အခန်း (၂၉၆၆-၂၉၇၀)
Vol. 152 Ch. 2966-2970
Chapter 2966
တော်ဝင်မြိုတော်...ထိုက်ဝူလမ်း...
ဤသည်က တော်ဝင်မြိုတော်အတွင်းတွင် အလွန်အမင်းထူးခြားသော လမ်းတစ်လမ်းပင်။လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်အမြောက်အများမရှိချေ။နေရာအများစုတွင် အစိုးရရုံးများဖြင့် ပြည့်နှက်နေပေ၏။
တောင်ပိုင်းဒေသကြီး၏အစောင့်တပ်၁၆ခု၏ ဌာနလေးခု တော်ဝင်အတွင်းဝန်ရုံး စစ်တပ်ငါးတပ်၏အုပ်ချုပ်ရေးရုံး နဂါးအစောင့်များ၏မြောက်ပိုင်းလုံခြုံရေးဌာနခွဲအစရှိသော ရုံးတော်များအားလုံး ဤနေရာတွင်ရှိနေသည်။ဤနေရာတွင်တည်ဆောက်ထားသော အစိုးရရုံးအများစုသည် စစ်တပ်နှင့်ဆက်စပ်နေသည်။လမ်းအတွင်း၌ မှော်လက်နက်များ သံချပ်ကာများနှင့် ဝင်္ကပါဖွဲစည်းပုံများ ရောင်းချသည့် ဆိုင်တချို့ပင်ရှိလေ၏။
တော်ဝင်နန်းတွင်းမှနေ၍ အရေးပေါ်အမိန့် ထုတ်ပြန်ကြေငြာထားသဖြင့် မြိုတော်ရှိစစ်သားများအားလုံးနီးပါး ထိုက်ဝူလမ်းကို ဖြတ်သန်းသွားလာနေကြသည်။သူတို့သည် ဧကရာဇ်၏အမိန့်ကိုနာခံ၍ စစ်ရေးကွင်းပြင်သို ဦးတည်သွားသည့် ရှည်လျားသောထိုက်ဝူလမ်းတလျှောက် ကင်းလှည့်နေကြခြင်းဖြစ်သည်။လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေကာ တော်ဝင်မြိုတော်အတွင်းရှိ တခြားလမ်းများနှင့် ကွဲပြားခြားနားပေ၏။
လုယွီသည် စာပေစာမေးပွဲအောင်မြင်ခဲ့သော တခြားကျောင်းတော်သားများနောက်သို့လိုက်ကာ ထိုက်ဝူလမ်းမှနေ၍ စစ်ရေးကွင်းပြင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ပတ်ဝန်းကျင်နေတဝိုက်၌ စကားပြောဆိုနေသံများဖြင့် ပြည့်နှက်နေသည်။မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌လျှောက်လှမ်းနေသူများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထူးချွန်သောပါရမီအရည်အချင်းရှိပြီး နာမည်ဂုဏ်သတင်းကျော်ကြားသော လူငယ်ပါရမီရှင်များပင်။ဤသည်က သူတို့အချင်းချင်း မိတ်ဖွဲ့ရန်အတွက် အခွင့်အရေးကောင်းကြီးဖြစ်ကာ တစ်ယောက်၏နောက်ခံအဆင့်အတန်းကိုလည်း တခြားတစ်ယောက်က သိရှိနိုင်သည်။
"ဒါက ကောင်းကင်ဘုံနယ်မြေထဲမှာ တာယွီအင်ပါယာ ဘာလို့အစွမ်းထက်နေတာလဲဆိုတာရဲ့ အကြောင်းအရင်းပဲဖြစ်မယ်...လောကကြီးထဲမှာရှိတဲ့ သူရဲကောင်းတွေအားလုံး သူတို့ရဲ့ထောင်ချောက်ထဲကို ကျရောက်သွားကြတယ်...ပါရမီရှင်တွေအားလုံးက တာယွီအင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို ခံယူချင်ကြတယ်...တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားကိုခံယူရတဲ့ ဘယ်သူမဆို အချိန်တိုအတွင်းမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားနိုင်တယ်"
လုယွီက စိတ်ခံစားချက်တချိုဖြင့် သက်ပြင်းရှိုက်လိုက်၏။
အတိတ်ဘဝတွင် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေသည် စစ်ပွဲအတွင်း၌ တာယွီအင်ပါယာကို ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့ရခြင်းမှာ ဤအကြောင်းအရင်းကြောင့်လည်း ပါဝင်သည်။
ထိုထက်ပို၍အရေးကြီးသောအချက်မှာ မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေအတွင်းတွင် အစွမ်းထက်သူကိုသာ ရိုသေလေးစားကြသည်။များသောအားဖြင့် နေရာဒေသတစ်ခု၌ အစွမ်းထက်ဆုံးလူသည် ထိုနေရာ၏အမာခံကျောရိုးပင်။သို့ရာတွင် ထိုအစွမ်းထက်ဆုံးလူ သေဆုံးသွားပါက ကျန်ရှိနေသောလူများသည် သဲမှုန်များကဲ့သိုဖရိုဖရဲဖြစ်သွားကာ သူတို့အား တိုက်ခိုက်ရန်ပင်မလိုအပ်ဘဲ ပြိုလဲသွားကြ၏။
အတိတ်ဘဝတွင် သူသည် လျော့ရဲနေသောမဟာမိတ်အဖွဲ့အစည်းတစ်ခုကိုသာ တည်ထောင်နိုင်ခဲ့သည်ဟု ယူဆနိုင်သည်။ထို့ကြောင့် သူ၏မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေသည် တာယွီအင်ပါယာကဲ့သို့လူဘီလူးကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားသည်။သူ၏နတ်ဘုရားစိတ်အာရုံသည် အလွန်အစွမ်းထက်သဖြင့် ပတ်ဝန်းကျင်ရှိလူများ၏စွမ်းအားများကို စုံစမ်းထောက်လှမ်းနိုင်စွမ်းရှိသည်။
