အခန်း (၂၉၄၆-၂၉၅၀)
Vol. 151 Ch. 2946-2950
2946
ဤှနေရာသိုရောက်ရှိလာသူသည် ယခင်က ဖူရွှေပွဲတော်တွင် လုယွီထံမှ နဂါးအမြူတေလုယက်ရန် ကြံစည်ခဲ့သော ယဲ့စန်းကောပင်။
ထိုအချိန်တုန်းက ယဲ့စန်းကောသည် လုယွီ၏ဖိနှိပ်ခြင်းကိုခံရပြီး မြေပြင်ပေါ်၌ အချိန်အတော်ကြာဒူးထောက်ကာ ကူကယ်ရာမဲ့ဖြစ်ခဲ့ရသည်။
ဤသည်က သူ့အတွက် အရှက်ရစရာကိစ္စပင်။အကယ်၍ ထိုသတင်းသာ ပျံ့နှံသွားပါက သူသည် တော်ဝင်မြိုတော်တစ်ခုလုံး၏ရယ်စရာပြက်လုံးကြီး ဖြစ်သွားပေမည်။ကံကောင်းစွာဖြင့် ယဲ့စန်းကောသည် တော်ဝင်မြိုတော် အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူဖြစ်သဖြင့် လုံလောက်လောအခွင့်အာဏာမျိုးရှိနေသည်။သူ၏အကျပ်ကိုင်ခြိမ်းခြောက်မှုနှင့်သိမ်းသွင်းမှုတိုအောက်တွင် လူတိုင်းက သူတို၏ပါးစပ်များကို လိမ်လိမ်မာမာ ပိတ်ထားလိုက်ကြ၏။
လုယွီကို တဖန်ပြန်၍မြင်တွေ့ရချိန်တွင် ယဲ့စန်းကောသည် သူ၏ဒူးနှစ်ဖက် ပူပြင်းလောင်ကျွမ်းလာသော နာကျင်မှုများကို ခံစားလိုက်ရသည်။
"ဘာလဲ...မြင့်မြတ်တဲ့နဂါးအစောင့်ကြီးက တခြားဘာမှလုပ်စရာမရှိတော့လို ငါ့ရဲ့အုပ်ချုပ်ရေးရုံးတော်ကို ပစ်မှတ်ထားနေတာလား...တော်ဝင်မြိုတော်ထဲမှာ မင်းလုပ်စရာကိစ္စတွေ အများကြီးရှိတယ်...ဘာလို မင်းက ဒီနေရာကိုရောက်လာပြီးတော့ ငါ့ရဲ့အုပ်ချုပ်ရေးရုံးတော်က အရာရှိတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်ရတာလဲ....မင်းက နဂါးအစောင့်ဖြစ်တာနဲ့ပဲ ဥပဒေမဲ့ထင်ရာစိုင်းလိုရပြီလို ထင်နေတာလား"
ယဲ့စန်းကောက အမှန်တကယ်ကိုပင် အလွန်အမင်းဒေါသထွက်နေသည်။
သူ၏အမြင်အရ လုယွီ အုပ်ချုပ်ရေးရုံးတော်သို ရောက်ရှိလာခြင်းမှာ သူ့အား ပြဿနာလာရှာခြင်းပင်။
တခြားအရာရှိများက ကူကယ်ရာမဲ့စွာဖြင့် ယဲ့စန်းကောကို ကြည့်လိုက်ကြ၏။အုပ်ချုပ်သူအရှင်သည် ဤနဂါးအစောင့်ကို သိနေမည်ဟု သူတိုအားလုံး မျှော်လင့်မထားမိကြချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အရှင်ယဲ့...ရှုရာမျိုးနွယ်ဝင် သူလျှိုတစ်ယောက် အုပ်ချုပ်ရေးရုံးတော်ထဲကို ခိုးဝင်လာတာက ကိစ္စကြီးတစ်ခုမဟုတ်ဘူးလို ခင်ဗျားက ထင်နေတာလား....ဒီလိုဆိုရင်တော့ ဒီအုပ်ချုပ်ရေးရုံးတော်ကို လုံးလုံးလျားလျား ပြောင်းလဲသင့်နေပြီ"
ယဲ့စန်းကောက သရော်တော်တော် တုံပြန်ပြောဆိုလေ၏။
"ဘာ ရှုရာမျိုးနွယ်ဝင်လဲ...ငါ့အထင်တော့ မင်းက မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောနေတာပဲ...အုပ်ချုပ်ရေးရုံးတော်ကလူတိုင်းကို ဝင်မလာခင်ကတည်းက တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးသွားပြီ...အဲ့ဒီကိစ္စထဲမှာ ဘာမတော်တဆမှုမှရှိမှာမဟုတ်ဘူး"
သူ၏လက်အောက်ငယ်သားတစ်ယောက်သည် ရှုရာမျိုးနွယ်ဝင် သူလျှိုတစ်ယောက်ဖြစ်သည်ဟူသော စကားကိုကြားချိန်တွင် ယဲ့စန်းကောက ဆိုးရွားသော ခံစားချက်မျိုးရရှိလိုက်သည်။
သို့ရာတွင် သူသည် သူ၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားဆဲပင်။အကယ်၍ ထိုကိစ္စကို သူကိုယ်တိုင်ဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။
အကယ်၍ လုယွီ ပြောဆိုသောကိစ္စသာ အမှန်တကယ်ဖြစ်ပါက အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်ဖြစ်သော သူ့အနေဖြင့် သတိလက်လွတ်နေခဲ့မိသည့်အတွက် တာဝန်ယူရပေမည်။
ဤသည်က အုပ်ချုပ်ရေးရုံးတော်အတွက် တာဝန်ထမ်းဆောင်ရန် လူရွေးချယ်ရာတွင် ကျင့်သုံးသောစနစ်၏ပြဿနာပင်။
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် အရာရှိအဆင့်အမျိုးမျိုးအတွက် တော်ဝင်နန်းတွင်းအတွက် လုံလောက်သောအကျိုးဆောင်မှုမရှိခြင်းနှင့် ရာထူးတာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ခြင်းတို မရှိပါက ရာထူးတိုးခြင်းကို ရပ်ဆိုင်းခံရသည့်အပြင် ရာထူးအဆင့်ပင် နိမ့်ကျသွားနိုင်သည်။
နောက်ပိုင်းတွင် ရှန်လင်းလုံသည် ကောင်းကင်ဘုံထိုက်ချမ်ချမှတ်ခဲ့သော ဥပဒေစည်းမျဥ်းများကို ပယ်ချခဲ့သည်။တိုက်ပွဲအကျိုးဆောင်မှုမရှိသည့်တိုင် လူအများစုသည် အတွေ့အကြုံများရရှိရန် ကြိုးစားနိုင်သည်။သူတိုထံတွင် လုံလောက်သောအရည်အချင်းများရှိသရွေ့ ရာထူးတက်သွားနိုင်ပေ၏။
ရလဒ်အနေဖြင့် သူတို၏ယခင်ရာထူးနေရာများတွင်သာ အချောင်ခိုနေကြပြီး ဖြစ်နိုင်ချေရှိသော မတော်တဆမှုဟူသမျှကို ဖိနှိပ်ထားနိုင်ရန်အလိုငှာ မည်သည့်တိုက်ပွဲအောင်မြင်မှုမျိုးကိုမှရရှိရန် ကြိုးစားကြခြင်းမရှိတော့ချေ။
