← Chapters

အခန်း (၂၀၆၅-၂၀၆၆)

Vol. 147 Ch. 2065-2066

အခန်း (၂၀၆၅-၂၀၆၆)

Vol. 147 Ch. 2065-2066

အခန်း(၂၀၆၅)

“ဝုန်း..”

ကြယ်ဓားစွမ်းအင်နှင့် ပေသောင်းချီ ရှည်လျားသော နဂါးက လေထုထဲတွင် ဆုံတွေ့သွားကြသည်။

ထို့နောက်တွင်မူ မှန်းဆ၍ မရလောက်အောင် ကြောက်မက်ဖွယ်ရာ အစွမ်းထက်သော ကြယ်ဓားစွမ်းအင်သည် ပေသောင်းချီ ရှည်လျားသော နဂါးကို ခုတ်ပိုင်းချလိုက်သည်။

ပေသောင်းချီ ရှည်လျားသော နဂါးက တို့ဟူးကဲ့သို့ပင် ကြယ်ဓားစွမ်းအင်၏ ခုတ်ပိုင်းမှုအောက်တွင် အလွယ်တကူပင် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် လဲ့ကျောင်းသည်လည်း ခြေလှမ်းပေါင်းထောင်ချီ နောက်ဆုတ်လိုက်ရသည်။

ယင်းနောက်တွင် လဲ့ကျောင်းသည် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်၏။

ဤကောင်လေးသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်ပြီး ကောင်းကင်ကို အဆုံးစွန်အထိ ဆန့်ကျင်နေသော ပါရမီရှင် ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လှ၏။

ပွင့်လင်းစွာဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ မှန်းဆထားသည်ထက်ပင် ပို၍ အားကောင်းနေခဲ့သည်။

“ခင်ဗျားရဲ့ခွန်အားက သာမန် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေထက် ပိုပြီး အစွမ်းထက်နေပါလား”

သူက ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အသုံးပြုခဲ့သော်လည်း လဲ့ကျောင်းကို အနည်းငယ်မျှပင် ဒဏ်ရာရရှိအောင် မလုပ်နိုင်သည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကျန်းချန်သည် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် တိုက်ခိုက်ဆုံခဲ့ဖူးသည်။

ထိုအချိန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သာ နတ်ဘုရင် အဆီအနှစ်သွေးကို အသုံးမပြုခဲ့လျှင် ကျန်းချန် အပြည့်အဝ ထုတ်ဖော်လိုက်သည့် ကြယ်ခုနစ်ပွင့် ကောင်းကင်ဓားသိုင်းကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ရှေ့မှ လဲ့ကျောင်းကမူ ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ဒဏ်ရာမရရှိဘဲ ခုခံနိုင်ခဲ့သည်။

ဤသည်ကို ကြည့်လျှင် လဲ့ကျောင်းသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထက် ပိုမို၍ အစွမ်းထက်နေသည်မှာ ထင်ရှား၏။

“ငါ့လို ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကို သာမန် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်လို့ရမှာလဲ”

လဲ့ကျောင်းက မထီမဲ့မြင်ပြုံးလိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ကောင်လေး မင်းမှာ ကောင်းကင်ကို အဆုံးစွန်အထိ ဆန့်ကျင်နေတဲ့ ပါရမီ ရှိနေရင်တောင် ဒီနေ့တော့ ငါ့ရှေ့မှာ လုံးဝ ရမ်းကားလို့ရမှာ မဟုတ်ဘူး”

“သေချာလို့လား”

ကျန်းချန်က လဲ့ကျောင်းကို ခပ်ပေါ့ပေါ့ပင် တစ်ချက်ကြည့်လိုက်သည်။

“သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးစလုံးက ငါ့အပိုင်ပဲ.. မင်းက ကြယ်တစ်ပွင့်ကောင်းကင်အရှင် ဖြစ်နေရင်တောင် ငါ့ကို တားရဲမယ်ဆိုရင် ငါ့အနေနဲ့ မင်းကို မသတ်စရာ ဘာအကြောင်းမှ မရှိတော့ဘူး”

“မင်းက ငါ့ကို သတ်ချင်တာလား.. မင်းမှာ အဲဒီလောက်အထိ အရည်အချင်း မရှိသေးဘူး”

လဲ့ကျောင်း ကောင်းကင်အရှင်၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်း၌ ပေါက်ကွဲခါနီး မီးတောင်တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ဝုန်း..”

