← Chapters

အခန်း (၂၉၉၆-၃၀၀၀)

Vol. 153 Ch. 2996-3000

အခန်း (၂၉၉၆-၃၀၀၀)

Vol. 153 Ch. 2996-3000

Chapter 2996

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး...ကျုပ် ဘာလို့ သူ့ကို သင်ခန်းစာပေးခဲ့တာလဲဆိုတာ ခင်ဗျားရဲ့သမီးကို ခင်ဗျား မေးကြည့်ပါလား"

လုယွီ၏မျက်လုံးက အေးစက်တင်းမာနေကာ သူက အသံနက်ကြီးဖြင့် အော်ငေါက်လိုက်၏။

ဖူရွှေပွဲတော်တွင် မုန့်ကျူးယွင်သည် ယုတ်မာကောက်ကျစ်ခဲ့ကာ ဦးနှောက်ခြောက်လုမတတ် နည်းလမ်းမျိုးစုံကိုစဥ်းစားတွေးတော၍ လုယွီ၏လက်အတွင်းမှ နဂါးဆေးလုံးကိုလုယူရန် ကြံစည်ခဲ့သည်။

အကယ်၍ လုယွီထံတွင် ယဲ့စန်းကောကို ဖိနှိပ်နိုင်သော ခွန်အားမျိုးသာရှိမနေပါက သူ၏လက်အတွင်းမှ နဂါးဆေးလုံးကို လုယူသွားခြင်းခံရပေမည်။

မုန့်ရွှမ်ကျိုးသည် မည်သည့်မေးခွန်းမျိုးကိုမျှ မေးမြန်းခြင်းမပြုချေ။သူသည် လုယွီကို မြင်တွေ့သည်နှင့် တရကြမ်းပြေးဝင်တိုက်ခိုက်ခဲ့သည်။ထို့ကြောင့် လုယွီသည် ထိုလူနှစ်ယောက်အပေါ် မည်သည့်သနားညှာတာမှုမျှ ပြသနေမည်မဟုတ်ချေ။

"ငါ့ရဲ့သမီးက အသက်ငယ်စဥ်ကတည်းက သူတော်စင်တွေရဲ့ကျမ်းစာတွေကို ဖတ်ခဲ့တာ...ဘယ်အရာကမှန်ကန်တယ်ဆိုတာ သူ ကောင်းကောင်းသိတယ်...မင်းလိုကောင်ကတော့...နေရာငယ်လေးတစ်ခုကနေ တက်လှမ်းလာတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲ...မင်းဆီမှာ ငါ့သမီးကို ဆူပူကြိမ်းမောင်းနိုင်တဲ့ အခွင့်အာဏာမျိုး ရှိလို့လား"

မုန့်ရွှမ်ကျိုးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။

တံလျှပ်ပင်လယ်မျှော်စင်၏ကြီးကြပ်ရေးမှူးက အလျှင်အမြန် ဖြောင့်ဖျစကားပြောဆိုသည်။

"ဧည့်သည်တော်နှစ်ယောက်လုံး စိတ်လျှော့ကြပါ...ဒီတံလျှပ်ပင်လယ်မျှော်စင်မှာ တိုက်ခိုက်မှုမလုပ်ဖို့ တင်းတင်းကြပ်ကြပ် ဟန့်တားထားတယ်"

ကြီးကြပ်ရေးမှူး၏နောက်တွင် သာမာန်မဟုတ်သော အရှိန်အဝါမျိုးရှိသည့် အစောင့်တစ်စုရှိနေလေ၏။

တော်ဝင်မြို့တော်တွင် ကြီးကျယ်ခမ်းနားဆုံးစားသောက်ဆိုင်ဖြစ်သည့် တံလျှပ်ပင်လယ်မျှော်စင်၏နောက်ခံအဆင့်အတန်းကို လျှော့တွက်၍မရချေ။

ဤနေရာသို့ လာရောက်သူများသည် များသောအားဖြင့် အဆင့်မြင့်အရာရှိများနှင့်မြင့်မြတ်သူများဖြစ်သည်။ထို့ကြောင့် ဤနေရာကိုစောင့်ကြပ်သော အစောင့်များသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မား၍ နက်နဲသိမ်မွေ့သောခွန်အားရှိသူများဖြစ်သည်။

ထိုလူများ၏စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေသဖြင့် တံလျှပ်ပင်လယ်မျှော်စင်တွင် ပြဿနာရှာဝံ့သူဟူ၍ လူနည်းစုသာရှိသည်။

မုန့်ရွှမ်ကျိုးက တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ အေးစက်စက်နှာတစ်ချက်မှုတ်၍ ပြောဆိုလိုက်၏။

"သေချာကြည့်ကြစမ်း....ငါက ပင်းရှင်းဝမ်ရဲ့အကြံပေးအရာရှိ...ငါ့ရဲ့သမီးက ပင်းရှင်းဝမ်ရဲ့မင်းသမီးပဲ"

သူ ထုတ်ပြလိုက်သော တံဆိပ်ပြားပေါ်တွင် ငွေနဂါးအမှတ်သင်္ကေတရှိနေသည်။ဤသည်က အဆင့်မြင့်သော မြင့်မြတ်သူများသာ ကိုင်ဆောင်နိုင်သောအရာပင်။

တံလျှပ်ပင်လယ်မျှော်စင်၏ကြီးကြပ်ရေးမှူးသည် အဆင့်မြင့်အရာရှိများနှင့်မြင့်မြတ်သူများကို အမြဲတစေ ဧည့်ခံကြိုဆိုနေရသူဖြစ်သဖြင့် ထိုကဲ့သို့တံဆိပ်ပြားများအပေါ် အာရုံစူးစိုက်ထားသည်။ထို့ကြောင့် မုန့်ရွှမ်ကျိုး၏လက်အတွင်းရှိ တံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် သူက ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဒါဆိုရင် မြင့်မြတ်တဲ့ဧည့်သည်တော်တွေ ရောက်လာတာပေါ့...ဒီနိမ့်ကျတဲ့သူက ကြိုတင်ပြီးတော့ ရှေ့ထွက်မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်"

