အခန်း (၂၉၆၁-၂၉၆၅)
Vol. 151 Ch. 2961-2965
2961
မဟာအကြီးအကဲက အံ့အားသင့်တုန်လှုပ်သွားကာ တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
"အကိုကြီး...ဒီလောက်ထိပြင်းထန်ဖို လိုအပ်လို့လား"
ယခင်က လုယွီသည် ဝေ့မိသားစုမှဝင်္ကပါပညာရှင်များနှင့် တိုက်ခိုက်စဥ်တွင် ပဉ္စမအကြီးအကဲသည် တော်ဝင်မြိုတော်၌ရှိမနေသဖြင့် သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းမရှိချေ။
သူ အိမ်တော်သို ပြန်ရောက်ပြီးမှသာ တစ်စုံတစ်ယောက်ကိုစေလွှတ်၍ လုယွီအကြောင်းကို စုံစမ်းစေခြင်းဖြစ်သည်။
ပဉ္စမအကြီးအကဲက ထိုကိစ္စကို အရေးမပါဟု ယူဆထားသည်။လောကကြီးသည် အလွန်ကြီးမားကျယ်ပြန့်ကာ ပါရမီရှင်များလည်း အလွန်ပေါများသည်။နေ့စဥ်နေ့တိုင်း ပါရမီရှင်အမြောက်အများ ထွက်ပေါ်လာလေ့ရှိသည်။
ပါရမီရှင်အများစုသည် သူတို့၏သက်ဆိုင်ရာပညာရပ်နယ်ပယ်တွင်သာ ကျွမ်းကျင်ကြသည်။သူတို့သည် ငယ်ရွယ်စဥ်မှာပင် တခြားအစွမ်းထက်ပညာရှင်များ နှစ်ပေါင်းအတော်ကြာ ကျင့်ကြံခဲ့ရသောအရာများကို ပြီးမြောက်အောင်မြင်ခဲ့ကြ၏။
ဤသည်က ရှားပါးသောကိစ္စတစ်ရပ် မဟုတ်ချေ။သူသည် လုယွီကို ဝင်္ကပါပညာရှင်တစ်ယောက်ဟုသာ ယူဆထားသည်။
လုယွီ ဝင်္ကပါပညာရပ်၌ ကျွမ်းကျင်နေလျှင်ပင် သူ မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း...
သူ၏ကိုယ်ပိုင်ခွန်အားနှင့်အဆက်အသွယ်များကို အသုံးပြု၍ လုယွီကို သတ်ဖြတ်ပါက ဘာတတ်နိုင်မည်နည်း...
ဤသည်က ပဉ္စမအကြီးအကဲ မူလက စဥ်းစားတွေးတောထားသော အကြံအစည်ပင်။
သို့ရာတွင် မဟာအကြီးအကဲသည် ပြင်းပြင်းထန်ထန်ငြင်းဆန်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ပဉ္စမအကြီးအကဲ...ငါက ဒါကို မင်းအတွက်ပြောနေတာ...ငါတို့ရဲ့ကျန်းမိသားစုလို ထိပ်တန်းမိသားစုကြီးက လူငယ်တစ်ယောက်ကို ဘာလို့ ခုလောက်ထိ လေးလေးစားစားဆက်ဆံနေတာလဲဆိုတာ မင်း တွေးမိလား"
မဟာအကြီးအကဲက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
ပဉ္စမအကြီးအကဲက ခနဲ့တဲ့တဲ့ တုံ့ပြန်ပြောဆိုသည်။
"သူက ဝင်္ကပါပညာရှင်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား"
ရုတ်တရက် ခန်းမအတွင်း၌ရှိနေသူများအားလုံးက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို မြင်တွေ့မိသဖြင့် ပဉ္စမအကြီးအကဲက အံ့အားသင့်တုန်လှုပ်သွားသည်။
"ဖြစ်နိုင်တာတော့ သူ့မှာ တခြားအဆင့်အတန်းတစ်ခုခု ရှိသေးတာလား"
"မနေ့က တော်ဝင်နန်းတွင်းကနေ စာပေစာမေးပွဲရဲ့ရလဒ်ကို ထုတ်ပြန်ခဲ့တဲ့အချိန်မှာ လုယွီရဲ့အဆင့်က ပထမနေရာပဲ...ဒီနှစ် စာပေစာမေးပွဲရဲ့မေးခွန်းတွေ ဘယ်လောက်ထိတင်းကြပ်တယ်ဆိုတာ မင်း သိမှာပါ...ဒါတောင် သူက ပထမနေရာကနေ အောင်မြင်ခဲ့တယ်"
မဟာအကြီးအကဲက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
"ဒါက စာပေစာမေးပွဲလေးပဲ မဟုတ်...."
