← Chapters

မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းခြင်း

Vol. 11 Ch. 109

မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းခြင်း

Vol. 11 Ch. 109

ကောင်းကင်းတက်မျှော်စင်

လော့ရွှေသည် ဓားနှလုံးဂူဗိမာန်၌ ရွှေလမြို့တော်၏ မြေပုံကို ထားရှိခဲ့ပြီးနောက်၊ ရွှေလမြို့တော်သည် သိုင်းလောက၏ အင်အားစုများကြားတွင် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မြောက်ပိုင်းလီဒေသရှိ သိုင်းလောကအင်အားစု အနည်းငယ်သာ ဤမြို့အကြောင်းကို သိရှိကြသည်။ ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိဖူးသူများသာလျှင် ထိုသို့သော မြို့တစ်မြို့ ရှိနေကြောင်းကို သိရှိကြခြင်း ဖြစ်၏။

"ငါ ကြားတာတော့ သခင်လေးလီက ရွှေလမြို့တော်မှာ ပညာဖလှယ်ရေးကျောင်းသားအဖြစ် ရောက်နေတယ်ဆိုပဲ။ မိန်းမဗိုလ် ဖြစ်လာမယ့် အလားအလာရှိတဲ့ ငါ့ကို မြင်ရင် သခင်လေးလီ ဘယ်လောက်တောင် ပျော်သွားမလဲ မသိဘူး"

တာအိုဝတ်စုံဝတ် ဝမ်ရိရှင်းသည် တောက်ပသော အပြုံးနှင့် မျှော်လင့်ချက်ကြီးမားသော မျက်နှာဖြင့် ရှီးကွမ်းမြို့အတွင်းသို့ လမ်းလျှောက်ဝင်လာသည်။

"တော်ပါတော့ စီနီယာအစ်ကိုရယ်... ချင်းချန်တောင်ကို အရှက်ခွဲနေတာ ရပ်လိုက်ပါတော့" ကျောက်ယုကျန်းက မျက်နှာကို လက်ဖြင့် အုပ်ကာ ပြောလိုက်၏။

သူမှာ ရွေးချယ်စရာ အခြားနည်းလမ်းပင် မရှိတော့ပေ။ ဂိုဏ်းချုပ်က သူ၏ စီနီယာအစ်ကိုနောက်သို့ လိုက်ရန် အမိန့်ပေးထားသဖြင့် ဝမ်ရိရှင်းနှင့်အတူ သိုင်းလောကအနှံ့ လှည့်လည်နေရခြင်း ဖြစ်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ချင်းချန်တောင်အတွက် အရှက်ရစရာပဲ။ ဝမ်သခင်က တကယ်ကို ချင်းချန်တောင်ရဲ့ အမည်းစက်ပဲ" အသက် (၁၄) နှစ်အရွယ် ရင်လော့ရှားကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ဤခရီးစဉ်တွင် သူမသည် သူမ၏ဆရာ လျူယဲ့နှင့်အတူ အမြင်ကျယ်စေရန် လိုက်ပါလာခဲ့ခြင်း ဖြစ်ပြီး ပိုင်ရှောင်တန်မှ ကျီရူဖန်၏ လမ်းညွှန်မှု့ဖြင့် ရွှေလမြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

"ကျွန်မတို့ ရှေ့က မြင့်မားလှတဲ့ အဆောက်အအုံက ရွှေလမြို့တော်မှာရှိတဲ့ ကောင်းကင်တက်မျှော်စင်လား" ဝမ်ရိရှင်းကို ဆူပူပြီးနောက် ရင်လော့ရှားက ငေးမောကာ မေးလိုက်သည်။

"တုံးလိုက်တဲ့ တပည့်မ၊ အဲ့ဒါ ကောင်းကင်တက်မျှော်စင်ပဲပေါ့" လျူယဲ့က အော်လိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် ရွှေလမြို့တော်ရဲ့ ကောင်းကင်တက်မျှော်စင်က ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ကျွန်မ စမ်းသပ်ကြည့်ရတာပေါ့" မိန်းကလေးငယ် ရင်လော့ရှားသည် သတိပြန်ဝင်လာပြီး ကောင်းကင်းတက်မျှော်စင်အတွင်းသို့ လှမ်းဝင်သွားသည်။

