← Chapters

အခန်း (၂၉၅၆-၂၉၆၀)

Vol. 151 Ch. 2956-2960

အခန်း (၂၉၅၆-၂၉၆၀)

Vol. 151 Ch. 2956-2960

2956

"သခင်လေးကျန်း...ဒီခရမ်းလျှပ်စီးဝံပုလွေကို မင်း ဘယ်ကနေရလာတာလဲ...ဒီသွေးမျိုးဆက်မျိုးက သာမာန်ခရမ်းလျှပ်စီးဝံပုလွေတစ်ကောင် ဖြစ်နေမယ်လိုတော့ ငါ မထင်ဘူး"

ကျန်းချန်၏နောက်တွင်ရှိနေသော ကျင့်ကြံသူတချိုက မေးမြန်းသည်။

ကျန်းချန်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။

"သူက ငါ့ရဲ့မိသားစုအိမ်တော်မှာ မွေးမြူထားတဲ့သားရဲပဲ...တကယ်လို့ မင်းတို့ သူ့ကို လိုချင်တယ်ဆိုရင် ငွေယူလာခဲ့ကြ...မင်းတို့က အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ပေးနိုင်ရင် ငါ မင်းတို့ကို ဒီနတ်ဆိုးမှော်သားရဲပေးမယ်"

ထိုကျင့်ကြံသူများသည် အလျှင်အမြန်နောက်ဆုတ်ကာ စကားထပ်မဆိုတော့ချေ။

အင်မော်တယ်ကျောက်တုံးသန်းတစ်ရာဟူသည်မှာ သူတို့အတွက် အလွန်များပြားသော ပမာဏပင်။

ခရမ်းလျှပ်စီးဝံပုလွေကို တိုက်ပွဲကွင်းပြင်အတွင်းမှ တရွတ်တိုက်ဆွဲလာကာ သံလှောင်အိမ်အတွင်းသို့ပြန်ထည့်၍ ပိတ်လှောင်လိုက်၏။

ကျန်းချန်သည် ထိုအကြောင်းကို ပို၍တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။သူသည် ဒေါသတကြီးဖြင့် သံလှောင်အိမ်ကိုထုရိုက်ကာ အော်ဟစ်ပြောဆိုလေသည်။

"သူ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ ငါ့ဆီကို ဆွဲခေါ်လာခဲ့စမ်း...သူ့ကို တခြားမှော်သားရဲတိုက်ပွဲကွင်းပြင်ဆီ ခေါ်သွားရမယ်...ငါ့အတွက် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ပြန်ရှာမပေးနိုင်မချင်း သူ့ကို အလွတ်မပေးနိုင်ဘူး"

"ဟုတ်ကဲ့"

အစေခံတချိုသည် သံလှောင်အိမ်ကိုတွန်း၍ ဤနေရာမှထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် ရုတ်တရက် လူအုပ်အကြားမှနေ၍ လက်တစ်ဖက်ထွက်ပေါ်လာကာ ထိုသံလှောင်အိမ်ကို မြဲမြံစွာဆုပ်ကိုင်လိုက်၏။

ထိုနောက် လုယွီက လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။

သူသည် သံလှောင်အိမ်အတွင်း၌ မလှုပ်မယှက်ရှိနေသော ခရမ်းလျှပ်စီးဝံပုလွေကိုကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"ဒီကောင်လေးက ဘယ်နေရာက ရောက်လာတာလဲ...ထွက်သွားစမ်း"

ကျန်းချန်၏စိတ်အခြေအနေမှာ လွန်စွာဆိုးရွားနေသည်။လုယွီသည် သူ၏လမ်းကို ပိတ်ဆိုဟန့်တားဝံ့သည်ကို မြင်တွေ့ချိန်တွင် သူက လုယွီကို အင်္ကျီဂုတ်မှဆွဲမရန် ချက်ချင်းလှုပ်ရှားလိုက်၏။

သို့ရာတွင် သူ၏လက် ဆန့်တန်းလိုက်သောအချိန်မှာပင် လုယွီက လက်မြှောက်ကာ သူ၏လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်သည်။

ဘန်း...

ထိုနောက် လုယွီသည် ကျန်းချန်၏ဒူးခေါင်းကို ကန်လိုက်သဖြင့် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ကျန်းချန်၏ဒူးခေါင်းမှအရိုးများ ကျိုးသွားပုံရကာ သူသည် မြေပြင်ပေါ်သို ဒူးထောက်ရက်သား လဲကျသွားပေ၏။

"ကောင်စုတ်လေး...မင်းက သေလမ်းရှာနေတာလား"

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သခင်လေးကို တိုက်ခိုက်ဝံ့တာလဲ...ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ဒီနေ့ မင်း သေကိုသေရမယ်"

ကျန်းချန်၏နံဘေးတွင်ရှိနေသော အစေခံများက လုယွီထံသို တဟုန်ထိုးတိုးဝင်လာကြသည်။

သို့ရာတွင် သူတို ရှေ့သိုတိုးဝင်သွားသည်နှင့် အနက်ရောင်အရိပ်တစ်ရိပ်က သူတိုအား ဖြတ်သန်းသွားသည်။သူတိုအားလုံး လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။

ဘန်း...ဘန်း...ဘန်း...

မြေပြင်ပေါ်မှနေ၍ ဗလုံးဗထွေးနှင့်ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

ထိုအစေခံများသည် ကျန်းချန်၏သက်တော်စောင့်များပင်။သို့ရာတွင် လုယွီ၏ရှေ့၌ သူတိုသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရကြချေ။

"တော်သင့်ပြီ ကောင်လေး...ဒီနေရာက မင်း ပြဿနာရှာလိုရတဲ့ နေရာမျိုးမဟုတ်ဘူး"

အစွမ်းထက်သော အသံနက်ကြီးတစ်သံကို ရုတ်တရက် မလှမ်းမကမ်းတစ်နေရာမှ ကြားလိုက်ရသည်။

လူအုပ်ကြီးကွဲသွားကာ ပြင်ပမှနေ၍ တုတ်ခိုင်သန်မာသော လူထွားကြီးတချို့ ဝင်ရောက်လာသည်။သူတို့၏နောက်ကျောတွင် အဆောင်လက်ဖွဲ့များ အပြည့်ကပ်ထားသော မှော်လက်နက်များကို လွယ်ထားသည်။သို့ရာတွင် ထိုမှော်လက်နက်များပေါ်၌ စွန်းထင်းနေသော သွေးစသွေးနများကို ကြည့်ခြင်းအားဖြင့် သူတို့သည် သာမာန်ကျင့်ကြံသူများမဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် ပြောဆိုနိုင်သည်။