ပဉ္စမအကြီးအကဲသည် ခွန်းတုံပြန်ရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏ပါးစပ်မှ ထွက်ကျလုဆဲဆဲစကားလုံးများ ရုတ်တရက် ရပ်တန့်သွားသည်။
စာပေစာမေးပွဲ၌ပထမရရှိသူများသည် တော်ဝင်နန်းတွင်းမှမြေတောင်မြှောက်ပေးရန် ပစ်မှတ်ထားခံရသူများဖြစ်သည်။
နှစ်စဥ်နှစ်တိုင်း စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲ၌ ပထမရရှိသူများသည် နန်းတွင်းစာမေးပွဲ၌ ထိပ်ဆုံးသုံးယောက်အတွင်း မဝင်လျှင်ပင် သူတို့သည် အဆင့်မြင့်အရာရှိများဖြစ်လာကာ တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်ကြသည်။
"အဲ့ဒီလိုဆိုရင်တောင် ငါတို့က ပါရမီရှင်တစ်ယောက်ကို ဆွဲခေါ်ထားချင်ရုံနဲ့ ဒီလောက်ထိလုပ်ဖို့ မလိုအပ်ဘူးလေ"
ပဉ္စမအကြီးအကဲက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
မဟာအကြီးအကဲက အေးစက်စက်လေသံဖြင့် ဆက်လက်၍ပြောဆိုသည်။
"ပြီးတော့ မနေ့က လုယွီ အုပ်ချုပ်ရေးရုံးတော်ကို သွားခဲ့တယ်...သူက ရှုရာမျိုးနွယ်သူလျှိုတစ်ယောက်ကို နေရာမှာတင် ဖမ်းဆီးနိုင်ခဲ့တယ်လို ငါ ကြားထားတယ်...အုပ်ချုပ်ရေးရုံးတော်ရဲ့အုပ်ချုပ်သူအရှင်တောင်
တော်ဝင်အကျဥ်းထောင်ထဲကို ဆွဲခေါ်သွားတာ ခံလိုက်ရတယ်...သူက နဂါးအစောင့်တစ်ယောက်ပဲ"
'နဂါးအစောင့်'ဟူသော စကားကိုကြားချိန်တွင် ပဉ္စမအကြီးအကဲ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
သူတုံ့ပြန်စကားမဆိုနိုင်သေးမီမှာပင် မဟာအကြီးအကဲက သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
"တကယ်လို့ ဒီလောက်ပဲဆိုရင်တောင် ငါတို့ ကျန်းမိသားစုက ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုကြီးတစ်စုဖြစ်နေတာကြောင့် မင်းရဲ့လုပ်ရပ်မှန်တယ်လို့ ငါ ပြောမိမှာ...ဒါပေမယ့် လုယွီမှာ တခြားအဆင့်အတန်းတစ်ခုရှိသေးတာ မင်းသိလား"
"သူက စာပေသူတော်စင်ယီဟန်ရဲ့ တပည့်ပဲ"
"စာပေသူတော်စင်ယီဟန်ရဲ့တိုက်ရိုက်တပည့်ဆိုလို့ လူနည်းစုပဲရှိတယ်...ဒါပေမယ့် သူတို့ရဲ့အောင်မြင်မှုတွေက....ငါ မင်းကို ထပ်ပြီးမပြောချင်တော့ဘူး...ငါတို့မိသားစုရဲ့ဘိုးဘေးကတောင် သူတော်စင်ယီဟန်ကိုမြင်တဲ့ချိန်မှာ စီနီယာလို့ခေါ်ဆိုပြီးတော့ လေးလေးစားစား ဆက်ဆံရတယ်...ဒီလိုနောက်ခံအဆင့်အတန်းမျိုးရှိတဲ့လူကို မင်း ထိဝံ့လားဆိုတာ မင်း သေချာပြန်စဥ်းစားပါ"
ပဉ္စမအကြီးအကဲသည် ထိုင်ခုံပေါ်သို့ထိုင်ချလိုက်ကာ သူ၏နဖူးပေါ်၌ အေးစက်စက်ချွေးစေးများ စိုရွှဲနေသည်။သူ၏လက်ဝါးပြင်နှစ်ဖက်လုံးတွင်လည်း ချွေးစေးများစေးကပ်နေကာ သူ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။
ဤကဲ့သို့အဆင့်အတန်းမျိုး အမှန်တကယ်ရှိနေသလော...
ကျန်းမိသားစုတစ်စုလုံး ထိုလူငယ်ကိုဆွဲခေါ်ထားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
ထိုကဲ့သို့ အဆင့်အတန်းမျိုးဖြင့်ဆိုပါက ထိပ်တန်းမိသားစုကြီးရှစ်စုမဆိုထားနှင့် တော်ဝင်မိသားစုပင်လျှင် ထိုလူငယ်အားသိမ်းသွင်းနိုင်ရန် အစွမ်းကုန်ကြိုးစားကြပေမည်။
အကယ်၍ အစောပိုင်းကသာ သူ ပြင်ပသို့ထွက်သွားမိပါက သူ၏အကြီးဆုံးမြေးအတွက် လက်စားချေနိုင်ရန် မဆိုထားနှင့် သူ၏အသက်ပင် ဆုံးရှုးသွားနိုင်သည်။
"ဒါက ငါ သွန်သင်ဆုံးမမှု ညံဖျင်းခဲ့လို့ပါ...စီနီယာလု စိတ်ကျေနပ်နိုင်မယ့် လျော်ကြေးမျိုးကို ငါက ပေးဆပ်ဖို ဆန္ဒရှိပါတယ်"
ထိုသို့ပြောဆိုပြီးသည်နှင့် ပဉ္စမအကြီးအကဲသည် နှစ်အနည်းငယ်ခန့် အိုစာသွားပုံရကာ စိတ်ပျက်ညှိုးငယ်စွာဖြင့် သူ၏ထိုင်ခုံပေါ်၌ ပြန်ထိုင်လိုက်တော့သည်။
Chapter 2962
မိုးကောင်းကင်တာအိုတည်းခိုခန်း....
အနာဂတ်ပြဿနာများကို ဟန့်တားနိုင်ရန်အလိုငှာ လုယွီသည် မည်သည့်မိသားစုထံမှ မသွားတော့ဘဲ အခန်းတစ်ခန်း ငှားယမ်းလိုက်သည်။
သူသည် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ လေးစားရသောဧည့်သည်တော်တစ်ယောက် ဖြစ်နေလေပြီ။လုယွီထံတွင် အင်မော်တယ်ကျောက်တုံးများ မရှားပါးသဖြင့် သူသည် အဆင့်အမြင့်ဆုံး တည်းခိုအိမ်ကို ကြိုတင်ငှားယမ်းထားပြီးဖြစ်သည်။
"မင်းရဲ့တိုက်ခိုက်မှုအရည်အချင်းက တော်တော်လေး ညံ့သေးတာပဲ"
လုယွီက သိုလှောင်အိတ်အတွင်းရှိ ခရမ်းလျှပ်စီးဝံပုလွေကိုကြည့်၍ သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းလိုက်၏။
