မိုးကြိုးအဆိပ်ဖြေ မှော်ပညာရပ်
Vol. 2 Ch. 107
မွှေးရနံ့တောင်သို့ ပြန်လာပြီးနောက် ပိုင်ရှောင်ချန်း ၏စိတ်ခံစားချက်သည် အနည်းငယ် ပြင်းထန်လာခဲ့ သည်။ သူ့အိတ်ထဲတွင် ထူးဆန်းသော ဆေးလုံးများ
စွာရှိနေဆဲပင် ဖြစ်သော်လည်း တစ်ခုကိုမျှ ထုတ်၍ မစမ်းသပ်ရဲချေ။ ဂိုဏ်း၏တောင်တက်လမ်းတစ်လျှောက် တက်လာခဲ့ချိန်တွင် အခြားဂိုဏ်းသားများ သည် သူ့အားအကြည်စိမ်းဖြင့်ကြည့်သူက ကြည့်ကာ အလွန်မုန်းတီးစွာဒေါသဖြင့် စိုက်ကြည့်သူကကြည့်ကြလေသည်။
“ငါ့အိပ်မက်တွေနောက်ကိုလိုက်ဖို့ ဘာလို့ အဲ့လောက် ခက်ခဲနေရတာလဲ” သူတွေးလိုက်မိသည်။ “ဒါက ငါ့အပြစ်တော့ဟုတ်ဟန်မတူဘူး။ ဦးလေးလီ
က ငါ့ကို စမ်းသပ်ရာမှာ အာရုံစိုက်ဖို့ပြောခဲ့တာပဲ။...” သက်ပြင်းချလိုက်ကာသူ၏အင်မော်တယ် ဂူသို့ ရောက်သည်အထိ လမ်းလျှောက်လာခဲ့ပြီး ထိုင်လျက် ငေးမောနေမိတော့သည်။
ထိုနှစ်အစောပိုင်းတွင် ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ရာတွင် အသံမြည်နေသည့်ပြသာနာနှင့် ပတ်သက်၍မေးခွန်းများမေးရန် လီချင်းဟောက်ထံသို့ မကြာခဏသွားရောက်ခဲ့သည်။ လီချင်းဟောက်သည် မေးခွန်းများကြောင့် အံ့အားသင့်သွားလေ့ရှိသည်။
ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာကိုနှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရာ၌ သိနားလည်နိုင်စွမ်းသည် အခြားနယ်လှည့် သမားတော်များထက် တမူထူးခြားလေသည်။
ပိုင်ရှောင်ချန်း၏ မယုံကြည်နိုင်ဖွယ်ကောင်းသော ကျောက်တိုင်ထိပ်မှ ရလာဒ်များနှင့် ပေါင်းစပ် လိုက်ချိန်တွင် လီချင်းဟောက်သည် စိတ်ဝင်တစား မျှော်လင့်နေမိတော့သည်။ သို့သော် လူတိုင်းတွင် တာအိုဆေးပညာနှင့် ပတ်သက်၍ အသိအမြင်အမျိုးမျိုးရှိကြသည် ဖြစ်ရာ လီချင်းဟောက်သည် ပိုင်ရှောင်ချန်း၏ မေးခွန်း
တစ်ခုကိုမှ မဖြေတတ်ချေ။ ထို့အစား သူသည် ကိုယ်ပိုင် စမ်းသပ်မှုများလုပ်ရန်သာ တိုက်တွန်းလေသည်။ ထိုသို့ လုပ်ဆောင်ရင်းမှ သူ့ကိုယ်ပိုင် တာအိုဆေးပညာနယ်ပယ်ကို ချဲ့ထွင်နိုင်ပေလိမ့်မည်။ သူသည် ရှေ့မှ လူများ၏လမ်းစဥ်အတိုင်းလိုက် ၍ လုပ်ဆောင်ခဲ့လျှင် တာအိုဆေးပညာ၏ ဆရာတစ်ဆူအဖြစ် မည်သည့်အခါမျှ သူ့ကိုယ်သူ နာမည်တပ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဆေးလုံးအများစု၏မူလဖော်စပ်နည်းများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စမ်းသပ်ပြုလုပ်ချက်များ၏ အကျိုးရလာဒ်ဖြစ်သည်။