ထိုလူထွားကြီးများသည် မှော်သားရဲတိုက်ပွဲကွင်းပြင်၏အစောင့်များပင်။

သာမာန်အားဖြင့် မှော်သားရဲတိုက်ပွဲကွင်းပြင်အတွင်း၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော လူတချို့ ထွက်ပေါ်လာလေ့ရှိသည်။တချို့ကျင့်ကြံသူများသည် လောင်းကြေးရှုးနိမ့်သဖြင့် ဒေါသများပေါက်ကွဲကာ ပြဿနာရှာလိုကြ၏။

ဤအစောင့်များရှိနေခြင်းကြောင့် ကျန်းချန်သည် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ရှုးနိမ့်သွားသည့်တိုင် ဤနေရာ၌ မဆင်မခြင်မလုပ်ဝံ့ခြင်းပင်။

"မင်း ဘာလုပ်ချင်တယ်ဆိုတာ အရေးမကြီးဘူး...ဒါပေမယ့် မင်းက ငါတိုရဲ့ဧည့်သည်တော်တစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်...လိမ်လိမ်မာမာနဲ့ မြေပြင်ပေါ်မှာ ဒူးထောက်လိုက်စမ်း...ငါတို့ အတင်းအကြပ်ဖိအားပေးရအောင် မလုပ်နဲ့"

ထိုလူထွားကြီးများကို ဦးဆောင်လာသူသည် သူ၏နောက်ကျော၌လွယ်ထားသော မှော်လက်နက်ကိုဖြုတ်ကာ မြေပြင်ပေါ်သို့ချလိုက်သည်။

ထိုအရာသည် လေးလံသောရွှေသေတ္တာတစ်လုံးဖြစ်ကာ မြေပြင်ပေါ်သိုကျရောက်လာသည်နှင့် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုလူထွားကြီးက သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ရွှေသေတ္တာ ပွင့်သွားလေ၏။ထိုအရာအတွင်း၌ ကွေးကောက်နေသော အရိုးစုတစ်ခုရှိနေသည်။

ထိုအရိုးစု၏အရိုးဖြူများသည် ကျောက်စိမ်းဖြူကဲ့သို တောက်ပနေသည်။ထိုအရာသည် တဖျတ်ဖျတ်တောက်ပပြီး အလင်းရောင်များဖြာထွက်နေလေရာ သာမာန်ထက်သာလွန်ထူးကဲနေပေ၏။

"အရိုးဖြူတစ္ဆေဘုရင်ပါလား...အဲ့ဒီလူက သရဲတစ္ဆေကျင့်ကြံသူတစ်ယောက်ပဲ"

"အဲ့ဒီကောင်လေးတော့ ပြဿနာတက်ပြီ...ကျင့်ကြံသူတွေ ရန်မစသင့်ဆုံးသူတွေက သရဲတစ္ဆေကျင့်ကြံသူတွေပဲ...သူတို့ကို အပြစ်ပြုမိတဲ့ဘယ်သူမဆို စိတ်ဝိညာဥ်တောင်ကျန်မှာမဟုတ်ဘူး...အဲ့ဒီအရိုးဖြူတစ္ဆေဘုရင်ကို ကြည့်လိုက်ကြအုံး...ဘယ်သူ သိနိုင်မှာလဲ....သူက အသက်ရှင်နေတဲ့အချိန်မှာ အဲ့ဒီသရဲတစ္ဆေကျင့်ကြံသူကို ရန်စစော်ကားခဲ့တယ်...သူ သေဆုံးပြီးတဲ့အချိန်မှာ ဒီလိုအခြေအနေမျိုးထိရောက်အောင် သန့်စင်ခံလိုက်ရတယ်...သူက ပြန်လည်ဝင်စားခြင်းကိုတောင် မလုပ်နိုင်တော့ဘူး"

Chapter 2957

ထိုသရဲတစ္ဆေကျင့်ကြံသူသည် အရိုးဖြူတစ္ဆေဘုရင်ကို သေတ္တာအတွင်းမှထုတ်ကာ လုယွီထံ လက်ညှိးညွှန်လိုက်သည်။

"သူ့ကို ထိန်းချုပ်လိုက်စမ်း...ဒီလူက ဒီနေရာကိုလာပြီးတော့ ပြဿနာရှာဝံ့တယ်...သူကို ငါတို့ ဘာလုပ်သင့်လဲဆိုတာကိုတော့ သခင်လေးကျန်းချန်ဆီကနေ အကြံဥာဏ်တောင်းခံရမယ်"

ဂါး....

အရိုးဖြူတစ္ဆေဘုရင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

သူက ချက်ချင်းဆိုသလိုပင် လုယွီထံသို့ တဟုန်ထိုးတိုးဝင်သွားသည်။

ဤကဲ့သိုအဆင့်မြင့်သရဲတစ္ဆေတစ်ကောင် ထွက်ပေါ်လာချိန်တွင် မှော်သားရဲတိုက်ပွဲကွင်းပြင်တစ်ခုလုံးကို အေးစက်စက်အငွေ့အသက်များက လွှမ်းခြုံသွားသည်။

ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများပင်လျှင် သူတို့အပေါ်သို့ အရိုးဖြူတစ္ဆေဘုရင်၏အရှိန်အဝါ သက်ရောက်သွားသည့်အလား ဤအချိန်အခိုက်အတန့်တွင် အော်ဟစ်နေမှုရပ်တန့်သွားပေ၏။

သို့ရာတွင် အရိုးဖြူတစ္ဆေဘုရင်သည် လုယွီ၏အနားသို့ ချဥ်းကပ်လာစဥ်မှာပင် လုယွီ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။

"ထွက်သွားစမ်း"

လုယွီက အော်ငေါက်လိုက်၏။

မူလက ရှေ့သို့တိုးနေသော အရိုးဖြူတစ္ဆေဘုရင်၏ခန္ဓာကိုယ်သည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ချက်ချင်းရပ်တန့်သွားသည်။

အရိုးဖြူတစ္ဆေဘုရင်သည် စူးရှကျယ်လောင်စွာအော်ဟစ်၍ ရွှေသေတ္တာအတွင်းသို့ ချက်ချင်းပြန်ဝင်ကာ သေတ္တာအဖုံးကိုပိတ်လိုက်သည်။