တံလျှပ်ပင်လယ်မျှော်စင်၏ကြီးကြပ်ရေးမှူးက ပျာပျာသလဲ ပြောဆိုသည်။

မုန့်ကျူးယွင်က လုယွီကိုလက်ညှိုးညွှန်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီလူက အရင်က ငါ့ကို ရန်စစော်ကားခဲ့တယ်..ငါ ဒီနေရာမှာ သူ့ကို ထပ်ပြီးမတွေ့ချင်ဘူး"

မုန့်ကျူးယွင်၏စကားကိုကြားချိန်တွင် ကြီးကြပ်ရေးမှူးသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။သူက လုယွီဘက်သို့လှည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"သခင်လေး...ငါ တောင်းပန်ပါတယ်...ဒီနေရာမှာ မင်း ဆက်ပြီးနေလို့မရတော့ဘူး"

ကြီးကြပ်ရေးမှူးသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။

မည်သို့ပင်ဆိုစေကာမူ မုန့်ကျူးယွင်သည် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ကာ မင်းသမီးအဆင့်အတန်းမျိုးရှိနေသည်။

လုယွီကမူ တစ်ယောက်တည်းဖြစ်ကာ သူ့နောက်တွင် မည်သည့်နောက်လိုက်တစ်ယောက်တစ်လေမျှ ရှိမနေချေ။ကြည့်ရသည်မှာ သူသည် စားသောက်ပွဲသို့လာရောက်သော သာမာန်ဧည့်သည်တစ်ယောက်ဖြစ်ပုံပင်။

ဤကဲ့သို့လူတစ်ယောက်အတွက်ဖြင့် သူသည် တော်ဝင်မိသားစုဝင်တစ်ယောက်ကို အပြစ်ပြုရန် မလိုအပ်ချေ။

လုယွီ၏အကြည့်က အေးစက်တင်းမာသွားသည်။သူက ကြီးကြပ်ရေးမှူးကိုတစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။

"မင်း ငါ့ကို ထွက်သွားစေချင်တာ သေချာလား...မင်းတို့ရဲ့ဆိုင်ရှင် ဘယ်မှာလဲ"

တံလျှပ်ပင်လယ်မျှော်စင်သည် ဤကဲ့သို့လုပ်ရပ်မျိုးကို ကျူးလွန်ဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

ကြီးကြပ်ရေးမှူးက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါဆိုရင် ငါက တစ်ယောက်ယောက်ကိုခေါ်ပြီးတော့ မင်းကို မောင်းထုတ်ရလိမ့်မယ်"

ကြီးကြပ်ရေးမှူး၏နောက်တွင်ရှိနေသော အစောင့်တချို့က လုယွီကို မောင်းထုတ်ရန်အတွက် ရှေ့သို့တက်လာသည်။

မုန့်ရွှမ်ကျိုးက လှောင်ပြောင်သရော်လိုက်သည်။

"ဒီနေရာကို အောက်ဘုံနဲ့အတူတူလို့ မင်း ထင်နေတာလား...မင်းက နိမ့်ကျတဲ့ကောင်တစ်ကောင်သက်သက်ပဲ...ငါ ဒီနေ့ အရေးကြီးကိစ္စတစ်ခုရှိနေတာကြောင့် မင်းကို မောင်းထုတ်ရုံလောက်ပဲ လုပ်လိုက်မယ်....တကယ်လို့ မင်း ငါ့သမီးကို ထပ်ပြီးထိဝံ့မယ်ဆိုရင် ငါ မင်းကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"

သူ၏စကားလုံးများအတွင်း၌ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

မုန့်ရွှမ်ကျိုးထံတွင် ယုံကြည်ချက်အခိုင်အမာရှိနေပေ၏။မည်သို့ပင်ဆိုစေကာမူ သူ၏သမီးဖြစ်သူ မုန့်ကျူးယွင်သည် တော်ဝင်မိသားစုဝင်ဖြစ်သော ပင်းရှင်းမင်းသားနှင့် လက်ထပ်ထိမ်းမြှားတော့ပေမည်။

ဤကဲ့သို့ပတ်သတ်ဆက်နွယ်မှုမျိုးရှိနေသဖြင့် သူတို့၏မုန့်မိသားစုသည် အလွန်အဆင့်အတန်းမြင့်မားတော့မည်ဟု ဆိုနိုင်သည်။ရှမိသားစုကိုပင် သူတို့ ဂရုစိုက်နေရန် လိုအပ်မည်မဟုတ်ချေ။

မုန့်ကျူးယွင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"လုယွီ...အခု နင်နဲ့ငါကြားက ကွာဟချက်ကို နင် သိပြီမလား"

"ဒီနေ့က...တံလျှပ်ပင်လယ်မျှော်စင်ထဲမှာဖြစ်နေတာကြောင့် ငါ နင့်ကို အချိန်အတိုင်းအတာတစ်ခုထိ ထိလို့မရဘူး....ဒါပေမယ့် ငါ့ကို ပြစ်မှားခဲ့တာရဲ့အကျိုးဆက်ကို မကြာခင်မှာပဲ နင် သိစေရမယ်"

Chapter 2997

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းတို့က ငါ့ကို ဘာလုပ်နိုင်မှာလဲဆိုတာ ငါ သိချင်မိတယ်"

မုန့်ကျူးယွင်က လုယွီကို လှည့်ကြည့်ခြင်းပင်မပြုဘဲ အထင်အမြင်သေးစွာ ပြောဆိုလေ၏။

"ထွက်သွားစမ်း...အခုလက်ရှိ ငါ့ရဲ့အဆင့်အတန်းနဲ့ တကယ်လို့ နင်က ငါ့ဖိနပ်ကိုကိုင်ချင်တယ်ဆိုရင်တောင် အဆင့်မမီဘူး"

ဤအချိန်အခိုက်အတန့်မှာပင် တံလျှပ်ပင်လယ်မျှော်စင်မှအစောင့်များက လုယွီကို ဝိုင်းရံလိုက်သည်။

"တောင်းပန်ပါတယ်...မင်း အခုချက်ချင်း ထွက်သွားရမယ်"

အစောင့်တချို့က လုယွီကိုဆွဲထုတ်ရန်အတွက် သူတို့၏လက်များကို ဆန့်တန်းလိုက်ကြသည်။

သို့ရာတွင် သူတို့၏လက်များ ကျရောက်လုဆဲဆဲအချိန်တွင် လုယွီ၏လက်ကောက်ဝတ်မှနေ၍ တုန်ခါမှုအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။