တော်ဝင်စာမေးပွဲတွင် ပုန်းအောင်းနေသောနဂါးများ ဝပ်နေသောကျားများနှင့် ပြည့်နှက်နေပေ၏။သူတို့၏အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားသော လူအမြောက်အများရှိနေသည်။
"ဒီလူတွေက တကယ့်ကို မျိုးစေ့ကောင်းတွေပဲ...သနားဖို့ကောင်းတာတစ်ခုကတော့ မင်းတို့ကောင်တွေက ငါနဲ့မှ လာတွေ့ရတယ်"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။ထို့နောက် သူက လူအုပ်အကြားမှဖြတ်သန်းကာ အတွင်းသို့ဝင်လိုက်သည်။
သူသည် ဤကိစ္စကိုလုပ်ဆောင်ခဲ့ခြင်းမှာ သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်နိုင်ရန်အတွက် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို ခံယူလိုသောကြောင့်ပင်။ထိုအကြောင်းအရင်းကြောင့် သူသည် တော်ဝင်စာမေးပွဲ၌ မည်သည့်အရာကိုမျှ ထိန်ချန်ထားမည်မဟုတ်ဘဲ သူ၏ပြိုင်ဖက်ဟူသမျှကို ချေမွှဖျက်ဆီးပစ်ရပေမည်။
စစ်ရေးကွင်းပြင်၏ဝင်ပေါက်အရှေ့၌ မတ်တတ်ရပ်နေသော လူအုပ်စု အနည်းငယ်ရှိနေသည်။သူတို့၏ဝတ်စုံများသည် ပတ်ဝန်းကျင်ရှိ တခြားကျောင်းတော်သားများနှင့် ကွဲပြားခြားနားပေ၏။ထိုလူများသည် အထူးသီးသန့်ဝတ်စုံများကို ဝတ်ဆင်ထားပုံရကာ လူအုပ်စုခြောက်စုခွဲ၍ တခြားသူများ၏ရှေ့၌ မတ်တတ်ရပ်နေသည်။
ဤသည်က တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးခုမှ ကျောင်းတော်သားများပင်။
တခြားနေရာများမှ ထောက်ခံထားသော ကျောင်းတော်သားများနှင့် မတူညီသောအချက်မှာ ကျောင်းတော်များမှတပည့်အများစုထံတွင် ကိုယ်ပိုင်အရည်အချင်းနှင့်အသိပညာဗဟုသုတတို့ ရှိနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းသို့ ဝင်ရောက်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။အကယ်၍ လူအမြောက်အများသည် ကံကောင်းမှုကြောင့် ထိုကျောင်းတော်များသို့ ဝင်ရောက်နိုင်လျှင်ပင် အလယ်အလတ်အဆင့်နှင့်အထက် တပည့်အဖြစ်သို့ရောက်ရှိနိုင်သော အခွင့်အရေးမှာ လွန်စွာနည်းပါးသည်။ထိုပြင် ထိုအဆင့်တပည့်များကသာ တော်ဝင်စာမေးပွဲသို့ဝင်ရောက်ဖြေဆိုနိုင်မည့် စမ်းသပ်စာမေးပွဲကိုဖြေဆိုရန် အရည်အချင်းပြည့်မီသည်။
ထိုထက်ပို၍ အရေးပါသောအချက်မှာ ထိုတပည့်များ၏ သက်ဆိုင်ရာကျောင်းတော်များမှ ကျင့်ကြံနည်းစနစ်များနှင့်သူတို့၏ပျှမ်းမျှစွမ်းအားသည် တခြားကျောင်းတော်သားများထက် သာလွန်နေခြင်းဖြစ်ပေ၏။ထို့ကြောင့် တော်ဝင်စာမေးပွဲ၏အဆင့်မြင့်နေရာများကို အမြဲတစေ ထိုကျောင်းတော်ခြောက်ကျောင်းမှသာ သိမ်းပိုက်ထားလေ့ရှိသည်။
တော်ဝင်ကျောင်းတော်မှတပည့်များသည် တောက်ပပြီး သန့်စင်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
တာယွီအင်ပါယာ၏အဆင့်အမြင့်ဆုံးကျောင်းတော်မှ တပည့်များဖြစ်သဖြင့် တော်ဝင်ကျောင်းတော်မှကျောင်းတော်သားများအားလုံးသည် တခြားကျောင်းတော်သားများအပေါ် အထင်အမြင်သေးစွာ ရှုမြင်လေ့ရှိသည်။အမှန်အားဖြင့် တခြားနေရာများမှကျောင်းတော်သားများသည် နေရာတစ်နေရာစီအတွက် လူသုံးရာထောက်ခံချက်ရရှိသည်။ဤတစ်ကြိမ်တော်ဝင်စာမေးပွဲတွင် လူဦးရေငါးရာအထိ တိုးမြှင့်လက်ခံခဲ့သဖြင့် လူအရေအတွက်သည် ကျောင်းတော်များမှတပည့်များထက် များစွာပို၍သာလွန်သည်။
Chapter 2967
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပါက နေရာတစ်နေရာစာကို သိမ်းပိုက်ထားသော တော်ဝင်ကျောင်းတော်မှတပည့်များကို တွေ့မြင်ရပေမည်။
ထိုလူစုအကြား၌ ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့သည် အလွန်နောက်ဆုံးကျသောနေရာ၌ မတ်တတ်ရပ်နေကာ ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေသည်။
"ငါတို့က တိုက်ခိုက်ရေးစာမေးပွဲကို ဝင်ရောက်ယှဥ်ပြိုင်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...တကယ်လို ဒီအဆင့်ကိုသာ ငါတို့ကျော်ဖြတ်နိုင်ရင် ငါတို့က နန်းတွင်းစာမေးပွဲကို ဝင်ပြီးဖြေဆိုနိုင်တဲ့ အခွင့်အရေးမျိုးရသွားပြီ...အနည်းဆုံးတော့ ငါတို့က အရာရှိတွေ ဖြစ်လာလိမ့်မယ်"