သရဲတစ္ဆေကျင့်ကြံသူသည် မှော်မန္တန်များ မည်မျှထိရွတ်ဆိုနေပါစေ အရိုးဖြူတစ္ဆေဘုရင်သည် ပြင်ပ၌ သူ အဆုံးစွန်ဆုံးအဆင့်ထိ တုန်လှုပ်ချောက်ချားသောအရာ ရှိနေသည့်အလား ထွက်လာရန်ဆန္ဒမရှိချေ။

အချိန်အတော်ကြာ ကြိုးစားကြည့်ပြီးနောက် သရဲတစ္ဆေကျင့်ကြံသူက လက်လျှော့အရှုံးပေးလိုက်၏။

"အခုကြည့်ကြည့်တော့မှ မင်းရဲ့အရည်အချင်းက တော်တော်လေးကောင်းသားပဲ...ငါ့ရဲ့သရဲတစ္ဆေကိုတောင် ထိတ်လန့်ကြောက်ရွံသွားအောင်လုပ်နိုင်တယ်"

သရဲတစ္ဆေကျင့်ကြံသူသည် လုယွီကို ဖမ်းဆွဲရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

သူ၏လက်ဝါးအတွင်း၌ ထူထပ်သိပ်သည်းသော အနက်ရောင်မှော်စွမ်းအားလှိုင်းများရှိနေကာ ပတ်ဝန်းကျင်ရှိအပူချိန်ကို အဆုံးစွန်ဆုံးအဆင့်ထိ ကျဆင်းသွားစေသည်။

သို့ရာတွင် လုယွီက သူ၏လက်ကိုဆန့်တန်း၍ ထိုသရဲတစ္ဆေကျင့်ကြံသူ၏နဖူးကို ထိုးနှက်လိုက်၏။

ဘုန်း....

သရဲတစ္ဆေကျင့်ကြံသူ၏ဦးခေါင်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားတော့သည်။

သွေးမြူများက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကြဲသွားသည်။ခေါင်းမပါတော့သောလူသေလောင်းကြီးသည် မြေပြင်ပေါ်သိုလဲကျမသွားမီ အချိန်အနည်းငယ်ခန့် လှုပ်ယမ်းနေသည်။

လူအားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်ရှိ သွေးမြူများအားလုံးကို ပျက်ပြယ်သွားစေသည်။

"ငါ့ရဲ့လမ်းကိုပိတ်ဝံ့တဲ့ ဘယ်သူမဆို သေရမယ်"

လုယွီက တခြားသရဲတစ္ဆေကျင့်ကြံသူများကိုကြည့်ကာ မေးမြန်းလိုက်၏။

"မင်းတိုကရော ငါ့ကို ဟန့်တားချင်တာလား"

သရဲတစ္ဆေကျင့်ကြံသူများသည် ဤကဲ့သိုအဆင့်ထိရောက်ရှိစေရန် အရာရာတိုင်းကို ပြုလုပ်ခဲ့သူများဖြစ်သဖြင့် သူတို့၏သေဆုံးခြင်းသည် သနားစဖွယ်မကောင်းချေ။

နတ်ဆိုးကျင့်ကြံသူများကဲ့သို့ပင် သူတို့၏လက်များ၌ မရေမတွက်နိုင်သော သွေးကြွေးရန်ငြိုးများ စွန်းထင်းနေသည်။

တခြားသရဲတစ္ဆေကျင့်ကြံသူနှစ်ယောက်သည် လုယွီ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အပြုအမူကို မြင်တွေ့ချိန်တွင် သူတို့က ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။

သူတို့သည် အစောပိုင်းက တိုက်ခိုက်ခဲ့သောလူ၏ခွန်အားကို ကောင်းစွာသိရှိထားသည်။ထိုလူသည် ဤနေရာရှိအစောင့်များကို အုပ်ချုပ်သူဖြစ်ကာ သူ၏ကျင့်ကြံဆင့်သည် နက်နဲသိမ်မွေ့ပေ၏။

ထိုပြင် အရိုးဖြူတစ္ဆေဘုရင်သည် တစ်ဖက်လူမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရွှေသေတ္တာအတွင်းသို ပြန်ဝင်သွားခဲ့သည်။

သရဲတစ္ဆေကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်သို့ဆုတ်လိုက်ကြသည်။

လုယွီက သူတို့ကိုလျစ်လျှူရှုကာ ခရမ်းလျှပ်စီးဝံပုလွေကို ပိတ်လှောင်ထားသော သံလှောင်အိမ်ထံသို လျှောက်လှမ်းသွားလိုက်၏။

ထိုနောက် သူ၏လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သံလှောင်အိမ်ကြီး ကွေးကောက်သွားကာ ကျိုးပဲ့ပျက်စီးသွားတော့သည်။

"ဒါ...ဒါက ဘယ်လိုခွန်အားမျိုးလဲ"

"ဒါက မှော်သားရဲတွေကို ပိတ်လှောင်ဖိုအတွက် အထူးသီးသန့်သတ္ထုဖြစ်တဲ့ သံမဏိနက်နဲ့ လုပ်ထားတဲ့လှောင်အိမ်လေ...အဲ့ဒီလူရဲ့ ရိုက်ချက်တစ်ချက်တည်းနဲ့ ကြေမွှပျက်စီးသွားတာလား...တကယ်လို့ အဲ့ဒီခွန်အားကသာ တခြားလူတစ်ယောက်ပေါ်ကို ကျသွားမယ်ဆိုရင်...အဲ့ဒီလူ အရိုးအစအနတောင်မကျန်ဘဲ သေသွားလိမ့်မယ်"

ပတ်ဝန်းကျင်ရှိလူများသည် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို နှိုးဆွလိုက်သကဲ့သို ဖြစ်သွားမည်ကို စိုးရွံသဖြင့် အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။

လုယွီက ခရမ်းလျှပ်စီးဝံပုလွေကို ဖြည်းညှင်းစွာ ချီမလိုက်သည်။သူ၏လက် ခရမ်းလျှပ်စီးဝံပုလွေပေါ်သိုရောက်သည်နှင့် သွေးများက ချက်ချင်းဆိုသလိုပင် ယိုစီးကျလာသည်။

လုယွီ၏အငွေ့အသက်ကို အာရုံခံမိသည့်အလား ခရမ်းလျှပ်စီးဝံပုလွေထံမှနေ၍ တိုးညှင်းသောညည်းသံတစ်ချက် ထွက်လာလေ၏။

ခရမ်းလျှပ်စီးဝံပုလွေသည် သွေးမျိုးဆက်နိုးထပြီးဖြစ်သော်လည်း အလွန်ငယ်ရွယ်သေးသဖြင့် ကြီးထွားလာရန် အချိန်လိုအပ်နေဆဲပင်။

