အခန်း (၃၀၂၁-၃၀၂၅)
Vol. 154 Ch. 3021-3025
Chapter 3021
တခြားသူများသည် လီစစ် ရွတ်ဆိုလိုက်သော မှော်မန္တန်ကိုဖြစ်စေ နတ်ဆိုးသားရဲငါးကောင်၏ပုံပန်းသွင်ပြင်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရချေ။
သို့ရာတွင် လူတိုင်း၏အမြင်အာရုံအောက်တွင် ချင်လုရှန်း၏နောက်ကျော တဖြည်းဖြည်းညွတ်ကျသွားကာ သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်နေသည်။
ဤသည်က ချင်လုံရှန်း၏ခန္ဓာကိုယ်ပေါ်တွင် အလွန်အမင်းလေးလံသော တောင်ကြီးတစ်လုံး ဖိစီးနေသကဲ့သို့ပင်။လေးလံသောဖိအားကြောင့် သူ မတ်တတ်မရပ်နိုင်တော့ချေ။
"စီနီယာအကိုလီစစ်...ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"
"ချင်လုရှန်းက မောက်မာရိုင်းစိုင်းနေတာ အချိန်အတော်ကြာနေပြီ...အစစ်အမှန်ခွန်အားက ဘာလဲဆိုတာ သူ သိအောင်ပြရမယ်"
နံဘေးဘက်မှစောင့်ကြည့်နေကြသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် အလွန်အမင်း စိတ်အားတက်ကြွနေကြ၏။သူတို့သည် လက်ခုပ်လက်ဝါးတီး၍ လီစစ်ကို အားပေးနေကြသည်။
သို့ရာတွင် ချင်လုရှန်းသည် ဟာကွက်ကိုရှာဖွေနေသည့်အလား သူက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားသည်။
ကြည့်ရသည်မှာ ချင်လုရှန်းသည် ဖိနှိပ်ခံထားရကာ အရေးနိမ့်သောအခြေအနေမျိုးသို့ ရောက်ရှိနေပုံပင်။သို့ရာတွင် လူတိုင်း မျှော်လင့်ထားသည်နှင့်မတူညီဘဲ ခက်ခဲမှုအမြင့်မားဆုံးနှင့် ရင်ဆိုင်နေရသူမှာ လီစစ်ဖြစ်သည်။လီစစ်၏လက်ချောင်းများ အနည်းငယ်တုန်ရီနေကာ သူ၏နဖူးပေါ်တွင် ချွေးများစိုရွှဲနေပေ၏။
ချင်လုရှန်းကို စူးစိုက်၍ကြည့်နေသော လီစစ်၏မျက်လုံးတစ်စုံသည် သွေးများယိုစီးကျလာတော့မည့်အလား နီမြန်းနေသည်။
အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက မှော်မန္တန်ကိုထုတ်ဖော်အသုံးပြုထားသော လီစစ်၏လက်ဝါးတစ်ဖက် မသိမသာတုန်ရီနေသည်ကို သတိပြုမိပေမည်။
"စီနီယာအကိုလီစစ်...တောင့်ခံထားအုံး"
"ဒါက အမှန်ပဲ...စီနီယာအကိုလီစစ် အဲ့ဒီမောက်မာရိုင်းစိုင်းတဲ့ကောင်ကို ဖိနှိပ်ပြီးတော့...သူ ပေါက်ကရစကားတွေ ထပ်ပြီးမပြောရဲအောင် လုပ်ရမယ်"
လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်တပည့်များအားလုံး လီစစ်ကို အားပေးနေကြသည်။
သို့ရာတွင် နောက်ဆုံးရလဒ်သည် ဆန့်ကျင်ဘက်ပင်။လီစစ်၏လက်များ ပြင်းပြင်းထန်ထန် တုန်ရီစပြုလာသည်။
အစောပိုင်းက ဖိနှိပ်ခံထားရသော ချင်လုရှန်းသည် ရုတ်တရက် ခေါင်းမော့လိုက်၏။ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။
"မင်းရဲ့အစွမ်းအစလောက်နဲ့ ငါ့ကိုဖိနှိပ်နိုင်မယ်လို့ မင်း ထင်နေတာလား...ဟီး ဟီး...တော်တော်ဥာဏ်နည်းတဲ့ကောင်ပဲ"
ချင်လုရှန်းက သရော်တော်တော် ပြောဆိုသည်။ရုတ်တရက် သူ မတ်တတ်ရပ်နေသော မြေပြင်ပေါ်မှနေ၍ ရှည်လျားသောလေတိုးသံများ ထွက်ပေါ်လာပေ၏။
သူ၏နောက်ကျောတွင်ရှိနေသော နတ်ဆိုးမှော်သားရဲငါးကောင်သည် အနက်ရောင်နဂါး၏ဝါးမြိုခြင်းကိုခံလိုက်ရသဖြင့် စူးရှကျယ်လောင်စွာအော်ဟစ်ကာ အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိချေ။
ဖြောက်...ဖြောက်...ဖြောက်...