လုံယွင်ရှန်းသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ သူမ၏မျက်နှာတပြင်လုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
အမှန်အားဖြင့် တော်ဝင်ကျောင်းတော်မှတပည့်များအားလုံး တိုက်ခိုက်ရေးစာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းမပြည့်မီချေ။သူတို့အနက်မှတချို့သည် စာပေစာမေးပွဲတွင် အောင်မြင်ခဲ့ခြင်းမရှိသဖြင့် ထုတ်ပယ်ခြင်းခံလိုက်ရ၏။
ဤကဲ့သို့နေရာမျိုးကို ရောက်ရှိလေလေ ယှဥ်ပြိုင်မှုပို၍ပြင်းထန်လေလေပင်။
ကံကောင်းထောက်မစွာဖြင့် လုံယွင်ရှန်း၏ကံတရားသည် မဆိုးလှချေ။သူမသည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်သော ထောက်ခံချက်ကို အမှတ်မထင် ရရှိခဲ့သည်။
"အကိုကျွင်း...နင် ငါ့ကို ကြိုပြီးသတိပေးထားလို့ ငါ ကံကောင်းသွားခဲ့တယ်...မဟုတ်ရင် ငါ စာပေစာမေးပွဲကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး"
လုံယွင်ရှန်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့် တုန်လှုပ်မှုများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
ရှားဟိုကျွင်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"တကယ်တော့ ဒါက တော်ဝင်ကျောင်းတော်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘူး...စာပေစာမေးပွဲရဲ့သမိုင်းစဥ်တလျှောက်ကိုကြည့်ရင် စည်းမျဥ်းဥပဒေ အသိပညာဗဟုသုတ ထိုးထွင်းသိမြင်မှုတွေနဲ့ပတ်သတ်တဲ့ မေးခွန်းတွေကို ငါတို့တော်ဝင်ကျောင်းတော်ရဲ့ မဟာကွန်ဖြူးရှပ်ပညာရှင်တွေက ထုတ်ခဲ့တာ...ပြီးတော့ စာမေးပွဲမေးခွန်းတွေထုတ်တဲ့ မဟာကွန်ဖြူးရှပ်ပညာရှင်တွေက မေးခွန်းတွေ မဖောင်းပွစေဖိုရည်ရွယ်ထားတာကြောင့် အဲ့ဒီဘာသာရပ်သုံးခုကမေးခွန်းဟောင်းတွေကို သေသေချာချာလေ့လာထားသရွေ့ စာမေးပွဲဖြေဆိုနိုင်ဖို့က ရှစ်ဆယ်ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်...တခြားဘာသာရပ်လေးခုကို အမှတ်မြင့်မြင့်နဲ့အောင်မြင်မယ်ဆိုရင် စာပေစာမေးပွဲကို လွယ်လင့်တကူ ဖြတ်ကျော်နိုင်လိမ့်မယ်"
စာပေစာမေးပွဲကို ဖြတ်ကျော်နိုင်ရန်အတွက် သူတို့သည် အင်အားများစွာ စိုက်ထုတ်ခဲ့ရပေ၏။
မည်သိုပင်ဆိုစေကာမူ သူတို့သည် ကျင့်ကြံသူများဖြစ်သဖြင့် သူတို့၏ဥာဏ်ရည်ဥာဏ်သွေးသည် သာမာန်လူများထက် များစွာပို၍သာလွန်သည်။သို့ရာတွင် စာပေစာမေးပွဲ၌မေးမြန်းသော မေးခွန်းများတွင်ပါဝင်သော အကြောင်းအရာများမှာ ပင်လယ်သမုဒ္ဒရာတမျှ ကြီးမားကျယ်ပြန့်သည်။ကျင့်ကြံသူများဖြစ်နေသည့်တိုင် သူတို့အတွက် အရာအားလုံးကို မှတ်မိနေရန်မှာ မဖြစ်နိုင်ချေ။
ထိုကြောင့် သူတို့သည် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ကြသည်။
ရှားဟိုကျွင်းသည် ဖြစ်နိုင်ချေရှိသောမေးခွန်းဟောင်းများအားလုံးကိုရှာဖွေကာ အတူတကွ စုစည်းလိုက်၏။ထို့ကြောင့် သူသည် ထိုမေးခွန်းဟောင်းများကိုသာ လေ့လာရန် လိုအပ်တော့သည်။
ဤနည်းလမ်းသည် တော်ဝင်ကျောင်းတော်ကဲ့သို့နေရာမျိုးမှ တပည့်များသာ အသုံးပြုနိုင်ခြင်းရှိသည်။တခြားကျောင်းတော်သားများသည် ပင်ပင်ပန်းပန်း လေ့လာရှာဖွေလျှင်ပင် ထိုမေးခွန်းဟောင်းများအားလုံးကို စုစည်းနိုင်မည်မဟုတ်ချေ။
သူတို့နှစ်ယောက်၏အဆင့်သည် အဆင့်တစ်သိန်းကျော်နေရာတွင်ရှိနေသဖြင့် သူတို့သည် စာပေစာမေးပွဲကို အောင်မြင်ခဲ့သည့်တိုင် တခြားသူများထက် နိမ့်ကျသည်ဟု ယူဆနိုင်ပေ၏။
ရှားဟိုကျွင်းက ပြောဆိုသည်။
"ရှန်းအာ...မိသားစုခေါင်းဆောင်က အခုချိန်မှာ အမတ်ကြီးတစ်ယောက်ဖြစ်နေပြီ...တကယ်လို့ နောင်တစ်ချိန် ငါတို့ဆီမှာ အဆင့်မြင့်ကျောင်းတော်သားဆိုတဲ့ အဆင့်အတန်းသာရှိနေရင် ငါတို့ဘယ်နေရာကိုပဲသွားသွား လေးလေးစားစား ဆက်ဆံခံရမယ်...အဲ့ဒီနေရာတွေက တော်ဝင်မြိုတော်နဲ့မတူဘူး...ငါတို့လိုလူတွေက အဲ့ဒီနေရာတွေကို သွားမယ်ဆိုရင်...ငါတို့ကို အဆင့်အတန်းအရမ်းမြင့်မားတဲ့လူတွေလို့ သတ်မှတ်ခံရပြီးတော့ အရမ်းကောင်းမွန်တဲ့ဆက်ဆံမှုမျိုးတွေ ခံရလိမ့်မယ်"
