← Chapters

ဝိညာဥ်

Vol. 7 Ch. 694

ဝိညာဥ်

Vol. 7 Ch. 694

ဝိညာဥ်ရေနွေးအိုးထဲရှိ လူတိုင်းမှာ အလွန်တရာ စိုးရိမ်သောကရောက်နေကြသည်။ ဤအချိန်တွင် သူတို့အားလုံး ပိုင်ရှောင်ချန်း မည်မျှစွမ်းအားကြီးကြောင်း သတိပြုမိပြီးဖြစ်သည့်တိုင် သူ့ကို ရင်ဆိုင်ရန်မှတစ်ပါး အခြားရွေးစရာမရှိပေ။ သူတို့က ဝိညာဥ်ရေနွေးအိုးထဲမှ အဆောတလျင် မထွက်ခွာသွားနိုင်သည် မဟုတ်ပါလော။ သူတို့မှာ ကုန်းစွန်းရီနှင့် အခြားသူများ၏ အမိန့်များအတိုင်း ပိုင်ရှောင်ချန်းကို ခြေရာခံရုံသာ ရှိတော့သည်။

သူတို့၏ အဓိကမျှော်လင့်ချက်မှာ ပိုင်ဟောက်ကိုရှာ၍ သူ့ကိုဝိုင်းကာ အတူတကွပေါင်းတိုက်ကြရန်ဖြစ်သောကြောင့် အံတင်းတင်းကြိတ်လျက် တစ်နေရာပြီးတစ်နေရာ ဆက်လက်ရှာဖွေနေကြသည်။

သရဲဘုရင်သစ်ခွပန်းသည် လျင်မြန်စွာ ပွင့်နေသည်ဖြစ်ပြီး ထိုသည်သာလျှင် နောက်ဆုံးတွင် သူတို့ အနိုင်ယူရမည့် မျှော်လင့်ချက်ဖြစ်သည်။

လူတိုင်း သူ့ကို ပိုက်စိတ်တိုက်ရှာနေစဥ် ပိုင်ရှောင်ချန်းသည် တောင်နှစ်လုံးကြားရှိ တောင်ကြားတစ်နေရာတွင် ဘဝင်မြင့်စွာ ရင်ကော့လျက် သူ့ရှေ့တွင် ဒူးထောက်ထိုင်နေကြကာ သူ့ကို ဒေါသတကြီးစိုက်ကြည့်နေကြသည့် လက်ရွေးစင်သုံးဆယ်ခန့်ကို ကြည့်နေလေသည်။ သူက သူတို့၏ ကျင့်ကြံခြင်းအခြေခံများနှင့် ခြေလက်များကို ချုပ်နှောင်ထားသဖြင့် သူတို့မှာ သူ့ကို ကြောက်စရာကောင်းစွာ ကြည့်နေရုံမှတစ်ပါး တခြားမလုပ်နိုင်ကြပေ။

" မင်းဒီလောက်သတ္တိရှိရင် ငါ့ကို သတ်သာ ပစ်လိုက်ကွာ "

"ဟမ့်၊ မင်းဘာသာမင်း ကောင်းကင်အဆင့်ကပ်ဘေးကြီးကို ယူလာနိုင်ပါစေကွာ။ ပိုင်ဟောက်ရေ၊ သရဲကြီးဘုရင်တောင် မင်းကို အန္တရာယ်ကင်းအောင်ထားနိုင်မှာမဟုတ်ဘူးကွ "

ကျိုးဒုံရှန်နှင့် နတ်ဝံပုလွေလေး၏ မျက်လုံးများသည် အလွန်တရာ နီရဲနေသည်။ အကြည့်ကသာ လူသတ်နိုင်ပါက သူတို့၏မျက်လုံးများကြောင့် ပိုင်ရှောင်ချန်း၏ အရိုးများပင် ပြာကျသွားလောက်ချေပြီ။

" ငါ့ကို ခြောက်နေတယ်လား။ မင်းတို့ကောင်တွေ နေနှင့်ဦးပေါ့ကွာ"

