← Chapters

ပြောင်းလဲမှုများ

Vol. 7 Ch. 682

ပြောင်းလဲမှုများ

Vol. 7 Ch. 682

ပိုင်ရှောင်ချန်းက ပိုင်မျိုးနွယ်စုဝင်များကို လက်ညှိုးထိုးလိုက်၏။ အရန်သွေးမျိုးဆက်အဖွဲ့ဝင်များကို မဟုတ်ဘဲ ဝိုင်းလျက်ရှိသော ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များဆီသို့ ဖြစ်သည်။

သူ လက်ညှိုးထိုးလိုက်သည့်အသွင်က မိုးကြိုးပစ်ချလိုက်သည့်အလား။ သူက စကားတစ်ခွန်းမပြော၊ အထူးတလည်ပြုမူနေခြင်းလည်း မဟုတ်ပါဘဲ လက်ညှိုးကလေး ထိုးလိုက်ခြင်းသာ ဖြစ်သည်။

ချန်ဟိုင်သည် သူ့ဘေးတွင် တချိန်လုံး ရပ်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းက လက်ညှိုးထိုးလိုက်သည်နှင့် သူ၏သတ်ဖြတ်လိုစိတ်များ တဟုန်ထိုးမြင့်တက်လာတော့သည်။

" ကြီးကျယ် မြင့်မြတ်တဲ့ အမှုဆောင်ချုပ် အမိန့်အတိုင်း လုပ်ကြစမ်း "

ချန်ဟိုင် စကားပြောလိုက်စဥ် သူ့အသံမှာ လူသတ်လိုစိတ်များ ပါဝင်နေသည့်အလား။ တချိန်တည်းမှာပင် သူက ပိုင်မျိုးနွယ်စုဝင်များထံ ဝုန်းခနဲ ဝင်ရောက်သွား၏။

သူ့နောက်တွင် ကျင့်ကြံသူတစ်သောင်းသည် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေရင်း နောက်က လိုက်သွားကြသည်။

သူတို့အနက် ယင်ယန်ဝိညာဥ်ပညာရှင်ဒါဇင်များစွာ အပြင် မရေမတွက်နိုင်သော အောက်လမ်းဆရာများလည်း ရှိသည်။ အလွန်အန္တရာယ်များသော ကျင့်ကြံသူတပ်ကြီးသည် ပိုင်မျိုးနွယ်စုပေါ်သို့ ဆင်းသက်လာကြသည်။

ပြင်းထန်သောတိုက်ပွဲတစ်ခု ချက်ချင်းဖြစ်ပေါ်လာပြီး ထိုအဖြစ်အပျက်အတွက် မျိုးနွယ်စုရှိလူတိုင်း ပြင်ဆင်ထားကြသည့်တိုင် ထိုကဲ့သို့လည်း မမျှော်လင့်ထားပေ။ ချက်ချင်းပင် သွေးမိုးများ တဖွားဖွား ရွာကျလာတော့သည်။

" ပိုင်ဟောက် ခွေးမသား "

မျိုးနွယ်စုခေါင်းဆောင်က မျက်လုံးများနီရဲနေရင်း ဟိန်းဟောက်လိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ သနားညှာတာမှုပင် မပြသဘဲ ဤကဲ့သို့ အလွန်ရိုးရှင်းစွာ ဖြစ်ပျက်သွားမည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။ သူကား ပိုင်ဟောက်၏ဖခင်ဖြစ်သည် မဟုတ်ပါလော။

အစက သူသည် မှားခဲ့ကြောင်းဝန်ခံပြီး စကားနည်းနည်းပါးပါးပြောရန် မျှော်လင့်ထားခဲ့သည်။ သူက ပိုင်ဟောက်သည် မျိုးနွယ်စုဝင်ဖြစ်လေရာ မျိုးနွယ်စု၏အနာဂတ်အတွက် အတိတ်ကို အတိတ်မှာပဲ ထားခဲ့သင့်ကြောင်း နားချရန် မျှော်လင့်ထားခဲ့သည်။ အမှန်တကယ်တော့ အစကတည်းက နောင်ကျလျှင် ကလဲ့စားပြန်ချေရန်လည်း သူ ကြံစည်ထားခဲ့သည်။ သို့သော် ယခုတွင်..... သူ၏အကြံအစည်အားလုံးကား..... သဲထဲရေသွန်သကဲ့သို့ အချည်းနှီးဖြစ်သွားရချေပြီ။

