← Chapters

အခန်း (၃၀၀၁-၃၀၀၅)

Vol. 153 Ch. 3001-3005

အခန်း (၃၀၀၁-၃၀၀၅)

Vol. 153 Ch. 3001-3005

Chapter 3001

ခန်းမအတွင်းရှိ လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ တံခါးမကြီးကို ကြည့်လိုက်ကြ၏။

လူတိုင်း ရေခဲနယ်မြေ၏ပင်းဝမ်မင်းသားကို သိရှိထားသည်။

တာယွီအင်ပါယာတစ်ခုလုံးတွင် ပင်းဝမ်မင်းသားသည် ကွဲပြားခြားနားသောမျိုးရိုးနာမည်ရှိသည့် တစ်ယောက်တည်းသော မင်းသားဖြစ်သည့်တိုင် သူ၏အဆင့်အတန်းသည် တခြားသူများထက် များစွာပို၍သာလွန်သည်။

အလယ်ခေတ်အဆုံးသတ်ခါနီးအချိန်တွင် ချိုင်မိသားစုသည် အစစ်အမှန် တော်ဝင်မိသားစုပင်။သို့ရာတွင် နောက်ပိုင်း၌ ချိုင်မိသားစုသည် သူတို့၏သဘောဆန္ဒအလျောက် နန်းစွန့်ကာ ထီးနန်းအား ကျိုးမိသားစုကို လွှဲပြောင်းပေးအပ်ခဲ့သည်။ဤသည်ကြောင့် ကျိုးမိသားစုသည် ပလ္လင်ပေါ်၌ တည်ငြိမ်စွာထိုင်နိုင်ကာ တာယွီအင်ပါယာကိုတည်ထောင်၍ အလယ်ခေတ်၏ဖရိုဖရဲအခြေအနေများကို အဆုံးသတ်နိုင်ခဲ့သည်။

ဤအကြောင်းအရင်းတစ်ချက်တည်းကြောင့် ချိုင်မိသားစုသည် တော်ဝင်နန်းတွင်း၌ ထိပ်တန်းအဆင့်အတန်းမျိူး ရရှိထားခြင်းမဟုတ်ချေ။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ ချိုင်မိသားစုတွင် အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေကာ ကောလဟာလများအရ တာအိုသခင်အဆင့်ကျင့်ကြံသူများပင် ရှိနေသည်ဟုဆိုကြ၏။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် နောက်ခံအဆင့်အတန်းနှင့်ခွန်အားရှိနေခြင်းကြောင့် ချိုင်မိသားစုသည် တာယွီအင်ပါယာအတွင်း၌ ဖြတ်ထုတ်၍မရသော သံမဏိပြားကြီးနှင့် တူညီနေသည်။

တံခါး၏ပြင်ပမှနေ၍ သန်မာထွားကျိုင်းသောလူငယ်တစ်ယောက် အတွင်းသို့ဝင်လာသည်။

ထိုလူငယ်သည် ကျက်သရေရှိသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တော်ဝင်မြို့တော်အတွင်းရှိ မြင့်မြတ်သောအိမ်တော်များမှ လူငယ်သခင်လေးများ၏ပုံစံနှင့် မည်သည့်ကွဲပြားခြားနားချက်မျှမရှိချေ။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ အနီးကပ်ကြည့်ရှုပါက ထိုလူငယ်၏အရှိန်အဝါသည် တခြားသူများနှင့် ကွဲပြားခြားနားနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။

ထိုလူငယ်သည် လူအများကြား၌ မတ်တတ်ရပ်နေလျှင်ပင် သာမာန်ထက်သာလွန်ထူးကဲသော အရှိန်အဝါမျိုးကို ခံစားရနိုင်သည်။

"အရှင့်သားကို ကြိုဆိုပါတယ်"

"အရှင့်သား..."

တံခါးဝရှိအစောင့်များက ချက်ချင်းဆိုသလိုပင် ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။

ထိုလူများသည် တံလျှပ်ပင်လယ်မျှော်စင်တွင် အလုပ်လုပ်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် အမူအယာနှင့်စကားလုံးများကို စူးစမ်းလေ့လာရာ၌ ကျွမ်းကျင်သောအရည်အချင်းရှိသည်။တံခါးပြင်ပရှိ အော်သံကိုကြားသည်နှင့် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့အားလုံး သိရှိသွားကြ၏။

ဤသည်က ရေခဲနယ်မြေ၏မင်းသား ချိုင်လုံရှင်းပင်။

အမှန်အားဖြင့် ကောလဟာလများအရ သူသည် နောင်အသစ်တက်လာမည့် ရေခဲနယ်မြေဘုရင်ဖြစ်သည်။ထိုအချိန်ကျပါက သူသည် တော်ဝင်နန်းတွင်းရှိ ပထမတန်းစားမင်းသားအနည်းစုအနက်မှ တစ်ယောက်ဖြစ်လာကာ ရိုသေလေးစားခံရသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ရပေမည်။

ဤကဲ့သို့ ကြီးမားသောတည်ရှိမှုကြီးတစ်ခုဖြစ်သဖြင့် သူတို့သည် ပင်းဝမ်မင်းသားကို အလေးအနက်ထား၍ ဆက်ဆံရပေမည်။

ယခုရောက်ရှိလာသူမှာ ချိုင်လုံရှင်းပင်။

ချိုင်လုံရှင်းသည် ခန်းမအတွင်းသို့ ရောက်ရှိလာချိန်တွင် နဂါးအစောင့်များ၏အဖြစ်အပျက်ကို မြင်တွေ့မိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

တော်ဝင်မြို့တော်အတွင်း၌ နဂါးအစောင့်များသည် အကြွင်းမဲ့အခွင့်အာဏာရှိသည်။အလွန်နည်းပါးသောလူတချို့ကသာ သူတို့ကို ဆန့်ကျင်၍တိုက်ခိုက်ဝံ့သည်။