နတ်ဆိုးမှော်သားရဲများသည် သာမာန်အိမ်မွေးတိရစ္ဆာန်များနှင့် ကွဲပြားခြားနားသည်။သူတို့ထံတွင် ရှည်လျားသောဘဝသက်တမ်းရှိကာ လူသားများထက်ပင် ပို၍အသက်ရှည်သည်။အကယ်၍ သူတို့သည် လေး ငါးနှစ် သက်တမ်းရှိနေလျှင်ပင် သားပေါက်အဆင့်သာရှိသေးပေ၏။

"ဘယ်သူ လုပ်တာလဲ"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

ထိုအကြည့်၏ဖြတ်သန်းသွားခြင်းခံရသော မည်သူမဆို သူတို့အား ထက်ရှသောဓားတစ်ချောင်းဖြင့် ချိန်ရွယ်ခံရသည့်အလား သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားလိုက်ရသည်။သူတို့က ကူကယ်ရာမဲ့စွာဖြင့် တုန်ရီနေကြ၏။

Chapter 2958

ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူမျှ စကားတစ်ခွန်းမဆိုဝံ့ချေ။

လုယွီ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူအမြောက်အများကို ထိတ်လန့်ကြောက်ရွံသွားစေသည်။

ကျင့်ကြံသူတချို့သည် ကြက်သေသေနေကြရာမှ ရုတ်တရက်နိုးထလာကာ ကျန်းချန်၏နံဘေးမှ အလျှင်အမြန် နောက်ဆုတ်လိုက်ကြ၏။

ထိုလူများ ထွက်ခွာသွားသဖြင့် ကျန်းချန်ကို သိသိသာသာ ဖော်ထုတ်ပြသလိုက်သကဲ့သို ဖြစ်သွားလေ၏။

လုယွီ၏အကြည့်ကို အာရုံခံမိချိန်တွင် ကျန်းချန်က သူ၏ခေါင်းကိုမော့၍ အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"အမှန်ပဲ...ဒီသခင်လေး လုပ်ခဲ့တာ...မင်း ငါ့ကို ဘာလုပ်ချင်လို့လဲ...မင်း သိအောင် ငါ ပြောလိုက်မယ်...ငါက ကျန်းမိသားစုကနော်...မင်း...."

ခရက်...

လုယွီက သူ၏လက်ကိုဆန့်တန်းကာ ကျန်းချန်ကို သူ၏လက်ငါးချောင်းဖြင့် ဖမ်းဆုပ်လိုက်သည်။လေဟာနယ်အတွင်း၌ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ ကျန်းချန်၏ပါးစပ်ကို ဆုတ်ဖြဲပြီး သူ၏ပါးစပ်မှအရိုးများကို ချိုးဖဲ့လိုက်၏။

"ဝူး...ဝူး...ဝူး..."

ကျန်းချန်ထံမှ စူးရှနာကျင်စွာအော်ဟစ်လိုက်သော ဗလုံးဗထွေးအသံများ ထွက်ပေါ်လာသည်။သူ အလွန်နာကျင်နေသဖြင့် သူ၏မျက်လုံးများအတွင်းမှ မျက်ရည်များယိုစီးကျလာပေ၏။

"မင်းက ကျန်းမိသားစုကဆိုတာ ငါ သိတယ်...ဒါပေမယ့် ဒီနတ်ဆိုးမှော်သားရဲက ငါ့ရဲ့သားရဲဆိုတာ မင်း မသိဘူးလား"

လုယွီက တင်းမာခက်ထန်သောလေသံဖြင့် မေးမြန်းသည်။

ကျန်းချန်က မယုံကြည်နိုင်စွာဖြင့် လုယွီကို စူးစိုက်၍ ကြည့်လိုက်သည်။

အမှန်အားဖြင့် ဤနတ်ဆိုးမှော်သားရဲကို သူ အတင်းအကြပ် လုယက်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တုန်းက သူ့အားဟန့်တားခဲ့သော အစေခံများက ဤနတ်ဆိုးမှော်သားရဲသည် မိသားစု၏လေးစားရသောဧည့်သည်တော်တစ်ယောက် မွေးမြူထားသောသားရဲဟုသာ ပြောဆိုခဲ့သည်။ထိုလေးစားရသောဧည့်သည်တော် မည်သူမည်ဝါဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရချေ။

ကျန်းချန်သည် မာန်မာနဝင့်ကြွားသူတစ်ယောက်ဖြစ်သဖြင့် အစေခံများဟန့်တားသည့်တိုင် ခရမ်းလျှပ်စီးဝံပုလွေကို ဖမ်းဆီးခဲ့လေ၏။

မည်သိုပင်ဆိုစေကာမူ ထိုဧည့်သည်တော်တွင် မည်သည့်အဆင့်အတန်းမျိုးရှိနေပါစေ ကျန်းမိသားစု၏ရှေ့တွင် ဦးညွှတ်ဆက်ဆံရပေမည်။

သို့ရာတွင် လုယွီသည် ဤနေရာသိုလာရောက်၍ သူ့အားရှာဖွေဝံ့မည်ဟု ကျန်းချန်က မျှော်လင့်မထားမိချေ။

ပတ်ဝန်းကျင်ရှိလူများအားလုံး ပို၍ပင် ထိတ်လန့်တုန်လှုပ်နေကြသည်။

ထိုလူငယ်သည် ကျန်းချန်ကို ကျန်းမိသားစုဝင်တစ်ယောက်ဟု သိနေသည့်တိုင် ဆက်လက်၍တိုက်ခိုက်ဝံ့သည်။သူ့ထံတွင် မည်သည့်နောက်ခံအဆင့်အတန်းမျိုး ရှိနေသနည်း။

ဘန်း...

