← Chapters

ပြောင်းလဲသွားသော အခြေအနေ

Vol. 10 Ch. 95

ပြောင်းလဲသွားသော အခြေအနေ

Vol. 10 Ch. 95

လီကျန့်ယီသည် နောင်တစ်ချိန်တွင် လီဟန်ယီက အရာအားလုံးကို နားလည်သွားလိမ့်မည်ဟု တွေးကာ စိတ်သက်သာရာ ရသွားသော်လည်း၊ လက်ရှိတွင်မူ လီဟန်ယီ၏ အနိုင်ပိုင်းတတ်သော အမူအရာများကြောင့် သူစိတ်မကောင်းပေ။

"ဟန်ယီ... ဘာလို့ ရုတ်တရက်ကြီး အဲ့လိုစကားတွေ ပြောရတာလဲ"

လီကျန့်ယီမှာ တစ်ခုခုမှားနေပြီဟု ခံစားမိနေ၏။ အရင်ကဆိုလျှင် လီဟန်ယီသည် စကားဆယ်ခွန်းပြောတိုင်း ရှစ်ခွန်းခန့်မှာ သူအကြောင်းသာ ဖြစ်သော်လည်း၊ ယခုမူ နာကျင်စေမည့် စကားများကို ပြောနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် အရင်ကအကြောင်းကို ပြန်လည်စဉ်းစားကြည့်ရာ အဖြေကို ရှာတွေ့သွားတော့သည်။

ထိုနေ့က ဓားနှလုံးကျောက်ဆောင်ပေါ်တွင် သူတစ်ယောက်တည်း စကားများပြောနေစဉ် လီဟန်ယီမှာ အနီးအနားတွင် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ သူက လီဟန်ယီကို ဘယ်အချိန်က ရောက်သလဲဟု မေးစဉ်က သူမမှာ အံ့အားသင့်သွားပုံရပြီး တစ်စုံတစ်ခုကို ကြားလိုက်ရသကဲ့သို့ တုန်လှုပ်သွားခဲ့၏။

ထိုသို့ဆိုလျှင် လီဟန်ယီသည် သူနှစ်သက်သော 'မိန်းမဆိုး' မှာ သူမကိုယ်တိုင်ဖြစ်ကြောင်း သိသွားပြီလား။ ထို့ကြောင့်ပင် သူမက သူကို အရဲစွန့်ပြီး ဝန်ခံလာအောင် အကွက်ဆင်နေခြင်းလော။

အကြောင်းရင်းကို ရိပ်မိသွားပြီးနောက် လီကျန့်ယီသည် အေးစက်နေသော လီဟန်ယီ၏ လှပသော မျက်နှာလေးကို စိုက်ကြည့်ကာ ရုတ်တရက် ရှေ့သို့တိုးပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။ ထို့နောက် အေးစက်စပြုနေသော သူမ၏ ပါးပြင်လေးကို လက်နှစ်ဖက်ဖြင့် အသာအယာ အုပ်ကိုင်လိုက်၏။

"နင်... နင် ဘာလုပ်တာလဲ"

လီဟန်ယီ၏ မျက်နှာလေးမှာ အေးစက်နေဆဲ ဖြစ်သော်လည်း ရှက်သွေးဖြာကာ နီမြန်းလာသည်။

"ဟန်ယီ... နင် ဓားနှလုံးကျောက်ဆောင်မှာ တစ်ခုခု ကြားခဲ့တယ်မလား" လီကျန့်ယီက သူမ၏ မျက်နှာလေးကို ကိုင်ထားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မ... မကြားပါဘူး"

လီဟန်ယီမှာ လန့်ဖျပ်သွားသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ခေါင်းကို ရမ်းလိုက်၏။

"တကယ်ပဲ ဘာမှမကြားဘူးလား၊ ငါ နင် ကို ချစ်တယ်လို့ ပြောတာကိုလည်း မကြားဘူးပေါ့လေ" လီကျန့်ယီက သူမ၏ မျက်ဝန်းလေးများကို စိုက်ကြည့်ကာ မေးပြန်သည်။

လီကျန့်ယီက အလွန်နီးကပ်စွာ ရှိနေသဖြင့် လီဟန်ယီ၏ တည်ငြိမ်မှုများမှာ ပျက်ပြားသွားရသည်။ သူမ၏ မျက်နှာလေးမှာ ရဲရဲနီလာပြီး "ငါ မကြားဘူးလို့ ပြောနေတယ်လေ၊ ငါက မိန်းမဆိုး မဟုတ်ဘူး" ဟု ပြင်းပြင်းထန်ထန် ငြင်းဆိုသည်။