နဂါးအစောင့်များအားလုံး မည်သည်ကြောင့် မြေပြင်ပေါ်၌ လဲကျနေသည်ကို သူ မသိရှိချေ။

ထို့နောက် သူသည် လုယွီ မုန့်သားအဖနှင့် မြေပြင်ပေါ်မှလဲကျနေကာ မထနိုင်ဖြစ်နေသော ကျိုးယွမ်ရုံတို့ကို တွေ့မြင်မိလေ၏။

ချိုင်လုံရှင်းကိုမြင်တွေ့ချိန်တွင် ကျိုးယွမ်ရုံသည် သူ၏အသက်ကိုကယ်တင်နိုင်သော ကောက်ရိုးတစ်မျှင်ကို တွေ့ရှိသွားသကဲ့သို့ပင်။သူက အလျှင်အမြန် ကုန်းရုန်းထကာ အော်ဟစ်လိုက်သည်။

"အကိုတော်ဝမ်...ကျွန်တော်ကို ကယ်ပါအုံး အကိုတော်ဝမ်"

ချိုင်လုံရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘယ်သူလဲ"

သူ ကျိုးယွမ်ရုံကို မသိရှိသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။ချိုင်လုံရှင်းသည် ရေခဲဘုရင်ကြယ်မြစ်တွင်သာ အမြဲတစေနေထိုင်ပြီး အတွေ့အကြုံရရှိလို၍သာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

သူ့ကဲ့သို့ သာလွန်ထူးကဲသော တော်ဝင်မိသားစုဝင်များသည် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် မလိုအပ်ချေ။သို့ရာတွင် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စမ်းသပ်စစ်ဆေးမှုတိုင်းတွင် ဝင်ရောက်ဖြေဆိုခဲ့သည်။ဤသည်က သူ အတွေ့အကြုံ ရှာဖွေရုံသက်သက်ပင်။

ထို့ကြောင့် ချိုင်လုံရှင်းသည် တော်ဝင်မြို့တော်မှ တော်ဝင်မိသားစုဝင်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။

နာမည်ကျော်ကြားသော ကျိုးမိသားစုဝင်မင်းသားတချို့မှလွဲ၍ တခြားအဆင့်နိမ့်နယ်စားများကို သူ မမှတ်မိချေ။

"ဒီညီတော်က ပင်းရှင်းမင်းသား ကျိုးယွမ်ရုံပါ...အတိတ်မှာတုန်းက တော်ဝင်မိသားစုစည်းဝေးပွဲမှာ ညီတော်က အကိုတော်ဝမ်ကို တွေ့ဖူးပါတယ်"

ကျိုးယွမ်ရုံသည် သူ့အတွက် အမာခံထောက်တိုင်ကြီး ရရှိသွားသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

သူသည် နယ်စားအဆင့်သာရှိသဖြင့် လုယွီ၏အထင်အမြင်သေးခြင်းကို ခံရသည်။သို့ရာတွင် မင်းသားတစ်ပါးဆိုလျှင် မည်ကဲ့သို့သဘောရသနည်း...

ဤကဲ့သို့ မင်းသားတစ်ပါးကို အစွမ်းထက်ပညာရှင်များက ကာကွယ်စောင့်ရှောက်နေသည်။ထိုအစွမ်းထက်ပညာရှင်များ၏စွမ်းအားသည် သူ၏နောက်ရှိ နဂါးအစောင့်များထက် ပို၍သာလွန်မည်မှာ တိကျသေချာလှ၏။

ထိုအချိန်ကျပါက ထိုကောင်စုတ်လေး မည်မျှအစွမ်းထက်နေပါစေ အဆုံးသတ်၌ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။

"အဲ့ဒါက မင်းလား...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

ချိုင်လုံရှင်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ရုတ်တရက် မေးမြန်းလိုက်၏။

Chapter 3002

ချိုင်လုံရှင်းသည် သူ့အားမှတ်မိသည်ကို မြင်တွေ့ချိန်၌ ကျိုးယွမ်ရုံက အပျော်လွန်သွားသည်။

ချိုင်လုံရှင်း၏အကူအညီကိုသာ ရရှိပါက လုယွီ၏စွမ်းအား မည်မျှထိကောင်းမွန်နေသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ချေ။

"အကိုတော်ဝမ်...ဒီလူရမ်းကားက ကျွန်တော်ရဲ့ကြင်ယာတော်လောင်းကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်...သူက ကျွန်တော်ကိုလည်း တိုက်ခိုက်ခဲ့တယ်...သူက တော်ဝင်မြို့တော်လိုနေရာမျိုးမှာတောင် ထင်တိုင်းကျဲနေတာ...အကိုတော်ဝမ်...ကျွန်တော်ကိုကူညီပြီးတော့ ဆုံးဖြတ်ပေးပါ"

ကျိုးယွမ်ရုံသည် အကူအညီတစ်ယောက်ကို ရရှိသွားပုံဖြင့် ချက်ချင်းဆိုသလိုပင် ယုံကြည်ချက်ပြန်လည်ရရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူက ယိုင်တိုင်တိုင်ဖြင့် လုယွီရှေ့သို့ လျှောက်လှမ်းသွားကာ သူ၏ခေါင်းကိုမော့၍ ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ပြောဆိုသည်။

"ဒီနေရာကိုလာပြီးတော့...ဒူးထောက်ပြီး မင်းရဲ့အမှားကို တောင်းပန်စမ်း...ပင်းဝမ်မင်းသား ရောက်လာပြီ...မင်း ဘာပြောချင်သေးလဲ"

သူ၏မျက်နှာပေါ်တွင် အစောပိုင်းကကဲ့သို့ ထိတ်လန့်ကြောက်ရွံသောအမူအယာမျိုး မရှိတော့ချေ။ထိုအစား ယခင်ကဲ့သို့ မြင့်မြတ်သူတစ်ယောက်၏ယုံကြည်ချက်ရှိသော အသွင်အပြင်မျိုး သူ့ထံတွင် ရှိနေသည်။

ချိုင်လုံရှင်း၏ကူညီမှုကိုသာ ရရှိပါက ကျိုးယွမ်ရုံသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံနေရန် မလိုအပ်တော့ချေ။

ထို့နောက် ချိုင်လုံရှင်းသည် အချိန်တခဏကြာ တုံ့ဆိုင်းသွားပြီးနောက် လုယွီရှိနေသောနေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားသည်ကို သူ တွေ့မြင်လိုက်ရ၏။

"လုယွီ...မင်း အစောကြီးရောက်နေမယ်လို့ ငါ ထင်မထားမိဘူး"

ချိုင်လုံရှင်းက အပြုံးနှင့် ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"အရှင့်သားက အချိန်ကိုက်ရောက်လာတာပဲ"

သူတို့အကြားရှိ စကားပြောဆိုနေသံကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိ လူများအားလုံး ကြက်သေသေသွားသည်။

ဘာ...