အစောင့်များ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူတို့ထံတိုးဝင်လာသည့် ပြင်းထန်သောအားလှိုင်းအရှိန်ကို ခံစားမိသဖြင့် အလျှင်အမြန် နောက်ဆုတ်လိုက်ကြ၏။

လုယွီ၏ယခုလက်ရှိခွန်အားဖြင့် သူတို့မဆိုထားနှင့် တပ်ရင်းတစ်ခုကိုစီမံအုပ်ချုပ်ရသော စစ်ဗိုလ်ချုပ်တစ်ယောက်ပင်လျှင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

လုယွီ၏လှုပ်ရှားမှုကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရသော်လည်း အစောင့်များအားလုံး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။

ကြီးကြပ်ရေးမှူးက ထိတ်လန့်တုန်လှုပ်သွားကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းက တံလျှပ်ပင်လယ်မျှော်စင်ကိုလာပြီးတော့ ပြဿနာရှာဝံ့တာလား...ဒီနေရာကို ဘယ်သူပိုင်တာလဲဆိုတာ မင်း သိလား"

တံလျှပ်ပင်လယ်မျှော်စင်သည် တော်ဝင်မြို့တော်အတွင်းတွင် မားမားမတ်မတ်ရပ်တည်နေကာ အကြီးကျယ်ခမ်းနားဆုံး အဆင့်အတန်းကို ထိန်းသိမ်းထားသည်။ဤသည်က သာမာန်ချမ်းသာကြွယ်ဝသော မိသားစုတစ်စု ပိုင်ဆိုင်နိုင်သည့်အရာမျိုးမဟုတ်ချေ။

ထိုနောက်ခံအဆင့်အတန်းရှိနေခြင်းကြောင့် စားသောက်ရန်လာသော အဆင့်မြင့်အရာရှိများနှင့်မြင့်မြတ်သူများပင်လျှင် ဤနေရာ၌ မဆင်မခြင်မပြုလုပ်ဝံ့ကြချေ။

"တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင်...ဒီနေရာမှာ ရုတ်ရုတ်သဲသဲ ပြဿနာရှာမှာမဟုတ်ဘူး...ငါက အရင်ဆုံး ဆိုင်ပိုင်ရှင်ကို မေးမြန်းမိမှာ....ဒါက ဧည့်သည်တွေကို မင်းတို့ဆိုင်က ဆက်ဆံတဲ့ပုံစံလား"

လုယွီက တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုသည်။

"ပြီးတော့ ဘယ်သူမှာ ပိုပြီးမြင့်မားတဲ့အဆင့်အတန်းရှိတယ်ဆိုတာ မင်း မသိဘူး...မင်းရဲ့အမြင်ကျဥ်းပုံမျိုးနဲ့ ဒီတံလျှပ်ပင်လယ်မျှော်စင်မှာ ဆက်ပြီးအလုပ်လုပ်သင့်တယ်လို့ ငါ မထင်ဘူး"

"ရိုင်းပျလိုက်တာ...မင်းရဲ့အဆင့်အတန်းက ဘယ်လောက်မြင့်နေလို့လဲ...ငါတို့ထက် ပိုပြီးမြင့်နိုင်မှာလား"

မုန့်ရွှမ်ကျိုးက ထပ်ခါတလဲလဲ အော်ဟစ်ရယ်မောလိုက်၏။

ဤတစ်ကြိမ်တွင် သူသည် တော်ဝင်မိသားစုနှင့် နီးစပ်ခွင့်ရရန် စီစဥ်ထားခြင်းပင်။

အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် မုန့်ကျူးယွင်နှင့်ပင်းရှင်းဝမ်သာ လက်ထပ်ပြီးပါက သူသည် အစစ်အမှန်တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာပေမည်။

အကယ်၍ လုယွီထံတွင် ပါရမီအရည်အချင်းရှိနေလျှင်ပင် သာမာန်လူတစ်ယောက်ဖြစ်သည်။သူ၏အဆင့်အတန်းဖြင့် လုယွီကို လွယ်လင့်တကူချေမွှဖျက်ဆီးနိုင်ပေမည်။

ယခုချိန်တွင် လုယွီက သူ၏အဆင့်အတန်းသည် မုန့်ရွှမ်ကျိုးထက် ပို၍မြင့်မားသည်ဟု ပြောဆိုနေသည်။

ဤသည်က အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးတစ်ခုပင်။

မုန့်ကျူးယွင်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"နင်က ငါ့ရဲ့ဝမ်းကွဲနဲ့ ပတ်သတ်ဆက်နွယ်မှုတချို့ရှိတယ်ဆိုတာ ငါ သိတယ်...ဖြစ်နိုင်တာတော့ နင်က ဟုန်ဖန်းမင်းသမီးနဲ့ ရင်းနှီးနေလို့ပဲ...ဒါပေမယ့် အဲ့ဒါက တခြားသူတွေရဲ့အခွင့်အာဏာစွမ်းအားတွေ...နင်က သူတို့တွေရဲ့နောက်လိုက်လုပ်နေတဲ့ အသုံးမဝင်တဲ့ကောင်တစ်ကောင်ပဲ"

"ငါကတော့ သိပ်မကြာခင်အချိန်အတွင်းမှာ မင်းသမီးတစ်ပါး ဖြစ်လာတော့မယ်...အဲ့ဒီလိုဖြစ်လာတာနဲ့ နင့်လိုနိမ့်ကျတဲ့ကောင်မျိုးက ငါ့ကိုမြင်တွေ့ချိန်မှာ ဦးညွှတ်အရိုအသေပြုရမယ်...လုယွီ နင် စောင့်ကြည့်နေစမ်း...ငါ့ကို ပါးရိုက်ခဲ့တဲ့အတွက် အနှေးနဲ့အမြန် နင် ပြန်ပေးဆပ်ရမယ်"

မုန့်ကျူးယွင်၏အသံက ချွင်းချက်မရှိ အေးစက်တင်းမာနေသည်။

မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ သူမထံတွင် လုယွီကို ချေမွှဖျက်ဆီးနိုင်သောအဆင့်အတန်းမျိုး ရှိနေလေပြီ။

