← Chapters

စတုတ္ထမြောက် နတ်ဘုရားအတတ်

Vol. 13 Ch. 1234

စတုတ္ထမြောက် နတ်ဘုရားအတတ်

Vol. 13 Ch. 1234

အနှစ်သာရများသည် ပင်ကိုယ်အားဖြင့် နက်နဲပြီး နားလည်သဘောပေါက်ရန် ခက်ခဲ၏။ တစ်ခါက ကြယ်တာရာကောင်းကင်တစ်ခုဖြစ်ခဲ့ဖူးသော ဟင်းလင်းပြင်အားလုံးတွင် လူအနည်းစုသာ ထိုကဲ့သို့အရာများကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ကြလေသည်။ ထိုကဲ့သို့ လုပ်နိုင်သော မည်သူမဆို အရာခပ်သိမ်းကို သဘောပေါက်နားလည်ခဲ့ပြီးဖြစ်ကာ မိုးမြေဧကရာဇ်အဆင့်သို့ရောက်ရှိသွားသော တာအိုဆရာသခင်အဖြစ် သမုတ်ခံရမည်ဖြစ်သည်။

မိုးမြေဧကရာဇ်များမှာ ဖိီးနစ်ငှက်မွှေးတစ်ချောင်း သို့မဟုတ် ချီလင်ဦးချိုတစ်ချောင်း ရှာရန် ခက်ခဲသကဲ့သို့ ရှားပါး၏။ မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာသော အဖွဲ့တစ်ဖွဲ့ဖွဲ့မှ တစ်စုံတစ်ယောက်သည် ထိုအဖွဲ့၏ ဂုဏ်ကျက်သရေဆောင် ဖြစ်ပေမည်။ ထို့ပြင် မည်သည့်အဖွဲ့မဆို မိုးမြေဧကရာဇ်နှစ်ပါးကို မြေတောင်မြှောက်ပေးနိုင်လျှင် မည်သူမှ သူတို့၏လမ်းတွင် ရပ်နိုင်မည်မဟုတ်ပေ။

အမှန်ပင် ပိုင်ရှောင်ချန်းမှာ ထိုအဆင့်နှင့် အလွန့် အလွန် အလှမ်းကွာဝေး၏။ သူက ယခုထက်ထိ လောကနတ်ဘုရားအဆင့်တွင် မဟုတ်သေးပေ။ သို့သော်ငြား ၎င်းက အနှစ်သာရများမှ ဉာဏ်အလင်းပွင့်အောင် သူ ကြံဆောင်ရာတွင် ဆူးငြှောင့်ခလုတ် မဖြစ်ချေ။

အနှစ်သာရများသည် နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သည်ဖြစ်ရာ ထိုကဲ့သို့ မဟာတာအိုများအကြား အချိန်အနှစ်သာရက ပဓာန ဖြစ်နေသောအချက်မှာ ငြင်းဆိုဖွယ်ရာတော့ မဟုတ်။ အမှန်တကယ်ဆိုရပါက ဤကြယ်တာရာကောင်းကင်အတွင်း မိုးမြေဧကရာဇ်တစ်ပါးသာ အချိန်၏အနှစ်သာရကို အောင်မြင်ခဲ့ဖူးလေ၏။

ထို့ပြင် သူက အဖိုးတန်ရတနာများဖြစ်သော ဤသဲနာရီများ၏ ပိုင်ရှင် ဖြစ်​ေပသည်။

ပိုင်ရှောင်ချန်းမှာ နားလည်သော အရိပ်အယောင်များဖြင့် မျက်လုံးများ တောက်ပနေလျက် ပင့်သက်ရှိုက်မိသွားသည်။ ယခု သူ ရှာဖွေနေခဲ့သော အဖြေကို တွေ့ရှိသွားခဲ့ပြီဖြစ်၍ သူ၏အတွေးများနှင့် ရုပ်အသွင်နှစ်မျိုးလုံးက ဗလာနတ္ထိအခြေအနေတစ်ခုအတွင်းသို့ သက်ဆင်းလာတော့သည်။

သူ့ပတ်လည်ရှိ အကွာအဝေးကွေးညွတ်ခြင်းက သူ့တည်ရှိမှု၏ အကျိုးဆက်တစ်ခုကြောင့် ဖြစ်ပြီး ၄င်း၏ ဆွဲငင်အားအပေါ် သက်ရောက်ခြင်းက အချိန်စီးဆင်းမှုတွင် ပြောင်းလဲချက်အမျိုးမျိုးကိုလည်း ဖြစ်ပွားစေသည်ဖြစ်ကြောင်း ညွှန်ပြနေသော သက်သေကို သူ မြင်ခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူ ဗလာကျင်းလာစဥ် သူ၏ခန္ဓာကိုယ်မှာ မတည်ရှိသည့်အလား ဖောက်ထွင်းမြင်ရလုနီးပါး အလေးချိန်ကင်းမဲ့ လာတော့သည်။