ပင်းဝမ်မင်းသားသည် ထိုလူနှင့် သိကျွမ်းနေသလော....

ထို့ပြင် သူတို့၏လေသံများအရ အကဲဖြတ်ကြည့်လျှင် သူတို့သည် နှစ်ပေါင်းများစွာသိကျွမ်းခဲ့သော မိတ်ဟောင်းဆွေဟောင်းများအလား တူညီသောမျိုးဆက်မှ မိတ်ဆွေများ ဖြစ်ပုံရသည်။

ကျိုးယွမ်ရုံ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက အလျင်စလို ပြောဆိုလိုက်၏။

"အကိုတော်ဝမ်...ဒါက မဟုတ်သေးဘူးလေ...အဲ့ဒီလူက...."

သူ၏စကား တစ်ဝက်တစ်ပျက်အရောက်မှာပင် ကျိုးယွမ်ရုံက ရပ်တန့်လိုက်သည်။

သူ ခန်းမအတွင်းသို့ ဝင်ရောက်လာသော အချိန်အခိုက်အတန့်တွင် မုန့်ကျူးယွင်၏သွေးဆောင်မှုကြောင့် သူ လုယွီကို ပစ်မှတ်ထားခဲ့သည်။သို့ရာတွင် အစမှနေ၍ ယခုချိန်ထိတိုင် သူသည် လုယွီ၏အဆင့်အတန်းကို မသိရှိခဲ့ချေ။

ကျိုးယွမ်ရုံ၏အတွေးအမြင်အရ တော်ဝင်မြို့တော်အတွင်းတွင် သူ ရန်စစော်ကား၍မရသော လူအမြောက်အများရှိနေသည်ကိုသိရှိထားသဖြင့် သူ ဂရုစိုက်၍ရှောင်တိမ်းနိုင်ခဲ့လေရာ ယခုချိန်ထိ မည်သည့်ပြဿနာမျှ မဖြစ်ပွားခဲ့ချေ။

ထို့ကြောင့် ကျိုးယွမ်ရုံသည် သာမာန်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် ကျိုးယွမ်ရုံ၏စိတ်နေသဘောထားသည် မောက်မာဝံ့ကြွားပြီး ထင်ရာစိုင်းလေ့ရှိသည်။

လုယွီကို မြင်တွေ့ချိန်၌ ကျိုးယွမ်ရုံသည် အရေးမပါသော သာမာန်ကျင့်ကြံသူတစ်ယောက်ဟုသာ ယူဆထားပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ပြန်လည်တွေးတောကြည့်ရာ လုယွီသည် နဂါးအစောင့်များကို ရိုက်နှက်ဝံ့သည့်အပြင် ချိုင်လုံရှင်းနှင့်လည်း သိကျွမ်းနေသည်။

သူ့ထံတွင် မည်ကဲ့သို့ နောက်ခံအဆင့်အတန်းမျိုး ရှိနေသနည်း...

ဖြောင်း...

ချိုင်လုံရှင်းက နောက်သို့လှည့်ကာ ကျိုးယွမ်ရုံကို ပါးဖြတ်ရိုက်လိုက်သည်။

"မင်းက လုရှီကို အပြစ်ပြုထားတာလား"

ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ကျိုးယွမ်ရုံ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ မည်သည့်စကားကိုမျှ မပြောဆိုဝံ့ချေ။

သူ၏စိတ်နှလုံးသားတစ်ခုလုံး လေးလံနေသည်။သူသည် ဤကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စမိသဖြင့် ကံဆိုးသည်ဟု သူ့ကိုယ်သူ ခံစားမိလေ၏။

ကျိုးယွမ်ရုံ စကားမပြောဆိုဝံ့သည်ကိုကြည့်ပြီးနောက် ချိုင်လုံရှင်းသည် ထပ်မံ၍မမေးမြန်းတော့ဘဲ တံလျှပ်ပင်လယ်မျှော်စင်၏ကြီးကြပ်ရေးမှူးကို ကြည့်လိုက်သည်။

"မင်းက တံလျှပ်ပင်လယ်မျှော်စင်ရဲ့ဧည့်ကြိုတာဝန်ခံမဟုတ်လား...ငါ့ရဲ့ လေးစားရတဲ့ဧည့်သည်တော် ဒီနေရာကိုရောက်နေတာတောင် ဘာလို့ သူ့ကို အထဲကိုကြိုဆိုမထားတာလဲ"

ချိုင်လုံရှင်းက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

ထိုကြီးကြပ်ရေးမှူး၏ခြေထောက်များ ပျော့ခွေသွားကာ သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားလုနီးပါးပင်။

ဤသည်က အဆင့်အတန်းအလွန်မြင့်မားသော မင်းသားတစ်ပါးမှနေ၍ သူ့အား မေးခွန်းထုတ်နေခြင်းဖြစ်သည်။သူ့ကဲ့သို့ သာမာန်ကြီးကြပ်ရေးမှူးတစ်ယောက်မဆိုထားနှင့် တံလျှပ်ပင်လယ်မျှော်စင်တစ်ခုလုံး၏တာဝန်ခံပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ချေ။

"အရှင့်သား...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာပါ"

ကြီးကြပ်ရေးမှူးက အတင်းအကြပ်အားယူ၍ပြုံးကာ ပြောဆိုသည်။

သို့ရာတွင် ချိုင်လုံရှင်းသည် ထိုလှည့်ကွက်အောက်သို့ အနည်းငယ်မျှပင် ကျရောက်သွားခြင်းမရှိချေ။