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများကနေ ကြောက်မက်ဖွယ် အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏ မျက်ခုံးနှင့် မျက်လုံးကြားကို ဆန်းကြယ်သော အနက်ရောင် အလင်းတန်းများက ဝန်းရံထားပြီး မျက်ဝန်းထဲတွင် အရာအားလုံးကို ဝါးမျို ပစ်နိုင်သည့် အနက်ရောင် နတ်အလင်းတန်း တစ်ခု ရှိနေခဲ့သည်။

ဤအခိုက်အတန့်တွင် လဲ့ကျောင်း ကောင်းကင်အရှင်သည် လောကသို့ ဆင်းသက်လာသော ရှေးဟောင်း မိစ္ဆာနတ်ဘုရား တစ်ပါး အလား ဖြစ်နေခဲ့၏။

လဲ့ကျောင်း ကောင်းကင်အရှင်၏ ကြောက်မက်ဖွယ် ဖိအားများကြောင့် အောက်ဘက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တုန်လှုပ် ချောက်ချားသွားကြသည်။

ထိုဖိအားဒဏ်ကို ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများသာ ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။

“ဘယ်လောက်တောင် ထိတ်လန့်ဖို့ ကောင်းလိုက်တဲ့ ခွန်အားလဲ.. လဲ့ကျောင်း ကောင်းကင်အရှင်က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့ နံပါတ်(၁) ကျင့်ကြံသူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ အရမ်းကို အစွမ်းထက်လွန်းတယ်.. ဒီ‌ကောင်လေးက လဲ့ကျောင်း ကောင်းကင်အရှင်ကို စိန်ခေါ်ရဲတယ်ဆိုတော့ သေချင်နေတာပဲ ဖြစ်ရမယ်”

“...........”

ကျင့်ကြံသူများက လေထုထဲမှ ထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်နေခဲ့ကြသည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်၌ ကရုဏာသက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် အနှိုင်းမဲ့ ကောင်းမွန်လွန်းပြီး ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ကဲ့သို့ ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင် ပြိုင်ဘက် မဟုတ်ပေ။

သို့သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူဖြစ်သော လဲ့ကျောင်း ကောင်းကင်အရှင်နှင့် ရင်ဆိုင်ရလျှင်မူ ကျန်းချန်သည် နေရာမှာပင် အဆုံးသတ်သွားရလိမ့်မည်ဟု သူတို့ ထင်မြင်ခဲ့ကြသည်။

ထိုကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးက ဤနေရာတွင် သေဆုံးရတော့မည်မှာ နှမြောစရာပင် မဟုတ်ပါလော။

“ကောင်လေး.. ဒီနေ့တော့ ငါ့ရဲ့ စွမ်းအားကို မင်းအမြင်ကျယ်အောင် ပြရသေးတာပေါ့.. ကောင်းကင်ဝါးမျိုမိစ္ဆာလက်သီးသိုင်း”

လဲ့ကျောင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုခဏတွင် သူ၏ ပုံရိပ်သည် အဆုံးမဲ့ ဝါးမျိုခြင်း စွမ်းအားများ ပါဝင်နေသည့် အနက်ရောင်တွင်းပေါက် တစ်ခု ကဲ့သို့ ဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ရူးသွပ်စွာ ဝါးမျိုကာ တဖြည်းဖြည်း ကြီးမားလာခဲ့သည်။

လဲ့ကျောင်း၏ ပုံရိပ်သည် တစ်ခဏအတွင်း ပေသောင်းချီမြင့်မားသော ကောင်းကင်ဝါးမျို မိစ္ဆာနတ်ဘုရား အဖြစ်သို့ ချက်ချင်း ဆိုသလို ပြောင်းလဲသွားခဲ့၏။