"ဟဲဟဲ... ဟန်ယီ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောလိုက်ပြီပဲ" လီကျန့်ယီက လီဟန်ယီ၏ သွယ်လျသော ခါးလေးကို ဖက်ကာ အသာအယာ ဆိတ်လိုက်၏။ချက်ချင်းပင် လီဟန်ယီ၏ မျက်နှာလေး ပြောင်းလဲသွားပြီး "ယီယီ... နင် ငါ့ကို သတ်မလို့လား၊ ဖြည်းဖြည်းလုပ်ပါ" ဟု ညည်းလိုက်သည်။

'မင်း ကော ငါ့ခါးကို ဆိတ်တုန်းက ဖြည်းဖြည်းလုပ်ခဲ့လို့လား။ ပြီးတော့ နာကျင်စရာ စကားတွေလည်း ပြောသေးတယ်၊ ငါ့ကို ရွှေလမြို့တော်အထိ လိုက်မလာခိုင်းဘူး ဆိုတာက‌‌ရော' ဟု လီကျန့်ယီက စိတ်ထဲမှ အထွန့်တက်လိုက်၏။

"ဟန်ယီ မင်း ဓားနှလုံးဂူဗိမာန်ကိုလာပြီး ငါ့ကို လာတွေ့ဦးမှာလား" လီကျန့်ယီက သူမ၏ ခါးလေးကို ဆိတ်ထားရင်း မေးလိုက်သည်။လီကျန့်ယီက သူမ၏အကွက်ဖြင့် သူမကို ပြန်လူပ်နေသည်ကို မြင်သောအခါ လီဟန်ယီက နှုတ်ခမ်းစူကာ "နင်ပဲ... နင်ပဲ ရွှေလမြို့တော်ကို လာတွေ့ရင် ရပါပြီ" ဟု တိုးတိုးလေး ပြောသည်။

"နောက်ထပ်ကော"

"ငါ... ငါလည်း နင် ဆီကို ပြန်လာတွေ့ပါ့မယ်" လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလေ၏။

"အင်း... နောက်ထပ်ကော ရှိသေးလား" ဟု လီကျန့်ယီက ကျေနပ်စွာ မေးပြန်သည်။

"နောက်ထပ်... ရှိသေးလို့လား" လီဟန်ယီက မျက်လုံးလေးများ ဝိုင်းသွားရ၏။ ဤမျှအထိ ပြောပြီးပြီကို နောက်ထပ် ဘာရှိဦးမည်နည်း။

"ရှိတာပေါ့... နောက်တစ်ချက် ကျန်သေးတယ်"

"နင်ကတော့ တကယ့် လူဆိုးပဲ၊ ဘာကျန်သေးတာလဲ" လီဟန်ယီက သူကို တွန်းထုတ်ကာ မျက်မှောင်ကြုတ်လိုက်၏။

"ဟန်ယီ... ငါ မင်းနဲ့တောင် လက်တောင်မထပ်ရသေးဘူး၊ မင်းက ငါ့ကို ဟောက်နေပြီလား။ အရင်က မင်း ငါ့ကို အော်ခဲ့တာတွေ ငါ မှတ်ထားတယ်နော်" လီကျန့်ယီက ထိုအချက်ကို အတိအလင်းပြောသည်။အကယ်၍ ယခုမှ ရှင်းအောင် မလုပ်ထားလျှင် နောင်တစ်ချိန် အိမ်ထောင်ဦးစီး နေရာအတွက် စိုးရိမ်ရပေမည်။

လီဟန်ယီက ပြုံးလိုက်ပြီး ပြောလိုက်သည်။"အဲ့ဒါလား... အဲ့ဒါတော့ မရဘူး။ ငါက နည်းနည်းလောက် ကြမ်းမှ ယီယီက လိမ္မာမှာလေ"

"မရဘူး... ဟန်ယီက ငါ့ကို နောက်နောင် မအော်ပါဘူးလို့ ကတိပေးရမယ်"

"ငါက အဲ့လောက်တောင် ဆိုးလို့လား" ဟု လီဟန်ယီကပြန် မေးလိုက်၏။

"မဆိုးပါဘူး၊ ငါက မင်းကို ဆိုးတယ်လို့ တစ်ခါမှ မပြောဖူးဘူး။ မင်းကို အသုံးအဖြုန်းကြီးတယ်လို့ပဲ ပြောတာ၊ ဒါပေမဲ့ မင်းက အသုံးအဖြုန်းကြီးတာကို မိန်းမဆိုးလို့ ထင်နေတာပဲ" ဟု လီကျန့်ယီက ရှင်းပြလိုက်သည်။