ဤသည်က ယခင်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတွင် ထျန်းပိုယန်လုပ်ဆောင်ခဲ့သော ကိစ္စမျိုးနှင့်တူညီသည်။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏ နေရာအနှံအပြား၌ ထကြွသောင်းကျန်းနေခဲ့သည်။သိုရာတွင် ထျန်းပိုယန်သည် ထိုသတင်းများ ပျံ့နှံမသွားစေရန်ဖိနှိပ်ထားကာ မည်သည့်အကူအညီမျိုးကိုမျှ တော်ဝင်နန်းတွင်းထံ တောင်းခံခဲ့ခြင်းမရှိချေ။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"မင်း ငါ့ကိုယုံကြည်ဖို မလိုအပ်ဘူး...ငါက ဒီနေရာကနေ ရှုရာမျိုးနွယ်ဝင်သူလျှိုတစ်ယောက်ကို ဖမ်းမိတယ်ဆိုတာ အုပ်ချုပ်ရေးရုံးတော်ရဲ့အုပ်ချုပ်သူအရှင်ဖြစ်တဲ့မင်းကို အကြောင်းကြားရုံသက်သက်ပဲ...ငါ သူ့ကိုဖမ်းဆီးတဲ့ကိစ္စကို မင်း ငြင်းဆန်လိုမရဘူး"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ချန်းမင်ကို ဖမ်းချုပ်လိုက်တော့သည်။
ချန်းမင်၏ရုပ်ခန္ဓာကိုယ်သည် အတော်အသင့် တုတ်ခိုင်ထွားကျိုင်းသော်လည်း လုယွီ၏လက်အတွင်း၌ သူသည် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိချေ။
"ခဏနေဦး"
ယဲ့စန်းကောက သူ၏လက်ကိုဆန့်တန်းကာ လုယွီကိုဟန့်တား၍ ပြောဆိုသည်။
"ငါ့ရဲ့ရှေ့မှာ အုပ်ချုပ်ရေးရုံးတော်ရဲ့အရာရှိတစ်ယောက်ကို မင်းက ပြောင်ပြောင်တင်းတင်း ဖမ်းဆီးဝံ့တယ်...တကယ်လို လူတိုင်းက မင်းလိုလိုက်လုပ်နေရင်...ငါတိုအုပ်ချုပ်ရေးရုံးတော်ရဲ့ဂုဏ်သိက္ခာကို တခြားသူတွေက နင်းချေချင်သလို နင်းချေလိုရတယ်လို ထင်သွားကြလိမ့်မယ်"
မည်သည့်ကိစ္စမျိုးရှိနေပါစေ ချန်းမင်ကို လုယွီဖမ်းဆီးခေါ်ဆောင်သွားမည့်ကိစ္စကို သူ ခွင့်မပြုနိုင်ချေ။
အကယ်၍ ချန်းမင်သည် အမှန်တကယ်ကို ရှုရာမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေလျှင်ပင် ထိုကိစ္စကို ဖြေရှင်းမည့်လူသည် သူသာလျှင် ဖြစ်ရပေမည်။
"မင်း ငါ့ကို ဟန့်တားလိုမရဘူး"
လုယွီက ယဲ့စန်းကောကိုတစ်ချက်သာကြည့်ကာ လျစ်လျှူရှုလိုက်၏။
ဤသည်က သူ၏တိုက်ပွဲအကျိုးဆောင်မှုပင်။မည်သူကိုမျှ ကြားဝင်စွက်ဖက်ခွင့် မပြုနိုင်ချေ။
ယဲ့စန်းကောသည် ရုတ်တရက် ဖူရွှေပွဲတော်၌ဖြစ်ပျက်ခဲ့သောကိစ္စကို ပြန်လည်အမှတ်ရသွားသဖြင့် သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။လုယွီ၏ခွန်အားသည် သူ့ထက် သာလွန်နေပေ၏။အကယ်၍ လုယွီသာ တစ်စုံတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားလိုပါက သူ မည်သိုမျှတတ်နိုင်မည်မဟုတ်ချေ။
Chapter 2947
"အုပ်ချုပ်ရေးရုံးတော်မှာ တခြားဘယ်သူမှမရှိတော့ဘူးလို မင်း တကယ်ကြီးထင်နေတာလား"
ယဲ့စန်းကော၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများဖြင့် ပြည့်နှက်နေသဖြင့် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကို ဟန့်တားလိုက်ကြစမ်း"
သူ၏အော်သံ အဆုံးသတ်သွားသောအချိန်မှာပင် လူရိပ်ရှစ်ရိပ် ခန်းမအတွင်းမှ တဟုန်ထိုးပြေးထွက်လာကာ လုယွီကို ဝိုင်းရံလိုက်၏။
ထိုလူရှစ်ယောက်တွင် အမျိုးသားရော အမျိုးသမီးပါရှိနေပြီး သူတိုအားလုံးသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူတို၏ခေါင်းထက်၌ အနက်ရောင်ခေါင်းစည်းကို ပတ်ထားကြသည်။သူတို၏ဝတ်စုံများပေါ်တွင် အနီရောင်နှင့်အနက်ရောင် ဓားအမှတ်အသားများကို ပန်းထိုးထားလေ၏။သူတိုအနက်မှမည်သည့်တစ်ယောက်ထံမှမဆို ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေသည်။
အစွမ်းထက်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားသည်။နံဘေးဘက်မှစောင့်ကြည့်နေသော အရာရှိများသည် ထိုအရှိန်အဝါကြောင့် တုန်လှုပ်ချောက်ချားနေကြကာ မလှမ်းမကမ်းသို အလျှင်အမြန်ပြေး၍ ပုန်းအောင်းနေကြပြီး အနီးသိုမချဥ်းကပ်ဝံ့တော့ချေ။
"ဒါက အုပ်ချုပ်ရေးရုံးတော်ရဲ့နတ်ဘုရားစစ်သားရှစ်ယောက်ပဲ"
"အဲ့ဒီလူရှစ်ယောက်က သာမာန်အခြေအနေတွေမှာဆို အပြင်ကို ထွက်လာလေ့မရှိဘူး...အုပ်ချုပ်သူအရှင်က သူတိုကိုအသုံးပြုပြီးတော့ နဂါးအစောင့်ကို ရင်ဆိုင်ဖိုကြံစည်နေတာလား...သူက ဘယ်လိုသတ္တိမျိုးနဲ့ ဒီကိစ္စကိုလုပ်ဝံ့တာလဲ"
"ဒါပေမယ့် ဒီနဂါးအစောင့်ရဲ့လှုပ်ရှားမှုတွေက တကယ်ကြီးမှားယွင်းနေတယ်...တကယ်လို သူ တစ်ယောက်ယောက်ကို ဖမ်းဆီးချင်တယ်ဆိုရင် ဖမ်းဝရမ်းလိုတယ်...သူက စည်းမျဥ်းတွေကို မလိုက်နာမှတော့ ငါတိုအုပ်ချုပ်ရေးရုံးတော်ကလည်း အလျှော့ပေးစရာမလိုဘူး"
