← Chapters

ကလေး မွေးဖွားပြီ

Vol. 10 Ch. 92

ကလေး မွေးဖွားပြီ

Vol. 10 Ch. 92

"နောင်တမရမယ့် ဆုံးဖြတ်ချက်တစ်ခု"

လီဟန်ယီသည် ထိုစကားကို စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်နေမိ၏။ သို့သော်လည်း သူမ၏မိခင် ပြောဆိုနေသော 'မိန်းမဆိုး' ဆိုသည်မှာ သူမကိုယ်တိုင်ပင် ဖြစ်ကြောင်း ချက်ချင်းသတိရသွားလေသည်။

ယီယီကိုယ်တိုင်က ထိုသို့ပြောခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် 'မိန်းမဆိုး' သည်လည်း သူမဖြစ်သလို 'ဟန်ယီ' သည်လည်း သူမပင် ဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်ရွေးချယ်မှု့ကိုပင် ပြုလုပ်သည်ဖြစ်စေ သူမသည် ယီယီနှင့်အတူ ရှိနေရမည်သာ ဖြစ်၏။

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် လီဟန်ယီက ခဏမျှစဉ်းစားကာ "မေမေ... သမီးက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်" ဟု ပြန်လည်ဖြေကြားလိုက်သည်။

"ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ် ဟုတ်လား" လီရှင်းယွဲ့မှာ ကြောင်အသွား၏။ ဤသည်မှာ မည်သို့သော အဖြေမျိုးနည်း။

"ဟန်ယီ... သမီးစကားရဲ့ အဓိပ္ပာယ်က အမေနဲ့အဖိုးက သမီးကို ယီယီနဲ့ သဘောတူရင် သမီးက ယီယီနဲ့ နေမယ်ပေါ့။ တကယ်လို့ အမေတို့က ယီယီကို အဲ့ဒီမိန်းမဆိုးနဲ့ပဲ သဘောတူလိုက်ရင်တော့ သမီးက အဆင်ပြေတယ်လို့ ဆိုလိုတာလား" လီရှင်းယွဲ့သည် သူမသမီး၏ ရွေးချယ်မှုကို ယုံရခက်နေသည်။

လီဟန်ယီသည် လီကျန့်ယီကို အမှန်တကယ် နှစ်သက်နေသည်မှာ လူတိုင်းသိသော အချက်ဖြစ်၏။ သို့သော် လီဟန်ယီ၏ ယခုအဖြေမှာ သူမကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်နေပုံရသည်။

"ဟုတ်ကဲ့ပါ" လီဟန်ယီက ခေါင်းညိတ်လိုက်ကာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ အမေက အဖိုးနဲ့ ပြန်တိုင်ပင်ကြည့်ရဦးမယ်" လီရှင်းယွဲ့သည် တိကျသော အဖြေတစ်ခုကို ရရှိပြီးနောက် နားထင်ကိုပွတ်ကာ ခေါင်းခဲသွားရ၏။ ဟန်ယီ၏ အဖြေမှာ အလွန်ဝေဝါးလွန်းလှသဖြင့် အခြေအနေများမှာ ပို၍ ရှုပ်ထွေးသွားသည်ဟု သူမ ခံစားလိုက်ရသည်။ လီကျန့်ယီဘက်ကိုသာ အာရုံစိုက်ရတော့မည့်ပုံပင်။

........

လီကျန့်ယီက ဓားကို အားသွန်ခွန်စိုက် လေ့ကျင့်နေစဉ် လီဆူးဝမ်က သူ၏အနားသို့ ဖြည်းညင်းစွာ လျှောက်လာပြီး "ယီယီ... မင်း ဟန်ယီအပေါ် ဘယ်လိုထင်သလဲ" ဟု မေးမြန်းလိုက်၏။

"ဟန်ယီက အရမ်းကောင်းပါတယ်" ဓားလေ့ကျင့်နေသော လီကျန့်ယီက လှုပ်ရှားမှုကို ရပ်တန့်ကာ တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

"ကောင်းပြီလေ... အဲ့ဒါဆို မင်းပြောတဲ့ မိန်းမဆိုးနဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ" လီဆူးဝမ်က ထပ်မံမေးမြန်းပြန်သည်။

"နှစ်ယောက်လုံးက အရမ်းကောင်းကြတာချည်းပါပဲဗျာ" လီကျန့်ယီက အေးဆေးစွာ ပြောလိုက်၏။

"နှစ်ယောက်လုံးက ကောင်းတယ် ဟုတ်လား။ တကယ်လို့ တစ်ယောက်တည်းကိုပဲ ရွေးရမယ်ဆိုရင် မင်း ဘယ်သူ့ကို ရွေးမလဲ" လီဆူးဝမ်က ထပ်၍ မေးခွန်းထုတ်ပြန်သည်။

