ငါက အောက်ရော အပေါ်ရောပဲ
Vol. 11 Ch. 107
သူမ၏ ဒုတိယစီနီယာအစ်မက ဓားဖြင့် ချိန်ရွယ်လိုက်သည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းသည် အခြေအနေအရပ်ရပ်ကို အကုန်နားလည်သွားလေသည်။
သို့သော်လည်း သူသည် အတင်းအပြုံးကာ "ဒုတိယစီနီယာအစ်မရဲ့ ဆွဲဆောင်မှုက တကယ့်ကို ပြိုင်ဘက်ကင်းပါပေတယ်၊ သခင်လေးလီတောင် ဒုတိယစီနီယာအစ်မရဲ့ အလှတရားအောက်မှာ ကျရှုံးသွားရတာပဲ " ဟု မြှောက်ပင့်လိုက်ရ၏။
"ဟွန့် အဲဒါမှပေါ့"
လီဟန်ယီလေးသည် မျက်လုံးလေးများ မှေးစင်းကာ ပြုံးလိုက်ပြီး မိုးစက်နာခံဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် သူမသည် မြင်းပေါ်ရှိ ဖုန်းချူးယွီကို ကြည့်ကာ "အစ်မဖုန်း၊ မြန်မြန်ဆင်းလာပါဦး၊ ကျွန်မရဲ့ တတိယမောင်လေးက သားလေးမွေးတာလား၊ သမီးလေးမွေးတာလားဆိုတာ ကြည့်ပါရစေ" ဟု ပြောလိုက်သည်။
"သမီးလေးပါ"
လီကျန့်ယီသည် အလွန်သိချင်စိတ်ပြင်းပြနေသော လီဟန်ယီကို လှမ်းကြည့်ကာ ဝင်ပြောလိုက်သည်။
လီဟန်ယီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ မြင်းပေါ်ရှိ ဖုန်းချူးယွီကို လှမ်းကြည့်လိုက်၏။ ဖုန်းချူးယွီက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများတွင် အံ့အားသင့်ရိပ်များ ထင်ဟပ်လျက် "သမီးလေးပါ... နာမည်က ချန်လော့တဲ့" ဟု အတည်ပြုပြီးဖြေလိုက်သည်။
"စစ်... စစ်ကုန်းချန်လော့လား၊ နာမည်လေးက တော်တော်လှတာပဲ"
ဖုန်းချူးယွီကို မြင်းပေါ်မှ ဆင်းလာပြီးသည်နှင့် လီဟန်ယီက မစောင့်နိုင်စွာ ဖုန်းချူးယွီ၏ ရင်ခွင်ထဲမှ ကလေးငယ်လေးကို လှမ်းကြည့်လိုက်သည်။
နက်မှောင်သော ဆံပင်လေးများနှင့် တောက်ပသော မျက်ဝန်းအစုံမှာ ကျီရွှယ်လေး ငယ်ငယ်တုန်းကနှင့် အလွန်တူသည်။ သို့သော် ကျီရွယ်လေးမှာမူ ငယ်စဉ်ကတည်းက ထူးခြားသော ငွေရောင်ဆံပင်များ ရှိသဖြင့် ပို၍ ဆန်းကြယ်ပြီး လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။
"ချန်လော့လေးက အစ်မဖုန်းနဲ့ တော်တော်တူတာပဲ" လီဟန်ယီက ချန်လော့လေးကို စနောက်နေသည်။
"ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်" ဖုန်းချူးယွီက ရှုပ်ပွနေသော ချန်လော့လေး၏ ဆံပင်တိုလေးများကို နူးညံ့စွာ သပ်တင်ပေးလိုက်၏။
"သမီးလေးက ငါနဲ့တူတာ၊သူအမေနဲ့ တခြားစီးပါ၊ဒါနဲ့ ကျွန်တော်တို့ ရွှေလမြို့တော်ကို ရောက်နေပြီပဲ၊ အထဲဝင်ပြီးမှ စကားပြောကြရင် မကောင်းဘူးလား၊ ဘာလို့ ဒီမှာပဲ ပြောနေကြတာလဲ" မိမိ၏ သမီးလေးက ဇနီးဖြစ်သူနှင့် တူသည်ဟု ပြောနေကြသည်ကို ကြားသောအခါ စစ်ကုန်းချန်ဖုန်းက မနာလိုစွာဖြင့် ညည်းညူလိုက်သည်။
