← Chapters

ဝမ်ညီလေး

Vol. 7 Ch. 70

ဝမ်ညီလေး

Vol. 7 Ch. 70

လဲ့မိသားစု အိမ်တော်တွင် ရှိနေစဉ်ကပင် လော့ရွမ်းသည် ဤကိစ္စကို စကားစပ်၍ပင် မပြောခဲ့ပေ။တကယ်လို့သာ လော့မိသားစုသာ ဝမ်ရီရှင်းစကားကို ယုံစားခဲ့ပါက သူအနေနဲ့လည်း ကောင်းကောင်းနေရမည်မဟုတ်တော့ပေ။ ယခုချိန်လောက်ဆို ပတ်ပြေးနေရမည့်လူဖြစ်လိမ့်မည်။

“အဲဒါက... ကျွန်တော် ပြောတာ မမှားဘူး‌လေ။ သခင်လေးလီကပဲ ကျွန်တော့်ကို စာလုံးတွေ ရှင်းပြပေးပြီး မိန်းမဗိုလ်လမ်းစဉ်ပေါ်ကို ပို့ဆောင်ပေးခဲ့တာလေ” ဝမ်ရိရှင်းက ခေါင်းမာစွာ ပြန်ထောက် ပြလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ဝမ်သခင်၊ ခင်ဗျားကို ဂိုဏ်းချုပ်ကြီး လုစုကျန်းတောင် မမှတ်မိတဲ့အထိ ကျွန်တော် ရိုက်နှက်မယ်” ဟု ပြောကာ လီကျန့်ယီသည် လက်သီးကို ဝှေ့ယမ်းလိုက်သည်။

သို့သော် ဝမ်ရိရှင်းသည်လည်း ထူးဆန်းသော လူတစ်ယောက် ဖြစ်ရာ ချက်ချင်းပင် အလျှော့ပေးကာ တောင်းပန်စကား ထပ်ပြောပြန်သည်။“သခင်လေးလီ၊ ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော်တို့ ခွဲခွာသွားပြီးရင် သခင်လေးလီက ကျွန်တော့်ရဲ့ မိန်းမဗိုလ် ဆရာပါလို့ ဘယ်သူ့ကိုမှ မပြောတော့ဘူးလို့ ကတိပေးပါတယ်ဗျာ"

“ဟွန်း.. ပြောတာမြန်လို့တာနော်” လီကျန့်ယီသည် သူ၏ လက်သီးကို ပြန်ရုပ်လိုက်သည်။ထို့နောက် သူက ဝမ်ရီရှင့်တို့၏လာရင်း ကိစ္စကိုမေးလိုက်သည်။

“ဝမ်သခင်၊ ခင်ဗျား ထျန်ချီမြို့ကို ခရီးလှည့်လည်ဖို့လာခဲ့တာလား”

“မဟုတ်ပါဘူး၊ ဆရာက ထျန်ချီမြို့မှာ အပြောင်းအလဲကြီး တစ်ခု ဖြစ်နေတယ်လို့ ပြောလို့ပါ။ ဧကရာဇ်ထိုက်အန် ကွယ်လွန်သွားပြီး လန်ယာဝမ်မင်းသား နန်းတက်လာတယ်လို့ ကြားရလို့ အခြေအနေကို စုံစမ်းဖို့ ဆရာက ကျွန်တော်တို့ကို လွှတ်လိုက်တာပါ” ဝမ်ရိရှင်းက အမှန်အတိုင်း ပြန်လည် ဖြေ‌ပေးသည်။

“အော်.. ဧကရာဇ်ထိုက်အန်က ရုတ်တရက် ကွယ်လွန်သွားပြီး လန်ယာဝမ်မင်းသားကလည်း ချက်ချင်း နန်းတက်ခဲ့တာဆိုတော့ ကျင့်ကြံသူ အဖွဲ့အစည်းတွေလည်း အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ထျန်ချီမြို့မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး စိတ်ဝင်စားနေကြတာ ဖြစ်မယ်”လီကျန့်ယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သခင်လေးလီက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သိနေတာလား” ဝမ်ရိရှင်းက နားမလည်စွာ မေးမြန်းလိုက်သည်။

