← Chapters

အခန်း (၂၉၇၆-၂၉၈၀)

Vol. 152 Ch. 2976-2980

အခန်း (၂၉၇၆-၂၉၈၀)

Vol. 152 Ch. 2976-2980

Chapter 2976

ထိုလှေကားထစ်များ ထွက်ပေါ်လာခြင်းနှင့်အတူ စစ်ဆေးရေးမှူးများထိုင်နေသော စင်မြင့်သည်လည်း မြေပြင်မှနေ၍ လေထုအတွင်းသို့ မြောက်တက်သွားသည်။

ဤကဲ့သို့ အပြောင်းအလဲမျိုးဖြစ်လာမည်ဟု မည်သူသမျှ မျှော်လင့်မထားမိချေ။

သို့ရာတွင် ဤနေရာသို့ရောက်ရှိလာသူများသည် လူငယ်မျိုးဆက်သစ်များအကြားမှ ထိပ်သီးလူငယ်ပါရမီရှင်များဖြစ်သည်။သူတို့ထံတွင် အလွန်တည်ငြိမ်သောစိတ်ရှိသဖြင့် ဤကဲ့သို့အပြောင်းအလဲမျိုးအတွက် ထိတ်လန့်တုန်လှုပ်နေမည်မဟုတ်ချေ။

ကျန်းရွှမ်စဲ၏ကြည်လင်ပြတ်သားသောအသံက အထက်ရှိ စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည်။

"ငါ မင်းတို့အားလုံးကို အချိန်တစ်နာရီပေးမယ်...အဲ့ဒီအချိန်အတွင်းမှာ ဒီလှေကားထစ်တွေအားလုံးကို ဖြတ်ကျော်နိုင်ရင် မင်းတို့ ပထမအကျော့ စစ်ဆေးမှုကို အောင်မြင်ပြီ"

ကျောင်းတော်သားများရှေ့ရှိ လှေကားထစ်များသည် တိမ်တိုက်များကြားထိ ထိုးဖောက်ဝင်ရောက်နေသည်။ဤလှေကားထစ်များ၏အထစ်ပေါင်း မည်မျှများပြားသည်ကို တိတိကျကျပြောဆိုနိုင်ရန် လွန်စွာခက်ခဲပေမည်။

ကျောင်းတော်သားတချို့၏မျက်နှာများပေါ်တွင် ပျော်ရွှင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့က တိုက်ခိုက်ရေးစာမေးပွဲ၏ခက်ခဲမှုသည် အလွန်မြင့်မားမည်ဟု မူလက တွေးတောထားခဲ့ကာ သူတို့၏စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားသည်။ဤမျှရိုးရှင်းနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

ဤသည်က လှေကားထစ်လေးများသက်သက်ပင်။ထို့ကြောင့် သူတို့အတွက် ပြဿနာတစ်ရပ်မဟုတ်နိုင်ပေ။

"ဟား ဟား ဟား...ကြည့်ရတာတော့ ဒီတစ်ကျော့စစ်ဆေးမှုမှာ ငါက ပထမနေရာကို ရမယ့်ပုံပဲ"

တချို့ကျောင်းတော်သားများသည် စိတ်မရှည်တော့သဖြင့် လှေကားထစ်များပေါ်သို ခြေချလိုက်ကြတော့သည်။

သို့ရာတွင် ပထမဆုံးတက်လှမ်းသွားသူ၏ခြေထောက်သည် လှေကားထစ်ပေါ်သို့ ခြေချမိသည်နှင့် သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူ၏နံဘေးပတ်လည်ကို အခိုင်အမာ ကာကွယ်လိုက်၏။

ထိုလူသည် လှေကားထစ်များ၏ပထမဆုံးအထစ်၌ မတ်တတ်ရပ်နေသည်။သူ၏နဖူး၌ ချွေးစေးများထွက်နေကာ သူသည် ခွန်အားကုန်နီးပါးကို အသုံးပြုထားသည်။

တခြားသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ သိချင်စိတ်ပြင်းပြသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က သူတို့အပေါ်သက်ရောက်လာသကဲ့သို့ ခံစားမိသည်။

ဤသည်က သူတို့၏ခန္ဓာကိုယ်ပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံး ဖိစီးထားသကဲ့သို့ပင်။ဤကဲ့သို့ဖိအားအရှိန်အဝါအောက်တွင် ခြေတစ်လှမ်းလှမ်းနိုင်ရန်ပင် သူတို့အတွက် လွန်စွာခက်ခဲသည်။

အလွန်ပျော်ရွှင်နေကြသော ကျောင်းတော်သားများ၏စိတ်များ အဆုံးစွန်ဆုံးအဆင့်ထိ ထိုးကျသွားလေပြီ။

ဤတော်ဝင်စာမေးပွဲသည် အမှန်တကယ်ကိုပင် မလွယ်ကူချေ။

"ဒီလှေကားထစ်တွေနဲ့စစ်ဆေးမှုက အရင်တုန်းက ကောင်းကင်ဘုံလမ်းကြောင်းနဲ့ တော်တော်လေးတူညီတာပဲ"

လုယွီက သူ၏ခြေထောက်ကိုမြှောက်ကာ လှေကားထစ်ပေါ်သို့ ခြေချလိုက်၏။ရုတ်ချည်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ သူ့ထံသို့သက်ရောက်လာသည်ကို သူ ခံစားမိသည်။

ဤခံစားချက်သည် ယခင်က အောက်ဘုံအတွင်း၌ သူ ကောင်းကင်ဘုံလမ်းကြောင်းကို လျှောက်လှမ်းခဲ့စဥ်ကနှင့် တူညီသည်။

သို့ရာတွင် သူ့ရှေ့ရှိ လှေကားထစ်များသည် ပုံရိပ်ယောင်သက်သက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။ဤလှေကားထစ်များသည် ကောင်းကင်ဘုံလမ်းကြောင်း၏ဖိအားအရှိန်အဝါကိုလိုက်မှီရန် လွန်စွာအလှမ်းကွာဟသည်။

လုယွီက သူ၏ခြေထောက်ကိုမြှောက်ကာ လှေကားတစ်ထစ်ပြီးတစ်ထစ် လျှောက်လှမ်းလိုက်၏။

သူ ရင်ဆိုင်နေရသော ဖိအားအရှိန်အဝါသည် သိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိသော သူ့အတွက် အခက်အခဲတစ်ရပ်မဟုတ်ချေ။

စာပေစာမေးပွဲ၏ပထမနေရာကို ရရှိထားသဖြင့် လုယွီသည် တိုက်ခိုက်ရေးစာမေးပွဲ၏အာရုံစိုက်ခြင်းအခံရဆုံးသူ ဖြစ်နေသည်။