သူသည် ခြေလှမ်းကို သွက်သွက်လှမ်းကာ မြင်းကို မြို့စားအိမ်တော်ရှိရာသို့ ဦးတည်ခေါ်ဆောင်သွား၏။ သူ အနည်းငယ် နောက်ကျသွားလျှင် ဖုန်းချူးယွီက သတိထားမိသွားပြီး သူ့ကို သင်ခန်းစာ ပေးမည်ကို ကြောက်နေမိသည်။
"တတိယညီလေး... အလောတကြီး မသွားပါနဲ့ဦး" လီကျန့်ယီက စစ်ကုန်းချန်ဖုန်း၏ လမ်းကို ပိတ်လိုက်သည်။
"သခင်လေးလီ... ဖယ်ပေးပါဦး" စစ်ကုန်းချန်ဖုန်းသည် လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်လျက် လမ်းလျှောက်လာနေသော ဖုန်းချူးယွီကို မြင်သောအခါ ပျာယာခတ်ကာ ပြောလိုက်သည်။
လမ်းလျှောက်လာနေသော ဖုန်းချူးယွီသည် စစ်ကုန်းချန်ဖုန်းကို မျက်စောင်းထိုးလိုက်၏။
"ကျွန်တော်... ကျွန်တော်က အောက်ကလူ မဟုတ်ပါဘူး" စစ်ကုန်းချန်ဖုန်းက မျက်နှာနီမြန်းလျက် ပြန်ပြောလေသည်။
"ဟွန့်.." ဖုန်းချူးယွီ၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။ အကယ်၍ ထိုစဉ်က သူမသာ အစပြုခဲ့ခြင်း မရှိလျှင် စစ်ကုန်းချန်ဖုန်းမှာ ယခုအချိန်ထိ တည်ကြည်အေးစက်သော လူတစ်ယောက်အဖြစ်သာ ရှိနေဦးမည် ဖြစ်၏။
ထိုလူကိုသာ စောင့်ခဲ့ပါက ကလေးရဖို့ဆိုသည်မှာ ပြောစရာ မလိုတော့ပေ။ စစ်ကုန်းချန်ဖုန်းသည် သူမကို သိသိသာသာ သဘောကျပါလျက်နှင့် ဘာကြောင့် အရင် စကားမပြောရဲဘဲ မိန်းမဖြစ်သူ သူမကိုသာ အစပြုခိုင်းရသည်ကို သူမ အမှန်တကယ် နားမလည်နိုင် ဖြစ်နေရသည်။
သူမသည် မိမိကို လိုက်ပိုးပန်းမည့် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရန် တောင့်တခဲ့ဖူးပေသည်။ သို့သော် စစ်ကုန်းချန်ဖုန်းကဲ့သို့ ပိုးပန်းနေရင်း တန်းလန်းနှင့် ရုတ်တရက် ရပ်တန့်သွားကာ အမျိုးသမီးကိုသာ အစပြုခိုင်းသည့် လူမျိုးကိုတော့ မတွေ့ခဲ့ဖူးပေ။
"ကဲပါ... တတိယ မောင်လေး၊ မြင်းကိုပဲ အိမ်ထဲရောက်အောင် ကောင်းကောင်း ဆွဲသွားပါတော့" လီဟန်ယီသည် ဖုန်းချူးယွီ၏ နောက်မှ လိုက်ရင်း ပြုံး၍ ပြောလိုက်သည်။
"ထပ်ပြောမယ်... ကျွန်တော်က အနိုင်ကျင့်ခံရတဲ့သူ မဟုတ်ဘူး" စစ်ကုန်းချန်ဖုန်းက သွားကြိတ်၍ ပြော၏။သို့သော်လည်း သူသည် သူ၏ ဒုတိယစီနီယာအစ်မ လီဟန်ယီကို တည့်တည့်မကြည့်ရဲပေ။
သူသည် မြို့စားအိမ်တော်ဆီသို့သာ မြင်းကို နာခံစွာ ဆွဲသွားရပြီး ခုနက သူ့လမ်းကို ပိတ်ခဲ့သော လီကျန့်ယီကိုမူ မကျေမနပ် ကြည့်လျက် "ကျွန်တော်ကိုပဲ အောက်ကလူလို့ ခေါ်နေတာလား၊ ဒုတိယစီနီယာအစ်မရဲ့ ယီယီကရော အောက်ကလူ မဟုတ်လို့လား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"မှားသွားပြီ တတိယညီလေး၊ နှစ်ဦးနှစ်ဖက် သွားတဲ့ ခရီးဆိုတာ ဘာလဲဆိုတာ မင်းသိရဲ့လား"