သွေးမျိုးဆက်နိုးထခြင်းသည် ခရမ်းလျှပ်စီးဝံပုလွေကို အသစ်တဖန်မွေးဖွားလာသကဲ့သို့ ဖြစ်သွားကာ သူ၏ပင်ကိုယ်စွမ်းရည်သည် တခြားသာမာန်ခရမ်းလျှပ်စီးဝံပုလွေများနှင့် များစွာကွဲပြားခြားနားသွားသည်။
သို့ရာတွင် ထိုသိုဆိုသည့်တိုင် သူသည် သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးအတွင်း၌သာ အစဥ်အမြဲနေထိုင်ခဲ့ရသည်။သူသည် ပြင်ပသို့ အစစ်အမှန်ထွက်ခွာဖူးခြင်းမရှိကာ သေရေးရှင်ရေးတိုက်ပွဲများကိုလည်း ကြုံတွေ့ဖူးခြင်းမရှိချေ။
ခရမ်းလျှပ်စီးဝံပုလွေသည် လုယွီ၏စကားများကို နားလည်သဘောပေါက်ပုံဖြင့် လဲလျောင်းနေရာမှ မကျေမနပ်ခေါင်းထောင်ကြည့်လေ၏။
အချိန်တခဏကြာပြီးနောက် အသံပေးပိုမှုတစ်ခုက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ကျွန်တော်က အဆင့်ချိုးဖျက်ထားတာ မကြာသေးတော့...အားနည်းနေတုန်းပဲ...တကယ်လို့ အခုချိန်မှာသာ ထပ်ပြီးတိုက်ခိုက်ရရင် အဲ့ဒီခြင်္သေ့က ကျွန်တော်ရဲ့ပြိုင်ဘက် မဟုတ်ဘူး"
သွေးမျိုးဆက်နိုးထလာပြီးနောက် ခရမ်းလျှပ်စီးဝံပုလွေထံတွင် ကိုယ်ပိုင်အသိဥာဏ်ရှိသွားလေပြီ။သူသည် စကားပြောဆိုနိုင်ရန်အတွက် အလွန်အသက်ငယ်သေးသော်လည်း အသံပေးပိုမှုကို ပြုလုပ်နိုင်ပေ၏။
"ရှုံးတာက ရှုံးတာပဲ...မင်း အကြောင်းပြချက်တွေ မပေးစမ်းနဲ့...ဒီကျင့်ကြံနည်းစနစ်ကိုယူပြီးတော့ တံခါးပိတ်ကျင့်ကြံနေစမ်း...ဒီကျင့်ကြံနည်းစနစ်ကို မအောင်မြင်မချင်း မင်း ကမ္ဘာငယ်လေးထဲကနေ မထွက်ရဘူး"
လုယွီက ခရမ်းလျှပ်စီးဝံပုလွေ၏ခေါင်းကိုပွတ်သပ်ကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ကျင့်ကြံနည်းစနစ်ကို လွှဲပြောင်းပေးလိုက်သည်။
ဤသည်က အတိတ်ဘဝတွင် သူ နတ်ဆိုးဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်စဥ်၌ ရရှိခဲ့သော ကျင့်ကြံနည်းစနစ်ပင်။ထိုကျင့်ကြံနည်းစနစ်သည် ဝံပုလွေမျိုးနွယ်ဝင်များအတွက် အထူးသီးသန့်ဖန်တီးထားခြင်းဖြစ်သဖြင့် ခရမ်းလျှပ်စီးဝံပုလွေ ကျင့်ကြံရန်အတွက် အသင့်လျော်ဆုံးဖြစ်သည်။
ကမ္ဘာငယ်လေးအတွင်းရှိ ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ ကျင့်ကြံခြင်းမျှော်စင်သည် လုယွီ၏ပြောင်းလဲထားမှုကြောင့် ပို၍ကြီးကျယ်ခမ်းနားသော ကျင့်ကြံခြင်းမျှော်စင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
လုယွီသည် နတ်ဆိုးသားရဲစိတ်ဝိညာဥ်တချို့ကို ထိုမျှော်စင်အတွင်းသို့ထည့်သွင်းကာ ခရမ်းလျှပ်စီးဝံပုလွေ လေ့ကျင့်နိုင်ရန်အတွက် အသုံးပြုခဲ့သည်။
ဝုန်း...ဝုန်း...ဝုန်း...
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်ခါသွားလုမတတ်ကျယ်လောင်သော အသံများ ပဲ့တင်ထပ်ပျံ့နှံသွားသည်။
ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏တခြားထောင့်တစ်နေရာမှနေ၍ အလင်းတန်းသုံးခုပျံသန်းလာကာ လုယွီ၏ရှေ့သို ရောက်ရှိလာသည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံရှေ့တွင် အစွမ်းထက်သောအရှိန်အဝါများကို ထုတ်လွှတ်ထားသည့် ဆေဘာဓားသုံးချောင်းက လေထုအတွင်း၌ မားမားမတ်မတ် တည်ရှိနေလေ၏။
ခေါင်းဖြတ်ဓား...ယန်ကြွယ်ဓား...ယိုကျွင်းဓား...
သူ လေလံပွဲမှရရှိခဲ့သော ဧကရာဇ်အဆင့်မှော်လက်နက်ကို ဝါးမြိုပြီးနောက် ထိုမသေမျိုးအဆင့်ဆေဘာဓားသုံးလက်မှနေ၍ အတိတ်ရှိအရှိန်အဝါမျိုး အနည်းငယ်ပြန်လည်ထွက်ပေါ်နေသည်။
ထိုအရာများကို အလုံးစုံပြန်လည်ပြုပြင်ပြီးပါက မသေမျိုးအဆင့်မှော်လက်နက်သုံးခုသည် အပြည့်အဝ အသက်ဝင်သွားပေမည်။
အတိတ်တွင် ထိုဆေဘာဓားသုံးလက်၏လက်နက်စိတ်ဝိညာဥ်များသည် နယ်မြေသခင်အဆင့်နှင့်ညီမျှကာ လုယွီ၏ညာလက်ရုံးဖြစ်သည်။
"အရမ်းကောင်းတယ်...မင်းတို့သုံးယောက်လုံးသာ အပြည့်အဝပြန်ကောင်းသွားရင် ငါ့ရဲ့အင်အား အများကြီးမြင့်တက်သွားလိမ့်မယ်"
လုယွီက ဆေဘာဓားသုံးလက်ကို ပြန်လည်သိမ်းဆည်းလိုက်ကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ထံသို့ တစ်ချက်ကြည့်လိုက်၏။
ဧကရာဇ်အဆင့်မှော်လက်နက်များနှင့်မတူညီဘဲ မသေမျိုးအဆင့်မှော်လက်နက်ကို ဝါးမြိုသော ဖြစ်စဥ်သည် အလွန်ကြာရှည်သည်။
အကယ်၍ မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစ ဖြစ်နေလျှင်ပင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ထိုအရာကို ချေဖျက်နိုင်ရန်အတွက် အချိန်အတော်ကြာလိုအပ်ပေမည်။