“သိတာပေါ့၊ ဘာလို့လဲဆိုတော့ အဲဒါတွေ အားလုံးကို ကျွန်တော်စတင်ခဲ့တာမို့လို့ပဲ” လီကျန့်ယီသည် ဝမ်ရိရှင်းကို တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်သည်။

“ဖူ..... ဟားဟား"

“သခင်လေးလီ၊ နှောက်မနေပါနဲ့ဗျာ၊ ကျွန်တော်က တာအိုဝတ်စုံ ဝတ်ထားပေမဲ့ ရယ်ချင်တာကို အောင့်ထားနိုင်တဲ့လူ မဟုတ်ဘူး” ဝမ်ရိရှင်းသည် ဗိုက်ကို နှိပ်ကာ ရယ်သံကို အောင့်ထားရသည်။

ထျန်ချီမြို့တွင် သူ၏ ဆရာနှင့် အဆင့်တူသော ကျွမ်းကျင်သူ နှစ်ဦး အပါအဝင် မရေမတွက်နိုင်သော ပညာရှင်များ ရှိနေသည်ဖြစ်ရာ ဤအရာအားလုံး၏ နောက်ကွယ်တွင် လီကျန့်ယီ ရှိနေသည်ဆိုသည်ကို ဝမ်ရိရှင်းက မယုံနိုင်ပေ။

လီကျန့်ယီသည် မျက်လုံးမှေးကာ ဝမ်ရိရှင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး “ယုံချင်ယုံ မယုံချင်နေ၊ ကျွန်တော်ကတော့ ဓားကျင့်ဖို့ ဓားနှလုံးဂူဗိမာန်ကို ပြန်တော့မည်” ဟု ပြောလိုက်သည်။

လီကျန့်ယီသည် ဤထူးဆန်းသော တာအိုဆရာကို ရှင်းပြနေရန် ပျင်းရိနေသဖြင့် လီရှင်းယွဲ့ ဝယ်ပေးထားသော ပစ္စည်းများကို ယူကာ မာရာဏဓားကို ပခုံးတွင်ထမ်းလျက် ဓားနှလုံးဂူဗိမာန်သို့ တစ်ဦးတည်း ထွက်ခွာသွားသည်။

ဝမ်ရိရှင်းသည် လီကျန့်ယီ ထွက်ခွာသွားသော လမ်းကို ကြည့်ကာ လက်ဝှေ့ယမ်းလျက် “တကယ်လို့ ဒါတွေအားလုံးကို သခင်လေးလီ လုပ်ခဲ့တာသာ မှန်မယ်ဆိုရင်၊ ဒီနေ့ကစပြီး ကျွန်တော်ဟာ သခင်လေးလီရဲ့ ညီလေး ဖြစ်ပါရ‌စေ၊ သခင်လေးလီအတွက်ဆိုရင် မီးထဲဆင်းရ ဆင်းရ၊ ရေထဲဆင်းရ ဆင်းရ ဝန်မလေးပါဘူးဗျာ" ဟု အော်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဝမ်ညီလေး”

လီကျန့်ယီသည် လှည့်ကြည့်ကာ ပြန်ထူးလိုက်ပြီး ဓားနှလုံးဂူဗိမာန် ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ယုကျန်းသည် မျက်နှာကို လက်ဖြင့် အုပ်ကာ “စီနီယာ၊ ကတိတွေ လျှောက်မပေးစမ်းပါနဲ့။ အစ်ကို ပေးတဲ့ ကတိတွေက ဘယ်တုန်းကများ တကယ်မဖြစ်လာဘဲ နေဖူးလို့လဲ” ဟု သတိပေးလိုက်သည်။

“အာ... ဒီတစ်ခါတော့ တကယ် ဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး၊ထျန်ချီမြို့မှာ မိန်းမစိုးအုပ် ကျို့ရှင်းနဲ့ ဆရာတော်ကြီး ချီထျန်ချန်တို့ ရှိနေတာ လေ”

“သခင်လေးလီက တော်တယ်ဆိုပေမဲ့ ဧကရာဇ်ထိုက်အန် ကွယ်လွန်တာက သူနဲ့ ပတ်သက်နေမယ်လို့ အစ်ကိုတော့ မယုံနိုင်ဘူး” ဝမ်ရိရှင်းက ဇွတ်တရိုး ပြောလိုက်သည်။

