နှင်းလူရုပ် ပြုလုပ်ခြင်း
Vol. 11 Ch. 104
"အဲဒါကြောင့် ကျွန်မ ကျွေးတာကို မငြင်းသင့်ဘူး"
လီဟန်ယီသည် လီကျန့်ယီကို လွှတ်ပေးလိုက်ပြီးနောက် သူ၏ပါးစပ်ထဲသို့ ဆီးသီးတစ်လုံး ခွံ့ကျွေးလိုက်သည်။ လီကျန့်ယီသည် ငယ်စဉ်ကတည်းက ဤကဲ့သို့သော မုန့်ပဲသရေစာများကို မငြင်းဆန်နိုင်ဘဲ စားရသည်ကို နှစ်သက်ကြောင်း သူမ ကောင်းကောင်းသိသည်။
ထို့ကြောင့်ပင် သူမက လီကျန့်ယီကို ခွံ့ကျွေးလိုက်ခြင်း ဖြစ်သည်။
သူမသည် လီကျန့်ယီ၏ အရသာကို ခံစားကြည့်ချင်ရုံမျှသာ ဖြစ်၏။ လီကျန့်ယီက ဆီးသီးနှစ်လုံး ဆက်တိုက် စားသည်ကို ကြည့်နေပြီးနောက် ကျန်ရှိနေသည်များကို သူမကိုယ်တိုင် အရသာခံစားလိုသဖြင့် သူကို ထပ်မပေးတော့ပေ။
"ယီယီ... ငါ ဓားလေ့ကျင့်လို့ ပြီးပြီ။ ရှင်က ကျွန်မကို ရွှေလမြို့တော်ထဲ လျှောက်လည်ဖို့ ခေါ်သွားမှာလား၊ ဒါမှမဟုတ် အာ့ဟိုင်ရေကန်နဲ့ ချန်းစန်းတောင်ကို သွားကြည့်ဖို့ ခေါ်သွားမှာလား"
လီဟန်ယီသည် ဆီးသီးယိုချောင်းကို လျက်ရင်း တောက်ပသော မျက်လုံးများဖြင့် လီကျန့်ယီကို ကြည့်ကာ မေးလိုက်သည်။
"သွားကြစို့... ချန်းစန်းတောင်ကို သွားရအောင်၊ အစ်ကိုယီ... ချန်းစန်းတောင်ပေါ်မှာ နှင်းတွေရှိတယ်၊ညီမတို့ နှင်းလူရုပ်လေး လုပ်လို့ရတယ်" လီကျန့်ယီ၏ ရင်ခွင်ထဲမှ ချစ်စဖွယ် ကျီရွှယ်လေးသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောသည်။
"ကောင်းပါပြီ၊ ဒါဆိုရင် ချန်းစန်းတောင်ပေါ်မှာ နှင်းလူရုပ် သွားလုပ်ကြတာပေါ့" လီကျန့်ယီက ကလေးမလေး၏ နူးညံ့သော ပါးပြင်ကို ဆွဲညစ်လိုက်သည်။
ကျီရွှယ်လေးသည် လီကျန့်ယီက ချန်းစန်းတောင်သို့ သွားမည်ဟု ဆိုသောအခါ အလွန်ဝမ်းသာသွားပြီး သူကို နှစ်ချက်ဆင့် နမ်းလိုက်ကာ "အစ်ကိုယီယီ အသက်ရာကျော် ရှည်ပါစေ" ဟု အော်ဟစ်လေသည်။
"ဒီကလေးမလေးက ငယ်ငယ်လေးနဲ့ တော်တော်စကားတတ်တာပဲ" အသက်နှစ်နှစ်အရွယ်သာ ရှိသေးသော်လည်း စကားများစွာ ပြောနိုင်သော ကျီရွှယ်လေး၏ ထက်မြတ်မှု့ကို လီကျန့်ယီ မချီးကျူးဘဲ မနေနိုင်တော့ပေ။
ချန်းစန်းတောင်ပေါ်သို့ တက်ရာလမ်းတွင် လီဟန်ယီသည် ဆီးသီးယိုချောင်းကို စားရင်း အနည်းငယ် မနာလိုဖြစ်ဟန်ဖြင့် "အစ်ကိုယီယီ အသက်ရာကျော် ရှည်ပါစေပေါ့လေ" ဟု လိုက်ပြောသည်။
လီကျန့်ယီ "..."