သူမတို့ ရောက်ရှိလာမှု့ကြောင့် ကောင်းကင်တက်မျှော်စင် အပြင်ဘက်ရှိ လက်ဖက်ရည်သောက်နေသူများကြားတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့၏။

" ရွှေလမြို့တော်က အခုတလော တကယ်ကို စည်ကားနေတာပဲ၊ ပြင်ပလူတွေ အုပ်စုလိုက် ရောက်လာကြတယ်"

"လှပတဲ့ မိန်းကလေးတွေကလည်း မျက်စိကျိမ်းလောက်အောင်ပါပဲလား'

"ကြည့်စမ်း... ဒါကတော့ မျက်စိအစာကျွေးဖို့ပဲဟေ့"

"အဲဒီ အလှလေးက ကောင်းကင်မျှော်စင်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ရွှေလမြို့တော်ထဲကို ဝင်နိုင်ပါ့မလား မသိဘူး"

နာရီဝက်ခန့် ကြာပြီးနောက် ရင်လော့ရှားသည် သက်ပြင်းတစ်ချက်ကို အပေါ်သို့ မှုတ်ထုတ်လိုက်ကာ ဆံပင်ရှည်များကို သပ်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ "ဆရာ... ဒီ‌ကောင်းကင်တက်မျှော်စင်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဂိတ်တံခါးမှာ ကောင်းကင်ဖြတ်သန်းခြင်းအဆင့် ကျွမ်းကျင်သူတွေ စောင့်နေကြတာပဲ။ ကျွန်မ တကယ်ကို မနိုင်ဘူး"

"ဒါက ပုံမှန်ပါပဲ။ ဒါက ရွှေလမြို့တော်ရဲ့ အုတ်မြစ်ပဲ မဟုတ်လား" ကျီရူဖန် ပြောခဲ့သည်များကို ပြန်လည်အမှတ်ရရင်း လျူယဲ့က မှတ်ချက်ပေးလိုက်သည်။

"ဒါဆိုရင် မိန်းကလေးရင်က ကောင်းကင်တက်မျှော်စင်ကို မကျော်ဖြတ်နိုင်ခဲ့ဘူးပေါ့" ဝမ်ရိရှင်းက လှမ်းမေးလိုက်၏။

"ကျော်ဖြတ်နိုင်တာပေါ့၊ ကျွန်မက ကောင်းကင်ဖြတ်သန်းခြင်းအဆင့် ကျွမ်းကျင်သူတွေကိုပဲ မနိုင်တာ၊ ကျွန်မနဲ့ အဆင့်တူ မြေကမ္ဘာလွတ်မြောက်ခြင်း အဆင့်တွေကို မနိုင်တာ မဟုတ်ဘူး" ရင်လော့ရှားက အရှက်မရှိသော ချင်းချန်တောင်၏ စီနီယာအစ်ကို ဝမ်ရိရှင်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

"အော်... ဒါဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်ညီလေးလည်း ကောင်းကင်တက်မျှော်စင်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်"

ထိုသို့ဆိုကာ ဝမ်ရိရှင်းသည် ကျောက်ယုကျန်းကို ဦးဆောင်၍ ကောင်းကင်မျှော်စင်အတွင်းသို့ ဝင်သွားတော့သည်။

သူတို့နှစ်ဦးမှာ ကောင်းကင်တက်မျှော်စင်မှ အကြီးအကဲများကို အနိုင်ယူကာ (၁၅) ထပ်မြောက်သို့ တိုက်ရိုက် တက်လှမ်းသွားနိုင်ခဲ့ကြသည်။ ဤသည်မှာ ချင်းချန်တောင် တပည့်များ၏ စစ်မှန်သော အစွမ်းပင် ဖြစ်ပေလိမ့်မည်။