လုယွီက ထပ်မံ၍ ကျန်းချန်ပေါ်သို ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ သူ၏ခန္ဓာကိုယ် မြေပြင်အတွင်းသို့ နစ်ဝင်သွားတော့သည်။

သို့ရာတွင် လုယွီသည် ထပ်မံ၍လှုပ်ရှားခြင်း မပြုချေ။ထိုအစား သူက ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ခရမ်းလျှပ်စီးဝံပုလွေကို တိုက်ကျွေးလိုက်၏။

ထိုဆေးလုံးထွက်ပေါ်လာချိန်တွင် ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ထိုကျားပုံရိပ်ယောင်သည် အစွယ်များကိုဖြဲဟ၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

"ဒါက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးပါလား"

"ဒီဆေးလုံးက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှာတောင် ထိပ်တန်းအရည်အသွေးမျိုးရှိနေတယ်...အရင်တုန်းက ဆေးပညာရှင်တစ်ယောက် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံး သန့်စင်တာကို ငါ မြင်ဖူးတယ်...အဲ့ဒီဆေးလုံးရဲ့စိတ်ဝိညာဥ်က ဒီဆေးလုံးလောက် အားမကောင်းဘူး"

လုယွီက ဆေးလုံးထုတ်ယူလိုက်သော အချိန်အခိုက်အတန့်တွင် လူတိုင်း၏အာရုံစူးစိုက်မှုကို ခံလိုက်ရသည်။

ဤအဆင့်ဆေးလုံးမျိုးသည် အဖိုးတန်ရှားပါးသောရတနာတစ်ပါးပင်။

ရုတ်ချည်းဆိုသလိုပင် လုယွီက ထိုဆေးလုံးကို ခရမ်းလျှပ်စီးဝံပုလွေအား တိုက်ကျွေးလိုက်သည်ကို သူတိုအားလုံး တွေ့မြင်လိုက်ရ၏။

ဤသည်က စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးပင်။ထိုပြင် ထိုဆေးလုံးသည် ထိပ်တန်းအရည်အသွေးရှိနေသည်။မည်သည်ကြောင့် ထိုလူငယ်သည် နတ်ဆိုးမှော်သားရဲတစ်ကောင်ကို ဤကဲ့သို့ဆေးလုံးမျိုး လွယ်လင့်တကူ တိုက်ကျွေးလိုက်သနည်း.....

ဤသည်က မိုးကောင်းကင်၏လက်ဆောင်ကို အလဟဿဖြုန်းတီးခြင်းပင်။

ကျိုးကြောင်းဆက်စပ်ကြည့်ပါက လုယွီသည် စကားတစ်ခွန်းတည်းဖြင့် အရိုးဖြူတစ္ဆေဘုရင်ကို နောက်ဆုတ်သွားစေခဲ့သည်။ထိုအချိန်တုန်းက သူတိုသည် လုယွီကို အနည်းငယ် ထိတ်လန့်ကြောက်ရွံသွားပေ၏။

ထိုပြင် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးကို သာမာန်ကာလျှံကာထုတ်ယူ၍ နတ်ဆိုးမှော်သားရဲကို တိုက်ကျွေးသောသူသည် သာမာန်လူတစ်ယောက် မဖြစ်နိုင်ချေ။

ကျန်းမိသားစုဝင်ဟုသိနေသည့်တိုင် သူသည် ကျန်းချန်ကို ဤမျှအခြေအနေမျိုးထိ ရိုက်နှက်ဝံ့သောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။ကျန်းမိသားစု၏နာမည်ဂုဏ်သတင်းသည်ပင် သူ့အား ဖိနှိပ်နိုင်ခြင်းမရှိပေ။ဤလူစားမျိုးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်အတွင်းသို ဆေးလုံးဝင်ရောက်သွားသည်နှင့် သူ၏ဒဏ်ရာများကို အလျှင်အမြန် ကုသပေးနေလေ၏။

မူလက ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြတ်ပေါက်ပြဲနေသောဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စပြုလာသည်။သူ၏အားနည်းနေသော အရှိန်အဝါသည်လည်း အနည်းငယ်မြင့်တက်လာပေ၏။

"အူဝူး....."

ခရမ်းလျှပ်စီးဝံပုလွေက ခေါင်းမော့ကာ အားပျော့သောအသံတစ်သံဖြင့် ညည်းတွားလိုက်သည်။

လုယွီက ခရမ်းလျှပ်စီးဝံပုလွေ၏ခေါင်းကိုပုတ်ကာ ပြောဆိုလိုက်သည်။

"မင်း အရင်ဆုံးပြန်သွားပြီး ကောင်းကောင်းအနားယူလိုက်အုံး"

ခရမ်းလျှပ်စီးဝံပုလွေကို သိုလှောင်အိတ်အတွင်းသို ပြန်ထည့်ပြီးချိန်တွင် ရုတ်တရက် လူအုပ်ကြီးတစ်စုလုံး လူစုကွဲသွားသည်။

"ကြည့်ကြအုံး...ကျန်းမိသားစုကလူတွေ ရောက်လာပြီ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

Chapter 2959

ကျန်းမိသားစုသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုအတွက် လူဘီလူးကြီးတစ်ကောင်ကဲ့သို တည်ရှိမှုမျိုးပင်။

ကျန်းမိသားစု ရောက်လာသည်ဟူသော အသံကိုကြားချိန်တွင် မည်သူမည်ဝါဖြစ်နေပါစေ အလျင်စလို လမ်းဖယ်ပေးလိုက်ကြသည်။

ပြင်ပမှနေ၍ ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် လူတစ်စုနှင့်အတူ အလျင်စလို ပြေးဝင်လာသည်။ကျန်းချန်သည် မြေပြင်ပေါ်၌ ဒူးထောက်နေရသည်ကိုမြင်တွေ့ချိန်တွင် သူ အံ့အားသင့်တုန်လှုပ်သွားပေ၏။

"ဝူး...ဝူး...ဝူး..."

ဆေးပင်သိုလှောင်ရုံအကြီးအကဲ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ကျန်းချန်သည် ကယ်တင်ရှင်တွေ့သွားသည့်အလား အင်အားကုန်သုံး၍ အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ၏ပါးစပ်မှအရိုးများ ကျိုးပဲ့နေသဖြင့် သူသည် စကားပီပီသသမပြောနိုင်လေရာ ဗလုံးဗထွေးအသံများသာ ထွက်ပေါ်လာသည်။

ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် ပဉ္စမအကြီးအကဲ၏လက်အောက်မှလူဖြစ်သဖြင့် သူ ကျန်းချန်ကို

မြင်တွေ့သည့်အချိန်တိုင်း အလွန်အမင်း ချိုသာယဥ်ကျေးစွာ ဆက်ဆံလေ့ရှိသည်။

ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းလာသော်လည်း ကျန်းချန်ကို တစ်ချက်သာ စောင်းငဲ့ကြည့်သည်။ထိုနောက် သူက လုယွီ၏ရှေ့သို လျှောက်လှမ်းသွားကာ အရိုအသေပြုလိုက်၏။

"စီနီယာလု...စီနီယာရဲ့သားရဲကို စောင့်ရှောက်ရမယ့်တာဝန်ကို ငါ လစ်ဟင်းသွားခဲ့တယ်...စီနီယာ...ကျေးဇူးပြုပြီးတော့ ငါ့ကိုအပြစ်ပေးပါ"

လူတိုင်း ကြက်သေသေသွားကြသည်။သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြတော့ချေ။ဤသည်က ကျန်းမိသားစုဝင်များ မဟုတ်လော....