သူ လှုပ်ရှားလိုက်သည်နှင့် လူတိုင်း၏အကြည့်များက သူ့ထံသို့ စူးစိုက်၍ ကျရောက်လာသည်။

"ကျောင်းတော်တစ်ကျောင်းရဲ့တပည့်ခေါင်းဆောင်ဖြစ်ဖို့ တကယ့်ကိုပဲ ထိုက်တန်တယ်...သူ့ရဲ့အရှိန်နှုန်းက အရမ်းလျှင်မြန်တယ်"

"ကြည့်ကြအုံး...တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ရှထန်ကန်းတောင် သူ့ကို အမှီမလိုက်နိုင်ဘူး...သူက အမြန်ဆုံးပဲ"

လုယွီ၏အရှိန်နှုန်းကို မြင်တွေ့ချိန်တွင် စောင့်ကြည့်နေကြသူအားလုံးနီးပါး ထိတ်လန့်တုန်လှုပ်သွားသည်။

တခြားသူများသည် လှေကားထစ်ဆယ်ထစ်ခန့်သာ တက်လှမ်းရသေးချိန်တွင် လုယွီသည် လှေကားထစ်အထစ်ငါးဆယ်ကျော် တက်လှမ်းပြီးလေပြီ။

လုယွီသည် ဤလှေကားထစ်များကို တက်လှမ်းနေရင်းဖြင့် ဝင်္ကပါပညာရပ်ကို လေ့လာဆင်ခြင်နေသည်အား မည်သူမျှမသိနိုင်ချေ။

ဤလှေကားထစ်များသည် ကောင်းကင်ဘုံလမ်းကြောင်းကို တုပ၍ဖန်တီးထားကြောင်း လုယွီက အတပ်ပြောနိုင်သည်။သို့ရာတွင် ဤဝင်္ကပါကို ခင်းကျင်းထားသူမှာ အလွန်အမင်း တီထွင်ဥာဏ်ကောင်းလှ၏။ဤဝင်္ကပါကို အလွန်အစွမ်းထက်သော ဝင်္ကပါပညာရှင်တစ်ယောက်မှ ခင်းကျင်းထားခြင်းဖြစ်ပေမည်။

ဝင်္ကပါပညာရပ်အပေါ် လုယွီ၏နားလည်သဘောပေါက်မှုသည် အတော်အသင့် နက်နဲသိမ်မွေ့သည်။သို့ရာတွင် ဤလောကကြီးအတွင်းတွင် ဝင်္ကပါပညာရပ်၌ နက်နဲသိမ်မွေ့သောပညာရှင် အမြောက်အများရှိသည်ကို လုယွီက ကောင်းစွာနားလည်သဘောပေါက်ထားသည်။

ထိုကြောင့် တခြားသူများ၏အမြင်တွင် လုယွီသည် လှေကားထစ်တိုင်းကို ဖြည်းညှင်းစွာတက်လှမ်းနေပုံရသော်လည်း အမှန်အားဖြင့် သူသည် သူ့ရှေ့ရှိ ဝင်္ကပါကို တိတ်တဆိတ် လေ့လာဆင်ခြင်နေခြင်းဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ လုယွီသည် ဖိအားအရှိန်အဝါကို တောင့်ခံရင်းဖြင့် ဝင်္ကပါကို ချိုးဖျက်နိုင်သည့်နည်းလမ်းကို စဥ်းစားနေသည်ကိုသာ သိရှိသွားပါက ထိုလူ၏ အောက်မေးရိုးများ ပြုတ်ကျလုမတတ် အံ့အားသင့်တုန်လှုပ်သွားပေမည်။

လုယွီက ဆက်လက်၍တက်လှမ်းနေရာမှ လှေကားထစ်တစ်ထစ်၏ရှေ့သို့အရောက်တွင် ရပ်တန့်လိုက်၏။

Chapter 2977

လုယွီ၏ခြေလှမ်းများ ရပ်တန့်သွားသဖြင့် ပတ်ဝန်းကျင်ရှိလူများက သူ့ကို အံ့အားတသင့် ကြည့်လိုက်ကြသည်။

သို့ရာတွင် သူတို့သည် အံ့အားသင့်ရုံသက်သက်ပင်။သူတို့တစ်ယောက်ချင်းစီသည် ဖိအားအရှိန်အဝါကို တောင့်ခံ၍ အထက်သို့ဆက်လက်၍ တက်လှမ်းလိုက်ကြ၏။

လုယွီရပ်နေသော လှေကားထစ်၏ဖိအားအရှိန်အဝါသည် ယခင်ထက် အဆတစ်ရာခန့် မြင့်တက်သွားသည်ကို သူတို့အားလုံး မည်သည့်နည်းနှင့်မျှ သိရှိမည်မဟုတ်ချေ။

အကယ်၍ တခြားသာမာန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ထိုတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကြောင့် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားပေမည်။

"ဒါက တော်ဝင်စာမေးပွဲလေးသက်သက်မဟုတ်လား...ဘာလို့ ဒီလောက်ထိ ကြီးမားတဲ့အပြောင်းအလဲကြီး ရှိနေတာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

တိုက်ခိုက်ရေးစာမေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျောင်းတော်သားများကို ရွေးချယ်ရုံသက်သက်သာဖြစ်သင့်ပြီး သူတို့အတွက် ခက်ခဲစေမည့်ကိစ္စမျိုး မဖြစ်သင့်ချေ။

ဤအဆင့်ဖိအားအရှိန်အဝါမျိုးသည် သူပင်လျှင် အနည်းငယ်ဖိအားရှိလာသကဲ့သို့ ခံစားရသည်။တခြားကျောင်းတော်သားတစ်ယောက်အတွက်ဆိုပါက လုံးလုံးလျားလျား ပြင်းထန်သော သတ်ဖြတ်ရန်ကြံစည်မှုပင်။

လုယွီက တည်ငြိမ်မှုကိုထိန်းသိမ်းကာ သူ၏စွမ်းအားများကို စုစည်းလိုက်သည်။သူ၏နတ်ဘုရားစိတ်အာရုံဖြင့် တိတ်တဆိတ် စုံစမ်းထောက်လှမ်းကြည့်ချိန်တွင် သူ ရပ်နေသောလှေကားထစ်များသည် တခြားသူများနှင့် ကွဲပြားခြားနားနေသည်ကို ခံစားမိလေ၏။

ဤသည်က တစ်စုံတစ်ယောက်မှနေ၍ သူ့အား လျှို့ဝှက်ကြံစည်ထားခြင်းဖြစ်ပေမည်။

ဤအချိန်အခိုက်အတန့်တွင် ရှထန်ကန်းနှင့်တခြားသူများသည် လုယွီကို ကျော်တက်ကာ ပို၍မြင့်မားသောလှေကားထစ်များကို တက်လှမ်းနေကြသည်။