သို့ရာတွင် လုယွီက အလျင်လိုခြင်းမရှိချေ။သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဥ် မွေးဖွားလာသည်မှာ မကြာမြင့်သေးပေ။ထိုအရာသည် သူ၏စွမ်းအားအကုန်အစင်ကို ဖြန့်ကျက်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
ကမ္ဘာငယ်လေးအတွင်းမှကိစ္စရပ်များကို ဖြေရှင်းပြီးနောက် လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။
ထိုနောက် လျှို့ဝှက်စာနှစ်စောင်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
လုယွီသည် စာတစ်စောင်ကိုကောက်ယူကာ ဖတ်ရှုလိုက်၏။ဤသည်က သူ လမ်းတစ်လမ်းအတွင်းရှိ ကုန်သည်တစ်ယောက်ထံမှ ဝယ်ယူခဲ့သော ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ပင်။လျှို့ဝှက်စာသည် ထိုကျင့်ကြံနည်းစနစ်စာအုပ်အကြား၌ ပါရှိပေ၏။
ဤသည်က တော်ဝင်မြိုတော်အတွင်း၌ လှုပ်ရှားရန်အတွက် ဖေးထျန်ကွမ်း လေ့ကျင့်သင်ကြားပေးထားသော သူလျှိုတစ်ယောက်ပင်။
အတိတ်တွင် ဖေးထျန်ကွမ်းသည် သူ၏နား မျက်စေ့များအဖြစ် တော်ဝင်မြိုတော်၏နေရာအနှံအပြား၌ လူများကို ဖြန့်ကျက်ထားခဲ့သည်။တော်ဝင်စစ်ရေးဌာနမှ သူ အငြိမ်းစားယူခဲ့သည့်တိုင် ထိုလူများကို ထိန်းချုပ်နိုင်ဆဲပင်။
လုယွီက လျှို့ဝှက်စာကိုဖတ်လိုက်ရာ လူတစ်ယောက်၏မှတ်တမ်း ထွက်ပေါ်လာသည်။
Chapter 2963
ဤသည်က ချင်လုရှန်း၏အကြောင်းကို ဖေးထျန်ကွမ်း စုံစမ်းစစ်ဆေးထားမှုမှ ရရှိထားသော ရလဒ်ပင်။
စာပေစာမေးပွဲပြီးဆုံးသွားချိန်တွင် လုယွီသည် ဖေးထျန်ကွမ်းထံသို့ တစ်စုံတစ်ယောက်စေလွှတ်၍ ချင်လုရှန်း၏အကြောင်းကို စုံစမ်းစေခဲ့သည်။
စာပေစာမေးပွဲ စတင်ခါနီးအချိန်တွင် လုယွီသည် ချင်လုရှန်းကို မြင်တွေ့ခဲ့ရ၏။ချင်လုရှန်းသည် အတိတ်ဘဝတွင် သူ ဖန်တီးခဲ့သော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံထားသည်။
အတိတ်ဘဝတွင် သူဖန်တီးခဲ့သော ကျင့်ကြံနည်းစနစ်များအနက်မှတချို့ကို သူ၏တိုက်ရိုက်တပည့်အနည်းစုကိုသာ လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်။
ချင်လုရှန်းကို ထိုကျင့်ကြံနည်းစနစ် မည်သူသင်ကြားပေးလိုက်သည်အား လုယွီ အမှန်တကယ်ကိုပင် သိချင်နေမိသည်။
ကင်းထောက်များထံမှသတင်းပေးပိုမှုအရ ချင်လုရှန်းသည် နာချာကြယ်နယ်မြေပေါ်တွင် နေထိုင်သူဖြစ်သည်။ဤသည်က နာမည်ကျော်ကြားခြင်းမရှိသော ကြယ်နယ်မြေတစ်ခုပင်။ထိုကြယ်နယ်မြေပေါ်တွင် ကုန်းမြေကြီးတစ်ခုသာရှိကာ ထိုအရာကို ကျွန်းစုအနည်းငယ်နှင့်ပင်လယ်သမုဒ္ဒရာများက ဝိုင်းရံထားပေ၏။
အရင်းအမြစ်များအရဆိုရလျှင် နာချာကြယ်နယ်မြေပေါ်တွင် လွန်စွာရှားပါးသည်။စိတ်ဝိညာဥ်စွမ်းအင်အများစုသည် ဗဟိုအချက်အချာကျသော နေရာများတွင်သာ စုဝေးနေသည်။နယ်စပ်ဒေသများတွင်မူ စိတ်ဝိညာဥ်စွမ်းအင်ကျဲပါးသဖြင့် နတ်ဆိုးမှော်သားရဲများမှလွဲ၍ လူနည်းစုသာနေထိုင်သည်။
ချင်မိသားစုသည် ထိုကုန်းမြေ၏နယ်စပ်ဒေသတစ်နေရာတွင်နေထိုင်သော မိသားစုတစ်စုပင်။
ကျင့်ကြံခြင်းအရင်းအမြစ် ရှားပါးမှုကြောင့် မိသားစုဝင်အချင်းချင်းပင်လျှင် အရင်းအမြစ်များရရှိရန်အတွက် တိုက်ခိုက်နေကြရ၏။
ကျင့်ကြံသူမဟုတ်သော တခြားမိသားစုဝင်များသည် ဝေးလံခေါင်သီသောအစွန်အဖျားဒေသများသိုသွားရောက်ကာ စွန့်ပစ်နယ်မြေများကိုဖော်ထုတ်ခြင်းနှင့်ငါးဖမ်းခြင်းတိုစသော အပင်ပန်းဆုံးနှင့်ခက်ခဲကြမ်းတမ်းဆုံးအလုပ်များကို လုပ်ကိုင်ရသည်။
ချင်လုရှန်း၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။သူသည် လုံချီနယ်ပယ်၌ အချိန်အတော်ကြာ တစ်ဆိုနေခဲ့သည်။မည်သိုပင်ဆိုစေကာမူ သူသည် ချင်မိသားစု၏အောက်ဆုံးအဆင့်တွင်ရှိနေသော ကျင့်ကြံသူတစ်ယောက်ပင်။
အစပိုင်းတွင် သူသည် ခရမ်းမျက်လုံးနွားများကို ထိန်းကျောင်းရန်အတွက် လူသူကင်းမဲ့သောမြက်ခင်းဒေသသို စေလွှတ်ခြင်းခံရသည်။
ခရမ်းမျက်လုံးနွားသည် ကျင့်ကြံခြင်းလောကတွင် သာမာန်တွေ့မြင်နေကျဖြစ်သော နတ်ဆိုးမှော်သားရဲပင်။ထိုမှော်သားရဲသည် ခရမ်းရောင်မျက်လုံးတစ်စုံကြောင့် လူသိများကျော်ကြားပေ၏။အကယ်၍ သေမျိုးတစ်ယောက်သည် ထိုမှော်သားရဲ၏အသားကိုစားသုံးပါက သူ၏ခန္ဓာကိုယ်ခွန်အား မြင့်တက်လာပေမည်။