ထို့နောက်တွင် လဲ့ကျောင်းသည် ကျန်းချန်ကို လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။

လဲ့ကျောင်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာထက်တွင် မည်သည့် အမူအရာမှ ရှိမနေခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ကနေ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး လေထု တစ်ခုလုံးကို ချက်ချင်းပင် လင်းထိန်သွားစေခဲ့သည်။

မကြာမီမှာပင် ရှေးဟောင်း နတ်တန်ခိုး စွမ်းအားများ ထုတ်လွှတ်နေသည့် ရွှေရောင် နတ်ဓားတစ်လက်သည် ကျန်းချန်၏ ကျောဘက်တွင် ဆန်းကြယ်စွာ ပေါ်ထွက်လာခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်၏ ရွှေရောင်ဓား နှင့် မိစ္ဆာစွမ်းအင်များ စီးဆင်းနေသည့် ကောင်းကင်ဝါးမျိုမိစ္ဆာလက်သီးချက်တို့သည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

“ဝုန်း..”

ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ဖြစ်ပေါ်လာသော အဖျက်စွမ်းအင်မုန်တိုင်းသည် တစ်ခဏအတွင်းမှာပင် အရပ်မျက်နှာ အနှံ့ ရိုက်ခတ်သွားခဲ့ပြီး ပတ်ဝန်းကျင်‌ မိုင်သောင်းချီကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

လေထုထဲတွင် ရွှေရောင်နှင့် အနက်ရောင် စွမ်းအင်နှစ်ခုသာလျှင် ရောယှက်၍ ရှိနေခဲ့၏။

ယခုအခါတွင် ကျန်းချန်သည် လူသားဧကရာဇ်ဓားကို ခွန်းအားအပြည့်အဝဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။

ထိုတိုက်ကွက်ကို နတ်ဘုရင် အဆီအနှစ်သွေးအား အသုံးပြုခဲ့သော ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ပင်လျှင် ခက်ခဲစွာ ခုခံခဲ့ရသည်။

ထို့အတူပင် လဲ့ကျောင်း ကောင်းကင်အရှင်သည်လည်း ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့် ဖြစ်နေသည့်တိုင် ခက်ခဲစွာ ရင်ဆိုင်နေရ၏။

ဤအခြေအနေက ကြာရှည်မခံခဲ့ဘဲ မိစ္ဆာစွမ်းအားများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဝါးမျို မိစ္ဆာလက်သီးချက်စွမ်းအားသည် ကျန်းချန်၏ လူသားဧကရာဇ်ဓားအောက်တွင် တဖြည်းဖြည်း ပျက်ပြယ်သွားခဲ့သည်။

အဆုံးသတ်တွင်မူ ကောင်းကင်ဝါးမျို မိစ္ဆာလက်သီးချက်သည် လူသားဧကရာဇ်ဓား၏ လက်ချက်ဖြင့် ကွဲကြေသွားခဲ့ပြီး လဲ့ကျောင်း ကောင်းကင်အရှင်သည်လည်း ပေထောင်ချီ လွင့်စင်သွားခဲ့သည်။

လေထုထဲရှိ မယုံနိုင်စရာမြင်ကွင်းကို ကြည့်ရင်း လူတိုင်းသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

လဲ့ကျောင်း ကောင်းကင်အရှင် ဆိုသည်မှာ ကြယ်တစ်ပွင့်ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူတို့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူလည်း ဖြစ်၏။

ကျန်းချန်က အလွန်အမင်း အစွမ်းထက်ပြီး ဓားချက်တစ်ချက်တည်းဖြင့်ပင် လဲ့ကျောင်းကောင်းကင်အရှင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့လုံးဝ ထင်မထားခဲ့ပေ။

“ကောင်လေး မင်းငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား.. ငါမင်းကို အသေသတ်ပစ်မယ်”