သူမ မင်းသမီးတစ်ပါးဖြစ်လာသည်နှင့် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်သွားပေမည်။သူမ၏အဆင့်အတန်းသည် ပြင်ပလောကအတွင်းရှိ ကျင့်ကြံသူများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေမည်။

လုယွီက သူတို့၏မျက်နှာအမူအယာများကိုကြည့်ပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။

"ဒီနေ့ မင်းတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် မင်းတို့ တာဝန်ယူရမယ်"

ထို့နောက် လုယွီ၏မျက်လုံးအကြည့်က မုန့်ကျူးယွင်ထံတွင် ရပ်တန့်သွားသည်။

"ငါ မင်းကို အရင်က တစ်ကြိမ်အပြစ်ပေးပြီးပြီ...မင်း အမှတ်သည်းခြေရှိမယ်လို့ ငါ ထင်ခဲ့တယ်...ကံဆိုးချင်တော့ မင်းက နောင်တရပုံမပေါ်ဘူး...မင်း မှတ်ထားရမှာက နောက်တစ်ချိန်မှာ ဘာကိစ္စတွေပဲ ဖြစ်လာဖြစ်လာ မင်းကိုယ်မင်းပဲ အပြစ်တင်လို့ရမယ်"

"ငါက ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာလား"

မုန့်ကျူးယွင်က ပြုံးလိုက်၏။ထို့နောက် သူမ၏လက်အတွင်းရှိ နဂါးတံဆိပ်ပြားကို ဝှေ့ယမ်းကာ သရော်တော်တော် ပြောဆိုသည်။

"ငါက အရှင်မင်းသားနဲ့တွေ့ဖို့ ဒီနေရာကိုလာတာ...အရှင်မင်းသားက မကြာခင်ရောက်လာတော့မယ်...တကယ်လို့ သူ့ရဲ့ကြင်ယာတော်လောင်းကို နင် အရင်ကရိုက်ခဲ့တယ်ဆိုတာသာ သူသိသွားရင် နင်က ခွေးတစ်ကောင်လို မြေပြင်ပေါ်မှာဒူးထောက်ပြီး တောင်းပန်ရင်တောင် သူက ခွင့်လွှတ်ပေးမှာမဟုတ်ဘူး"

Chapter 2998

ထိုအချိန်မှာပင် နဂါးအစောင့်တစ်စုက တံခါးမကြီးမှနေ၍ အတွင်းသို့ဝင်လာသည်။

ထိုနဂါးအစောင့်များသည် တော်ဝင်မိသားစုများကို ကာကွယ်ရမည့် တာဝန်ကိုယူဆောင်ထားရခြင်းဖြစ်သည်။အမတ်ကြီးများနှင့်အထက် ရာထူးအဆင့်အတန်းရှိသူများသာ နဂါးအစောင့်များ၏ကာကွယ်မှုကို ရရှိနိုင်သည်။

တံလျှပ်ပင်လယ်မျှော်စင်မှအစောင့်များသည် ယခင်ကတည်းက ဤနေရာသို့လာရောက်သော မည်သည့်ဧည့်သည်ကိုမဆို အပြစ်မပြုဝံ့ချေ။နဂါးအစောင့်များ ဝင်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် အဝေးသို့သွား၍ မတ်တတ်ရပ်နေကြကာ အနီးသို့မချဥ်းကပ်ဝံ့တော့ပေ။

"အမ်...မင်းတို့က ဘာလို့အခုထိ အထဲမဝင်ကြသေးတာလဲ...အခန်းကြိုယူပြီးပြီ မဟုတ်ဘူးလား"

ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ပြင်ပမှနေ၍ လျှောက်လှမ်းဝင်ရောက်လာသည်။

ထိုလူငယ်သည် အသက်ကြီးခြင်းမရှိသေးကာ သူ၏ခေါင်းထက်၌ ရွှေသရဖူတစ်ခုကို ဆောင်းထားသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်ဝတ်စုံပေါ်တွင် ရွှေချည်မျှင်များဖြင့် နဂါးတစ်ကောင်၏အမှတ်အသားကို ပန်းထိုးထားကာ ပိုင်ရှင်၏မြင့်မြတ်သောအဆင့်အတန်းကို ညွှန်ပြနေသည်။

သူ အတွင်းသို့ဝင်ရောက်လာသည့် အချိန်အခိုက်အတန့်တွင် မုန့်ရွှမ်ကျိုးနှင့်မုန့်ကျူးယွင်တို့ကို မြင်တွေ့သည်နှင့် မေးမြန်းလေ၏။

ထိုလူငယ်ကိုမြင်တွေ့သည်နှင့် မုန့်ရွှမ်ကျိုး၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် မျက်နှာချိုသွေးသောအမူအယာမျိုး ထင်ဟပ်လာသည်။သူက ခြေလှမ်းအနည်းငယ်ခန့်ရှေ့တိုးကာ အပြုံးနှင့်ပြောဆိုသည်။

"အရှင်မင်းသား...ရောက်လာပြီလား"

ပင်းရှင်းမင်းသားကျိုးယွမ်ရုံသည် တော်ဝင်မိသားစုမှ အိမ်ရှေ့စံမင်းသားနှင့် မျိုးဆက်တူညီသော မင်းသားတစ်ပါးဖြစ်သည်။

သို့ရာတွင် သူ၏ဖခင်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဝမ်းကွဲတစ်ယောက်သာဖြစ်သဖြင့် သွေးမျိုးဆက်ကျဲပါးလေရာ နယ်စားအဆင့်ကိုသာ ရရှိခဲ့သည်။

တာယွီအင်ပါယာ၏တော်ဝင်မိသားစုတွင် ပထမတန်းစားနေရာ၌ ရှိနေသော မင်းသားများမှာ မင်းသားစု မင်းသားချီ အစရှိသဖြင့်ရှိနေကာ မျိုးရိုးနာမည်မတူညီသော ချိုင်မိသားစုလည်း ပါဝင်သည်။

သို့ရာတွင် နယ်စားအဆင့်သာရရှိထားသော မင်းသားများမှာမူ ဒုတိယတန်းစားနေရာတွင်သာရှိသည်။အကယ်၍ သူ သေဆုံးသွားပါက ထိုဘွဲ့ထူးကို လက်ဆင့်ကမ်းအမွေပေးခွင့်မရှိချေ။