ထိုမှော်သားရဲကိုထိန်းကျောင်းရခြင်းသည် အလွန်အမင်း ခက်ခဲကြမ်းတမ်းသော တာဝန်တစ်ရပ်ဖြစ်ပြီး အကျိုးအမြတ်များစွာ မရရှိနိုင်ချေ။ချင်မိသားစုအတွင်း၌ ခရမ်းမျက်လုံးနွားများကို တိကျသောအရေအတွက်ဖြင့် မှတ်သားထားလေ၏။အကယ်၍
ထိုမှော်သားရဲများအနက်မှတစ်ကောင်ပျောက်သွားပါက ချင်လုရှန်းသည် အပြစ်ပေးခြင်းခံရပေမည်။
ချင်လုရှန်းသည် နေ့အချိန်တွင် ခရမ်းမျက်လုံးနွားများကို ထိန်းကျောင်းရကာ ညအချိန်တွင် သူ၏စိတ်အာရုံကို ခွဲခြမ်း၍ ခရမ်းမျက်လုံးနွားခြံကို စောင့်ကြည့်ရသည်။သူ ကျင့်ကြံရန်အတွက် အချိန်မှာ လွန်စွာရှားပါးပေ၏။ဤသည်ကြောင့် သူ၏အသက် ၂၈နှစ်ရောက်သည့်တိုင် လုံချီနယ်ပယ်တွင်သာ ရှိနေခြင်းပင်။
ဤကဲ့သိုပါရမီအရည်အချင်းဖြင့် သူ၏ဘဝ အဆုံးသတ်ထိရောက်သွားလုနီးပါးဖြစ်သည်။
သိုရာတွင် ကင်းထောက်များထံမှသတင်းပိုမှုအရ တစ်ရက်တွင် မြက်ခင်းဒေသအတွင်း၌ရှိနေသော ခရမ်းမျက်လုံးနွားတချို့ ပျောက်ဆုံးသွားခဲ့သည်။ချင်လုရှန်းသည် ထိုမှော်သားရဲများကို လိုက်လံရှာဖွေခဲ့ကာ အချိန်ဆယ်ရက်တိုင်တိုင် ပြန်ရောက်မလာခဲ့ချေ။
ဤဆယ်ရက်အတွင်းတွင် သူ မည်သည့်နေရာ၌ မည်သည့်ကိစ္စအားပြုလုပ်နေသည်ကို မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် သူသည် ဆယ်ရက်အတွင်း၌ ပြန်ရောက်မလာခဲ့သောကြောင့် ဆာလောင်နေသောခရမ်းမျက်လုံးနွားများသည် ခြံကိုချိုးဖျက်၍ အစာရှာဖွေရန် ထွက်ခွာသွားကြ၏။
ချင်လုရှန်းသည် နောက်ထပ် ခရမ်းမျက်လုံးနွားဆယ်ကောင်ကျော်ကို ပျောက်ဆုံးစေခဲ့သဖြင့် မိသားစုအတွင်း၌ ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်ထားပြီးလေပြီ။
ထိုအချိန်တုန်းက ချင်မိသားစုသည် ချင်လုရှန်းကို အပြစ်ပေးရန်အတွက် အိမ်တော်ထိန်းတစ်ယောက်ကို စေလွှတ်ခဲ့သည်။ချင်လုရှန်းသည် လျော်ကြေးအဖြစ် အင်မော်တယ်ကျောက်တုံးတချိုပေးအပ်ရန် ရည်ရွယ်ခဲ့လေ၏။သိုရာတွင် ထိုအိမ်တော်ထိန်းသည် သဘောတူညီခြင်းမရှိဘဲ ချင်လုရှန်း၏ငွေကြေးများအားလုံးကို ရယူလိုသဖြင့် သူ့အား မိသားစုစည်းမျဥ်းအရ အပြစ်ပေးချင်ခဲ့သည်။
သေရေးရှင်ရေးအခိုက်အတန့်တွင် ချင်လုံရှန်း၏စွမ်းအားများ ပွင့်အံ့ထွက်လာကာ ထိုအိမ်တော်ထိန်းကို သတ်ဖြတ်လိုက်သည်။
ထိုအချိန်တုန်းက ချင်လုရှန်းသည် လုံချီနယ်ပယ်တွင်သာရှိနေကာ အိမ်တော်ထိန်းသည် အဝိုင်းသေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။
ချင်လုရှန်းသည် အိမ်တော်ထိန်း၏ဦးခေါင်းပြတ်ကို သယ်ဆောင်၍ ချင်အိမ်တော်ထံသို ပြန်သွားခဲ့သည်။ထိုနောက် ယခင်က သူ့အား အနိုင်ကျင့်အရှက်ခွဲခဲ့သော လူများအားလုံးကို သတ်ဖြတ်ခဲ့လေ၏။
စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူဖြစ်သော ချင်မိသားစုခေါင်းဆောင်ပင်လျှင် ချင်လုရှန်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
နောက်ပိုင်းတွင် ချင်လုရှန်းသည် စစ်တပ်အတွင်းသို ဝင်ရောက်ခဲ့ကာ နာမည်ကျော်ကြားစပြုလာသည်။သူသည် ကြယ်မြစ်စာမေးပွဲတွင် ပို၍တောက်ပလာပေ၏။အဆုံးသတ်၌ သူသည် ကျောင်းတော်သားတစ်ယောက်အဖြစ် ကြယ်မြစ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ရခဲ့သည်။
ချင်လုရှန်း၏ဘဝအလှည့်အပြောင်းသည် မြက်ခင်းဒေသအတွင်း၌ သူ ပျောက်ဆုံးသွားခဲ့သော အချိန်ဆယ်ရက်အပေါ်တွင် မူတည်နေသည်။
ဖေးထျန်ကွမ်းစေလွှတ်ခဲ့သော ကင်းထောက်များသည် ထိုမြက်ခင်းဒေသ၏နေရာအနှံအပြားကို ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
Chapter 2964
သို့ရာတွင် ထိုကင်းထောက်များသည် မြက်ခင်းဒေသမှ မည်သည့်ရိတ်သိမ်းနိုင်မှုမှမရှိသည့်တိုင် သဲလွန်စတချိုကို ရှာဖွေနိုင်ခဲ့သည်။
ရှေးဦးစွာ ချင်လုရှန်းထိန်းကျောင်းနေသော ခရမ်းမျက်လုံးနွားများ ပျောက်ဆုံးမသွားမီ နှစ်ရက်ခန့်အလိုတွင် ပတ်ဝန်းကျင်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို နာချာကြယ်နယ်မြေအရှင်သခင်က သတိပြုမိလေ၏။သူသည် ထိုတိုက်ပွဲမှစွမ်းအားလှိုင်းများ နာချာကြယ်နယ်မြေပေါ်သို့ သက်ရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။ထိုကြောင့် သူက အနီးအနားရှိစစ်တပ်များထံသို့ ကူညီထောက်ပံပေးရန် တောင်းဆိုလိုက်သည်။နောက်ပိုင်းတွင် ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ပွဲကြီး အဆုံးသတ်သွားပုံဖြင့် ထိုကိစ္စ ငြိမ်သက်သွားတော့သည်။