"ဒါက အမှန်ပဲ...တိုက်ခိုက်ရေးစာမေးပွဲရဲ့ခက်ခဲမှု မြင့်မားတယ် မမြင့်မားဘူးဆိုတာကို ကြည့်ကြတာပေါ့"
လုံယွင်ရှန်း၏မျက်နှာပေါ်တွင် အရှည်ကိုမျှော်တွေးနေသော အရိပ်အယောင်မျိုး ထင်ဟပ်နေသည်။
"ဒီတစ်ကြိမ် စာမေးပွဲအတွက်လား...ငါ နည်းနည်းတော့ အရိပ်အမြွတ်သိထားတယ်...ဒါက ငါတို့ကျောင်းတော်ရဲ့ ကြီးကြပ်ရေးမှူးကိုယ်တိုင် ပြောထားတာ...ဘာအမှားအယွင်းမှ မရှိနိုင်ဘူး"
ထိုအချိန်မှာပင် မုဖေးပိုင်က သူတိုနှစ်ယောက်၏ဘေးသို့ရောက်ရှိလာကာ ပြောဆိုလိုက်၏။
"အမ်...စီနီယာမု...စီနီယာက အတွင်းသတင်းတွေ ရထားတာလား"
လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတိုနှစ်ယောက်သည် အလွန်စိတ်လှုပ်ရှားသွားကာ အလျှင်အမြန် မေးမြန်းလိုက်သည်။
မည်သိုပင်ဆိုစေကာမူ သူတို့သည် တိုက်ခိုက်ရေးစာမေးပွဲမစတင်မီ သတင်းအချက်အလက်တချို့ကို ကြိုတင်ရရှိထားပါက သူတို့ အောင်မြင်နိုင်သောအခွင့်အရေး မြင့်တက်သွားနိုင်သည်။
မုဖေးပိုင်သည် ဖူရွှေပွဲတော်၌ အရှက်ရခဲ့သည်။သို့ရာတွင် သူသည် ကျောင်းတော်သိုပြန်လည်ရောက်ရှိစဥ်တွင် မည်သည့်ကိစ္စမျှမဖြစ်ပွားခဲ့သကဲ့သို နေထိုင်နေပေ၏။
ဤကဲ့သို့ စိတ်သဘောထားကြီးမားမှုကြောင့် လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့က မုဖေးပိုင်ကို ပို၍ပင် ကြည်ညိုလေးစားနေကြသည်။
မုဖေးပိုင်၏မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သောအပြုံးမျိုး ထင်ဟပ်လာသည်။သူ စကားပြောရန်ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူက လူအုပ်ကြီးအကြားတွင် လုယွီကို မြင်တွေ့မိလေ၏။
လုယွီသည် ယခုလက်ရှိချိန်တွင် လူအများကြား၌ ရောနှောနေသည်။သူသည် မျက်စိဖမ်းစားနိုင်ခြင်းမရှိသော်လည်း သူ၏အရှိန်အဝါသည် တခြားသူများနှင့် ကွဲပြားခြားနားနေသည်။
Chapter 2968
"သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
မုဖေးပိုင်က မျက်မှောင်ကြုတ်၍ လုယွီကို ကြည့်လိုက်သည်။
လုယွီသည် သူ၏မှတ်ဥာဏ်အတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။ထိုကိစ္စကို မေ့ဖျောက်ရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီသည် ဟုန်ဖန်းမင်းသမီး၏ဧည့်သည်တစ်ယောက်သာ မဟုတ်လော...မည်သည်ကြောင့် သူ ဤနေရာ၌ ရှိနေသနည်း...
မုဖေးပိုင်၏အကြည့်ကို သတိပြုမိသွားသော ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့ကလည်း သူတို့၏ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
သူတို့ကလည်း လူအုပ်ကြီးအကြားတွင်ရှိနေသော လုယွီကို မြင်တွေ့မိသည်။
သူတို့သည် လုယွီကိုမြင်တွေ့ချိန်၌ အလွန်ဒေါသထွက်သွားကြသည်။
လုယွီသည် ကျန်းအိမ်တော်သို့ သွားခဲ့စဥ်အချိန်မှစ၍ ရှားဟိုအိမ်တော်သို့ ပြန်လာခြင်းမရှိတော့ချေ။လုယွီသည် အလကားစားရန်အိပ်ရန်လာသည့် ဧည့်သည်တစ်ယောက်ဟူသောကိစ္စ ပေါ်ထွက်သွားသဖြင့် ပြန်မလာဝံ့တော့ဟု သူတို့က တွေးတောထားခဲ့ကြသည်။
သူတို့မိသားစုအတွက် လုယွီကဲ့သို့ အလကားသောက်စားရန် လိမ်လည်လှည့်ဖျားနေသော ဧည့်သည်တော်များသည် သဲပုံအတွင်းမှသဲမှုန်များအလား လွန်စွာပေါများသည်။ထို့ကြောင့် ထိုကဲ့သိုလူစားမျိုးသည် သူတို၏အာရုံစူးစိုက်မှုနှင့် မထိုက်တန်ချေ။
သို့ရာတွင် လုယွီ ဤနေရာ၌ထွက်ပေါ်လာသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေလေပြီ။
ဤသည်က မည်ကဲ့သိုနေရာမျိုးဖြစ်သနည်း။ဤနေရာသည် တိုက်ခိုက်ရေးစာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့်လူများသာ ဝင်ရောက်ခွင့်ရသောနေရာပင်။
ဤနေရာသို့လာရောက်ရန် လုယွီထံတွင် မည်သည်ကြောင့် အရည်အချင်းရှိမည်နည်း...
