← Chapters

အခန်း (၂၉၅၁-၂၉၅၅)

Vol. 151 Ch. 2951-2955

အခန်း (၂၉၅၁-၂၉၅၅)

Vol. 151 Ch. 2951-2955

2951

ထိုလူသည် နဂါးအစောင့်တပ်၏တောင်ပိုင်းအုပ်ချုပ်သူအရှင် ယန်စွေ့ပင်။

ယခင်က လုယွီသည် ရှုရာဧကရာဇ်ကိုဖမ်းဆီးခဲ့သဖြင့် တော်ဝင်စစ်ရေးဌာန၏စစ်မေးခြင်းခံရချိန်တွင် ရှဖုန်းကြောင့် သူ အကျဥ်းအကျပ်အအတွင်းသို ကျရောက်ခဲ့ရသည်။ထိုအကျဥ်းအကျပ်ကြားမှ လွတ်မြောက်ရန် ယန်စွေ့သည် သူ့အား ကူညီခဲ့ပေ၏။

သို့ရာတွင် ယန်စွေ့သည် လုယွီကို ခေါင်းဆောင်တပ်မှူး၏မွေးစားအဖြစ် ခေါ်ယူလိုသည်ဟူသော ကမ်းလှမ်းချက်ကို လုယွီက ငြင်းဆန်ခဲ့သည်။

တော်ဝင်မြိုတော်အတွင်း၌ မြိုတော်၏ထောင့်တစ်နေရာတိုင်းကို စုံစမ်းထောက်လှမ်းနေသော ကင်းထောက်အမြောက်အများရှိသည်။ထိုကြောင့် လုယွီသည် ရှုရာသားတော်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့်ကိစ္စအား နဂါးအစောင့်များကို ဖုံးကွယ်ထား၍ရမည်မဟုတ်ချေ။

ယန်စွေ့က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းလာကာ ရှုရာသားတော်ကိုကြည့်၍ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါဆို အခုကြည့်ကြည့်တော့မှ သူက ရှုရာနတ်ဘုရားရဲ့မျိုးဆက်ဖြစ်နေတာပဲ...ရှုရာနတ်ဘုရား သေဆုံးသွားတာတောင် မင်းတို့လို အကြွင်းအကျန်တွေက တော်ဝင်မြိုတော်ထဲကို လာရဲသေးတာလား"

ထိုနောက် သူ၏လက်ကိုဆန့်တန်းကာ ဆွဲဆုပ်လိုက်သည်။ရှုရာသားတော်သည် သူ၏နံဘေးသိုလဲကျလာကာ ချက်ချင်းဆိုသလိုပင် နဂါးအစောင့်များ၏ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

ရှုရာသားတော်၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

မူလက သူသည် ရှုရာမျိုးနွယ်အတွင်း၌ သက်တောင့်သက်သာရှိသောဘဝမျိုးဖြင့် အသက်ရှင်နေထိုင်ခဲ့ရသည်။သို့ရာတွင် ယခုချိန်၌ သူသည် နဂါးအစောင့်များ၏လက်အတွင်းသို ကျရောက်သွားပြီဖြစ်သဖြင့် သူ သေမည်လော ရှင်မည်လောကိုပင် မသိနိုင်တော့ချေ။

လုယွီသည် ယန်စွေ့မှနေ၍ ရှုရာသားတော်ကို ဖမ်းဆီးလိုက်ခြင်းအား ဟန့်တားခြင်းမပြုပေ။

မူလကတည်းက သူသည် ရှုရာသားတော်ကို စစ်ဆေးရေးရုံးတော်များသို့ အပ်နှံရန် ရည်ရွယ်ထားပြီးဖြစ်သည်။မည်သူမည်ဝါကို အပ်နှံရသည်ဖြစ်စေ သူ ဂရုမစိုက်ချေ။

"လုယွီ...မင်း လုပ်တာကောင်းတယ်...ဒီရှုရာသားတော်က အုပ်ချုပ်ရေးရုံးတော်ထဲမှာ ပုန်းအောင်းနေခဲ့တယ်...သူက ငါတို့ကို မထီလေးစားလုပ်တာ အသိသာကြီးလေ...ဒါပေမယ့် ကံကောင်းချင်တော့ မင်းက သူ့ကိုဖမ်းဆီးနိုင်ခဲ့တယ်...ဒါက မင်း တော်ဝင်နန်းတွင်းအတွက် အများကြီးအကျိုးဆောင်လိုက်တာပဲ...မင်းက ငါ့ရဲ့နဂါးအစောင့်တပ်က အဖွဲဝင်တစ်ယောက်လို့ ယူဆလို့ရတယ်...ငါ ဒီတိုက်ပွဲအကျိုးဆောင်မှုကို မင်းအတွက် တော်ဝင်စစ်ရေးဌာနဆီ သတင်းပိုပေးမယ်"

ယန်စွေ့က လုယွီ၏ပခုံးကိုပုတ်ကာ စိတ်သက်သာရာရသွားပုံဖြင့် ရယ်မောရင်းပြောဆိုသည်။

လုယွီက စကားတုံပြန်ပြောဆိုခြင်းမပြုချေ။ထိုအစား သူ၏မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေသည်။

သူနှင့်ယန်စွေ့အကြားတွင် မည်သည့်မိတ်ဆွေဆက်ဆံရေးမျိုးမျှမရှိချေ။တစ်ခုတည်းသော ပြောဆိုဆက်နွယ်ခဲ့မှုမှာ သူ တော်ဝင်စစ်ရေးဌာန၏စစ်မေးမှုကို ခံယူပြီးနောက် ယန်စွေ့နှင့်သူ သီးသန့်တွေ့ဆုံ၍ စကားပြောဆိုခဲ့ခြင်းပင်။

သို့ရာတွင် ဤမျှသာဖြစ်သည်။တောင်ပိုင်းနယ်မြေ နဂါးအစောင့်တပ်၏အုပ်ချုပ်သူအရှင်ဖြစ်သော ယန်စွေ့ကို နဂါးအစောင့်များအကြား၌ အဆင့်မြင့်အရာရှိတစ်ယောက်ဟု ယူဆနိုင်သည်။ဧကရာဇ်မင်း၏သစ္စာရှိလူယုံများသာ ထိုရာထူးနေရာကို ရရှိနိုင်ပေ၏။

ယန်စွေ့သည် သူ ရှုရာသားတော်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့် ကိစ္စကို အသေးစိတ်မေးမြန်းမည်ဟု လုယွီ မူလကတွေးထင်ခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ ယန်စွေ့သည် သူ့အား တစိုးတစိမျှပင် စုံစမ်းမေးမြန်းခြင်းမပြုချေ။ထိုအစား သူသည် လုယွီ တိုက်ပွဲအကျိုးဆောင်ရမှတ်ရရှိရန် ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။ဤသည်က လုယွီ နဂိုကပြင်ဆင်ထားသော ဆင်ခြေကို ပျက်ပြားသွားစေသည်။