လဲ့ကျောင်း ကောင်းကင်အရှင်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို မကျေမနပ် စိုက်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ မှန်းဆ၍မရနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။

ထိုအချိန်တွင် လူတိုင်းသည် ကောင်းကင်တစ်ခုလုံး မှောင်အတိ ကျသွားသလို ခံစားလိုက်ရ၏။

မရေမတွက်နိုင်သော အနက်ရောင် အမှောင်ထုများသည် နတ်အလင်းတန်းကို ဝါးမျိုလိုက်ကာ လေထုထဲရှိ မိုင်သောင်းချီကို လွှမ်းခြုံသွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်မှာပင် လေထုထဲ၌ ကောင်းကင်နှင့်မြေကြီး ကွဲအက်သွားသကဲ့သို့ အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လဲ့ကျောင်း ကောင်းကင်အရှင်၏ ကျောဘက်ကနေ ထိတ်လန့်စရာ ကောင်းသော အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်မှာ မိုင်ပေါင်းသောင်းချီကို လွှမ်းခြုံထားသော ဧရာမနဂါးတစ်ကောင် ဖြစ်သည်။

ထိုနဂါး၏ ကိုယ်ထည် တစ်ခုလုံးသည် အနက်ရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းနေ၏။

ဦးချိုနှစ်ခုသည် အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေခဲ့ပြီး မျက်စိသူငယ်အိမ်သည်လည်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုနိုင်သည့် ဧရာမ တွင်းပေါက်ကြီးနှစ်ခုအလား ဖြစ်နေခဲ့သည်။

“ကောင်လေး.. နတ်ဘုရားနယ်မြေရဲ့ မျိုးနွယ်စု ထောင်ပေါင်းများစွာထဲမှာ ငါတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက်က အဆင့် တစ်ရာ အတွင်းမှာ ပါဝင်တယ်.. ငါ့ကို ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုရဲ့ နတ်ခန္ဓာပုံရိပ် ထုတ်သုံးရတဲ့ အထိ ဖိအားပေးနိုင်တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူစရာပဲ”

လဲ့ကျောင်းက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် သူ၏ ကျောဘက်ရှိ အနက်ရောင်နဂါးကြီးသည် ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်ရာ ကျန်းချန်နှင့်ပတ်ဝန်းကျင် တစ်ခုလုံးကို ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့၏။

“ဟားဟား အစစ်အမှန်နဂါးမျိုးနွယ်စုရဲ့ အကိုင်းအခက်မျိုးဆက်လေးကများ ငါ့ရှေ့မှာလာပြီး ဟန်ရေးပြချင်နေတာကိုး.. မင်းလို နဂါးမျိုးနွယ်စုရဲ့ အကိုင်းအခက်မျိုးဆက်လောက်ကို မပြောနဲ့.. အစစ်အမှန် နဂါးမျိုးဆက် ဆိုရင်တောင် ငါကျန်းချန်က နှိမ်နင်းနိုင်တယ်”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ခြေလှမ်း တစ်လှမ်းကို လှမ်းလိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် နတ်နဂါးမြို့တော် ပန်းချီကားလိပ် ထွက်ပေါ်လာခဲ့၏။

“မျိုးမစစ်နဂါးကို နှိမ်နင်းပစ်လိုက်စမ်း”

“ဝုန်း..”

ကျန်းချန်၏ စကားအဆုံးတွင် လေထုထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး နတ်နဂါးမြို့တော် ပန်းချီကားလိပ်သည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးအုပ်နိုင်လောက်သည့် ဧရာမ ပန်းချီကားလိပ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ အနက်ရောင်နဂါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

အနက်ရောင်နဂါးကြီးသည် ပန်းချီကားလိပ်ထဲမှ နတ်နဂါးမြို့တော် အထက် ကောင်းကင်ယံတွင် လဲလျောင်းနေသော နတ်နဂါးပုံရိပ်ကို မြင်လိုက်ရလျှင် ကမ္ဘာပေါ်တွင် အထိတ်လန့်ဆုံး အရာတစ်ခု နှင့် တွေ့လိုက်ရသကဲ့သို့ ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

