← Chapters

ရွှေလမြို့တော်အတွက်

Vol. 10 Ch. 94

ရွှေလမြို့တော်အတွက်

Vol. 10 Ch. 94

ထိုမိန်းကလေးသည် ပန်းတစ်ပွင့်ကဲ့သို့ လှပသော်လည်း သူမ၏ ဓားသိုင်းပညာမှာမူ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထူးချွန်ပြောင် မြောက်သည်။ သူမသည် ဓားကို တစ်ချက်ဝှေ့ယမ်းတိုင်း အသက်ရှူသံကို ထိန်းထားပြီး ဓားသည် သူမ၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားနေသကဲ့သို့ ဖြစ်နေ၏။

ပြီးပြည့်စုံသော စိတ်တည်ငြိမ်အေးချမ်းသည့် နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် ဓားအပေါ် နားလည်သဘောပေါက်မှု့ မှာလည်း သိသိသာသာ တိုးတက်လာသည်။

မူလက လီဟန်ယီသည် '‌အေးခဲ ရေငြိမ်ဓားသိုင်း' ၏ ပထမအဆင့်ဖြစ်သော "တောင်သည် တောင်ဖြစ်၍ ရေသည် ရေဖြစ်သည်" ဟူသော အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရုံသာ ရှိသေးသော်လည်း၊ ယခုမူ ဒုတိယအဆင့်၏ အစပျိုးခြင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

သူမ၏ စိတ်အခြေအနေနှင့် ကျင့်စဉ်အပေါ် နားလည်မှု မြင့်မားလာသည်နှင့်အမျှ လီဟန်ယီ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အတားအဆီးများ ပွင့်ထွက်သွားပြီး 'မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်' အလယ်အလတ်မှ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူမသည် 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

"ငါ... ငါ မြေကမ္ဘာလွတ်မြောက်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ" လီဟန်ယီက ထူးဆန်းသော အခြေအနေမှ နိုးထလာကာ မိမိကိုယ်မိမိ အံ့ဩစွာ ကြည့်ရင်း ရေရွတ်လေသည်။

"ဟုတ်တယ်၊ အကြီးအကဲလီ သင်ပေးထားတဲ့ 'အေးခဲ ရေငြိမ်ဓားသိုင်း'ရဲ့ အခြေခံကို နင် တကယ်သဘောပေါက်သွားပြီ" လီကျန့်ယီက တိုးတက်သွားသော လီဟန်ယီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"လာစမ်းပါ... ငါတို့ အကွက်အနည်းငယ်လောက် ဖလှယ်ကြည့်ရအောင်" ဟု ကျင့်စဉ်အဆင့် တက်သွားသော လီဟန်ယီက လီကျန့်ယီကို စိန်ခေါ်ရန် မစောင့်နိုင်တော့ပေ။

"ကောင်းပြီလေ" လီကျန့်ယီက သစ်သားဓားကို တစ်ဖက်တွင် ကိုင်ထားရင်း "ဟန်ယီ... မင်း အရင် စတင်လိုက်ပါ" ဟု ပြောလိုက်သည်။

"ဒါက နင်‌ ပြောတာနော်" လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ဆီးနှင်းများကဲ့သို့ အေးစက်သွားပြီး လက်ထဲရှိ 'မိုးစက်နာခံဓား' သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် လီကျန့်ယီထံသို့ ဦးတည်လိုက်သည်။

သို့သော် သူမ၏ဓားသည် လီကျန့်ယီ၏ ခန္ဓာကိုယ်အနားသို့ ရောက်သောအခါ လီကျန့်ယီမှာ မလှုပ်မယှက် ရပ်နေသော်လည်း သူ၏ သစ်သားဓားကမူ လီဟန်ယီ၏ ရင်ဘတ်ဆီသို့ အရင်ဦးဆုံး ဦးတည်ထားပြီး ဖြစ်နေ၏။

"အရမ်းမြန်တာပဲ..."