ပတ်ဝန်းကျင်ရှိအရာရှိတချို့သည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြ၏။ထိုလူရှစ်ယောက်ထံမှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် သူတို့သည် အဝေးမှစောင့်ကြည့်ရုံသာတတ်နိုင်သည်။
ထိုနတ်ဘုရားစစ်သားရှစ်ယောက်သည် တော်ဝင်မြိုတော်အတွင်းရှိ တပ်မှူးများအကြား၌ ခွန်အားအကောင်းဆုံးနှင့်ဂုဏ်သတင်းအကြီးမားဆုံးသူများဖြစ်သည်။
ထိုလူများသည် ကိစ္စများဖြေရှင်းရာတွင် နတ်ဘုရားများကဲ့သို အစွမ်းထက်ရုံသာမက သူတို့၏နည်းလမ်းများသည် အတော်အသင့်ကြမ်းတမ်းပေ၏။တော်ဝင်မြိုတော်ရှိလူများသည် သူတို့၏အသံကိုကြားရုံဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားရသည်။
"အရှင်လု....တကယ်လို မင်းတို့နှစ်ယောက်ကြားမှာ အရင်က ရန်ငြိုးတွေရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒါက ပုဂ္ဂိုလ်ရေးသီးသန့်ရန်ငြိုးပဲလေ...ရှုရာမျိုးနွယ်ကသူလျှိုတစ်ယောက် ခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စကြီးကတော့ ငါတိုအုပ်ချုပ်ရေးရုံးတော်ကနေ သူ့ကိုအရင်ဆုံးစစ်ဆေးသင့်တယ်"
အကြီးအကဲချူးသည်လည်း နတ်ဘုရားစစ်သားရှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သည်။
ယခင်က ဖူရွှေပွဲတော်၌ သူသည် လုယွီနှင့် တိုက်ခိုက်မှုချင်း ဖလှယ်ခဲ့ဖူးသည်။ထိုကြောင့် လုယွီ၏ခွန်အား မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူ ကောင်းစွာသိရှိပေ၏။
သူ့ကဲ့သို ထင်ရာစိုင်းတတ်သောလူတစ်ယောက်ပင်လျှင် လုယွီကို ရိုသေလေးစားစွာ ဆက်ဆံနေရသည်။အကယ်၍ သူ မရိုမသေဆက်ဆံမိပါက လုယွီ စိတ်ဆိုးဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေမိသည်။
"မင်း သူ့ကို ဘာလိုစကားပြောနေတာလဲ...နဂါးအစောင့်တွေက တကယ်ကြီး အရမ်းထူးချွန်နေတဲ့သူတွေလို မင်း ထင်နေတာလား...နဂါးအစောင့်တွေက ချမ်းသာကြွယ်ဝတဲ့မိသားစုကြီးတွေရဲ့မိသားစုဝင်တွေဆိုတာ ငါ ကြားခဲ့တာ အချိန်အတော်ကြာနေပြီ...သူတိုတွေထဲမှာ လူဆိုးနဲ့လူကောင်း ရောထွေးနေတယ်...တကယ်လို သူက အပြင်လူတွေရှေ့မှာ
မောက်မာဝံ့ကြွားနေတယ်ဆိုရင် ဒါက ဘာမှမဖြစ်ဘူး...ဒါပေမယ့် သူက အုပ်ချုပ်ရေးရုံးတော်ထဲကိုဝင်ပြီး လူဖမ်းဝံ့တာ ငါတိုရဲ့ခေါင်းပေါ်ကို တက်နင်းတာနဲ့အတူတူပဲ...ချန်းမင်က ရှုရာဟုတ်တယ် မဟုတ်ဘူးဆိုတာ သူ အတပ်ပြောနိုင်လိုလား"
နတ်ဘုရားစစ်သားရှစ်ယောက်အနက်မှ လူငယ်တစ်ယောက်က မောက်မာဝံ့ကြွားသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
လုယွီ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ ထိုနတ်ဘုရားစစ်သားကို စူးစိုက်၍ကြည့်လိုက်၏။
"မင်းက ငါ့ကို ဟန့်တားချင်တာလား"
"ငါ့နာမည်က ရွှမ်ချီ...ကြေးအဆင့်နဂါးအစောင့်လေးတစ်ယောက်ကများ မင်းမှာ ဒီလိုအဆင့်အတန်းမျိုးရှိနေတာနဲ့ မင်းကိုယ်မင်း အရမ်းမြင့်မြတ်နေပြီလို ထင်မနေနဲ့...နဂါးအစောင့်တွေရဲ့ မြောက်ပိုင်းအုပ်ချုပ်သူအရှင်က ငါ့ရဲ့ဦးလေးပဲ...မင်းက ငါ့အမိန့်ကို နာခံလိုက်တာ ပိုကောင်းလိမ့်မယ်"
လူငယ်နတ်ဘုရားစစ်သားက သူ၏ခေါင်းကိုမော့၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
သူသည် တော်ဝင်မြိုတော်၏နတ်ဘုရားစစ်သားရှစ်ယောက်အနက် အငယ်ဆုံးဖြစ်ကာ သူ၏မိသားစုနောက်ခံမှာလည်း အတော်အသင့် ထင်ရှားကျော်ကြားပေ၏။
ရွှမ်မိသားစုသည် တော်ဝင်မြိုတော်အတွင်းရှိ ထိပ်သီးမိသားစုကြီးရှစ်စုကို မယှဥ်ပြိုင်နိုင်သော်လည်း ချမ်းသာကြွယ်ဝသော မိသားစုတစ်စုဟု ယူဆနိုင်သည်။တော်ဝင်နန်းတွင်းတွင် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်နေကြသော ရွှမ်မိသားစုဝင်အမြောက်အများရှိသည်။
ထိုအဆင့်အတန်းကြောင့် ရွှမ်ချီသည် တော်ဝင်မြိုတော်အတွင်း၌ ကိစ္စများစုံစမ်းစစ်ဆေးရာတွင် တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်းမရှိခဲ့ချေ။သူသည် တစ်ဖက်လူ၏အဆင့်အတန်းကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပေ။ထိုကြောင့် သူသည် ကိစ္စများကို နတ်ဘုရားတစ်ပါးကဲ့သို ဖြေရှင်းနိုင်ခဲ့ပြီး မကြာမီမှာပင် နတ်ဘုရားစစ်သားတစ်ယောက် ဖြစ်လာခဲ့ပေ၏။
လုယွီ ယခုထိတိုင် မလှုပ်မယှက်နေနေသည်ကိုကြည့်ပြီး ရွှမ်ချီက တင်းမာခက်ထန်သောလေသံဖြင့် အော်ထုတ်လိုက်သည်။
"မင်းရဲ့လက်ထဲကလူကို အောက်ချလိုက်စမ်း...မင်း နားကန်းနေတာလား...ငါပြောနေတာ မကြားဘူးလား"
ဘုန်း...
သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် လုယွီက ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခုအသွင်သို ပြောင်းလဲသွားပြီး သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
"ဂရုစိုက်"
အကြီးအကဲချူးက ထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလို အော်ဟစ်လိုက်သည်။
"မင်းက ငါ့ကို တိုက်ခိုက်ဝံ့တာလား...မင်းက သေလမ်းရှာနေတာပဲ"
လုယွီက သူ့အားတိုက်ခိုက်လိုက်သည်ကို မြင်တွေ့ချိန်တွင် ရွှမ်ချီက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
သူသည် လူငယ်မျိုးဆက်သစ်များအကြားတွင် ထိပ်သီးပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် သူနှင့်သက်တူရွယ်တူများအကြားတွင် လူနည်းစုကသာ သူ့ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။
Chapter 2948
ထိုထက်ပို၍အရေးကြီးသောအချက်မှာ ရွှမ်ချီသည် ကျောင်းတော်သားတစ်ယောက် ဖြစ်နေခြင်းပင်။
သူသည် နတ်ဘုရားစစ်သားတစ်ယောက်ဖြစ်သော်လည်း တော်ဝင်မြိုတော်၏အတွင်းဝန်ရုံးမှအရာရှိတစ်ယောက်ပင်။
ထိုအကြောင်းအရင်းကြောင့် ကျန်းချီ၏စိတ်နှလုံးသားအတွင်း၌ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေကာ မည်သူကိုမဆို အထင်အမြင်သေးစွာ ဆက်ဆံလေ့ရှိသည်။
လုယွီသည် သူ့အားတိုက်ခိုက်ဝံ့သည်ကို မြင်တွေ့ချိန်တွင် ရွှမ်ချီက သရော်တော်တော်ပြောဆိုသည်။
"မင်းက နိမ့်ကျတဲ့နဂါးအစောင့်လေးပါ...တကယ်လို ငါ မင်းကို သတ်လိုက်ရင်တောင် ဘယ်သူကမှ ငါ့ကို ပြဿနာလာရှာမှာမဟုတ်ဘူး"
အရိုးကွဲလုမတတ်အေးစိမ့်မှုလှိုင်းများက ရွှမ်ချီ၏လက်မှ ထွက်ပေါ်လာသည်။ထိုအေးစိမ့်မှုလှိုင်းများသည် အလွန်ပြင်းထန်ကာ လေထုအတွင်း၌ ရေခဲလွှာတစ်လွှာအဖြစ် ဖွဲစည်းသွားသည်။
သူ၏လက်ကို လှုပ်ယမ်းလိုက်မှုနှင့်အတူ ထိုရေခဲလွှာမှနေ၍ ထောင်သောင်းချီသော ရေခဲဓားများအဖြစ်သို ပြောင်းလဲသွားကာ လုယွီထံဦးတည်၍ တဟုန်ထိုးတိုးဝင်သွားလေ၏။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ အေးစက်စက်ချမ်းစိမ့်မှုအငွေ့အသက်များ လွှမ်းခြုံသွားသည်။ပတ်ဝန်းကျင်ရှိ နတ်ဘုရားစစ်သားများက နောက်သို့တပြိုင်နက်တည်း ဆုတ်လိုက်ကြသည်။သူတို့သည် မတော်တဆထိခိုက်ဒဏ်ရာရသည့်ဘေးမှ ကာကွယ်ရန်အတွက် ရွှမ်ချီနှင့်ဝေးရာသို ရှောင်ရှားလိုက်ကြခြင်းဖြစ်သည်။
ထိုနောက် သူတို့က လုယွီသည် သူ့ရှေ့ရှိ ရေခဲဓားများထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်ကို သူတို့အားလုံးတွေ့မြင်လိုက်ရ၏။
ထိုရေခဲဓားများသည် လုယွီ၏ခန္ဓာကိုယ်ကို ထွင်းဖောက်မသွားနိုင်ရုံသာမက သူ၏လက်သီးချက်မှစွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။
ခရက်...
ကြည်လင်ပြတ်သားသော အက်ကွဲသံကြီးကို လူတိုင်း ကြားလိုက်ရသည်။
ဘန်း...