တော်ဝင်မြိုတော်အတွင်းရှိ ထိပ်တန်းမိသားစုရှစ်စုအနက်မှတစ်ခုဖြစ်သော ကျန်းမိသားစုမှလူများသည် အမြဲတစေ မောက်မာဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။သူတို့သည် မည်သည့်အချိန်ကစ၍ ဤမျှထိ နှိမ့်ချရိုကျိုးစွာ ဆက်ဆံတတ်သွားသနည်း....

သို့ရာတွင် ဤကိစ္စကို သူတို့၏ရှေ့၌ မျက်ဝါးထင်ထင် မြင်နေရလေရာ သူတို့သည် ကူကယ်ရာမဲ့နေသော်လည်း ယုံကြည်လက်ခံလိုက်ရသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဘေးမှာရပ်နေစမ်း"

ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် အနည်းငယ်မျှပင် တွေဝေတုံဆိုင်းနေခြင်းမရှိချေ။သူသည် နာကျင်မှုကြောင့် ညည်းတွားနေသောကျန်းချန်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ နံဘေးဘက်တွင် မတ်တတ်ရပ်ကာ စောင့်ကြည့်နေလေ၏။

ကျန်းချန်သည် လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားတော့သည်။

ပဉ္စမအကြီးအကဲကို အမြဲတစေ ရိုသေလေးစားစွာ ဆက်ဆံခဲ့သော ဆေးပင်သိုလှောင်ရုံအကြီးအကဲသည် ဤကောင်စုတ်လေးကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောအချက်မှာ သူ့ရှေ့ရှိလူငယ်သည် ပဉ္စမအကြီးအကဲထက် ပို၍အရေးပါအရာရောက်နေခြင်းပင်။

ကြောက်ရွံထိတ်လန့်မှုနှင့်နောင်တရမှုတို ရောယှက်နေသော ခံစားချက်မျိုးက ကျန်းချန်၏စိတ်နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူသည် အမြဲတစေ အာဏာရှင်ဆန်ဆန်ပြုမူကာ သူ အလိုရှိသည့်အရာဟူသမျှကို ယူဆောင်လေ့ရှိသည်။သူ့ထံတွင် ကျန်းမိသားစုဝင်ဟူသော နောက်ခံအဆင့်အတန်းမျိုးရှိနေသဖြင့် မည်သည့်မတော်တဆကိစ္စရပ်မျိုးမျှ ဖြစ်ပွားခဲ့ခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ သံပြားကြီးကို ဆောင့်ကန်မိလေပြီ။

"ငါ့ရဲ့နတ်ဆိုးမှော်သားရဲခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မင်းလုပ်ထားတာပဲဖြစ်မယ်...ကြာပွတ်ရာပေါင်း ၁၆ချက်ရှိတယ်...တကယ်လို့ မင်း အဲ့ဒီရိုက်ချက်တွေအားလုံးကို ခံယူနိုင်ရင်...ဒီကိစ္စကို ဖြေရှင်းပြီးပြီလို ငါ သတ်မှတ်လိုက်မယ်"

လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ အနက်ရောင်ကြာပွတ်ရှည်တစ်ချောင်းက သူ၏လက်အတွင်းသို ကျရောက်လာသည်။

ကျန်းချန်သည် ကြာပွတ်ရှည်ကိုကြည့်ကာ မကြုံစဖူး ထိတ်လန့်ကြောက်ရွံမှုမျိုးက သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။သူက ခေါင်းကို အားကုန်ခါယမ်းလိုက်၏။

သို့ရာတွင် လုယွီက ထိုအရာကိုမမြင်တွေ့သည့်အလား ဆက်လက်၍ လှုပ်ရှားလေသည်။

ထိုနောက် သူက ကြာပွတ်ကို ဖြန်းခနဲရိုက်ချလိုက်သည်။

ဖြန်း....

မိုးခြိမ်းသံကဲ့သိုကျယ်လောင်သော အသံတစ်သံနှင့် အတူယှဥ်တွဲ၍ ကြာပွတ်ရှည်က ကျန်းချန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ၏အရေပြားနှင့်အသားများကို ချက်ချင်းပွင့်ထွက်သွားစေသည်။

ကျန်းချန်၏ခန္ဓာကိုယ်ပေါ်ရှိအသားစများနှင့် သွေးများ ပြန့်ကျဲသွားသည်။ဒဏ်ရာသည် အလွန်နက်ရှိုင်းသဖြင့် အတွင်းရှိအရိုးများကိုပင် တွေ့မြင်နေရလေ၏။

ဖြန်း...ဖြန်း...ဖြန်း...

ကြာပွတ်ရိုက်ချက်၁၆ချက် ပြီးဆုံးသွားပြီးနောက် ကျန်းချန်၏အသက်ရှုခြင်း ရပ်တန့်သွားလေပြီ။သူသည် မြေပြင်ပေါ်၌လဲကျနေကာ လူသားတစ်ယောက်၏ပုံစံမျိုးပင် မရှိတော့ချေ။

ဆေးပင်သိုလှောင်ရုံအကြီးအကဲက အလျှင်အမြန်အပြေးသွား၍ စစ်ဆေးလိုက်သည်။သို့ရာတွင် ကျန်းချန် သေဆုံးသွားပြီဖြစ်ကြောင်း သူ သိရှိလိုက်ရ၏။

ဤသခင်လေးသည် မိသားစုအတွင်း၌ အမြဲတစေ စည်းမဲ့ကမ်းမဲ့ ပြုမူတတ်သူဖြစ်သည်။သူ သေဆုံးသွားသည့်တိုင် မည်ကဲ့သိုလူစားမျိုးကို သူ အပြစ်ပြုမိခဲ့ကြောင်း နားလည်သဘောပေါက်မည်မဟုတ်ချေ။