“ဟင်း... အဲဒီအတိုင်းပဲ ဖြစ်ပါစေလို့ အစ်ကိုကို ဆုတောင်း‌ပေးပါတယ်” ကျောက်ယုကျန်းသည် သူ၏ စီနီယာအပေါ်တွင် လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားရချေပြီ။ တောင်ပေါ်မှ ပထမဆုံးအကြိမ် ဆင်းလာသည့် ခရီးတွင် ဤစီနီယာသည် လောကကြီး၏ ကြမ်းတမ်းမှုကို လက်တွေ့ သင်ကြားပေးနေသကဲ့သို့ ခံစားနေရသည်။

သူတို့သည် ဖမ်းဆီး နှိပ်စက်ခံရခြင်း (သို့မဟုတ်) နေရာအနှံ့ လိုက်လံ အမဲလိုက်ခြင်းများကိုသာ ကြုံတွေ့နေရသည်။ နောက်တစ်ခါ တောင်ပေါ်က ဆင်းရင် တစ်ယောက်တည်းပဲ သွားဖို့ ဆုံးဖြတ်ထားလိုက်သည်။စီနီယာတစ်ယောက်ကို ခေါ်သွားရတာ တကယ်ကို ခက်ခဲလွန်းသည်။ဒါက လောကကြီးကို ခရီးလှည့်လည်တာ မဟုတ်ဘဲ လမ်းတစ်လျှောက်လုံး အရိုက်ခံနေရတဲ့ အရှုံးသမား ဖြစ်နေတာနှင့် တူနေ၏။

...

သုံးရက်အကြာတွင် ဓားနှလုံးကျောက်ဆောင်။

လီကျန့်ယီသည် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး သူ၏ အရှိန်မှာ ဓားလောကတွင် ပြိုင်ဘက်ကင်းသကဲ့သို့ပင်။

“ယီယီ၊ နောက်ဆုံးထုတ် မနက်ခင်း သတင်းစာ ရောက်လာပြီ”

လီဆူးဝမ်သည် သတင်းစာကို ယူဆောင်ကာ ဓားနှလုံးကျောက်ဆောင်ပေါ်သို့ တက်လာခဲ့သည်။

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော့်ကို ပေးပါဦး”

လီကျန့်ယီသည် သူ၏ သစ်သားဓားကို ဝမ်းသာစွာ သိမ်းဆည်းလိုက်ပြီး လီဆူးဝမ်ထံသို့ လျှောက်သွားခဲ့သည်။ လီကျန့်ယီသည် သတင်းစာကို ယူကာ အသေအချာ ဖတ်ရှုသည်။

လီကျန့်ယီ အာရုံစိုက် ဖတ်ရှုနေသည်ကို မြင်သောအခါ လီဆူးဝမ်သည် အချိန်တွေ ကုန်ဆုံးတာ အလွန်မြန်နေသည်ဟု ခံစားနေရသည်။ယခင်ကအသက် နှစ်နှစ်သားသာ ရှိသော ကလေးငယ်သည် ယခုအခါ အသက် ၁၃ နှစ် နီးပါး ရှိနေပြီဖြစ်ကာ သူ၏ ခွန်အားမှာ မိမိထက်ပင် သာလွန်နေချေပြီ။ သူသည် ထျန်ချီမြို့တွင်ပင် မုန်တိုင်းတစ်ခုကို တစ်ကိုယ်တည်း ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။ဓားနှလုံးဂူဗိမာန်၏ ထွန်းတောက်လာမှု့ကို သူ ကြိုတင် မြင်တွေ့နေရသကဲ့သိုပင်ဖြစ် နေသည်။

မိမိ၏ တပည့်ဖြစ်သူသည် ဓားကျင့်ရသည်ကိုသာ နှစ်သက်သဖြင့် လူမှု့ဆက်ဆံရေး အလွန်နည်းပါးနေသည်ဟု ထင်မြင်ခဲ့မိသည်။သို့‌ ပေမဲ့ ယခုအချိန်တွင် သူအနေနှင့် စိတ်ပူစရာမလိုတော့ပေ။

“ယီယီ၊ ဟန်ယီ ပြောသွားတာကို မှတ်မိသေးလား၊ ဘာမှ လုပ်စရာ မရှိရင် ဟန်ယီ ရှိတဲ့နေရာကို သွားပြီး လည်ပတ်လို့ ရပါတယ်၊ ဓားနှလုံးဂူဗိမာန်ထဲမှာပဲ အမြဲတမ်း ဓားကျင့်မနေပါနဲ့”