သူသည် ငယ်ရွယ်စဥ်ကတည်းက ရေခဲနယ်မြေ တော်ဝင်နန်းတော်၏မင်းသားတစ်ပါး ဖြစ်ခဲ့သဖြင့် အချိန်အတော်ကြာ လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရသည်။အကြည့်တစ်ချက်ဖြင့်ပင် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို သူ ခန့်မှန်းနိုင်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ အတိအကျပြောပြီး ငါ့ကိုရှင်းပြစမ်း...မင်းတို့ရဲ့တာဝန်ခံကို ထွက်လာခိုင်းလိုက်စမ်း"

ချိုင်လုံရှင်းက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။

ရေခဲနယ်မြေမင်းသားဖြစ်သော ချိုင်လုံရှင်းထံတွင် ဘုရင်တစ်ပါး၏အရှိန်အဝါမျိုးရှိနေကာ သူ ပြုလုပ်လိုက်သည့် လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ဘုရင်တစ်ပါး၏အပြုအမူမျိုး ရစ်သိုင်းလွှမ်းခြုံနေသည်။

ထိုဖိအားအရှိန်အဝါသည် ကြီးကြပ်ရေးမှူးထံသို့ ကျရောက်လာချိန်တွင် သူ ပြိုလဲသွားလုနီးပါးပင်။

Chapter 3003

ကြီးကြပ်ရေးမှူးသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမပြုဝံ့တော့ဘဲ ဖြစ်စဥ်တစ်ခုလုံးကို အလျှင်အမြန်ပြောဆိုလိုက်၏။

ကျိုးယွမ်ရုံသည် လုယွီအား ဒူးထောက်ခိုင်းသည်ကိုကြားချိန်တွင် ချိုင်လုံရှင်းက ဒေါသတကြီး ရယ်မောလိုက်သည်။

"မင်းက တော်တော်လေး ဟုတ်နေတာပဲ...တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံးမှာတောင် သူ့ကို ဒူးထောက်ခိုင်းဝံ့တဲ့သူ အများကြီးရှိမှာမဟုတ်ဘူး...မင်းကတော့ တခြားသူတစ်ယောက်ကို မဆင်မခြင် ဒူးထောက်ခိုင်းဝံ့တယ်...ဖြစ်နိုင်တာတော့ မင်းက တော်ဝင်အကျဥ်းထောင်ကိုသွားပြီးတော့ နန်းတွင်းရဲ့စည်းမျဥ်းဥပဒေတွေကို သင်ယူချင်နေတာများလား"

ချိုင်လုံရှင်းက ကျိုးယွမ်ရုံကိုကြည့်၍ မေးမြန်းသည်။

ကျိုးယွမ်ရုံသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံကာ ကြက်သေသေသွားသည်။

ဤသည်က မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံးတွင်ပင် ထိုလူငယ်ကို ဒူးထောက်ရန်ပြောဝံ့သောသူ အမြောက်အများမရှိဟု ဆိုလိုက်သလော...

"မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ဘူး...အကိုတော်ဝမ်...ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး...ကျွန်တော်က တခြားသူတွေလှည့်စားတာကို ခံရတာပါ"

ထိုစကားဆုံးသည်နှင့် ကျိုးယွမ်ရုံက ယိုင်တိုင်တိုင်နှင့် မုန့်ရွှမ်ကျိုး၏ရှေ့သို့ လျှောက်လှမ်းသွားကာ အော်ငေါက်လိုက်၏။

"ခင်ဗျားရဲ့သမီးကိုခေါ်ပြီးတော့ ခုချက်ချင်းထွက်သွားစမ်း"

မုန့်ရွှမ်ကျိုးနှင့်မုန့်ကျူးယွင်တို့သည် အခြေအနေမကောင်းသည်ကို ခန့်မှန်းမိပြီးဖြစ်သည်။

လုယွီထံတွင် မည်သည့်အဆင့်အတန်းမျိုးရှိနေသည်ကို သူတို့ မသိရှိသော်လည်း ချိုင်လုံရှင်းသည် သူ့အား ကာကွယ်ပေးနေသည်မှာ သိသာထင်ရှားလှ၏။ဤသည်က သူတို့အား စိုးရိမ်ပူပန်စေသည်။

ရေခဲနယ်မြေ၏အိမ်ရှေ့စံမင်းသားသည် တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံး၌ ထိပ်သီးတည်ရှိမှုကြီးတစ်ခုပင်။သူသည် သူတို့ရန်စစော်ကား၍မရသော တစ်စုံတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။

ကျိုးယွမ်ရုံ ဤနေရာ၌ရှိနေလျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။

သူတို့နှစ်ယောက်သည် ဤနေရာမှနေ၍ အမြန်ဆုံးထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြသည်။

"ငါက မင်းတို့နှစ်ယောက်ကို ထွက်သွားခွင့်ပြုလို့လား"

လုယွီ၏အေးစက်စက်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် အားလှိုင်းတစ်ရပ်က မုန့်ရွှမ်ကျိုးနှင့်မုန့်ကျူးယွင်၏ရှေ့သို့ ကျရောက်လာသည်။

တံလျှပ်ပင်လယ်မျှော်စင်၏ပင်မခန်းမအတွင်းရှိ မြေပြင်ပေါ်တွင် မူလက ကျစ်လစ်မာကြောသောအုတ်ချပ်များ ခင်းထားသည်။

လုယွီ၏အားလှိုင်းအောက်တွင် ထိုအုတ်ချပ်များအားလုံး ပါးလွှာသောစက္ကူတစ်ချပ်ကဲ့သို့ နုနယ်နေကာ ကြေမွှပျက်စီးသွားတော့သည်။

ထိုအစွမ်းထက်သောအားလှိုင်းကြောင့် မုန့်ရွှမ်ကျိုးနှင့်မုန့်ကျူးတို့သည် ကျွမ်းထိုးမှောက်ခုံဖြစ်သွားလုနီးပါးပင်။

"လုယွီ...နင် ဘာလုပ်တာလဲ"

မုန့်ကျူးယွင်၏မျက်နှာ ဖြူရော်သွားပေ၏။

"ငါ မင်းကို ပြောခဲ့တယ်...မင်းရဲ့လုပ်ရပ်တွေအတွက် မင်း တာဝန်ယူရမယ်...မင်းက အခုထွက်သွားချင်တာလား"

လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

ထိုအချိန်မှာပင် အလျင်စလိုပြေးလာသော ခြေလှမ်းသံများ ထွက်ပေါ်လာသည်။

တံလျှပ်ပင်လယ်မျှော်စင်၏တာဝန်ခံသည် အစောင့်တစ်စုနှင့်အတူ အပြေးအလွှား ရောက်ရှိလာသည်။

"တာဝန်ခံ...ကျွန်တော်...."