"လုယွီ..နင် ဒီနေရာကိုရောက်လာမယ်လို ငါ မျှော်လင့်မထားမိဘူး...ဟုန်ဖန်းမင်းသမီးမှာ မြင့်မားတဲ့အဆင့်အတန်းရှိတယ်ဆိုပေမယ့်...ဒီနေရာက တော်ဝင်စာမေးပွဲ ကျင်းပတဲ့နေရာ...နင့်လိုမျိုး ဧည့်သည်တစ်ယောက် ဝင်လာလို့ရတဲ့နေရာမဟုတ်ဘူး...မြန်မြန်ထွက်သွားစမ်း"
လုံယွင်ရှန်းက အော်ငေါက်လိုက်၏။
လုယွီအပေါ် သူမ၏သဘောထားသည် အဆုံးစွန်ဆုံးအဆင့်ထိ ဆိုးရွားနေလေပြီ။
သူမသည် လုယွီကို မြင်တွေ့ချိန်တိုင်း သူမအတွက် ကံကြမ္မာဆိုးများ ရောက်ရှိလာပုံရသည်။
ယနေ့သည် တိုက်ခိုက်ရေးစာမေးပွဲ ကျင်းပမည့်နေ့ပင်။ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် သူမသည် လုယွီကို မြင်တွေ့လိုခြင်းမရှိချေ။
ရှားဟိုကျွင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနေရာကိုရောက်လာတဲ့ လူတွေအားလုံးက တိုက်ခိုက်ရေးစာမေးပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ လူတွေချည်းပဲ...မင်းက ဘယ်လိုလုပ်ပြီးတော့ ခိုးဝင်လာတာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ငါက ခိုးဝင်လာတာလို့ မင်းကို ဘယ်သူက ပြောတာလဲ"
လုယွီက သူ့ရှေ့ရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။သူသည် ထိုလူများနှင့် စကားပြောဆိုလိုခြင်းမရှိချေ။
"လုယွီ...ငါ့ရဲ့ဓားက မင်းနဲ့သင့်တော်ရဲ့လား"
ထိုအချိန်မှာပင် မုဖေးပိုင်က တင်းမာခက်ထန်သောလေသံဖြင့် မေးမြန်းသည်။
သူသည် ဖူရွှေပွဲတော်၌ ဝင်္ကပါဖြင့်ကာကွယ်ထားသော ဓားရှည်နှင့်ပတ်သက်၍ ပြောဆိုနေခြင်းဖြစ်သည်။သူသည် ဝင်္ကပါကိုချိုးဖျက်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း အဆုံးသတ်၌ မမျှော်လင့်ဘဲ လုယွီသည် ဝင်္ကပါကို လွယ်လင့်တကူချိုးဖျက်ကာ ဓားရှည်ကို ယူဆောင်သွားခဲ့သည်။
မုဖေးပိုင်၏စိတ်အတွင်း၌ ထိုဓားရှည်သည် အစမှအဆုံးထိ သူ၏အပိုင်ပင်။ထိုအရာကို လုယွီ ထိတွေ့ခဲ့ခြင်းမှာ ခွင့်လွှတ်နိုင်ဖွယ်မရှိသော ပြစ်မှုကြီးကို ကျူးလွန်ခြင်းသာဖြစ်ပေ၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းပြောချင်တာက အဲ့ဒီဓားလား...ငါ အဲ့ဒါကို ချေမွှဖျက်ဆီးလိုက်ပြီ"
ထိုဓားရှည်၏အရည်အသွေးသည် မဆိုးလှသော်လည်း အစစ်အမှန်တန်ဖိုးရှိသောအရာမှာ ထိုဓားရှည်၏အတွင်း၌ မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစ ရှိနေခြင်းပင်။
လုယွီသည် ထိုမသေမျိုးအဆင့် မှော်လက်နက်အပိုင်းအစကိုထုတ်ယူ၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ဝါးမြိုစေခဲ့သည်။ထို့ကြောင့် ထိုဓားရှည်သည် ဆက်လက်၍တည်ရှိနေရန် အကြောင်းမရှိတော့ချေ။
"ရယ်စရာကောင်းလိုက်တာ...အဲ့ဒီဓားရှည်ရဲ့ အရည်အသွေးက အရမ်းမြင့်မားတယ်...အဲ့ဒါက မင်း ဖျက်ဆီးနိုင်မယ့်အရာမျိုးမလို့လား"
မုဖေးပိုင်က သရော်တော်တော် ပြောဆိုသည်။ထို့နောက် သူက ခေါင်းမော့၍ ဂုဏ်ယူဝင့်ကြွားသော မျက်နှာအမူအယာဖြင့် ဆက်လက်ပြောဆိုလေ၏။
"တကယ်လို ငါ မမှားဘူးဆိုရင် မင်းရဲ့နာမည်က အဆင့်သတ်မှတ်ချက်စာရင်းမှာ မပါမှာကို ငါ စိုးရိမ်မိတယ်...တကယ်လို့ မင်း အခုထိထွက်မသွားသေးဘူးဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ တော်ဝင်စစ်တပ်ရဲ့စစ်သားတွေက မင်းကို ဆွဲထုတ်သွားလိမ့်မယ်...မင်းမှာ ဟုန်ဖန်းမင်းသမီးရဲ့အထောက်အပံရှိနေတယ်ဆိုရင်တောင် ဒီတစ်ကြိမ်မှာ မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
"တကယ်လို့ မင်း မျက်လုံးကန်းမနေဘူးဆိုရင်...ငါ့ရဲ့နာမည်ကို မင်း မြင်မှာပဲ"
သူသည် စာပေစာမေးပွဲတွင် ပထမနေရာကိုရရှိခဲ့သူပင်။
အဆင့်သတ်မှတ်ချက်ကိုကြည့်သည့် လူတိုင်းနီးပါး သူ၏နာမည်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်မည်ဖြစ်သော်လည်း ဤမုဖေးပိုင်ကမူ လိမ်ညာပြောဆိုနေခဲ့သည်။
"အဲ့ဒီလိုလား...ကောင်းပြီလေ...ငါ အခုမှတ်မိပြီ...စာပေစာမေးပွဲရဲ့ပထမနေရာကို ရသွားတဲ့သူက မင်းနဲ့နာမည်တူတယ်...ဒါပေမယ့် မင်းကိုယ်မင်း အဲ့ဒီလုယွီလို့ တကယ်ကြီးထင်နေတာလား...သူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင်ဆိုတာ ငါ သိထားပြီးပြီ...မင်းကလား...မင်း စစ်တပ်ကနေထွက်လာတာ မကြာသေးဘူးလို့ ငါ ကြားထားတယ်...တကယ်လို မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဝင်ခွင့်ရခဲ့တယ်ဆိုရင်တောင် အခုချိန်မှာ ဂျူနီယာတပည့်အဆင့်ပဲရှိအုံးမှာ...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီပုဂ္ဂိုလ်ဖြစ်နိုင်မှာလဲ"
