← Chapters

ပညာသင်အဖြစ် ရွေလမြို့တော်သို့

Vol. 10 Ch. 100

ပညာသင်အဖြစ် ရွေလမြို့တော်သို့

Vol. 10 Ch. 100

"အဲ့ဒီလိုဆိုရင်တော့ ကျွန်မ ဘာမှ ထပ်မပြောတော့ပါဘူး။"

လီဆူးဝမ်၏ စကားကို ကြားသောအခါ လီရှင်းယွဲ့မှာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် လီကျန့်ယီသည် အသုံးအဖြုန်းကြီးသော မိန်းမများကိုသာ ကြိုက်သည်ဟု အမြဲပြောနေခဲ့ရာ ယခုကဲ့သို့ အလွယ်တကူ သဘောတူလိုက်ခြင်းမှာ ဖြစ်နိုင်ခြေ မရှိသကဲ့သို့ပင်။

'ဒါမှမဟုတ်... ဟန်ယီကပဲ အဲ့ဒီလို မိန်းမမျိုး ဖြစ်နေလို့လား'

ထိုသို့ တွေးမိသည်နှင့် လီရှင်းယွဲ့က ချက်ချင်းပင် ခေါင်းခါလိုက်၏။

"မဖြစ်နိုင်တာ... ဟန်ယီ ကြီးပြင်းလာတာကို ငါကိုယ်တိုင် ကြည့်လာတာပဲ၊ ဟန်ယီက အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး။"

ထိုသို့ တွေးလိုက်မိပြီးနောက် ဟန်ယီနှင့် လီကျန့်ယီတို့ နီးစပ်သည်ကို သူမအနေဖြင့် လက်ခံနိုင်သော်လည်း လီကျန့်ယီသည် သူမ၏ သမီးအပေါ် သစ္စာမပျက်စေရန်အတွက် သေချာစွာ စမ်းသပ်ရဦးမည်ဟု ဆုံးဖြတ်လိုက်သည်။

"ဟုတ်တယ် ရှင်းယွဲ့... သမီးလည်း ယီယီကို ယုံကြည်သင့်ပါတယ်၊ သူက အရမ်းကို သိတတ်တဲ့ကလေးပါ" လီဆူးဝမ်က သမီးဖြစ်သူ စိတ်အနည်းငယ် လွင့်နေသည်ကို သတိထားမိသဖြင့် လီကျန့်ယီဘက်မှ ကူညီပြောပေးလိုက်၏။

"ဟုတ်ကဲ့ပါ အဖေ" လီရှင်းယွဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် လီကျန့်ယီနှင့် လီဟန်ယီတို့သည် ပြင်ဆင်ပြီးသား ဟင်းပန်းကန်များကို ထမင်းစားပွဲပေါ်သို့ ယူဆောင်လာကြပြီ ဖြစ်သည်။ ခဏအကြာတွင် စားပွဲပေါ်၌ အသားဟင်း ခုနစ်မျိုးနှင့် အသီးအရွက်ဟင်း ရှစ်မျိုး၊ စုစုပေါင်း ဟင်း ၁၅ မျိုးရှိနေပြီး မွှေးပျံ့လှသော ရနံ့များကြောင့် လူတိုင်း၏ ဆာလောင်မှုကို နှိုးဆွ‌ နေ၏။

"တောင်ပိုင်းစစ်မြေပြင်မှာ ခြောက်ကပ်ကပ် ရိက္ခာတွေပဲ စားနေရတာ စိတ်ကုန်လှပြီ၊ ငါ့ ရဲ့ ရှင်းယွဲ့ ချက်တဲ့ ဟင်းတွေကို တကယ် လွမ်းနေတာ" လဲ့မုန့်ရှားက ရှောင်ကျဲကို ချီထားရင်း တူကို ကိုင်ကာ အားရပါးရ စားသောက်တော့သည်။

"ဒီဝက်သားနှပ်လေးကတော့ ငါ့ ရဲ့ ရှင်းယွဲ့ လက်ရာထက် ဘယ်သူမှ ပိုပြိးကောင်းအောင်းမချက်နိုင်‌တော့ဘူး"ဟု သူက မြိန်ရည်ယှက်ရည်စား‌ရင်း ချီးကျူးသည်။

လီရှင်းယွဲ့က "ဟွန့်... တောင်ပိုင်းက ရိက္ခာတွေက ပိုစားကောင်းမယ် ထင်နေတာ" ဟု မျက်စောင်းထိုးကာ ပြော၏။ ထို့နောက် သမီးဖြစ်သူနှင့် လီကျန့်ယီကို ကြည့်ကာ "ထိုင်ပြီး စားကြလေ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အမေ..." လီဟန်ယီက ရှက်ရွံ့စွာဖြင့် ဖြည်းညှင်းစွာ ထိုင်လိုက်၏။