"ကျွန်တော်က အပေါ်ရော အောက်ရော နှစ်မျိုးလုံးပဲ"
"မင်းရဲ့ ဒုတိယစီနီယာအစ်မကလည်း အပေါ်ရော အောက်ရော နှစ်မျိုးလုံးပဲလေ" လီကျန့်ယီက ပြန်လည် တုံ့ပြန်လိုက်သည်။
"ဖူး..ကျွန်တော် မယုံပါဘူး၊ သခင်လေးလီမှာ သတ္တိရှိရင် ဒုတိယစီနီယာအစ်မကို အပေါ်ကနေ တိုက်စစ်ဆင်ပြပါလား၊ ဒုတိယစီနီယာအစ်မရဲ့ ဓားက ထက်နေတုန်းပဲလို့ ကျွန်တော် ထင်တယ်နော်" စစ်ကုန်းချန်ဖုန်းက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။
"လောင်းကြမလား" လီကျန့်ယီသည် စစ်ကုန်းချန်ဖုန်း၏ လှုံ့ဆော်မှု့ထဲသို့ အလွယ်တကူ မကျရောက်ပေ။ ထို့ကြောင့် လီဟန်ယီကို တိုက်စစ်ဆင်စေချင်လျှင် တစ်ခုခု အရင်ပေးရပေမည်။
"ကျွန်တော် လောင်းမယ်... တကယ်လို့ ခင်ဗျားနိုင်ရင် ကျွန်တော်က ခင်ဗျားရဲ့ တတိယညီလေး အဖြစ်ပဲ နေမယ်။ တကယ်လို့ ခင်ဗျားရှုံးရင်တော့ ခင်ဗျားက ကျွန်တော်ကို တတိယစီနီယာအစ်ကိုလို့ ခေါ်ရမယ်" စစ်ကုန်းချန်ဖုန်းက အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဟွန့်..မင်းက အမြဲတမ်း ငါ့ရဲ့ တတိယညီလေး ဖြစ်နေတာပဲလေ" လီကျန့်ယီက အထင်အမြင်သေးစွာ ပြော၏။
"အဲဒါက မတွက်ဘူးလေ၊ ဒုတိယစီနီယာအစ်မကြောင့်သာ ခင်ဗျားက ကျွန်တော်ရဲ့ စီနီယာတစ်ဝက် ဖြစ်နေတာ"
"တကယ်လို့ ခင်ဗျားက ကျွန်တော်ရဲ့ ဒုတိယစီနီယာအစ်ကို အစစ်အမှန် ဖြစ်ချင်ရင် ကျွန်တော်ရဲ့ စိတ်ထဲကနေ အသိအမှတ်ပြုလာအောင် လုပ်ပြရမယ်" စစ်ကုန်းချန်ဖုန်းက ဆင်ခြေပေးကာ ငြင်းခုံလိုက်သည်။
"ကောင်းပြီလေ" လီကျန့်ယီသည် စစ်ကုန်းချန်ဖုန်း၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိသဖြင့် စစ်ကုန်းချန်ဖုန်း အမှန်တကယ် လေးစားသော ဒုတိယစီနီယာအစ်ကို ဖြစ်လာစေရန် တစ်ခုခု လုပ်ပြဖို့ ပြင်လိုက်သည်။
"ဟန်ယီ... ဒီကိုလာဦး"
လီကျန့်ယီသည် လှည့်ကြည့်လိုက်ကာ ဖုန်းချူးယွီ၏ နောက်မှ လိုက်လာသော လီဟန်ယီကို လှမ်းခေါ်လိုက်၏။
"ဘာ... ဘာလုပ်မလို့လဲ"
လီဟန်ယီသည် ရှက်ရှက်နှင့်ပင် ထိုနေရာ၌ တုံ့ဆိုင်းနေသည်။ သူမသည် လီကျန့်ယီနှင့် စစ်ကုန်းချန်ဖုန်းတို့၏ အလောင်းအစားကို ကြားထားသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ထိုနေရာသို့ မသွားရဲ ဖြစ်နေခြင်းပင်။
"မမေးပါနဲ့... အဖြေကတော့ မင်းကို လွမ်းလို့ပါ" လီကျန့်ယီက လေးလေးနက်နက် ပြောလိုက်သည်။
"အော်..."