ဒုတိယအနေဖြင့် မြက်ခင်းဒေသ၏အနီးအနားတွင် မိသားစုတချို့နေထိုင်သည်။သူတို့အနက်မှ မိသားစုတစ်စုသည် ညအချိန်တွင် သိသာထင်ရှားသော မြေငလျှင်ကြီးတစ်ခုလှုပ်ခတ်သွားသည်ကို ခံစားမိကြောင်း နယ်မြေခံအုပ်ချုပ်ရေးရုံးတော်ထံ သတင်းပိုခဲ့သည်။သို့ရာတွင် ထိုမြေငလျှင်သည် အသက်ရှုချိန်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့ပြီးနောက် ပျောက်ကွယ်သွားလေ၏။
တတိယအနေဖြင့် ထိုနေ့တွင် ချီဘုရင်သည် ပြင်ပသို့ ထွက်ခွာသွားခဲ့သော်လည်း မည်သည့်နေရာသိုသွားခဲ့သည်ကို မှတ်တမ်းတင်ထားခြင်းမရှိချေ။
ဖေးထျန်ကွမ်း စေလွှတ်ထားသော ကင်းထောက်များသည် စုံစမ်းထောက်လှမ်းရာတွင် ထူးချွန်သော အစွမ်းးထက်ပညာရှင်များပင်။
သူတို့သည် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းနိုင်ရုံသာမက သဲလွန်စများကိုလည်း ရှာဖွေနိုင်သည်။
ထိုအချက်သုံးချက်သည် ချင်လုရှန်းနှင့် အနည်းငယ်မျှပင် သက်ဆိုင်ပုံမရချေ။သို့ရာတွင် ထိုအချက်များကို ဆက်စပ်လိုက်ချိန်တွင် ဤကိစ္စ၏အကြမ်းဖျင်းဖြစ်စဥ်ကို သိရှိနိုင်ရန်လုံလောက်သည်။
"ချီဘုရင်က ရွှယ်အင်မော်တယ်တစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ထွက်သွားခဲ့တယ်...အဲ့ဒီတိုက်ပွဲကို နာချာကြယ်နယ်မြေရဲ့အနီးအနားမှာ ဆင်နွဲခဲ့တာပဲ...နောက်ပိုင်းမှာ အဲ့ဒီရွှယ်အင်မော်တယ်ကျင့်ကြံသူက ရှုံးနိမ့်သွားပြီးတော့ နာချာကြယ်နယ်မြေပေါ်ကို ပြုတ်ကျလာတဲ့အချိန်မှာ ချင်လုရှန်းနဲ့တွေ့ခဲ့တာပဲ...ဒါကြောင့် သူက ချင်လုရှန်းကို ကံကြမ္မာကောင်းကြီးပေးခဲ့ပြီးတော့ သူသိထားတဲ့အရာရာတိုင်းကို သင်ကြားပေးခဲ့တယ်"
"ဒါကြောင့် ချင်လုရှန်းက ရုတ်တရက်ကြီး မြင့်တက်လာပြီးတော့ တုံးအတဲ့လူတစ်ယောက်အဖြစ်ကနေ ထိပ်သီးပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်...ဒါက သူ နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ဘာလို့သိနေတာလဲဆိုတဲ့အချက်ပဲ"
လုယွီ၏စိတ်အတွင်း၌ ဖြစ်နိုင်ချေအများဆုံးရှိသောအချက်ကို အလျှင်အမြန် တွေးတောမိသွားသည်။
သို့ရာတွင် ထိုသိုဆိုသည့်တိုင် လုယွီ၏စိတ်နှလုံးသား အနည်းငယ်မွန်းကြပ်နေသည်။
နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို အမွေဆက်ခံထားသူများအားလုံးသည် အတိတ်ဘဝတွင် သူ အယုံကြည်ရဆုံး တပည့်များပင်။
ဤတစ်ကြိမ်တွင် ပြဿနာအကြား၌ ပါဝင်နေသူမှာ မည်သူဖြစ်သနည်း...
"ကြည့်ရတာတော့ ငါက ချင်လုရှန်းဆီကို တစ်ခေါက်လောက် သွားတွေ့ရမယ့်ပုံပဲ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လုယွီသည် ထိုလျှို့ဝှက်စာအတွင်း၌ပါရှိသော အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ထိုစာကို မီးရှိဖျက်ဆီးလိုက်သည်။
ထိုနောက် လုယွီက တခြားလျှို့ဝှက်စာတစ်စောင်ကို ထုတ်ယူလေသည်။
ဤစာသည် သူ့အား ဖေးထျန်ကွမ်း ပေးပို့သောစာလွှာမဟုတ်ချေ။
သူ မိုးကောင်းကင်တာအိုတည်းခိုခန်းသို ဝင်လိုက်စဥ်တွင် တစ်စုံတစ်ယောက်မှ သူ့အားဟန့်တားကာ ထိုစာကို သူ့အား ပေးခဲ့ခြင်းဖြစ်သည်။
ဖေးထျန်ကွမ်း၏သူလျှိုများသည် ဤကဲ့သို မျက်စိဖမ်းစားနိုင်ပြီး ကိုးရိုးကားယားနိုင်သော နည်းလမ်းမျိုးကို အသုံးပြုလေ့မရှိချေ။လုယွီက ထိုစာကိုတစ်ချက်ကြည့်ပြီးနောက် နားလည်သဘောပေါက်သွားသည်။
ဤစာသည် သူ့ထံသို ချူးရုံမှ ရေးသားပေးပိုလိုက်ခြင်းပင်။
အတိတ်တွင် လော့ရွှေကြယ်မြစ်အတွင်း၌ အိမ်ရှေ့စံမင်းသားသည် လူများစေလွှတ်၍ ဖေးထျန်ကွမ်းကို လိုက်လံဖမ်းဆီးစေသဖြင့် လုယွီက ကယ်တင်ခဲ့ရသည်။သူသည် ဖေးထျန်ကွမ်း၏နောက်သို လိုက်လံဖမ်းဆီးသော မိန်းမစိုးတစ်ယောက်ကို လက်အောက်ခံဖြစ်စေကာ သူ၏သူလျှိုအဖြစ် အသုံးပြုခဲ့သည်။
ဤှသည်က လုယွီ လျှိုဝှက်၍ လုပ်ဆောင်ထားသောကိစ္စပင်။ဤအချိန်တွင် ချူးရုံထံမှ အဆက်အသွယ်ရမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီက ထိုလျှို့ဝှက်စာအတွင်း၌ပါဝင်သော အကြောင်းအရာများကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
ထိုစာအရ စာပေစာမေးပွဲ၏လုပ်ငန်းစဥ်အတောအတွင်းတွင် အိမ်ရှေ့စံမင်းသားက ကြားဝင်စွက်ဖက်နေခဲ့သည်။