မင်းသားများအကြားတွင် ကျိုးယွမ်ရုံကို အဆင့်နိမ့်ဆုံးအဆင့်ဟု ယူဆ၍ရသည်။သူ့ထံတွင် ကိုယ်ပိုင်အပိုင်စားနယ်မြေမရှိသဖြင့် နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတွင်းမှ ပေးအပ်သော အထောက်အပံ့ပေါ်တွင်သာ မှီခိုနေရသည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ၏အဆင့်အတန်းသည် တော်ဝင်မြို့တော်အတွင်းမှ သာမာန်ကျင့်ကြံသူများထက် ခေါင်းတစ်လုံးစာခန့် ပို၍မြင့်မားသည်။

"အရှင်မင်းသားက အချိန်ကိုက်ရောက်လာတာပဲ...အဲ့ဒီလူက အရင်က ကျွန်မကို ရိုက်ခဲ့တဲ့သူပဲ...ကျွန်မရဲ့အဖေက သူ့ကိုထွက်သွားဖို့လေးတင် ပြောခဲ့တာ...ဒါပေမယ့် သူက ကျွန်မရဲ့အဖေကို ထိခိုက်နာကျင်အောင် တိုက်ခိုက်ခဲ့တယ်...သူက အရှင်မင်းသားကိုတောင် အလေးထားပုံမရဘူး...အရှင်မင်းသားက ကျွန်မအတွက် လက်စားချေပေးပါ"

မုန့်ကျူးယွင်က ကျိုးယွမ်ရုံ၏လက်မောင်းကိုဆုပ်ကိုင်ကာ ကြေကွဲဝမ်းနည်းနေသောလေသံဖြင့် ပြောဆိုသည်။

သူမသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို ကောင်းစွာသိရှိထားပေ၏။သူမ၏ဖခင်သည်ပင် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။ယခုလက်ရှိချိန်တွင် သူမ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျိုးယွမ်ရုံထံမှ အကူအညီကို တောင်းခံခြင်းပင်။

ကျိုးယွမ်ရုံထံတွင် တော်ဝင်မိသားစုဝင်ဟူသော အဆင့်အတန်းရှိနေသဖြင့် အကယ်၍ လုယွီ သူ့အား တိုက်ခိုက်အနိုင်ယူနိုင်လျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။

မုန့်ကျူးယွင်သည် ထိုစကားများကိုပြောဆိုနေချိန်တွင် လုယွီကို ခွင့်လွှတ်နိုင်ဖွယ်မရှိသောလူတစ်ယောက်အဖြစ် ချဲ့ကားပြောဆိုထားသည်။သူမသည် ယခင်က လုယွီ မည်သည်ကြောင့် သူမအားရိုက်နှက်ခဲ့သည်ကို ထည့်သွင်းပြောဆိုခြင်းမရှိချေ။ထို့ပြင် သူမ၏ဖခင် မုန့်ရွှမ်ကျိုးသည် အရင်စ၍တိုက်ခိုက်ခဲ့သည်ကိုလည်း ပြောဆိုခြင်းမပြုပေ။

"ဒါဆို အဲ့ဒီလူက မင်းလား"

မုန့်ကျူးယွင်၏ငိုသံကိုကြားချိန်တွင် ကျိုးယွမ်ရုံ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ထိုရက်အနည်းငယ်အတောအတွင်းတွင် မုန့်ကျူးယွင်သည် သူ့အား အတွေ့မခံဘဲ ရှောင်ရှားနေခဲ့သည်။ကျိုးယွမ်ရုံသည် သည်းမခံနိုင်သဖြင့် သူမအား အတင်းအကြပ် ဝင်ရောက်ရှာဖွေခဲ့လေ၏။သို့ရာတွင် မမျှော်လင့်ဘဲ မုန့်ကျူးယွင်၏မျက်နှာ နီမြန်းပြီးယောင်ကိုင်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

အကယ်၍ ရုပ်ရည်အရကြည့်လျှင် မုန့်ကျူးယွင်သည် အလှလေးတစ်ယောက်ဟု ဆိုနိုင်သည်။ထိုသို့မဟုတ်ပါက ကျိုးယွမ်ရုံသည် သူမကို နှစ်သက်သဘောကျမိမည်မဟုတ်ချေ။

သို့ရာတွင် ထိုကဲ့သို့အလှလေးတစ်ယောက်သည် ဤမျှအခြေအနေထိ ရိုက်နှက်ခံထားရ၏။

ထို့ထက်ပို၍ အရေးကြီးဆုံးအချက်မှာ မုန့်ကျူးယွင်သည် သူ၏ကြင်ယာတော်ဖြစ်လာရန် ရွေးချယ်ထားသောသူပင်။တစ်စုံတစ်ယောက်သည် သူမကို ရိုက်နှက်ဝံ့ခြင်းမှာ သူ ပင်းရှင်းမင်းသား၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ကျိုးယွမ်ရုံသည် ထိုကိစ္စကို သည်းမခံနိုင်ချေ။

"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ...ထားလိုက်တော့...ဒီမင်းသားက မင်းရဲ့နာမည်ကိုသိဖို့ မလိုအပ်ဘူး...ငါ့ရဲ့မိန်းကလေးကို ထိဝံ့တဲ့သတ္တိမျိုး မင်း ဘယ်နေရာကနေ ရလာတာလဲ"

ကျိုးယွမ်ရုံက လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်၍ လက်ညှိုးငေါက်ငေါက်ထိုးကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"အခုချက်ချင်း...ငါ့ရဲ့ကြင်ယာတော်ရှေ့မှာ ဒူးထောက်တောင်းပန်ပြီးတော့ မင်းရဲ့အမှားကို ဝန်ခံစမ်း...ပြီးရင် မင်းရဲ့ကျင့်ကြံဆင့်ကို မင်းကိုယ်တိုင် ဖျက်ဆီးလိုက်...ငါ့ရဲ့ကြင်ယာတော် ဒေါသပြေတဲ့အထိ မင်းကိုရိုက်လိမ့်မယ်...ဒါက မင်းအတွက် အပြစ်ဒဏ်ပဲ"

