← Chapters

ဟန်ယီ၏ ခြိမ်းခြောက်မှု့

Vol. 9 Ch. 83

ဟန်ယီ၏ ခြိမ်းခြောက်မှု့

Vol. 9 Ch. 83

မြို့စားမင်း၏ အိမ်တော်အတွင်းတွင် လီဟန်ယီသည် အိမ်တော်အတွင်း၌ ဓားသိုင်းလေ့ကျင့်နေသလို ပိုင်လီတုန်းကျွင်းသည်လည်း ဓားသိုင်းကိုပင် လေ့ကျင့်နေသည်။ အဘယ်ကြောင့်ဆိုသော် လီဟန်ယီက ဓားသိုင်းလေ့ကျင့် လိုသည့်အခါ တပည့်နှစ်ဦးလုံးကို တစ်ချိန်တည်း သင်ကြားပေးခြင်းက ပိုမိုထိရောက်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်လီတုန်းကျွင်းသည် ဓားသိုင်းရော ဓားမကြီးသိုင်းကိုပါ သင်ယူနိုင်စွမ်းရှိသည်။

"ဟန်ယီ... ဆရာက ဘယ်သူ့ကို ခေါ်လာပေးတယ်ဆိုတာ မြန်မြန်ကြည့်လိုက်ဦး"

လီချန်းရှန်သည် သူ၏ရုပ်မှန်ကို ဖော်ပြပြီးနောက် လီကျန့်ယီနှင့် အခြားလူများကို မြို့စားအိမ်တော်အတွင်းသို့ ခေါ်ဆောင်လာသည်။

ထိုအချိန်တွင် လီဟန်ယီသည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားသော ဆံနွယ်နက်များကို စည်းနှောင်ထားကာ လျှပ်တစ်ပြက် အေးခဲရေငြိမ်ဓားသိုင်း၏ အနှစ်သာရကို နားလည်သဘောပေါက်ရန် ကြိုးစားရင်း ဓားသိုင်းကို လုံ့လစိုက်ထုတ်၍ လေ့ကျင့်နေသည်။

လီကျန့်ယီ လှမ်းကြည့်လိုက်သည့်အခါ အသက် ၁၄ နှစ်နီးပါး ရှိနေပြီဖြစ်သော လီဟန်ယီမှာ အရပ် ၅ ပေခန့် ရှိနေပြီဖြစ်ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း စတင်ဖွံ့ဖြိုးလာကာ အမျိုးသမီးငယ်လေးတစ်ဦး၏ အလှတရားများ စတင်ပေါ်ထွက်နေသည်ကို သတိပြုမိသည်။ သူမ အသက် ၁၈ နှစ်ပြည့်သည့်အခါတွင်မူ ပိုးအိမ်ထဲမှ ထွက်လာသော လိပ်ပြာလေးကဲ့သို့ စစ်မှန်သော အလှဘုရင်မလေး ဖြစ်လာပေတော့မည်။

"ယီယီ..."

လီချန်းရှန်၏ နောက်တွင် လိုက်ပါလာသော လီကျန့်ယီကို မြင်လိုက်ရသည့်အခါ လီဟန်ယီ၏ လှပသော မျက်နှာလေး ထက်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူမသည် 'မိုးစက်နာခံဓား' ကို ဓားအိမ်ထဲ ပြန်ထည့်ပြီးနောက် လီကျန့်ယီဆီသို့ ပြေးသွားကာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။

"ယီယီ... နင် ငါ့ကို လာတွေ့တာလား" လီဟန်ယီက လီကျန့်ယီ၏ ရင်ခွင်ထဲတွင် ခေါင်းလေးဝှက်ကာ အံ့အားသင့်စွာ မေးလိုက်သည်။

"ဒါပေါ့... ကတိပေးထားတယ်လေ"

"ငါသာ လာမတွေ့ရင် မင်းက ဓားသိုင်းတွေ တတ်သွားပြီး၊ ငါကို မင်းရဲ့ဓားနဲ့ အနိုင်ကျင့်ခိုင်းစေမှာပေါ့၊ အဲ့ဒီအခါကျရင် ငါက ဘယ်လိုလုပ်ရမလဲ" ဟု လီကျန့်ယီက ပြုံးလျက် ပြောလိုက်သည်။

"ဟွန့်.."