ချူးရုံသည် အိမ်ရှေ့စံမင်းသား၏သီးသန့်မိန်းမစိုးပင်။ထိုကြောင့် အိမ်ရှေ့စံမင်းသားနှင့်ပတ်သတ်သော အကြောင်းကိစ္စ အမြောက်အများကို သူ သိရှိထားသည်။
လျှို့ဝှက်စာအတွင်း၌ စာပေစာမေးပွဲတွင် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို ချူးရုံက လုယွီကို ပြောပြထားလေ၏။
စာပေစာမေးပွဲမှအဖြေလွှာများကို စစ်ဆေးနေစဥ်အတောအတွင်းတွင် အိမ်ရှေ့စံမင်းသားသည် ကြားဝင်စွက်ဖက်၍ ရှမိသားစုမှပါရမီရှင်ရှထန်ကန်းကို ပထမနေရာ ရစေလိုခဲ့သည်။
ဤှသည်က အိမ်ရှေ့စံမင်းသားသည် ရှမိသားစုနှင့် မိတ်ဆွေဖွဲ့ရန်အတွက် ပြင်ဆင်ထားသောနည်းလမ်းပင်။
တိုက်ခိုက်ရေးစာမေးပွဲသည် အလွန်ကြီးကျယ်ခမ်းနားကာ ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှလူများ၏စိတ်အာရုံများက ထိုအရာအပေါ်တွင် စုဝေးနေကြသည်။ထိုကြောင့် အိမ်ရှေ့စံမင်းသားဖြစ်နေသည့်တိုင် သူသည် တိုက်ခိုက်ရေးစာမေးပွဲ၌ ဝင်ရောက်စွက်ဖက်ဝံ့ခြင်းမရှိချေ။
နှိုင်းယှဥ်ကြည့်ပါက စာပေစာမေးပွဲတွင် ဝင်ရောက်စွက်ဖက်သည်က သူ့အတွက် ပို၍အရေးသာနိုင်သည်။
ရှထန်ကန်းသည် ကျောင်းတော်သားတစ်ယောက်ဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားက ရှထန်ကန်းကို တော်ဝင်နန်းတွင်းတွင် နေရာတစ်နေရာပေးကာ သူ၏သစ္စာရှိလူယုံ ဖြစ်လာစေရန် ရည်ရွယ်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရှထန်ကန်းကို ရှမိသားစုခေါင်းဆောင်နေရာအား ဆက်ခံသူအဖြစ် ယူဆ၍ရသည်။ထိုကြောင့် ရှထန်ကန်းကို ကြိုတင်၍သိမ်းသွင်းထားခြင်းသည် နောင်အနာဂတ်တွင် ရှမိသားစုတစ်စုလုံးကို သိမ်းသွင်းနိုင်ခြင်းနှင့် တူညီပေ၏။
Chapter 2965
ရှမိသားစု၏ဘဏ္ဌာရေးထောက်ပံမှုဖြင့်ဆိုပါက သူ၏အိမ်ရှေ့စံမင်းသားနေရာ ပို၍တည်ငြိမ်သွားပေမည်။
ရှမိသားစု၏ကူညီထောက်ပံမှုကြောင့်သာ ရှန်လင်းလုံသည် ကျိုးမိသားစုဝင်တစ်ယောက် အိမ်ရှေ့စံမင်းသားဖြစ်လာခြင်းကို နှုတ်ဆိတ်၍ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် အိမ်ရှေ့စံမင်းသားသည် အသေအချာစဥ်းစား၍ ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် လုယွီသည် စာပေစာမေးပွဲ၌ ပထမနေရာရရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"ကျန်းရွှမ်စဲက စာစစ်အကြီးအကဲဖြစ်နေတာက ကောင်းသွားခဲ့တယ်...တကယ်လို့ အဲ့ဒီနေရာမှာ တခြားတစ်ယောက်ဆိုရင် အိမ်ရှေ့စံမင်းသားကို ကြောက်ရွံနေမှာ ငါ စိုးရိမ်မိတယ်"
ဖေးထျန်ကွမ်း ပေးပိုထားသော ယခင်သတင်းအချက်အလက်များအတွင်း၌ တော်ဝင်နန်းတွင်း၏အရေးပါသောအရာရှိအားလုံးနီးပါးအကြောင်းကို ဖော်ပြထားသဖြင့် လုယွီသည် ကျန်းရွှမ်စဲကို ကောင်းစွာသိရှိထားပေ၏။
ကျန်းရွှမ်စဲသည် ခေါင်းကြောမာကာ ဖြောင့်မတ်မှန်ကန်သော အရာရှိတစ်ယောက်ပင်။သူသာရှိနေပါက အိမ်ရှေ့စံမင်းသား၏အကြံအစည် အထမြောက်ရန်မှာ မဖြစ်နိုင်ချေ။
ထိုလျှို့ဝှက်စာကိုဖတ်ရှုပြီးနောက် လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဤပုံစံအရဆိုလျှင် သူနှင့်အိမ်ရှေ့စံမင်းသားသည် ဆန့်ကျင်ဘက်ဖြစ်သွားလေပြီ။
သိုရာတွင် သူသည် အိမ်ရှေ့စံမင်းသားနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။အိမ်ရှေ့စံမင်းသား မဆိုထားနှင့် သူ၏ဖခင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ပင်လျှင် လုယွီ၏လက်အောက်၌ ရှုံးနိမ့်ခဲ့ရသည်။
သူ စိုးရိမ်ပူပန်နေသည်မှာ တော်ဝင်မိသားစု၏ ရှမိသားစုအပေါ်ထားသော သဘောထားပင်။
ရှမိသားစုသည် နယ်မြေသခင်အဆင့်မိသားစုခေါင်းဆောင်ရှိသည့် ရိုးရှင်းသောမိသားစုတစ်စုဟုသာ သူ မူလက တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကြည့်ရသည်မှာ ရှမိသားစုသည် တော်ဝင်မိသားစုကို နန်းမွေဆက်ခံစေခဲ့နိုင်ရုံသာမက သူတို့မိသားစု အခွင့်အာဏာပိုမိုရရှိစေရန် တော်ဝင်မိသားစုကို ထိန်းချုပ်ထားနိုင်ပုံရသည်။
အစစ်အမှန်တော်ဝင်မိသားစုသည် ကျိုးမိသားစုမဟုတ်ဘဲ ရှမိသားစုဖြစ်နေပုံရပေ၏။
"ဒီကောင်းကင်ဘုံနယ်မြေမှာ ဘယ်အချိန်ကစပြီးတော့ ရှမိသားစုလိုမိသားစုမျိုး ထွက်ပေါ်လာတာလဲ....ရှကွေ့ကျုံး...ငါ မင်းကို လျှော့တွက်မိသွားပြီ"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ထိုစာကို မီးရှိဖျက်ဆီးလိုက်တော့သည်။
တတိယလ၏ကိုးရက်မြောက်နေ့...တော်ဝင်မြိုတော်၌...
