← Chapters

လီကျန့်ယီနဲ့ပြန်ဆုံပြီ

Vol. 8 Ch. 73

လီကျန့်ယီနဲ့ပြန်ဆုံပြီ

Vol. 8 Ch. 73

ဓားမျှော်စင်အတွင်းတွင် နေရာအရပ်ရပ်မှ မိတ်ဆွေများက နေရာယူထားကြပြီး ဖြစ်၏။ အဓိကဇာတ်ဆောင်ဖြစ်သူ လီကျန့်ယီ ရောက်ရှိလာသည်ကို မြင်သောအခါ အားလုံးက ထရပ်၍ နှုတ်ဆက်ကြသည်။ အနာဂတ်တွင် ထိပ်တန်းအင်အားစု ဖြစ်လာမည့်သူနှင့် မိတ်ဆွေဖွဲ့ခြင်းသည် သူတို့အတွက် အကျိုးရှိစေရုံသာမက အရှုံးမရှိနိုင်သောကြောင့် သူတို့အားလုံး လီကျန့်ယီနှင့်မိတ်ဖွဲ့ချင်ကြသည်။

"သခင်လေးလီက တကယ်ကို အလားအလာရှိတဲ့ လူငယ်ပဲ၊ပါရမီတွေနဲ့ ပြည့်လျှံနေတာ" ဟု တစ်ဦးက ချီးကျူးရာ လီကျန့်ယီက "အားလုံးကို ကျေးဇူးတင်ပါတယ်၊ စားသောက်ပွဲကို ပျော်ပျော်ပါးပါး သုံးဆောင်ကြပါ" ဟု အနည်းငယ် ဦးညွှတ်လျက် ပြန်လည်ပြောလိုက်သည်။

သူသည် ထိုသို့သော မြှောက်ပင့်မှုများကို စိတ်ထဲမထားသည့် အပြင် အနည်းငယ်ပင် စိတ်မသက်မသာ ဖြစ်မိ၏။ အချို့က သူကို စစ်မှန်စွာ လေးစားကြသော်လည်း အများစုမှာမူ သူ၏ အစွမ်းထက်မှုကြောင့်သာ လာရောက်ကပ်ဖားနေကြခြင်း ဖြစ်ကြောင်း သူ သိရှိထားပေသည်။

လီကျန့်ယီသည် လီဟန်ယီကို ခေါ်ဆောင်ကာ လီဆူးဝမ် ရှိရာ အဓိက စားပွဲဝိုင်းသို့ သွားရောက်ထိုင်လိုက်သည်။ ထိုစားပွဲဝိုင်းတွင် ဝမ်ဟူကျူး၊ လဲ့ကျင့်၊ ကျီရူဖန် စသည့် ဓားနှလုံးဂူဗိမာန်နှင့် ရင်းနှီးသူများသာ ရှိသည်။

"အဖိုး... မြေးပြန်လာပြီ" လီဟန်ယီက လီဆူးဝမ်ထံသို့ ပျော်ရွှင်စွာ ပြေးသွားလေသည်။ လီဆူးဝမ်ကလည်း မြေးမလေးကို မြင်သောအခါ အံ့အားသင့်လျက် "ဟန်ယီ... မင်းက ဆရာလီဆီမှာ ဓားပညာသင်နေတာ မဟုတ်လား၊ ဘာလို့ ပြန်လာတာလဲ" ဟု မေးမြန်းလိုက်၏။

ဟန်ယီလေးက ရှင်းပြရန် ပြင်စဉ် နန်းကုန်းချွမ်းရွှေက ကြားဖြတ်၍ "ကျွန်တော်တို့ရဲ့ စီနီယာ အစ်ကိုကြီးက ဟန်ယီကို ခေါ်လာခိုင်းလို့ပါ" ဟု ပြောလိုက်သည်။

"ဆရာလီရဲ့ ဂျူနီယာလား" လီဆူးဝမ်က အံ့သြသွားပြီး အားလုံး၏ အကြည့်များမှာ နန်ကုန်းချွမ်းရွှေထံသို့ ကျရောက်သွားပါ တော့သည်။ အဘယ်ကြောင့်ဆိုသော် ဆရာလီ၏ ဂျူနီယာညီလေး ဟူသော ဘွဲ့မှာ နောက်ပြောင်စရာ မဟုတ်ဘဲ အစွမ်းထက်သူတစ်ဦး ဖြစ်ရမည်ဟု လူတိုင်းက ထင်မှတ်ထားကြသောကြောင့် ဖြစ်၏။

"ဟုတ်ပါတယ်" နန်ကုန်းချွမ်းရွှေက ပြုံးလျက် ပြောလိုက်သည်။ ထိုအခါ ကျင့်ကြံသူများက ဆရာလီ ယခုအခါ မည်သည့်နေရာတွင် ရှိနေသနည်းဟု စူးစမ်းကြရာ "သူကတော့ လောကကြီးကို လှည့်လည်ကြည့်ရှုဖို့ ခရီးထွက်သွားပါပြီ" ဟု နန်းကုန်းချွမ်းရွှေက အကြောင်းပြချက်တစ်ခု ပေးကာ ဖယ်ရှားလိုက်သည်။