"နင်က ငါ့ကို တကယ်လာတွေ့တာ မဟုတ်ဘူးပေါ့"

"နင်က ငါ့ဓားကို ကြောက်လို့သာ လာတွေ့တာပဲ၊နင် ကို စကားမပြောတော့ဘူး"

လီဟန်ယီသည် စိတ်ကောက်ကာ လီကျန့်ယီကို တွန်းထုတ်လိုက်ပြီး လော့ရွှေရှိရာသို့ ဒေါသတကြီး လျှောက်သွားတော့သည်။

"ဆရာ့ကတော်... ကျွန်မတို့ဆီမှာ ယီယီကို မကြိုဆိုဘူးနော်၊ သူက လူဆိုးကြီး၊ သူက ကျွန်မကို စိတ်ရင်းနဲ့ လာတွေ့တာ မဟုတ်ဘူး" ဟု လီဟန်ယီက စတင်တိုင်‌ပြောသည်။

"ဟီးဟီး..သခင်လေးလီက ဟန်ယီကို စိတ်ရင်းနဲ့ လာတွေ့တာ မဟုတ်ဘူးဆိုတာ ဟုတ်လို့လား၊ သူက ချင်းတုန်းမြို့မှာ တစ်စုံတစ်ယောက် အကြိုက်ဆုံးဖြစ်တဲ့ သရက်ကိတ်ကိုတောင် အထူးတလည် ဝယ်လာပေးတာနော်"

"ယိုစုံတွေ၊ အစေ့အဆန်တွေနဲ့ တခြား အရသာရှိတဲ့ မုန့်တွေလည်း ပါသေးတယ်" လော့ရွှေသည် လီဟန်ယီ၏ ဆံနွယ်နက်ရှည်များကို သပ်ပေးရင်း စနောက်လိုက်သည်။

"ကျွန်မအတွက် လက်ဆောင်တွေ ယူလာပေးတာလား" လီဟန်ယီ၏ လှပသော မျက်လုံးလေးများသည် စူးစမ်းကြည့်ရှုလိုက်ရာ နောက်ဆုံးတွင် ဝမ်ဟူကျူး၏ လက်ထဲရှိ အရသာရှိသော မုန့်ထုပ်ကြီးကို တွေ့သွားသည်။ ထို့နောက်တွင်မူ သူမက မာနလေးဖြင့် "ကောင်းပြီလေ... ဒီတစ်ခါတော့ နင် ကို ခွင့်လွှတ်ပေးလိုက်မယ်" ဟု ပြော၏။

"ခွင့်လွှတ်မယ် ဟုတ်လား၊ ဟန်ယီ... မင်းပဲ ငါ့ကို မကြိုဆိုဘူးဆို၊ ဒါဆိုရင်တော့ ငါ ဓားနှလုံးဂူဗိမာန်ကိုပဲ ပြန်တော့မယ်"

လီကျန့်ယီသည် စိတ်ဆိုးချင်ယောင်ဆောင်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ ၎င်းကို မြင်သည့်အခါ လီဟန်ယီသည် သူကို အလွယ်တကူ အထွက်မခံနိုင်ပေ။

သူမသည် အမြန်ပြေးသွားကာ သူ၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး "ယီယီ... ဟန်ယီ မှားသွားပါတယ်၊ ယီယီက အကောင်းဆုံးဆိုတာ ဟန်ယီ သိပါတယ်၊ ဟန်ယီကို ထားမသွားပါနဲ့နော်၊ ဟုတ်ပြီလား" ဟုချိူသာစွာ ပြုံးလျက် ချွဲနွဲ့လိုက်သည်။