"ကျွန်တော်ကတော့ မိန်းမဆိုးကိုပဲ ရွေးမှာပါ" လီကျန့်ယီက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။

အဘယ်ကြောင့်ဆိုသော် 'မိန်းမဆိုး' ဟူသော ခေါင်းစဉ်အောက်တွင် လီဟန်ယီ၏ အတိတ်ရော၊ ပို၍ အရေးကြီးသော လီဟန်ယီ၏ အနာဂတ်ပါ ပါဝင်နေသောကြောင့်ပင်။ ထို့ကြောင့် လီဟန်ယီသည် အနာဂတ်တွင် သဘာဝကျကျ ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်လာမည် မဟုတ်ပါလား။

"အင်း... ငါ နားလည်ပါပြီ။ အဲဒါဆိုရင်တော့ မင်းရဲ့ အနာဂတ် အိမ်ထောင်ရေးအတွက် ဆရာက သေချာ စီစဉ်ပေးပါ့မယ်။ ဒါပေမဲ့ ယီယီ... မင်း အခု အရွယ်ရောက်လာပြီဆိုတော့ နောက်ဆို ဟန်ယီနဲ့ ပတ်သက်ရင် စည်းလေးဘာလေး ရှိဖို့ သတိထားရမယ်နော်"

"ဒီနေ့လိုမျိုး ဟန်ယီကို မင်းအပေါ် ထိုင်ခိုင်းတာမျိုး ထပ်မဖြစ်စေနဲ့တော့" လီဆူးဝမ်သည် လီကျန့်ယီ၏ ရွေးချယ်မှုကို လေးစားသော်လည်း သူ၏မြေးမလေး နစ်နာမည်ကို မလိုလားပေ။

"ဟုတ်ကဲ့" လီကျန့်ယီမှာ ခဏမျှ မှင်တက်သွားရ၏။ လီဆူးဝမ်၏ မေးခွန်းမှာ သူနှင့် မိန်းမဆိုး (သို့မဟုတ်) ဟန်ယီတို့၏ ဆက်ဆံရေးကို ခြားခိုင်းသကဲ့သို့ သူ ခံစားလိုက်ရသည်။ သို့သော်လည်း... လီဟန်ယီသာ ထိုမိန်းမဆိုး ဖြစ်နေလျှင် ဆရာက မည်သို့ တုံ့ပြန်မည်နည်း။

"ကဲ... အားလုံး ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းလည်း နားတော့" လီဆူးဝမ်သည် တိကျသော အဖြေကို ရရှိခဲ့သော်လည်း အနည်းငယ် စိတ်ပျက်နေမိသည်။ သူ ကြားချင်သော အဖြေမှာ 'ဟန်ယီ' ဖြစ်ပြီး 'မိန်းမဆိုး' မဟုတ်သောကြောင့်ပင်။

မိမိ၏ တပည့်နှင့် မြေးမလေးတို့ ပေါင်းဖက်ကြသည်မှာ မဆိုးလှသော်လည်း ယခုတော့ နှမြောစရာပင်။ ဖြစ်နိုင်သည်မှာ ဤသည်မှာ ယီယီနှင့် ထိုမိန်းမဆိုးတို့၏ ကံကြမ္မာ ဖြစ်ပေလိမ့်မည်။ သူတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြသော်လည်း လီဟန်ယီအနေဖြင့် ကြားဖြတ်ဝင်ရန် မလွယ်ကူချေ။

......

နောက်တစ်နေ့ နံနက်။

နေရောင်ခြည် အလင်းတန်းလေးများ စတင်ထွက်ပေါ်လာချိန်တွင် လီရှင်းယွဲ့၏ အခန်းအတွင်းမှ ပြင်းထန်သော အသက်ရှူသံများကို ကြားနေရသည်။

"မေမေ... မေမေ ဘာဖြစ်လို့လဲဟင်" လီရှင်းယွဲ့က ဗိုက်ကိုကိုင်ကာ မျက်နှာဖြူဖျော့နေသည်ကို မြင်သောအခါ လီဟန်ယီက စိုးရိမ်တကြီး မေးလိုက်၏။