“ မဟုတ်ဘူး။ ငါ့အိပ်မက်တွေကို မပြောင်းလဲဘူး။
ဦးလေးလီ ပြောတာမှန်တယ်။ မင်းအမှန်တကယ် ပိုင်ဆိုင်တဲ့တစ်ခုတည်းသောအရာက မင်းကိုယ်တိုင် လုပ်ယူတဲ့အရာတွေပဲတဲ့။ လုပ်ယူရဖို့ခက်ခဲတယ်ဆိုရင်တောင်မှ ငါမစွန့်လွှတ်ဘူး။” သူသည် လုပ်ထားသော ထူးဆန်းသည့်ဆေးလုံးများအား မစမ်းသပ်နိုင်လျှင်ပင် တာအိုဆေးပညာမှာ စိတ်နှစ်၍ ဆက်လက်ဖော်စပ်မည်ဟု အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်လေသည်။
“ငါတော့ အင်မတန်တော်တဲ့ သမားတော်တစ်ယောက် ဖြစ်လာတော့မှာ သေချာတယ် ” ပင့်သက်ရှိုက်ကာ ဆေးဖော်စပ်ရာတွင် အပြည့်အဝစိတ်နှစ်အချိန်ယူရန် သူ၏အလုပ်ခန်းဆီသို့ ဦးတည်လိုက်သည်။
အချိန်များစွာကုန်လွန်သွားခဲ့၏။ မျက်စိတစ်မှိတ်အ တွင်းတွင် လပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။ ပိုင်ရှောင်ချန်းသည် ယုံကြည်မှုများ ပိုရှိလာကာ အဆင့်၃ စိတ်စွမ်းအင်ဆေး ဖော်ရာတွင် ပို၍ကျွမ်းကျင်လာသည်။ သူသည်ပြဿနာ တစ်ခုပြီးတစ်ခု ဖြေရှင်းပြီး မကြာမီတွင် အဆင့်၃စိတ်စွမ်းအင်ဆေးသည် တွေးထင်ထားသည့်အတိုင်း မခက်ခဲသည်ကို သိလိုက်ရသည်။
သို့ရာတွင် ပို၍ကြီးမားသောပြဿနာက ဘွားခနဲ ပေါ်လာတော့သည်။
သူသည် အကောင်းဆုံးကြိုးစားသောကြောင့် အဆင့်၃ စိတ်စွမ်းအင်ဆေးများအား ပို၍ကျွမ်းကျင်လာသော်လည်း သူ၏အောင်မြင်မှုနှုန်းအား မြှင့်တင်ရန်လွန်စွာ ခက်ခဲသည်။ ယေဘုယျအားဖြင့် ပြောရလျှင် တစ်ကြိမ်ဖော်စပ်ရာ၌ ဆေးလုံး ၁၀ လုံးတွင် ၅ လုံး သာ အောင်မြင်သည်။ အခြား ၅ လုံးအနက် တစ်လုံးက အမည်မသိ ထူးဆန်းသည့်ဆေးလုံးဖြစ်ကာ ကျန်လေးလုံးက မသန့်စင်သည့် အဆိပ်ဆေးလုံးများဖြစ်နေသည်။
သူအနည်းငယ်ရူးသွပ်စပြုလာတော့သည်။ စိတ်စွမ်းအင်အဆင့်တိုးမြှင့်ခြင်းပင်လျှင် အဆိပ်ဆေးလုံးများအား မည်သို့မျှမပြုလုပ်နိုင်ချေ။ အဆင့်နိမ့်ဆေးလုံးများသည်သာ စိတ်စွမ်းအင်မြှင့်တင်ခြင်းကြောင့် အဆင့်မြင့်လာနိုင်သည်။
သူသည်ထိုအကြောင်းကို မသိသော်လည်း သူ၏ ဆေးဖော်စပ်ခြင်းအပေါ် အာရုံစိုက်မှုသည် တမ်းတမ်းစွဲ စွဲလန်းသည့် အဆင့်သို့ရောက်လာ သည်။ သူလိုချင်
သည့် ပြီးပြည့်စုံမှုတစ်ခုသို့ မရောက်ရှိလျှင် ဘဝင်ကျမည်မဟုတ်ပေ။
“အညစ်အကြေးတွေ။ ဒီအညစ်အကြေးတွေကို ငါ