လုယွီသည် တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေသည်ကို မြင်တွေ့ချိန်၌ ရှထန်ကန်းနှင့်တခြားလူများ၏မျက်နှာများပေါ်တွင် အေးစက်စက်အပြုံးများ ထွက်ပေါ်လာသည်။

"မင်းက စာပေပညာမှာပဲထူးချွန်တာ...အဲ့ဒီထက် မပိုဘူး...အရင်က မင်း အမြန်တက်လှမ်းနိုင်ခဲ့ပေမယ့် ဒါက မင်းရဲ့အကန့်အသတ်ပဲဖြစ်မယ်...အခုချိန် မင်းဆီမှာ ခွန်အားနည်းနည်းလေးတောင် မကျန်တော့မှာကို ငါ စိုးရိမ်မိတယ်"

ရှထန်ကန်း၏စိတ်နှလုံးသားအတွင်း၌ လုယွီကို အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

သူ၏ခြေလှမ်းများသည် အလွန်တည်ငြိမ်နေကာ ဖိအားအရှိန်အဝါသည် သူ့ထံသို့ အနည်းငယ်မျှပင် သက်ရောက်မှုမရှိသည့်အလားပင်။

လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့က လှေကားထစ်ဆယ်ထစ်မြောက်နေရာ၌ မတ်တတ်ရပ်နေသည်။

သူတို့သည် အထက်သို့တက်လှမ်းလေလေ သူတို့ခံစားရသော ဖိအားအရှိန်အဝါ ပို၍မြင့်တက်လာသကဲ့သို့ ခံစားရလေလေပင်။

ယခင်ကတည်းက သူတို့နှစ်ယောက်၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။ထို့ကြောင့် လှေကားထစ်ဆယ်ထစ်သို့အရောက်တွင် သူတို့၏အကန့်အသတ်သို့ ရောက်ရှိသွားလေပြီ။သူတို့သည် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

သူတို့နှစ်ယောက်သည် အလွန်စိတ်ဓာတ်ကျနေလေပြီ။

သို့ရာတွင် သူတို့နှစ်ယောက်၏မျက်လုံးအကြည့်များ လုယွီထံသို့ ကျရောက်သွားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ညီမျှမှုကိုပြန်ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

"ဟီး ဟီး...ဒါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်တဲ့လား...ဒါက သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့တောင် မထိုက်တန်ဘူး...ခုဏက သူ မြန်မြန်တက်လှမ်းနေတာမဟုတ်ဘူးလား...အခု သူက ဘာလို့ ရပ်နေတာလဲ"

လုံယွင်ရှန်းသည် လုယွီရပ်တန့်နေသည်ကိုမြင်သွားချိန်၌ စိတ်ကျေနပ်မှုရရှိသွားသကဲ့သို့ ခံစားမိသည်။

လုယွီ...အော် လုယွီ...အခုချိန်မှာ နင့်ရဲ့ထင်ရှားကျော်ကြားမှုတွေအားလုံး ဘယ်ရောက်သွားတာလဲ....

နင်က ဒီလှေကားထစ်လေးတွေကိုတောင် မတက်လှမ်းနိုင်ရင် ငါတို့နဲ့အတူတူ တိုက်ခိုက်ရေးစာမေးပွဲကနေ ထုတ်ပယ်ခံရမှာပဲ...

ကျောင်းတော်တစ်ကျောင်း၏တပည့်ခေါင်းဆောင်တစ်ယောက်သည် တိုက်ခိုက်ရေးစာမေးပွဲအတွင်း၌ ရှုံးနိမ့်ခဲ့သည်ဟူသော အစဥ်အလာမျိုးမရှိခဲ့ချေ။အကယ်၍ လုယွီသာ ဤနေရာ၌ ရှုံးနိမ့်သွားပါက သူသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ ရယ်စရာပြက်လုံးကြီး ဖြစ်သွားပေမည်။

လုံယွင်ရှန်းက စောင့်ဆိုင်းနေခဲ့သည်။အကယ်၍ လုယွီသာ ထိုကဲ့သို့ရယ်စရာပြက်လုံးကြီးဖြစ်လာပါက သူမ အလွန်ပျော်ရွှင်မိပေမည်။

တခြားသူများသည် လုယွီကို ပြက်ရယ်ပြုလိုခြင်း အထင်သေးခြင်း သံသယဝင်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းစသော အရိပ်အယောင်များပါဝင်သည့် အကြည့်မျိုးတို့ဖြင့် ကြည့်နေကြ၏။

လီစစ်တို့လူစုသည် မလှမ်းမကမ်းမှ စောင့်ကြည့်နေကြကာ ကူကယ်ရာမဲ့ ဖြစ်နေကြသည်။သူတို့သည် ဝေခွဲရခက်နေသည်။ဤဖိအားအရှိန်အဝါခန့်သည် လုယွီကို အနည်းငယ်မျှပင် သက်ရောက်မှုရှိစေမည်မဟုတ်ချေ။လုယွီ မည်သည်ကြောင့် ရုတ်တရက် ရပ်တန့်သွားသည်ကို သူတို့အားလုံး နားလည်သဘောပေါက်ခြင်းမရှိချေ။

စင်မြင့်ပေါ်တွင်ရှိနေသော ကျန်းရွှမ်စဲက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လုယွီ ဘာလို့ ရုတ်တရက်ကြီး ရပ်တန့်သွားတာလဲ ..တစ်ခုခု ဖြစ်နေတာများလား"

"အရှင်ကျန်း...ဘာလို့ ငါတို့က သူတစ်ယောက်တည်းကိုပဲ အာရုံစိုက်နေရမှာလဲ...ဒီလှေကားထစ်ပေါ်ကို လျှောက်လှမ်းတဲ့ ဘယ်သူမဆို ကြာရှည်ခံတဲ့ မှော်စွမ်းအားထောက်ပံမှုရှိဖိုလို့အပ်တယ်...သူက ထိပ်ဆုံးကိုရောက်ချင်တာနဲ့ မှော်စွမ်းအားတွေကို အလွန်အကျွံသုံးလိုက်တဲ့အတွက် ရပ်တန့်သွားတာပဲ...ဒါက အရင်ကတည်းက ဥာဏ်တိမ်တဲ့လှုပ်ရှားမှုပဲ...တခြားလူတွေကြားကနေ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ယောက်များ ထွက်လာမလားဆိုတာ စောင့်ကြည့်တာ ပိုကောင်းလိမ့်မယ်လို့ ငါ ထင်တယ်"