ကြီးကြပ်ရေးမှူးသည် တာဝန်ခံရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ရှင်းပြရန်အတွက် ရှေ့သို့အလျှင်အမြန်သွားလေ၏။

သို့ရာတွင် သူ မည်သည့်စကားကိုမျှ မပြောဆိုရသေးမီမှာပင် တာဝန်ခံက သူ့ကို ပါးဖြတ်ရိုက်လိုက်သည်။တာဝန်ခံ၏ပါးရိုက်ချက်သည် အလွန်ပြင်းထန်သဖြင့် ကြီးကြပ်ရေးမှူး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ခွေးမသား...တံခါးဝမှာ ဧည့်သည်တော်တွေကို သေသေချာချာကြိုဆိုဖို့ ငါ မင်းကို မှာထားခဲ့တယ်...မင်းက ငါ့ကို ပြဿနာရှာလာခဲ့တယ်...မင်း စောင့်နေစမ်း...ပြီးရင် ငါ မင်းကို သင်ခန်းစာကောင်းကောင်းပေးမယ်"

ထို့နောက် တာဝန်ခံက လုယွီထံသို့ အပြေးအလွှားရောက်ရှိလာကာ ဦးညွှတ်အရိုအသေပြုလေသည်။

"သခင်လေး...သခင်လေးကို ပြဿနာရှာသလို ဖြစ်ခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်"

မုန့်ကျုးယွင်သည် သူမ၏ခေါင်းတစ်ခုလုံး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရ၏။

ချိုင်လုံရှင်းသည် လုယွီကိုကူညီ၍ ပြောဆိုပေးနေသည့်အချက်ကို ခဏဘေးဖယ်ထားလျှင်ပင် တံလျှပ်ပင်လယ်မျှော်စင်၏တာဝန်ခံသည် မည်သည်ကြောင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ဆုံရသကဲ့သို့ ပြုမူနေသနည်း...

ကောလဟာလများအရ တံလျှပ်ပင်လယ်မျှော်စင်သည် တော်ဝင်မိသားစု၏ပိုင်ဆိုင်မှုပင်။တာဝန်ခံသည်လည်း တော်ဝင်နန်းတွင်းမှမြင့်မြတ်သူတစ်ယောက်၏ သစ္စာရှိလူယုံတစ်ယောက်ဖြစ်ကာ အဆင့်အတန်းမြင့်မားသည်။ပင်းရှင်းမင်းသားကျိုးယွမ်ရုံပင်လျှင် ထိုတာဝန်ခံကို မြင်တွေ့ချိန်၌ မောက်မောက်မာမာ မဆက်ဆံဝံ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုတာဝန်ခံသည် အစေခံတစ်ယောက်အလား လုယွီရှေ့တွင် မတ်တတ်ရပ်နေကာ သူ တစ်စုံတစ်ခု အမှားပြုလုပ်မိမည်ကို စိုးရွံနေပုံပင်။

မည်သည်ကြောင့် လုယွီထံတွင် ဤကဲ့သို့ကြီးမားသည့် အခွင့်အာဏာမျိုးရှိနေသနည်း...

"သခင်လေးလု...ဒီမောက်မာတဲ့အရူးကောင်ကို ကျွန်တော် သေချာပေါက်အပြစ်ပေးလိုက်ပါ့မယ်...ဒီတစ်ကြိမ်က ကျွန်တော်ရဲ့ပေါ့ဆမှုကြောင့်ပါ...ကျေးဇူးပြုပြီးတော့ သီးသန့်ခန်းထဲကိုဝင်ပြီး ခဏလောက်အနားယူပါအုံး"

တံလျှပ်ပင်လယ်မျှော်စင် တာဝန်ခံ၏ခေါင်းတစ်ခေါင်းလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။

ဤသည်က သူ လုယွီကို မြင်တွေ့ဖူးသော ပထမဆုံးအကြိမ်မဟုတ်ချေ။

နောက်ဆုံးတစ်ကြိမ် မြင်တွေ့ခဲ့စဥ်တွင် တော်ဝင်စစ်တပ်မှစစ်သားများ လုယွီကို ဖမ်းဆီးလုဆဲဆဲ အခြေအနေမျိုး၌ဖြစ်သည်။

သို့ရာတွင် လုယွီနှင့်အတူ တံလျှပ်ပင်လယ်မျှော်စင်သို့ ရောက်ရှိလာသူများမှာ အတွင်းဝန်အမတ်ကြီးဖူကျစ်ရွှယ်နှင့် နတ်ဘုရားဓားအမတ်ကြီးတို့ဖြစ်နေသည်။

Chapter 3004

ထိုအချိန်တုန်းက ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦး အတူတကွ ရောက်ရှိလာသည်ကိုမြင်တွေ့ခဲ့ရသဖြင့် တာဝန်ခံ၏နှလုံးသား သူ၏ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားလုမတတ် ထိတ်လန့်ကြောက်ရွံခဲ့ရသည်။

ထိုကိစ္စပြီးဆုံးသွားချိန်တွင် တာဝန်ခံသည် လုယွီ၏ပုံပန်းသွင်ပြင်ကို မှတ်သားထားခဲ့လေ၏။

ဤတစ်ကြိမ်တွင် ခန်းမအတွင်း၌ တစ်စုံတစ်ယောက်မှနေ၍ ပြဿနာရှာနေသည်ကိုကြားချိန်တွင် သူ ချက်ချင်း ပြေးလာခဲ့သည်။

လုယွီ၏မျက်နှာကိုမြင်တွေ့ချိန်တွင် တာဝန်ခံ၏မျက်လုံးများ မည်းမှောင်သွားကာ သတိလစ်မေ့မျောသွားလုနီးပါးပင်။

ထိုလူငယ်လေးသည် ယခင်က ဖူကျစ်ရွှယ် နတ်ဘုရားဓားအမတ်ကြီးတို့နှင့် အတူရောက်ရှိလာသူမဟုတ်လော....