အကယ်၍ နဂါးအစောင့်တစ်ယောက်သည် မည်သည့်အကျိုးဆောင်မှုမျိုးကို ပြုလုပ်သည်ဖြစ်စေ စုံစမ်းစစ်ဆေးရေးမှတ်တမ်းများကို သူ၏သက်ဆိုင်ရာ နဂါးအစောင့်ဌာနခွဲထံတွင် တင်ပြရသည်။

သို့ရာတွင် အကယ်၍ ထိုသို့သာဖြစ်လာပါက လုယွီသည် အဆင့်မြင့်နဂါးအစောင့်အဖြစ် ရာထူးတိုးသွားနိုင်သော်လည်း သူ၏ကိုယ်ပိုင် တိုက်ပွဲအကျိုးဆောင်ရမှတ်အဖြစ် အသုံးပြုနိုင်မည်မဟုတ်ချေ။

ယန်စွေ့သည် ဤကိစ္စကို တော်ဝင်စစ်ရေးဌာနထံ သတင်းပိုပေးမည်ဟု ပြောဆိုခဲ့လေ၏။ဤသည်က လုယွီ၏အကျိုးကျေးဇူးအတွက် လမ်းခင်းပေးခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

"အရာရှိယန်ကို ကျေးဇူးတင်ပါတယ်"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှ ဇဝေဇဝါဖြစ်နေမှုများကိုရှင်းထုတ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ မျက်တောင်တစ်ချက်မခတ်ဘဲ ပြောဆိုလိုက်၏။

ယန်စွေ့က မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ရသည့်အလား လုယွီ၏ပခုံးကို ပုတ်လိုက်သည်။ထိုနောက် သူက ယဲ့စန်းကောကို တစ်ချက်ကြည့်ကာ သရော်တော်တော်ပြောဆိုသည်။

"အရှင်ယဲ့...ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ငါတို့က အရှင်ယဲ့ကို စစ်ဆေးမေးမြန်းစရာ နည်းနည်းလောက်ရှိနေတယ်...ငါတို့နဲ့အတူ လိုက်ခဲ့ပါ"

ဤအချိန်အခိုက်အတန့်တွင် ယဲ့စန်းကောသည် မတ်တတ်ရပ်ရန်ပင် အားမရှိတော့ချေ။သူသည် လုယွီကို တိုက်ခိုက်ဝံ့ခြင်းမှာ လုယွီသည် ကြေးအဆင့်နဂါးအစောင့်တစ်ယောက်ဖြစ်သောကြောင့်ပင်။

သို့ရာတွင် ယန်စွေ့သည် မည်သူဖြစ်သနည်း...

သူသည် နဂါးအစောင့်များအကြားရှိ ထိပ်သီးအရာရှိများအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။သူသည် အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်ဖြစ်သည်ကို မဆိုထားနှင့် အကယ်၍ သူ၏ရာထူးအဆင့် ယခုထက်ပို၍မြင့်မားနေလျှင်ပင် ယန်စွေ့ကိုမြင်တွေ့ချိန်တွင် မဆင်မခြင်ဆက်ဆံဝံ့မည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် ယဲ့စန်းကော၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိအရာရှိများသည် ယဲ့စန်းကောကို နဂါးအစောင့်များဖမ်းဆီးသွားသည်ကို မြင်တွေ့သော်လည်း ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေကြရုံသာ တတ်နိုင်ပေ၏။

နဂါးအစောင့်များသည် အရာရှိများအားလုံးနီးပါး၏ အိမ်မက်ဆိုးကြီးပင်။သူတို၏ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရသော လူအများစုသည် ပြင်ပလောကသို့ ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ချေ။

"သူက ရွှမ်ချီကို တိုက်ခိုက်ဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ယန်စွေ့တောင် သူ့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံနေတာကိုကြည့်ရင် နဂါးအစောင့်တွေကြားမှာ သူ့ရဲ့အဆင့်အတန်းက နိမ့်ပါးမှာမဟုတ်ဘူး"

Chapter 2952

"အရှင်ယဲ့က ဒီတစ်ကြိမ်တော့ ပြဿနာအကြီးအကျယ်တက်မှာကို ငါ စိုးရိမ်မိတယ်...သူက ရှုရာသားတော်ကို တိတ်တဆိတ်ဝှက်ထားပေးသလို ဖြစ်နေတဲ့အပြင်...နဂါးအစောင့်ကိုတောင် ပြန်ပြီးတိုက်ခိုက်ဝံ့တယ်...သူ ဘယ်တော့မှ ပြန်မလာနိုင်မှာကို ငါ စိုးရိမ်မိတယ်"

"ရှုး...မင်း တိုးတိုးပြောစမ်း...အဲ့ဒီနဂါးအစောင့်တွေ ခုထိမပြန်သေးဘူး"

နံဘေးဘက်မှစောင့်ကြည့်နေကြသော အရာရှိတချို့သည် တီးတိုးပြောဆိုနေကြသော်လည်း ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ နဂါးအစောင့်များသည် ဤနေရာ၌ရှိနေဆဲပင်။သူတို့၏အစွမ်းထက်သော အရှိန်အဝါများသည် ဤနေရာ၌ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်ပေ၏။

"လုယွီ...တကယ်လို့ မင်းမှာအချိန်ရှိရင် ငါ့ရဲ့တောင်ပိုင်းဌာနခွဲကိုလာပြီး တစ်ချက်ကြည့်ပါအုံး...မင်း တော်ဝင်မြိုတော်ကို ရောက်လာကတည်းက ငါတို့ရဲ့နဂါးအစောင့်ဌာနခွဲကို တစ်ခါမှ ရောက်မလာသေးဘူး"

ယန်စွေ့က အပြုံးနှင့်ပြောဆိုသည်။

လုယွီက တုံပြန်ပြောဆိုလေသည်။

"တကယ်လို့ ငါ အချိန်ရတာနဲ့...အရှင်ယန်ဆီကိုလာပြီးတော့ ဂါရဝပြုနှုတ်ဆက်ပါ့မယ်...ရှုရာမျိုးနွယ်ဝင်သူလျှိုက အရှင်ယန်ရဲ့လက်ထဲကို ရောက်သွားပြီဆိုမှတော့ ငါ စိတ်သက်သာရာရသွားပြီ"

ထိုစကားဆုံးသည်နှင့် လုယွီက ဤနေရာမှထွက်ခွာသွားခဲ့သည်။လုယွီ၏နောက်ကျောကိုကြည့်ပြီး ယန်စွေ့၏မျက်လုံးအတွင်း၌ နက်နဲသိမ်မွေ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ သူက တီးတိုးပြောဆိုလိုက်၏။

"ထူးဆန်းတယ်...တပ်မှူးက သူ့ကိုစောင့်ရှောက်ပေးဖို ငါ့ကိုတောင်းဆိုထားတယ်...ဒါက သူ စာပေစာမေးပွဲမှာ ပထမရထားတာကြောင့်များ ဖြစ်နေမလား...အဲ့ဒီလိုဆိုရင်တောင် ဒီလိုတော့ မဖြစ်သင့်ဘူး"

.......