အိမ်ရှေ့စံမင်းသား၏အသံက စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည်။

ထိုအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လုယွီ ကြားနိုင်ပေ၏။

ရုတ်ချည်းဆိုသလိုပင် သူ့အား နောက်ကွယ်မှနေ၍ လျှို့ဝှက်ကြံစည်သူသည် မည်သူမည်ဝါဖြစ်သည်ကို လုယွီက သိရှိသွားတော့သည်။

Chapter 2978

ဤသည်က အိမ်ရှေ့စံမင်းသား၏လှည့်ကွက်သာ ဖြစ်ပေလိမ့်မည်။

တော်ဝင်စာမေးပွဲကဲ့သို ဂုဏ်သိက္ခာကြီးမားသောနေရာမျိုးတွင် ဝင်္ကပါ၏စွမ်းအားကို ပြင်ဆင်ရန်မှာ မည်သူမဆိုလုပ်ဆောင်နိုင်မည့်အရာမျိုးမဟုတ်ချေ။ဤသည်က လိမ်လည်လှည့်ဖျားမှုနှင့် တူညီပေ၏။တာယွီအင်ပါယာတွင် တော်ဝင်စာမေးပွဲအတွင်း၌ လိမ်လည်လှည့်ဖျားမှုကိုကျူးလွန်သော မည်သူမဆို သေသည်ထက်ဆိုးရွားသော ပြစ်ဒဏ်ကို ခံယူရပေမည်။

ထို့ပြင် တိုက်ခိုက်ရေးစာမေးပွဲ၏စံသတ်မှတ်ချက်သည် စာပေစာမေးပွဲထက် များစွာပို၍မြင့်မားသည်။လောကကြီးတခွင်လုံးရှိ မရေမတွက်နိုင်သောလူများက ဤနေရာကို စောင့်ကြည့်နေကြလေ၏။

အကယ်၍ ဤကိစ္စကို အိမ်ရှေ့စံမင်းသားပြုလုပ်သည်အား ကျန်းရွှမ်စဲသိရှိသွားလျှင်ပင် သည်းခံနေရုံမှအပ စကားတစ်ခွန်းမျှဆိုနိုင်မည်မဟုတ်ချေ။

မည်သိုပင်ဆိုစေကာမူ ဤသည်က နောင်တစ်ချိန်တွင် တာယွီအင်ပါယာ၏နန်းမွေကိုဆက်ခံမည့် အိမ်ရှေ့စံမင်းသားပင်။

အကယ်၍ အိမ်ရှေ့စံမင်းသားမှ လိမ်လည်လှည့်ဖျားမှုကျူးလွန်သည်ကို တခြားသူများသာသိရှိသွားပါက တော်ဝင်စာမေးပွဲ၏တခြားစစ်ဆေးရေးမှူးများထံကိုပါ ထိုကိစ္စ သက်ရောက်လာပေမည်။

ကျန်းရွှမ်စဲသည် ယခုကဲ့သို့ရာထူးမျိုးကို ရရှိထားသဖြင့် သူ့ကိုယ်သူ မည်ကဲ့သို့ကာကွယ်ရမည်ကို ကောင်းစွာသိရှိထားသူဖြစ်သည်။

သူ လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာကိုသာလုပ်ဆောင်ပြီး သူ မလုပ်ဆောင်နိုင်သည့်ကိစ္စကို မသိကျိုးကျွံပြုထားပေမည်။သူသည် အရာအားလုံးကို သတိထားသူတစ်ယောက်ပင်။

"ဒါဆိုရင် ဒါက မင်းရဲ့ရည်ရွယ်ချက်ပဲပေါ့...ငါ့ကိုဖိနှိပ်ပြီးတော့ မင်းက ရှမိသားစုရဲ့ပါရမီရှင်ကို ပထမနေရာ ပေးချင်နေတာပဲ"

လုယွီက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ဤအိမ်ရှေ့စံမင်းသား၏အတွေးများမှာ လွန်စွာရိုးရှင်းနေသည်။

အိမ်ရှေ့စံမင်းသားက သူ၏အကြံအစည်သည် ချွတ်ချော်တိမ်းစောင်းမှုမရှိနိုင်ဟု တွေးထင်ထားပေမည်။သို့ရာတွင် လုယွီ၏အစစ်အမှန်ခွန်အားသည် သူ တွေးထင်ထားသည်ထက် များစွာပို၍သာလွန်သည်ကို အိမ်ရှေ့စံမင်းသား သိရှိမည်မဟုတ်ချေ။

"မင်းရဲ့အဖေ ကျိုးထျန်းရင်တောင် ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူး...ဒီလှည့်ကွက်လေးလောက်နဲ့ ငါ့ကိုအရူးလုပ်နိုင်မယ်လို့ မင်းက ထင်နေတာလား"

လုယွီ၏နှုတ်ခမ်းထောင် တွန့်ကွေးသွားပြီးနောက် အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာကာ သူ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။

လုယွီ၏အမြင်အာရုံအတွင်းတွင် လှေကားထစ်များမှဝင်္ကပါတစ်ခုလုံး လုံးလုံးလျားလျား ပြိုကွဲပျက်စီးသွားကာ ဖွဲစည်းပုံများနှင့်သော့ချက်နေရာများ ထွက်ပေါ်လာသည်။

ဤလှေကားထစ်များသည် အမှန်တကယ်ကိုပင် ကောင်းကင်ဘုံလမ်းကြောင်းကို တုပထားခြင်းဖြစ်ပေ၏။

ဤသည်က ဝင်္ကပါတစ်ခုဖြစ်နေသရွေ့ ဟာကွက်များ ရှိနေပေမည်။

လုယွီ၏အမြင်အာရုံအောက်တွင် မူလက တိမ်တိုက်များအကြားသို့ မြင့်တက်သွားသော ကြမ်းတမ်းသည့်မျက်နှာပြင်ရှိသည့် လှေကားထစ်များနေရာ၌ မှိန်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်လာသည်။

ဝင်္ကပါတိုင်းတွင် အသက်တံခါးရှိသည်။ဤဝင်္ကပါ၏အသက်တံခါးကို ရှာဖွေနိုင်သည်နှင့် ဝင်္ကပါ၏ဟာကွက်များကို သူ ရှာတွေ့နိုင်ပေမည်။

ဤအချိန်အခိုက်အတန့်တွင် ရှထန်ကန်းသည် စင်မြင်နှင့် လှေကားထစ်သုံးထစ်ကွာဝေးသော နေရာတွင်ရှိနေသည်။

သူသည် အလွန်လျှင်မြန်သဖြင့် ချင်လုရှန်းပင်လျှင် သူ့အား ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

