← Chapters

ဂိုဏ်းအသီးသီးက ဂူဗိမာန်ကိုရောက်လာခြင်း

Vol. 8 Ch. 71

ဂိုဏ်းအသီးသီးက ဂူဗိမာန်ကိုရောက်လာခြင်း

Vol. 8 Ch. 71

ရွှေလမြို့တော်ရှိ မြို့စားမင်း၏ အိမ်တော်အတွင်း၌ ဟန်ယီသည် အလွန်လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနောက်တွင် ရိုသေစွာရပ်နေသည်။ သူတို့၏ဘေးတွင်မူ ခေါင်းပင်မဖော်နိုင်လောက်အောင် အရိုက်ခံထားရသည့် လီချန်းရှန် ရှိနေသည်။ လီကျန့်ယီ ပြောခဲ့သကဲ့သို့ပင် ဤလောကတွင် လီချန်းရှန်ကို ထိန်းချုပ်နိုင် သောသူဟူ၍ ရှေ့တွင်ရှိနေသည့် အနီရောင်ဝတ်စုံနှင့် အလှပဂေး လော့ရွှေ တစ်ဦးတည်းသာ ရှိပေမည်။

"လော့ရွှေ...ငါပြောတာ တကယ်ပါ၊ တစ်သက်လုံး မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာပါ"လီချန်းရှန်က အလွန်ရိုးသားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သို့သော် ထိုအမျိုးသမီးကမူ သူကို စိုက်ကြည့်လျက်

"ရှင် ကျွန်မကို လိမ်မနေနဲ့" ဟု ပြန်ပိတ်‌ပြောလိုက်၏။

ထို့နောက် အတွေးထဲ၌ နစ်မျောနေသော ဟန်ယီကို ကြည့်ကာမေးလိုက်သည်။

"ဟန်ယီ... ဘာတွေ တွေးနေတာလဲ၊ ဘာလို့ ခဏခဏ ငေးနေရတာလဲ"

လော့ရွှေ၏ အမေးစကား‌ကြောင့် ဟန်ယီက သတိပြန်ဝင်လာပြီး "ဆရာကတော်၊ကျွန်မ..ယီယီအကြောင်းကို စဉ်းစားနေတာပါ" ဟု ပြန်ပြောသည်။

လော့ရွှေသည် ရွှေလမြို့တော်၌ ရှိနေသော်လည်း ကိုယ်ပိုင် သတင်းကွန်ရက် ရှိသူဖြစ်ရာ မကြာသေးမီက ထျန်ချီမြို့တွင် ဆူပူလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဓားနှလုံးဂူဗိမာန်မှ လီကျန့်ယီအကြောင်းကို သိရှိထားပြီး ဖြစ်၏။ အထူးသဖြင့် လွန်ခဲ့သော သုံးရက်အတွင်းက တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည့် သတင်းများမှာ လီကျန့်ယီနှင့် သက်ဆိုင်နေသည်။

ဧကရာဇ် ထိုက်အန် ကွယ်လွန်ခြင်း၊ လန်ယာဝမ်မင်းသား ထီးနန်းတက်နိုင်ခြင်း၊ တိုင်ပင်ခံအမတ် လဲ့မုန့်ရှား ထွက်ပေါ်လာခြင်းနှင့် မိန်းမစိုးအုပ် ကျို့ရှင်း၏ သေဆုံးခြင်းတို့သည် လီကျန့်ယီကြောင့်သာ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် လော့ရွှေသည်လည်း ထိုလူငယ်အပေါ် အလွန်စိတ်ဝင်စားနေမိ၏။

"ယီယီက တကယ်ကို အံ့သြဖို့ကောင်းတာ၊ သူက ဓားပညာကို အရမ်းမြန်မြန် သင်နိုင်တယ်၊ လေဆင်နှာမောင်းတွေ ဖြစ်ပေါ်လာတဲ့အထိ ဓားကိုလည်း မြန်မြန်ဝှေ့ယမ်းနိုင်တယ်" ဟန်ယီက လော့ရွှေကို အလေးအနက် ပြောပြသည်။

လော့ရွှေက ဓားပညာဖြင့် လေဆင်နှာမောင်း ဖန်တီးနိုင်သည် ဟူသော စကားကို မယုံကြည်နိုင်ဘဲ ရှိနေစဉ် လီချန်းရှန်က လက်တွေ့ပြသရန် လော့ရွှေ၏ ခါးတွင်ချိတ်ထားသောဓားကို ဆွဲယူလိုက်ပြီး လီကျန့်ယီ၏ ဓားဝှေ့ယမ်းပုံကို အတုယူကာ အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ အိမ်ဝင်းအတွင်း လေပြင်းများ တိုက်ခတ်လာပြီး လော့ရွှေ၏ အနီရောင်ဂါဝန်များပင် လေထဲသို့ ပင့်တက်သွားတော့သည်။

