ဟူတောင်ကြီးအနီးရှိ ရွာလေးတစ်ရွာမှ ပိုင်ရှောင်ချန်းဆိုသော လူငယ်လေးတစ်ယောက်သည် မိဘနှစ်ပါး နာမကျန်းဖြစ်လျက် သေဆုံးသွားရသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။ မိဘနှစ်ပါး မသေဆုံးခင် ဘဝကို ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ရှည်စွာနေရန် မှာကြားထားခဲ့မှုကြောင့် သူသည် စိတ်ညစ်မှုများကို ချုပ်တည်းကာ ဘဝကို ခပ်ပေါ့ပေါ့ဖြတ်သန်းနေခဲ့သည်။ တစ်နေ့တွင် ဘိုးဘွားအမွေဖြစ်သော အမွှေးတိုင်ကို တောင်ထိပ်တွင် ထွန်းလိုက်ရာမှ တန်ခိုးရှင်တစ်ယောက်နှင့် တွေ့ဆုံပြီး ဂိုဏ်းကြီးတစ်ဂိုဏ်းသို့ ရောက်သွားသောအခါ... တောတွင်းဥပဒေကြီးစိုးနေသော ကျင့်ကြံခြင်းလောကကြီးမှ ထာဝရအသက်ရှည်လိုသော သူ့အိပ်မက်နောက်သို့ တရှိုက်မတ်မတ် လိုက်ပါနိုင်မလား။ တလွဲတွေလုပ်တတ်တဲ့ သူက ကျင့်ကြံခြင်းလောကကြီးမှာ မည်သည့် အလွဲပေါင်းများစွာနှင့် ကြုံတွေ့ရလိမ့်မည်နည်း။ သမုဒ္ဒရာတွေကို ဖန်ဆင်းချင်တဲ့ စိတ်ဆန္ဒ။ ကောင်းကင်ကြီးကို စေစားချင်တဲ့ စိတ်ဆန္ဒ။ မိစ္ဆာတွေကို နှိမ်နင်းချင်တဲ့ စိတ်ဆန္ဒ။ မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေကို သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒ။ ငါ့ရဲ့ စိတ်ဆန္ဒကတော့ ... ထာဝရပဲ။