ရွှမ်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ဝန်းကျင်ရှိရေခဲဓားများဖြင့် ချိတ်ဆက်ထားသဖြင့် သူသည် နံဘေးရှိနံရံထံသို လွင့်ထွက်သွားတော့သည်။
"မင်းဘယ်သူလဲဆိုတာ ငါသိဖို လိုအပ်လိုလား"
လုယွီက ချန်းမင်ကို သူ၏လက်တစ်ဖက်ဖြင့်ဆွဲမြှောက်ထားကာ သူ၏ခြေထောက်တစ်ဖက်ဖြင့် ရွှမ်ချီ၏ခန္ဓာကိုယ်ပေါ်သို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်၏။
ခပ်အုပ်အုပ်အက်ကွဲသံတစ်သံက ရွှမ်ချီ၏ရင်ဘတ်မှ ထွက်ပေါ်လာသည်။ရွှမ်ချီသည် ရုတ်တရက် ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားလိုက်ရကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကောင်လေး...မင်း သေပြီသာမှတ်...ငါ့ရဲ့ဦးလေးက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
ရွှမ်ချီက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလေ၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါက မင်းရဲ့ဦးလေး ဘာကောင်ကြီးဖြစ်နေနေ ဂရုမစိုက်ဘူး...မင်းက နဂါးအစောင့်တစ်ယောက်ကို လာပြီးဟန့်တားဝံ့မှတော့ မင်း အကျိုးဆက်တွေကိုလည်း သိထားသင့်တယ်"
ထိုနောက် ရွှမ်ချီပေါ်သို နောက်ထပ်ကန်ချက်တစ်ချက် ထပ်မံ၍ကျရောက်သွားသည်။
ဘုန်း...
ရွှမ်ချီ၏နောက်ရှိမြေပြင် အက်ကွဲသွားလေ၏။သွေးစတချို့က သူ၏နှုတ်ခမ်းထောင့်မှ ယိုစီးကျလာသည်။
ယဲ့စန်းကောက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပျာပျာသလဲ အော်ဟစ်လိုက်သည်။
"မင်းတိုအားလုံးက ဘာရပ်ကြည့်နေကြတာလဲ....သူ့ကို ဝင်ပြီးကူညီပေးကြပါလား"
လုယွီက တခြားနတ်ဘုရားစစ်သားများကိုကြည့်ကာ အော်ဟစ်လိုက်၏။
"ဘယ်သူလှုပ်ရှားဝံ့လဲဆိုတာ ငါ ကြည့်အုံးမယ်...နဂါးအစောင့်တွေ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့အချိန်မှာ ဟန့်တားဝံ့တဲ့သူက မိသားစုတစ်စုလုံးအမြစ်ပြတ်သုတ်သင်ခံရမယ့် ရာဇဝတ်မှုကြီးကို ကျူးလွန်တဲ့သူပဲ...တကယ်လို တစ်ယောက်ယောက်က သေချင်နေတယ်ဆိုရင်တော့ မင်းတို့ ကြိုးစားကြည့်နိုင်တယ်"
ရုတ်ချည်းဆိုသလိုပင် ဤနေရာရှိလူများအားလုံးထက် အဆများစွာပို၍ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ပတ်ဝန်းကျင်ရှိ နတ်ဘုရားစစ်သားများသည် ယခင်ကတည်းက ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပြင်းထန်သူများပင်။သို့ရာတွင် လုယွီနှင့်နှိုင်းယှဥ်ပါက သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် မပြောပလောက်သောအရာများသာ ဖြစ်သွားပေ၏။သူတို့နှင့်လုယွီကို အဆင့်တူဟူ၍ ယူဆ၍မရချေ။
အရှိန်အဝါအရကြည့်လျှင် လုယွီသည် ဤနေရာရှိလူများအားလုံးကို လုံးလုံးလျားလျား ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
နတ်ဘုရားစစ်သားများ၏မျက်နှာအမူအယာများ အနည်းငယ်ပျက်ယွင်းသွားသည်။အဆုံးသတ်၌ သူတို့အနက်မှ မည်သူကမျှ ရှေ့သိုခြေတစ်လှမ်းမတိုးဝံ့တော့ချေ။
သူတို့တစ်ယောက်ချင်းစီထံတွင် အားကောင်းသော နာမည်ဂုဏ်သတင်းရှိသော်လည်း သူတို့သည် ဥာဏ်တိမ်သူများမဟုတ်ချေ။
ရွှမ်ချီသည် ဤကဲ့သို မဆင်မခြင်ပြုမူဝံ့ခြင်းမှာ သူ၏ဦးလေးသည် မြောက်ပိုင်းနယ်မြေ နဂါးအစောင့်တပ်၏အုပ်ချုပ်သူအရှင် ဖြစ်နေသောကြောင့်ပင်။
သို့ရာတွင် သူတို့ကမူ ရွှမ်ချီနှင့် ကွဲပြားခြားနားပေ၏။
လုံလောက်သော မိသားစုနောက်ခံအင်အားမရှိဘဲ နဂါးအစောင့်တစ်ယောက်၏တာဝန်ကို ဟန့်တားနှောက်ယှက်ရန်မှာ သူတို့အတွက် အလွန်ကြီးလေးသော ရာဇဝတ်မှုကြီးပင်။
ယခင်က သူတို့သည် ဤနေရာသို့ကျူးကျော်ဝင်ရောက်လာသူမှာ လူဆိုးလူသွမ်းတစ်ယောက်ဟု တွေးထင်ခဲ့ကြသည်။သို့ရာတွင် ထိုလူသည် နဂါးအစောင့်တစ်ယောက်ဖြစ်သဖြင့် ကွဲပြားခြားနားသော ကိစ္စတစ်ခုဖြစ်သွားလေပြီ။
"မင်းတို့ ဘာလုပ်နေကြတာလဲ...မင်းတိုက ငါ့ရဲ့အမိန့်ကိုတောင် မနာခံကြဘူးလား"
ယဲ့စန်းကောသည် အလွန်ဒေါသထွက်နေသော်လည်း သူသည် ကူကယ်ရာမဲ့နေလေ၏။သူသည် အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်ဖြစ်သော်လည်း သူ့ရှေ့ရှိ နဂါးစစ်သားများကို အမိန့်ပေးနိုင်သော အခွင့်အာဏာမျိုးမရှိချေ။
လုယွီက ယဲ့စန်းကောကိုလျစ်လျှူရှုကာ ချန်းမင်ကို ဆွဲခေါ်၍ တံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ၏ရှေ့တွင် အုပ်ချုပ်ရေးရုံးတော်၏အရာရှိတချို့ရှိနေသော်လည်း သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ လမ်းဖယ်ပေးလိုက်ကြပြီး သူ့ကို မဟန့်တားဝံ့ကြချေ။
ထိုကြောင့် လုယွီသည် မည်သည့်တားဆီးမှုမျိုးမျှမခံရဘဲ ကျန်းကျီခန်းမဆောင်၏တံခါးထံသို့ လျှောက်လှမ်းသွားနိုင်ခဲ့သည်။
Chapter 2949
လုယွီ ထွက်ခွာသွားတော့မည်ကိုကြည့်ပြီး ယဲ့စန်းကော၏လက်ချောင်းများ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
အကယ်၍ လုယွီသာ ချန်းမင်ကို အောင်မြင်စွာခေါ်ထုတ်သွားနိုင်ပါက သူသည် တရားစီရင်ရေးဌာနကြီးသုံးခု၏ စုံစမ်းစစ်ဆေးခြင်းခံရမည်မှာ သေချာပေါက်ပင်။သူ ရာထူးတိုးမည့်အကြောင်းကို ထည့်၍စဥ်းစားရန် မလိုအပ်တော့မည့်အပြင် သူ၏လက်ရှိရာထူးနေရာကပင် လျောကျသွားနိုင်သည်။
"လာကြစမ်း...သူ့ကို ဟန့်တားလိုက်ကြစမ်း...ငါ့ရဲ့အမိန့်မရှိဘဲနဲ့ အုပ်ချုပ်ရေးရုံးတော်ကအရာရှိတစ်ယောက်ကို ဖမ်းခေါ်သွားဖို့ မင်း စဥ်းတောင်မစဥ်းစားနဲ့"
သူသည် နတ်ဘုရားစစ်သားရှစ်ယောက်ကို အမိန့်ပေး၍မရသော်လည်း အုပ်ချုပ်ရေးရုံးတော်၏တခြားစစ်သားများကို အမိန့်ပေးစေခိုင်း၍ရသည်။
ရွှပ်...ရွှပ်...ရွှပ်...