ထိုကိစ္စများကိုဖြေရှင်းပြီးနောက် လုယွီသည် ရှုရာနတ်ဘုရားသွေးစက်ကိုယူ၍ အုပ်ချုပ်ရေးရုံးတော်မှ ထွက်ခွာလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယန်စွေ့သည် သူ့အား မေးခွန်းတစ်ခုတစ်လေမျှပင် မေးမြန်းခြင်းမပြုချေ။ထိုသို့မဟုတ်ပါက ရှုရာသားတော် အလွန်အမင်းအားနည်းနေသည်ကို ယန်စွေ့ ရှာဖွေတွေ့ရှိသွားပေမည်။ရှုရာသားတော်ထံတွင် သာမာန်ရှုရာမျိုးနွယ်ဝင်တစ်ယောက်၏ ခွန်အားမျိုးပင် မကျန်ရှိတော့ချေ။

ရှုရာနတ်ဘုရားသွေးစက်ကို ဆုံးရှုံးသွားပြီးနောက် ရှုရာသားတော်၏ခွန်အားအရင်းအမြစ် ပျောက်ကွယ်သွားခဲ့သည်။ယခုလက်ရှိချိန်၌ သူသည် အလွန်အမင်းအားနည်းနေကာ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

အချိန်ကိုတွက်ဆကြည့်ပါက ဤအချိန်သည် ခရမ်းလျှပ်စီးဝံပုလွေ နိုးထလာတော့မည့်အချိန်သို့ ရောက်ရှိနေလေပြီ။

သွေးမျိုးဆက်နိုးထလာခြင်းနှင့်အတူ ခရမ်းလျှပ်စီးဝံပုလွေထံတွင် လျှပ်စီးမိုးကြိုးနှင့်မီးဟူသည့် အထူးပြုစွမ်းအားနှစ်မျိုးရှိနေသည်။ထိုကြောင့် ဝံပုလွေပေါက်လေး၏ခွန်အား မြင့်တက်လာရုံသာမက သူ၏ဥာဏ်ရည်ဥာဏ်သွေးသည်လည်း ယခင်ထက်အဆများစွာ မြင့်တက်လာပေမည်။ဤအရာသည် သာမာန်နတ်ဆိုးမှော်သားရဲများ ယှဥ်ပြိုင်၍ရသောအရာမျိုး မဟုတ်ချေ။

လုယွီ၏အရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် ဆေးပင်သိုလှောင်ရုံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူ၏နတ်ဘုရားစိတ်အာရုံအရ ခရမ်းလျှပ်စီးဝံပုလွေကို ဆေးပင်သိုလှောင်ရုံအတွင်း၌ အရိပ်အယောင်ပင်မတွေ့ရတော့ချေ။

"ဖြစ်နိုင်တာတော့ သူ ထွက်သွားတာများလား"

လုယွီက ခြံဝန်း၏အရှေ့တံခါးသို ပျံသန်းသွားလိုက်ရာ အစေခံတစ်စုကို တွေ့မြင်လိုက်ရသည်။ထိုအစေခံများ၏မျက်နှာများပေါ်တွင် ကြာပွတ်ရာများရှိနေကာ သူတို့အနက်မှတချို၏နှုတ်ခမ်းထောင့်များတွင် သွေးစသွေးနများရှိနေသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။

"ဘာတွေ ဖြစ်နေတာလဲ...ခြံဝန်းထဲမှာ ငါ ထားခဲ့တဲ့ ဝံပုလွေက ဘယ်ရောက်သွားတာလဲ"

အစေခံများသည် လုယွီကိုမြင်တွေ့ချိန်တွင် ပျာပျာသလဲ ဒူးထောက်လိုက်ကြ၏။

"သခင်လေးလု...အဲ့ဒီဝံပုလွေကို သခင်လေးကျန်းချန်က ယူသွားတယ်...ကျွန်တော်တို့တွေက သူ့ကို မဟန့်တားနိုင်ခဲ့ဘူး...ကျေးဇူးပြုပြီးတော့ သခင်လေးလုက ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

ထိုသို့ပြောဆိုပြီးနောက် အစေခံများက လုယွီကို ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။

သူတို့သည် လုယွီ လိုအပ်သမျှကို လုပ်ကိုင်ပေးရန် တာဝန်ပေးခြင်းခံထားရသော အစေခံများဖြစ်သည်။သို့ရာတွင် လုယွီ၏နတ်ဆိုးမှော်သားရဲကို တခြားသူက ယူဆောင်သွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။ဤသည်က သူတို့အတွက် ခွင့်လွှတ်နိုင်ဖွယ်မရှိသော ပြစ်မှုကြီးပင်။

"မင်းတို့ရဲ့အုပ်ချုပ်သူအရှင် ဘယ်ရောက်သွားလဲ...ကျန်းချန်က ဘယ်သူလဲ"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ချိုးနှိမ်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်သည်။

"အုပ်ချုပ်သူအရှင်က ကိစ္စတချို့ဆောင်ရွက်စရာရှိလို့ အပြင်ကိုထွက်သွားခဲ့တယ်...သူက ဒီနေရာမှာရှိမနေခဲ့ဘူး...သခင်လေးကျန်းချန်က ပဉ္စမအကြီးအကဲရဲ့အကြီးဆုံးသားဖြစ်ပြီးတော့ သူက မိသားစုထဲမှာ ရိုသေလေးစားခံရတဲ့ရာထူးနေရာကို ကိုင်တွယ်ထားတယ်...သူက ဆေးပင်တွေစုဆောင်းတဲ့နေရာကို စီမံအုပ်ချုပ်ရတဲ့သူပဲ...ဒီနေ့က သူ ပထမဆုံးဒီနေရာကိုလာတဲ့နေ့ပဲ...သူက သခင်လေးလုရဲ့နတ်ဆိုးမှော်သားရဲကို မြင်သွားခဲ့တယ်...ဒီနတ်ဆိုးမှော်သားရဲကို ဒီနေရာမှာပဲထားရင် ဖြုန်းတီးတာပဲလို့ သူက ပြောသွားခဲ့တယ်...သူက အဲ့ဒီနတ်ဆိုးသားရဲကို ယှဥ်ပြိုင်ခိုင်းဖိုအတွက် နတ်ဆိုးသားရဲတိုက်ပွဲကွင်းပြင်ဆီခေါ်သွားတယ်"

ထိုအစေခံက တုန်ရီနေသောအသံဖြင့် ဆက်လက်ပြောဆိုသည်။

"ဒါက သခင်လေးလုရဲ့နတ်ဆိုးသားရဲဆိုတာ ကျွန်တော်တို့က သခင်လေးကျန်းချန်ကို ပြောပြခဲ့တယ်...ဒါပေမယ့် သခင်လေးကျန်းချန်က ဂရုမစိုက်ဘူး...သူက သခင်လေးလု ပြန်လာရင် ဒီအင်မော်တယ်ကျောက်တုံးတွေကို သုံးပြီးတော့ နတ်ဆိုးမှော်သားရဲကိုဝယ်လိုက်ပြီလိုပြောဖို မှာသွားခဲ့တယ်"