ချန်ဟိုင်နှင့် သူ့လူများ တိုက်ခိုက်နေကြသဖြင့် တဝုန်းဝုန်း မြည်ဟည်းနေတော့သည်။ အော်ဟစ်သံများနှင့်အတူ အသနားခံသံများလည်း ဆူညံလာသည်။ ထိုအသံများက ပိုင်ရှောင်ချန်းဆီရောက်လာသော်လည်း သူက ခန့်မှန်းရခက်သောအမူအရာဖြင့် ကောင်းကင်ကိုသာ မော့ကြည့်နေသည်။ ဤနေရာတွင် လီချင်းဟောက်သော်လည်းကောင်း၊ သူ၏ဂိုဏ်းခေါင်းဆောင်အစ်ကိုကြီးသော်လည်းကောင်း သူ့ကို မြင်လိုက်ပါက အံသြတုန်လှုပ်သွားကြမည်ဖြစ်သည်။ ဤသည်မှာ အတိတ်ကပိုင်ရှောင်ချန်းနှင့် အလွန်ကွဲပြားနေသော ပိုင်ရှောင်ချန်းပင် ဖြစ်သည်။

သူ၏ ပင်ကိုယ်စရိုက်က မပြောင်းလဲခဲ့သော်လည်း သူ၏ပြဿနာဖြေရှင်းနည်းဗျူဟာတို့က ပြောင်းလဲသွားခဲ့လေပြီ။

အရန်သွေးမျိုးဆက်အဖွဲ့ဝင်များမှာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့က ကြားဝင်မစွက်ဖက်သည်သာမက ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များကိုလည်း မကူညီကြပေ။ သူတို့က လက်ပိုက်ကြည့်နေကြလေသည်။ မမလေးငါး၊ တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲနှင့် လူတိုင်း အတူတူပင် ဖြစ်သည်။

ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များထံမှ စူးစူးဝါးဝါးအော်ဟစ်သံများဖြင့် ကမ္ဘာပျက်နေသည်။ ပိုင်ရှောင်ချန်းကို အထင်အမြင်သေးကဲ့ရဲ့ခဲ့သည့် အစေခံမိန်းကလေးသည် ရင်ဘတ်တွင် ဓားတစ်ချောင်းစိုက်လျက်ရှိပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပျက်သုဥ်းနေသောအကြည့်ဖြင့် သေသွားသည်။ အစေခံအဘိုးကြီးသည်လည်း ခံစားချက်ကင်းမဲ့နေသည့်မျက်လုံးများဖြင့် မရှုမလှအဆုံးသတ်သွားသည်။

ပိုင်ဟောက်ကို အထင်သေးကဲ့ရဲ့သည့် လူတိုင်း ချန်ဟိုင်နှင့် သူ့လူများကြောင့် သေမင်းလက်အောက်ကျရောက်သွားခဲ့ချေပြီ။ သူတို့မှာ ပြန်လည်၍ မတိုက်ခိုက်နိုင်ခဲ့ပေ။ မျိုးနွယ်စုအပြင်ဘက်တွင် ပိုင်ဟောက်ကို လိုက်ဖမ်းခဲ့သည့် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်အကြီးအကဲများ သို့မဟုတ် သရဲကြီးမြို့တော်တွင် သူ့ကို တိုက်ခိုက်ခဲ့သူများသည် စိတ်ပျက်လက်မှိုင်ကျလျက်ရှိသည်။ အနည်းစုက ပြန်တိုက်ခိုက်ကြသော်လည်း မကြာမီ သွေးများစိုရွှဲလျက် အော်ဟစ်မြည်တမ်းကာ အရပ်မျက်နှာအနှံသို့ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