ဘယ်လိုပထုတ်ရမလဲ။ ” သူ၏များပြားလှသော
အဆိပ်ဆေးလုံးအစုကြီးကိုငေးစိုက်ကြည့်ကာ မျက်လုံး
များရဲရဲနီလာလေသည်။ အတန်ငယ်တွေးတောပြီး
နောက် လီချင်းဟောက်အား မေးတော့မည်ဟု တွေးလိုက်သည်။ သို့ရာတွင် လီချင်းဟောက်သည် သူ့အားကိုယ်ပိုင်စူးစမ်းခြင်းများနှင့်စမ်းသပ်ခြင်းများ ပြုလုပ်ရန်တိုက်တွန်းခဲ့သည်ကို တွေးမိသွားသောအခါတွင်မူ အံကြိတ်လိုက်ကာ သူ့ဘာသာ ပြဿနာကိုဖြေရှင်းရန် ပိုမိုရူးသွပ်စွာ စိတ်နှစ်လိုက်လေသည်။
နေ့ရက်များကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက တဖန်ငြိမ်သက်သွားပြီ ဟူ၍ လူများကမှတ်ယူလိုက်ကြသည်။မည်သည့်ပေါက်ကွဲမှု
များမှ မရှိတော့သကဲ့သို့ ပြေးလွှားနေသောတိရစ္ဆာန်များ
လည်းမရှိတော့ပေ။ အရာအားလုံးသည် ငြိမ်သက်လျက်
ရှိကာ လူအချို့အတွက်မူ ဆိတ်ငြိမ်မှုအသစ်သည် နေသားကျရန်ခက်ခဲလျက်ရှိသည်။
ကံဆိုးစွာဖြင့် ကောင်းမွန်သောအရာများသည် ကြာ
ရှည်မခံပေ။ တစ်လကြာပြီးနောက် ညသန်းခေါင်အချိန်
တွင် ပိုင်ရှောင်ချန်းသည် ဆံပင်စုတ်ဖွားနှင့်ဆေးပေါင်းဖိုရှေ့တွင် ထိုင်ကာ မြေမီးတောက်အား ထိန်းချုပ်ရန် ရူးသွပ်စွာ မန္တာန်လက်ကွက်ဖော်လျက်ရှိသည်။ ဆေးဖက်ဝင်အပင်များအား မီးဖိုထဲသို့ပို၍ထည့်လေ သူ့မျက်လုံးများကပို၍ပို၍ နီရဲလာလေပင်။
.“ဒါပဲကွ။ပြီးခါနီးနေပြီ။ ဒီတစ်ခါတော့ ပြဿနာတွေ အားလုံးကိုဖြေရှင်းနိုင်မှာ အသေအချာပဲ။ ဒါကငါ့ရဲ့ တီထွင်နိုင်စွမ်းပဲ။ မိုးကြိုးဘုရားနွယ်ပင်၊ မိုးကြိုး
ပန်းချောင်း၊ သစ်ပင်နှင်းဆီပန်းအညိုရယ် ယင်ယန်ပန်း တွေနဲ့ ဆေးဖော်စပ်နည်း အသစ်ကိုတောင် ငါတီထွင်ထားတယ်။ဒါက အညစ်အကြေးတွေကိုရှင်းနိုင်တော့မှာ သေချာ တယ်။ သေချာပေါက်ကို အလုပ်ဖြစ်မှာပဲ။ ဒါက
ပိုင်ရှောင်ချန်းရဲ့ တစ်ခုတည်းရှိတဲ့ မိုးကြိုးအဆိပ်ဖြေ မှော်ပညာရပ်ပဲ။” သူ၏စိတ်လှုပ်ရှားမှုကြောင့် ဆေးပေါင်းဖိုက စတင်တုန်ခါလာကာ ဆေးရနံ့က လေတွင်
ပျံ့လွင့်လာတော့သည်။ အပြင်ဘက် မွှေးရနံ့တိမ်တောင်အထက် တိမ်မရှိသောညကောင်းကင်တွင် လမင်းကြီး ထိန်ထိန် သာ လျက်ရှိ၏။
ရုတ်တရက် တိမ်လွှာတစ်ခု ဖြစ်ပေါ်လာကာ လျှပ်စီးကြောင်းတစ်ခုက မွှေးရနံ့တိမ်တောင်ဆီသို့ ဆင်းသက်လာလေ၏။ ထိုလျှပ်စီးကြောင်းသည် ပိုင်ရှောင်ချန်း၏ ဂူအတွင်း ဆောင့်ဝင်သွားချိန်တွင် ဂူ၏မန္တာန်ဝင်္ကပါ တုန်ခါသွားလေသည်။ လျှပ်စီးအချို့သည် မန္တာန်ဝင်္ကပါအား အတင်းထိုးဖောက်ဝင်ရောက်လာကာ သူ၏ အင်မော်တယ်ဂူမှ ကျောက်တုံးများကို ဖြတ်၍ ဆေးပေါင်းဖိုထဲသို့ ကျရောက်သွားလေသည်။