ရှထန်ကန်းသည် အိမ်ရှေ့စံမင်းသားနှင့်တခြားစစ်ဆေးရေးမှူးများ၏မျက်နှာအမူအယာများကိုပင် တွေ့မြင်နေရလေပြီ။

"ကြည့်ရတာတော့ ဒီတစ်ကျော့စစ်ဆေးမှုရဲ့ပထမနေရာက အဖြေပေါ်တော့မယ့်ပုံပဲ"

အိမ်ရှေ့စံမင်းသားက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

ကျန်းရွှမ်စဲက ခေါင်းညိတ်ပြလိုက်သည်။

"တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ဖြစ်လာတယ်ဆိုကတည်းက သူ့ရဲ့အရည်အချင်းက နိမ့်ပါးမှာမဟုတ်ဘူး...သူ့ရဲ့စွမ်းအားက တခြားကျောင်းတော်သားတွေထက် အများကြီးသာလွန်တယ်"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်စဲ၏မျက်လုံးအကြည့်သည် လုယွီမတ်တတ်ရပ်နေဆဲဖြစ်သော လှေကားထစ်ပေါ်သို ကျရောက်သွားကာ သူ၏မျက်လုံးအတွင်း၌ ထူးဆန်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တိုက်ခိုက်ရေးစာမေးပွဲ၏ပထမအကျော့တွင် ပထမနေရာကို ရှထန်ကန်းကသာ ရရှိသွားနိုင်သည်။

ရှထန်ကန်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ လုယွီကို လှည့်ကြည့်လိုက်၏။သို့ရာတွင် လုယွီသည် ခြေတစ်ဖက်မြှောက်ကာ လှေကားထစ်တစ်ထစ် ရှေ့သို့တက်လှမ်းတော့မည်ကို သူ မြင်တွေ့လိုက်ရသည်။

"မင်းက အခုမှ ရှေ့ဆက်လျှောက်ဖို ပြင်ဆင်နေတယ်...ဒါက အရမ်းနောက်ကျသွားပြီ...မင်းက စာပေပညာရပ်မှာ ဘယ်လောက်ပဲထူးချွန်နေပါစေ ကိစ္စမရှိဘူး...တာယွီအင်ပါယာက တိုက်ခိုက်ရေးပညာရပ်မှာ ထူးချွန်တဲ့သူကိုပဲ ပိုပြီးလေးစားတာ....မင်းရဲ့ကံကြမ္မာက ငါ့ထက် အများကြီးနိမ့်ကျတယ်"

ရှထန်ကန်းက တီးတိုးရေရွတ်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အသံတစ်သံက ရုတ်တရက် သူ၏နားအတွင်းသို ကျရောက်လာသည်။

"တာယွီအင်ပါယာက တိုက်ခိုက်ရေးပညာရပ်တွေကို ပိုပြီးလေးစားတယ်ဆိုတာတော့ အမှန်ပဲ...ဒါပေမယ့် မင်း အမှားတစ်ခုခု လုပ်မိမှာကိုတော့ ငါ စိုးရိမ်မိတယ်"

လုယွီသည် ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ်သို ပြောင်းလဲသွားကာ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် လှေကားထစ်များကို ဖြတ်ကျော်၍ စင်မြင့်ပေါ်သို ရောက်ရှိသွားလေပြီ။

စင်မြင့်၏အစွန်းဘက်တွင် လုယွီတစ်ယောက်တည်းကသာ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။

ပတ်ဝန်းကျင်၌ အေးစက်စက်လေများ တိုက်ခတ်နေခြင်းကြောင့် လုယွီ၏ဝတ်စုံ တဖျတ်ဖျတ်လူးလွန့်နေသည်။

ဤအချိန်အခိုက်အတန့်တွင် ယခုလက်ရှိနေရာတစ်ဝိုက်လုံး ငြိမ်အတိကျနေကာ မရေမတွက်နိုင်သောမျက်လုံးအကြည့်များက သူ့ထံသို့ စူးစိုက်၍ ကျရောက်နေသည်။

လုယွီသည် ဤစစ်ဆေးမှုကို ပထမဆုံးဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်ပေ၏။

Chapter 2979

လုယွီ၏ထွက်ပေါ်လာမှုသည် လှေကားထစ်များကို တက်လှမ်းနေဆဲဖြစ်သော ကျောင်းတော်သားများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

လုယွီပေါ်တွင် အာရုံစူးစိုက်နေကြသော လူတချို့သည် ဤအချိန်အခိုက်အတန့်တွင် ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားပေ၏။သူတို့က လုယွီကို လက်ညှိးညွှန်ကာ မယုံကြည်နိုင်သောလေသံမျိုးဖြင့် ရေရွတ်လိုက်ကြသည်။

"ဒါက မဖြစ်နိုင်ဘူး...ခုဏတုန်းက သူက အဝေးကြီးမှာ ရှိနေတာလေ...ဘယ်လိုလုပ်ပြီးတော့ သူက ခဏလေးနဲ့ စင်မြင့်ပေါ်ကို ရောက်သွားတာလဲ"

"အမှန်ပဲ...ငါ ခုဏလေးကတင် သူ ဟိုနေရာမှာ ရပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်...အဲ့ဒီနေရာက တိုက်ပွဲစင်မြင့်နဲ့ အနည်းဆုံးလှေကားထစ်တစ်ရာလောက် အကွာအဝေးမှာရှိနေတယ်...သူ ဘာလို့ ဒီလောက်မြန်မြန်ကြီး စင်မြင့်ပေါ်ကို ရောက်သွားတာလဲ"

ပြင်းထန်သောဝေဖန်သံများက ပတ်ဝန်းကျင်ရှိလူများအကြားမှ ထွက်ပေါ်လာသည်။

သူတို့ တက်လှမ်းရသော လှေကားထစ်တစ်ထစ်စီတိုင်းသည် အလွန်အမင်း ခက်ခဲလှ၏။သူတို့သည် ရှေ့သို့တက်လှမ်းနိုင်ရန်အတွက် အရပ်မျက်နှာအဘက်ဘက်မှလာသည့် ကြီးမားသောဖိအားအရှိန်အဝါကို တောင့်ခံနေရသည်။

သို့ရာတွင် လုယွီကိုကြည့်ရသည်မှာ နောက်ဆုံးလှေကားထစ်တစ်ရာကျော်ခန့်သည် အနည်းငယ်မျှပင် ဖိအားမရှိပုံပင်။သူသည် ထိုလှေကားထစ်များကို ပြေးတက်သွားခဲ့ခြင်းဖြစ်သည်။

လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ စိတ်ဓာတ်ကျခြင်းနှင့်ဝေခွဲရခက်ခြင်းတို့ကို ရောယှက်၍ခံစားနေရသည်။

အိမ်ရှေ့စံမင်းသား၏တည်ငြိမ်နေသော မျက်နှာအမူအယာ ရုတ်တရက် အေးစက်တင်းမာသွားသည်။

မူလက သူ၏လက်အတွင်း၌ ကိုင်ဆောင်ထားသော ကျောက်စိမ်းတောင်ဝှေးကို ဤအချိန်အခိုက်အတန့်တွင် ဖျစ်ညှစ်လိုက်၏။ထိုကျောက်စိမ်းတောင်ဝှေးပေါ်၌ ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားက လုယွီကို စူးစိုက်ကြည့်နေကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် လုယွီသည် အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူသည် အိမ်ရှေ့စံမင်းသားကို သူ့အား ဒေါသတကြီးစိုက်ကြည့်ခွင့် ပြုထားလေ၏။

ရှထန်ကန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများဖြင့် လောင်ကျွမ်းနေသည်။သူသည် ကျယ်လောင်စွာအော်ဟစ်၍ သူ၏စွမ်းအားများအားလုံးကို ဖြန့်ကျက်ကာ စင်မြင့်ပေါ်သို့ တဟုန်ထိုးပြေးတက်လိုက်သည်။

သူ၏အရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူသည် လုယွီနောက် ဒုတိယနေရာကိုသာ ရရှိခဲ့သည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ...ဒါက မဖြစ်နိုင်ဘူး"

ရှထန်ကန်းသည် သူ မျက်နှာပျက်ရမည်ကိုပင် ဂရုမစိုက်တော့ဘဲ လုယွီ၏ရှေ့သို့လျှောက်လှမ်းသွားကာ ဒေါသတကြီးမေးမြန်းလိုက်၏။

လုယွီက အေးစက်စက်အကြည့်ဖြင့် ရှထန်ကန်းကို စောင်းငဲ့၍ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"ငါ မင်းကိုပြောပြဖို လိုအပ်လို့လား"

"မင်း...."

ရှထန်ကန်းက အလွန်ဒေါသထွက်သွားသည်။သူသည် အမြဲတစေ ဂုဏ်သတင်းကြီးမားသူတစ်ယောက်ဖြစ်သဖြင့် မည်သူက သူ့ကို ဤကဲ့သို့ပုံစံမျိုးဖြင့် စကားပြောဆိုဝံ့ခဲ့သနည်း.....

"တိတ်တိတ်နေကြစမ်း...ဒီနေရာက တိုက်ခိုက်ရေးစာမေးပွဲကျင်းပတဲ့နေရာ...ဒီနေရာမှာ ငြင်းခုံဝံ့တဲ့ဘယ်သူမဆို တော်ဝင်စာမေးပွဲကနေ ထုတ်ပယ်ခြင်းခံရမယ်"

ကျန်းရွှမ်စဲက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ပတ်ဝန်းကျင်ရှိ လူများအားလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။မည်သူကမျှ ထပ်မံ၍ စကားမပြောဆိုဝံ့တော့ချေ။

မည်သိုပင်ဆိုစေကာမူ တော်ဝင်စာမေးပွဲ၏စစ်ဆေးရေးခေါင်းဆောင်ဖြစ်သော ကျန်းရွှမ်စဲ၏အခွင့်အာဏာကို မည်သူမျှ မေးခွန်းမထုတ်ဝံ့ပေ။

ဤသည်က အိမ်ရှေ့စံမင်းသားပင်လျှင် တိုက်ရိုက်ငြင်းချက်မထုတ်ဝံ့သော ပုဂ္ဂိုလ်တစ်ယောက်ပင်။သူတို့၏နောက်ခံအဆင့်အတန်း မည်မျှပင်မြင့်မြတ်နေပါစေ ကျန်းရွှမ်စဲ၏ရှေ့တွင် မဆင်မခြင်မပြုဝံ့ချေ။

အချိန်တစ်နာရီ ကုန်ဆုံးသွားလေပြီ။

လှေကားထစ်များပေါ်၌ လူတချို့ ကျန်ရှိနေဆဲပင်။ကျောင်းတော်သား ရာဂဏန်းအနည်းငယ်သာ ဤပထမအဆင့်စစ်ဆေးမှု၌ ထုတ်ပယ်ခြင်းခံရပေမည်။

ဤစစ်ဆေးမှုသည် အလွန်အမင်းခက်ခဲသည်ဟုဆိုနိုင်သော်လည်း တစ်နာရီအတွင်းတက်နိုင်ရန်မှာမူ အလွန်ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။အမှန်အားဖြင့် တစ်စုံတစ်ယောက်သည် လျှို့ဝှက်နည်းစနစ်တချိုကိုအသုံးပြု၍ အထက်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ပေမည်။

ဤသည်က တစ်စုံတစ်ယောက်၏ဖိအားဒဏ်တောင့်ခံနိုင်စွမ်းကိုသာ အဓိကထား၍ စစ်ဆေးခြင်းဖြစ်ပြီး အစစ်အမှန်တိုက်ခိုက်နိုင်စွမ်းကို စစ်ဆေးခြင်း မဟုတ်သဖြင့် လူအမြောက်အများ ထုတ်ပယ်ခြင်းမခံရချေ။

"အချိန်စေ့ပြီ...အခုချိန်ထိ စင်မြင့်ပေါ်ကို မရောက်သေးတဲ့သူတွေအားလုံး...ချက်ချင်းထွက်သွားကြတော့"

ကျန်းရွှမ်စဲက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုစကားဆုံးသည်နှင့် လှေကားထစ်များအားလုံး ပျောက်ကွယ်သွားတော့သည်။

ရာနှင့်ချီသောကျောင်းတော်သားများသည် မြေပြင်ပေါ်၌ မတ်တတ်ရပ်နေကာ သူတို့၏မျက်နှာများ ဖြူရော်နေပြီး ကူကယ်ရာမဲ့ဖြစ်နေသောအမူအယာမျိုးရှိနေသည်။

သူတို့သည် လမ်းတလျှောက်လုံးရှိ အတားအဆီးများကို ဖြတ်ကျော်ပြီးနောက် အဆုံးသတ်တွင် ဤနေရာ၌ ရှုံးနိမ့်ရမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