"ဒီကိစ္စ အဆုံးသတ်သွားပြီလို့ ငါ ယူဆလိုက်မယ်...ငါက ဒီကိစ္စထဲမှာ ကျန်းမိသားစုကို ဆွဲမသွင်းချင်ဘူး...ပြန်သွားပြီး မင်းတိုရဲ့မိသားစုခေါင်းဆောင်ဆီကို သတင်းပို့လိုက်...သူ့ကိုသတ်တဲ့သူက ငါပဲဆိုတာ ပြောလိုက်ကြစမ်း...တကယ်လို့ မင်းတို့ရဲ့မိသားစုခေါင်းဆောင် မကျေနပ်ဘူးဆိုရင် ငါ့ကို အချိန်မရွေးလာရှာနိုင်တယ်"

လုယွီက ကြာပွတ်ကို သာမာန်ကာလျှံကာ နံဘေးသို လွှင့်ပစ်လိုက်၏။

ထိုကြာပွတ်သည် မြေပြင်ပေါ်သို ကျရောက်သွားသည်နှင့် အမှုန်အမွှားအဖြစ်သိုပြောင်းလဲကာ လေနှင့်အတူ လွင့်ပါသွားတော့သည်။

ဤသည်က လုယွီ၏လက်မှစွမ်းအားကို တောင့်ခံခဲ့ရခြင်း၏ရလဒ်ပင်။လုယွီက သူ၏ခွန်အားကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် ထိုကြာပွတ်သည် မရှိခဲ့သည့်အရာတစ်ခုကဲ့သို ကြေမွှပျက်စီးသွားသည်။

ဆေးပင်သိုလှောင်ရုံအကြီးအကဲက ထိုကြာပွတ်ကို တစ်ချက်ကြည့်လိုက်၏။ထိုနောက် သူ၏မျက်လုံးထောင့် မသိမသာ တွန့်ကွေးသွားကာ ပျာပျာသလဲ ပြောဆိုသည်။

"ဒီကိစ္စက စီနီယာလုကိုယ်တိုင် ဖြေရှင်းခဲ့တာပဲ...မိသားစုခေါင်းဆောင်က မကျေမနပ်ဖြစ်မှာ မဟုတ်ပါဘူး"

ရုတ်တရက် ဆေးပင်သိုလှောင်ရုံအကြီးအကဲ ခေါင်းမော့၍ကြည့်လိုက်ချိန်တွင် လုယွီသည် အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို သူ မြင်တွေ့လိုက်ရသည်။

Chapter 2960

ကျန်းမိသားစု...ပင်မခန်းမ...

ပင်မခန်းမ၏အလယ်ဗဟိုရှိ မြေပြင်ပေါ်တွင် ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းတစ်လောင်းရှိနေသည်။

နံဘေးဘက်တွင် ကျန်းမိသားစုမှအကြီးအကဲများသည် သုန်မှုန်နေသော မျက်နှာအမူအယာများဖြင့် ထိုရုပ်အလောင်းကို စူးစိုက်၍ကြည့်နေကြသည်။သူတို့ထံမှထွက်ပေါ်နေသည့် အလွန်စိတ်ဓာတ်ကျဆင်းနေသော အရှိန်အဝါများက ပတ်ဝန်းကျင်နေရာတစ်ဝိုက်တွင် ပြည့်နှက်နေသည်။

အဓိကထိုင်ခုံတွင်ထိုင်နေသော ကျန်းဟုန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"ဒီကိစ္စက အတိအကျ ဘာတွေဖြစ်သွားခဲ့တာလဲ...အကြီးအကဲတွေအားလုံးက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားကြမယ်လို့ ငါ ထင်တယ်...မိသားစုထဲမှာ ကျန်းချန်ရဲ့အပြုအမူတွေကို လူတိုင်းသိထားကြမယ်လိုလည်း ငါ ယုံကြည်တယ်...ဒါက သူနဲ့ထိုက်တန်တဲ့အရာပဲ...ဘယ်သူကိုမှ အပြစ်တင်လို့မရဘူး"

"တကယ်လို စီနီယာလုကြောင့်သာမဟုတ်ရင် အကန့်အသတ်မဲ့ကြယ်မြစ် ထိန်းချုပ်ခွင့်ကို ငါတိုလက်လွှတ်လိုက်ရမယ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ...ဒီတစ်ကြိမ်မှာ ငါတိုကျန်းမိသားစုက စီနီယာလုကို အပြစ်ပြုခဲ့မိတယ်...ငါတိုက ဘဏ္ဌာတိုက်ထဲက ရတနာတချို့ကိုထုတ်ယူပြီးတော့ စီနီယာလုကို သွားတောင်းပန်သင့်တယ်လို့ ငါ အကြံပေးချင်တယ်"

ကျန်းဟုန်သည် ယခုလက်ရှိချိန်တွင် မိသားစုခေါင်းဆောင်တစ်ယောက်၏ ဂုဏ်ကျက်သရေမျိုး ရရှိနေလေပြီ။

ယခင်အစည်းအဝေးပွဲများကို ဥပမာယူ၍ ကြည့်ကြပါစို....မိသားစုစည်းဝေးပွဲကျင်းပသည့်အချိန်တိုင်း မဟာအကြီးအကဲမှ ဦးဆောင်၍စကားပြောဆိုနေကာ သူသည် ရုပ်သေးတစ်ရုပ်အလား နံဘေးဘက်တွင်ထိုင်၍ စောင့်ကြည့်နေရသည်။

သို့ရာတွင် ကျန်းဟုန်သည် နဝမအကြီးအကဲထံမှအခွင့်အာဏာများကို ပြန်ရုတ်သိမ်းပြီးနောက် မိသားစုအတွင်း၌ လွတ်လွတ်လပ်လပ်ပြောဆိုခွင့် ရသွားလေပြီ။

"စီနီယာလုက ငါတို့မိသားစုအပေါ်မှာ ကျေးဇူးရှိခဲ့တယ်လို မင်းပြောတာကို ငါ လက်ခံတယ်...ဒါပေမယ့် ကျေးဇူးတရားနဲ့ရန်ငြိုးကို ရောချလို့မရဘူး...အတိတ်မှာတုန်းက ချန်အာ ဘာပဲလုပ်ခဲ့လုပ်ခဲ့...သူက ငါတိုကျန်းမိသားစုဝင်ပဲ...တကယ်လို့ သူ အမှားလုပ်ခဲ့တယ်ဆိုရင်တောင် ငါတိုကျန်းမိသားစုကနေ စည်းမျဥ်းစည်းကမ်းအတိုင်း သူ့ကို အပြစ်ပေးလိုရတယ်...စီနီယာလုဆိုတဲ့သူက ဒီလောက်ထိလုပ်ဖို လိုအပ်လိုလား"