ယဲ့စန်းကော၏အမိန့်ကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိစစ်သားများသည် လုယွီကိုဝိုင်းရံကာ သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြ၏။
အထက်ကောင်းကင်ယံအတွင်းရှိ ကောင်းကင်ဘုံမျက်လုံးဝင်္ကပါမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာကာ လုယွီ၏ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲကျောက်ရုပ်ထုများ၏ မျက်လုံးများ သက်ဝင်လှုပ်ရှားလာကာ ကျောက်တိုင်များပေါ်မှခုန်ဆင်းလာကြပြီး သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။
ဤသည်က အပေါ်ယံသက်သက်ချပြထားသော အုပ်ချုပ်ရေးရုံးတော်၏အင်အားသက်သက်ပင်။အမှောင်ထုအတွင်း၌ ပုန်းခိုနေကာ မှော်စွမ်းအင်ဒူးလေးများကိုကိုင်ဆောင်ထားသည့် ရာနှင့်ချီသောစစ်သားများ ရှိနေသည်ကို လုယွီက သတိပြုမိလေ၏။
ယဲ့စန်းကော...မင်းက နဂါးအစောင့်တစ်ယောက် တာဝန်ထမ်းဆောင်နေတာကို ဟန့်တားချင်တယ်ဆိုတာ သေချာလား"
လုယွီသည် ပတ်ဝန်းကျင်ရှိစစ်သားများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူတို့သည် လူအင်အားများပြားသော်လည်း သူ့ကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။
ယဲ့စန်းကောက သရော်တော်တော် ပြောဆိုသည်။
"တကယ်လို မင်းက ငါတို့ကိုပူးပေါင်းစေချင်တယ်ဆိုရင် ဖမ်းဝရမ်းပြဖိုလိုအပ်တယ်...ဖမ်းဝရမ်းမပါဘဲနဲ့ ဒီနေ့ မင်း သူ့ကို ဖမ်းခေါ်သွားလိုမရဘူး"
ဖမ်းဝရမ်းသည် နဂါးအစောင့်များ လူဖမ်းဆီးရာတွင် အသုံးပြုရန်အတွက် နဂါးအစောင့်ရုံးတော်များမှထုတ်ပြန်ပေးသော အမိန့်တော်ပင်။ထိုအရာမပါရှိဘဲ လူဖမ်းဆီးပါက နဂါးအစောင့်များ၏နာမည်ဂုဏ်သတင်း ပျက်ပြားသွားနိုင်သည်။
သို့ရာတွင် လုယွီထံ၌ နဂါးအစောင့်ဟူသောအဆင့်အတန်းရှိနေသရွေ့ လူဖမ်းဆီးပိုင်ခွင့်ရှိသည်။သာမာန်အားဖြင့် သူသည် ဖမ်းဝရမ်းကိုယူရန်အတွက် နဂါးအစောင့်ရုံးတော်သို့သွားရန် မလိုအပ်ချေ။ထိုပြင် အကယ်၍ သူ အချိန်ဆွဲလိုက်ပါက ရှုရာသားတော် လွတ်မြောက်သွားနိုင်သည်။ထိုသို့သာဖြစ်လာပါက ဆုံးရှုံးမှုလွန်စွာများပြားသွားပေမည်။
"တကယ်လို့ မင်းက တစ်ယောက်ယောက်ကို ဖမ်းဝရမ်းမရှိဘဲနဲ့ ဖမ်းဆီးချင်တယ်ဆိုရင်...မင်းမှာ သက်သေရှိလား...ချန်းမင်က ရှုရာမျိုးနွယ်ဝင်တစ်ယောက်ဆိုတာ မင်းက ဘယ်လိုလုပ်ပြီးတော့ အတိအကျပြောနိုင်ရတာလဲ...နဂါးအစောင့်တွေတိုင်းသာ မင်းလိုမျိုးလုပ်နေရင်...အုပ်ချုပ်ရေးရုံးတော်တွေအားလုံး အလုပ်လုပ်နေတာတွေကို ရပ်တန့်လိုက်ရလိမ့်မယ်"
ယဲ့စန်းကောက ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုယွီထံတွင် ဖမ်းဝရမ်းမပါရှိကြောင်း ယဲ့စန်းကောက အတည်ပြုနိုင်သွားလေပြီ။ထိုသို့မဟုတ်ပါက သူ ဤမျှထိ မဆင်မခြင်မလုပ်ဝံ့ချေ။
လုယွီထံတွင် ဖမ်းဝရမ်းမပါရှိသောကြောင့် သူ လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်သည်။သူသည် လုယွီ လူဖမ်းဆီးသည်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နိုင်ပေ၏။အကယ်၍ လုယွီသည် ချန်းမင်ကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားဝံ့ပါက သူသည် ထိုဆင်ခြေကိုအသုံးပြု၍ စစ်သားအမြောက်အများကိုတိုက်ခိုက်စေကာ လုယွီ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိသွားစေရန် ပြုလုပ်နိုင်ပေမည်။
ဤသည်က သူ တရားဝင်လက်စားချေနိုင်သော အခွင့်ကောင်းကြီးပင်။ထိုကြောင့် သူ မည်သည့်နည်းနှင့်မျှ လက်လွတ်မခံနိုင်ချေ။
လုယွီက သရော်တော်တော် ပြောဆိုသည်။
"သူက ရှုရာမျိုးနွယ်ဝင်မဟုတ်ဘူးတဲ့လား....မင်းရဲ့မျက်လုံးကိုကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်ထားစမ်း...သူက ရှုရာမျိုးနွယ်ဝင် ဟုတ် မဟုတ်ဆိုတာ..."