"ဟွန့်... ငါက အသုံးအဖြုန်း မကြီးပါဘူး၊ ဆရာကတော်နဲ့ အမေက သင်ပေးထားတာတွေ ငါ မှတ်ထားတယ်၊ငါ အသုံးအဖြုန်း မကြီးပါဘူး" သူမက မကျေမနပ် ပြောကာ ကျောက်ဆောင်အောက်သို့ ပြေးဆင်းသွားတော့ သည်။ပြေးသွားရင်းနှင့်လည်း လျှာထုတ်ကာ

" ငါက နင် ကို ဒီနည်းနဲ့ပဲ ထိန်းချုပ်ရမှာ။ အလွယ်တကူတော့ ကတိမပေးနိုင်ဘူး" ဟု လှမ်းပြောခဲ့၏။

လီဟန်ယီသည် ကျေနပ်စရာ အဖြေတစ်ခု ရခဲ့ပြီ ဖြစ်သည်။ သူမကိုယ်တိုင် အသုံးအဖြုန်း မကြီးဟု ထင်နေသော်လည်း ယခုကဲ့သို့ အခြေအနေမှာ သူမအတွက် အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။

"ဒီဟန်ယီကတော့... သဘောမတူရင်လည်း မတူဘူးပေါ့၊ ပြေးသွားစရာ မလိုပါဘူး။ ငါ ဖက်လို့တောင် မဝသေးဘူး" ဟု လီကျန့်ယီက နွေးထွေးသော ခံစားချက်ကို နှမျောတတဖြင့်ပြောလိုက်သည်။

"ဓားသိုင်း ပြန်ကျင့်ရမယ်၊ ဟန်ယီလည်း ဒါကို ပြန်စဉ်းစားပါစေဦး"

လီကျန့်ယီသည် သစ်သားဓားကို ယူကာ ပြန်လည် လေ့ကျင့်လိုက်သည်။ နေ့လယ်စာ စားချိန်ရောက်မှ လီဆူးဝမ်က လာခေါ်သဖြင့် သူ ကျောက်ဆောင်ပေါ်မှ ဆင်းလာ၏။

ထိုအချိန်တွင် လီရှင်းယွဲ့မှာ လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။ သူမသည် သိုင်းပညာရှင် တစ်ဦးဖြစ်သဖြင့် သာမန် အမျိုးသမီးများထက် ကျန်းမာရေး ပိုကောင်း၏။ လဲ့မုန့်ရှားသည်လည်း သားဖြစ်သူ လဲ့ဝူကျဲကို ချီကာ လီဆူးဝမ်နှင့်အတူ အရက်သောက်ရင်း ပျော်ရွှင်နေသည်။

လီဟန်ယီကမူ လီကျန့်ယီအတွက် ထမင်းပြင်ပေးထားပြီး သူ၏ ဘေးတွင် ထိုင်နေ၏။ ထို့နောက်တွင်.. မိသားစု တစ်ခုလုံး အံ့ဩသွားရသည့် အပြုအမူကို လီဟန်ယီက လုပ်ဆောင် တော့သည်။သူမသည် လီကျန့်ယီ၏ ပန်းကန်ထဲသို့ ဟင်းများကို တပန်းကန်လုံး ပြည့်လျှံသွားသည်အထိ ထည့်ပေးနေတော့သည်။ "ယီယီ... နင်က အရမ်းပိန်လွန်းတယ်၊ အများကြီး စားရမယ်" ဟု သူမက ပြော၏။

လီကျန့်ယီကလည်း သူ၏ ပန်းကန်ထဲမှ ဟင်းများကို လီဟန်ယီအား ပြန်လည် ဝေမျှပေးလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ လီဆူးဝမ်နှင့် လီရှင်းယွဲ့တို့မှာ နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး အပြင်သို့ ထွက်လာခဲ့ကြ၏။

"ရှင်းယွဲ့... ဘာတွေ ဖြစ်နေတာလဲ။ ငါတို့ ဟန်ယီနဲ့ ယီယီကို ရှင်းပြပြီးပြီ မဟုတ်လား။ ဘာလို့ အရင်လို ပြန်ဖြစ်နေကြတာလဲ" ဟု လီဆူးဝမ်က ခေါင်းခဲစွာ ပြောသည်။

"ဟုတ်ပ အဖေရယ်၊ ယီယီက မိန်းမဆိုးတွေကို ကြိုက်တယ်ဆိုပြီး ဘာလို့ ဟန်ယီကို လာပတ်သက်နေတာလဲ။ သူက ဟန်ယီကို မယားငယ် လုပ်ခိုင်းချင်တာလား" ဟု လီရှင်းယွဲ့က ဒေါသတကြီး ပြောဆိုကာ အခြေအနေကို ရှင်းလင်းရန် ဓားမျှော်စင်ထဲသို့ ပြန်ဝင်သွားတော့သည်။

All Chapters