“လောကကြီးထဲကို သွားပြီး ခရီးလှည့်လည်သင့်တယ်” ဟု လီဆူးဝမ်က လီကျန့်ယီကို အလေးအနက် ပြောလိုက်ပါသည်။

“ဟုတ်ကဲ့၊ တစ်နှစ် ကတိပြည့်ရင် ဟန်ယီဆီကို သွားတွေ့ပါ့မယ်”

“အခုချိန်မှာ သူမ လောကထဲကို ခြေဆန့်ဖို့က စောလွန်းပါသေးတယ်။ ဟန်ယီ လောကထဲကို ဆင်းတဲ့အခါမှပဲ ကျွန်တော် သူမနဲ့အတူ လိုက်သွားပြီး အချင်းချင်း စောင့်ရှောက်ပါမယ်” လီကျန့်ယီက သတင်းစာဖတ်ရင်း ပြန်လည် ဖြေလိုက်သည်။

“အဲဒါလည်း ဟုတ်တာပဲ၊ ဟန်ယီက တစ်နေ့ကျရင် လောကထဲကို ဆင်းမှာပဲ။ အဲဒီအချိန်ကျရင် မြေးပါ အတူလိုက်သွားပေး။ ဒါဆိုရင် အဖိုးတို့လည်း ဟန်ယီအတွက် စိတ်ပူနေစရာ မလိုတော့ဘူးပေါ့” လီဆူးဝမ်သည် ထိုစကားကို သဘောကျသွားသဖြင့် လီကျန့်ယီအား ခရီးထွက်ရန် ထပ်မံ တိုက်တွန်းခြင်း မပြုတော့ပေ။

“ကဲ... အဖိုးကတော့ ဓားသွားသွန်းလုပ်တော့မယ်၊မြေးကတော့ ဆက်ပြီး ဖတ်နေဦးပေါ့၊ ယီယီ” လီဆူးဝမ်သည် သတင်းစာ ပေးပြီးနောက် လီကျန့်ယီ၏ အနာဂတ် ဇနီးသည်အတွက် ငွေစုရန် ကြိုးစားပမ်းစား အလုပ်လုပ်ရန် ထွက်သွားလေသည်။ လီကျန့်ယီအတွက် ဇနီးစရိတ်ကို သူအရမ်းအလေးထားမှန်း သိသာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ လီကျန့်ယီသည် တစ်စုံတစ်ခု ပြောရန် တုံ့ဆိုင်းနေမိသည်။တကယ်တော့ ဇနီးသည်အတွက် ငွေစုနေရန် မလိုပါဘူး။ အရာအားလုံးက ဆရာအပေါ်မှာပဲမူတည်နေ သည့်ဟုပင်။သူတို့နှစ်ပေါင်းကြာသည်အထိ နေလာပြီးနောက်မှာတော့ သူတို့ဟာ မြေး၊အဖိုးဟုသာ ခေါ်ကြတော့သည်။သူတို့ကြာ သံယောဇဉ်က သားသမီးသွေးကဲ့သို့ပင် ပျစ်နေပြီဖြစ်သောကြောင့်ပင်။

“ဟင်း... အဖိုး၊ ပန်းအားလုံး နန်းရင်ပြင်ကို လာရောက်တဲ့ အချိန်က သိပ်မဝေးတော့ပါဘူး။ မကြာခင်မှာ အဖိုး စုထားတဲ့ တင်တောင်းပစ္စည်းတွေ အားလုံးဟာ အဖိုးရဲ့ မြေးမလေးအတွက် ဖြစ်သွားမယ်ဆိုတာ သိလာပါလိမ့်မယ်” လီကျန့်ယီက သတင်းစာကို ကိုင်ကာ လီဆူးဝမ် ထွက်သွားသော ဘက်သို့ ကြည့်လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

ဟန်ဟီက တစ်လောလုံးမှာ နာမည်ကျော်ကြားဖို့ အချိန်ကသိပ်မကြာ တော့ဟု သူခံစားနေမိသည် ။ ထို အချိန်ရောက်လျှင် သူ၏ ဆရာသည်လည်း အရာအားလုံးကို သိသွားပေလိမ့်မည်။

All Chapters