လုယွီက ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ ချန်းမင်၏နဖူးကို ရိုက်လိုက်၏။
ချန်းမင်၏ခန္ဓာကိုယ် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ရီသွားကာ သူ၏မျက်နှာအရေပြား တစတစကွဲအက်စပြုလာသည်။ဤသည်က သူ၏မျက်နှာပေါ်တွင် နူးညံပါးလွှာသောလူအရေပြားဖြင့် ဖုံးအုပ်ထားသကဲ့သို့ပင်။ရုတ်တရက် ထိုအရာကို တစ်စုံတစ်ယောက်မှ အတင်းအကြပ်ဆုတ်ဖြဲခြင်း ခံလိုက်ရသည်နှင့် တူညီသည်။
သူ၏ပုံပန်းသွင်ပြင်သည် ချောမောခန့်ညားပြီး နူးညံသိမ်မွေ့သော ကျောင်းတော်သားတစ်ယောက်၏အသွင်မျိုးရှိသည်။သို့ရာတွင် သူ၏အပေါ်ယံအရေပြားလွှာ ကွဲအက်သွားချိန်တွင် အဖုအထစ်များပြားပြီးရုပ်ဆိုးသောအရေပြားလွှာကြီး ထွက်ပေါ်လာသည်။
တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ချန်းမင်၏အရိုးများမှ ထွက်ပေါ်လာသည်ကိုကြားနေရကာ သူ၏ခန္ဓာကိုယ် တဖြည်းဖြည်း ကြီးမားလာသည်။ထက်ရှသောသွားများက သူ၏ပါးစပ်မှငေါထွက်နေသဖြင့် လူအများ ထိတ်လန့်တုန်လှုပ်သွားကြ၏။
အား...
ချန်းမင်နှင့်အနီးကပ်ရှိနေသော စစ်သားတချို့သည် ထိတ်လန့်တကြားဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့သည် အမြဲတစေ အုပ်ချုပ်ရေးရုံးတော်အတွင်းတွင် စောင့်ကြပ်နေကြသူများဖြစ်ပြီး ပြင်ပသို့ထွက်ရန် အခွင့်အရေးမရှိကြချေ။ထိုကြောင့် သူတို့သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပုံပန်းသွင်ပြင်မျိုးရှိသည့် ရှုရာမျိုးနွယ်များကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ရှုရာမျိုးနွယ်ဝင်များသည် ငယ်ရွယ်စဥ်ကတည်းက သေရေးရှင်ရေးတိုက်ပွဲ အမြောက်အများကို ဆင်နွှခဲ့ရသည်။ထိုပြင် သူတို့၏ပုံပန်းသွင်ပြင်သည် အလွန်မနှစ်မြိုဖွယ်ကောင်းလေရာ သူတို့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများ တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။
Chapter 2950
ရှုရာမျိုးနွယ်ဝင်၏ပုံပန်းသွင်ပြင် ထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ချန်းမင်သည် သူ၏လက်ရှိပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထား၍မရတော့ချေ။သူ၏အသွင်သည်ကြီးမားသောရှုရာမျိုးနွယ်ဝင်တစ်ယောက်၏ ပုံပန်းသွင်ပြင်အဖြစ်သို လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
ရှုရာသားတော်၏ခန္ဓာကိုယ်အရွယ်အစားသည် ရှုရာဧကရာဇ်တစ်ကောင်ထက်ပင် ပို၍ကြီးမားပေ၏။သူ၏နဖူးပေါ်တွင် ရှည်လျားသော ခရမ်းရောင်ဦးချိုတစ်ချောင်းရှိနေသည်။ထိုဦးချိုပေါ်တွင် ရှုပ်ထွေးသော သင်္ကေတအမှတ်အသားများ ရှိနေကာ ရှုရာသားတော်၏သာမာန်ထက်သာလွန်ထူးကဲသော အဆင့်အတန်းကို မီးမောင်းထိုးပြနေသကဲ့သိုပင်။
ယခင်က ရှုရာမျိုးနွယ်ဝင်များကို မမြင်တွေ့ဖူးသည့် အရာရှိတချို့သည် ထိတ်လန့်ကြောက်ရွံနေကြကာ ရှုရာသားတော်ကို စေ့စေ့ပင်မကြည့်ဝံ့ချေ။
"ဘယ်လိုလဲ...သူက ရှုရာမျိုးနွယ်ရဲ့သူလျှိုတစ်ယောက် မဟုတ်ဘူးလို့ မင်း ခုထိ တွေးတောနေတုန်းပဲလား"
လုယွီက အေးစက်စက်အကြည့်ဖြင့် ယဲ့စန်းကောကိုကြည့်ကာ မေးမြန်းလိုက်၏။
ယဲ့စန်းကောသည် ရှုရာသားတော်ကို စူးစိုက်၍ကြည့်နေကာ သူ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။
ဤသည်က အမှန်တကယ့်ကို ရှုရာမျိုးနွယ်ဝင်ပင်။
ထိုထက်ပို၍အရေးကြီးသောအချက်မှာ ချန်းမင်ကို ဤရာထူးနေရာရရှိရန် ထောက်ခံပေးခဲ့သူမှာ သူကိုယ်တိုင်ဖြစ်နေကြောင်း အမှတ်ရနေဆဲဖြစ်သည်။
ထိုအချိန်တုန်းက ချန်းမင်သည် ယဲ့စန်းကောကို နည်းလမ်းအမျိုးမျိုးဖြင့်ဆက်သွယ်ကာ အင်မော်တယ်ကျောက်တုံးသန်းငါးရာပေး၍ ကျန်းကျီခန်းမဆောင်အတွင်း၌ စာရေးနေရာတစ်နေရာပေးရန် တောင်းဆိုခဲ့သည်။
ကျန်းကျီခန်းမဆောင်၏စာရေးနေရာသည် တာယွီအင်ပါယာတွင် အဆင့်နိမ့်ဆုံးဖြစ်သော နဝမအဆင့်အရာရှိရာထူးဖြစ်သည်။ထိုရာထူးနေရာရှိအရာရှိငယ်များသည် တာယွီ၏ကံကြမ္မာစွမ်းအားကို ခံယူရသည်မှာ မရရှိသလောက်နည်းပါးပင်။
မူလက ယဲ့စန်းကောသည် အရေးမပါသောအရာရှိငယ်တစ်ယောက်နေရာကို ထောက်ခံပေးရုံဖြင့် သူ့အတွက် အကျိုးအမြတ်တချို့ ရရှိနိုင်သည်ဟု တွေးတောမိပေ၏။ထိုကြောင့် ယဲ့စန်းကောသည် ချန်းမင်၏နောက်ကြောင်းကို သာမာန်ကာလျှံကာမျှသာ စစ်ဆေးပြီး သဘောတူညီခဲ့သည်။