လူသုံးဆယ်အဖွဲ့ကို စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် သူက ဂုဏ်ယူဝင့်ကြွားစွာ အိတ်ကို ပုတ်၍ ထာဝရထီးကို ထုတ်လိုက်သည်။ ထို့နောက် သူက အခြားသူများထက် ပို၍ ခြိမ်းခြောက်သည့်ေလသံဖြစ်နေသော လူငယ်တစ်ယောက်ထံ လျှောက်သွားလိုက်သည်။

ရုတ်တရက် လန့်ဖျပ်သွားသော အနှီလူငယ်က ပိုင်ရှောင်ချန်းကို ဒေါသတကြီးကြည့်ပြီး ပြော၏။

" မင်း၊ မင်း အဲဒါနဲ့ ဘာလုပ်မလို့ တွေးနေတာတုံး "

" အာ၊ ဘာရယ်မဟုတ်ပါဘူး ။ ငါကျင့်နေတဲ့ ပညာရပ်က သက်စောင့်အား လိုတယ်လေ။ ဒီတော့ မင်းဆီက နည်းနည်းလောက် ချေးမလို့ "

သူက လည်ချောင်းရှင်းလိုက်သည့်တိုင် တခဏလေးပင် တုံ့ဆိုင်းမနေဘဲ သူက..... ထာဝရထီးနက်ကို လူငယ်၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်သည်။

လူငယ်၏ သွေးပျက်ဖွယ် စူးစူးဝါးဝါးအော်ဟစ်သံများကြောင့် ကျန်လက်ရွေးစင်များ၏ မျက်နှာများတွင် ခံစားချက်မျိုးစုံပေါ်လာတော့သည်။ အများစုမှာ ရင်ခုန်သံမြန်လာတော့သည်။ အံသြတုန်လှုပ်လျက် သူတို့သည် လူငယ်၏ ခန္ဓာကိုယ် သိသာစွာ ပိန်ချုံးလာသည်ကို ကြည့်နေကြသည်။ အသက်ရှူချိန်ဆယ်ကြိမ်ခန့်ကြာသော် သူ၏ဆံပင်များ ဖွေးဖွေးဖြူသွားပြီး သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်ဖြစ်၍ ကျန်ခဲ့တော့သည်။ ဤအချိန်တွင် သူတို့သည် ရင်တဒိန်းဒိန်းခုန်လာပြီး ပိုင်ရှောင်ချန်းကို ကြောက်ရွံထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထာဝရထီးနက်သည် ထူးခြားဆန်းကြယ်သော မကောင်းဆိုးဝါးဆွဲငင်အားတစ်ခုဖြင့် သက်စောင့်အားများအားလုံးကို လောဘတကြီးဝါးမျိုနေသည်။

ထိုသက်စောင့်အားသည် တစ်ဖန် ပိုင်ရှောင်ချန်းကိုယ်ထဲဝင်ရောက်သွားရာ သူ့ စိတ်ထဲတွင် တုန်ခါသွား၏။ လုံလောက်ပြီဟု သူဆုံးဖြတ်လိုက်သောအခါ ထာဝရထီးနက်ကို ပြန်နုတ်ယူလိုက်သည်။ ထို့နောက် သူ့မျက်နှာသည် အတန်ငယ်နီရဲသွားကာ သူက ရှိသမျှလူတိုင်းကို လျစ်လျူရှုပြီး တင်ပျဥ်ခွေထိုင်၍ ထာဝရအပိုင်း၏ လေးဆင့်မြောက် ထာဝရအရိုးကို ကျင့်ကြံအားထုတ်လိုက်သည်။

စောစောက သူ့ကိုယ်ထဲ စီးဝင်လာသော သက်စောင့်အားများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပက်ကြားအက်နေသော မြေကြီးပေါ်သို့ ရေများစိမ့်ဝင်သွားသကဲ့သို့ သူ့အရိုးများထဲ စိမ့်ဝင်သွား၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်၌ သက်သောင့်သက်သာဖြစ်သွားသော အမူအရာကို မြင်လိုက်ရသည်။

မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းက နတ်ဝံပုလွေလေး၊ ကျောက်ဒုံရှန်နှင့် ကျန်လူများအားလုံးကို တအံ့တသြပင့်သက်ရှိုက်မိသွားစေသည်။ စောစောက သက်စောင့်အားများ ကုန်ခမ်းသွားသည့် လူငယ်လေးမှာမူ နောက်ဆုံးထွက်သက်တွင် ပင့်သက်ရှိုက်သွားပုံရသည်။ သူက မသေသေးသော်လည်း သူ၏သက်စောင့်အားများ ဆိုးရွားစွာ ထိခိုက်သွားခဲ့သည်။

" ဘယ်လို မကောင်းဆိုးဝါးကျင့်စဥ်မျိုးကို ပိုင်ဟောက် ကျင့်နေတာတုံး "

" ဘုရားရေ၊ သူက ကျင့်ကြံဖို့အတွက် အဲ့ဒီ့ သက်စောင့်အားတွေကို တိုက်ရိုက် စုပ်ယူလိုက်တယ် "

" သူ ငါတို့ကို ဘာလို့ ပြန်ပေးဆွဲခဲ့လဲ ငါသိပြီ။ သူရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အပံ့အဖြစ် ငါတို့ကို သုံးချဖို့ပဲ "

လူတိုင်း ကြောက်လန့်တုန်ရီနေကြစဥ် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဖျပ်ခနဲပွင့်လာပြီး ထိုမျက်လုံးများသည် စိတ်ဓာတ်အားမာန်များ၊ ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် တလက်လက်တောက်ပနေလေသည်။

" ဟားဟားဟား ငါထင်ထားတဲ့အတိုင်း ကွက်တိပဲ။ ငါ့မှာ သက်စောင့်အား လုံလုံလောက်လောက်ရှိနေသရွေ့ ထာဝရအရိုးကို ကြိုက်သလောက် ကျင့်လို့ရပြီပဲ။ ဟမ်း ။ ဒီကောင်တွေကို ငါမသတ်တော့ဘူး။ သူတို့ရဲ့ သက်စောင့်အားကို စုပ်ယူမယ်။ ပြီးရင်သရဲကြီးဘုရင်ကို ပေးပြီး သူ့ကို ခေါင်းခဲအောင်လုပ်ရမယ် "

သူက ခပ်တိုးတိုးရယ်ရင်း ပျာယာခတ်နေသော လက်ရွေးစင်များကို မျက်လုံးဝေ့ကြည့်လိုက်ပြီး သူတို့တစ်ယောက်မှ မည်သို့မျှမပြောနိုင်မီ ထရပ်လိုက်ပြီး တစ်ယောက်နားတိုးသွားလိုက်သည်။

" ဟို တစ်ယောက်၊ မင်း ငါနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်တယ်နော်။ စိတ်မပူပါနဲ့ မနာပါဘူးကွ "

သူက နားရွက်ချိတ်မတတ် ပြုံံးပြလိုက်ရင်း ထာဝရထီးကို ကြောက်လန့်နေသောလက်ရွေးစင်၏ ရင်ဘတ်ပေါ် ထိုးလိုက်သည်။

မကြာမီ နောက်ဆုံးတွင် သူက ဒုတိယလက်ရွေးစင်မှ တတိယမြောက်ထံ သွားလိုက်ပြီးနောက် စတုတ္ထမြောက်..... ရှိသမျှလူတိုင်းထံမှ သက်စောင့်အားနုတ်ယူရန် ရှစ်နာရီကြာသွားလေသည်။ သူ၏ အရိုးများမှာ သက်စောင့်အားများစွာနှင့် သူ့ကျင့်စဥ်၏ ကျေးဇူးကြောင့် မကြာမီတွင် သူ့ခန္ဓာကိုယ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံနှစ်ခု ပျံနှံ့လာတော့သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီးနောက် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထို့နောက် သူက မျက်လုံးများကို ဖွင့်လိုက်ပြီး မသန့်ရှင်းသော သက်စောင့်အားတစ်ခု စွန့်ထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ အရိုးများသည် ယခင်ထက်ပို၍ ခံနိုင်ရည်ရှိလာလေပြီ။