Chapter 2969
မုဖေးပိုင်က သရော်တော်တော်ပြောဆိုကာ လုယွီကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
သူသည် ယခုလက်ရှိချိန်တွင် ယခင်က သူ၏အရှက်ရမှုကို ဖယ်ရှားနိုင်ခဲ့သဖြင့် စိတ်ကျေနပ်မှုရရှိသွားသကဲ့သို ခံစားနေရသည်။
သူ ပြောဆိုခဲ့သော စကားများသည် ဖူရွှေပွဲတော်တွင် သူ အရှက်ရခဲ့သည်များအားလုံးကို သိက္ခာပြန်ဆယ်နိုင်သကဲ့သို့ပင်။
ရှားဟိုကျွင်းက ရုတ်တရက် သူ၏နဖူးကို သူ့လက်ဖြင့်ပြန်ပုတ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ကြည့်ပါအုံး...ငါ မေ့နေခဲ့တာ...အဲ့ဒီအစွမ်းထက်ပါရမီရှင်လုကလည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေလာတာလို ငါ ကြားထားတယ်...မင်းက အဲ့ဒီတပည့်ခေါင်းဆောင်ကို သိတယ်မလား...ဒါကြောင့် မင်းက သူ့ အယောင်ဆောင်ပြီး ငါတို့ရဲ့အိမ်တော်မှာ လေးစားရတဲ့ဧည့်သည်တော်အဖြစ်နဲ့ လာပြီးနေနေတာမလား"
ရှားဟိုကျွင်းသည် ပို၍တွေးတောမိလေလေ သူတွေးတောသည့်ကိစ္စ မှန်ကန်သည်ဟု ပို၍ခံစားရလေလေပင်။
ရှားဟိုလီသည် မည်သည်ကြောင့် သူနှင့်အဆင့်အတန်းခြင်း မတူညီသူတစ်ယောက်ကို လေးလေးစားစား ဆက်ဆံနေမည်နည်း....
မည်သည်ကြောင့် ဟုန်ဖန်းမင်းသမီးသည် လုယွီအပေါ် အလွန်အာရုံစူးစိုက်နေသနည်း...
မည်သည်ကြောင့် ကျန်းအိမ်တော်မှရထားလုံးသည် သူတို့၏ရှားဟိုအိမ်တော်ရှေ့သို့ရောက်လာကာ လုယွီကို ခေါ်ဆောင်သွားခဲ့သနည်း....
အရာအားလုံးကို ဆက်စပ်၍ တွေးတောနိုင်သည်။
လုယွီသည် စာပေစာမေးပွဲတွင် ပထမရရှိသူ၏အယောင်ဆောင်နေခြင်းသာ ဖြစ်ပေမည်။
"အဲ့ဒီလိုလား...နင် ဘာကြောင့် ဒီနေရာကိုရောက်နေတာလဲဆိုတာ ငါ သိချင်နေမိတာ...နင်က အမြဲတမ်းအတုအယောင် ဖြစ်နေတာကိုး"
လုံယွင်ရှန်းက နောက်ကွယ်မှ 'အစစ်အမှန်'အကြောင်းတရားကို သိရှိသွားပုံဖြင့် သူမက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
ဤကိစ္စအား ယခုလက်ရှိအချိန်တွင် ဖြေရှင်းပါက အသုံးဝင်မည်မဟုတ်ကြောင်း လုယွီက ကောင်းစွာ သိရှိထားသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"ဘေးဖယ်ကြစမ်း...ငါ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်တွေနေရာကို သွားတော့မယ်"
ထိုလူများသည် မကြာမီမှာပင် သူတို့ မှားယွင်းနေသည်ကို သိရှိသွားကြပေမည်။
သို့ရာတွင် မုဖေးပိုင်က လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေဆဲပင်။
"မင်း ဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး...တိုက်ပွဲကွင်းပြင်ရဲ့ပြင်ပမှာ တိုက်ခိုက်မှုကို ခွင့်မပြုဘူး...ဒါကြောင့် မင်း ဘာမှမစိုးရိမ်နဲ့..ငါ မင်းကို ဘာမှမလုပ်ဘူး...ဒါပေမယ့် ဒီတစ်ကြိမ်မှာ မင်းက အကျဥ်းချခံရတာကနေ မလွတ်မြောက်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
မုဖေးပိုင်က ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းကာ အစောင့်စစ်သားများကို ခေါ်လိုက်၏။
"အရာရှိတို့...ဒီမှာ ကျောင်းတော်သားယောင်ဆောင်ပြီးတော့ ဒီနေရာကို ခိုးဝင်လာတဲ့သူတစ်ယောက် ရှိနေတယ်"
သူ၏အသံက ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေသည်။
ပတ်ဝန်းကျင်ရှိ စကားပြောဆိုနေမှုများအားလုံး တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။အဆင့်မြင့်ကျောင်းတော်သားများသာမက တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းမှ တပည့်များအားလုံးကလည်း လှမ်းကြည့်လိုက်ကြ၏။
တိုက်ခိုက်ရေးစာမေးပွဲသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှလူများ အာရုံစူးစိုက်ကြသည့် ကိစ္စကြီးတစ်ရပ်ပင်။မရေမတွက်နိုင်သောလူများက ဤနေရာကို စောင့်ကြည့်နေကြသည်။
တော်ဝင်မြိုတော်အတွင်းမှ ရဲတင်းသောသူခိုးတစ်ယောက်ပင်လျှင် ထိုသို့ပြုလုပ်ရန် သတ္တိမရှိချေ။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် ဤနေရာသို့ ခိုးဝင်လာဝံ့သောသူ ရှိနေသေးသလော....
ဝှစ်...ဝှစ်...