မင်းက ကလေးကိုတောင် မနာလိုဖြစ်နေတာလား၊အဲ့ဆို မင်းကိုယ်တိုင် လာပြီး ငါ့ကို နမ်းပါလား၊ မနာလိုတော့ ဖြစ်ရဲပြီး လက်တွေ့ကျတော့ မလုပ်ရဲဘူးလား။
လီကျန့်ယီသည် စိတ်ထဲမှ ရေရွတ်ရင်း လီဟန်ယီ၏ လှပသော တင်ပါးကို ရုတ်တရက် ပုတ်လိုက်ပြီးနောက် ကျီရွှယ်လေးကို ချီကာ ချန်းရှန်းတောင် ထိပ်ဖျားသို့ လေအဟုန်ကဲ့သို့ ပြေးတက်သွားသည်။
လီဟန်ယီလေးမှာ ဘာဖြစ်သွားမှန်း သိလိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး နားရွက်လေးများပါ ရဲတက်လာ၏။ "ယီယီ... ရှင် တကယ်ကို နှာဘူးပဲ"
ပြောရင်းဆိုရင်းနှင့် သူမသည် လီကျန့်ယီထံမှ ရှင်းပြချက်တောင်းရန် သူ၏နောက်သို့ ပြေးလိုက်၏။
အပြေးအလွှား လိုက်ကြပြီးနောက် သူတို့ သုံးဦးစလုံး ချန်းစန်းတောင် ထိပ်သို့ ရောက်ရှိသွားကြသည်။ တောင်တန်းတစ်ခုလုံး နှင်းများ ဖုံးလွှမ်းနေသည်ကို မြင်သောအခါ လီကျန့်ယီသည် သူချီထားသော ကလေးမလေးကို အောက်သို့ ချပေးလိုက်ပြီး သူမဘာသာ ဆော့ကစားစေလိုက်သည်။
တစ်ဖက်တွင် သူသည် ချန်းစန်းတောင်ထိပ်သို့ အပြေးရောက်လာသော လီဟန်ယီကို ရင်ဆိုင်ရတော့မည်။ သူမသည် ရှက်စိတ်နှင့် ဒေါသတို့ ရောပြွမ်းလျက် လီကျန့်ယီကို ပစ်မှတ်ထားကာ ပြေးဝင်လာရာ အရှိန်မသတ်နိုင်ဘဲ လီကျန့်ယီ၏ ရင်ခွင်ထဲသို့ တိုးဝင်မိသွားသည်။
"ဟန်ယီ၊ မင်း ငါ့ ကို သဘောကျမှန်း သိပါတယ်၊ ဒါပေမယ့် ဒီလောက် အလောတကြီး ပြေးဖက်စရာမလိုပါဘူး"
လီဟန်ယီ၏ သွယ်လျသော ခါးလေးကို ဖက်ထားကာ လီကျန့်ယီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရှိနေသည်။
"ဟွန့်..ဘယ်သူက အလောတကြီး ဖြစ်နေလို့လဲ၊ ရှင် ကို လာမေးမြန်းမလို့၊ ရှင် တကယ့် လူယုတ်မာပဲ" လီဟန်ယီက လီကျန့်ယီကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးတင်းမာစွာပြော၏။
"အို... မမလေးဟန်ယီက ကျွန်တော် ကို ဘယ်လိုများ စစ်ဆေးမေးမြန်းမလို့လဲ"
လီကျန့်ယီမှာမူ အမူအရာမပျက်ဘဲ သူ၏ နောက်ပြောင်လိုသော အပြုံးကိုပင် ဖုံးကွယ်မထားပေ။ လီဟန်ယီသည် မျက်လုံးလေးများ မှေးကာ လေးလေးနက်နက် ပြောလိုက်သည်။ "ကျွန်မ... ကျွန်မကို နမ်းစေချင်တယ်"
လီကျန့်ယီ: "...."