ထိုအစေခံက အင်မော်တယ်ကျောက်တုံးတစ်သန်းဟုရေးသားထားသော ငွေလက်မှတ်တစ်ရွက်ကို လုယွီထံ လက်ကမ်းပေးလေ၏။

လုယွီက သရော်တော်တော်ပြုံးကာ သူ၏လက်မှမီးတောက်တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ထိုငွေလက်မှတ်လောင်ကျွမ်းသွားတော့သည်။

"နတ်ဆိုးမှော်သားရဲ တိုက်ပွဲကွင်းပြင်က ဘယ်နေရာမှာလဲ"

လုယွီက အသံနက်ကြီးဖြင့် မေးမြန်းသည်။

ထိုအစေခံများသည် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် ယခင်ကတည်းက ထိတ်လန့်ကြောက်ရွံနေကြသည်။သူတို့သည် တွေဝေတုံဆိုင်းခြင်းမရှိဘဲ နတ်ဆိုးမှော်သားရဲတိုက်ပွဲကွင်းပြင်၏တည်နေရာကို လုယွီထံ အလျှင်အမြန် ပြောဆိုလိုက်ကြ၏။

Chapter 2953

တော်ဝင်မြိုတော်၏အစွန်အဖျား....တိမ်ပျံစားသောက်ဆိုင်...

ဤနေရာကို စားသောက်ဆိုင်ဟု ခေါ်ဆိုသော်လည်း ပြင်ပရှိအဆောက်အအုံများအတွင်း၌ သောက်စားနေကြသူမှာ အနည်းစုသာရှိသည်။ဆန့်ကျင်ဘက်အနေဖြင့် ထိုစားသောက်ဆိုင်၏အနောက်ဘက်ခြံဝန်းမှနေ၍ အားပေးကြွေးကြော်သံများ ထွက်ပေါ်နေသည်။

ထိုစားသောက်ဆိုင်၏နံဘေးပတ်ဝန်းကျင်တွင် မည်သည့်အဆောက်အအုံမျှရှိမနေဘဲ ကျယ်ဝန်းသော အနောက်ဘက်ခြံဝန်းတစ်ခုသာရှိနေသည်။

မှော်သားရဲတိုက်ပွဲကွင်းပြင်ဆိုသည်မှာ အမှန်အားဖြင့် နှစ်ဖက်စလုံးသည် မှော်သားရဲများကိုထုတ်ယူလာကာ တိုက်ခိုက်စေခြင်းပင်။ထိုနှစ်ဖက်စလုံးမှလူများသည် သူတို့၏မှော်သားရဲများအပေါ်တွင် လောင်းကြေးထပ်ရသည်။နတ်ဆိုးသားရဲအနိုင်ရသည့်ဘက်မှလူများသည် တစ်ဖက်လူ၏လောင်းကြေးကို ရရှိနိုင်ပေ၏။

နေ့စဥ်နေ့တိုင်း ဤနေရာသည် လွန်စွာသက်ဝင်လှုပ်ရှားသည်။တော်ဝင်မြိုတော်အတွင်းရှိ နေရာအသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာသိုလာရောက်၍ မှော်သားရဲတိုက်ပွဲကို ဆင်နွှဲကြသည်။

ယနေ့တွင်မူ သာမာန်နေ့များထက် ပို၍ထူးခြားနေသည်။စားသောက်ဆိုင်၏အနောက်ဘက်ခြံဝန်းတစ်ခုလုံး ကျယ်လောင်သောအော်ဟစ်သံများနှင့် ပြည့်နှက်နေပေ၏။

"သေအောင်ကိုက်...သေအောင်ကိုက်ပစ်စမ်း"

"တိုက်ခိုက်စမ်း...ငါက မင်းအတွက်နဲ့ ငွေတွေအများကြီးအကုန်ခံထားတာ...မင်းကို ဒီနေရာမှာလာပြီး မလှုပ်မယှက် လဲလျောင်းခိုင်းထားတာမဟုတ်ဘူး"

ကျင့်ကြံသူများ၏မျက်နှာများသည် နီမြန်းနေကာ သူတို့ အနိုင်ရစေလိုသော နတ်ဆိုးမှော်သားရဲကိုကြည့်၍ အဆက်မပြတ်အော်ဟစ်နေကြသည်။

ဘုန်း...

လူအုပ်ကြီး၏အော်သံများအကြားတွင် ကြီးမားသောဝက်ဝံကြီးတစ်ကောင်သည် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သူ၏လည်ပင်းပေါ်တွင် သေစေနိုင်သောဒဏ်ရာတစ်ခုရှိနေသည်။ထိုဒဏ်ရာမှနေ၍ သွေးများက မရပ်မနား ပန်းထွက်နေပေ၏။

ထိုဝက်ဝံကြီး၏နံဘေး၌ ကြီးမားသောဝံပုလွေတစ်ကောင်ရှိနေသည်။

ထိုဝံပုလွေကြီးသည် သာမာန်မီးခိုးရောင်ဝံပုလွေများထက် အနည်းဆုံးနှစ်ဆခန့် ပို၍ကြီးမားသည်။ထိုဝံပုလွေကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်သားမွှေးများ လွှမ်းခြုံနေကာ သူ၏နဖူးတွင် တဖျတ်ဖျတ်တောက်ပနေသော ခရမ်းရောင်သလင်းကျောက်တစ်လုံးရှိနေသည်။

ထိုပြင် ဝံပုလွေကြီးထံတွင် ထူးဆန်းသောမျက်လုံးတစ်စုံရှိကာ သူ၏မျက်လုံးများသည် တစ်ဖက်နှင့်တစ်ဖက် အရောင်မတူချေ။မျက်လုံးတစ်ဖက်မှ မီးတောက်များထွက်ပေါ်နေပြီး ကျန်တစ်ဖက်တွင် လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ်တောက်ပနေသည်။

ဤသည်က လုယွီ မွေးမြူထားသော ခရမ်းဝံပုလွေပင်။

ဤအချိန်အခိုက်အတန့်တွင် ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်ပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ထိုဒဏ်ရာများမှနေ၍ သွေးများက အဆက်မပြတ်ယိုစီးကျနေပေ၏။

ခရမ်းလျှပ်စီးဝံပုလွေသည် ယင်နဂါးသစ်ရွက်ကို ဝါးမြိုခဲ့သော်လည်း အလွန်အားနည်းသောအခြေအနေမျိုး၌ ရှိနေဆဲပင်။

ထိုပြင် ခရမ်းလျှပ်စီးဝံပုလွေသည် သွေးမျိုးဆက်နိုးထလာသည်မှာ မကြာမြင့်သေးချေ။သူသည် အပျံသင်စငှက်ငယ်တစ်ကောင်နှင့်တူညီနေကာ အစစ်အမှန်တိုက်ပွဲကို တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးချေ။ထိုကြောင့် သူ တိုက်ခိုက်ခံရစဥ်တွင် ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ခရမ်းလျှပ်စီးဝံပုလွေသည် နိုးထလာပြီးနောက်တွင် သူ၏အထူးပြုစွမ်းရည်များ အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်သွားခဲ့သည်။ဤသည်ကြောင့် သူ့ထံ တဟုန်ထိုးတိုးဝင်တိုက်ခိုက်လာသော တခြားနတ်ဆိုးမှော်သားရဲကို မည်ကဲ့သိုရင်ဆိုင်ရမည်အား သိရှိနေခြင်းပင်။

ဝေါင်း...ဝေါင်း...