သံချပ်ကာဝတ်စုံဝတ်စစ်သားတစ်စုက ဤနေရာသို့ အလျှင်အမြန် ရောက်ရှိလာသည်။
ထိုစစ်သားများကိုဦးဆောင်လာသူက အေးစက်စက်မျက်လုံးတစ်စုံဖြင့် လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။
"မင်းရဲ့ သက်သေခံတံဆိပ်ပြား ငါ့ကိုပြစမ်း"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏တံဆိပ်ပြားကို ထိုစစ်သားများထံ လက်ကမ်းပေးလိုက်သည်။
ထိုအစောင့်စစ်သားသည် တံဆိပ်ပြားကိုစစ်ဆေးပြီးနောက် မည်သည့်မူမမှန်မှုမျိုးကိုမျှ မတွေ့ရသဖြင့် လုယွီထံပြန်ပေးကာ မုဖေးပိုင်ကိုလှည့်ကြည့်၍ ပြောဆိုသည်။
"နောက်တစ်ကြိမ်မှာ...တကယ်လို မင်းမှာ သက်သေအထောက်အထား မရှိဘူးဆိုရင်...စစ်ရေးကွင်းပြင်ပြင်ပမှာ ဆူဆူညံညံလုပ်ဝံ့တဲ့ ဘယ်သူ့ကိုမဆို အပြင်ကိုဆွဲထုတ်ရလိမ့်မယ်...ဒီတစ်ကြိမ်တော့ မင်းက တော်ဝင်ကျောင်းတော်ရဲ့တပည့် ဖြစ်နေတဲ့မျက်နှာကိုထောက်ပြီး ငါ အလွတ်ပေးလိုက်မယ်"
ဝှစ်...ဝှစ်...
အစောင့်စစ်သားများသည် လျှင်မြန်စွာရောက်ရှိလာပြီး အလျှင်အမြန် ပြန်လည်ထွက်ခွာသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
မုဖေးပိုင်သည် ကြက်သေသေသွားလေ၏။
မည်သို ဖြစ်နိုင်မည်နည်း...ထိုကောင်စုတ်လေးထံတွင် တိုက်ခိုက်ရေးစာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်သည့် သက်သေခံတံဆိပ်ပြား အမှန်တကယ်ရှိနေသလော....
လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို၏ မျက်လုံးများသည်လည်း ပြူးကျယ်နေသည်။
တိုက်ခိုက်ရေးစာမေးပွဲကို ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် စာပေစာမေးပွဲကို အောင်မြင်အောင် ဖြတ်ကျော်ရသည်မှာ မည်မျှခက်ခဲကြောင်း သူတို့ သိရှိထားပြီးလေပြီ။
လုယွီထံတွင် မည်သည်ကြောင့် သက်သေခံတံဆိပ်ပြား ရှိနေသနည်း...
"မင်း ဘယ်လိုနည်းလမ်းတွေကို သုံးထားတာလဲ...မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်တစ်ယောက် မဖြစ်နိုင်ဘူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တွေအားလုံး ကျောင်းတော်ရဲ့တူညီဝတ်စုံကို ဝတ်ထားကြတယ်"
မုဖေးပိုင်က အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်၏။
လုယွီက မုဖေးပိုင်ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
"ငါက သူတို့လိုမျိုး တူညီဝတ်စုံကိုဝတ်ဖို လိုအပ်လိုလား"
Chapter 2970
တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းမှ တပည့်များသည် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်အချိန်တိုင်း သူတို၏အဆင့်အတန်းကို ပြသသည့်အနေဖြင့် သက်ဆိုင်ရာကျောင်းတော်ဝတ်စုံကို ဝတ်ဆင်လေ့ရှိသည်။
ဤသည်က ရေးမှတ်ထားခြင်းမရှိသော စည်းမျဥ်းပင်။တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသော ကျောင်းတော်များမှတပည့်တိုင်း ထိုကိစ္စကို အထူးသတိထားကြ၏။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားသည်။
ယတိပြတ်ပြောဆိုရလျှင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ သူ၏အဆင့်အတန်းသည် တပည့်ခေါင်းဆောင်တစ်ယောက်ဟူသည်ထက် ပို၍သာလွန်သည်။မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် လုယွီ၏လမ်းညွှန်မှုကို ရရှိရန်အတွက် သူတို့ကိုယ်သူတို့နှိမ့်ချ၍ တောင်းဆိုရသည်။
လုယွီ ကျောင်းတော်ဝတ်စုံ မဝတ်သည့်အတွက် မည်သူကမျှ သူ့ရှေ့သို့ရောက်လာပြီး မေးခွန်းထုတ်ဝံ့မည်မဟုတ်ချေ။
"ကောင်းပြီလေ..ငါ ဒီနေရာကနေ စောင့်ကြည့်နေမယ်...နင် ကျောက်စိမ်းဆေးမီးဖိုတောင်းတော်ရဲ့တပည့်တွေကြားကို ဘယ်လိုခိုးဝင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
လုံယွင်ရှန်းက အံ့တင်းတင်းကြိတ်ကာ လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
လုယွီက သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။
"မင်း ဘာလို သေချာမတွေးနိုင်တာလဲ...ရှားဟိုမိသားစုခေါင်းဆောင်က မင်းတိုရှားဟိုအိမ်တော်ကို ကာကွယ်ပေးဖို့ ငါကို ဘာလို့တောင်းဆိုခဲ့လဲဆိုတာ...မင်း အဲ့ဒီအကြောင်းကို သေချာတွေးတောရင် ဒီလိုမျိုး ရူးသွပ်မိုက်မဲတဲ့ကိစ္စတွေကို မင်း လုပ်မှာမဟုတ်ဘူး....ရှားဟိုလီမရှိတော့ရင်တောင် ရှားဟိုအိမ်တော်က တောင့်ခံနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမယ့်
အခုကြည့်ရသလောက်တော့ ရှားဟိုအိမ်တော်ရဲ့မျိုးဆက်သစ်တွေက နည်းနည်းလေးတောင် တိုးတက်မှုမရှိဘူး"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များ ရှိနေသောနေရာသို့ လျှောက်လှမ်းသွားလေသည်။
တခြားတစ်ဖက်တွင်ရှိနေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် လုယွီကို မြင်တွေ့ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုတပည့်များကို ဦးဆောင်နေသူမှာ လီစစ်ဖြစ်ကာ သူ၏နံဘေးတွင် စီနီယာတပည့်များ ရှိနေသည်။
လုယွီ လျှောက်လှမ်းလာသည်ကို မြင်တွေ့သည်နှင့် ထိုတပည့်များက လူစုခွဲကာ သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြ၏။
"လုရှီ..."