တိုက်ခိုက်ရေးစာမေးပွဲတွင် အဆင့်သုံးဆင့်ရှိသည်။အဆင့်တစ်ဆင့်၌ ရှုံးနိမ့်သွားသူသည် နောက်တစ်ဆင့်ကို ထပ်မံ၍ဖြေဆိုခွင့်ရတော့မည် မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိ အစောင့်စစ်သားများက ထိုကျောင်းတော်သားများထံမှ တံဆိပ်ပြားများကို စတင်၍သိမ်းဆည်းလိုက်ကြ၏။သူတို့သည် တော်ဝင်စာမေးပွဲကို ဆက်လက်၍ဖြေဆိုနိုင်သော အရည်အချင်းကို ဆုံးရှုံးသွားသဖြင့် စိတ်ပျက်လက်ပျက်အမူအယာများဖြင့် ထွက်ခွာသွားတော့သည်။

ထိုရာနှင့်ချီသော ကျောင်းတော်သားများအကြားတွင် ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတိုလည်း ပါဝင်နေသည်။

သူတို့အနက်မှတစ်ယောက်သည် ရှားဟိုမိသားစု၏ပါရမီရှင်တစ်ယောက်ဖြစ်ကာ ကျန်တစ်ယောက်သည် လုံမိသားစု၏အကြီးဆုံးသခင်မလေးဖြစ်ပေ၏။သူတို့နှစ်ယောက်လုံးသည် သူတို့၏သက်ဆိုင်ရာမိသားစုများတွင် ထိပ်သီးပါရမီရှင်များပင်။

သို့ရာတွင် တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲကဲ့သို့ နေရာမျိုး၌ သူတို့၏ပါရမီအရည်အချင်းသည် အရေးမပါလှကာ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

သူမ၏တံဆိပ်ပြား သိမ်းဆည်းခံရတော့မည်ကို မြင်တွေ့ချိန်၌ လုံယွင်ရှန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

အထူးသဖြင့် လုယွီ ပထမနေရာမှ တက်လှမ်းသွားသည့်မြင်ကွင်းကို သူမ၏မျက်လုံးအတွင်း၌ မြင်ယောင်နေဆဲပင်။ဤအချိန်အခိုက်အတန့်တွင် ဒေါသထွက်ခြင်း မနာလိုခြင်းနှင့် တခြားသောစိတ်ခံစားချက်တချို့က သူမ၏စိတ်နှလုံးသားအတွင်းသို့ တလိမ့်လိမ့်တိုးဝင်လာသည်။ထို့ကြောင့် လုံယွင်ရှန်းက ရှေ့သို့လျှောက်လှမ်းသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အရှင်တို့...ကျွန်မ ဒီရလဒ်ကို လက်ခံဖိုငြင်းဆန်ပါတယ်"

Chapter 2980

လုံယွင်ရှန်း၏အော်သံသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

အစောင့်စစ်သားများသည် သူတို့ရောက်နေသောနေရာမှာပင် ရပ်တန့်လိုက်ကြ၏။သူတို့သည် လုံယွင်ရှန်းကို ဟန့်တားခြင်းမပြုချေ။တော်ဝင်စာမေးပွဲ၌ ကျရှုံးသွားသော မည်သည့်ကျောင်းတော်သားမဆို စစ်ဆေးရေးအဖွဲကို မေးခွန်းထုတ်ခွင့်ရှိသည်။ထို့ကြောင့် လုံယွင်ရှန်း၏အပြုအမူသည် တော်ဝင်စာမေးပွဲ၏စည်းကမ်းချက်များကို ချိုးဖောက်ခြင်းမရှိချေ။

"မင်းက ဘာကိုငြင်းဆန်ချင်တာလဲ"

ကျန်းရွှမ်စဲ၏တည်ကြည်လေးနက်သောအသံက စင်မြင့်ပေါ်မှ ထွက်ပေါ်လာသည်။

လုံယွင်ရှန်းက အံ့တင်းတင်းကြိတ်၍ လုယွီကို လက်ညှိးညွှန်ကာ မနာလိုသောလေသံဖြင့် ပြောဆိုသည်။

"သူ လျှောက်လှမ်းနေတဲ့လှေကားထစ်တွေက အရမ်းထူးဆန်းတယ်...သူက လှေကားထစ်ရဲ့ဖိအားအရှိန်အဝါကို တောင့်ခံပြီးတော့ တက်လှမ်းနိုင်မယ်လို့ ကျွန်မ မယုံကြည်ဘူး...သူက နည်းလမ်းတချိုကို သုံးပြီးတော့ လှည့်စားသွားတာလို့ ကျွန်မထင်တယ်...သူတက်လှမ်းသွားတဲ့ လှေကားထစ်တွေကို သေချာစစ်ဆေးပေးဖို ကျွန်မက တောင်းဆိုချင်ပါတယ်"

ယခုလက်ရှိချိန်၌ လုံယွင်ရှန်းသည် နောင်တစ်ချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ သူမကိုလက်စားပြန်ချေမည်ကို ထိတ်လန့်ကြောက်ရွံခြင်းမရှိတော့ချေ။

သူမ၏စိတ်နှလုံးသားအတွင်း၌ မနာလိုခြင်း ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

ငါက တိုက်ခိုက်ရေးစာမေးပွဲကို ကျရှုံးခဲ့တဲ့အချိန်မှာ နင်က ဘာလို့ တိမ်စိုင်တွေကြားမှာပျံသန်းနေတဲ့ ကြိုးကြာတစ်ကောင်လိုမျိုး မြင့်မြတ်ပြီးတော့ ကြီးကျယ်ခမ်းနားနေတာလဲ....

တကယ်လို့ ငါ ကျရှုံးတယ်ဆိုရင်တောင် ငါနဲ့အတူ နင့်ကိုပါ ဆွဲချရလိမ့်မယ်....

ရှားဟိုကျွင်းကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒါက အမှန်ပဲ....ကျွန်တော်ကလည်း သူ အောင်မြင်သွားတာကို လက်သင့်မခံနိုင်ဘူး...သူက လှေကားတစ်ထစ်တောင် ရှေ့ကိုဆက်ပြီး တက်လှမ်းနိုင်မယ်လို့ ကျွန်တော် မယုံကြည်ဘူး...သူ တက်လှမ်းတဲ့ လှေကားထစ်တွေမှာ ပြဿနာတစ်ခု ရှိကိုရှိနေရမယ်"

ကျန်းရွှမ်စဲက မေးမြန်းသည်။

"ဒါဆိုရင် မင်းတို့က ဘယ်လိုမျိုးစစ်ဆေးစေချင်တာလဲ"

"အဲ့ဒီလှေကားထစ်တွေက ပုံမှန် ဟုတ်မဟုတ်...ကျွန်မတို့ကိုယ်တိုင် တက်လှမ်းပြီးတော့ စစ်ဆေးကြည့်ချင်တယ်"