သူသည် တည်ရှိမှုမှ အစစ်အမှန် ဖယ်ရှားခံရခြင်းတော့ မဟုတ်။ သို့သော်ငြား သူ၏ပတ်ဝန်းကျင်များနှင့် ပတ်ပတ်လည်ရှိ ကမ္ဘာကြီးဖြင့် နှိုင်းဆကြည့်ပါက သူ မရှိတော့ပေ။ လက်တွေ့ကျကျဆိုရပါက ဧရာမသဲနာရီကြီးအပေါ်တွင် သူ တင်ပျဥ်ခွေထိုင်နေသေးသော်လည်း သူ့ပတ်လည်ရှိ ဆွဲငင်အားမှာ တစတစပျောက်ကွယ်သွားပြီး ဝုန်းဒိုင်းကြဲနေခဲ့သော အချိန်စီးဆင်းမှုကား တည်ငြိမ်လာလေသည်။ ၄င်းမှာ သူ မရောက်သေးခင်က အခြေအနေဖြစ်သော အတော်လေးတည်ငြိမ်သောအခြေအနေတစ်ရပ်အဖြစ်သို့ ပြန်ရောက်သွားလေပြိီ။

ထိုအခြေအနေတွင် ပိုင်ရှောင်ချန်း၏အသိစိတ်က ကျန်ရှိနေသေးပြီး သူ၏နတ်ဘုရားဝိညာဥ်က သူ့ထံမှ ပျံထွက်လာပြီး အောက်ဖက်ရှိ ကုန်းမြေများကို ငုံကြည့်လိုက်ပုံရလေသည်။ တချို့က ကြိီးပြီး တချို့က သေးသော သဲနာရီပေါင်းမြောက်မြားစွာကို သူ မြင်သည်။ သဲများ အဆုံးမရှိစွာ ကျဆင်းနေသည်ကို သူ မြင်သည်။ ထို့ပြင် သူ၏အကြည့်က သဲနာရီတစ်လုံးကို အာရုံစူးစိုက်လိုက်သည့်အချိန်တိုင်း ၄င်း၏အချိန်စီးဆင်းမှု ပြောင်းလဲသွားသည်။

၄င်းမှာ အဆုံးမရှိသော ဝဲဂယက်တစ်ခုပင်။ သူ၏အကြည့်က သဲနာရီ တစ်လုံးမှ တစ်လုံးသို့ ရွှေ့ပြောင်းသွားနေပြီး အချိန်မည်မျှကုန်ဆုံးနေကြောင်း သူ မသိတော့ဘဲ သူ၏ကိုယ်ပိုင်ဖြစ်တည်မှုကိုပင် သတိမရတော့ပေ။

အချိန်က ၄င်းနည်း၎င်းဟန်ဖြင့် သဲနာရီကမ္ဘာအတွင်း စီးဆင်းနေစဥ် ပိုင်ရှောင်ချီမှာ အပြင်ဘက်တွင် ရှိ​ေန၏။ ပိုင်ရှောင်ချန်း ဝင်ရောက်သွားပြီးနောက် သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ရလေသည်။ ချက်ချင်းပင် ကမ္ဘာအတွင်းရှိ ကွဲပြားခြားနားသော အချိန်စီးဆင်းမှုများက သူ၏အမြင်အာရုံကို ဝေဝါးသွားစေရာ ဖြစ်ပျက်နေသည်များကို မမြင်ရတော့ပေ။ သို့သော် ပိုင်ရှောင်ချန်း ထိခိုက်ဒဏ်ရာမရကြောင်း သူ အာရုံရနိုင်လေ၏။

" သူ အဲဒီထဲမှာ ဘယ်လောက်ကြာမလဲ မသိဘူး။ သိပ်မကြာပါစေနဲ့လို့ မျှော်လင့်ရတာပဲ။ ဟိုအစောင့်အရှောက်ဝိညာဥ်သာ နိုးလာရင် ပြဿနာအကြီးကြီးတက်ပြီ "

သူက သက်ပြင်းချ၍ တင်ပျဥ်ခွေလျက် ထိုင်စောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ပိုင်ရှောင်ချန်း ကြာလွန်းနေပါက သူ ဝင်သွားပြီး အချိန်ကြာကြာမဆွဲရန် သတိပေးနိုင်သည် မဟုတ်ပါလော။