"ဗိုက်ထဲက ရေမြွှာပေါက်သွားပြီ... အမေ မွေးတော့မယ် ထင်တယ်၊ ဟန်ယီ... အမြန်သွားပြီး အဖိုးကိုပြောလိုက်၊ လက်သည်ကို ခေါ်ခိုင်းလိုက်ဦး။ ငါတို့ ဂူဗိမာန်ထဲမှာ လက်သည်တွေ ရှိပါတယ်" လီရှင်းယွဲ့က ခုတင်ပေါ်တွင် သက်သောင့်သက်သာမရှိစွာ လဲလျောင်းရင်း‌ ပြောသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့"

လီဟန်ယီသည် တံခါးပြင်သို့ ချက်ချင်းပြေးထွက်သွားပြီး လီဆူးဝမ်ကို အမြန်ရှာဖွေလိုက်၏။ သမီးဖြစ်သူ မွေးဖွားတော့မည်ဟု ကြားသိရသောအခါ လီဆူးဝမ်သည် လက်သည်ကို ခေါ်ဆောင်၍ လီရှင်းယွဲ့၏ အခန်းသို့ ချက်ချင်း ရောက်ရှိလာတော့သည်။

သူနှင့် လီကျန့်ယီ၊ လီဟန်ယီတို့သည် တံခါးအပြင်ဘက်တွင် ရပ်စောင့်ရင်း အသက်သစ်တစ်ခု မွေးဖွားလာမှာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

၁၅ မိနစ်ခန့် ကြာပြီးနောက်... အခန်းထဲမှ ကလေးငယ်တစ်ဦး၏ အားရပါးရ ငိုကြွေးသံကို ကြားလိုက်ရပြီး လက်သည်က အနှီးဖြင့် ထုပ်ထားသော ကလေးငယ်ကို ပွေ့ချီလျက် ထွက်လာကာ "ဂုဏ်ယူပါတယ် သခင်ကြီးနဲ့ သခင်မလေးရှင့်... သားယောက်ျားလေး မွေးပါတယ်" ဟု ပြောလိုက်၏။

ထို့ပြင် လီသခင်မလေးမှာ ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်းနှင့် သိုင်းပညာ ကျင့်ကြံသူများမှာ သဘာဝအတိုင်း ကလေးမွေးဖွားရာတွင် အလွန်ချောမွေ့ ကြောင်းကိုလည်း ပြောပြပြီး စိတ်ပူစရာမရှိကြောင်းပြောပြသည်။

"သားလေး ဟုတ်လား... ငါ့ကို ပေးစမ်း" လီဆူးဝမ်က ကလေးငယ်ကို လှမ်းယူကာ သေချာကြည့်ရှုလိုက်၏။ ခဏမျှ ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ကာ "တူလိုက်တာ... တကယ့်ကို တူလွန်းတယ်" ဟု ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ လီကျန့်ယီနှင့် လီဟန်ယီတို့က ကလေးငယ်ကို လှမ်းကြည့်လိုက်ကြရာ လီဆူးဝမ် ပြောသကဲ့သို့ပင် ထိုကလေးငယ်မှာ လဲ့မုန့်ရှားနှင့် တစ်ပုံစံတည်း တူနေသည်ကို တွေ့လိုက်ရသည်။

ဝိုင်းစက်နေသော မျက်လုံးကြီးများမှာ ကြည်လင်နေသော်လည်း အနည်းငယ် တုံးအသည့်ပုံစံ ပေါက်နေ၏။ နူးညံ့သော မျက်နှာသွင်ပြင်မှာလည်း တစ်စုံတစ်ခုကို စူးစမ်းလိုဟန်ရှိသည်။

"ဟဲဟဲ... မောင်လေးက ဖေဖေနဲ့ တကယ်တူတာပဲ" လီဟန်ယီက ငိုသံတိတ်သွားသော သူမ၏မောင်လေးကို ကြည့်ကာ ပါးစပ်အုပ်၍ ရယ်လိုက်မိသည်။

"ဟုတ်ပဗျာ... ဆရာ ဘာလို့ မျက်မှောင်ကြုတ်လဲဆိုတာ အခုမှ သိတော့တယ်" လီကျန့်ယီကလည်း ထောက်ခံလိုက်၏။

"ကလေးကတော့ ကောင်းပါရဲ့၊ ဒါပေမဲ့ ငါ့သမီးနဲ့ မတူတာကတော့ နှမြောစရာပဲ" လီဆူးဝမ်က ဤသည်မှာ ကလေးငယ်၏ တစ်ခုတည်းသော အားနည်းချက်ဟု ခံစားနေရသည်။ ယောက္ခမတစ်ဦး၏ မျက်စိထဲတွင် လဲ့မုန့်ရှားမှာ အပြစ်ကင်းစင်သူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။