ခရမ်းလျှပ်စီးဝံပုလွေသည် သူ၏ချွန်ထက်သောလက်သည်းများကိုဆန့်ထုတ်၍ တိုက်ပွဲကွင်းပြင်၏အရံအတားကို ဆွဲဆုပ်လိုက်၏။

သို့ရာတွင် ထိုအရံအတားများကို အထူးသတ္ထုမျိုးဖြင့် ပြုလုပ်ထားသည်မှာ သိသာထင်ရှားသည်။သူ၏အထူးပြုစွမ်းရည်များ မြင့်တက်လာသော်လည်း ပတ်ဝန်းကျင်ရှိအရံအတားများကို ဆုတ်ဖြဲနိုင်ခြင်းမရှိချေ။

ဗြောင်း...ဗြောင်း....

တိုက်ပွဲကွင်းပြင်အရံအတားသည် ခရမ်းလျှပ်စီးဝံပုလွေ၏ဆွဲဆုပ်မှုကြောင့် အဆက်မပြတ်လှုပ်ယမ်းနေသည်။သို့ရာတွင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။ထိုအစား သူတို့၏အော်ဟစ်သံများ ပို၍ကျယ်လောင်လာသည်။

"သခင်လေးကျန်းချန်...ဒီနတ်ဆိုးမှော်သားရဲကို မင်း ဘယ်နေရာက ရလာတာလဲ....သူ့ကိုကြည့်ရတာ မျိုးကွဲနတ်ဆိုးမှော်သားရဲတစ်ကောင်နဲ့တူနေတယ်....တကယ်လို့ ဒီနတ်ဆိုးမှော်သားရဲကိုသာ စျေးထဲမှာရောင်းချရင် ငွေတွေအများကြီးရမှာသေချာတယ်"

ကျင့်ကြံသူတချိုက ရယ်မောရင်း ပြောဆိုသည်။

လူငယ်ကျင့်ကြံသူတစ်ယောက်ကို လူအုပ်ကြီးက ဝိုင်းရံထားသည်။သူသည် ဝိုင်အရက်အမြောက်အများကို သောက်သုံးထားပုံရကာ သူ၏မျက်နှာ အနည်းငယ် ရီဝေနေပေ၏။

"ဟား ဟား ဟား...ငါက ဒါကို ငါ့ရဲ့ဆေးပင်သိုလှောင်ရုံမှာ တွေ့ခဲ့တာ...ကြည့်ရတာတော့ ဒါက ဧည့်သည်တစ်ယောက် မွေးမြူထားတဲ့ပုံပဲ...ဒီလိုထိပ်တန်းအဆင့် နတ်ဆိုးမှော်သားရဲမျိုးကို အဲ့ဒီနေရာမှာဆက်ထားရင် အလေအလွင့်ဖြစ်သွားမှာ အသိသာကြီးလေ...သူ့ကို ငါ့အတွက် ငွေရှာခိုင်းတာ ပိုမကောင်းဘူးလား"

ထိုလူငယ်သည် ကျန်းချန်ပင်။

ကျန်းချန်သည် လောင်းကစားဝါသနာအိုးတစ်ယောက်ဖြစ်သည်။သူသည် တော်ဝင်မြိုတော်သို ပြန်ရောက်သည်နှင့် ပထမဆုံးတွေးတောထားသည်မှာ မှော်သားရဲတိုက်ပွဲကွင်းပြင်သိုသွားရန်ပင်။

အစပထမ၌ သူသည် သန်မာအားကောင်းသော နတ်ဆိုးမှော်သားရဲ မရရှိမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်သည် အကြည့်တစ်ချက်ဖြင့်ပင် ခြံဝန်းအတွင်းရှိ နတ်ဆိုးမှော်သားရဲကို တွေ့မြင်ခဲ့လေ၏။

သူ၏အဆင့်အတန်းကို အသုံးချ၍ သူ့အားတားဆီးနေသော အစေခံများကိုဆွဲဖယ်ကာ ခရမ်းလျှပ်စီးဝံပုလွေကို အတင်းအကြပ်ယူဆောင်လာခဲ့သည်။

သို့ရာတွင် ဤခရမ်းလျှပ်စီးဝံပုလွေသည် အလွန်သန်မာအားကောင်းမည်ဟု သူ မျှော်လင့်မထားမိချေ။

Chapter 2954

ခရမ်းလျှပ်စီးဝံပုလွေသည် ထွက်ပေါ်လာသည်နှင့် သာမာန်ထက်သာလွန်ထူးကဲသောခွန်အားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။

တစ်ဖက်မှပြိုင်ဘက်သည် မည်သည့်အဆင့်ရှိသော နတ်ဆိုးမှော်သားရဲဖြစ်နေပါစေ ခရမ်းလျှပ်စီးဝံပုလွေကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။သူ၏လက်သည်းများအောက်တွင် ထိုနတ်ဆိုးမှော်သားရဲများအားလုံး သေဆုံးခဲ့ရလေ၏။

ဤသည်က ကျန်းချန်အတွက် ကံကြမ္မာကောင်းတစ်ခုကို ရရှိစေခဲ့သည်။သူသည် မှော်သားရဲတိုက်ပွဲကွင်းပြင်တစ်ခုလုံး၌ အတောက်ပဆုံးတည်ရှိမှုကြီးဖြစ်လာသည်။

"ကျန်းချန်...မင်းမှာ မျိုးကွဲနတ်ဆိုးမှော်သားရဲတစ်ကောင်ရှိနေတာနဲ့ မင်းကိုယ်မင်း အရမ်းအံ့အားသင့်ဖိုကောင်းနေပြီလို့ ထင်နေတာလား...ငါ့ရဲ့ခြင်္သေ့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကနေ ငါ ရှာတွေ့လာတဲ့ သန္ဓေပြောင်းနတ်ဆိုးမှော်သားရဲတစ်ကောင်ပဲ...ဒါက မင်းရဲ့နိမ့်ကျတဲ့ခရမ်းလျှပ်စီးဝံပုလွေထက် အများကြီးပိုအဆင့်မြင့်တယ်...မင်း ငါနဲ့အလောင်းအစားလုပ်ဖို ဆန္ဒရှိလား"

