Chapters

ရွဲ့ယောင်က အလည်လာခြင်း

Vol. 8 Ch. 79

ရွဲ့ယောင်က အလည်လာခြင်း

Vol. 8 Ch. 79

တန်ဂိုဏ်း၏ ခြံဝင်းကြီးအတွင်းသို့ တန်လျန်ယွဲ့ ပြန်လည်ရောက်ရှိလာချိန်တွင် တန်ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲများက စောင့်ကြိုနေကြသည်။ တန်ဂိုဏ်းချုပ်ကြီးသည် ဆေးတံကို တစ်ချက်ဖွာလိုက်ရင်း မေးလိုက်သည်။ "လျန်ယွဲ့... ဓားနှလုံးဂူဗိမာန်ကို သွားတာ အခြေအနေဘယ်လိုလဲ"

တန်လျန်ယွဲ့က ခေတ္တစဉ်းစားပြီးနောက် "ဂိုဏ်းချုပ်.. အကြီးအကဲလီနဲ့ သခင်လေးလီတို့က ဂိုဏ်းချုပ်ကိုယ်တိုင်လာပြီး တောင်းပန်မှ စိတ်ရင်းမှန်တယ်လို့ သတ်မှတ်မယ်လို့ ပြောပါတယ်" ဟု ရိုသေစွာအကြောင်းပြန်လိုက်သည်။

ထိုအခါ ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုတ်ကာ မကျေမနပ်ပြောလိုက်သည်။ "ငါ့ကို ကိုယ်တိုင်သွားခိုင်းတာလား၊ ငါနဲ့ မျိုးဆက်တူတွေလည်း မရှိတော့ဘဲနဲ့ ငါက လူငယ်လေးတစ်ယောက်ကို သွားတောင်းပန်ရမယ်ပေါ့လေ"

တန်လျန်ယွဲ့က ဓားနှလုံးဂူဗိမာန်သည် ယခုအခါ '‌ ရွှေလမြို့တော်' အပါအဝင် အခြားသော အင်အားကြီးဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့ထားပြီဖြစ်ကြောင်း သတိပေးလိုက်သောအခါတွင်မူ သူ အလေးအနက် စဉ်းစားရတော့သည်။

အထူးသဖြင့် ရွှေလမြို့တော်၏ မြို့တော်သခင်မှာ ကျောင်းတော်မှ ဆရာလီ၏ ဇနီးဖြစ်နေခြင်းက သူကို ပို၍ စိုးရိမ်စေ၏။ အနာဂတ်တွင် ကျင့်ကြံခြင်းလောကနံပါတ်တစ်မြို့တော် ဖြစ်လာမည့်သူများနှင့် ရန်သူဖြစ်နေခြင်းမှာ တန်ဂိုဏ်းအတွက် မည်သို့မျှ မကောင်းနိုင်ပေ။

ထို့ကြောင့် ဂိုဏ်းချုပ်ကြီးသည် သက်ပြင်းတစ်ချက်ချကာ အမိန့်ပေလိုက်သည်။ "သွားရမှာပေါ့... ကိုယ်လုပ်ခဲ့တဲ့ အမှားကို ကိုယ်တိုင်ပဲ ဖြေရှင်းရမှာပဲ။ ရထားလုံး ပြင်ဆင်လိုက်ကြ"

တစ်ဖက်တွင်လည်း လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်၌ ဓားပညာကို အားသွန်ခွန်စိုက် လေ့ကျင့်နေဆဲပင် ဖြစ်၏။ ထိုစဉ် ဂူဗိမာန်တပည့်တစ်ဦး ရောက်လာပြီး "သခင်လေး... အပြင်မှာ ရွဲ့ယောင် ဆိုတဲ့သူက သခင်လေးကိုတွေ့ချင်လို့တဲ့ခင်ဗျာ" ဟု လာရောက် သတင်းပို့သည်။

လီကျန့်ယီသည် ယောက်ျားလေးဝတ်စုံ ဝတ်ဆင်ထားသော ရွဲ့ယောင်ကို သွားရောက်တွေ့ဆုံရာ သူမက ရွှေလမြို့တော်သို့ သွားရာမြေပုံကို တောင်းဆိုလာသည်။လီကျန့်ယီသည် ဘာမျှမပြောဘဲ မြေပုံကို ပေးလိုက်သောအခါ ရွဲ့ယောင်က ထူးဆန်းသောမျက်နှာထားဖြင့်ပြောလိုက်သည်။ "ရှင်က.. ဒီလောက်လွယ်လွယ်နဲ့ ပေးလိုက်တာလား။ မြေပုံအတုကြီးနဲ့ ကျွန်မကို ပြည့်တန်ဆာအိမ်မှာ သွားရောင်းမလို့တော့ မဟုတ်ပါဘူးနော်"

လီကျန့်ယီက "မယုံရင်လည်း ပြန်ပေးလေ" ပြောကာ လက်ကမ်းလိုက်သော်လည်း သူမက မြေပုံကို ရင်ဘတ်ထဲသို့ အမြန်ထိုးထည့်လိုက်၏။လီကျန့်ယီသည် သူမအား အထဲသို့ဖိတ်ကာ လက်ဖက်ရည်တိုက်ရန်ပင် မေ့လျော့လျက် "ကျွန်တော် ဓားသွားလေ့ကျင့်ဦးမယ်။ မိန်းကလေးရွဲ့ ကိုယ့်ဘာသာပဲ စိတ်ကြိုက်နားနေပါ" ဟု ပြောကာလှည့်ထွက်သွားလေသည်။ ရွဲ့ယောင်မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်ကာ ကျန်ရစ်ခဲ့ရ၏။

လီကျန့်ယီသည် သူမ၏ ရည်ရွယ်ချက်မှာ မွေးရာပါ ကျင့်ကြံခြင်းသွေးကြောပိုင်ရှင် ပိုင်လီတုန်းကျွင်းဖြစ်ကြောင်း သိသော်လည်း ရွှေလမြို့တော်မှာ သူမ ထင်သလို လုပ်နိုင်သည့်နေရာ မဟုတ်ကြောင်းသိထား သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ သူသည် ရွဲ့ယောင် ရွှေလမြို့တော်သို့ လာနေပြီဖြစ်ကြောင်းကို ကြိုတင်အသိပေးသည့် စာတစ်စောင်ကို ရေးသား၍ ပေးပို့လိုက်၏။