သို့ရာတွင် ချန်းမင်သည် ရှုရာမျိုးနွယ်ဝင်သူလျှိုတစ်ယောက် ဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှပင် တွေးတောခဲ့မိခြင်းမရှိချေ။
ယခုချိန်တွင် သူ ထောက်ခံပေးထားသောချန်းမင်ထံတွင် ပြဿနာရှိနေသဖြင့် သူ ပါဝင်ငြိစွန်းနေမည်မှာ
သေချာပေါက်ပင်။အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်ရာထူးကိုလည်း သူ ဆက်လက်၍ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။သူ၏အသက်ကိုပင် ထိန်းသိမ်းထားနိုင်ရန် မသေချာပေ။
စိတ်ခံစားချက်မျိုးစုံက ယဲ့စန်းကော၏စိတ်အတွင်း၌ စုဝေးနေသည်။သူ၏မျက်နှာပေါ်တွင် နောင်တရမှုနှင့်နာကျည်းမုန်းတီးမှု အရိပ်အယောင်များ ရောယှက်၍ထင်ဟပ်လာသည်။
"ဒါဆို ဒီသူခိုးကောင်က ငါ့ကိုလိမ်သွားတာပေါ့...သူက သေသင့်တယ်"
ယဲ့စန်းကောက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ မြောက်မြားစွာသောဓားချီလှိုင်းများက ချန်းမင်ထံဦးတည်၍ တိုးဝင်သွားသည်။
ထိုဓားချီလှိုင်းများတွင် ရွှယ်အင်မော်တယ်တစ်ယောက်၏မှော်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။ဤသည်က ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်လုနီးပါး အလွန်ပြင်းထန်သည်။ယဲ့စန်းကောက စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။သူချန်းမင်ကိုသတ်မှသာ သူ ဘေးကင်းလုံခြုံစွာ နေနိုင်ပေမည်။
"ဒါက ငါဖမ်းမိထားတဲ့သူလျှို...အရှင်ယဲ့က ဘာလို့ စုံစမ်းစစ်ဆေးပြီးတဲ့အချိန်ထိတောင် မစောင့်နိုင်ဘဲ သူ့ကို သတ်ချင်နေတာလဲ"
လုယွီက သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ရာ အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိဓားချီလှိုင်းများဖြင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။တုန်လှုပ်ချောက်ချားဖွယ်ဓားချီလှိုင်းများသည် ချန်းမင်ထံသိုအရောက်တွင် ဓားချီတစ်လှိုင်းမျှ မကျန်ရှိတော့ချေ။
ယဲ့စန်းကော၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခွန်အား အလွန်နက်နဲသိမ်မွေ့သည်ကို သူ သိနားလည်သွားပေ၏။ဤသည်က သူ တို့ထိ၍ရသောတစ်စုံတစ်ခု မဟုတ်ချေ။
"လုယွီ...ဒီသူလျှိုက ငါတို့အုပ်ချုပ်ရေးရုံးတော်ရဲ့အရာရှိငယ်တစ်ယောက် ဖြစ်နေမှတော့ ငါတို့က သူ့ကို အရင်ဆုံးစစ်ဆေးမေးမြန်းခွင့်ရသင့်တယ်...တကယ်လို သူ့ဆီကနေ တစ်ခုခုစစ်မေးလိုရရင် ငါက တော်ဝင်နန်းတွင်းကို သတင်းပို့လိုက်မယ်...ဒီကိစ္စကို မင်းတို့နဂါးအစောင့်တွေ ကြားဝင်စွက်ဖက်ဖို့ မလိုအပ်ဘူး"
ယဲ့စန်းကောသည် လုယွီမှနေ၍ ချန်းမင်ကို ဖမ်းဆီးခေါ်ဆောင်သွားမည့်ကိစ္စကို ခွင့်မပြုနိုင်ချေ။
သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ စစ်သားများကို အော်ငေါက်လိုက်၏။
"မင်းတို့က ဘာလို မတ်တတ်ရပ်ကြည့်နေကြတာလဲ...သူလျှိုကောင်ကို ခေါ်မသွားကြသေးဘူးလား"
ထိုစစ်သားများသည် အမိန့်ကိုရရှိသည်နှင့် ချန်းမင်ကိုခေါ်ဆောင်သွားရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် ကျယ်လောင်သောအသံတစ်သံက အုပ်ချုပ်ရေးရုံးတော်၏ပြင်ပမှ ထွက်ပေါ်လာသည်။
"ဘယ်အချိန်ကနေစပြီးတော့ ရှုရာမျိုးနွယ်ဝင် သူလျှိုတစ်ယောက်က အုပ်ချုပ်ရေးရုံးတော်ထဲကို ခိုးဝင်နေတာလဲ"
ထိုအသံတွင် အစွမ်းထက်သောအားလှိင်းတစ်ရပ်ပါဝင်နေပုံရသည်။လုယွီ၏အနီးတွင်ရှိနေသော စစ်သားများအားလုံးသည် သူတို့၏နှလုံးသားများ တုန်ရီသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့သည် ပိုးထည်ဝတ်ရုံပေါ်တွင် နဂါးအမှတ်အသားကိုပန်းထိုးထားသည့် ဝတ်စုံများကိုဝတ်ဆင်ထားသော နဂါးအစောင့်များ အတွင်းသိုဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။ထိုလူစုကိုဦးဆောင်လာသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူသည် တိမ်ပျံဖိနပ်ကိုစီးနင်းထားကာ သူတိုထံဦးတည်၍ လျှောက်လှမ်းလာသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။သူ့ရှေ့သို ရောက်ရှိလာသူသည် လူစိမ်းတစ်ယောက်မဟုတ်ချေ။