လျှပ်စီးသည် အင်မော်တယ်ဂူ အတွင်းတွင် တဖျစ်ဖျစ်မြည်နေကာ ပိုင်ရှောင်ချန်း၏ ကျယ်လောင်သော ရီသံပါ ရောနှောလျက်ရှိသည်။ လျှပ်စီးအရောင်
လွင့်ပျယ်မှေးမှိန် သွားပြီးနောက်တွင် သူသည်ဆေး
ပေါင်းဖိုထံသို့ စိတ်လှုပ်ရှားစွာ ကမူးရှူးထိုးပြေးတော့
သည်။
ကံဆိုးစွာပင် အတွင်း၌ ကျပ်ခိုးအချို့နှင့် မီးခိုးငွေ့ အစအနေလောက်သာ ကျန်ရှိလေသည်။
“မိုးကြိုးပန်းချောင်း အရမ်းများသွားတာလား!” ဟူ၍တွေးလိုက်ကာ သူ၏ဆံပင်စုတ်ဖွားကို ဆွဲဖွလိုက်ရာ ရူးကြောင်ကြောင် သိပ္ပံပညာရှင်နှင့် တူသွားတော့သည်။ ထိုအရာနှင့်အတူ သူသည် နောက်ထပ်ဆေးပင်များအား ပြုလုပ်ကာ ပါဝင်ပစ္စည်းများအား စတင်ပြင်ဆင်လိုက်လေသည်။
မွှေးရနံ့တိမ်တောင် ဂိုဏ်းသားအနည်းငယ်သည် လျှပ်စီးအားမြင်လိုက်ရကာ ပိုင်ရှောင်ချန်း၏ အင်မော်
တယ်ဂူသို့ကျသွားဟန်တူသည်ကို သတိပြုလိုက်မိကြ သည်။
“အင်း.....ဘုရားသခင်တောင် ပိုင်ရှောင်ချန်းကို စိတ်ပျက်လာပြီထင်တယ်။”
“ဒီလိုဖြစ်မယ်။ ဘုရားသခင်တွေမှာ မျက်လုံးတွေရှိ တယ်။ လျှပ်စီးက သူ့ကိုအဆုံးသတ်ပေးဖို့လွှတ်လိုက်တာ ထင်တယ်။ ”
လူအများသည် မည်သို့ဖြစ်ပျက်သည်ကို အမျိုးမျိုးတွေးဆကြကာ လူအများစုသည် ပိုင်ရှောင်ချန်း၏ သိသိသာသာ ကံဆိုးမှုအားပျော်ရွှင်မြူးထူးနေကြသည်။ အကြီးအကဲအချို့သည်ပင်လျှင် လျှပ်စီးအားသတိ ပြုမိကြကာ အတော်အံ့အားသင့်သွားကြပေသည်။
“ဆေးဖော်တဲ့အချိန်မှာ မိုးကြိုးနဲ့လျှပ်စီးကို ဆွဲငင် နိုင်တာ ထောင်ထိပ်သခင်လီ တင်ပဲမဟုတ်ဘူးပေါ့။
ဒဏ္ဍာရီအရ အဆင့်၇နဲ့ အထက် စိတ်စွမ်းအင်ဆေးတွေကသာ မိုးကြိုးကို ဆင့်ခေါ် နိုင်တာ။ အခု ပိုင်ရှောင်ချန်း ဘာတွေလုပ်နေတာလဲ။ ”
၃ရက်ကြာပြီးနောက် နေ့ခင်းပိုင်းတွင် ပိုင်ရှောင်ချန်း ၏ဂူအတွင်းမှ ရယ်မောသံထွက်လာလေသည်။ ဆေးပေါင်းဖိုအား ငေးစိုက်ကြည့်လျက် သူ့လက်နှစ်ဖက်ဖြင့် မန္တာန် လက်ကွက်ဖော်လိုက်လေသည်။ စိတ်စွမ်းအားပေါက်ကွဲထွက်လာကာ မြေမီးတောက်သည် အားကောင်းစွာဖြင့် လောင်ကျွမ်းနေလေသည်။ အော်ဟစ်သံနှင့် အတူ ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖို၏ မျက်နှာပြင် အား လက်၂ဖက်လုံးဖြင့် ရိုက်ချလိုက်လေသည်။