ချင်လုရှန်း၏ခန္ဓာကိုယ်ရှိ အရိုးအဆစ်များမှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာသည်။
ချင်လုရှန်း၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော နတ်ဆိုးမှော်သားရဲငါးကောင်သည် အနက်ရောင်မှော်စွမ်းအားများ၏ ဖြတ်သန်းတိုက်ခတ်ခြင်းခံရကာ ပျက်ပြယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လီစစ်သည် တန်ပြန်သက်ရောက်မှုဒဏ်ကို ခံလိုက်ရသဖြင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရပြီး နံရံကိုမှီ၍ လဲလျောင်းနေရလေ၏။
"ချိုးဖျက်စမ်း"
ချင်လုရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်မှော်စွမ်းအားများဖြင့် သိပ်သည်းထားသော အနက်ရောင်နဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လေသည်။ထို့နောက် ထိုစွမ်းအားလှိုင်းများသည် လေထုအတွင်းသို့မြင့်တက်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
အကန့်အသတ်မရှိသော အနက်ရောင်မှော်စွမ်းအားလှိုင်းများ ပျံ့နှံ့သွားခြင်းနှင့်အတူ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် ပွင့်အံ့ထွက်လာသဖြင့် ကျောင်းတော်တပည့်များ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားပေ၏။
"ဒီချင်လုရှန်းက သူ့ရဲ့ခွန်အားကို တကယ်ကြီးဖုံးကွယ်ထားတာပဲ...သူက အရမ်းအစွမ်းထက်တယ်...ငါက ရှေးဦးမှော်သားရဲကြီးတစ်ကောင်နဲ့ ရင်ဆိုင်နေရသလိုမျိုး ခံစားနေရတယ်"
"ဒါက အမှန်ပဲ...အရင်က သူ ခွန်အားပြည့်ထုတ်ဖော်အသုံးပြုခဲ့ပုံမရဘူး...တကယ်လို့ သူ ခွန်အားပြည့်အသုံးပြုမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ငါ သိချင်မိတယ်"
ကျောင်းတော်တပည့်တချို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။
အထူးသဖြင့် သူတို့သည် လီစစ်၏ယခုလက်ရှိအခြေအနေကို မြင်တွေ့ရချိန်တွင် သူတို့၏မျက်နှာများပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"မဆိုးဘူး...မင်းက အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ငါနဲ့တိုက်ခိုက်မှုချင်း ဖလှယ်နိုင်တယ်...မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကိုတောင် ထိန်းချုပ်ကန့်သတ်နိုင်ခဲ့တယ်...တကယ်လို့ မင်း ဒီမှော်မန္တန်ကိုသာ ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ပြီးရင် ငါ့ကို ဖိနှိပ်ကောင်း ဖိနှိပ်နိုင်လိမ့်မယ်...ဒါပေမယ့် အခုချိန်မှာတော့ မင်းက ငါ့ရဲ့လက်သီးတစ်ချက်ကို ခံယူသင့်တယ်"
ချင်လုရှန်းက သရော်တော်တော်ပြောဆိုကာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကို အနက်ရောင်အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲလိုက်သည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။ဤချင်လုရှန်းသည် အလွန်ဝဖြိုးနေသော်လည်း သူ၏လှုပ်ရှားမှုသည် အလွန်အမင်း လျှင်မြန်ပေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ချင်လုရှန်းသည် လီစစ်၏ရှေ့သို့ ရောက်ရှိသွားသည်။ထို့နောက် သူက လီစစ်၏မျက်နှာကိုဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဝှစ်..