"ဟွန့်..မင်း ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မရဘူး၊ ငါ တကယ်ပြန်တော့မှာ"

လီကျန့်ယီသည် လီဟန်ယီ၏ လက်ထဲမှ သူ၏ လက်မောင်းကို ရုန်းထွက်လိုက်ပြီး ထွက်ခွာရန် ပြင်လေသည်။

"မရဘူး... မရဘူး၊ ဟန်ယီက တောင်းပန်ပြီးပြီလေ ယီယီရဲ့၊ ထားမသွားတော့နဲ့" လီဟန်ယီသည် လီကျန့်ယီ၏ လက်မောင်းကို ထပ်မံဖက်တွယ်ကာ ချွဲတေးတေး ဆိုပြန်သည်။

"ဟွန့်...တောင်းပန်တိုင်းသာရ နေရင် ဥပဒေတွေက ဘာလုပ်ဖို့လဲ" လီကျန့်ယီသည် အခွင့်အရေးရတုန်း ဆက်လက်၍ ထွက်ခွာရန် ကြိုးစားနေသည်။

ထိုသို့ကို မြင်သည့်အခါ လီကျန့်ယီက အလျှော့ပေးမည့်ပုံ မပေါ်တော့ကြောင်း လီဟန်ယီ သိသွားသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် 'မိုးစက်နာခံဓား' ကို ထုတ်ကာ လီကျန့်ယီ၏ လည်ပင်းတွင် ကပ်လိုက်ပြီး "ယီယီ...ငါ အကောင်းပြောတုန်း နားထောင်ရင် ပိုကောင်းလိမ့်မယ်နော်" ဟု အာဏာသံဖြင့် ခြိမ်းခြောက်လိုက်သည်။

ငါ့ကို ဓားထုတ်အောင် မတိုက်တွန်းပါနဲ့။

လီကျန့်ယီ : "....."

ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားမှာ လည်ပင်းတွင် ကပ်ထားသော ဓားကဲ့သို့ပင် အေးစက်သွားရသည်။ လည်ပင်းရှိ သွေးကြောများပင် ပိတ်ဆို့သွားသလို ခံစားနေရသည်။

"အင်း... ပါမပြန်တော့ဘူး"

လီကျန့်ယီသည် လိမ္မာစွာပင် နောက်လှည့်လိုက်ပြီး လီဟန်ယီ၏ လက်ကလေးက ဆွဲခေါ်ရာ မြို့စားအိမ်တော်အတွင်းရှိ ဧည့်ခန်းဆီသို့ လိုက်ပါသွားရတော့သည်။

လီချန်းရှန်နှင့် အခြားလူများသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်သွားသည်။ လီဟန်ယီသည် ဤမျှ အာဏာရှိလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်မှတ်ခဲ့ကြပေ။ လီဟန်ယီသည် အမြဲတမ်း လိမ္မာယဉ်ကျေးပြီး ချိုသာသော မိန်းကလေးတစ်ဦးဟုသာ သူတို့ ထင်ခဲ့ကြခြင်း ဖြစ်သည်။ ယခု မြင်တွေ့လိုက်ရသော လီဟန်ယီ၏ အရှိန်အဝါကြောင့် သူတို့ပင် အနည်းငယ် ချမ်းစိစိ ဖြစ်သွားကြသည်။

ပိုင်လီတုန်းကျွင်းသည်လည်း အံ့အားသင့်သွားပြီး “ဂျူနီယာညီမလေးက တကယ်ကို ကြောက်စရာကောင်းတာပဲ၊ တော်သေးတာပေါ့၊ ငါ သူမကို မစမိလို့" ဟု တိုးတိုးလေးရွေရွတ်လေသည်။