" မိုးကြိုးအဆိပ်ဖြေ မှော်ပညာ "
ဆေးပေါင်းဖိုသည် တဂျုံးဂျုံးမြည်လာကာ မွှေးရနံ့တိမ်တောင်၏ ထိပ်ဖျားတွင် တိမ်များစုဝေးလာပြီး ပိုင်ရှောင်ချန်း၏ ဂူဆီသို့ ဦးတည်ကာ မိုးကြိုးတစ်စင်း ပစ်ခွင်းသွားလေသည်။
ဤတစ်ကြိမ်တွင် ဂိုဏ်းသားအများစုသည် အံ့ဩဖွယ်မြင်ကွင်းကို တွေ့လိုက်ကြရသည်။ သူ၏ အင်မော်တယ်ဂူသို့ မိုးကြိုးသွားရိုက်ခတ်ကာ နားအူလောက်သည့် မိုးကြိုးပစ်သံအကျယ်ကြီး ထွက်ပေါ်လာလေသည်။
အတွင်းထဲတွင် ပိုင်ရှောင်ချန်းသည် ဆေးပေါင်းဖိုကို စိတ်လှုပ်ရှားစွာဖြင့် စစ်ဆေးကြည့်ရှုသော်လည်း ဆေးပြားမရှိဘဲ ဆေးအနှစ်အနည်းငယ်နှင့် မီးခိုးများကိုသာ တွေ့ရလေသည်။ အနံ့ကို ရှုကြည့်လိုက်သောအခါ ခေါင်းမှာ ချာချာလည်သွားပြီး အမြင်မှာ ဝေဝါးသွားလေသည်။ နောက်သို့ နှစ်လှမ်း သုံးလှမ်းဆုတ်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်မှ အမြှုပ်အနည်းငယ် စိမ့်ထွက်နေသည်ကို သတိထားမိသွားလေသည်။
" မိုးကြိုးနတ်ဘုရားနွယ်ပင် များသွားပြီ။ " သူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် သတိလစ်ကာ လဲကျသွားတော့သည်။ ၃ရက်ကြာပြီးနောက်တွင် နိုးလာကာ မျက်နှာသစ်၍ ဆေးလုံးအနည်းငယ်ကို စားလိုက်သည်။ ခေါင်းရှင်းပြီးနောက် ဆေးဖော်စပ်ခြင်းကို ပြန်လည် လုပ်ဆောင်တော့သည်။
နောက်ရက်များတွင်လည်း မိုးကြိုးများသည် မွှေးရနံ့တိမ်တောင်ကို ထပ်ခါထပ်ခါ ပစ်ခွင်းနေတော့သည်။ ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို မိုးကြိုးများ ခဏခဏရိုက်ခတ်နေသည်ကို သတိပြုမိသွားသောအခါ အံ့ဩဆွံ့အသွားကြလေသည်။ ဂိုဏ်း အကြီးအကဲများပင်လျှင် အံ့ဩတကြီး ဖြစ်ကြရလေသည်။
သူတို့သည် မိုးကြိုးများကြောင့် နောက်ဆုံးတွင် ပိုင်ရှောင်ချန်း အမှန်တကယ် အသက်ဆုံးသွားမည်လားဟုပင် သံသယဝင်လာကြသည်။
ပိုင်ရှောင်ချန်းသည် သေခြင်းတရားကို အလွန်တရာ ကြောက်ရွံ့သော်လည်း ဆေးဖော်စပ်လိုသည့် စိတ်ဆန္ဒက ပြုစားထားသဖြင့် သေခြင်းတရားကို လုံးဝမေ့လျော့နေခဲ့သည်။ သူသည် တာအိုဆေးပညာထဲတွင် လုံးဝမြှုပ်နှံထားကာ ဖော်စပ်နေသော ဆေးနည်းကို ဆက်တိုက် ထိန်းညှိ၍ သူ၏ မိုးကြိုးအဆိပ်ဖြေ မှော်ပညာကို ပြီးပြည့်စုံစေရန် အဆက်မပြတ်ကြိုးပမ်းလျက်ရှိသည်။
" မိုးကြိုးအဆိပ်ဖြေ မှော်ပညာ "
ဂျိမ်း....