သမီးဖြစ်သူ ကလေးမွေးဖွားချိန်တွင်ပင် လဲ့မုန့်ရှားမှာ အနားမှာ ရှိမနေခဲ့ချေ။ ထို့ကြောင့် ဤကလေးမှာ လဲ့မုန့်ရှားကဲ့သို့ ဖြစ်လာမည်ကို သူ စိုးရိမ်နေမိသည်။ လီရှင်းယွဲ့သာ မျက်စိမကန်းခဲ့လျှင် လဲ့မုန့်ရှားကဲ့သို့ လူမျိုးကို မည်သို့ ရွေးချယ်ပါမည်နည်း။ သို့ဖြစ်ရာ ဤအဖိုးဖြစ်သူမှာ မြေးဖြစ်သူ၏ အနာဂတ်အတွက် အမှန်တကယ် စိုးရိမ်နေမိတော့သည်။

"သက်ပြင်းချရုံပဲ တတ်နိုင်တော့တယ်။ ငါ့မြေးကို အကောင်းဆုံး ပညာပေးပြီး အဲ့ဒီ နားမခံတတ်တဲ့ သမက်ရဲ့ စရိုက်တွေ ပါမလာအောင် လုပ်ရမယ်" လီဆူးဝမ်က သက်ပြင်းချလိုက်၏။

ထို့နောက် သူတို့သည် ကလေးငယ်ကို လီရှင်းယွဲ့၏ အခန်းထဲသို့ ခေါ်ဆောင်သွားကာ အားနည်းနေသော လီရှင်းယွဲ့ထံသို့ အပ်နှံလိုက်သည်။

"သမီး... ဒီကလေးက မင်းရဲ့ ယောင်္ကျားနဲ့ တူတယ်လို့ မထင်ဘူးလား" လီဆူးဝမ်က မေးလိုက်၏။

"တူပါတယ်..." လီရှင်းယွဲ့က သူမ၏ကလေးကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"တူတယ်ဆိုတာ သိရင် ပြီးတာပါပဲ။ ရှင်းယွဲ့...သမီး နောက်ဆိုရင် တော်တော်လေး ကြိုးစားရလိမ့်မယ်။ ငါ့မြေးကို သူ့ အဖေလို ဖြစ်မသွားစေနဲ့ဦး" လီဆူးဝမ်က မှာကြားလိုက်သည်။

"စိတ်ချပါ အဖေ... သမီးက ကလေးကို အကောင်းဆုံး သင်ကြားပေးပါ့မယ်" လီရှင်းယွဲ့က ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ ခင်ပွန်းကို သတိရနေမိကာ ကလေးမွေးဖွားချိန်တွင် သူ ရှိနေစေချင်မိသည်။

ကံကောင်းထောက်မစွာဖြင့် လဲ့မုန့်ရှားတွင် အသိစိတ် ရှိနေသေးသည်။ ပိုင်ရှောင်တန်ထံမှ ဇနီးဖြစ်သူ ကလေးမွေးတော့မည့် သတင်းကို ကြားသိရပြီးနောက် သူသည် နန်ကျူးဒေသမှ ဓားနှလုံးဂူဗိမာန်သို့ အပြေးအလွှား ပြန်လာခဲ့သည်။

ယခုအခါ သူသည် ဂူဗိမာန်၏ တံခါးဝသို့ ရောက်ရှိလာပြီ ဖြစ်၏။ ထို့နောက် လီရှင်းယွဲ့၏ အခန်းသို့ အမြန်ဆုံး ရောက်ရှိလာတော့သည်။

"ရှင်းယွဲ့... ကိုယ် ပြန်လာပြီ"

လဲ့မုန့်ရှားသည် အခန်းထဲသို့ ပြေးဝင်လာကာ ခုတင်ပေါ်တွင် ကလေးကို ပွေ့ချီထားသော လီရှင်းယွဲ့ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေသည်။

"အင်း... ပြန်လာတာ ကောင်းတယ်။ ကလေးကို နာမည်ပေးလိုက်ဦးလေ" လီရှင်းယွဲ့သည် လဲ့မုန့်ရှားကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွား၏။ သူ အချိန်မီ ပြန်လာနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ကောင်းပြီ၊ ငါ့သားအတွက် ခမ်းနားထည်ဝါပြီး စွမ်းအားကြီးမားတဲ့ နာမည်တစ်ခုကို အားလုံး ဝိုင်းစဉ်းစားကြတာပေါ့"

လဲ့မုန့်ရှားက လီကျန့်ယီ၊ လီဆူးဝမ်နှင့် ကျန်ရှိသူများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက် ပြောလိုက်၏။

All Chapters