းသား၊ ကျွန်တော်တို့ အကူအညီ ပေးဖို့ လာတဲ့လမ်းမှာ ချင်ဝမ်မင်းသားရဲ့ နောက်လိုက်တွေနဲ့ ရွှေအဆင့်အစောင့်တပ်သား ထောင်ပေါင်းများစွာရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်၊ ဒါကြောင့် နောက်ကျခဲ့ရတာပါ” ကျီရူဖန်၊ စီခုန်းချန်းဖုန်းနှင့် အခြားသူများက သူတို့ နောက်ကျရသည့် အကြောင်းရင်းကို ရှင်းပြကြသည်။
အမှန်တကယ်တော့ လီကျန့်ယီ ရုတ်တရက် ပေါ်လာပြီး အရာအားလုံးကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ အဆုံးသတ်ခဲ့ခြင်း မဟုတ်ပါက၊ ရူဖန်နှင့် အခြားသူများသည်လည်း ထိုက်အန်နန်းတော်ရှေ့သို့ ရောက်ရှိရန် အင်အား စုစည်းနေချိန်သာ ရှိဦးမည်။ထို့ကြောင့် သူတို့ နောက်ကျတာမဟုတ်ပဲ တိုက်ပွဲကသာ အလွန်လွယ်ကူစွာနဲ့ ပြီးဆုံးခြင်းကြောင့်ဖြစ်သည်။
“ကျွန်တော် နားလည်ပါတယ်၊ ခင်ဗျားတို့ အားလုံးရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်” ရူဖန်သည် ခေါင်းညိတ်လိုက်သည်။
အခြားတစ်ဖက်တွင် ရိုးသားသူ လဲ့မုန့်ရှားသည်လည်း ရောက်ရှိလာခဲ့သည်။ အရာအားလုံး အခြေကျသွားသည်ကို မြင်သောအခါ သူသည် ရိုးသားသော လေသံဖြင့် “ကျွန်တော်တောင် မလှုပ်ရှားရသေးဘူး၊ချင်ဝမ်မင်းသားရဲ့ ပုန်ကန်မှုက ပြီးသွားပြီလား” ဟု ဝင့်ကြွားစွာမေးလိုက်သည်။