သဲနာရီကမ္ဘာအတွင်း ပိုင်ရှောင်ချန်းမှာ အဆက်မပြတ် ဉာဏ်အလင်းပွင့်​ေန၏။ မရေမတွက်နိုင်သော သဲနာရီများနှင့် အမျိုးမျိုးသော အချိန်စီးဆင်းမှုများအား သူ စောင့်ကြည့်လေ့လာနေစဥ် ၎င်းတို့သည် သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကို လွှမ်းမိုးလာတော့သည်။

သူ့တွင် မည်သည့်အတွေးမှမရှိ။ သူသည် သဲနာရီများကို စိုက်ကြည့်ပြီး ၄င်းတို့၏ပုံပန်းသွင်ပြင်တိုင်းကို မှတ်ဉာဏ်ထဲမှတ်သား၍ အမူအရာကင်းမဲ့နေလျက် မလှုပ်မယှက်သာ ထိုင်နေလေသည်။

နောက်ဆုံးတွင် သူ မှတ်ဉာဏ်ထဲ မှတ်သားခဲ့ပြီးသော သဲနာရိီများအနက်တစ်လုံး ပျောက်ကွယ်သွား၏။

များမကြာခင် နောက်တစ်လုံး ပျောက်ကွယ်သွားသည်။ထို့နောက် နောက်တစ်လုံး။ တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်သွားပြီး ကျန်ရစ်ခဲ့သည်များမှာ ပိုင်ရှောင်ချန်း၏ စိတ်အတွင်း ပို၍ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားလေသည်။

မည်သူတစ်ဦးတစ်ယောက်မှ ၊ ပိုင်ရှောင်ချန်းပင် ဖြစ်ပျက်နေသည်အား အာရုံမရချေ။ သဲနာရီများ တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်လာပြီး နောက်ဆုံးတွင် တစ်လုံးသာ ကျန်ရှိတော့၏။

၄င်းမှာ သာမန်လူအရပ်မျှသာရှိပြီး မကြီးမားပေ။ သို့သော် ၄င်းသည် ပိုင်ရှောင်ချန်း၏ တစ်စိတ်တစ်ပိုင်း၊ သူ့ဝိညာဥ်၏ တစ်စိတ်တစ်ပိုင်း၊ သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း၊ သူ့တာအိုသစ်စေ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်ဟန်တူသည်။ ၄င်းကား သူ၏ပုံပန်းသွင်ပြင်အားလုံးနှင့် လုံးလုံးလျားလျား တစ်သားတည်းဖြစ်ခဲ့ပြီး ဖြစ်သည်။

၄င်းကို ဖယ်ရှား၍မရသလို၊ ဖျက်စီး၍လည်းမရပေ။ အမှန်တကယ်ဆိုရလျှင် ဤသဲနာရိီကား ဒုတိယတာအိုသစ်စေ့တစ်စေ့နှင့်အလားသဏ္ဍာန် တူလေသည်။

အဖော်မဲ့ သဲနာရီ တစ်လုံးတည်း ကျန်ရှိလာသောအခါ ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ရီသွားပြီး သူ၏ပိတ်ထားသောမျက်လုံးများ တဖျပ်ဖျပ်လှုပ်သွားကာ လျင်မြန်စွာ အသက်ရှူလာတော့သည်။ တချိန်တည်းမှာပင် မှော်သင်္ကေတများက သူ့စိတ်ထဲရှိ သဲနာရီ၏မျက်နှာပြင်ပေါ်တွင် စတင်ပေါ်ပေါက်လာ၏။ တစ်ခုတလေကိုမှ သူ မသိသော်လည်း ၄င်းတို့အားလုံးက သူ၏ကိုယ်ပိုင်စိတ်ကူးအတွင်းမှ အစပြုခြင်းဖြစ်လေသည်။

၄င်းတို့တွင် သူ၏အချိန်အသိအမြင်များနှင့်တကွ သူ၏ အနှစ်သာရများအပေါ် မပြည်စုံသေးသော သဘောပေါက်နားလည်နိုင်စွမ်းများ ကိန်းအောင်းနေသည်။ ၄င်းတို့က မှော်သင်္ကေတများအသွင်ဖြင့် သဲနာရီကို ဖုံးလွှမ်းသွားပြီးနောက် စူးရှတောက်ပသောအလင်းများဖြင့် လင်းလက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ ပို၍ တုန်ရီသွားရပြီး အသက်ရှူမြန်ဆန်လာကာ တချိန်တွင် မှော်သင်္ကေတများ၏ တောက်ပနေမှုက သူ့ကို မသိလိုက်ဘဲ ညာဘက်ကို ရှေ့ထုတ်၍ ဝှေ့ယမ်းရန် လှုံ့ဆော်လိုက်သည်။