"သေစမ်း .... မိုးကြိုးအဆိပ်ဖြေမှော်ပညာ "
ဂျိမ်းးး....
ထိုသို့ဖြင့် ဂူ၏ အကာအကွယ် မန္တာန်ဝင်္ကပါသည် လုံးလုံးလျားလျားပျက်စီးသွားကာ သုံးမရတော့ပေ။ ထို့အပြင် ပိုင်ရှောင်ချန်းသံကုန်ဟစ်နေသည်ကို လူတိုင်း ကြားနေရသည်။ တဖြည်းဖြည်းနှင့် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်ဆေးများကို အဆိပ်ထုတ်ရန် နည်းလမ်းတစ်ခုကို ကြိုးပမ်းနေသောကြောင့် မိုးကြိုးများ၊လျှပ်စီးများလာနေခြင်းဖြစ်ကြောင်း စကားပျံ့သွားတော့သည်။
ထိုအချက်ကြောင့် ဂိုဏ်းအကြီးအကဲအချို့ပင် အာရုံစိုက်လာကြကာ အနီးကပ် လေ့လာအကဲခတ်နေတော့သည်။
လျှပ်စီးများက ဆက်လက်ကျဆင်းနေဆဲဖြစ်သော်လည်း ထူးဆန်းစွာပင် မည်သူမျှ မနှောင့်ယှက်ကြပေ။
လီချင်းဟောက်ပင်လျှင် တီထွင်ဖန်တီးရာတွင် ပိုင်ရှောင်ချန်း ၏ ကြိုးပမ်းမှုကို သဘောကျသဖြင့် မကြာခဏ လေ့လာအကဲခတ်နေ၏။
ကံဆိုးစွာဖြင့်ပင် ကောင်းသောအရာများသည် ကြာရှည်မခံပေ။ အကြိမ်တစ်ရာခန့် ကြိုးပမ်းပြီးသည့်တိုင်အောင် ပိုင်ရှောင်ချန်းသည် ပြီးပြည့်စုံသည့် ပါဝင်ပစ္စည်းအချိုးကို မရှာနိုင်သေးပေ။ သူသည် အခြားဆေးပင်များကိုပင် အကျိုးသက်ရောက်မှုရှိလေမလားဟူသော မျှော်လင့်ချက်ဖြင့် ထည့်သွင်းလာတော့သည်။ တစ်ညနေတွင် ပိုင်ရှောင်ချန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကောင်းကင်တွင် လျှပ်စီးများ ပြိုးပြက်လက်နေတော့သည်။ ဤတစ်ကြိမ်တွင် ကျဆင်းလာသည်မှာ မိုးကြိုးတစ်စင်းတည်း မဟုတ်ဘဲ ဆယ်စင်းဖြစ်လေသည်။
ထူးဆန်းစွာဖြင့်ပင် ပိုင်ရှောင်ချန်း၏ နေရာသို့ မိုးကြိုးတစ်ခုတည်းသာ ကျဆင်းလေသည်။ ကျန်မိုးကြိုးများသည် မွှေးရနံ့တိမ်တောင်ပေါ် ရှိ အခြားနေရာများသို့ ကျရောက်သွားလေသည်။
ဂျိမ်းးးး
ကျရောက်လာသော မိုးကြိုးအရေအတွက်ကို စဥ်းစားကြည့်လျှင် တစ်တောင်လုံးမှ ကြောက်လန့်တကြားအော်သံများ ထွက်ပေါ်လာသည်မှာ အံ့ဩစရာမရှိချေ။ မွှေးရနံ့တိမ်တောင်သည် တစ်ဖန်ပြန်၍ အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ ကျိုးရှင်းချီ၏ အင်မော်တယ်ဂူမှာမိုးကြိုးထိသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် မန္တာန် ဝင်္ကပါက ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သည်။ ကျိုးရှင်းချီသည် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူရှိရာဘက်သို့ ဒေါသတကြီးစိုက်ကြည့်ကာ မထိန်းနိုင်တော့ဘဲ အော်ဟစ်ကျိန်ဆဲမိလေသည်။