"ကျေးဇူးတင်ပါတယ် အမေ" လီကျန့်ယီကလည်း လိမ္မာပါးနပ်စွာဖြင့် လိုက်၍ ထိုင်လိုက်သည်။

ထိုအခါ လီရှင်းယွဲ့မှာ အံ့အားသင့်သွားပြီး လဲ့မုန့်ရှားမှာလည်း ဆွံ့အသွားရ၏။ လီဟန်ယီမှာမူ ရှက်ပြုံးလေး ပြုံးနေပြီး လီဆူးဝမ်ကတော့ ကျေနပ်စွာ ရယ်မောနေတော့သည်။

"ယီယီ..ခုနက ငါ့ ကို ဘယ်လိုခေါ်လိုက်တာလဲ" လီရှင်းယွဲ့က ကြောင်အမ်းအမ်းဖြင့် လီကျန့်ယီကို စိုက်ကြည့်ကာ သေချာအောင် ထပ်မေးလိုက်၏။

"အမေ... အမေလို့ ခေါ်တာပါ..." လီကျန့်ယီ၏ ရင်ခုန်သံများမှာ မြန်ဆန်နေပြီး လီရှင်းယွဲ့ကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။ အမှန်စင်စစ် ဤသည်မှာ သူ၏ ယောက္ခမ မဟုတ်ပါလား။ ပထမဆုံးအကြိမ် ထိုသို့ခေါ်လိုက်ရသဖြင့် သူလည်း အနည်းငယ် စိုးရိမ်မိသည်မှာ အမှန်ပင်။

"ယီယီ... မင်း မှားနေပြီထင်တယ်၊ ငါက မင်းရဲ့ အန်တီလေ အမေ မဟုတ်ဘူး" လီရှင်းယွဲ့က အမှားကို ပြင်ပေးရန် ကြိုးစားလိုက်သည်။

"ဒါပေမဲ့ အမေ... ကျွန်တော် ဟန်ယီနဲ့ အတူရှိနေတာကို မြင်တုန်းက အမေ မကန့်ကွက်ခဲ့ဘူး မဟုတ်လား" ဟု လီကျန့်ယီက ရိုးသားစွာပင် ပြန်ပြောလိုက်၏။

"ငါ မကန့်ကွက်တာ မှန်ပေမဲ့ ၊အခုချိန်မှာ ယီယီက ဟန်ယီကို လက်မထပ်ရသေးဘူးလေ၊ အခုကတည်းက အမေလို့ ခေါ်ဖို့က နည်းနည်း စောနေသေးတယ် ထင်တယ်"

လီရှင်းယွဲ့သည် ဟန်ယီ၏ အကျိုးကို ရှေးရှုကာ သမီးဖြစ်သူ နစ်နာမှုမရှိစေရန်အတွက် အရာရာကို သတိထားနေခြင်း ဖြစ်ပေသည်။

"ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်တော် နားလည်ပါပြီ" လီကျန့်ယီက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ယောက္ခမဖြစ်သူက သူ၏ ယခင်စကားများကြောင့် သတိထားနေသည်ကို သူ နားလည်ပါသည်။ ထို့ပြင် ဟန်ယီသည်လည်း ငယ်ရွယ်သေးသဖြင့် သူက မည်သည့်အရာကိုမျှ စောစီးစွာ ပြုလုပ်ရန် စိတ်ကူးမရှိပါချေ။

"ကောင်းပြီ...မင်း စည်းကမ်းရှိရှိ နေမယ်ဆိုရင်တော့ အဆင်ပြေပါတယ်" လီရှင်းယွဲ့က ရှက်နေသော သမီးဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်၏။ သူမအနေဖြင့် သမီးဖြစ်သူကို တားဆီး၍ မရတော့သည်ကို သိနေသည်။

ထို့နောက် မိသားစုတစ်ခုလုံး ပြန်လည်ဆုံဆည်းခြင်း ညစာကို ပျော်ရွှင်စွာ စားသောက်ကြတော့သည်။ ညစာစားပွဲ ပြီးခါနီးအချိန်တွင် ဓားနှလုံးဂူဗိမာန်၏ တံခါးစောင့်က အရေးကြီးသတင်းလွှာတစ်ခု ယူဆောင်လာပြီး လဲ့မုန့်ရှားထံသို့ ပေးအပ်သည်။

လဲ့မုန့်ရှားက စာကို ဖတ်ကြည့်လိုက်သောအခါ တောင်ပိုင်းနယ်စပ်တွင် ရန်သူများက ထပ်မံ သောင်းကျန်းနေသဖြင့် သူသည် စစ်မြေပြင်သို့ ချက်ချင်း သွားရောက်ရမည် ဖြစ်ကြောင်း သိလိုက်ရ၏။