ဤနေ့သည် တော်ဝင်စာမေးပွဲ၏နောက်ဆုံးအကျော့ ယှဥ်ပြိုင်ရမည့်နေ့ဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေတခွင်လုံးရှိ ကြယ်မြစ်စာမေးပွဲများမှ ထွက်ပေါ်လာသည့် အဆင့်မြင့်ကျောင်းတော်သားများ တော်ဝင်ကြီးကြပ်ရေးမှူးများမှ ထောက်ခံပေးထားသူများနှင့်ကျောင်းတော်များမှပါရမီရှင်များသည် တိုက်ခိုက်ရေးစာမေးပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် ဤနေရာသို့ ရောက်ရှိနေကြ၏။
စာပေစာမေးပွဲ၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့်နှိင်းယှဥ်ပါက တိုက်ခိုက်ရေးစာမေးပွဲသည် များစွာပို၍သက်ဝင်လှုပ်ရှားသည်။နေမမြင့်မီမှာပင် စစ်ရေးကွင်းပြင်သို့ရောက်ရှိနိုင်သည့် ထိုက်ဝူလမ်းအတွင်း၌ လူအမြောက်အများဖြင့် ပြည့်ညပ်နေသည်။
လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် အစီအစဥ်တကျဖြစ်စေရန်အတွက် အစောင့်များက မတ်တတ်ရပ်ကာ စောင့်ကြည့်နေကြ၏။
ထိုအစောင့်များသည် ပြင်ပရှိတပ်ရင်းလေးခုမှ စစ်သားများနှင့် ကွဲပြားခြားနားသည်။တော်ဝင်မြိုတော်မှစစ်တပ်သို့ ရွေးချယ်ခံရသူများအားလုံးသည် လက်ရွေးစင်စစ်သားများဖြစ်ပေ၏။စစ်ဗိုလ်ချုပ်များမှအစပြု၍ စစ်သားများအထိတိုင် မရေမတွက်နိုင်သောတိုက်ပွဲများကို ဖြတ်ကျော်လာခဲ့သူများဖြစ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ အေးစက်စက်သံချပ်ကာများနှင့် တွဲဖက်လိုက်ချိန်တွင် အကယ်၍ သူတို့ မည်သည့်စကားမှမပြောဆိုလျှင်ပင် ခြိမ်းခြောက်နိုင်သောအရှိန်အဝါမျိုးရှိနေကာ လူအများသည် သူတို့၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။
လမ်းပေါ်၌လမ်းလျှောက်နေသူအများစုသည် တိုက်ခိုက်ရေးစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီသော ကျောင်းတော်သားများဖြစ်သည်။
စာပေစာမေးပွဲတွင် ကျရှုံးသည့်လူများကို ထုတ်ပယ်ပြီးနောက် တိုက်ခိုက်ရေးစာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ကျောင်းတော်သားအယောက်သုံးသိန်းခန့် ကျန်ရှိနေဆဲပင်။သူတို့သည် တိုက်ခိုက်ရေးစာမေးပွဲကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ပါက နောက်လာမည့် နန်းတွင်းစာမေးပွဲကို ဖြေဆိုနိုင်မည့် အရည်အချင်းဖြင့်ပြည့်မီသွားလေပြီ။
စာပေစာမေးပွဲနှင့်မတူညီဘဲ တိုက်ခိုက်ရေးစာမေးပွဲကို တော်ဝင်မြိုတော်၏အရှေ့ဘက်ခြမ်းတွင်ရှိသော စစ်ရေးကွင်းပြင်တစ်ခုတည်းတွင်သာကျင်းပသည်။
ဤသည်က စစ်သားများလေ့ကျင့်ရန်အတွက် ဧကရာဇ်ကိုယ်တိုင်ကိုယ်ကျ စူးစမ်းရှာဖွေထားသော နေရာတစ်ခုပင်။ဤနေရာသည် အလွန်အမင်းကျယ်ပြန့်ကာ ပတ်ဝန်းကျင်၌ အလံများက တဖျတ်ဖျတ်လူးလွန့်နေကာ သန်းရာချီသောလူများဝင်ဆန့်သည့် ကွင်းပြင်တစ်ခုဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ကွင်းပြင်၏နံဘေးပတ်လည်ကို တော်ဝင်စစ်တပ်မှတပ်စုများက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသဖြင့် ရေတစ်ပေါက်ပင် ယိုစိမ့်ထွက်နိုင်မည်မဟုတ်ချေ။အကယ်၍ အပြင်လူများသည် သူတို၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြုလျှင်ပင် ဤနေရာအား လွယ်လင့်တကူစုံစမ်းထောက်လှမ်းနိုင်မည်မဟုတ်ချေ။
တော်ဝင်စစ်တပ်မှတပ်စုများအကြားတွင် နဂါးအစောင့်များလည်းရှိနေသည်။သူတို့သည် တော်ဝင်စစ်တပ်နှင့်ရာနှင့်ချီသောအရာရှိများကို စောင့်ကြည့်ရသည့် အထူးတာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ရှန်လင်းလုံသည် စစ်တပ်ကိုဦးဆောင်၍ သူမကိုယ်တိုင် ရှေ့တန်းသို စစ်ချီသွားခဲ့သည်။ဧကရီမရှိသဖြင့် အိမ်ရှေ့စံမင်းသားသည် သူမကိုယ်စား ဤယှဥ်ပြိုင်ပွဲကို တာဝန်ယူထားရသည်။အကယ်၍ အစွမ်းထက်ကျင့်ကြံသူတချို့သည် ဤနေရာသို အခွင့်အာဏာမရှိဘဲ ကျူးကျော်လာဝံ့ပါက ချက်ချင်းအပြစ်ပေးခံရမည်ဖြစ်ကာ နောက်မှသာ ဖြေရှင်းချက်တောင်းခံပေမည်။
လုယွီသည်လည်း စစ်ရေးကွင်းပြင်၏ပြင်ပသို ရောက်ရှိနေလေပြီ။