ထိုရိုးရှင်းသောလက်ဟန်လေးက သူ့ပတ်လည်ရှိ လေထုကို ပြိုပျက်သွားစေပြီး အချိန်ကို သူ့ထံသို့ ကွေးညွတ်လာစေတော့သည်။ ဆွဲငင်အားမှာ သူ၏ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုကို ချက်ချင်းပြောင်းလဲကာ ဖြစ်တည်လာ၏။

အပြင်ဘက်ရှိ ပိုင်ရှောင်ချီမှာ ဖြစ်ပျက်နေသောအရာကို အာရုံရလိုက်၍ မျက်လုံးများ ဦးခေါင်းခွံမှ ထွက်ကျမတတ် ပြူးကျယ်သွားတော့သည်။

" အနှစ်သာရတာအိုမှော်ပညာ "

အမှန်တကယ် အနှစ်သာရတာအိုမှော်ပညာ အတိအကျပင်။ ၄င်းသည် ဖြစ်နိုင်သည့် သေးငယ်သောအစိတ်ပိုင်းလေးတစ်ခု၊ ဖြစ်တည်စအဆင့်တွင်သာ ဖြစ်သော်လည်း ၄င်းက ပိုင်ရှောင်ချန်း ပတ်ဝန်းကျင်ရှိ အချိန်ကို ပြောင်းလဲသွားစေသေးသည်။ သူ ပို၍တုန်ရီလာပြီး အချိန်မရွေးနိုးလာတော့မည့်အလား သူ၏ပိတ်ထားသော မျက်လုံးများမှာ ပို၍လျင်မြန်စွာပင် တဖျပ်ဖျပ်လှုပ်လာတော့သည်။

ရုတ်တရက် သူက အိပ်မက်တစ်ခုမှ ထွက်လာနေသည့်အလား ခေါင်းမော့လိုက်ပြီး ရှင်းလင်းပြတ်သားမှုကို ပြန်လည်ရရှိသွား၏။ သူ့ပတ်လည်ရှိ လေထုနှင့်နေရာတွင် အသွင်ပြောင်းမှုများ တစတစပျောက်ကွယ်သွားသော်လည်း ထို 'အိပ်မက်' ထဲတွင် သူ ကြုံတွေ့ခဲ့သော အရာအားလုံးကား ကျန်ရစ်ခဲ့လေသည်။

" ငါအခုလေးတင်..."

သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ရိပ်ခနဲဖြစ်သွားကာ သူ့လက်ကို ငုံကြည့်လိုက်သည်။ တခဏကြာသော် သူက ထပ်မံ လက်လှမ်းပြီး နတ်ဘုရားအာရုံဖြင့် သူ၏ စိတ်အတွင်းရှိသော သဲနာရီကို ထိပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သည်။

လွန်ခဲ့သော အချိန်အနည်းငယ်က ဖြစ်ပွားခဲ့သည့်အတိုင်း တစ်ထပ်တည်းဖြစ်သွားလေရာ ပိုင်ရှောင်ချန်း၏နှလုံးသားအား စိတ်လှုပ်ရှားမှုများဖြင့် တလိပ််လိပ်သွားစေတော့သည်။ သူက ထရပ်၍ ဤနတ်ဘုရားအတတ်၏ ကြောက်ခမန်းလိလိစွမ်းအားကို စမ်းသပ်ရန် မျက်လုံးများမှိတ်လိုက်သည်။

" ငါ နေရာသေးသေးလေးတစ်ခုက အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်တယ်။ မိစ္ဆာဧကရာဇ်ကို ထပ်တိုက်ရမယ်ဆိုရင် လောကနတ်ဘုရားအလင်းကိုပဲ အားထားနေစရာလိုမှာ မဟုတ်တော့ဘူး။ ငါ သူ့ပတ်လည်က အချိန်ကို နှေးစေနိုင်ပေမယ့် ငါ့ပတ်လည်မှာကျ မပြောင်းအောင်ထားနိုင်တယ်။ မိစ္ဆာဧကရာဇ်က ကြည့်ရင် ငါက စိတ်ကူးယဥ်လို့မရလောက်အောင် မြန်နေတဲ့ ပုံပေါ်​ေနလိမ့်မယ် "