သူတို့နှစ်ဦး ထိပ်ဆုံးသို့ ရောက်ရှိသွားသောအခါ ကောင်းကင်တက်မျှော်စင်မှ သတင်းသည် ရွှေလမြို့တော် မြို့တော်ဝန် စံအိမ်သို့ အမြန်ပျံ့နှံ့သွားခဲ့၏။ လော့ရွှေက ပိုင်လီတုန်းကျွင်းကို (၁၆) ထပ်မြောက်၌ တံခါးစောင့်အဖြစ် တာဝန်ယူရန် ညွှန်ကြားလိုက်သည်။ပိုင်လီတုန်းကျွင်းသည် ကောင်းကင်တက်မျှော်စင် ၁၆ထပ်တွင် ကျောက်ယုကျန်းနှင့် ဝမ်ရိရှင်းတို့ကို မြင်လိုက်ရသည်။

"ဝမ်သခင်ပါလား၊ တစ်ယောက်ယောက်က ကောင်းကင်တက်မျှော်စင်ကို ကျူးကျော်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ထင်နေတာ။ ချင်းချန်တောင်က လေးစားရတဲ့ တပည့်တွေ ဖြစ်နေတာပဲ"

ပိုင်လီတုန်းကျွင်းမှာ သိကျွမ်းသူများ ဖြစ်နေသဖြင့် "ကောင်းကင်တက် မျှော်စင်ကို ကျော်ဖြတ်ဖို့ ဘာလို့ ဒီလောက် အားစိုက်နေရတာလဲ၊ ရွှေလမြို့တော်ထဲကို တိုက်ရိုက်သာ ဝင်ခဲ့ပါတော့"

"ဒါက မျက်နှာသာပေးလိုက်တာလို့ ယူဆလို့ ရမလား" ဝမ်ရိရှင်းက မေးလိုက်၏။

" မဟုတ်ပါဘူး၊ ဘယ်သူမဆို ကောင်းကင်တက် မျှော်စင်ရဲ့ (၁၅) ထပ်မြောက်အထိ ကျော်ဖြတ်နိုင်တယ်ဆိုရင်ပဲ ရွှေလမြို့တော်ထဲ ဝင်ဖို့ အရည်အချင်း ပြည့်မီနေပါပြီ" ပိုင်လီတုန်းကျွင်းက ရယ်မောကာ ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"ဝမ်ရိရှင်းမှာ သက်ပြင်းချနိုင်သွားတော့သည်။

ထို့နောက် ပိုင်လီတုန်းကျွင်း၏ ဦးဆောင်မှု့ဖြင့် သူတို့အဖွဲ့မှာ စစ်မှန်သော ရွှေလမြို့တော်အတွင်းသို့ တရားဝင် ဝင်ရောက်နိုင်ခဲ့ ကြသည်။ ထိုစဉ်အတွင်း ဝမ်ရိရှင်းက မေးမြန်းရန် မမေ့လျော့ပေ။

"သခင်လေးပိုင်လီ... သခင်လေးလီ ဘယ်မှာလဲ၊ ကျွန်တော်က သူနဲ့ အထူးနှောင်ကြိုး ရှိတာလေ၊ ဘာလို့ သူကို မမြင်ရတာလဲ"

"သခင်လေးလီလား၊မင်း မသိသေးဘူးပဲ ဝမ်သခင်”

အချစ်နယ်ပယ်ထဲ ရောက်နေတဲ့အချိန်မှာ သခင်လေးလီ ဘယ်လောက်တောင် စိတ်အားထက်သန်နေလဲဆိုတာ ဝမ်သခင် ခန့်မှန်းမိမှာတောင်မဟုတ်ဘူး”

"ဒီမနက် စောစောမှာတင် သူက ကျွန်တော်ရဲ့ ဒုတိယ ညီမလေးကို ခေါ်ပြီး နှစ်ယောက်တည်း ရှိဖို့ ချန်းစန်းတောင်ကို သွားလိုက်ပြီ" ပိုင်လီတုန်းကျွင်းက အားရပါးရ ပြောပြလိုက်သည်။

"ဟမ်"