လီဟန်ယီက သူမ၏ ရင်ဘတ်နားရှိ သစ်သားဓားကို ငေးကြည့်ရင်း "ဒါဟာ နတ်ဓားရှင်တစ်ယောက်ရဲ့ စွမ်းအားလား" ဟု တွေဝေစွာ ရေရွတ်မိသည်။ ထို့နောက် "ဟွန့်... တစ်နေ့ကျရင် ငါလည်း နတ်ဓားရှင် ဖြစ်လာမှာပါ" ဟု စိတ်ပျက်စွာ ပြောလိုက်၏။

"ဆက်ပြီး စမ်းကြည့်ချင်သေးလား" လီကျန့်ယီက ပြုံးလျက် မေးလိုက်သည်။

"ယီယီ... ငါ့ကို အအထင်မသေးနော်၊ ငါက နင် နှိပ်စက်တာကို ခံနေမယ်လို့ ထင်နေတာလား" လီဟန်ယီက ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ မာနကြီးစွာဖြင့် ထွက်ခွာသွားတော့သည်။

"ဟန်ယီ... ဘယ်ကို သွားမလို့လဲ" လီကျန့်ယီက မိန်းကလေး၏ နောက်မှ လိုက်သွား၏။

"ဓားနှလုံးကျောက်ဆောင်ကို သွားပြီး ဓားသိုင်းကျင့်မလို့လေ၊ ငါ ကျွမ်းကျင်သွားတဲ့အခါ နင် ပေးထားတဲ့ အရှက်ရမှုတွေကို ပြန်ပြီး ကလဲ့စားချေမယ်" လီဟန်ယီက ဓားနှလုံးကျောက်ဆောင်ဆီသို့ ဦးတည်ရင်း ပြောလိုက်သည်။

"အရင်က အရှက်ရမှု့တွေဆိုတာ ဘာကို ပြောတာလဲ" လီကျန့်ယီက နားမလည်နိုင်သဖြင့် မေးလိုက်၏။

လီဟန်ယီက ရုတ်တရက် သူမ၏ဓားကို ထုတ်ကာ လီကျန့်ယီ၏ လည်ပင်းနှင့် တစ်လက်မအကွာသို့ ချိန်ရွယ်လိုက်ပြီး "ဒါကို ကလဲ့စားချေတာလို့ ခေါ်တယ်" ဟု ပြောသည်။ လီကျန့်ယီက မျက်တောင်တခတ်ခတ်ဖြင့် "ဟန်ယီ... ငါ နင့်ကို အရှက်ခွဲတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါ့ကို ဓားနဲ့ ချိန်ရတာလဲ" ဟု မေးရာ သူမက "ငါ သဘောကျလို့ဟဲ့" ဟု ပြုံးပြီး ပြန်ပြောလေသည်။

"ငါလည်း သဘောကျတယ်" ဟု လီကျန့်ယီက ပြုံးလျက် သံယောင်လိုက်၏။

"နင်က ဘာကို သဘောကျတာလဲ"

လီဟန်ယီသည် လီကျန့်ယီ၏ စကားထဲတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု ခံစားမိပြီး သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။ ဓားနှလုံးကျောက်ဆောင်သို့ သွားနေသည့် သူမ၏ ခြေလှမ်းများပင် တုံ့ဆိုင်းသွားပြီး တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့ နှေးသွားသည်။

"သေချာတာပေါ့... မင်း ဓားသိုင်းကျွမ်းကျင်လာလို့ ငါ့ ကို လာစိန်ခေါ်တဲ့အခါ မင်းကို အပြတ်အသတ် အနိုင်ယူရတာကို ငါ သဘောကျတာပေါ့" ဟု လီကျန့်ယီက နောက်ပြောင်လိုက်၏။

"အား..."