Chapter 2999

ကျိုးယွမ်ရုံသည် လုယွီ၏ကံကြမ္မာကို စကားလုံးအနည်းငယ်ဖြင့် ဆုံးဖြတ်လိုက်ပေ၏။

လုယွီ၏နောက်တွင်ရှိနေသော တံလျှပ်ပင်လယ်မျှော်စင်ကြီးကြပ်ရေးမှူးက အလျှင်အမြန်ရှေ့တိုးလာကာ မျက်နှာချိုသွေးသောအပြုံးဖြင့် ပြောဆိုသည်။

"အရှင့်သားက ဥာဏ်ပညာကြီးမားပြီးတော့ မြင့်မြတ်တဲ့သူပဲ...ဒီလူရမ်းကားက ကျွန်တော်တို့စားသောက်ဆိုင်က လူတချို့ကိုလည်း ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်...အရှင့်သားကို ရောက်လာတာကိုပဲ ကျေးဇူးတင်ရမယ်...မဟုတ်ရင် ဒီလူရမ်းကားက ဆက်ပြီးမောက်မာထောင်လွှားနေအုံးမှာ"

"ဟမ့်...နောက်တစ်ကြိမ်ကျရင် မင်း မျက်စေ့ရှင်ရှင်ထား...လူတိုင်းကို ဝင်ခွင့်မပြုနဲ့...မင်းတို့ရဲ့တံလျှပ်ပင်လယ်မျှော်စင်က သာမာန်စားသောက်ဆိုင်မျိုးမဟုတ်ဘူး...တကယ်လို့ အဲ့ဒီလိုလူစားမျိုးတွေကို ရှာတွေ့တယ်ဆိုရင် အမြန်ဆုံးမောင်းထုတ်လိုက်...မဟုတ်ရင် မင်းတို့တံလျှပ်ပင်လယ်မျှော်စင်ရဲ့ဂုဏ်သတင်း ညှိုးနွမ်းသွားနိုင်တယ်"

ကြီးကြပ်ရေးမှူးက ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်၏။

"အရှင့်သားပြောတာ အမှန်ပါပဲ...ကျွန်တော်က နောက်ဆိုရင် သေချာဂရုစိုက်ပါ့မယ်"

ထိုစကားကိုကြားမှသာ ကျိုးယွမ်ရုံက စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် ခေါင်းညိတ်ပြလေသည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ကာ လှုပ်ရှားရန်ရည်ရွယ်ချက်မရှိပုံကို သူ တွေ့မြင်မိသည်။သူက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ငေါက်လိုက်၏။

"ဘာလဲ...ငါ ပြောတာကို မင်း နားမလည်ဘူးလား...မြန်မြန်ဒူးထောက်စမ်း"

လုယွီက သရော်တော်တော် ပြောဆိုသည်။

"မင်းကိုယ်မင်း အရမ်းအဆင့်အတန်းမြင့်မားတယ်လို့ ထင်နေတာလား"

ပတ်ဝန်းကျင်ရှိလူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

ထိုလူငယ် ရူးများရူးနေသလော...

သူ့ရှေ့ရှိလူသည် တော်ဝင်မိသားစုဝင် မင်းသားတစ်ပါးပင်။မည်သည်ကြောင့် သူ ရိုင်းပျစွာ တုံ့ပြန်ပြောဆိုဝံ့သနည်း...

လုယွီက ကျိုးယွမ်ရုံကို ခြေဆုံးခေါင်းဆုံးကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"ငါက မုန့်ကျူးယွင်ကို ပစ်မှတ်ထားနေတာ...ဒါပေမယ့် မင်းက ကြားဝင်စွက်ဖက်ခဲ့တယ်...ဘေးဖယ်နေစမ်း...မဟုတ်ရင် ငါ မင်းကိုလည်း ရိုက်ရလိမ့်မယ်"

ရွှပ်...ရွှပ်...ရွှပ်...

ကျိုးယွမ်ရုံ၏နံဘေးရှိ နဂါးအစောင့်များက သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုနဂါးအစောင့်များသည် တံလျှပ်ပင်လယ်မျှော်စင်မှ သာမာန်အစောင့်များနှင့် ကွဲပြားခြားနားသည်။ထိုလူများတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်နှင့် အစွမ်းထက်သောခွန်အားတို့ရှိသည်။သူတို့သည် သာမာန်အစောင့်များထက် များစွာပို၍ သန်မာအားကောင်းပေ၏။

မုန့်ကျူးယွင်၏မျက်နှာပေါ်၌ အပြုံးများ ထင်ဟပ်နေသည်။

"နင်က ယဲ့စန်းကောကို ဖိနှိပ်ခဲ့သလိုမျိုး အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား...အဆင်အခြင်မဲ့လိုက်တာ...ယဲ့စန်းကောက သာမာန်အရာရှိတစ်ယောက်...ခုဏက နင် အရှင်မင်းသားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တယ်...ဒါက တော်ဝင်မိသားစုကို နင့်ရဲ့မျက်လုံးထဲ မထည့်တာပဲ...နင်က ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်ပြီ...နင်ရဲ့ဘဝ အဆုံးသတ်ရတော့မှာ သေချာတယ်"

"ဒီကောင်စုတ်လေးက ပါရမီအရည်အချင်း နည်းနည်းလေးရှိတာကို မှီခိုပြီးတော့ အောက်ဘုံမှာတုန်းကလို သူ ဆန္ဒရှိသလိုလုပ်လို့ရမယ်ထင်နေတာ...ဒါပေမယ့် ဒီလောကက သူ တွေးထင်ထားတာထက် အများကြီးပိုပြီးရှုပ်ထွေးတယ်...သူ ပြဿနာအကြီးကြီးတက်နေပြီ"

သူတို့နှစ်ယောက်သည် နေရာမှာပင်မတ်တတ်ရပ်ကာ လုယွီ မည်ကဲ့သို့ခံစားရမည်ကို ကြည့်ရှုရန် ကြံရွယ်နေကြသည်။

ကျိုးယွမ်ရုံသည် ရှက်ရွံသွားရာမှနေ၍ ဒေါသထွက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် မြင့်မြတ်သော တော်ဝင်မင်းသားတစ်ယောက်ဖြစ်သော်လည်း သူ့အား တော်ဝင်မြို့တော်အတွင်း၌ အော်ငေါက်ဝံ့သော တစ်စုံတစ်ယောက်ရှိနေသည်။သူ့အတွက် ဤသည်က အကြီးအကျယ် အရှက်ခွဲခံရမှုပင်။

"သူ့ကို သတ်လိုက်ကြစမ်း"

ကျိုးယွမ်ရုံက လုယွီကို လက်ညှိုးညွှန်ကာ အော်ငေါက်လိုက်၏။

သို့ရာတွင် သူ၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် လုယွီက အနက်ရောင်အရိပ်တစ်ခုအလား ကျိုးယွမ်ရုံ၏ရှေ့သို့ ရောက်ရှိလာသည်။

သူသည် လက်တစ်ဖက်ဖြင့် ကျိုးယွမ်ရုံကို အင်္ကျီဂုတ်မှ ဆွဲမလိုက်သည်။

ထို့နောက် လုယွီ၏လက်သီးတစ်ချက်က ကျိုးယွမ်ရုံ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဘန်း...