လီချန်းရှန်က ရယ်မောလျက် ပြောသည်။"ဟဲဟဲ... တခြားဟာတွေ ခဏထားဦး၊ အဲဒီကောင်လေးရဲ့ လေလိုမြန်တဲ့ ဓားဝှေ့ယမ်းပုံကတော့ တကယ် ချီးကျူးဖို့ကောင်းတယ်"

လော့ရွှေမှာမူ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ "အခုချက်ချင်း ရပ်စမ်း၊ ရှင် သေချင်နေတာလား" ဟု ဒေါသတကြီး အော်ဟစ်လိုက်ပါတော့သည်။

"ဒီလို အရှက်မရှိတဲ့အဖိုးကြီး" လော့ရွှေက ဆဲဆိုပြီးနောက် ခဏမျှ စဉ်းစားကာ "အခု ဓားနှလုံးဂူဗိမာန်က သခင်လေးလီကြောင့် လောကတစ်ခုလုံး လှုပ်ခတ်နေပြီ၊ တခြားဂိုဏ်းတွေလည်း အဲဒီကို သွားကြလိမ့်မယ်၊ ငါတို့ ရွှေလမြို့တော်ကလည်း သွားသင့်သလား" ဟု မေးလိုက်၏။

လီဟန်ယီက ဝမ်းသာအားရဖြင့် ချက်ချင်းခေါင်းညိတ်ကာ သူမ၏ သဘောထားကိုပြောလိုက်သည်။

"သွားမယ် ဆရာကတော်..ကျွန်မသွားချင်တယ်"

လော့ရွှေက ရွှေလမြို့တော်ကို လောကအလယ်တွင် အလွယ်တကူ မပြသလိုသဖြင့် တွန့်ဆုတ်နေမိသည်။

သို့သော် လီချန်းရှန်က "စဉ်းစားမနေနဲ့တော့၊ ရွှေလမြို့တော်က တစ်နေ့မှာ တစ်လောကလုံးမှာ နာမည်ကြီးတဲ့နေရာ ဖြစ်လာမှာပဲကို" ဟုပြောလိုက်သည်။

နောက်ဆုံးတွင် ဟန်ယီ၏ ချော့မော့မှု့ကြောင့် လော့ရွှေက သဘောတူလိုက်ပြီး "ကောင်းပြီ... ဟန်ယီလေး‌အတွက် သွားကြတာပေါ့" ဟု ပြောကာ ခရီးစတင်ရန် ပြင်ဆင်ကြတော့သည်။ ပိုင်လီတုန်းကျွင်းကိုမူ ကျီးရှားကျောင်းတော်၌သာ ကျင့်ကြံရန် ထားရစ်ခဲ့ကြသည်။

.....

နှစ်ရက်ခန့် ကြာပြီးနောက်.

ဓားနှလုံးဂူဗိမာန်၌ လီကျန့်ယီသည် တစ်ဦးတည်း ဓားကျင့်နေစဉ် ဗိမာန်သခင် လီဆူးဝမ် အလောတကြီးအသံဖြင့် ရောက်လာသည်။

"ယီယီ... ဓားကျင့်တာ ခဏရပ်ဦး၊ နေရာအနှံ့မှာရှိတဲ့ ဂိုဏ်းအသီးသီးက လူတွေ ငါတို့ဆီကို ရောက်လာကြပြီ" ဟု ဝမ်းသာအားရ ပြောနေသည်။သူဒီလိုနေ့ကို စောင့်မျှော်ရတာ ကြာပြီဖြစ်သည်။

လီဆူးဝမ်သည် မိမိတို့ ဂူဗိမာန်မှ နတ်ဓားရှင်တစ်ဦး ထွက်ပေါ်လာသဖြင့် ဂုဏ်ယူမဆုံး ဖြစ်နေရ၏။ လီကျန့်ယီကမူ ဧည့်သည်များကို ဆရာဖြစ်သူသာ ဧည့်ခံရန် ပြောသော်လည်း လီဆူးဝမ်က လက်မခံဘဲ "မင်းက အဓိကဇာတ်ဆောင်ပဲ၊ မင်းမပါလို့ ဘယ်ဖြစ်မလဲ" ဟု ဆိုကာ အဝတ်အစားသစ်များ လဲလှယ်စေခဲ့သည်။

လီကျန့်ယီသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ရာ ဧည့်သည်တွေကို လက်ခံကြိုဆိုဖို့ဖြစ်သွားရသည်။သူက ဂူဗိမာန်အပြင်ဘက်သို့ ထွက်လာသောအခါ ဂိုဏ်းအသီးသီးမှ လူများက လာရောက်နှုတ်ဆက်ကြ၏။

ပထမဆုံး ရောက်ရှိလာသူမှာ လော့မိသားစုမှ လော့ယန်လုဖြစ်သည်။ သူမသည် လီကျန့်ယီကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ ဂါရဝပြုလိုက်၏။

လီကျန့်ယီသည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ ဝမ်ရိရှင်းကို ကျိန်ဆဲနေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရိရှင်းသာ ပြဿနာမရှာခဲ့လျှင် လော့မိသားစုသည် ယခုကဲ့သို့ စောစောစီးစီး ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

All Chapters