Chapters

တန်လျန်ယွဲ့

Vol. 8 Ch. 78

တန်လျန်ယွဲ့

Vol. 8 Ch. 78

နောက်တစ်နေ့တွင် ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိနေကြသော လော့ရွှေ၊ ဝမ်ဟူကျူး၊ ဝမ်ရိရှင်းနှင့် အပေါင်းအပါများသည် မိမိတို့၏ဂိုဏ်း ရှိရာသို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။

ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်တွင် လီဟန်ယီသည် နန်းကုန်းချွမ်းရွှေနှင့် လော့ရွှေတို့၏ ဘေးမှ လိုက်ပါရင်း လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို လက်ပြကာ နှုတ်ဆက်နေ၏။ "အဖိုး... သွားပြီနော်၊ နောက်တစ်ခါကျရင် ပြန်လာလည်ပါ့မယ်" ဟန်ယီက လက်ကလေးယမ်းကာ ပြောလိုက်ရာ လီကျန့်ယီနှင့် လီဆူးဝမ်တို့ကလည်း ခေါင်းပြန်ငြိမ့်ပြလိုက်သည်။

မကြာမီပင် ထိုလူစုသည် လီကျန့်ယီတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။ ထို့နောက် လီဆူးဝမ်နှင့် လီကျန့်ယီတို့သည် ဂူဗိမာန်အတွင်းသို့ ပြန်ဝင်သွားကြ၏။

လီကျန့်ယီသည် သုံးနာရီခန့် ဓားလေ့ကျင့်ပြီးနောက် မွန်းလွဲပိုင်းတွင် လီရှင်းယွဲ့ ပြန်လည်ရောက်ရှိလာသည်။ သူမနှင့်အတူ ထျန်ချီမြို့၏ အစောင့်အရှောက် လေးဦးအနက် တစ်ဦးဖြစ်သော ရွှေလိပ်အစောင့်အရှောက် တန်လျန်ယွဲ့လည်း ပါလာခဲ့သည်။

တန်လျန်ယွဲ့သည် လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို ကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။ "သခင်လေးလီ၊အကြီးအကဲလီ... ကျွန်တော် တောင်းပန်ဖို့ ရောက်လာတာပါ" တန်ဂိုဏ်းမှ ပြုလုပ်ခဲ့သော အမှားများအတွက် သူက ကြားဝင်ဖြေရှင်းပေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော် လီကျန့်ယီက "ကျွန်တော့်ရဲ့ ဓားနှလုံးဂူဗိမာန်က တန်သခင်လေးအပေါ် ဘာရန်ငြိုးမှ မရှိပါဘူး။ ဘာလို့ တောင်းပန်တာလဲ" ဟု မသိနားမလည်ဟန်ဖြင့် မေးမြန်းလိုက်သည်။တန်လျန်ယွဲ့က ချင်းကျိူးတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည်သတိပေးသော်လည်း လီကျန့်ယီက "ချင်းကျိူးကိစ္စက တန်ဂိုဏ်းချုပ်ကြီးနဲ့ပဲ ဆိုင်တာပါ။ တန်သခင်လေးနဲ့ မဆိုင်ပါဘူး" ဟု ပြတ်သားစွာ ပြောလိုက်၏။

တန်လျန်ယွဲ့သည် တန်ဂိုဏ်းသားတစ်ဦး ဖြစ်သည့်အတွက် မိမိတွင်လည်း တာဝန်ရှိကြောင်း ပြောကာ ခွင့်လွှတ်ပေးရန် အနူးအညွတ် တောင်းဆိုသည်။ သို့သော်လည်း အမှားပြုလုပ်ခဲ့သူကိုယ်တိုင် မလာဘဲ မျိုးဆက်သစ်တစ်ဦးကိုသာ လွှတ်၍ တောင်းပန်ခိုင်းခြင်းမှာ စိတ်ရင်းမပါကြောင်း ထင်ရှားနေပေသည်။

လီရှင်းယွဲ့သည်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တန်လျန်ယွဲ့ဘက်မှ ကူညီပြောပေးသော်လည်း လီဆူးဝမ်က "ရှင်းယွဲ့... တန်ဂိုဏ်းက ချင်းကျိူးမှာ ယီယီနဲ့ ဟန်ယီကို ဒုက္ခပေးခဲ့တာ။ အဲဒါတင်မကဘူး၊ ကျီရူဖန်ကိုပါ စော်ကားခဲ့တာလေ။ သူတို့ကို ဒီလောက် လွယ်လွယ်နဲ့ ဘယ်လို ခွင့်လွှတ်နိုင်ပါ့မလဲ" ဟု လေးနက်စွာ ပြောလိုက်၏။ လီရှင်းယွဲ့သည် သူမ၏ အဖေနှင့် တူဖြစ်သူတို့၏ သဘောထားကို နားလည်သွားသဖြင့် ထပ်မံ၍ တိုက်တွန်းခြင်း မပြုတော့ပေ။

သူမသည် တန်လျန်ယွဲ့ကို ကြည့်ကာ "ရွှေလိပ်အစောင့်အရှောက်... ဓားနှလုံးဂူဗိမာန်နဲ့ တန်ဂိုဏ်းကြားက ရန်ငြိုးတွေ ပြေလည်ချင်ရင်တော့ တန်ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လာတောင်းပန်မှ ဖြစ်ပါလိမ့်မယ်" ဟု အကြံပြုလိုက်ရာ တန်လျန်ယွဲ့သည်လည်း လေးလံသော စိတ်နှလုံးဖြင့် ထွက်ခွာသွားတော့သည်။

တန်လျန်ယွဲ့ ထွက်သွားပြီးနောက် လီရှင်းယွဲ့သည် လီကျန့်ယီအား ဟန်ယီအကြောင်းကို မေးမြန်းသည်။ လီကျန့်ယီက ဟန်ယီတို့မှာ ရွှေလမြို့တော်သို့ ပြန်သွားပြီဖြစ်ကြောင်း ပြန်ပြောပြ၏။

ထို့နောက် လီရှင်းယွဲ့က ပြုံးလျက် စနောက်လိုက်သည်။ "ယီယီ... ဓားကို သေချာလေ့ကျင့်နော်၊ ဟန်ယီက မင်းကို ကျော်တက်သွားရင်တော့ မင်းအတွက် ဒုက္ခပဲ။ သူက မင်းကို မိန်းမကောင်းတွေပဲ ကြိုက်လာအောင် ဓားနဲ့ဆုံးမမယ်လို့ ကြွေးကြော်သွားတာလေ"

လီကျန့်ယီသည် သူ့ရှေ့တွင်ရှိသော အနာဂတ် ယောက္ခမလောင်း အား လိမ္မာစွာ ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်ကဲ့ပါ အဒေါ်လီ... ကျွန်တော် ကြိုးစားပါ့မယ်" ဟု ပြန်လည် ပြောကြားလိုက်သည်။ ထို့နောက် သားအဖနှစ်ဦး စကားပြောနိုင်ရန်အတွက် "အဒေါ်လီ၊အဖိုး ကျွန်တော် ဓားနှလုံးကျောက်ဆောင်မှာ ဓားသွားလေ့ကျင့်လိုက်ဦးမယ်" ဟု နှုတ်ဆက်ကာ တစ်ဦးတည်း ထွက်ခွာလာလိုက်သည်။