လုံယွင်ရှန်းက အခိုင်အမာဆုံးဖြတ်ချက်ချထားသောလေသံဖြင့် ပြောဆိုသည်။

သူမသည် တခြားသူများသံသယဝင်စေရန် စကားလုံးများ ပစ်သွင်းလိုက်ခြင်းပင်။သူမသည် ဟာကွက်ကိုရှာတွေ့နိုင်သည်နှင့် လုယွီကို အမြင့်မှ ဆွဲချနိုင်ပေမည်။

ပတ်ဝန်းကျင်ရှိကျောင်းတော်သားများသည် လုယွီကို စူးစိုက်၍ကြည့်နေကြသော်လည်း မည်သူကမျှ လုံယွင်ရှန်းကို မဟန့်တားကြချေ။မည်သို့ပင်ဆိုစေကာမူ သူတို့သည်လည်း လုယွီ ထိုလှေကားထစ်များအား မည်ကဲ့သို့တက်လှမ်းခဲ့သည်ကို သိချင်စိတ်ပြင်းပြနေကြ၏။

"ဒီကျောင်းတော်သားနှစ်ယောက်က ပြဿနာရှာချင်နေတယ်ဆိုတာ အသိသာကြီးလေ....လုယွီက ဒီစင်မြင့်ပေါ်ကို ခြေချပြီးမှတော့ သူ့မှာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိတယ်လို့ ဆိုလိုတာပဲ...အရှင်ကျန်းနဲ့တခြားစစ်ဆေးရေးမှူးတွေက တစ်ချိန်လုံး စောင့်ကြည့်နေကြတာ...ဘယ်လိုလုပ်ပြီးတော့ အမှားအယွင်းတစ်ခုခု ရှိနေနိုင်မှာလဲ"

အိမ်ရှေ့စံမင်းသားက စိတ်မကျေမနပ်ဖြစ်နေသော မျက်နှာအမူအယာဖြင့် တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သည်။

သူသည် လုယွီအတွက် ပြောဆိုပေးနေပုံရသည်။သို့ရာတွင် အမှန်အားဖြင့် သူသည် လုယွီအတွက် စဥ်းစားတွေးတောပေးနေခြင်း မဟုတ်ချေ။

သူသည် ထိုလှေကားထစ်များကို ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ထားခဲ့သည်။

အကယ်၍ ယခုချိန်တွင် ထိုကိစ္စသာ လူသိရှင်ကြားထွက်ပေါ်လာပါက လုယွီအတွက် မည်သည့်အခက်တွေ့စရာမျှ ဖြစ်လာမည်မဟုတ်ချေ။ထိုအစား လုယွီ၏စွမ်းအားကို ဝန်ခံလိုက်သကဲ့သိုသာ ဖြစ်သွားပေမည်။

အိမ်ရှေ့စံမင်းသားသည် ထိုကိစ္စအတွက်ကြောင့် သူ့အတွက် ပြောဆိုပေးနေ ကြောင်း လုယွီက သတိပြုမိသော်လည်း သူ၏စိတ်နှလုံးသားအပေါ် အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။

ကျန်းရွှမ်စဲက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"အရှင့်သား....စောဒကတက်လာတဲ့သူတွေရှိနေမှတော့ ငါတို့က ရှောင်ရှားနေလို့မရဘူး...တော်ဝင်နန်းတွင်းက ဒီစည်းကမ်းချက်ကို ချမှတ်ထားတာမလို့ ငါတို့က သူတို့ကို ဖြေရှင်းချက် ပေးရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်စဲက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ရှေ့၌ လှေကားတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။

ထိုလှေကားသည် အစောပိုင်းက လုယွီ လျှောက်လှမ်းခဲ့သော အရာပင်။

ကျန်းရွှမ်စဲသည် သူ၏စကားကိုလိုက်နာခြင်းမရှိသည်ကို မြင်တွေ့ချိန်၌ အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်တွင်

ဒေါသထွက်သွားသောအရိပ်အယောင်များ မသိမသာထင်ဟပ်သွားသော်လည်း သူ ဝင်ရောက်စွက်ဖက်နိုငခြင်းမရှိချေ။

"ငါ အရင်ဆုံး သွားမယ်"

ရှားဟိုကျွင်းက အရင်ဆုံးဦးဆောင်ကာ ပထမဆုံးလှေကားထစ်ပေါ်သို့ ခြေချလိုက်၏။

သူ၏ခွန်အားကို ဟန်ရေးပြနိုင်ရန်အလို့ငှာ သူ၏ခြေထောက်ကို လှေကားထစ်ပေါ်သို့ချလိုက်သော အချိန်အခိုက်အတန့်တွင် တည်ကြည်လေးနက်သော သွေးရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။

ဘုန်း...

ထိုသွေးရောင်အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ကို အပြည့်အဝ ရစ်သိုင်းလွှမ်းခြုံထားကာ ပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါကို အဆက်မပြတ် ပိတ်ဆို့ဟန့်တားထားလေသည်။

ဤသည်က သူ၏အကာအကွယ် မှော်နည်းစနစ်ပင်။အစောပိုင်းကလည်း သူသည် ဤမှော်နည်းစနစ်ကိုအသုံးပြုကာ ဖိအားအရှိန်အဝါကို တောင့်ခံခဲ့သည်။

သို့ရာတွင် ရှားဟိုကျွင်း၏ခွန်အားသည် အကန့်အသတ်ရှိပေ၏။သူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုသည့်တိုင် လမ်းတစ်ဝက်ခန့်တွင် ရပ်တန့်သွားခဲ့သည်။

"မင်းမှာ ဒီလိုမျိုး ကြီးမားတဲ့ပါရမီအရည်အချင်းမျိုး ရှိနေမယ်လို ငါ မယုံကြည်ဘူး...ဒီလှေကားက တစ်ခုခုမှားယွင်းနေတာပဲ ဖြစ်ရမယ်"

ရှားဟိုကျွင်းသည် ပတ်ဝန်းကျင်အဘက်ဘက်မှ ဖိအားအရှိန်အဝါကိုတောင့်ခံကာ ယခင်က လုယွီ အချိန်တခဏကြာ မတ်တတ်ရပ်နေသော လှေကားထစ်ပေါ်သို့ သူ၏ယိုင်တိုင်တိုင်ခြေထောက်ဖြင့် ခြေချလိုက်သည်။

"တော်သင့်ပြီ...မင်း ရှေ့ကို ဆက်လျှောက်နိုင်မှာ မဟုတ်ဘူး"

လုယွီက ရုတ်တရက် အေးစက်စက်အသံဖြင့် ပြောဆိုသည်။

ထိုနေရာ၏ရှေ့ရှိ လှေကားထစ်မှ ဖိအားအရှိန်အဝါသည် ရှားဟိုကျွင်း တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။

All Chapters