" မြားတွေပစ် "

ချန်ဟိုင်က သွေးအေးသောအပြုံးဖြင့် ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများစွာသည် ရုတ်တရုတ် မဟာလေးများ ဆွဲထုတ်လိုက်ကြပြီး အချိန်အနည်းငယ်အတွင်း မြားတိမ်တိုက်ကြီးက လေကို ထိုးခွင်းသွားတော့သည်။ ထို့နောက် ထွက်ပြေးနေကြသည့် မျိုးနွယ်စုအကြီးအကဲများထံမှ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားတော့သည်။

ထိုအခြင်းအရာကို ပိုင်ရှောင်ချန်းက ကြည့်မနေပေ။ ထိုအစား သူက မလှုပ်မယှက် အမူအရာကင်းမဲ့လျက် ကောင်းကင်ကို မော့ကြည့်နေသည်။

အမှန်တရားရေးရာခန်းမမှ မဟာအကြီးအကဲသည် ချန်ဟိုင်နှင့် သူ့လူများ၏ အသတ်ခံလိုက်ရခြင်းကြောင့် သူ့မျက်နှာပေါ်တွင် ခါးသက်သက်အပြုံးတစ်ခုဖြင့် သေသွား၏။ မကြာမီ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သာ ရပ်ကျန်ခဲ့သည်။

သူက စိတ်ပျက်အားငယ်မှုများပြည့်နှက်နေသည့်မျက်နှာဖြင့် တောင်လိုပုံနေသည့်အလောင်းများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်၏။ သူက ထပ်မံစဥ်းစားမနေတော့ဘဲ အလင်းတန်းအသွင်ဖြင့် ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးဝင်သွားသည်။

" ငါသေရင်တောင် မင်းနဲ့အတူတူသေမယ် ခွေးမသား "

သူက လေကို ခွင်း၍ ပျံသန်းသွားစဥ် မြောက်မြားစွာသော ယင်ယန်ဝိညာဥ်ရှင်များက သူ့ကို ဝင်တားလိုက်ကြရာ မကြာမီ လေထဲတွင် တိုက်ပွဲဖြစ်ပွားတော့သည်။

မျိုးနွယ်စုခေါင်းဆောင်က ပိုင်ရှောင်ချန်းနှင့် မီတာသုံးရာသာ ဝေးတော့သည်အထိ သဲကြီးမဲကြီးတိုက်ခိုက်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေလျက် သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုမီးေတာက်များ တောက်လောင်နေပြီး ရှေ့သို့တက်ရန် ကြိုးစားလိုက်သော်လည်း ပို၍များပြားသော ယင်ယန်ဝိညာဥ်ပညာရှင်များက ဝိုင်းလိုက်ကြသည်။

ဝုန်းးး

တိုက်ပွဲကား ကြမ်းတမ်းပြင်းထန်လေရာ မျိုးနွယ်စုခေါင်းဆောင်သည် မကြာမီ သွေးများအန်လျက် မီတာ ၁၅၀ မျှသာ ဝေးတော့သည့်နေရာတွင် ရပ်နေသည့် ပိုင်ဟောက်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူ တဆတ်ဆတ်တုန်ယင်နေပြီး သူ၏သက်စောင့်အားများ ကုန်လုနီးပါး ဖြစ်နေချေပြီ။ သူ၏ ရင်ဘတ် နစ်ဝင်နေပြီး သူ၏ ယင်ယန်ဝိညာဥ်ပျက်စီးလုနီးပါးဖြစ်နေသည်။ သူ၏မျက်လုံးများက ဝေဝါးလာနေပြီဖြစ်သည်။ သူသည် ဆီကုန်နေသည့် မီးအိမ်ပမာ အသက်ကိုပင် မနည်းရှူနေရသည်။ သို့တိုင်အောင် သူက ပိုင်ရှောင်ချန်းထံ ဒေါသတကြီးလျှောက်လာသေးသည်။