" ရောစပ်အရိုး ရဲ့ ဒုတိယအဆင့် "

သူ့မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပရွှန်းလက်နေပြီး နောက်အဆင့်ရောက်အောင် မည်သို့လုပ်ရမည်ကို စဥ်းစားလိုက်သည်။ ထိုအခါမှသာလျှင် သူသည် ထာဝရဧကရာဇ်လက်သီးကို အသုံးပြုနိုင်မည်ဖြစ်သည်။

" ထာဝရအရိုးရဲ့ သက်စောင့်အား လိုအပ်ချက်က ကြောက်ခန်းလိလိပါလား။ ဒီလူတွေအကုန်လုံးနဲ့တောင် ငါလုပ်နိုင်လိုက်တာက ဒုတိယအဆင့်ရောက်တာပဲ ရှိသေးတယ်၊ ဟာသပဲ။ ဒါပေမဲ့ အနည်းဆုံး အခုတော့ ဝိညာဥ်ရေနွေးအိုးကိုလာဖို့ ဆုံးဖြတ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ငါသိပြီ။ ဒီနေရာမှာ ဒီလိုလက်ရွေးစင်တွေအားလုံးကိုရလိုက်တာက အဆင့်မြင့်အားတိုးဆေးတစ်ပုံကြီး ရလိုက်သလိုပဲ "

သူက ပိန်လှီနုံးချည့်နေသည့် လက်ရွေးစင်သုံးဆယ်ကို ကြည့်လိုက်ပြီးနောက် အလျင်အမြန် သူ့အိတ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် သူက မြူခိုးများထဲ ပြန်ဝင်သွားသည်။

ပိုင်ရှောင်ချန်းသည် သွားရာလမ်းတစ်လျှောက် သေချာပုန်းကွယ်လျက် သတိကြီးကြီးထား၍ ရှေ့ဆက်သွားနေသည်။ မကြာမီ သူက လက်ရွေးစင်အများစုသည် ငါးယောက်မဟုတ်ဘဲ ဆယ်ယောက်အဖွဲ့ ဖွဲ့ထားကြောင်း သတိပြုမိလိုက်သောကြောင့် မျက်မှောင်ကြုတ်သွားသည်။

ထိုအခြင်းအရာကြောင့် သူ့အနေဖြင့် တိုက်ပွဲကို အလျင်အမြန်အပြီးသတ်နိုင်တော့မည့်ဟန် မတူချေ။ သူသာ အချိန်ကြာမည့်တိုက်ပွဲထဲတွင် လုံးထွေးနေပါက အစပိုင်းတွင်ဖြစ်ပျက်သွားသကဲ့သို့ အဝိုင်းခံလိုက်ရလိမ့်မည်။

" ဟမ့် ဆယ်ယောက်ဖွဲ့လား။ ကောင်းတာပေါ့ ငါသူတို့ကို တိုက်လို့ရသေးတယ်။ ငါ သူတို့အားလုံးကို တစ်ချီတည်းနဲ့ အကုန် မဖမ်းနိုင်ရင် မဖမ်းနိုင်လောက်ပေမယ့် ငါလဲ အလျင်လိုနေတာမှ မဟုတ်တာ။ ဖြေးဖြေးနဲ့ မှန်မှန်ပေါ့ကွာ "