ယခုလက်ရှိချိန်တွင် တာဝန်ခံ၏စိတ်နှလုံးသားတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် ကြီးစိုးနေသည်။တစ်ဖက်လူ၏နောက်ခံအဆင့်အတန်းသည် ရိုးရှင်းမှုမရှိသည်ကို သူ ကောင်းစွာသိရှိထားပေ၏။အနည်းဆုံးအနေဖြင့် ထိုလူငယ်သည် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးနှင့် တူညီသောအဆင့်အတန်းမျိုး ရှိနေပေမည်။ဤသည်က မည်သူ့တွင်မဆို ရှိနေနိုင်သော အဆင့်အတန်းမျိုးမဟုတ်ချေ။

ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့သည် မိတ်ဆွေများဖြစ်နိုင်သော်လည်း လုယွီသည် သူတစ်ယောက်တည်းဖြင့် ထိုလူနှစ်ယောက်ကို နေ့လည်စာအတူစားရန် ဖိတ်ကြားနိုင်သူဖြစ်သည်။

ဤအကြောင်းအရင်းကြောင့် လုယွီ၏အဆင့်အတန်းမှာ ပေါ်လွင်နေလေပြီ။

"သူက ပင်းဝမ်မင်းသားနဲ့လည်း သိကျွမ်းနေတယ်...ကြည့်ရတာတော့ သူက တကယ့်ကိုပဲ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပုံပဲ...ငါ သူ့ကို အပြစ်ပြုလို့မဖြစ်ဘူး"

တာဝန်ခံက ချိုင်လုံရှင်းကို ကြည့်ရှုကာ သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်၏။

"အလျင်လိုစရာမလိုဘူး...ငါ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေးတယ်"

လုယွီက မုန့်ကျူးယွင်ကို ကြည့်လိုက်သည်။

ယခုလက်ရှိချိန်တွင် မုန့်ကျူးယွင်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသော်လည်း သူမက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"နင် ဘာကိုလိုချင်တာလဲ...လုယွီ ငါ နင့်ကို ပြောလိုက်မယ်...ငါ နင့်ကို ကြည့်မရဘူး...နင်က ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ"

"ငါက မင်းသမီးတစ်ပါးပဲ...နင် ငါ့ကိုထိဖို့ ကြိုးစားကြည့်လိုက်စမ်း...တကယ်လို့ နင် ငါ့ကိုထိဝံ့တယ်ဆိုရင် နောက်တစ်နေ့မှာ ငါက တော်ဝင်မြို့တော်တစ်ခုလုံးသိသွားအောင် သတင်းထုတ်ပြန်လိုက်မယ်...နင်က မင်းသမီးတစ်ပါးကိုတောင် ရိုက်ဝံ့တယ်ဆိုတာ လူတိုင်းသိစေရမယ်"

မုန့်ရွှမ်ကျိုးသည် မုန့်ကျူးယွင်၏ရှေ့၌ ကာဆီး၍မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ငေါက်လေသည်။

"လုယွီ...တကယ်လို့ မင်းမှာနောက်ခံအဆင့်အတန်းရှိနေတယ်ဆိုရင်တောင် မင်းက သာမာန်လူတစ်ယောက်ပဲ...တော်ဝင်မိသားစုဝင်တွေကို သာမာန်လူတွေက တိုက်ခိုက်ခွင့်မရှိဘူးလို့ စည်းမျဥ်းဥပဒေသတ်မှတ်ထားတယ်...တကယ်လို့ မင်း ထပ်ပြီးတိုက်ခိုက်ဝံ့မယ်ဆိုရင် ငါက မင်းကို တော်ဝင်နန်းတွင်းဆီ တိုင်ကြားရလိမ့်မယ်"

သူတို့သည် လုယွီကို အတင်းအကြပ်ဒူးထောက်ရန်ပြောဆိုကာ အမှားကိုဝန်ခံခိုင်းစဥ်တွင် မည်သည့်စည်းမျဥ်းဥပဒေအကြောင်းကိုမျှ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိချေ။

ယခုလက်ရှိတွင် သူတို့ဘက်မှ အရေးနိမ့်လာသော အခြေအနေသို့ ရောက်ရှိလာစဥ်၌ စည်းမျဥ်းဥပဒေအကြောင်းကို စတင်၍ပြောဆိုကြလေပြီ။

လုယွီ၏မျက်နှာအမူအယာက အေးစက်တင်းမာနေကာ သူက တည်ငြိမ်စွာပြောဆိုသည်။

"မင်း မှားနေပြီ...ငါ သူ့ကို ရိုက်မှာမဟုတ်ဘူး"

မုန့်ကျူးယွင်သည် ထိတ်လန့်တုန်လှုပ်နေကာ သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ဆိုးရွားသောခံစားချက်မျိုး ရရှိနေသည်။

"နင် ဘာလုပ်ချင်တာလဲ...ငါ နင့်ကို ပြောလိုက်မယ်...ငါက စာပေသူတော်စင်ရဲ့နာမည်ခံတပည့်နော်...နင် ငါ့ကို ပြဿနာရှာလို့မရဘူး"

မုန့်ကျူးယွင်သည် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့ဆုတ်လိုက်၏။

လုယွီ၏မျက်လုံးအကြည့်က တည်ငြိမ်အေးချမ်းနေကာ သူက ပြောဆိုသည်။

"ငါက ငါပိုင်ဆိုင်တဲ့အရာကို မင်းဆီကနေ ပြန်ယူရုံပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏လက်ကိုမြှောက်ကာ မုန့်ကျူးယွင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

မုန့်ကျူးယွင်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို အပ်နှင့်ထိုးဆွနေသကဲ့သို့ နာကျင်မှုမျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤသည်က သူမ၏ခန္ဓာကိုယ်အတွင်းတွင် လှည့်ပတ်နေသော တစ်စုံတစ်ခု ပျောက်ကွယ်သွားသကဲ့သို့ပင်။

"မင်း ဘာလုပ်ချင်တာလဲ"

မုန့်ရွှမ်ကျိုးက အလွန်ဒေါသထွက်သွားသည်။သူက မတ်တတ်ထရပ်၍ ဟန့်တားရန်ပြင်ဆင်လိုက်သော်လည်း ချိုင်လုံရှင်း၏တားဆီးထားခြင်းကို ခံလိုက်ရ၏။

ဝှစ်...