"ရှင်းယွဲ့... ငါ... တောင်ပိုင်းနယ်စပ်မှာ ပြဿနာတက်နေလို့ စစ်တပ်ကို ဦးဆောင်ပြီး သွားတိုက်ရဦးမယ်" လဲ့မုန့်ရှားက လီရှင်းယွဲ့ကို အားနာစွာ ကြည့်ကာ ပြောသည်။

"ကျွန်မလည်း ဘာတတ်နိုင်မှာလဲ၊ သွားပါ... ရှောင်ကျဲကိုတော့ ကျွန်မ ကောင်းကောင်း စောင့်ရှောက်ထားပါ့မယ်" လီရှင်းယွဲ့က သက်ပြင်းချကာ ခွင့်ပြုလိုက်သည်။

"ရှင်းယွဲ့၊ ငါ အောင်ပွဲခံပြီးတာနဲ့ မင်းတို့ဆီကို ချက်ချင်း ပြန်လာခဲ့ပါ့မယ်" လဲ့မုန့်ရှားက ကတိပေးကာ ထွက်ခွာသွားတော့သည်။ လီဟန်ယီကလည်း ဖခင်ဖြစ်သူ အောင်မြင်စွာ ပြန်လာနိုင်ပါစေကြောင်း လှမ်း၍ နှုတ်ဆက်လိုက်၏။

"ဟန်ယီ... ရှင်းယွဲ့၊ ဆက်မကြည့်ကြနဲ့တော့၊ သူတို့ သွားပြီ" လီဆူးဝမ်က လဲ့မုန့်ရှား ထွက်ခွာသွားသည်ကို ကြည့်နေသော သား၊အမိနှစ်ယောက်ကို လှမ်းပြောလိုက်သည်။ စစ်သူကြီးတစ်ဦး၏ ဘဝမှာ နယ်စပ်တွင် ပြဿနာတက်သည်နှင့် စစ်မြေပြင်သို့ အချိန်မရွေး ပြေးသွားရစမြဲ ဖြစ်ပေသည်။

"ယီယီ... အဖေလည်း သွားပြီဆိုတော့ နောက်နှစ်ရက် လောက်နေရင် ငါလည်း ရွှေလမြို့တော်ကို ပြန်ရတော့မယ်" လဲ့မုန့်ရှား ထွက်သွားပြီးနောက် လီဟန်ယီက လီကျန့်ယီကို လွမ်းဆွတ်တမ်းတဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။

"ရပါတယ်... ငါတို့ တစ်နေ့ပြန်ဆုံကြမှာပေါ့" လီကျန့်ယီက သူမကို နှစ်သိမ့်ပေးလိုက်သည်။

"ယီယီ...မင်းလည်း ဟန်ယီနဲ့အတူ ရွှေလမြို့တော်ကို လအနည်းငယ်လောက် လိုက်သွားပါလား။ ဓားနှလုံးဂူဗိမာန်နဲ့ ရွှေလမြို့တော်က မဟာမိတ်တွေဖြစ်လို့ အပြန်အလှန် ပညာသင်ကြားဖို့ သဘောတူထားကြတယ်လေ" ဟု လီဆူးဝမ်က ဝင်ပြောလိုက်၏။

အမှန်တကယ်တွင် လီဆူးဝမ်သည် လီကျန့်ယီကို ထိုအသုံးအဖြုန်းကြီးသော မိန်းမများအကြောင်း ထပ်မတွေးစေရန်နှင့် ဟန်ယီနှင့် ပိုမို ရင်းနှီးလာစေရန်အတွက် အခွင့်အရေး ဖန်တီးပေးခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ... ဒါဆိုရင်တော့ နှစ်သစ်ကူးပြီးရင် ဟန်ယီနဲ့အတူ ရွှေလမြို့တော်ကို လိုက်သွားပါ့မယ်" လီကျန့်ယီက သဘောတူလိုက်၏။

"တကယ်လား... ဒါဆိုရင် ငါ ယီယီနဲ့အတူ ဓားသိုင်း အတူတူ လေ့ကျင့်လို့ ရပြီပေါ့။ ဆောင်းဦးတောင်က နှင်းတွေကိုလည်း အတူကြည့်ကြမယ်၊ ပြီးတော့ ပန်းတွေကိုလည်း အတူတူ သွားကြည့်ကြတာပေါ့" လီဟန်ယီက ပျော်ရွှင်စွာဖြင့် သူမ၏စိတ်ကူးကို တရစပ်ပြောလိုက်၏။

"ဟုတ်ပြီ" လီကျန့်ယီက လီဟန်ယီ၏ မျက်နှာလေးကို အသာအယာ ဆုပ်ကိုင်ကာ ကြင်နာစွာဖြင့် ကတိပေးလိုက်သည်။သူမ လုပ်ချင်သည့်အရာမှန်သမျှ သူအနေဖြင့် ဘာမဆိုလုပ်ပေးမည်။

All Chapters