ဤအချိန်တွင် အနက်ရောင်နဂါးကြီးသည် လုံးဝ ဖိနှိပ်ခံလိုက်ရပြီး မည်မျှပင် ရုန်းကန်စေကာမူ အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့၏။

တစ်ခဏအတွင်းမှာပင် နတ်နဂါးမြို့တော် ပန်းချီကားလိပ်၏ ဖိနှိပ်မှုအောက်တွင် အနက်ရောင် နဂါးကြီးသည် ပေါက်ကွဲသွားခဲ့သည်။

အခန်း(၂၀၆၅)ပြီး၏။

အခန်း(၂၀၆၆)

အနက်ရောင်နဂါးကြီး ပေါက်ကွဲသွားပြီးနောက်တွင် နတ်နဂါးမြို့တော် ပန်းချီကားလိပ်ထဲမှ ကြောက်မက်ဖွယ် နတ်အလင်းသည် လဲ့ကျောင်း ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ရာ လဲ့ကျောင်း ကောင်းကင်အရှင်သည် ချက်ချင်းဆိုသလိုပင် လွင့်ထက်သွားခဲ့သည်။

သူလွင့်စင်သွားသည့် လမ်းတစ်လျှောက်တွင် မီတာတစ်ထောင်အကျယ် ရှိသည့် နေရာလွတ် အက်ကွဲကြောင်း တစ်ခုပင် ကျန်ရစ်ခဲ့သည်။

“ဒါက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ပဲ.. မင်း မင်းက ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုကလား”

လဲ့ကျောင်း ကောင်းကင်အရှင်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုသည် ထူးခြားသော သွေးမျိုးဆက်ရှိပြီး နတ်ဘုရားနယ်မြေရှိ မျိုးနွယ်စုထောင်ပေါင်းများစွာ ထဲတွင် ထိပ်ဆုံး ၁၀၀ စာရင်း၌ ပါဝင်၏။

သို့သော်လည်း ရှေးဟောင်းသူတော်စင်နဂါး သွေးမျိုးဆက်နှင့် ယှဥ်လျှင်မူ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်သည် ဘာမှမဟုတ်ပေ။

သူတော်စင်နဂါးသွေးသည် သူတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ သွေးကို လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။

သူ၏ရှေ့မှ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော လူငယ်လေးသည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု လဲ့ကျောင်း ကောင်းကင်အရှင် မမျှော်လင့်ထားခဲ့ပေ။

“ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး.. မင်းသိဖို့ လိုတာက သက်စောင့်ဝိညာဥ်သစ်သီး ငါရယူမှာကို တားဆီးရဲတဲ့သူမှန်သမျှ သေရမယ်ဆိုတာပဲ”

ကျန်းချန်၏ မျက်နှာအမူအရာ အေးစက်နေခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားများ ဝန်းရံနေခဲ့ရာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ကျန်းချန်က နောက်ထပ် တိုက်ခိုက်တော့မည်ကို မြင်လျှင် လဲ့ကျောင်း ကောင်းကင်အရှင်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို အလျင်အမြန် ဖိနှိပ်လိုက်ရသည်။

ထို့နောက် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အနက်ရောင် တူတစ်လက်သည် သူ၏ လက်ထဲတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။

ထိုအနက်ရောင်တူ၏ အပေါ်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်လောက်သည့် မဟာဝါးမျိုခြင်း လမ်းစဥ်စွမ်းအားများ ပါဝင်နေသည့် အနက်ရောင်မိုးကြိုးများ လင်းလက်နေခဲ့၏။