အကြီးအကဲတစ်ယောက်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

အကယ်၍ တစ်စုံတစ်ယောက်မှအနီးကပ်ကြည့်ရှုပါက ထိုအကြီးအကဲ၏မျက်နှာသည် ကျန်းချန်နှင့် အနည်းငယ်ဆင်နေကြောင်း တွေ့မြင်ရပေမည်။

သူသည် ကျန်းချန်၏အဖိုးဖြစ်သော ပဉ္စမအကြီးအကဲပင်။

ပဉ္စမအကြီးအကဲသည် ကျန်းမိသားစု၏ဆေးပင်လုပ်ငန်းကို စီမံအုပ်ချုပ်ရသူဖြစ်ပေ၏။ဤသည်က ကျန်းမိသားစု၏အဓိကစီးပွားရေးလုပ်ငန်း မဟုတ်သဖြင့် သူသည် မိသားစုအတွင်း၌ အရေးပါသောအကြီးအကဲများအနက်မှ တစ်ယောက်မဟုတ်ချေ။

ထိုပြင် သူသည် တစ်နှစ်ပတ်လုံး ခရီးသွားလာနေကာ အိမ်တော်၌ရှိမနေချေ။သူ၏မြေးဖြစ်သူ အသတ်ခံရသည်ကို ကြားသိရချိန်တွင် သူ ဝမ်းနည်းကြေကွဲသွားကာ ဖြေရှင်းချက်တောင်းခံရန်အတွက် အိမ်တော်သို့ အလျှင်အမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။

မိသားစုအတွင်း၌ ပဉ္စမအကြီးအကဲ၏လွှမ်းမိုးနိုင်မှုသည် ကြီးမားခြင်းမရှိသော်လည်း သူသည် အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် အခွင့်အာဏာတချို့ရှိနေသည်။

"တစ်စုံတစ်ယောက်ရဲ့နတ်ဆိုးမှော်သားရဲကို အတင်းအကြပ်လုယူတယ်...ပြီးတော့ အဲ့ဒီသားရဲကို မှော်သားရဲတိုက်ပွဲကွင်းပြင်ဆီ ပိုခဲ့တယ်...ဒါက ငါတို့ကျန်းမိသားစုရဲ့မျက်နှာကို အိုးမည်းသုတ်တာနဲ့ အတူတူပဲ...ပဉ္စမအကြီးအကဲ...ငါတို့မိသားစုက စာပေသူတော်စင်ရဲ့မိသားစုဆိုတာကို မမေ့ပါနဲ့...ဘယ်လိုမျိုးလှုပ်ရှားမှုပဲဖြစ်ဖြစ် ဘိုးဘေးရဲ့မျက်နှာကို ကိုယ်စားပြုတယ်...ကျန်းချန်ရဲ့လုပ်ရပ်တွေက တကယ်လို့ ငါတို့က မိသားစုစည်းမျဥ်းအတိုင်း ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်တောင် သူက ခေါင်းဖြတ်ကွပ်မျက်ခံရမှာပဲ"

အကြီးအကဲတစ်ယောက်က ချက်ချင်းဆိုသလိုပင် အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ကောင်းတယ်...ကောင်းတယ်...ငါ အိမ်တော်ကနေထွက်သွားတာ တစ်နှစ်လောက်ပဲရှိသေးတယ်...မင်းတို့က အပြင်လူတစ်ယောက်ကို အရေးပေးနေကြတယ်...အဲ့ဒီကောင်လေးက ဝင်္ကပါပညာရှင်တစ်ယောက်ဆိုတာ ငါ ကြားထားပြီးပြီ...ဒါက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားနေလိုလဲ...ငါက ဝင်္ကပါပညာရှင်တွေအများကြီးနဲ့ သိကျွမ်းတယ်...ငါတို့ကျန်းမိသားစုက ထိပ်တန်းမိသားစုကြီးရှစ်စုထဲကတစ်စု...ဒါတောင် ငါတိုမိသားစုဝင်တစ်ယောက် ရိုက်သတ်ခံရတာကို ငါတို့ရဲ့ဒေါသတွေ မြိုသိပ်ထားရမှာလား...တကယ်လို့ ဒီသတင်းသာ အပြင်ကိုပေါက်ကြားသွားရင် ငါတို့မိသားစုကို တခြားလူတွေက ပြက်ရယ်ပြုကြလိမ့်မယ်"

ပဉ္စမအကြီးအကဲက ဒေါသတကြီးဖြင့် ဆက်လက်ပြောဆိုသည်။

"မင်းတို့က အဲ့ဒီကောင်စုတ်လေးကို မထိရဲမှတော့ ငါ့ဟာငါလုပ်မယ်...ငါ့ရဲ့မြေး တကယ်လို အမှားလုပ်ခဲ့ရင်တောင် ငါ့ကိုယ်တိုင် ဖြေရှင်းမယ်...အပြင်လူတစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ပဉ္စမအကြီးအကဲက တံခါးထံသို လျှောက်လှမ်းသွားရန် မတ်တတ်ထရပ်လိုက်၏။

ဘန်း...

ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော မဟာအကြီးအကဲသည် သူ့ရှေ့ရှိစားပွဲခုံကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်ခြင်းပင်။

မိသားစုအတွင်း၌ မဟာအကြီးအကဲ၏နာမည်ဂုဏ်သတင်းသည် စာပေသူတော်စင်ကျန်းဟောင်၏နောက် ဒုတိယနေရာတွင်ရှိပေ၏။သူ ဒေါသထွက်နေသော အချိန်အခိုက်အတန့်တွင် လုယွီကို လက်စားချေလိုသဖြင့် ဆူပူသောင်းကြမ်းနေသော ပဉ္စမအကြီးအကဲပင်လျှင် ကြက်သေသေသွားသည်။

"ပဉ္စမအကြီးအကဲ...မင်းက နဝမညီလေးရဲ့ခြေလှမ်းအတိုင်း လိုက်ချင်တာလား"

မဟာအကြီးအကဲက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်၍ပြောဆိုသည်။

"တကယ်လို မင်းက ငါတိုကျန်းမိသားစုဆီကို ဘေးကပ်ဆိုးကြီး သယ်ဆောင်လာချင်တယ်ဆိုရင်တော့ မင်း ဆက်လုပ်လိုရတယ်...ဒါပေမယ့် မင်းမှတ်ထားရမှာတစ်ခုက...တကယ်လို့ မင်း လက်စားချေချင်တယ်ဆိုရင် အခုချိန်ကစပြီးတော့ မင်းက ကျန်းမိသားစုဝင်မဟုတ်တော့ဘူး"

All Chapters