သူက စိတ်လှုပ်ရှား၍ သူ၏အကဲဖြတ်မှုမှန်ကန်ကြောင်း သေချာစေရန် စမ်းသပ်မှုအနည်းငယ် လုပ်လိုက်သည်။ ထို့နောက် ယခုလေးတင် ဖန်တီးခဲ့သည့် စတုတ္ထမြောက် အလွန်စွမ်းအားကြီးသော နတ်ဘုရားအတတ်ကို အမည်နာမပေးရန် သူ ဆုံးဖြတ်လိုက်သည်။

" အချိန်က ဆွဲငင်အားနဲ့ ဆက်စပ်နေတယ် "

သူ၏ မျက်လုံးများ တဖျပ်ဖျက်လက်လာကာ သူ ရေရွတ်လိုက်သည်။

" ဒါကြောင့် ငါဒီ နတ်ဘုရားအတတ်ကို ဆွဲအားဇီဝိန်ခြွေသိုင်းလို့ ခေါ်မယ် "

သူသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ဘယ်သောအခါမှ မနှစ်သက်ခဲ့ပါသော်လည်း ဗဟိုဧကရာဇ်နိုင်ငံ လုံခြုံစေမည့် တစ်ခုတည်းသောနည်းလမ်းမှာ လူတကာထက်ပို၍ အစွမ်းထက်ရန်ဖြစ်ကြောင်း ယခု သူ သဘောပေါက်လာသည်။ လူအများက သူ့ကို ရိုသေလေးစားစေရန် လိုအပ်သည်။ ထိုသည်က တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ အမှန်တကယ် အဆုံးသတ်စေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

" ငါ့မှာ အတိတ်ကျမ်းရဲ့ မှော်သင်္ကေတတွေရှိတယ်။ ပစ္စုပ္ပန်ကျမ်းရဲ့ ရှင်ခြင်းသေခြင်းဂိတ်တံခါးတွေ ရှိတယ်။ အနာဂတ်ကျမ်းရဲ့ ပါရမီနှင်းပန်းရှိတယ်။ အခု ငါ့ လေးခုမြောက် မဟာနတ်ဘုရားအတတ်ဖြစ်တဲ့ ဆွဲအားဇီဝိန်ခြွေသိုင်း ရှိပြီ။ လောကနတ်ဘုရားအလင်း မပါရင်တောင်မှ ငါ လောကနတ်ဘုရားတစ်ပါးကို ကြောက်သွားအောင် လုပ်နိုင်တယ် "

သူက သူ့ကိုယ်သူ ယံုကြည်ခြင်းများဖြင့် ပြည့်နှက်နေလျက် သူ၏ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်ရာ သူကြုံတွေ့ခဲ့ရသည့် ကံကြမ္မာကောင်းက သူ့ကို ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းကို တွန်းပို့ပေးခဲ့ကြောင်း တွေ့လိုက်ရ၍ ဝမ်းသာသွားတော့သည်။

သူသည် သဲနာရီကမ္ဘာမှ ချက်ချင်းထွက်မသွားပေ။ သူ၏ အသစ်တွေ့ရှိထားသော အချိန်အပေါ် ထိန်းချုပ်မှုကို အသုံးပြု၍ နှစ်ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်၏ တစ်ဆို့နေသောအဆင့်ကို အောင်အောင်မြင်မြင် ဖောက်ထွက်လိုက်လေသည်။ ဖန်တီးနည်းကို အပြီးသတ်ပြီးနောက် သူက ထရပ်ပြီး အတန်ငယ် တမ်းတဝမ်းနည်းမှုများဖြင့် သဲနာရီများအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ယှက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

သူသည် သူ့ပတ်လည်ရှိ ကမ္ဘာကြီးနှင့် သူအကျိုးအမြတ်ရရှိခဲ့သော တာအို၏ပိုင်ရှင် ၊ လျှို့ဝှက်ဆန်းကြယ်သော မိုးမြေဧကရာဇ်ကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။ သူရရှိခဲ့သည့် ကံကြမ္မာကောင်းအားလုံးကြောင့် အဖိုးထိုက်ရတနာအား သူနှင့်အတူယူရန် အတွေးအားလုံးကို စွန့်ပစ်လိုက်၏။ မိုးမြေဧကရာဇ်တစ်ပါး ဖြစ်မလာသေးသရွေ့ ၄င်းကို ပိုင်ဆိုင်ရန် အရည်အချင်း မပြည့်မီကြောင်း သူ သိထားသည် မဟုတ်ပါလား။

All Chapters