ချမ်းသာကြွယ်ဝပုံရသော လူငယ်တစ်ယောက်က ဝိုင်အရက်ခွက်ကိုကိုင်ဆောင်ထားကာ မောက်မာဝံ့ကြွားသောမျက်နှာအမူအယာဖြင့် ကျန်းချန်၏ရှေ့သို့ လျှောက်လှမ်းလာသည်။

သူ၏နောက်တွင် အစေခံတစ်စုက သံလှောင်အိမ်တစ်လုံးကိုသယ်ဆောင်၍ တရွေ့ရွေ့ လျှောက်လှမ်းလာပေ၏။

ကြီးမားသောခြင်္သေ့တစ်ကောင်ကို ထိုသံလှောင်အိမ်အတွင်း၌ ချုပ်လှောင်ထားသည်။ထိုခြင်္သေ့၏ သားမွှေးများသည် ရွှေရောင်ဖြစ်ကာ သူ၏ခြေလက်လေးချောင်းလုံး ကြွက်သားများဖြင့် ပြည့်နှက်နေသည်။လေးလံသောသံကြိုးများဖြင့် သူ၏ခြေလက်များကို တုပ်နှောင်ထားလေရာ တချွင်ချွင်အသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

ထိုခြင်္သေ့၏မျက်လုံးများအတွင်း၌ ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေပုံရသည်။

ထိုထက်ပို၍ မျက်စိဖမ်းစားနိုင်ဆုံးအစိတ်အပိုင်းမှာ ခြင်္သေ့ကြီး၏အမြှီးပင်။ထိုအမြှီးသည် ခလောက်ဆွဲအမြှီးမြွေပွေးတစ်ကောင်ဖြစ်သည်။ထိုအမြှီးတွင် အစိမ်းရောင်အကြေးခွံများဖုံးလွှမ်းနေကာ မည်သည့်အသံမျှမကြားရချေ။

ထိုအရာတွင် ခြင်္သေ့ခန္ဓာကိုယ်နှင့်မြွေအမြှီး ရှိနေလေ၏။

ဤသည်က ရှေးဟောင်းမျိုးစိတ်တစ်ခုဖြစ်သော ခြင်္သေ့ရိုင်းတစ်ကောင်ဖြစ်ကာ အလွန်အမင်းရှားပါးသော နတ်ဆိုးမှော်သားရဲအမျိုးအစားပင်။ထိုအရာသည် အလွန်အမင်း အစွမ်းထက်ရုံသာမက သူ၏ခြေစွယ်လက်စွယ်များနှင့်သွားများတွင် အဆိပ်များပါဝင်သည်။အကယ်၍ ထိုအရာ၏အကိုက်ခံရခြင်း သို့မဟုတ် ဒဏ်ရာတစ်ခုရရှိသွားလျှင်ပင် အဆိပ်မိခြင်းကြောင့် သေဆုံးသွားနိုင်သည်။

ခရမ်းလျှပ်စီးဝံပုလွေသည် သာမာန်နတ်ဆိုးမှော်သားရဲတစ်ကောင်ပင်။ထိုအရာသည် အဖိုးတန်ရှားပါးသော မျိုးကွဲနတ်ဆိုးမှော်သားရဲတစ်ကောင်ဖြစ်သော်လည်း ဤခြင်္သေ့ရိုင်းနှင့်နှိင်းယှဥ်ကြည့်ပါက အလွန်အဆင့်နိမ့်သည်။

ကျန်းချန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"မင်းက ဘယ်လိုအလောင်းအစား လုပ်ချင်တာလဲ"

ထိုလူငယ်က အပြုံးဖြင့် တုံ့ပြန်ပြောဆိုသည်။

"မင်းက အခုလတ်တလောမှာ ဆေးပင်တွေကို အကြံအဖန်လုပ်ရောင်းပြီးတော့ အတော်လေးစုမိဆောင်းမိဖြစ်နေတယ်လို ငါ ကြားထားတယ်...ငါတို့ အလောင်းအစားကြီးကြီးလုပ်ကြရအောင်..သန်းတစ်ရာကြေး လောင်းကြမလား"

ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

အင်မော်တယ်ကျောက်တုံးသန်းတစ်ရာဟူသည်မှာ ထိပ်တန်းမိသားစုကြီးများအတွက် ကိစ္စကြီးတစ်ရပ်မဟုတ်သော်လည်း

ကျင့်ကြံသူအများစုအတွက် သူတို့၏ဘဝတသက်တာလုံးတွင် ရှာဖွေ၍ပင်မရနိုင်သော ငွေကြေးပမာဏဖြစ်ပေ၏။

ကျန်းချန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။သူသည် ကျန်းမိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း တိုက်ရိုက်မျိုးဆက်တစ်ယောက်မဟုတ်ချေ။ထို့ကြောင့် သူ့ထံတွင် သာမာန်အားဖြင့် ဤမျှများပြားသော ငွေကြေးပမာဏမရှိချေ။

သူ၏အဖိုးဖြစ်သူ ပဉ္စမအကြီးအကဲသည် မိသားစု၏ဆေးပင်လုပ်ငန်းကို စီမံအုပ်ချုပ်ရသူပင်။ထိုကြောင့် မိသားစု၏ဆေးပင်များ အရောင်းအဝယ်လုပ်သည့်အချိန်တိုင်း သူ့အတွက် ဝေစုရလေ့ရှိသည်။

သူသည် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာကို ထုတ်ပေးနိုင်သော်လည်း အကယ်၍ရှုးနိမ့်သွားပါက သူ့အတွက် ကြီးမားသောဆုံးရှုးမှုကြီး ဖြစ်သွားပေမည်။သူ၏ငွေကြေးများအားလုံးကို အသုံးပြုလိုက်ရခြင်းနှင့် တူညီသည်။

သို့ရာတွင် အချိန်တခဏကြာပြီးနောက် ကျန်းချန်၏စိတ်နှလုံးသားတစ်ခုလုံး လောဘများဖြင့် ကြီးစိုးသွားသည်။

သူ၏ရှေ့သို့ အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ရောက်ရှိနေလေရာ မည်သည်နည်းဖြင့် သူ မလိုချင်ဘဲရှိမည်နည်း။

"ကောင်းပြီလေ...ငါ မင်းနဲ့ လောင်းမယ်...မင်း ငွေကိုကြိုပြီးပြင်ထားတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် မင်းရှုံးလို ငွေထုတ်မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ"

ကျန်းချန်က သူ၏လက်ကိုဝှေ့ယမ်းပြလိုက်ရာ အစေခံတစ်ယောက်သည် စင်မြင့်ပေါ်သိုတက်သွားပြီး ဆေးမြူခိုးတချို့နှင့် ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်ပေါ်သို ပက်ဖြန်းလိုက်၏။