တခဏကြာ အစီအစဥ်ချကာ တွေးလိုက်ပြီးနောက် သူက အေးတိအေးစက်နှာမှုတ်ကာ မြူများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ များမကြာမီ သူ ပစ်မှတ်တွေ့လိုက်လေပြီ။ ယင်းသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ဖုံးကွယ်ရန် မည်သို့မျှ မလုပ်ထားသည့် လက်ရွေးစင်ဆယ်ယောက်တစ်ဖွဲ့ဖြစ်သည်။ လမ်းရှိ အမုန်းဝိညာဥ်များက သူတို့ကို လိုက်လံနှောင့်ယှက်နေသော်လည်း သူတို့က အလွယ်တကူ ကိုင်တွယ်လိုက်သည်။

ပိုင်ရှောင်ချန်း ချဥ်းကပ်သွားစဥ် ဤအဖွဲ့ရှိ လက်ရွေးစင်တစ်ယောက်ကို သတိထားမိလိုက်သဖြင့် သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်။ ထိုလူသည်ကား.....မြောင်လင်းအာပင်။

သူတို့ ထိပ်တိုက်တွေ့ခဲသည့် အတောအတွင်းက သူ၏ဒဏ်ရာကို ပြန်ထလာစေသော သူမ အသုံးပြုခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှော်သိုင်းကို မှတ်မိလိုက်သည်။။ ထိုအတွက်ကြောင့် ကျိုးဟုန်က သူ့ကို အန္တရာယ်များသော တိုက်ကွက်ဖြင့် တိုက်ခိုက်ခွင့်ရသွားခဲ့ရာ သူ၏ထိခိုက်ဒဏ်ရာများ ရုတ်တရက် ပြင်းထန်သွားခဲ့ရသည်။

" ဘယ်လောက်ရက်စက်တဲ့ မိန်းမဆိုးကြီးလဲ။ အခုလက်ရှိငါ့ရုပ်က ငါ့တကယ့်ရုပ်ရည်ကို မယှဥ်နိုင်ပေမယ့် ချောပါသေးတယ်။ သူ့ကို ဘာမှလဲ မလုပ်ဖူးပဲနဲ့ အသားလွတ်ကြီး အငြိုးနဲ့လာတိုက်တယ် "

သူက မျက်လုံးများ ကျဥ်းမြောင်းရင်း မြောင်လင်းအာကို အတန်ငယ်နီးကပ်စွာ ကြည့်လိုက်သည်။ ထို့နောက် တွက်ချက်မှုအနည်းငယ်လုပ်ပြီးသော် သူ၏ မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပလာတော့သည်။ သူက တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ သူထုတ်နိုင်သမျှ အရှိန်ကုန်ထုတ်၍ လှစ်ခနဲလှုပ်ရှားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အလင်းတန်းတစ်ခုဖြစ်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းဖြင့် နီးကပ်နေသည့် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် တဟုန်ထိုးဦးတည်သွားသည်။ မည်သူမျှ မတုံ့ပြန်နိုင်လိုက်ခင် သူသည် မြောင်လင်းအာပါသည့် အဖွဲ့အပေါ်တည့်တည်သို့ ရောက်သွားပြီး လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။

ထိုလက်သီးချက်သည် လေပြင်းမုန်တိုင်းတစ်ခုဖြစ်သွားပြီး အဖွဲ့ပေါ်သို့ အတားအဆီးကင်းမဲ့စွာ ကျရောက်သွား၏။ မြောင်လင်းအာနှင် အခြားလက်ရွေးစင်များမှာ ပိုင်ရှောင်ချန်းကို မြင်လိုက်ရသဖြင့် အမူအရာများ ပြောင်းလဲသွား၏။ တချို့က သွေးပင်အန်လိုက်ကြသည်။ သို့သော် သူတို့အားလုံးက သတ်မှတ်ထားသော အရပ်မျက်နှာများသို့ ချက်ချင်း ဖြန့်လိုက်ကြသည်။ မြောင်လင်းအာကမူ ခပ်တိုးတိုးရယ်လိုက်ပြီး ပြောသည်။

" နင် ထောက်ချောက်ထဲကျသွားပြီ ပိုင်ဟောက်။ လူတိုင်း နေရာယူကြ "