လီချင်းဟောက်နှင့် မွှေးရနံ့တိမ်တောင်အကြီးအကဲများသည် ဂိုဏ်းသားများကို ဖျောင်းဖျကာ ပြေငြိမ်းစေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာအပေါ်တွင် စိတ်နှစ်ထားနိုင်မှုကို အသိအမှတ်ပြုရပေမည်။
သို့ရာတွင် ပိုင်ရှောင်ချန်းမှာ တကယ်ကို အရူးအမူးဖြစ်သွားခဲ့သည်။ နှစ်နာရီခန့် အကြာတွင် ကောင်းကင်တွင် တိမိများပြည့်နှက်လာကာ ဤတစ်ကြိမ်တွင် မိုးကြိုးသွား တစ်ရာနီးပါး မွှေးရနံ့တိမ်တောင်ပေါ်သို့ ကျဆင်းလာလေသည်။
မိုးကြိုးပစ်သံများသည် နေရာတိုင်းတွင် မြည်ဟည်းသွားကာ ပိုမိုများပြားသောဂိုဏ်းသားများသည် ကောင်းကင်သို့ မော့ကြည့်ကာ အသည်းတုန်အောင် ထိတ်လန့်သွားကြသည်။ လူများသည် သူတို့၏ နေအိမ်များဆီသို့ အပြေးသွားကြကာ အပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် မချချင်ကြပေ။ လီချင်းဟောက်နှင့် အကြီးအကဲများပင်လျှင် အံ့ဩဆွံ့အသွားကြလေသည်။
မိုးကြိုးသွားတစ်ရာနီးပါးခန့် မွှေးရနံ့တိမ်တောင်၏ နေရာအမျိုးမျိုးသို့ ပစ်ခွင်းနေသော မြင်ကွင်းသည် တကယ့်ကို တုန်လှုပ်ချောက်ခြားဖွယ်ကောင်းလေသည်။ ကျိုးရှင်းချီ၏ အင်မော်တယ်ဂူမှာ မိုးကြိုး၆စင်း၊၇စင်းခန့် အပစ်ခံရခြင်းမှာ ပိုင်ရှောင်ချန်း၏ ဂူနှင့်နီးကပ်ခြင်းကြောင့် ဖြစ်နိုင်သည်။ သူမ၏ ဂူတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားကာ မန္တာန်ဝင်္ကပါသည် သိသိသာသာပင် ပုံပျက်ပန်းပျက်ဖြစ်သွားလေသည်။
ထိုမျှနှင့် မပြီးသေးပေ။ အမွှေးတိုင်တစ်ဝက်ခန့်ကုန်ဆုံးသွားချိန်တွင် ကောင်းကင်တွင် တိမ်များထွက်ပေါ်လာရာ အားလုံးသည် နောက်တစ်ကြိမ်ထပ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြတော့သည်။ ဤတစ်ကြိမ်တွင် မိုးကြိုးသွား ရာပေါင်းများစွာ ဖြစ်ပေါ်နေသည်ကို တွေ့နိုင်ပေသည်။
၎င်းတို့မွှေးရနံ့တိမ်တောင်ပေါ်သို့ ကျရောက်သွားသောအခါ အင်မော်တယ်ဂူအားလုံး တုန်ခါသွားပြီး အခြားနေရာအတော်များများလည်း ဆိုးရွားစွာ ပျက်စီးသွားကြလေသည်။ ပိုင်ရှောင်ချန်း၏ ဂူမှာမူ လုံးဝပျက်စီးလုနီးပါးဖြစ်သွားလေသည်။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ကျိုးရှင်းချီ၏ ဂူကို မိုးကြိုးပေါင်း ငါးဆယ်ကျော် ရိုက်ခတ်သွားခြင်းဖြစ်သည်။ မိုးကြိုးများသည် ကောင်းကင်က အပြစ်ပေးခြင်းသည့်အလား ဂူထဲသို့ ထပ်ခါထပ်ခါရိုက်ခတ်နေသည်။ ဂူက ပြိုကျလာပြီး ဂူအတွင်းမှ ကျိုးရှင်းချီ ထွက်လာရတော့သည်။