ထိုဆေးမြူခိုးများသည် နတ်ဆိုးမှော်သားရဲများ အလျှင်အမြန် ပြန်လည်ကောင်းမွန်လာစေရန်အတွက် အသုံးပြုခွင့်ပေးထားသော ဆေးဖြစ်သည်။ထိုဆေးအတွင်း၌ နတ်ဆိုးမှော်သားရဲများကို သွေးဆာစေသော ဆေးဖက်ဝင်ပစ္စည်းများကိုလည်း ရောနှောထားကာ အချိန်တိုအတွင်း ထိုနတ်ဆိုးမှော်သားရဲကို အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိစေသည်။

ဤသည်က တားမြစ်ဆေးလုံးများနှင့် တူညီပေ၏။ထိုအရာသည် နတ်ဆိုးမှော်သားရဲ၏ခွန်အားကို အချိန်တိုအတွင်း ယာယီမြှင့်တင်ပေးနိုင်သော်လည်း သူ၏ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်နာကျင်စေနိုင်သည်။

သို့ရာတွင် ကျန်းချန်ကမူ ဂရုမစိုက်ချေ။အကယ်၍ ခရမ်းလျှပ်စီးဝံပုလွေ မသန်မစွမ်းဖြစ်သွားလျှင်ပင် သူ့အတွက် ပြဿနာမရှိပေ။သူ့အတွက်က ငွေကြေးအမြောက်အများ ရှာဖွေပေးနိုင်သရွေ့ သူ အဆင်ပြေသည်။

ဆေးမြူခိုးများဖြင့် ဖြန်းပက်ခြင်းခံရပြီးနောက် ခရမ်းလျှပ်စီးဝံပုလွေထံမှ ကျယ်လောင်စွာဟိန်းဟောက်လိုက်သော အသံတစ်သံထွက်ပေါ်လာသည်။သူ၏မျက်လုံးအတွင်းမှ စူးရှသောအလင်းတန်းများ ဖြာထွက်နေကာ တိုက်ပွဲကွင်းပြင်နံဘေးပတ်လည်ရှိ အရံအတားများကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်နေသည်။

"ခြင်္သေ့ရူးနဲ့ခရမ်းလျှပ်စီးဝံပုလွေ...ငါတို့ ဒီပွဲကို အလွတ်ခံလိုမဖြစ်ဘူး"

ပွဲကြည့်ဆောင်အတွင်းမှလူများသည် စတင်၍ ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံးသည် သူတို၏လောင်းကြေးများကို စတင်၍ထပ်လိုက်ကြကာ ဤနေရာရှိအခြေအနေ တဖန်ပြန်၍ အုတ်အော်သောင်းနင်း ဖြစ်လာခဲ့သည်။

လူအများစုသည် ခြင်္သေ့ရူးကို ပို၍သဘောကျနှစ်ခြိုက်ကြ၏။မည်သို့ပင်ဆိုစေကာမူ ခြင်္သေ့ရူးသည် ခရမ်းလျှပ်စီးဝံပုလွေထက် များစွာပို၍အဆင့်မြင့်သော ရှေးဟောင်းနတ်ဆိုးမှော်သားရဲတစ်ကောင်ပင်။

Chapter 2955

"အလောင်းအစားပြီးပြီ...တိုက်ပွဲစတင်မယ်"

မှော်သားရဲတိုက်ပွဲကွင်းပြင်မှလူများသည် ခြင်္သေ့ရူးကို လှောင်အိမ်အတွင်းမှထုတ်၍ တိုက်ပွဲကွင်းပြင်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ခြင်္သေ့ရူးသည် ဆာလောင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်သဖြင့် အလွန်အမင်းဒေါသထွက်နေသည်။ခရမ်းလျှပ်စီးဝံပုလွေကိုမြင်တွေ့သည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ နီမြန်းသွားကာ ကိုက်ဖြတ်ရန်အတွက် ခုန်အုပ်လိုက်၏။

ဝေါင်း...

ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို ပဲ့တင်ထပ်ပျံ့နှံသွားသည်။

ခရမ်းလျှပ်စီးဝံပုလွေသည် တိုက်ပွဲများကို ဆက်တိုက်တိုက်ခိုက်ခဲ့ရသဖြင့် သူ၏ခွန်အားများ အကြီးအကျယ်ယုတ်လျော့နေခဲ့သည်။ခြင်္သေ့ရူး ရုတ်တရက် ခုန်အုပ်လိုက်ချိန်တွင် ခရမ်းလျှပ်စီးဝံပုလွေ လွင့်ထွက်သွားကာ နံဘေးရှိအရံအတားနှင့် ရိုက်ခတ်မိသည်။

ဝုန်း...

တိုက်ပွဲကွင်းပြင်၏နံဘေးပတ်လည်ရှိ အရံအတားမှနေ၍ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။

ထိုနောက် ခြင်္သေ့ရူးက ခရမ်းလျှပ်စီးဝံပုလွေကို လိုက်လံဖမ်းဆီးလေ၏။သူသည် ခရမ်းလျှပ်စီးဝံပုလွေကို ဝါးမမြိုရမချင်း လက်လျှော့မည့်ပုံမရချေ။

ဘုန်း

ခြင်္သေ့ရူးသည် အနက်ရောင်အရိပ်တစ်ရိပ်အလား ခရမ်းလျှပ်စီးဝံပုလွေပေါ်သို့ခုန်အုပ်ကာ သူ၏သွေးရောင်ပါးစပ်ကြီးကိုဖွင့်ဟ၍ အရူးအမူးကိုက်ဖြတ်နေလေသည်။

သွေးများက ချက်ချင်းယိုစီးကျလာကာ ခရမ်းလျှပ်စီးဝံပုလွေထံမှနေ၍ နာကျင်မှုများဖြင့်ပြည့်နှက်နေသောအူသံ ထွက်ပေါ်လာသည်။ခြင်္သေ့ရူးထံမှ အဆိပ်များက ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ထိုကြောင့် ခရမ်းလျှပ်စီးဝံပုလွေသည် အဆိပ်မိသွားကာ အလွန်အမင်းနာကျင်မှုကို ခံစားနေရလေ၏။

"ကောင်းတယ်...သေအောင် ကိုက်ပစ်စမ်း...ဟား ဟား ဟား...ကျန်းချန်...မင်း လိမ်လိမ်မာမာနဲ့ ငါ့ဆီကို မင်းရဲ့ငွေတွေပေးစမ်း"

လူငယ်က အူလှိက်သည်းလှိက်ရယ်မောရင်း ပြောဆိုသည်။

ထိုလူငယ်၏နောက်တွင် မတ်တတ်ရပ်နေသော ကျင့်ကြံသူတစ်စုကလည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေကြသည်။

ထိုအချိန်မှာပင် ခရမ်းလျှပ်စီးဝံပုလွေ၏မျက်ခုံးနှစ်ခုကြားမှနေ၍ ခရမ်းရောင်အလင်းတန်းများဖြာထွက်လာကာ ခြင်္သေ့ရူးထံသို တရကြမ်းတိုးဝင်သွားသည်။

ဝုန်း....