"ယီယီ... နင် တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်" လီဟန်ယီသည် ဒေါသတကြီး ခြေဆောင့်ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။ သူမသည် လီကျန့်ယီက သူမကို ချစ်စကားပြောမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ သူမကို အရှက်ခွဲရုံသာ ဖြစ်နေသည်။

သူမသည် လီကျန့်ယီ မေ့မရနိုင်သော 'မိန်းမဆိုး' မှာ မိမိကိုယ်တိုင်ဖြစ်ကြောင်း သိနေသော်လည်း၊ လီကျန့်ယီ၏ နှုတ်မှ တိုက်ရိုက်ပြောသော 'ချစ်တယ်' ဆိုသည့် စကားကို မကြားရခြင်းမှာ သူမအတွက် မမေ့နိုင်သော နောင်တတစ်ခု ဖြစ်နေရသည်။

"တကယ့်ကို ဆွဲဆောင်မှု ရှိလာတာပဲ" လီကျန့်ယီက ထွက်ခွာသွားသော လီဟန်ယီကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ဓားနှလုံးကျောက်ဆောင်သို့ ရောက်သောအခါ လီဟန်ယီသည် သူမ၏ မျှော်လင့်ချက်ပျက်သုဉ်းမှုများကို ခွန်အားအဖြစ် ပြောင်းလဲကာ ဓားသိုင်းကို အစွမ်းကုန် ကျင့်ကြံနေတော့သည်။

သူမ၏ ဓားတစ်ချက်ချင်းစီမှာ လီကျန့်ယီကို ထိုးနှက်နေသကဲ့သို့ ပြင်းထန်လှ၏။တစ်ချိန်တည်းမှာပင် သူမသည် မဖြေရှင်းနိုင်သော မေးခွန်းတစ်ခုကိုလည်း စဉ်းစားနေမိသည်။ သူမသည် 'မိန်းမဆိုး' မဟုတ်ပါဘဲလျက် လီကျန့်ယီက ဘာကြောင့် သူမကို 'မိန်းမဆိုး' ဟု ခေါ်နေရသနည်း။

ထို့ပြင် လီကျန့်ယီသည် သူ 'မိန်းမဆိုး' များကို နှစ်သက်ကြောင်း လူအများရှေ့တွင် အကြိမ်ကြိမ် ပြောဖူးပေသည်။ အကယ်၍ သူမသာ 'မိန်းမဆိုး' အစစ်အမှန် ဖြစ်ခဲ့လျှင် လီကျန့်ယီသည် သူမကို အကြိမ်ပေါင်းများစွာ ချစ်စကားပြောခဲ့ပြီးဟု ဆိုလိုတာမလား။

"ဟွန့်... ငါကတော့ ဘယ်တော့မှ အသုံးအဖြုန်းကြီးတဲ့ မိန်းမဆိုး ဖြစ်လာမှာ မဟုတ်ဘူး"

သူမသည် လီကျန့်ယီ၏ စိတ်ကြိုက်ဖြစ်အောင် မိမိကိုယ်မိမိ ပြောင်းလဲရမည်လားဟု တွေးတောရင်း စိတ်ထဲတွင် ရုန်းကန်နေရသည်။ သို့သော် လီကျန့်ယီအတွက်နှင့် သူမ၏ မူလစရိုက်ကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ဟု သူမက ယူဆထား၏။

"ယီယီ... နင် စောင့်ကြည့်နေလိုက်ပါ" လေ့ကျင့်မှု့ ပြီးဆုံးသောအခါ လီဟန်ယီက လီကျန့်ယီကို အံကြိတ်ကာ ကြည့်လိုက်သည်။

လီကျန့်ယီကမူ သူမ၏ အကြည့်ကြောင့် ကြောက်ရွံ့ဟန်ပြကာ "ဟန်ယီ... မင်း ဘာလုပ်မလို့လဲ" ဟုအလွန်အပိုးဆောင်းထည့်ကား ဟန်ဆောင်နေသည်။