ငါ နမ်းချင်ပေမဲ့၊ငါက လွယ်လွယ်နဲ့နာခံမှာမဟုတ်ဘူး။ကွကိုယ် လာနမ်းစမ်းပါ။
"မဖြစ်နိုင်ဘူး၊ အိပ်မက်တောင် မမက်နဲ့"လီကျန့်ယီက ငြင်းလိုက်သည်။
"ယီယီ... ရှင် ကျွန်မကို ငြင်းရဲတာလား" လီဟန်ယီသည် လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမ၏ ရဲရဲနီသော နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။
ထို့နောက် အနည်းငယ် စိတ်ပျက်အားငယ်ဟန်ဖြင့် "ယီယီ... ရှင် ကျွန်မကို အဲဒီလောက်တောင် မုန်းတာလား" ဟု မေးပြန်၏။
"ကျွန်မက ဒီလောက်ထိ အစပြုနေတာတောင် ရှင် ကျွန်မကို တစ်ခါမှ မနမ်းခဲ့ဖူးဘူး၊ ဒါမှမဟုတ် ရှင် ကျွန်မကို သဘောကျတယ်ဆိုတာ လိမ်ပြောနေတာလား"
လီဟန်ယီသည် သူမဘာသာ ဆက်တိုက်ပြောနေရင်း မကြာမီမှာပင် သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး တစ်စက်ပြီးတစ်စက် ထိန်းမနိုင်သိမ်းမရ ကျလာလေတော့သည်။ သူမ ခေါင်းပြန်မော့ကြည့်သောအခါ မျက်လုံးလေးများမှာ ငိုထားသဖြင့် နီရဲနေပြီး သနားစဖွယ် ဖြစ်နေသည်။
လီဟန်ယီက အလွန်စိတ်ထိခိုက်ရလွယ်ကြောင်း မြင်သောအခါ လီကျန့်ယီက သူမကို ရင်ခွင်ထဲသို့ အမြန်ဆွဲသွင်းလိုက်ပြီး နူးညံ့စွာ ကြည့်ကာ ပြောလိုက်သည်။ "ဟန်ယီ... မင်းရဲ့ ပါးကို နမ်းပေးရမလား၊ ဒါမှမဟုတ် နှုတ်ခမ်းကိုလား၊ ဒါမှမဟုတ် နဖူးကို နမ်းပေးရမလား"
"ဟမ်..ရှင်ကို မနမ်းခိုင်းတော့ဘူး" လီဟန်ယီက ခေါင်းကို လွှဲလိုက်သည်။
လီကျန့်ယီသည် လီဟန်ယီကို ကောင်းစွာ နားလည်သည်။ "မနမ်းခိုင်းတော့ဘူး" ဆိုသည်မှာ "အားလုံးကို နမ်းပေး" ဟု ဆိုလိုခြင်းပင် ဖြစ်၏။ ထို့ကြောင့် လီကျန့်ယီသည် သူ၏လက်ကို လီဟန်ယီ၏ ခေါင်းပေါ်သို့ တင်ကာ သူမ၏ ခေါင်းကို ပုံမှန်အတိုင်း ပြန်လှည့်လိုက်သည်။
ထို့နောက် "ပတ်" ခနဲ အသံထွက်အောင်ပင် လီဟန်ယီ၏ နဖူးကို နမ်းလိုက်လေသည်။ ပို၍ ဒေါသထွက်စရာကောင်းသည်မှာ လီဟန်ယီ၏ နဖူးကို နမ်းပြီးနောက် ပါးစပ်ကို ခွာပြီး ပါးကို နမ်းမည့်အစား နဖူးပေါ်မှတစ်ဆင့် အောက်သို့ တိုက်ရိုက် နမ်းရှိုက်သွားခြင်းပင် ဖြစ်သည်။မျက်နှာတစ်ခုလုံး နမ်းလိုက်ခြင်းဖြစ်သည်။