"သခင်လေးလီက တကယ်ကို ဆိုးပါလား၊ သူက သခင်လေးပိုင်လီရဲ့ ဒုတိယ ညီမလေးကို မနက်စောစောကြီး ဘယ်လိုများ ခေါ်သွားရတာလဲ၊ သခင်လေးပိုင်လီရဲ့ ဒုတိယ ညီမလေးက သခင်လေးလီ ပြောပြောနေတဲ့ ငွေဖြုန်းတတ်တဲ့ မိန်းကလေးများလား"လီကျန့်ယီတွင် အဖော်ရသွားပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဝမ်ရိရှင်းမှာ မှင်တက်သွားရ၏။

သူကဲ့သို့ အစွမ်းထက်သော "မိန်းမဗိုလ်" ပင်လျှင် အလှူခံဖို့ မစွမ်းဆောင်နိုင်သေးချိန်တွင် သူ၏ မိတ်ဆွေကောင်း လီကျန့်ယီက အရင်ဦးဆုံး ရသွားခြင်းအပေါ် သူ မနာလို ဖြစ်နေရသည်။

" ငွေဖြုန်းတတ်တဲ့ မိန်းကလေး ဟုတ်လား၊ ကျွန်တော့်ညီမလေးက နိုင်ငံတော်ရဲ့ ဒေါက်တိုင်ဖြစ်တဲ့ စစ်သူကြီး လဲ့မုန့်ရှားရဲ့ သမီး လီဟန်ယီလေ"

သူမက ငွေကို ဖြုန်းတီးတာ မဟုတ်ဘူး၊ လူတွေကို ဖျက်ဆီးတာ။

"အထူးသဖြင့် သူမရဲ့ ဓားပညာပဲ... စီနီယာအစ်ကိုဖြစ်တဲ့ ကျွန်တော်တောင် သူမနဲ့ ယှဉ်ဖို့ မဝံ့ရဲဘူး" ပိုင်လီတုန်းကျွင်းက ခေါင်းခါယမ်းကာ ပြောသည်။

"လီ... လီဟန်ယီ ဟုတ်လား၊ ကျွန်တော် သိတဲ့ သခင်လေးလီက တကယ်ပဲ ပြောင်းလဲသွားတာလား"

သူက ငွေဖြုန်းတတ်တဲ့ မိန်းကလေးတွေကို ကြိုက်တယ်လို့ ပြောခဲ့ပြီးတော့ အခုကျတော့ သူ၏ ဆရာဖြစ်သူရဲ့ မြေးမလေးကို တိတ်တဆိတ် ချစ်မိသွားတာလား။ဝမ်ရိရှင်းမှာ သူ၏ ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ စိတ်ထဲတွင် လီကျန့်ယီသည် အချစ်ကြောင့် လွယ်လွယ်ဖြင့် စိတ်ပါမည့်သူမဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ သူနှစ်သက်သော အခြားအမျိုးသမီးတစ်ဦး ရှိနေပြီ ဖြစ်၏။ ဘဝဆိုသည်မှာ တကယ်ပင် ခန့်မှန်းရ ခက်လှပါပေသည်။

"မဖြစ်နိုင်တာ၊ သခင်လေးလီက ငွေဖြုန်းတတ်တဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာ၊ အဲ့ဒီ မိန်းကလေးငယ်ကို သူက ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ၊ ဒါ ကောလာဟလပဲ ဖြစ်ရမယ်" တစ်ချိန်လုံး နားထောင်နေသော ရင်လော့ရှားက မကျေမနပ် ကြားဖြတ်ပြောလိုက်သည်။

"အဲဒါ အမှန်လား၊ မဟုတ်ဘူးလားဆိုတာ ကျွန်တော်နဲ့အတူ ချန်းစန်းတောင်ကို လိုက်ခဲ့ရင် သိရမှာပါ" ပိုင်လီတုန်းကျွင်းသည် မူလက အားလုံးကို မြို့တော်ဝန်စံအိမ်သို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ခဲ့သော်လည်း၊ တစ်ချို့ သောသူများက လီကျန့်ယီနှင့် သူ၏ ညီမလေးအကြောင်းကို မယုံကြည်ကြသဖြင့် လီကျန့်ယီတို့၏ အချစ်ကို ကိုယ်တိုင်ကိုယ်ကျ သက်သေပြရန် ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