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်မီးတောက်တစ်ခုက လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။

ထို့နောက် ထိုမီးတောက်သည် ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားသည်။

သို့ရာတွင် မုန့်ကျူးယွင်ကိုကြည့်ရသည်မှာ ဆယ်စုနှစ်အမြောက်အများကို ဖြတ်သန်းခဲ့ရသည်နှင့် တူညီနေပေ၏။သူမ၏မျက်ကွင်းများ ချောင်ကျသွားကာ သူမ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အရှိန်အဝါ များစွာအားပျော့သွားသည်။

သူမ၏ခန္ဓာကိုယ်အတွင်းရှိ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားလှိုင်းတစ်ရပ် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူမ ခံစားမိလေ၏။သူမသည် ထိုအရာကို ထပ်မံ၍ အာရုံခံ၍မရတော့ချေ။

"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ"

မုန့်ကျူးယွင်က သူမ၏အဆုတ်များကွဲထွက်လုမတက် အသံကုန်အော်ဟစ်လိုက်သည်။

သူမသည် ဤအဆင့်ရောက်သည်အထိ မြင့်တက်လာခဲ့လေပြီ။သူမသည် အောက်ဘုံမှတက်လှမ်းလာကာ တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူမ၏ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ် အစဥ်အမြဲပုန်းခိုနေခြင်းပင်။

ထိုအရာသည် မည်သည့်အချိန်မှစတင်၍ သူမ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိနေသည်ကို မည်သူမျှမသိရှိချေ။သို့ရာတွင် ထိုအရာကြောင့် သူမ၏ကျင့်ကြံဆင့် အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။

Chapter 3005

ထိုကံကြမ္မာကောင်းကြီးကြောင့် မုန့်ကျူးယွင်၏အခြေအနေသည် အထွတ်အထိပ်အဆင့်ထိ မြင့်တက်လာခဲ့ပေ၏။

ထိုကိစ္စကို မုန့်ကျူးယွင်သည် မည်သူကိုမျှ ပြောဆိုခဲ့ခြင်းမရှိချေ။တော်ဝင်ကျောင်းတော်အတွင်း၌ပင် မည်သူကမျှ သူမ၏လျှို့ဝှက်ချက်ကို မသိရှိပေ။

သူမသည် စာပေသူတော်စင်၏အမည်ခံတပည့်တစ်ယောက်ဖြစ်ကာ သာလွန်ထူးကဲသော အရည်အချင်းရှိသူဟုသာ လူတိုင်း သိရှိထားကြသည်။

သို့ရာတွင် မုန့်ကျူးယွင်သည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ထိုလျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းကို မှီခိုနေရသည်ဟု မည်သူကမျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။

မုန့်ကျူးယွင်သည် ထိုစွမ်းအားလှိုင်း၏မူရင်းဇစ်မြစ်ကို ထုတ်ဖော်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။သို့ရာတွင် ထိုစွမ်းအားလှိုင်းသည် အလွန်အားကောင်းပြီး ပြင်းထန်သဖြင့် သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် စုံစမ်းထောက်လှမ်းနိုင်ခြင်းမရှိချေ။

ထို့ပြင် ယခုလက်ရှိချိန်၌ ထိုစွမ်းအားလှိုင်း ပျောက်ကွယ်သွားလေပြီ။

ဤသည်က ချမ်းသာကြွယ်ဝသောသူကြွယ်တစ်ဦး တစ်ရက်တည်းဖြင့် မွဲပြာကျသွားသောဖြစ်ရပ်မျိုးနှင့် တူညီပေ၏။

"ဒါက မင်းရဲ့ကံကြမ္မာကောင်းကြီးလို့ မင်း တကယ်ပဲထင်နေတာလား"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"အတိတ်မှာတုန်းက...ငါ ဒီအစစ်အမှန်မီးတောက်ကို အသုံးပြုပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကို ဖယ်ရှားပေးခဲ့တယ်...မင်းက ငါ့ရဲ့သနားကြင်နာမှုကို ကျေးဇူးကန်းမှုနဲ့ ပြန်ပေးဆပ်ပြီးတော့ ငါ့ကို ချောက်ထဲတွန်းချခဲ့တယ်...ငါက အဲ့ဒီကိစ္စကို ဂရုမစိုက်တော့ဘူးလို့ မင်း ထင်နေတာလား"

ဘုန်း...

သူမ၏စိတ်နှလုံးသားအတွင်းသို့ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလား မုန့်ကျူးယွင်သည် နေရာမှာပင် ကြက်သေသေသွားလေ၏။

အတိတ်မှမြင်ကွင်းများက သူမ၏စိတ်အတွင်း၌ ပြန်လည်ထွက်ပေါ်လာသည်။

ထိုအချိန်တုန်းက အောက်ဘုံရှိ တောင်ပိုင်းစွန့်ပစ်နယ်မြေတွင် သူမသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏လိုက်လံဖမ်းဆီးခံရသောကြောင့် လှိုဏ်ဂူတစ်ဂူအတွင်းသို့ ဝင်ပြေးခဲ့ရသည်။

ထိုနတ်ဆိုးကျင့်ကြံသူသည် ကြိုတင်ပြင်ဆင်ပြီးဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။သူသည် ထိုနေရာ၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကာ မုန့်ကျူးယွင် အတွင်းသို့ဝင်ရောက်လာသည်နှင့် ခရားအတွင်းသို့ဝင်လာသော လိပ်တစ်ကောင်အလား ဖမ်းဆီးခဲ့သည်။မုန့်ကျူးယွင်သည် ထိုနတ်ဆိုးအဆိပ်သင့်ခဲ့ခြင်းကြောင့် မူးဝေနေသောအခြေအနေမျိုး၌ ရှိနေခဲ့လေ၏။