လီဟန်ယီလေးမှာ လီကျန့်ယီ၏ လုပ်ရပ်ကြောင့် မှင်သက်သွားရသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် နီရဲသွားပြီး မျက်လုံးထဲမှ မျက်ရည်များလည်း မကျလာတော့ပေ။ ထိုအစား သူမက မယုံကြည်နိုင်စွာဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"ယီယီ... ရှင် ဘယ်လိုလုပ် ဒီလောက်တောင် ချစ်ပြတတ်ရတာလဲ"
"ကြိုက်လား..တစ်ခါ နမ်းတာက အခါတစ်ရာ နမ်းတာထက် သာတယ် မဟုတ်လား" လီကျန့်ယီသည် နမ်းနေသည့်ကြားမှ ပါးစပ်ကို မနည်းထုတ်၍ ပြန်ဖြေလိုက်သည်။
သူမကို ပြန်နမ်းရန် ကြိုးစားသောအခါ လီဟန်ယီက ရှက်ရွံ့စွာဖြင့် လီကျန့်ယီကို တွန်းထုတ်လိုက်ပြီး "မရဘူး... မနမ်းနဲ့တော့၊ ယီယီ... ရှင် အဲ့ဒီလို နမ်းနည်းတွေကို ဘယ်က သင်လာတာလဲ” ဟု မေးသည်။
"မပြောပြနိုင်ပါဘူး၊ ဒါနဲ့ ဟန်ယီရဲ့ မျက်ရည်တွေက တော်တော် ငံတာပဲနော်" လီကျန့်ယီက ရွံရှာဟန်ဖြင့် ပြောလိုက်သည်။
"ဟမ်..ဘယ်သူက ရှင်ကို လျက်ခိုင်းလို့လဲ၊ ကျွန်မက နမ်းခိုင်းတာလေ၊ လျက်ခိုင်းတာ မဟုတ်ဘူး" လီဟန်ယီသည် မျက်နှာနီမြန်းလျက် လီကျန့်ယီကို စိုက်ကြည့်လိုက်သည်။
"အင်းလေ... ခုနက လှပတဲ့ မိန်းကလေးတစ်ယောက်က သနားစဖွယ် ငိုနေတာဆိုတော့ သဘောကောင်းတဲ့ငါကပဲ သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရုံပဲ ရှိတာပါ" လီကျန့်ယီက ပုခုံးတွန့်ပြကာ သူလည်း မတတ်နိုင်ကြောင်း ပြသသည်။
"ဟွန့်..ဘယ်သူက ရှင့်ဆီက ဖြည့်ဆည်းပေးဖို့ လိုချင်လို့လဲ" လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းမာစွာ ပြန်ပြောလိုက်၏။
အထူးသဖြင့် သူမ၏ စိတ်ထဲတွင် နမ်းခံရသည့် ခံစားချက်ကို ပြန်လည် စဉ်းစားမိသောအခါ သူမ မျက်နှာထပ်မံ နီမြန်းလာပြီး နောက်တစ်ကြိမ် နမ်းရန် တောင်းဆိုဖို့ရာ အလွန်ရှက်နေပေသည်။
"ကျွန်မ ကျီရွှယ်လေးနဲ့ နှင်းလူရုပ် သွားလုပ်တော့မယ်၊ ရှင်နဲ့ မကစားတော့ဘူး"
ပြောရင်းဆိုရင်းနှင့် လီဟန်ယီသည် နှင်းထဲတွင် နှင်းလူရုပ် ပြုလုပ်နေသော ကျီရွှယ်လေးဆီသို့ လျှောက်သွားတော့သည်။ ထို့နောက် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့သည် ချန်းစန်းတောင်ပေါ်တွင် နှင်းလူရုပ် လုပ်နေကြသည်။