ပိုင်ရှောင်ချန်းက ကောင်းကင်ထက်မှ မျိုးနွယ်စုခေါင်းဆောင်ကိုဖြေးညင်းစွာငုံ့ကြည့်လိုက်သည်။

" သူ့ကို ငါ့ဆီ လွှတ်ပေးလိုက် "

သူကပြောသည်။ ဝိုင်းထားသော ဝိညာဥ်ကျင့်ကြံသူများက ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြပြီး နောက်ဆုတ်လိုက်ပေးလိုက်ကာ မျိုးနွယ်စုခေါင်းဆောင်ကို သွားခွင့်ပေးလိုက်သည်။

ပိုင်ရှောင်ချန်းသည် နောက်ဆုံးထွက်သက်ကို ခဲယဥ်းပင်ပန်းစွာ ရှူရှိုက်နေရသည့် ပိုင်ဟောက်၏ ပုံရိပ်အား သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် မြှပ်နှံလိုက်သည်။ ထို့နောက် သူက တဆတ်ဆတ်တုန်၍ ဒေါသထွက်နေသော မျိုးနွယ်စုအကြီးအကဲကို အာရုံစိုက်လိုက်သည်။

" ခင်ဗျား နောင်တရပြီလား " ပိုင်ရှောင်ချန်းက ညင်သာစွာ ဆို၏။

" ပိုင်ဟောက်ကလဲ ခင်ဗျားရဲ့ အသွေးအသား၊ ခင်ဗျားရဲ့သားပါ "

" အေး။ ငါ မင်းအမေကို မြန်မြန်သေခိုင်းလိုက်တာ နောင်တရတယ်။ ငါသူ့ကို အော်ဟစ်နာကျင်ပြီးသေခိုင်းသင့်တာ။ ပြီးတော့ မင်းမွေးလာတဲ့နေ့ကိုလည်း ငါနောင်တရတယ်။ အဲဒီအချိန်ကတည်းက ငါမင်းကို သတ်ပစ်ခဲ့ရမှာ "

မျိုးနွယ်စုခေါင်းဆောင်သည် ရူးသွပ်နေပြီဖြစ်ပြီး အရူးသဖွယ် တဟားဟားအော်ရယ်လိုက်သည်။ သို့သော် သူရယ်မောလိုက်စဥ် သူ့မျက်လုံးရှိအလင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံး မြေပြင်သို့ ပုံလျက်သား ကျဆင်းသွားတော့သည်။

ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင် သေသွားချေပြီ။

အရန်သွေးမျိုးဆက်အဖွဲ့ဝင်များ၏ရင်ထဲတွင် ရောထွေးနေသော ခံစားချက်များပြည့်နှက်ကာ မှိုင်တွေညှိုးငယ်စွာ ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ ရပ်နေကြသည်။

လက်ရှိအချိန်တွင် မျိုးနွယ်စုအလယ်ရှိ မြေကွက်လပ်တွင် အလောင်းများဖြင့် ပြည့်နှက်နေလေပြီ။ သို့သော် အသက်ရှင်လျက်ရှိသေးသော လူတစ်ယောက်ရှိသည်။ သူမသည် သွေးများစိုရွှဲလျက် ရှိပြီး တစ်ကိုယ်လုံးတုန်နေသည့်တိုင်အောင် သူမ၏ရင်ထဲတွင် အလွန့်အလွန်ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သူမက စိတ်ဝေဒနာရှင်သဖွယ် ရယ်ေမာရင်း အားတင်း၍ထရပ်လိုက်သည်။

" နင့်အမေက မိန်းမပျက် ခွေးမသားရဲ့ ။ဒီကိုလာစမ်း။ နင် ငါ့ကို မမုန်းဘူးလား။ နင်ကိုယ်တိုင်ငါ့ကိုလာသတ်လေ။ ငါရတဲ့ တစ်ခုတည်းသောနောင်တက ငါ လွှတ်လိုက်တဲ့လူတွေ နင့်ကို မသတ်နိုင်ခဲ့တာကိုပဲ "