ဝိုင်းထားကြသော လက်ရွေးစင်များ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းများ လက်သွား၏။ တချိန်တည်းမှာပင် သူတို့အားလုံးထံမှ မှော်သင်္ကတကများ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသင်္ကေတများအားလုံးသည် အတူတကွချိတ်ဆက်၍ မန္တန်ဝင်္ကပါတစ်ခုဖြစ်သွားသည်။

သူတို့၏ ပတ်ပတ်လည် မီတာသုံးရာတွင် ထစ်ခြုန်းသံများပြည့်နှက်သွားပြီး အကျဥ်းထောင်တစ်ခုကဲ့သို့အရာကို ဖန်တီးလိုက်ကာ ပိုင်ရှောင်ချန်းကို လုံးဝပိတ်လှောင်လိုက်လေသည်။

ဤသည်မှာ ကုန်းစွန်းရီနှင့် အခြားထိပ်တန်းလက်ရွေးစင်များ ကြံစည်ထားသည့် လျှို့ဝှက်အစီအစဥ်ဖြစ်သည်။ မြူများ၏ အပြင်ဘက်တွင် အဖွဲ့များအားလုံးသည် ပိုင်ရှောင်ချန်း မျက်နှာပေါ်လာပါက ချက်ချင်း မန္တန်ဝင်္ကဝါကို ဖန်တီးရန် ပြင်ဆင်နေခဲ့ကြသည်။

ပိုင်ရှောင်ချန်း မန္တန်ဝင်္ကပါထဲတွင် ပိတ်မိသွားသည်နှင့်တစ်ပြိုင်နက် ကုန်းစွန်းရီ၊ ကျိုးဟုန်နှင့် ရွှီရှန်တို့ထံ သတင်းပို့လိုက်ရာ အကုန်လုံး ထိုနေရာသို့ အလောတကြီးလာနေကြသည်။

ကျိုးဟုန်သည် အနီးဆုံးဖြစ်ပြီး သူနှင့်အတူ လူသုံးယောက်ရှိပြီး တစ်ယောက်သည် လီထျန်ရှန်ဖြစ်သည်။ သူတို့ထုတ်ဖော်နိုင်သည့် အမြန်နှုန်းကို စဥ်းစားလိုက်ပါက ပိုင်ရှောင်ချန်း အဖမ်းခံလိုက်ရသည့်နေရာသို့ ရောက်ရန် အသက်ရှူချိန်ဆယ်ကြိမ်သာကြာမည်ဖြစ်သည်။

လက်ရွေးစင်များအားလုံး ပိုင်ရှောင်ချန်းထံ အမြန်ဆုံးအရှိန်နှင့် အပြေးအလွှားလာနေကြသောကြောင့် စိုးရိမ်ဖွယ်ရာ အပြောင်းအလဲများ ဝိညာဥ်ရေနွေးအိုးထဲတွင် ဖြစ်ပျက်နေသည်။

မြောင်လင်းအာ၏ ရယ်သံ ပဲ့တင်ထပ်နေစဥ် သူမ၏ မျက်နှာသည် ရုတ်တရက် ဖြူလျော့သွားပြီး သူမ၏ မျက်လုံးများပြူးကျယ်သွား၏။ ပိုင်ရှောင်ချန်းသည် မန္တန်ဝင်္ကပါ၏အလယ်တည့်တည့်တွင် ရောက်နေသည့်တိုင် သူက လုံးဝပျာယာခတ်နေပုံမရပေ။ အမှန်တွင် သူ၏ မျက်လုံးများထဲ၌ လုံးဝအရေးစိုက်သည့်အရိပ်အယောင်များပင် ရှိနေသည်။ မြောင်လင်းအာထံ ဦးတည်၍ သူက ထာဝရပြုစားခြင်းသိုင်းကို လျင်မြန်စွာ အသုံးပြုလိုက်၏။

ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး သူသည် မန္တန်ဝင်္ကပါအတွင်းမှ ပျောက်ကွယ်သွားကာ သူမရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။