ထိုလက်သီးချက်သည် ကျိုးယွမ်ရုံ၏ အကာအကွယ်မှော်စွမ်းအင်အလွှာကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပုစွန်တစ်ကောင်ကဲ့သို့ ကွေးကောက်၍ မြေပြင်ပေါ်သို့ပြုတ်ကျလာကာ မလှုပ်ရှားနိုင်တော့ချေ။

"မင်းလို နယ်စားအဆင့်ကို မပြောနဲ့....တကယ်လို့ မင်းက ပထမတန်းစားမင်းသားတစ်ယောက်ဆိုရင်တောင် ငါက ဂရုစိုက်မယ်လို့ မင်းထင်နေတာလား"

လုယွီ၏အသံသည် အလွန်တည်ငြိမ်အေးဆေးနေသော်လည်း သာမာန်လူများ တောင့်မခံနိုင်သည့် ဖိအားအရှိန်အဝါမျိုး ပါဝင်နေသည်။

"ရပ်လိုက်စမ်း..."

"အရှင့်သားကို ကာကွယ်ကြစမ်း"

နဂါးအစောင့်များက လုယွီကို ဖမ်းဆီးရန်အတွက် ရှေ့သို့တိုးဝင်လာကြ၏။

နဂါးအစောင့်တပ်သို့ဝင်ရောက်ခွင့် ရရှိသူများသည် စစ်တပ်များမှရွေးချယ်ထားသော လက်ရွေးစင်စစ်သားများဖြစ်သည်။သူတို့သည် အားကောင်းသောကျင့်ကြံခြင်းအခြေခံအုတ်မြစ်နှင့် ကောင်းမွန်သောကျင့်ကြံနည်းစနစ်များကို ပိုင်ဆိုင်ထားသည်။သူတို့သည် လူဆယ်ယောက်နှင့် လူတစ်ထောင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများပင်။

ရုတ်ချည်းဆိုသလိုပင် နဂါးအစောင့်များသည် လုယွီကို မတူညီသော ဦးတည်ချက်သုံးခုခွဲ၍ တိုက်ခိုက်လိုက်ကြ၏။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီ၏လက်အတွင်းမှ ကျိုးယွမ်ရုံကိုကယ်တင်ရန် စီစဥ်နေသော နဂါးအစောင့်တစ်ယောက်လည်းရှိသည်။

နဂါးအစောင့်များ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ကာ ပြီးပြည့်စုံသောအစီအစဥ်ဖြင့် လုယွီကို တိုက်ခိုက်ကြခြင်းဖြစ်သည်။

Chapter 3000

လုယွီက ထိုနဂါးအစောင့်များကိုတစ်ချက်ကြည့်၍ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...ထွက်သွားကြစမ်း"

လုယွီက ခြေတစ်ဖက်မြှောက်၍ မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏ခြေထောက်အောက်ရှိမြေပြင်မှနေ၍ ပြင်းထန်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။

အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ရှေ့သို့တရကြမ်းတိုးဝင်လာသော နဂါးအစောင့်များသည် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်သဖြင့် သူတို့အားလုံး နောက်သို့လွင့်ထွက်သွားကြ၏။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တံလျှပ်ပင်လယ်မျှော်စင်မှအစောင့်များ ကြက်သေသေနေကြသည်။

တော်ဝင်မြို့တော်အတွင်း၌ နဂါးအစောင့်များကို အနိုင်ယူနိုင်သော အစွမ်းထက်ကျင့်ကြံသူများရှိသော်လည်း သူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ နဂါးအစောင့်များကို မတိုက်ခိုက်ဝံ့ချေ။

ဤသည်က ဧကရာဇ်၏သီးသန့်စစ်တပ်ဖြစ်သဖြင့် တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။မည်သည်ကြောင့် လုယွီသည် နဂါးအစောင့်များကို တိုက်ခိုက်ဝံ့သနည်း....

"နင်က ဘယ်လိုသတ္တိမျိုးနဲ့ အရှင့်သားကို တိုက်ခိုက်ဝံ့တာလဲ"

မုန့်ကျူးယွင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မူလက သူမသည် ပင်းရှင်းမင်းသမီးဟူသော သူမ၏အဆင့်အတန်းကို အသုံးပြု၍ လုယွီကို နာခံရို့ကျိုးစွာဖြင့်ဦးညွှတ်စေကာ သူ၏အမှားအားဝန်ခံစေလိုခဲ့သည်။သို့ရာတွင် လုယွီသည် ပင်းရှင်းမင်းသားဟူသော အဆင့်အတန်းကိုပင် အနည်းငယ်မျှဂရုစိုက်လိမ့်မည်မဟုတ်ဟု သူမ မျှော်လင့်မထားမိချေ။

လုယွီသည် ကျိုးယွမ်ရုံကိုအင်္ကျီဂုတ်မှဆွဲ၍ ခန်းမနံရံတစ်ခုနှင့်ကပ်ကာ မြှောက်ထားလိုက်၏။

"မင်း...မင်း...မင်း ဘာလုပ်ချင်တာလဲ...မင်း သိထားရမှာက ငါက တော်ဝင်မိသားစုဝင်တစ်ယောက်နော်...တကယ်လို့ မင်း ငါ့ကို ထိဝံ့ရင် မင်း သေရမယ်"