လီဟန်ယီသည် အသာအယာ ခေါင်းညိတ်ပြပြီး လီကျန့်ယီထံသို့ လျှောက်သွား၏။ သူမ လီကျန့်ယီ၏ လက်လှမ်းမှီရာသို့ ရောက်သည်နှင့် လီကျန့်ယီက ရုတ်တရက် ခေါင်းငုံ့ကာ လီဟန်ယီ၏ နဖူးကို နမ်းလိုက်သည်။
အချိန်အတော်ကြာမှ သူသည် လီဟန်ယီကို လွှတ်ပေးလိုက်ပြီး စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ "တတိယညီလေး... အခုရော ကျေနပ်ပြီလား၊ဒါက ဒုတိယစီနီယာအစ်ကိုရဲ့ လွှမ်းမိုးနိုင်မှု့ပဲ" ဟု ပြောလိုက်သည်။
"ဟွန့် ကိုယ့်မိန်းမကိုယ် နမ်းတာပဲ ဘာဆန်းလို့လဲ၊ ကျွန်တော်လည်း နမ်းနိုင်တာပဲ" စစ်ကုန်းချန်ဖုန်းက လှောင်ပြောင်လိုက်၏။
"ဟုတ်လား.. အဲ့ဒီတုန်းက ရှင်သာ ကျွန်မကို အရင်နမ်းခဲ့ရင် ကျွန်မက အရင်နမ်းရပါ့မလား" ဖုန်းချူးယွီက နှာခေါင်းရှုံ့လိုက်သည်။
စစ်ကုန်းချန်ဖုန်း: "..."
"ကောင်းပါပြီ... လောင်းကြေးက လောင်းကြေးပဲ၊ ကောင်းသောနေ့ပါ ဒုတိယစီနီယာအစ်ကို..." စစ်ကုန်းချန်ဖုန်းသည် ဇနီးဖြစ်သူ၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် ဟန်ဆောင်ကောင်းနေသော မျက်နှာဖုံးကို ချွတ်ချကာ အရှုံးပေးလိုက်ရတော့သည်။
"အေးပါ... တတိယညီလေး၊ နောင်ကျရင် လူကြီးကို ရိုသေဖို့ မမေ့နဲ့ဦး" လီကျန့်ယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မြို့စားနန်းတော်သို့ ပြန်ရောက်သောအခါ ဆရာကတော် လော့ရွှေသည် ထမင်းဟင်းများ အဆင်သင့် ပြင်ဆင်ထားပြီး တပည့်များ ပြန်လာသည်ကို စောင့်နေသည်။
တတိယတပည့်လေး စစ်ကုန်းချန်ဖုန်းသည် ကလေးမလေး တစ်ဦးကို ပွေ့ချီကာ ပြန်လာသည်ကို မြင်သောအခါ လော့ရွှေ၊ လီချန်းရှန်နှင့် အခြားသူများမှာ သိသိသာသာ အံ့အားသင့်သွားကြ၏။ သူတို့၏ တတိယတပည့်မှာ ဇနီးသည်ကို သွားကြိုရုံတင် မဟုတ်ဘဲ "တစ်ခုဝယ် တစ်ခုလက်ဆောင်" အစီအစဉ်ဖြင့် ပြန်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