"ငါ ဘာလုပ်လို့လဲ၊ ငါက နှစ်သစ်ကူးပြီးရင် ရွှေလမြို့တော်ကို ပြန်တော့မှာ၊ ဓားနှလုံးဂူဗိမာန်ကိုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ယီယီ ကိုလည်း လာမတွေ့တော့ဘူး၊နင်လည်း ငါ့ကို လာတွေ့စရာမလိုတော့ဘူး"

အ‌မေဖြစ်သူ ပြောသကဲ့သို့ ယီယီနှင့် ဝေးဝေးနေရမည်။ ယီယီ... နင် နှစ်သက်တဲ့ မိန်းမဆိုးကိုသာ သွားရှာချေတော့။ ငါ့ကို လာတွေ့ဖို့လည်း မလိုတော့ဘူး။ ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင် ဟု လီဟန်ယီက စိတ်ထဲမှ မကျေနပ်စွာ‌တွေးကာ လီကျန့်ယီကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

ထိုစကားကို ကြားသောအခါ လီကျန့်ယီသည် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ သူသည် အသက်နှစ်နှစ် အရွယ်တွင် လီဆူးဝမ်၏ မွေးစားခြင်းကို ခံခဲ့ရပြီး ယခု အသက် ၁၄ နှစ်အထိ ၁၂ နှစ်တိုင်တိုင် ဤနေရာ၌ နေထိုင်ခဲ့၏။

ထိုကာလအတွင်း သူနှင့် လီဟန်ယီတို့သည် နှစ်စဉ် သုံးလခန့် အတူတူ ဖြတ်သန်းခဲ့ကြသဖြင့် စုစုပေါင်း ၃၆ လ၊ ဆိုလိုသည်မှာ သုံးနှစ်တိတိ အချိန်ကုန်ဆုံးခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် ငယ်သူငယ်ချင်းများကဲ့သို့ သံယောဇဉ် ကြီးမားခဲ့ကြသော်လည်း ယခုအခါ လီဟန်ယီက သူ့ကို လက်လျှော့ရန် ဆုံးဖြတ်လိုက်ပုံရသည်။ သို့သော် သူမကိုယ်တိုင်က 'မိန်းမဆိုး' ဖြစ်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

သူမှတ်မိသည့် ဇာတ်ကြောင်းအတိုင်းသာဆိုရင် အသက် ၁၉ နှစ်အရွယ်တွင် သူမသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်း စစ်ဆင်ရေးကို တားဆီးရန် သိုင်းလောကသို့ ဝင်ရောက်ခဲ့ပြီး '‌ ရွှေလနတ်ဓားရှင်' ဟူသော ဘွဲ့ကို ရရှိမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ရွှေလမြို့တော်တွင် သူမကို စိန်ခေါ်သူ အမြောက်အမြား ရှိလာမည်။

ငါးနှစ်မပြည့်မီ အချိန်အတွင်းမှာပင် လီဟန်ယီသည် သူမကိုယ်တိုင် မိန်းမဆိုး တစ်ယောက်ဖြစ်ကြောင်း နားလည်သွားမည်။ ကောင်းကင်မျှော်စင်ကို တည်ဆောက်ရန် ငွေစပေါင်း သိန်းချီ ကုန်ကျခဲ့ပြီး၊ သူမကို ဓားသိုင်းစိန်ခေါ် သူများကြောင့် ပျက်စီးသွားသော အဆောက်အဦများကို ပြန်လည်ပြုပြင်ရန်ပင် ငွေစသောင်းချီ ကုန်ကျနေရသည်။ ထို့ကြောင့် သူမသည် အသုံးအဖြုန်းကြီးသူ ဖြစ်လာခဲ့ပြီး သူမ ဖြုန်းတီးနေသည်မှာလည်း ရွှေလမြို့တော်ရှိ သူမ၏ အိမ်ဂေဟာအတွက်ပင် ဖြစ်သည်။

All Chapters