လဲ့မုန့်ရှား၏ သမီးမှာ မစသင့်သောသူပင် ဖြစ်သည်။

ဧည့်ခန်းထဲသို့ ရောက်ရှိသည့်အခါ လော့ရွှေက ပိုင်လီတုန်းကျွင်းအား လူတိုင်းအတွက် လက်ဖက်ရည် ငှဲ့ခိုင်းလိုက်သည်။ ထို့နောက် ပိုင်လီတုန်းကျွင်းသည် သူ၏ မိဘများရှိရာသို့ သွား၍ လူမှု့ရေးအရ နှုတ်ဆက်စကား‌ ပြောကြလေသည်။

လီဟန်ယီကမူ လီကျန့်ယီနှင့်အတူ ထိုင်နေသည်။ လီကျန့်ယီမှာ မျက်နှာဆူပုတ်နေသည်ကို မြင်သောအခါ လီဟန်ယီက ချိုမြိန်သော ယိုစုံတစ်လုံးကို ခွံ့ကျွေးလိုက်သည်။ သို့သော် လီကျန့်ယီမှာ ခေါင်းမာနေဆဲပင်။ စောစောက လည်ပင်းကို ဓားနှင့် ထောက်ခံရသည်ကို သူက မကျေနပ်နေခြင်း ဖြစ်သည်။ လီဟန်ယီ ခွံ့ကျွေးသော ယိုစုံကို စားရန် သူက ပါးစပ်ကို အတင်းပိတ်ထားလေသည်။

၎င်းကို မြင်သည့်အခါ လီဟန်ယီက မျက်မှောင်ကြုတ်လိုက်ပြီး "ယီယီ... ဒီယိုစုံက အရမ်းချိုတာနော်၊ ငါ ခွံ့ကျွေးတာကို မစားဘူးဆိုရင်တော့ ဒီယိုစုံကို 'မိုးစက်နာခံဓား' ပေါ်တင်ပြီး ဓားနဲ့ ခွံ့ကျွေးခိုင်းရလိမ့်မယ်"ဟု တင်းမာစွာ ပြောလိုက်ပြန်သည်။

လီကျန့်ယီ "....."

"အား---"

လီကျန့်ယီသည် ချက်ချင်းပင် ပါးစပ်ကို လိမ္မာစွာ ဟပေးလိုက်သည်။

"လိမ္မာလိုက်တာ"

လီကျန့်ယီ ပါးစပ်ဟလိုက်သည်နှင့် လီဟန်ယီက ယိုစုံကို အမြန်ခွံ့ကျွေးလိုက်ပြီး ချိုသာသော အပြုံးလေးဖြင့် "ယီယီ... ချိုရဲ့လား၊ အရသာရှိရဲ့လား" ဟု မျှော်လင့်တကြီး မေးလိုက်သည်။

"ချိုတယ်..."

"အရသာရှိတယ်..."

လီကျန့်ယီသည် ပါးစပ်ထဲမှ ချိုမြိန်သော ယိုစုံအရသာကို ခံစားနေစဉ် လီဟန်ယီ၏ လက်ကလေးက 'မိုးစက်နာခံဓား' ၏ ဓားအိမ်ကို သွားရောက် ထိတွေ့နေသည်ကို မြင်လိုက်ရသဖြင့် အမှန်အတိုင်းပင် ဖြေလိုက်ရသည်။

"အင်း.. ယီယီက တကယ် လိမ္မာတာပဲ"

လီဟန်ယီသည် လီကျန့်ယီကို အခြားမုန့်များကိုလည်း ပျော်ရွှင်စွာ ဆက်လက်ခွံ့ကျွေးနေသည်။ လော့ရွှေနှင့် အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ တဟားဟား ရယ်မောကြတော့သည်။

အထူးသဖြင့် ဝမ်ဟူကျူးသည် အကျယ်ကြီး ရယ်မောလိုက်ပြီး " ယောင်္ကျားလေးတစ်ယောက်က ကောင်းကင်နဲ့မြေကြီးက လွဲ့ပြီး ဘယ်သူကိုမှကြောက်စရာမလိုဘူးနော်၊ သခင်‌လေးလီက ဘယ်လိုလုပ်ပြီး တခြားသူရဲ့ လက်အောက်မှာ နှိမ့်ချပြီး နေထိုင်ရတာလဲ" ဟု ပြောလိုက်သည်။