"လုရှီကို အရိုအသေပြုပါတယ်"
"လုရှီက စာပေစာမေးပွဲမှာ ပထမနေရာရခဲ့တယ်...ကျွန်တော်တို့က လုရှီအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်"
သူတို့အားလုံးက သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
တခြားသူများ၏အကြည့်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ၏ လေးလေးစားစား အရိုအသေပြုခြင်းကိုခံနေရသော လုယွီထံသို့ စူးစိုက်၍ ကျရောက်လာသည်။
သူတို့အားလုံးက အံ့အားသင့်တုန်လှုပ်သွားသည်။စာပေစာမေးပွဲ၏အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ကြေငြာချိန်တွင် တော်ဝင်မြိုတော်မှ လူများအားလုံးနီးပါး ပထမရရှိသွားသော လုယွီ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းခဲ့ကြလေ၏။
သူတို့က လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင်ဖြစ်သည်ကိုသာ ကြားသိခဲ့ရပြီး သူ၏အသေးစိတ်အချက်အလက်များကို မသိခဲ့ရချေ။
ယခုချိန်၌ နောက်ဆုံးတွင် သူတို့အားလုံး သူ့အား မြင်တွေ့လိုက်ရလေပြီ။ဤသည်က စာပေစာမေးပွဲ၌ ပထမနေရာကို ရရှိသွားသူပင်။
တခြားသူများထက်ပို၍ ထိတ်လန့်တုန်လှုပ်နေကြသူများမှာ လုယွီကို အဆက်မပြတ်လှောင်ပြောင်သရော်ခဲ့သော လုံယွင်ရှန်းတို့လူစုဖြစ်သည်။
သူတို့သည် နေရာမှာပင်အမြှစ်တွယ်နေသည့်အလား ကြက်သေသေနေကြကာ မလှုပ်ရှားနိုင်ကြတော့ချေ။
မည်သို့ဖြစ်ပျက်သွားသနည်း....
လုယွီသည် ရှားဟိုအိမ်တော်၌ အလကားလာရောက် စားသောက်နေသည့် ဧည့်သည်တစ်ယောက် မဟုတ်လော....
သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်ခေါင်းဆောင်နှင့် နာမည်တူညီသူတစ်ယောက် မဟုတ်လော...
မည်သည်ကြောင့် လုယွီသည် ထိုထိပ်သီးပါရမီရှင် ဖြစ်နေသနည်း....
"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...သူက ဟုန်ဖန်းမင်းသမီးလိုမျိုး အရေးကြီးပုဂ္ဂိုလ်တွေကို တွယ်ကပ်နေတဲ့ သူတစ်ယောက်လေ....."
လုံယွင်ရှန်းသည် ထိုစကားကို ပြောဆိုလိုက်သော်လည်း သူမကိုယ်သူမ ယုံကြည်ချက်မရှိချေ။
သူမက ဟုန်ဖန်းမင်းသမီးကျန်းယုချင်သည် မင်းသမီးဘွဲကို မကြာသေးမီကမှ ရရှိထားသူဖြစ်ကာ သြဇာအာဏာလွှမ်းမိုးနိုင်မှု ကြီးကြီးမားမားမရှိသေးကြောင်း ရုတ်တရက် အမှတ်ရသွားသည်။
ရှားဟိုလီသည် မီဖေးနှင့်မိတ်ဖွဲလိုသဖြင့် လုယွီကို သိမ်းသွင်းရန်ကြိုးစားနေသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့ရာတွင် ကျန်းမိသားစုသည် စာပေသူတော်စင်၏မျိုးဆက်မိသားစုပင်။သူတို့သည် ရိုးရိုးသာမာန်လူတစ်ယောက်ကို မဆင်မခြင်မိတ်ဖွဲ့မည်မဟုတ်ချေ။
တခြားစကားပြောင်းဆိုရလျှင် လုယွီသည် သူ၏ကိုယ်ပိုင်စွမ်းအားကိုမှီခို၍ ကျန်းမိသားစုမှရထားလုံးသည် ရှားဟိုအိမ်တော်သို့ ရောက်ရှိလာကာ သူ့အား ခေါ်ဆောင်သွားခြင်းဖြစ်ပေမည်။
ယခင်က လုယွီသည် ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နှင့် ရင်းနှီးကျွမ်းဝင်သောအကြောင်းကို ပြန်တွေးတောမိချိန်တွင် လုံယွင်ရှန်း၏နဖူးပြင်တစ်ခုလုံး အေးစက်စက်ချွေးစေးများဖြင့် ရွှဲနစ်သွားတော့သည်။
ထိုအချိန်တုန်းက သူမသည် ထိုအရေးကြီးပုဂ္ဂိုလ်နှစ်ယောက်နှင့်လုယွီသည် အတူစားသောက်ရုံမျှသာဖြစ်ပြီး အလွန်အရေးပါသူမဟုတ်ဟု တွေးထင်ခဲ့မိလေ၏။
သို့ရာတွင် အကယ်၍ လုယွီသည် အမှန်တကယ်ကိုပင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်ခေါင်းဆောင်ဖြစ်နေပါက သူသည် ထိုလူနှစ်ယောက်နှင့် မိတ်ဆွေကောင်းများ ဖြစ်နေနိုင်သည်။
အရာအားလုံးအတွက် သူမ အမှားကြီးကို ကျူးလွန်ခဲ့မိလေပြီ။
လုံယွင်ရှန်းက သူမသည် တော်ဝင်စာမေးပွဲ၌ သူမ၏ခွန်အားကို အပြည့်အဝ ထုတ်ဖော်ပြသမည်ဟု တွေးတောထားခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ သူမသည် အဆုံးသတ်၌ လူအများ၏လှောင်ပြောင်ရယ်မောစရာကြီး ဖြစ်သွားပေမည်။