ချန်းစန်းတောင်ပေါ်တက်သည့် လမ်းတစ်လျှောက်တွင် နှင်းများမှာ သည်းထန်စွာ ကျဆင်းနေပြီး နှင်းများဖုံးလွှမ်းနေသော မြင့်မားသည့် သစ်ပင်ကြီးများကိုသာ မြင်တွေ့ရသည်။ ရင်လော့ရှား၊ ဝမ်ရိရှင်းနှင့် အခြားသူများ ရောက်ရှိလာသောအခါ ဓားလေ့ကျင့်နေကြသော လီကျန့်ယီနှင့် လီဟန်ယီတို့မှာ လှည့်ကြည့်လိုက်ကြ၏။အံ့သြစရာကောင်းသည်မှာ လာရောက်လည်ပတ်သူမှာ မိတ်ဆွေဟောင်း တွေဖြစ်နေခြင်းပင်။

"သခင်လေးလီ... နေကောင်းရဲ့လား" ဝမ်ရိရှင်းသည် လီကျန့်ယီကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။ လီကျန့်ယီမှာ အရင်ကကဲ့သို့ပင် ထင်ရှားသော မျက်ခုံးတန်းများ၊ တောက်ပသော မျက်ဝန်းများဖြင့် အလွန်တရာ ချောမောနေဆဲပင်။

ဒါဟာ ကြာမြင့်စွာ ဝေးကွာနေခဲ့တဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့ရသလိုပါပဲ။

ဝမ်သခင်သည် တကယ်ပင် စိတ်အားထက်သန်လွန်း လှသော်လည်း လီကျန့်ယီကမူ သူကို ရွံ့ရှာသလို ကြည့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤတာအိုဝတ်စုံဝတ် ဝမ်ရိရှင်းသည် အနည်းငယ် အရှက်မရှိတတ်သောကြောင့် ဖြစ်သည်။ သူနှင့် ပတ်သက်ရခြင်းမှာ လီကျန့်ယီအတွက် အရှက်ရစရာ ဖြစ်နေသလိုပင်။

"ဟဲဟဲ... ဝမ်သခင်က ရွှေလမြို့တော်ကို ဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲ"လီကျန့်ယီက ယဉ်ကျေးစွာ ပြုံး၍ မေးလိုက်သည်။

"ကျွန်တော်က ကျွန်တော်ညီလေးကို ခေါ်ပြီး မြောက်ပိုင်းလီ တစ်ခုလုံးကို လှည့်လည်ခဲ့တာလေ။ မရောက်ဖူးသေးတဲ့ တစ်ခုတည်းသော နေရာက ရွှေလမြို့တော်ပဲ ကျန်တော့တာ။ ဒါကြောင့် သခင်လေးလီနဲ့ လူချင်းဆုံဖို့ လာခဲ့တာပါ!"

"ဒုတိယအချက်ကတော့ ရွှေလမြို့တော်ရဲ့ ဒေသန္တရ ဓလေ့ထုံးတမ်းတွေကို လာပြီး လေ့လာတာပေါ့"

"တတိယအချက်ကတော့... သခင်လေးလီက မိန်းကလေးလီနဲ့ ချစ်ကျွမ်းဝင်နေပြီလို့ ကြားလို့ပါ။ သခင်လေးလီအနေနဲ့ ကျွန်တော်မျိုး တာအိုဝတ်စုံဝတ်ကိုလည်း အချစ်ဆိုတာ ဘာလဲဆိုတာ သိနိုင်အောင်လို့ အသိပညာတွေ မျှဝေပေးပါဦး" ဝမ်ရိရှင်းသည် အစပိုင်းတွင် တည်တည်တံ့တံ့ ပြောဆိုနေသော်လည်း နောက်ပိုင်းတွင် သူ၏ မူလစရိုက်ကပြန်ပေါ်လာသည်။

All Chapters