"‌အို...ဆရာလီက အတော်လွတ်လပ်နေတာပဲ" အားလုံးကအားကျစွာပြောလိုက်သည်။လောကအနှံ့လည်ပတ် ခြင်းဆိုသည့်အရာက အရမ်းခက်ခဲ‌သည်။သူတို့လည်း သွားခြင်ပေမဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးပေ။

ထိုစဉ် ဘေးတွင် ရပ်နေသော အလှပဂေး လော့ရွှေက "ဟုတ်ပါတယ်... သူက အရမ်းကို လွတ်လပ်လွန်းနေတာပေါ့" ဟု ခနဲ့သော လေသံဖြင့် ပြောလိုက်၏။ ဆရာလီကို ထိုသို့သောလေသံနှင့်ပြောရဲသောကြောင့် လူအများက သူမကိုသိချင်သွားကြသည်။

သူမ၏ အမည်ကို မေးမြန်းကြသောအခါ လော့ရွှေက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကျွန်မက ရွှေလမြို့တော်ရဲ့ မြို့စားမင်း လော့ရွှေပါ" သို့သော် ရွှေလမြို့တော်ဟူသော အမည်ကို မည်သူမျှ မကြားဖူးကြသဖြင့် လော့ရွှေမှာ အနည်းငယ် အထင်သေးခံလိုက်ရ၏။

"ကျွန်မတို့ ရွှေလမြို့တော်က ဘယ်သူထက်မှ အစွမ်းမနိမ့်ပါဘူး" ဟု လော့ရွှေက ယုံကြည်ချက်ရှိရှိ ပြောသော်လည်း လူအများကမူ သူမကို ဂရုမစိုက်ကြတော့ဘဲ နန်ကုန်းချွမ်းရွှေ နှင့် လီကျန့်ယီတို့ကိုသာ ဝိုင်းဝန်း အရက်တိုက်ကြသည်။

လော့ရွှေသည် ထိုသို့ အပယ်ခံရသဖြင့် စိတ်ထဲတွင် "တစ်နေ့မှာတော့ ရွှေလမြို့တော်ကို လောကမှာ နံပါတ်တစ် အင်အားစု ဖြစ်စေရမယ်" ဟု ခိုင်မာစွာ ဆုံးဖြတ်လိုက်၏။

စားပွဲဝိုင်းတွင် ဟန်ယီသည် လီကျန့်ယီအား ကြက်ပေါင်များ ထည့်ပေးလျက် ဂရုတစိုက် ကျွေးနေသည်ကို လော့ရွှေ မြင်သောအခါ အံ့အားသင့်သွားသည်။

"ယီယီ... ကြက်ပေါင်တွေ အများကြီး စားနော်၊ ကြီးလာရင် အဖိုးရဲ့ ဂူဗိမာန်ကို မင်းပဲ စောင့်ရှောက်ရမှာ" ဟုလီဟန်ယီလေးက လေးနက်စွာပြော၏။

လော့ရွှေက ဟန်ယီလေးကို ကြည့်ကာ "ဟန်ယီ... သမီးရော မစားဘူးလား၊ သမီးက ကြီးထွားနေတဲ့ အရွယ်လေ" ဟု မေးရာ

"ဟန်ယီက ဗိုက်မဆာပါဘူး" ဟုဟန်ယီလေးက ပြုံးလျက် ပြန်ဖြေသည်။

လော့ရွှေက တစ်ခုခုနားလည်သွားသကဲ့သို့ ဟန်ယီကို ပြုံးတုံ့တုံ့ဖြင့် "သမီးက သခင်လေးလီကို သဘောကျနေတာ မဟုတ်လား" ဟု မေးလိုက်၏။

ထိုသို့ ကြားသောအခါ ဟန်ယီလေးက ရှက်သွေးဖြာလျက် စိတ်ပျက်စွာပင် ပြန်ပြောလိုက်သည် ။

"မဟုတ်ပါဘူး... ယီယီမှာ သူနှစ်သက်တဲ့သူ ရှိပြီးသားပါ၊ သူက ဟန်ယီလို မိန်းကလေးမျိုးကို ကြိုက်မှာ မဟုတ်ဘူး"

"သူက ဘယ်လို မိန်းကလေးမျိုးကို ကြိုက်လို့လဲ" လော့ရွှေက စူးစမ်းရာ ဟန်ယီလေးက သူမ၏ နားနားသို့ ကပ်ပြီး "ဆရာကတော်.. ကျွန်မ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ သူက မိန်းမဆိုးတွေကို ကြိုက်တာ၊ အိမ်က ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ဖြုန်းတီးပစ်မယ့် မိန်းမမျိုးကို သူက ပိုသဘောကျတာ" ဟု တိုးတိုးလေး ပြောပြလိုက်သည်။

လော့ရွှေမှာ ထိုစကားကို ကြားသောအခါ မျက်လုံးအစုံ ဝိုင်းသွားပြီး "မိန်းမဆိုးကို ကြိုက်တာလား၊သခင်လေးလီရဲ့ အကြိုက်ကတော့ တကယ်ကို..." ဟု ပြောရင်း ပါရမီရှင်များ၏ အတွေးအခေါ်မှာ သာမန်လူများနှင့် မည်မျှ ကွာခြားကြောင်းကိုသာ တွေးတောနေမိ၏။

All Chapters