ထိုအချိန်တွင် လုယွီ ထွက်ပေါ်လာခဲ့သည်။

လုယွီသည် သေမျိုးအဆင့်ခန္ဓာကိုယ်ဖြင့် ထိုနတ်ဆိုးကျင့်ကြံသူကို မည်ကဲ့သို့သတ်ဖြတ်လိုက်သည်အား သူမ မသိရှိချေ။သို့ရာတွင် မူးဝေနေသည့်တိုင် မုန့်ကျူးယွင်သည် သူမ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးအဆိပ်ကို တစ်စုံတစ်ယောက်က ကူညီ၍ဖယ်ရှားပေးနေခြင်းကို ခံစားမိသည်။

ထို့နောက်တွင် လုယွီသည် သူမကို ကူညီပေးခဲ့သူ ဖြစ်နိုင်သည်ဟု သူမ တစ်ချိန်လုံး တွေးတောနေခဲ့သည်။

သို့ရာတွင် ထိုအချိန်တုန်းက မုန့်ကျူးယွင်သည် အလွန်မာန်မာနထောင်လွှားသူတစ်ယောက်ဖြစ်ရာ မည်သည်ကြောင့် သေမျိုးတစ်ယောက်ကို တောင်းပန်နိုင်မည်နည်း။သူမသည် လုယွီ၏သေခြင်းရှင်ခြင်းကို ဂရုစိုက်ခြင်းမရှိဘဲ ထွက်ခွာလာခဲ့သည်။

နောက်ပိုင်းတွင် မုန့်ကျူးယွင်သည် စာပေသူတော်စင်ယီဟန်၏မျက်နှာသာပေးမှုကိုရရှိကာ နာမည်ခံတပည့်ဖြစ်လာခဲ့သည်။ထို့နောက် သူမ၏ သာလွန်ထူးကဲသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသကာ သူမ၏ကျင့်ကြံဆင့် ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့ပြီး တခြားသူများကို နောက်တွင်ချန်ထားနိုင်ခဲ့လေ၏။

ထိုအကြောင်းကို ဂရုတစိုက်တွေးတောကြည့်ပါက ယနေ့တွင် သူမရရှိထားသော အောင်မြင်မှုများအားလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းကြောင့်ဖြစ်ပေမည်။

သို့ရာတွင် ထိုစွမ်းအားလှိုင်းကို လုယွီက ယူဆောင်သွားလေပြီ။

သူမ မှီခိုအားထားခဲ့သော အရာရာတိုင်း အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"မဟုတ်ဘူး....ငါ့ကို ပြန်ပေးစမ်း"

မုန့်ကျူးယွင်သည် ရူးသွပ်နေသူတစ်ယောက်အလား လုယွီထံဦးတည်၍ ခုန်ဝင်လိုက်သည်။

သို့ရာတွင် လုယွီက လှုပ်ရှားခြင်းမပြုပေ။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ မုန့်ကျူးယွင်သည် နေရာမှာပင် တောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့ချေ။

"ငါ အစကတည်းက မင်းကိုပြောခဲ့တယ်...မင်းရဲ့လုပ်ရပ်တွေအတွက် မင်း ပြန်ပေးဆပ်ရမယ်ဆိုတာ"

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် မုန့်ကျူးယွင်က အလွန်စိတ်လှုပ်ရှားသွားကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ငါက ဘယ်သူလဲ...ပြီးတော့ နင်က ဘယ်သူမလို့လဲ...နင်က ငါ့ကိုပစ်မှတ်ထားနေရအောင် နင့်ရဲ့အဆင့်အတန်းက ဘယ်လောက်ထိ မြင့်မားနေလို့လဲ...တကယ်လို့ နင်က အရေးကြီးပုဂ္ဂိုလ်တွေအများကြီးနဲ့ သိကျွမ်းတယ်ဆိုရင်တောင် နင် ဘာလုပ်နိုင်မှာမလို့လဲ...နင်က အောက်ဘုံကနေ တက်လှမ်းလာတဲ့ နိမ့်ကျတဲ့ကောင်တစ်ကောင်သက်သက်ပဲ...ငါက မိုးကောင်းကင်ကိုတောင် ဖီဆန်ပြီးတော့ ငါ့ရဲ့ကံကြမ္မာကို ပြောင်းလဲခဲ့တာ...အခု ငါက မင်းသမီးတစ်ပါးဖြစ်လာတော့မယ်...နင်ကတော့ အဲ့ဒီအရေးကြီးပုဂ္ဂိုလ်တွေရဲ့ နောက်လိုက်အဆင့်မှာပဲ အမြဲတမ်းရှိနေမှာ"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

ဤမုန့်ကျူးယွင်သည် ယခုလက်ရှိချိန်ထိတိုင် သူမ၏ကိုယ်ပိုင်ကမ္ဘာအတွင်း၌သာ နေထိုင်နေပုံရသည်။

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်စုသည် တံလျှပ်ပင်လယ်မျှော်စင်၏ထိပ်ဆုံးထပ်မှနေ၍ အောက်သို့ဆင်းလာသည်။

သူတို့သည် လုယွီကို မြင်တွေ့သည်နှင့် သူတို့၏လက်များကိုပူးဆုပ်ကာ နှုတ်ဆက်လိုက်ကြ၏။

"လုရှီက ဒီနေရာကို ရောက်နေတာလား"

ထိုလူငယ်များ၏အရေအတွက်မှာ တစ်ရာကျော်ခန့်ရှိနေသည်။သူတို့အကြားတွင် ဤတစ်ကြိမ်တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူများသာမက အတွေ့အကြုံရရှိရန် တော်ဝင်မြို့တော်၌ နေထိုင်နေသူများလည်းပါဝင်သည်။

သို့ရာတွင် သူတို့အားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များဖြစ်သည်မှာ ချွင်းချက်မရှိချေ။

All Chapters