ကျိုးယွမ်ရုံ၏အသံက တုန်ရီနေသည်။

တခြားသူများနှင့်ရင်ဆိုင်ရစဥ်တွင် သူသည် တော်ဝင်မိသားစုဝင်ဟူသော အဆင့်အတန်းကိုအသုံးပြု၍ ထိုလူများကို ခြိမ်းခြောက်နိုင်ခဲ့သည်။

သို့ရာတွင် လုယွီရှေ့သို့အရောက်တွင် ကျိုးယွမ်ရုံသည် သူ အစဥ်အမြဲ ဂုဏ်ယူဝင့်ကြွားခဲ့ရသော အဆင့်အတန်းသည် အနည်းငယ်မျှပင် သက်ရောက်မှုမရှိသည်ကို ရုတ်တရက် သိနားလည်သွားပေ၏။

ဤလူကို သာမာန်အတွေးအမြင်များဖြင့် ဆုံးဖြတ်၍မရချေ။

"မင်းက တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့အတွက် မင်း ဝမ်းသာသင့်တယ်...မဟုတ်ရင် မင်းသာ ကျင့်ကြံခြင်းလောကကလူဆိုရင် အသေဆိုးနဲ့ သေနေလောက်ပြီ"

လုယွီက ကျိုးယွမ်ရုံကို နံဘေးတစ်ဖက်သို့ သာမာန်ကာလျှံကာ လွှင့်ပစ်လိုက်သည်။

ကျိုးယွမ်ရုံ၏ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါ ပျက်ပြယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူ၏စိတ်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရသည့်အလား သူသည် ထောင့်တစ်နေရာ၌ကွေးကောက်နေကာ မလှုပ်ရှားဝံ့တော့ချေ။

သူ အလွန်ထိတ်လန့်ကြောက်ရွံနေလေပြီ။

သူ မွေးဖွားလာစဥ်အချိန်မှစ၍ သူ့အား ဤကဲ့သို့ခြိမ်းခြောက်နိုင်သောကိစ္စမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဘူးချေ။သို့ရာတွင် သူသည် လုယွီ၏ခန္ဓာကိုယ်မှလာသော ထက်ရှသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိလေ၏။

လုယွီသည် သူ့အား သတ်ဖြတ်ဝံ့သည်ကို ကျိုးယွမ်ရုံက သံသယမရှိချေ။မည်သို့ပင်ဆိုစေကာမူ လုယွီသည် နဂါးအစောင့်များကိုပင် ရိုက်နှက်ဝံ့သူဖြစ်သည်။

ဤအချိန်အခိုက်အတန့်မှာပင် နောက်သို့လွင့်ထွက်သွားသော နဂါးအစောင့်များ တဖန်ပြန်၍ ရှေ့သို့တိုးဝင်လာကြသည်။

လုယွီသည် အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှိချေ။သူသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ ထိုနဂါးအစောင့်များကို လွင့်ထွက်သွားစေသည်။

ဖြစ်စဥ်တစ်ခုလုံး ရေစီးဆင်းနေသကဲ့သို့ အဆင်ပြေချောမွေ့နေသည်။အတိတ်တွင် မောက်မာဝံ့ကြွားခဲ့သော နဂါးအစောင့်များသည် လုယွီ၏ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိချေ။

"ဒါက မင်း မှီခိုအားထားနေတဲ့အရာလား"

လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် မုန့်ကျူးယွင်ကို ကြည့်လိုက်သည်။

မုန့်ကျူးယွင်သည် ထိတ်လန့်ကြောက်ရွံကာ ရူးသွပ်သွားလုနီးပါးပင်။

မည်သို့ဖြစ်ပျက်သွားသနည်း...

သူမ၏တွက်ချက်မှုအရ လုယွီသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူမကို တောင်းပန်နေရသင့်သည်။

သို့ရာတွင် အခြေအနေသည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်နေလေပြီ။

"လုယွီ...ငါ နင့်ကို သတိပေးလိုက်မယ်...နင်က ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးကို ကျူးလွန်ပြီးပြီ...ဒီတစ်ကြိမ်တော့ ကျန်းဟုန်တောင်မှ နင့်ကို ကယ်တင်နိုင်မှာမဟုတ်ဘူး"

မုန့်ကျူးယွင်က နောက်သို့ခြေလှမ်းတစ်လှမ်းချင်းဆုတ်၍ ပြောဆိုသည်။

သို့ရာတွင် လုယွီ၏မျက်လုံးအကြည့်က အေးစက်တင်းမာနေဆဲပင်။

သူက မုန့်ကျူးယွင်ကို စူးစိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ ငါ မှတ်ထားတာ မှန်မယ်ဆိုရင်...ငါ့ကိုထပ်ပြီးရန်မစဖို့ မင်းကို ငါ သတိပေးထားပြီးပြီ"

"ဒါပေမယ့် မင်းက ငါ့ရဲ့စကားကို နားမထောင်ခဲ့ဘူး...မင်းက ငါ့ရှေ့ကိုလာပြီးတော့ မဆင်မခြင်ထပ်လုပ်ဝံ့တယ်"

"ဒီနေ့ မင်းနဲ့ထိုက်တန်တဲ့အရာက ဘယ်အရာလဲဆိုတာ မင်း သိစေရမယ်"

လုယွီ၏အသံကိုကြားချိန်တွင် မုန့်ကျူးယွင်၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများ ကြီးစိုးသွားသည်။ရုတ်တရက် သူမသည် အရှက်ခွဲခံရမှုကြောင့် ဒေါသများပေါက်ကွဲထွက်လာကာ အော်ဟစ်လိုက်၏။

"အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ...နင့်ရဲ့အဆင့်အတန်းကဘာလဲ...ငါ့ရဲ့အဆင့်အတန်းက ဘာလဲ...အခုချိန်မှာ ငါက မင်းသမီးတစ်ပါး...နင်က သာမာန်ကျင့်ကြံသူတစ်ယောက်...နင်နဲ့ငါကြားမှာရှိတဲ့ အဆင့်အတန်းက မိုးနဲ့မြေလို ကွာခြားတယ်...ငါ နင်ကို ထွက်သွားခွင့်ပြုလိုက်မယ်...ဒါက ငါ့ရဲ့သနားညှာတာမှုကို ပြသတာပဲ"

ရုတ်တရက် တံခါးမကြီးမှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ပင်းဝမ်မင်းသား ရောက်ရှိလာပြီ"

All Chapters