ထိုဧရာမတူ လက်ထဲသို့ ရောက်ရှိလာပြီးနောက်တွင် လဲ့ကျောင်း ကောင်းကင်အရှင်သည် ကျန်းချန်ကို ဒေါသတကြီးဖြင့် ခုတ်ချလိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားသည် နေရာလွတ်ကို ချက်ချင်းပင် ဖြတ်သန်းသွားခဲ့ပြီး အလွန်တရာ အစွမ်းထက်သည့် အနက်ရောင်မုန်တိုင်းနှင့် အတူ ကျန်းချန် ဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုအနက်ရောင်မုန်တိုင်းသည် ငရဲချောက်နက်ထဲကနေ တိုက်ခိုက်လာသည့် ငရဲကိုးပါးလေပြင်း ကဲ့သို့ ဖြစ်နေခဲ့ပြီး သာမန် ကောင်းကင်အရှင် တစ်ပါးပင် အနည်းငယ် ထိမိသည်နှင့် တစ်ခဏအတွင်း ဘာမှ မကျန်ရှိတော့သည်အထိ ဝါးမျိုခံလိုက်ရမည် ဖြစ်၏။

လဲ့ကျောင်း ကောင်းကင်အရှင်၏ တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်၏ မျက်နှာ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး လမ်းစဥ် ၁၀မျိုး၏ ကမ္ဘ့ာစွမ်းအားကို လှုံ့ဆော်ကာ လက်သီးချက် တစ်ချက်ကို ပစ်သွင်းလိုက်သည်။

ကျန်းချန်၏ လက်သီးချက်စွမ်းအားနှင့် လဲ့ကျောင်းကောင်းကင်အရှင်၏ အနက်ရောင်တူ တို့သည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ထိုစွမ်းအားနှစ်ခုကို ဗဟိုပြု၍ တိုက်ခတ်သွားခဲ့ပြီး အချင်းဝက် မိုင်သုံးထောင်ခန့်ရှိသည့် နေရာလွတ်သည် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားခဲ့သည်။

လဲ့ကျောင်း ကောင်းကင်အရှင်နှင့် ကျန်းချန် တို့သည်လည်း ဆန့်ကျင်ဘက် အရပ်မျက်နှာများ ဆီသို့ တစ်ချိန်တည်းမှာပင် လွင့်ထွက်သွားခဲ့ကြသည်။

“ဒီလူက ကြယ်တစ်ပွင့် ကောင်းကင် အရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သားပဲ”

ကျန်းချန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်လိုက်သည်။

ဤအချိန်တွင် လဲ့ကျောင်း ကောင်းကင်အရှင်ကို ကြည့်နေသော သူ၏ အကြည့်သည် အနည်းငယ်‌ လေးနက်သွားခဲ့သည်။

သူက လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထား၍ သူတော်စင် ကောင်းကင်နတ်ဘုရားများထက် သာလွန်သော စွမ်းရည်ရှိ၏။

သို့သော်လည်း သူ၏ရှေ့မှ လဲ့ကျောင်း ကောင်းကင်အရှင်သည် သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများထက် သာလွန်သည့် ကြယ်တစ်ပွင့် ကောင်းကင်အရှင် ဖြစ်ပြီး အလွန်တရာပင် အစွမ်းထက်၏။

ယခုအခါတွင် လဲ့ကျောင်း ကောင်းကင်အရှင်က နတ်ဘုရင်အဆင့် လက်နက်ကိုပါ ထုတ်သုံးလိုက်ရာ လဲ့ကျောင်းကောင်းကင်အရှင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်တစ်ဆင့် မြင့်တက်လာခဲ့ပြီး ကျန်းချန်ကို အသာစီးမရလျှင်ပင် ယှဥ်တိုက်နိုင်စွမ်း ရှိလာခဲ့သည်။

“ငါ့ရဲ့ လက်ရှိစွမ်းအားက ကြယ်တစ်ပွင့် ကောင်းကင် အရှင်ထက် အနည်းငယ် ပိုသန်မာရုံပဲ ရှိသေးတယ်.. တကယ်လို့သာ ဒီထက် ပိုသန်မာတဲ့ ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ဒါမှမဟုတ် ကြယ်သုံးပွင့် ကောင်းကင်အရှင်နဲ့ တွေ့ရင် ရင်ဆိုင်ဖို့ခက်ခဲသွားလိမ့်မယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