ခရမ်းရောင်လျှပ်စီးမိုးကြိုးလှိုင်း ရိုက်ခတ်လာသော်လည်း ခြင်္သေ့ရူးက အလျှင်အမြန်ရှောင်တိမ်းလိုက်၏။ထိုနောက် ခြင်္သေ့ရူးသည် သူ၏လက်သည်းများဖြင့် ထပ်မံ၍ရိုက်ပုတ်ကာ ခရမ်းလျှပ်စီးဝံပုလွေကို လွင့်ထွက်သွားစေသည်။

လူအုပ်ကြီးထံမှနေ၍ ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာသည်။

ပွဲကြည့်ဆောင်အတွင်းရှိကျင့်ကြံသူများက ရယ်မောရင်း ပြောဆိုသည်။

"သခင်လေးကျန်း...ဒီတစ်ကြိမ်တော့ မင်းရဲ့နတ်ဆိုးမှော်သားရဲက ထပ်ပြီးတောင့်ခံနိုင်တော့မှာမဟုတ်ဘူး...မင်းရဲ့ငွေတွေ ဆုံးရှုးရတော့မှာကို ငါတို့ စိုးရိမ်မိတယ်"

လူငယ်က သရော်တော်တော် ဝင်ရောက်ပြောဆိုလေ၏။

"ကျန်းချန်...အင်မော်တယ်ကျောက်တုံးသန်းတစ်ရာကို မြန်မြန်ထုတ်ပေးစမ်း...မင်းက မြင့်မြတ်တဲ့ကျန်းမိသားစုဝင်တစ်ယောက်နော်...မင်းမှာ ငွေမရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့"

သန်းတစ်ရာ...သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းပင်။

ကျန်းချန်အတွက်မူ ဤငွေကြေးပမာဏသည် နည်းပါးသောအသုံးစရိတ်မျိုးမဟုတ်ချေ။

ဤပြိုင်ပွဲကိုသာ ရှုးနိမ့်သွားပါက သူ ယခင်က အနိုင်ရရှိထားသော ငွေကြေးများအားလုံးအပြင် သူ၏လက်အတွင်း၌ရှိနေသော ငွေကြေးများလည်း လုံးလုံးလျားလျား ကုန်ဆုံးသွားပေမည်။

ကျန်းချန်က ကူကယ်ရာမဲ့စွာဖြင့် အလွန်ဒေါသထွက်သွားသည်။သူက သူ၏နံဘေးရှိအစေခံတစ်ယောက်ကို အော်ဟစ်လိုက်၏။

"ငါ့ဆီကို ကြာပွတ်ယူလာခဲ့စမ်း"

ထိုအစေခံက ချက်ချင်းဆိုသလိုပင် အနက်ရောင်ကြာပွတ်တစ်ချောင်းယူဆောင်လာကာ ကျန်းချန်ထံ ပေးလေသည်။

ထိုကြာပွတ်သည် အလွန်ရှည်လျားပြီး လုံးလုံးလျားလျား နက်မှောင်နေကာ ထိုအရာပေါ်၌ ချွန်ထက်သောဆူးများ ပါရှိသည်။

ကျန်းချန်သည် ထိုကြာပွတ်ကိုကိုင်ဆောင်ကာ တိုက်ပွဲကွင်းပြင်၏အထက်သို့ ရောက်ရှိသွားသည်။ထိုနောက် သူက ခရမ်းလျှပ်စီးဝံပုလွေကို စတင်၍ရိုက်နှက်လေ၏။

ရွှမ်း...ရွှမ်း...ရွှမ်း...

ကြာပွတ်ရိုက်ချက်တိုင်း ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်ပေါ်၌ နက်ရှိင်းသောဒဏ်ရာကြီးများ ကျန်ရစ်ခဲ့သည်။သူ၏အသားများ စုတ်ပြတ်ပေါက်ပြဲသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲဖြစ်နေသည်။

ခရမ်းလျှပ်စီးဝံပုလွေသည် ခြင်္သေ့ရူး၏အဆိပ်ကြောင့် အဆိပ်သင့်ထားပြီးလေပြီ။ယခုလက်ရှိချိန်တွင် သူသည် ကြာပွတ်ဖြင့် ထပ်မံ၍ရိုက်နှက်ခံရသဖြင့် သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိသွားလေ၏။

ထွီ...

ကျန်းချန်က တံတွေးတစ်ချက်ထွေးလိုက်သည်။သူက ငွေလက်မှတ်တစ်ထပ်ကိုထုတ်ယူကာ လူငယ်၏မျက်နှာကို ပစ်ပေါက်လိုက်သည်။

"စောင့်နေကြစမ်း...နောက်တစ်ကြိမ်ကျရင် ငါက မင်းတို့ကို သေချာပေါက် ပြန်ပြီးအနိုင်ယူမယ်"

သူသည် တိုက်ပွဲကွင်းပြင်ပေါ်၌ ဝပ်တွားနေသော ခရမ်းလျှပ်စီးဝံပုလွေကို လက်ညှိုးညွှန်၍ တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လေသည်။

"သူ့ကိုချည်နှောင်ပြီး ပြန်ခေါ်ခဲ့ကြစမ်း"

ခရမ်းလျှပ်စီးဝံပုလွေသည် သူ့အား ပြိုင်ပွဲတွင်ရှုးနိမ့်စေခဲ့သော်လည်း မည်သိုပင်ဆိုစေကာမူ ထိုအရာသည် အဖိုးတန်ရှားပါးသော မျိုးကွဲနတ်ဆိုးမှော်သားရဲတစ်ကောင် ဖြစ်နေဆဲပင်။

အကယ်၍ သူ ထိုသားရဲကို ပြန်လည်ရောင်းချလိုက်ပါက အနည်းဆုံးအနေဖြင့် ငွေကြေးတချို့ ပြန်လည်ရရှိနိုင်သည်။

ကျန်းမိသားစု၏သခင်လေးတစ်ယောက်ဖြစ်သဖြင့် ကျန်းချန်သည် သူ၏နေ့စဥ်အသုံးစရိတ်နှင့်ဆုလာဘ်ချီးမြှင့်ရန်တို့အတွက် ငွေကြေးအမြောက်အများလိုအပ်သည်။ဤတစ်ကြိမ်တွင် သူ အင်မော်တယ်ကျောက်တုံးအမြောက်အများကို ဆုံးရှုံးသွားခဲ့သဖြင့် နည်းလမ်းတချို့ကိုအသုံးပြု၍ ပြန်ရှာရပေမည်။

ခရမ်းလျှပ်စီးဝံပုလွေကိုမူ သူသည် တခြားမှော်သားရဲတိုက်ပွဲကွင်းပြင်များသိုသွားပြီးနောက် ပွဲရေအနည်းငယ်အနိုင်ယူကာ တိုက်ရိုက်ရောင်းချခဲ့ရန် စဥ်းစားတွေးတောထားသည်။အနည်းဆုံးအနေဖြင့် သူ ဆုံးရှုံးသွားသော အင်မော်တယ်ကျောက်တုံးများကို သူ ပြန်လည်ရှာဖွေလိုသည်။

All Chapters