အစောကတည်းက သူမသည် သေသင့်ခဲ့သော်လည်း ဦးဆောင်သတ်သော ယင်ယန်ဝိညာဥ်ကျင့်ကြံသူများက သခင်မချိုင်နှင့်ပတ်သက်၍ ပိုင်ဟောက်၏ အမုန်းတရားတို့သည် အတိုင်းအဆမရှိ နက်နဲကြောင်း သိလေသည်။ ထို့ကြောင့် သူတို့က သူမကို ထိခိုက်အောင်လုပ်ပြီး သူကိုင်တွယ်ရန် သူမကို အသက်ရှင်လျက် ချန်ထားခဲ့ခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက စိတ်ဖောက်ပြန်နေသော သခင်မချိုင်ကို လျစ်လျူရှုလိုက်ပြီး ထိုအစား ချန်ဟိုင်ကို လှည့်ကြည့်လိုက်သည်။

" သခင်မချိုင်က လုပ်ကြံသူတစ်ယောက်ထဲ လွှတ်လိုက်တာ မဟုတ်ဘူး။ အများကြီးလွှတ်လိုက်တာ။ ကျုပ် ကို သူတို့နာမည်တွေရှာပေး "

ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်းကာ လေထဲပျောက်ကွယ်သွား၏။ သူပြန်ပေါ်စဥ်တွင် သူသည် ပိုင်မျိုးနွယ်စု၏တစ်နေရာရှိ စွန့်ပစ်ထားသော အိမ်ခြံဝင်းတစ်ခုထဲ ရောက်နေလေပြီ။

ခြံဝင်းထဲတွင် ပေါင်းပင်၊ မြက်ပင်များပြည့်နှက်နေပြီး အလယ်တွင် ဟောင်းနွမ်းဆွေးမြေ့နေသော ကလေးကစားစရာအမြောက်အမြားကို မြင်နိုင်သည်။ ခြံဝင်းထဲတွင် ရေတွင်းတစ်တွင်းလည်းရှိသည်။

ပိုင်ရှောင်ချန်းက ထိုနေရာတွင် အချိန်အတန်ကြာရပ်နေပြီးနောက် သက်ပြင်းချလိုက်သည်။

" ပိုင်ဟောက်ရဲ့ဆရာအနေနဲ့ မင်းကိုယ်စား သခင်မချိုင်ကို လက်စားချေပြီးသတ်လိုက်ပြီ "

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခြံဝင်းအတွင်းရှိ မြက်ပင်များ ပျောက်ကွယ်သွား၏။ ကစားစရာများလည်း အမှုန့်များသွားသည်။

ပြာဖြစ်သည်က ဖြစ်၊ အမှုန့်ဖြစ်သည်က ဖြစ်....

ထိုအရာအားလုံးပြီးမြောက်ပြီးနောက် သူက ထွက်ခွာလိုက်သည်။ မျိုးနွယ်စုမှ ထွက်လာစဥ် သူက မမလေးငါးကို ကြည့်လိုက်သည်။ သူ၏အကြည့်ကို အာရုံရလိုက်သောကြောင့် သူမက သူ့ကို ပြန်ကြည့်လိုက်ရာ အကြည့်ချင်းဆုံသွားကြသည်။

" အစ်မငါး ။ အခုစပြီး မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆောင်ရွက်လိုက်ပါတော့။ မဟာအကြီးအကဲ၊ အစ်မကို ကျေးဇူးပြုပြီး ကောင်းကောင်းအကူအညီပေးပါ "

တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲက စိတ်လက်ပေါ့ပါးစွာ သက်ပြင်းချလိုက်ပြီး ပိုင်ရှောင်ချန်းကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လှည့်၍ မမလေးငါးကို လေးစားမှုအပြည့်ဖြင့် လက်ယှက်အရိုအသေပေးလိုက်သည်။ ပတ်ပတ်လည်ရှိ အရန်သွေးမျိုးဆက်အဖွဲ့ဝင်များမှာမူ အိပ်မက်ဆိုးထဲမှ တဖြည်းဖြည်းနိုးထလာကြကာ မမလေးငါးကို လက်ယှက် အရိုအသေးပေးလိုက်ကြသည်။