သူမ၏ မျက်နှာမှာ ဖြူလျော်နေကာ အဝေးသို့ ပြေးထွက်လာခဲ့သည်။ သူမ၏ အင်မော်တယ်ဂူ ဖြစ်ခဲ့သော အပျက်အစီးပုံကြီးကို ပြန်လှည့်ကြည့်ကာ အော်လိုက်သည်။
" ပိုင်ရှောင်ချန်း "
တစ်ပုံစံတည်းကြုံတွေ့ခဲ့ရသော အခြားအတွင်းစည်းဂိုဏ်းသားအနည်းငယ်လည်း ရှိပေသည်။ သူတို့၏ အင်မော်တယ်ဂူများ ပျက်စီးသွားကြကာ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူဆီသို့ တဟုန်ထိုးပြေးလာကြကာ မည်သို့ပင်ဖြစ်စေ ချက်ချင်း ကျေအေးပေးကြမည် မဟုတ်ပေ။ သို့ရာတွင် တချိန်တည်းမှာပင် တိမ်များသည် လှုပ်ရှားလျက်အပေါ်သို့တက်သွားပြီး ယခင်ကထက်ပို၍ထူထပ်လာကာ ပြင်းထန်သော ဖိအားတစ်ခုဖြင့် အောက်ရှိ အရာအားလုံးအပေါ်သို့ သက်ရောက်နေသည်။ ကျိုးရှင်းချီ၏ နှလုံးများခုန်လာကာ မျက်နှာပျက်သွားလေသည်။ ပိုင်ရှောင်ချန်းနှင့် ရန်ပွဲနွှဲရန် လာခဲ့သော ဂိုဏ်းသားများမှာ ထိတ်လန့်သွားကြကာ သိသာစွာ တုန်လှုပ်သွားကြလေသည်။
ခရမ်းဒယ်အိုးတောင်နှင့် မြစိမ်းတောင်တို့မှ တောင်ထိပ်သခင်များပင်လျှင် တိမ်တိုက်များကို သတိပြုမိကာ မျက်လုံးများ ပြူးသွားကြသည်။ ဂိုဏ်းခေါင်းဆောင်ကျိန်းယွမ်သုန်သည်လည်း အဝေးကိုကြည့်ကာ ခေါင်းကျိန်းသွားလေသည်။
တိမ်များထဲတွင် မိုးကြိုးလျှပ်စီးပေါင်းတစ်ထောင်ကျော်ခန့်ကို ကြောက်မက်ဖွယ်ကောင်းစွာ တွေ့မြင်နိုင်သည်။
" အဲ..အဲဒါတွေက မွှေးရနံ့တိမ်တောင်ကို ဖျက်ဆီးတော့မှာပဲ "
" ပိုင်ရှောင်ချန်း "
" ဘုရားရေ ... သူအဲ့မှာ ဘာတွေလုပ်နေတာလဲ။ ယုံတောင် မယုံနိုင်ဘူး...မိုးကြိုးလျှပ်စီးတွေ အများကြီးပဲ "
" ငါတို့တော့ အတိုက်ခိုက်ခံနေရပြီ။ ငါတို့တော့ အတိုက်ခိုက်ခံနေရပြီ " မွှေးရနံ့တိမ်တောင်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ကြောက်လန့်တကြားအော်သံများ၊ သတိပေးသံများ ဆူညံသွားလေသည်။
အပြင်စည်းဂိုဏ်းသားများရော၊ အတွင်းစည်းဂိုဏ်းသားများပါ ဖင်တုန်အောင် ကြောက်လန့်နေကြတော့သည်။
ပိုင်ရှောင်ချန်းသည် အရာအားလုံးကို လျစ်လျူရှုထားကာ မည်သို့ဖြစ်ပျက်နေသည်ကိုပင် သတိမထားမိချေ။ မျက်လုံးများနီရဲကာ ဆေးပေါင်းဖိုကို ခဏမျှ စိုက်ကြည့်နေပြီး အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် ပုတ်လိုက်လေသည်။
" မိုးကြိုးအဆိပ်ဖြေ မှော်ပညာ "
ဂျိမ်း....