" မဖြစ်နိုင်တာ "

မြောင်လင်းအာ၏ မျက်နှာပျက်သွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်သို့မျှ မလုပ်နိုင်မီ ပိုင်ရှောင်ချန်းက တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ သူမထံ တိုးဝင်သွားသည်။ ရှေးဆိုရိုးတစ်ခုထဲတွင် “ အားနွဲ့သော အမျိုးသမီးများကို နူးညံ့ကြင်နာစွာ ဆက်ဆံရမည် “ ဟု ဆိုထားသော်လည်း သူ၏အပြုအမူတွင် ထိုကဲ့သို့အခြင်းအရာ တစ်ခုမှ မပါပေ။ သူက ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်ဖြစ်၍ သူမ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံက ချက်ချင်း ပရမ်းပတာဖြစ်သွားပြီး သူမ၏အရိုးများစွာ ကျိုးကြေသွားသည်။ သူမ၏ ယင်ယန်ဝိညာဥ်က အပြင်သို့ထွက်လာတော့မည့်နီးပါးဖြစ်သွားသည်။ သူမက ထွက်ပြေးရန် မစဥ်းစားနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူမ၏လက်မောင်းကို လှမ်း၍ ဆွဲယူလိုက်ကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ကျင့်ကြခြင်းအခြေခံစွမ်းအားများ ပို့လွှတ်လိုက်ပြီး သူမကိုချုပ်နှောင်လိုက်သည်။

ထိုအဖြစ်အပျက်များအားလုံးသည် မီးတစ်ခတ်အချိန်အတွင်း ဖြစ်ပျက်သွား၏။ မြောင်လင်းအာ အဖမ်းခံလိုက်ရသည့်အဖြစ်က ဝိုင်းလျက်ရှိနေသော ကျန်လက်ရွေးစင်များ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးလိုက်ပြီး အပြေးအလွှားလာနေကြသော ကျိုးဟုန်နှင့် အခြားသူများပင်လျှင် လုံးဝ အံသြတုန်လှုပ်သွားကြတော့သည်။

ပတ်ပတ်လည်မြူများအတွင်းရှိ အမုန်းဝိညာဥ်အများစုသည် လန့်ဖျပ်သွားကြပြီးနောက် သူတို့၏ သွေးဆာနေသော လောဘကြီးသည့် မျက်လုံးများက အနီးနားရှိ လက်ရွေးစင်များထံ လှည့်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အလွန်တရာဂုဏ်ယူနေနေပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော မြောင်လင်းအာကို ယူ၍ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဥ် ထိုနေရာရှိ ဝိညာဥ်အုပ်ကြီးအတွင်းမှ အမုန်းဝိညာဥ်တစ်ကောင်ပေါ်သို့ သူ၏မျက်လုံးများ ကျရောက်သွား၏။

သူ့မျက်နှာပေါ်တွင် လုံးဝမယုံကြည်နိုင်ဖြစ်နေဟန်များ ထွက်ပေါ်လာပြီး တဆတ်ဆတ်တုန်ယင်လျက် တုန့်ခနဲရပ်သွားသည်။ မိုးကြိုးပေါင်းမြောက်များစွာ ပစ်ချခံလိုက်ရသည့်အလား သူ ခံစားလိုက်ရသည်။

ဤအမုန်းဝိညာဥ်သည် ၄င်း၏မူရင်း သက်ရှိလူနှင့် အတန်ငယ်ကွဲပြားနေသည့်တိုင် မည်သူဖြစ်ကြောင်း အလွယ်တကူ ပြောနိုင်သည်။ထို့အပြင် ၄င်းသည် ပိုင်ရှောင်ချန်း အလွန်ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်ဖြစ်သည်။

သူသည် နာမည်ကို အကျယ်ကြီးမအော်မိစေရန် မနည်းထိန်းချုပ်ထားလိုက်ရ၏။

" ပိုင်ဟောက် "

All Chapters