ဤကိစ္စပြီးလျှင် သူက မည်သို့သော အကြောင်းပဲရှိရှိ သူ၏ ကမ္ဘ့ာစွမ်းအား ၁၀မျိုးကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိအောင် လုပ်ဆောင်မည် ဖြစ်ပြီး နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ရန် ကြိုးစားတော့မည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားလျှင်ပင် တကယ့် အစွမ်းထက် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက လုံလောက်မည် မဟုတ်ပေ။

“ကောင်လေး.. မင်းက လမ်းစဥ် ၁၀မျိုးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. ကောင်းကင်နတ်ဘုရား အဆင့်နဲ့ ကြယ်တစ်ပွင့်ကောင်းကင်အရှင်အဆင့်ကို ယှဥ်ပြိုင်နိုင်တယ် ဆိုတာက နတ်ဘုရားကုန်းမြေတိုက်ရဲ့ သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ကိစ္စပဲ”

လဲ့ကျောင်း ကောင်းကင်အရှင်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူက ကြယ်တစ်ပွင့် ကောင်းကင်အရှင် တစ်ပါး ဖြစ်ပြီး နတ်ဘုရင်အဆင့် လက်နက်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် အသာစီးမရခဲ့ပေ။

ကျန်းချန်က လဲ့ကျောင်း ကောင်းကင်အရှင်ကို အေးစက်စက် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လဲ့ကျောင်း.. ကြယ်တစ်ပွင့် ကောင်းကင်အရှင်ရဲ့ စွမ်းအားက ဒီလောက်ပဲလား.. ငါ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံး စလုံးကို ရအောင်ယူမယ်.. မင်းငါ့ကို ထပ်ပြီး တားရဲရင်တော့ ငါမင်းကို ညှာမနေတော့ဘူး”

“သေချာလို့လား”

လဲ့ကျောင်း ကောင်းကင်အရှင်က အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်၏ စကားကို စိတ်ထဲမထားခဲ့ပေ။

သူက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အင်အားအကောင်းဆုံး မျိုးနွယ်စုဖြစ်သော ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။

ထိုကောင်လေးက ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင် အမှန်တကယ် ဖြစ်နေလျှင်ပင် လဲ့ကျောင်း ကောင်းကင်အရှင်သည် ကျန်းချန်၏ ခြိမ်းခြောက်မှုကို ဂရုစိုက်နေမည် မဟုတ်ပေ။

ဆိုရလျှင် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုသည် အလွန်တရာ အားကောင်းသော်လည်း ကောင်းကင်ဝါးမျိုရေနဂါး မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင်သာ နေထိုင်ခြင်းဖြစ်၍ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုမှ နတ်ဘုရင်အဆင့် ကျင့်ကြံသူ အနေဖြင့် ဤနေရာအထိ လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည့် ကြယ်တစ်ပွင့်ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်ပြီး ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ ဝှက်ဖဲအချို့ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။

ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု၏ နတ်ဘုရင်အဆင့်ကျင့်ကြံသူ လာရောက် မတိုက်ခိုက်သရွေ့ လဲ့ကျောင်း ကောင်းကင်အရှင်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို ကြောက်ရွံ့စရာ လိုအပ်မည် မဟုတ်ချေ။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် သူတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု အတွက် ကြီးမားသော ကပ်ဘေးတစ်ခုဖြစ်၏။

ထိုလူငယ်က ယခုအခါတွင် ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိနေသေးသည့်တိုင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နေခဲ့ချေပြီ။

အကယ်၍သာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားလျှင် သူတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုသည် ထိုကောင်လေးကို မည်သို့မှ ယှဥ်နိုင်တော့မည် မဟုတ်ပေ။

ယခု သူက ထိုကောင်လေးကို ရန်စသွားမိပြီ ဖြစ်ရာ မည်မျှပင် ပေးဆပ်ရပါစေ၊ ထိုကောင်လေးကို မဖြစ်မနေ သတ်ရလိမ့်မည် မဟုတ်ပါလား။