ခဏအကြာတွင် နှင်းလူရုပ်ကြီး နှစ်ရုပ်နှင့် အသေးတစ်ရုပ် ဖြစ်လာသည်။ ထိုနှင်းလူရုပ်ကြီး နှစ်ရုပ်မှာ လီကျန့်ယီနှင့် လီဟန်ယီတို့ ဖြစ်ကြပြီး အသေးလေးမှာမူ ကျီရွှယ်လေး ဖြစ်ကြောင်း ထင်ရှားလှသည်။
"ဒါက အစ်ကိုယီ၊ ဒါက အစ်မတော် ဟန်ယီ၊ ဒါကတော့ ကျီရွှယ်လေး"
နှင်းလူရုပ် သုံးရုပ်ကို ပြုလုပ်ပြီးနောက် ကျီရွှယ်လေးက ချစ်စဖွယ် အပြုံးဖြင့် ညွှန်ပြကာ မိတ်ဆက်ပေးသည်။
"ဟုတ်လို့လား၊ ဘာလို့ အစ်ကိုယီရဲ့ နှင်းလူရုပ်မှာ အဝတ်အစားတွေ မရှိရတာလဲ" သူ၏ ကိုယ်လုံးတီး နှင်းလူရုပ်ကို ကြည့်ကာ လီကျန့်ယီက ကျီရွှယ်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အစ်ကိုယီယီက ကိုယ့်အဝတ်အစားတွေကို ကိုယ်တိုင် ဝတ်ပေးရမှာမို့လို့လေ" ကျီရွှယ်လေးက မျက်လုံးဝိုင်းလေးများဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆို အစ်ကိုယီက ကိုယ့်ဘာသာကိုယ်ပဲ လုပ်တော့မယ်" လီကျန့်ယီသည် နှင်းလူရုပ်ထံသို့ လျှောက်သွားပြီး လီဟန်ယီ၏ နှင်းလူရုပ်ပေါ်မှ အဝတ်အစားများကို တိုက်ရိုက် ဆွဲယူကာ သူ၏ နှင်းလူရုပ်ပေါ်တွင် တင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လီဟန်ယီသည် လီကျန့်ယီ၏ ခါးကို မဆွဲလိမ်ဘဲ မနေနိုင်တော့ပေ။ "ဘာလို့ ကျွန်မရဲ့ အဝတ်တွေကို ဆွဲယူရတာလဲ၊ ရှင် ကိုယ့်ဘာသာ နှင်းနဲ့ပုံမဖော်နိုင်ဘူးလား"
လီကျန့်ယီက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်မှာ "ငါက နှင်းကို မသုံးလို့လား" ဟူ၍ပင်။
လီဟန်ယီသည် ထိုမေးခွန်းကြောင့် မှင်သက်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ "ယီယီ... ရှင်က ကျွန်မကို အနိုင်ကျင့်ရတာကို ဝါသနာပါနေတာပဲ။ ရှင်က ကျွန်မရဲ့ အဝတ်တွေကို ဆွဲယူတယ်ဆိုတော့ ကျွန်မက ရှင်ရဲ့ ခါးကို ယူပြီး အဝတ်အစား လုပ်လိုက်မယ်" ဟုပြောပြီး လီဟန်ယီသည် လီကျန့်ယီ၏ နှင်းလူရုပ်မှ ခါးနေရာကို ဆွဲထုတ်လိုက်ပြီးနောက် သူမ၏ နှင်းလူရုပ်ကို ပြန်လည် ဝတ်ဆင်ပေးလိုက်သည်။
ကျီရွှယ်လေးမှာ သူတို့နှစ်ဦး တစ်ဦး၏ နှင်းလူရုပ်ကို တစ်ဦးက ပြန်လည် ပြင်ဆင်နေကြသည်ကို ကြည့်ကာ မှင်သက်နေရသည်။ သူမသည် အစ်ကိုယီယီနှင့် အစ်မဟန်ယီတို့မှာ သူမထက်ပင် ပို၍ ဆိုးနေကြသည်ဟု ရုတ်တရက် တွေးလိုက်မိ၏။