"ဟုတ်လို့လား၊ ငါကတော့ ဟန်ယီလေးက တော်တော် ချစ်ဖို့ကောင်းတယ်လို့ ထင်တာပဲ" ဝမ်လော့ယွီက ပြုံးလျက် ဝမ်ဟူကျူးကို လှမ်းကြည့်လိုက်သည်။

ဝမ်ဟူကျူး "..."ကျုပ်စကားတွေကို ပြန်လည်ရုတ်သိမ်းပါတယ်။

"နှမလေး... ငါ့ လက်ဖက်ရည်ထဲ အဆိပ်ခတ်မထားဘူးမလား" ဝမ်ဟူကျူးသည် သူ ညီမ၏ အပြုံးကို မြင်လိုက်ရသည့်အခါ အနည်းငယ် တုန်ယင်စွာဖြင့် မေးလိုက်သည်။

"အစ်ကိုကြီးရယ်... ခန့်မှန်းကြည့်လေ" ဝမ်လော့ယွီက နှုတ်ခမ်းလေးကို စေ့လျက် ပြုံးပြလိုက်သည်။

ဝမ်ဟူကျူး : "..."

"ညီမလေး... ငါ့ညီမလေးရယ်၊ အားလုံးက ငါ့ အမှားတွေပါ၊ တကယ်တော့ သခင်လေးလီက ဟန်ယီလေးကို အလိုလိုက်တာပါ"

ဝမ်ဟူကျူးသည် ချက်ချင်းပင် စကားများကို ပြောင်းလိုက်တော့သည်။

"ဟုတ်လို့လား၊ ဒါပေမဲ့ ညီမက အစ်ကိုကို အဆိပ်မခတ်ထားပါဘူး" ဝမ်လော့ယွီသည် သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ပြီး သူမ၏သား ပိုင်လီတုန်းကျွင်းကို နောင်အနာဂတ်တွင် တစ်လောကလုံး နာမည်ကြီးလာစေရန် ရွှေလမြို့တော်တွင် ကြိုးစားအားထုတ်ရန် ဆုံးမသြဝါဒ ပေးတော့သည်။

တစ်ဖက်တွင်မူ အဆိပ်မပါကြောင်း ကြားလိုက်ရသည့်အခါ ဝမ်ဟူကျူး၏ ယောကျာ်းပီသသော အရှိန်အဝါများ ပြန်လည် ထွက်ပေါ်လာပြီး လီကျန့်ယီကို ဂုဏ်ယူစွာ ကြည့်လျက် "သခင်လေးလီ... တွေ့လား၊ ယောကျာ်းကောင်းတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လက်အောက်မှာ အလွယ်တကူ အရှုံးမပေးသင့်ဘူး" ဟု ပြောလိုက်ပြန်သည်။

"ဒါကြောင့် သခင်လေးလီ... မင်းက ဟန်ယီလေးကို အဲဒီလို အလိုလိုက်လို့ ဘယ်ဖြစ်မလဲ။ မင်းက..."ဝမ်ဟူကျူး စကားမဆုံးသေးမီမှာပင် သူ၏ ပါးစပ်ထဲတွင် ခါးသက်သော အရသာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး တဖြည်းဖြည်းနှင့် လည်ချောင်းများ ခြောက်ကပ်လာကာ စကားပင် မပြောနိုင်တော့ပေ။ သူသည် သူ၏တူကို ဆုံးမနေသော သူ၏ ညီမကောင်းလေးကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ "ညီမလေး... ညီမလေးက 'ဆန်းကြယ်နတ်ခရီးတစ်ဝက်' ရောက်နေတာလား..." ဟု အံ့ဩစွာအော်လိုက်တော့သည်။

All Chapters