လဲ့ကျောင်း ကောင်းကင်အရှင်က အချိန်မဖြုန်းတော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားကို သူ၏ လက်ထဲရှိ အနက်ရောင်တူ လက်နက်ထဲသို့ အစွမ်းကုန် ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် သူက အနက်ရောင်တူကို ဝှေ့ယမ်းလိုက်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် နတ်ဘုရင်အဆင့်တူ ဖြစ်သည့် အနက်ရောင်တူ ထံကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ဤအချိန်တွင် အလွန်တရာ အားကောင်းသော နတ်ဘုရင်လမ်းစဥ်၏ စွမ်းအားသည် ကောင်းကင်ယံရှိ မိုင်ပေါင်းသောင်းချီကို လွှမ်းခြုံသွားခဲ့ပြီး နေရာလွတ်များကို ဆက်တိုက်ဆိုသလို ကြေမွသွားစေခဲ့သည်။

အနက်ရောင်မုန်တိုင်းများသည်လည်း နေရာလွတ် အက်ကွဲကြောင်းများထဲကနေ တိုက်ခတ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သက်ရှိများစွာကို ဒူးထောက်မတတ် တုန်ယင်သွားစေခဲ့သည်။

အနက်ရောင်တူ၏ စွမ်းအားက အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး တောင်တန်းနှင့် မြစ်များကိုပင် ဗြောင်းဆန်စေကာ နေနှင့်လပင် ပျောက်ကွယ်သွားတော့မလို ဖြစ်စေခဲ့သည်။

အနက်ရောင်တူ ထံကနေ ထွက်ပေါ်လာသော မဟာဝါးမျိုခြင်း လမ်းစဥ်၏ စွမ်းအားသည် ကောင်းကင်ယံရှိ နေရာလွတ်ကို ချက်ချင်းဆိုသလို ဖရိုဖရဲ ဖြစ်စေခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။

“နတ်ဘုရင်အဆင့် မှော်လက်နက်က မင်းတစ်ယောက်ထဲ ပိုင်ဆိုင်ထားတာ မဟုတ်ဘူး”

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မဟာနဂါး ကောင်းကင်နန်းတော်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး လေထုထဲ၌ ကြီးမားသော ရွှေရောင်နန်းတော်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် ရွှေရောင်နန်းတော်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်လာခဲ့ပြီး မဟာဝါးမျိုခြင်း လမ်းစဥ်စွမ်းအားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ကောင်းကင်ယံကိုပင် တုန်ခါသွားစေလောက်သည့် ကျယ်လောင်သော ပေါက်ကွဲသံသည် ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

အနက်ရောင်တူ ထံကနေ ဖြစ်ပေါ်လာသော မဟာဝါးမျိုခြင်းလမ်းစဥ် စွမ်းအားများသည် မဟာနဂါးနန်းတော်ကနေ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းအောက်တွင် ဘာမှ မကျန်ရှိတော့သည်အထိ ချေမှုန်းခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လဲ့ကျောင်း ကောင်းကင်အရှင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပေသောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် လေထုထဲ၌ ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ လဲ့ကျောင်းကောင်းကင်အရှင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က လဲ့ကျောင်းကောင်းကင်အရှင်ကို အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏ ခနဲ့တဲ့တဲ့ လှောင်ရယ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“လဲ့ကျောင်း ကောင်းကင်အရှင်.. မင်းက နတ်ဘုရင်အဆင့်လက်နက်ကို ထုတ်သုံးလိုက်တာနဲ့ပဲ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား.. ဒီလောက်နဲ့ မလုံလောက်သေးဘူး”

“ဒီ‌ကောင်လေးကလည်း နတ်ဘုရင်အဆင့် မှော်လက်နက်ကို ပိုင်ဆိုင်ထားတယ်လား”

လဲ့ကျောင်း ကောင်းကင်အရှင်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

အခန်း(၂၀၆၆)ပြီး၏။

All Chapters