"တတိယညီလေး... ဒါက မိန်ကလေးဖုန်းလား၊ ပြီးတော့ မင်းရဲ့ သမီးလား" လော့ရွှေသည် ဖုန်းချူးယွီ၏ ရင်ခွင်ထဲမှ ကလေးငယ်လေးကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာကတော်၊ ကျွန်တော်က စီနီယာအစ်ကို၊ အစ်မတွေထဲမှာ ဆရာကတော်အတွက် မြေးဦးလေးကို အရင်ဆုံး ယူလာပေးတဲ့ တပည့် မဟုတ်ဘူးလား" စစ်ကုန်းချန်ဖုန်းက ပြုံးလျက် ခေါင်းညိတ်ပြကာ ဂုဏ်ယူဟန်ဖြင့် ပြောသည်။
"အင်း မင်းအရမ်းတော်ပါတယ်ဟု" လော့ရွှေက ပြုံးကာပြောလိုက်ပြီးသူမသည် ကျီရွှယ်လေးကို လှမ်းခေါ်ပြီး ချီလိုက်၏။ "ကျီရွှယ်လေး... လာကြည့်ဦး၊ ဒီမှာ မင်းရဲ့ ညီမလေး "
ငွေရောင်ဆံပင်လေးနှင့် ကျီရွှယ်လေးသည် ချီထားခြင်း ခံရစဉ်မှာပင်သူမက ကလေးငယ်လေးကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး "တကယ်ပဲ... ဘွားဘွား၊ ညီမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဟု ပြောသည်။
"ဟုတ်တယ် မဟုတ်လား၊ ကျီရွယ်လေးမှာ အခုကစပြီး ကစားဖော် ရသွားပြီပေါ့" လော့ရွှေက ပြုံးလျက် ကျီရွှယ်လေး၏ ငွေရောင်ဆံပင်များကို ပွတ်သပ်ပေးလိုက်၏။
"ဟုတ်ကဲ့... ကျီရွှယ်လေး အခုကစပြီး ညီမလေးနဲ့ အတူတူ ကစားမယ်" ကျီရွှယ်လေးက လိမ်မာစွာ ခေါင်းညိတ်ပြသည်။
"တကယ်လား၊ ဒါဆိုရင် ကျီရွှယ်လေးက နောက်ဆိုရင် ညီမလေးကို ကောင်းကောင်း စောင့်ရှောက်ရမယ်နော်၊ အနိုင်မကျင့်ရဘူးနော်" လော့ရွှေက ပြုံးလျက် နူးညံ့စွာ မှာလိုက်သည်။
ထို့နောက် သူမသည် ဖုန်းချူးယွီကို ထမင်းစားရန် ဖိတ်ခေါ်လိုက်သည်။ ဤသည်မှာ တတိယတပည့်၏ ဇနီးသည် ရွှေလမြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ရာ အထူးဧည့်ခံကျွေးမွေးသင့်ပေသည်။ သို့မဟုတ်လျှင် သူတစ်ပါး၏ သမီးပျိုကို လျစ်လျူရှုရာ ရောက်ပေလိမ့်မည်။
"မိန်းကလေးဖုန်း... ကြိုက်တာ စားပါနော်။ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားပါ၊ အားမနာပါနဲ့"လော့ရွှေက ဖုန်းချူးယွီကို ထိုင်ရန် အမြန်ဖိတ်ခေါ်လိုက်တော့သည်
"ကျေးဇူးတင်ပါတယ် ဆရာကတော်" ဖုန်းချူးယွီက ပြုံးလျက် အသာအယာ ခေါင်းညိတ်ကာ နာခံစွာပင်ထိုင်လိုက်သည်။