အမှန်ပင် ပိုင်ရှောင်ချန်းသည် သရဲကြီးမြို့တော်သို့ ပြန်ချိန်တွင် ပိုင်မျိုးနွယ်စု၏ နှစ်ထောင်ပေါင်းများစွာ သိုလှောင်ပစ္စည်းများကို ယူလာခဲ့သည်။ လမ်းတွင် ချန်ဟိုင်က သူ့ဘက်လှည့်ကာ ပြောသည်။

" ဆရာတောင်းထားတဲ့ နာမည်တွေ ကျွန်တော်တို့ ရပါပြီ။ သခင်မချိုင်ကတော့...... သေသွားပြီ"

" ကောင်းကင်မြို့စား ချန် "

ပိုင်ရှောင်ချန်းက ညင်သာစွာဆို၏။

" သုံးရက်ထဲနဲ့ အဲဒီစာရင်းပေါ်က နာမည်တွေရဲ့ခေါင်းကို ယူလာခိုင်းလိုက်ရင် ခင်ဗျားကို ကျုပ် ဒုက္ခပေးသလိုများ ဖြစ်သွားမလား"

ချန်ဟိုင်က တည်ကြည်သော အသွင်ဖြင့် ခေါင်းညိတ်လိုက်သည်။

သူတို့ မြို့တော်သို့ ပြန်ရောက်ချိန်တွင် ပိုင်မျိုးနွယ်စု၏ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များသုတ်သတ်ခံလိုက်သည့်အကြောင်း သတင်းများ ပြန့်နေပြီဖြစ်သည်။ ထိုသည်မှာ အံ့သြတုန်လှုပ်ဖွယ်သတင်းဖြစ်သည့်တိုင် မထင်မှတ်ထားသည်တော့ မဟုတ်ပေ။ အမှန်တကယ်တော့ ယင်းက ပိုင်ဟောက် မည်မျှရက်စက်ပြီး သနားညှာတာမှုကင်းမဲ့ကြောင်း ဖော်ပြနေပြီး လူအများကို ပို၍အံသြတုန်လှုပ်သွားစေသည်။

ဖြစ်ပွားခဲ့သည် လူပေါင်းများစွာ သတ်ဖြတ်ခြင်းကား ပိုင်ဟောက်၏ ဂုဏ်သတင်းကို ပို၍ ကြီးထွားလာစေသည်။ သူ့အကြည့်တစ်ချက်ကလေးနှင့်ပင် လူအများစကားပြောနေခြင်းအား ချက်ချင်း ရပ်တန့်သွားစေနိုင်သည်။ သူ့ထံမှ နှာမှုတ်သံသည် သက်ရှိသက်မဲ့အရာအားလုံး၏ နှလုံးသားများထဲတွင် ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး ပဲ့တင်ထပ်ကာ မြည်ဟည်းလာသည့်အလား။

မြို့တော်ရှိ အင်အားကြီး အဖွဲ့အစည်းများအတွက် ပိုင်မျိုးနွယ်စု၏ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များ အသက်ဆုံးသွားကြခြင်းက အမှုဆောင်ချုပ်ပိုင် မည်သည့်လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားသော သတိပေးမှုဖြစ်သည်။

သူကား ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုများဖြင့် မြို့ထဲရှိ လူတကာထက် များစွာ မြင့်သောနေရာတွင် တည်ရှိနေသည့် တန်ခိုးအာဏာကြီးမားသော အမှုဆောင်ချုပ်ဖြစ်ပေသည်။

နယ်စားသေမင်းေအာ်သံကဲ့သို့ နတ်များပင်လျှင် သူ့ကြောင့် ဖိအားများ ခံစားနေရ၏။ သရဲကြီးဘုရင်အတွက် သူ့ထက် ပို၍ မည်သူမျှ မစွမ်းဆောင်နိုင်ခဲ့သည်မဟုတ်ပါလော။

All Chapters