ထိုအချိန်မှာပင် နောက်ထပ်ပုံရိပ်တစ်ခု ပျံသန်းလာကာ ချင်လုရှန်း၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလေသည်။
Chapter 3022
လက်တစ်ဖက် ရုတ်တရက်ထွက်ပေါ်လာကာ ချင်လုရှန်း၏လက်ကို မြဲမြံစွာဖမ်းဆုပ်ထားသည်။
ထိုလက်၏ပိုင်ရှင်မှာ လုယွီပင်။သူသည် အစောပိုင်းက ပင်မထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် ချင်လုရှန်း၏ရှေ့၌ ထွက်ပေါ်လာကာ သူ့ကို ထိန်းချုပ်လိုက်၏။
"ဒီတိုက်ခိုက်မှုဖလှယ်တာကို ရပ်လိုက်ရအောင်...မင်းရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ အရမ်းကြီးမားနေပြီ"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူက တည်ငြိမ်စွာပြောဆိုသည်။
ချင်လုရှန်းသည် ရက်စက်ကြမ်းကြုတ်စွာပြုံး၍ လုယွီ၏ဖမ်းဆုပ်ထားမှုမှ လွတ်မြောက်ရန် အားကုန်ရုန်းလိုက်၏။
သို့ရာတွင် သူ အားကုန်ရုန်းထွက်သည့်တိုင် လုယွီ၏ခွန်အားကို လှုပ်ခတ်နိုင်စွမ်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီ၏လက်သည် သူ့လက်ကို မလှုပ်မယှက်ဖြစ်အောင် ထိန်းသိမ်းထားနိုင်ဆဲပင်။
ပထမဆုံး တိုက်ခိုက်မှုခြင်းဖလှယ်ချိန်မှာပင် သူတို့နှစ်ယောက်ကြားရှိ ခွန်အားကွာဟချက် သိသိသာသာ ထွက်ပေါ်သွားလေပြီ။
"ငါ မျှော်လင့်ထားသလိုပဲ...တိုက်ခိုက်ရေးစာမေးပွဲရဲ့ ပထမနေရာရတဲ့သူ ဖြစ်ထိုက်တယ်...အဲ့ဒီရှထန်ကန်းက မင်းနဲ့ယှဥ်ရင် ဘာကောင်မှမဟုတ်ဘူး...ဒါပေမယ့် ဒါက စိတ်ဝင်စားဖို့တော့ကောင်းတယ်...တကယ်လို့ ငါတို့ရဲ့တိုက်ပွဲရလဒ်က အချိန်ခဏလေးနဲ့ထွက်လာမယ်ဆိုရင် အရမ်းပျင်းဖို့ကောင်းနေမှာ"
ချင်လုရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လုယွီ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ သူက ချင်လုရှန်း၏လက်ကို လွှက်ပေးလိုက်၏။
"မင်းက ငါ့ကို စိန်ခေါ်ချင်မှတော့...ငါ မင်းကို အခွင့်အရေးပေးမယ်...အရင်ဆုံး မင်း အားပြန်ပြည့်အောင် အနားယူလိုက်အုံး"
ထိုသို့ပြောဆိုပြီးနောက် လုယွီက လက်နောက်ပစ်၍ မတ်တတ်ရပ်ကာ ချင်လုရှန်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
ချင်လုရှန်းက ဂရုစိုက်ခြင်းမရှိချေ။သူက အေးစက်စက်ရယ်မော၍ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်လေသည်။ထို့နောက် သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးတစ်လုံးကိုထုတ်ယူ၍ ဝါးမြိုကာ သူ၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။
အစောပိုင်းက လီစစ်၏တိုက်ခိုက်မှုကို သူ အလျှင်အမြန် ချိုးဖျက်နိုင်ခဲ့သော်လည်း သူ၏မှော်စွမ်းအား အမြောက်အများ ကုန်ဆုံးသွားခဲ့သည်။ချင်လုရှန်းသည် လုယွီ၏ထိန်းချုပ်ထားမှုကို ခံထားရစဥ်၌ လုယွီ၏ခွန်အားကို လျှော့တွက်၍မရကြောင်း သူ ခံစားမိသည်။
အကယ်၍ သူ လုယွီကို အနိုင်ယူလိုပါက သူ၏အထွတ်အထိပ်အခြေအနေတွင် ရှိနေရပေမည်။
လီစစ်၏မျက်နှာ အနည်းငယ်ဖြူရော်နေကာ သူက ရှက်ရွံသောလေသံဖြင့် ပြောဆိုသည်။
"လုရှီကိုယ်တိုင် ထွက်ပြီးတိုက်ခိုက်ရတဲ့အတွက် ငါ တောင်းပန်ပါတယ်"
ကျောင်းတော်၏စီနီယာတပည့်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် ထိုအရိုင်းအစိုင်းကို ဖိနှိပ်နိုင်မည်ဟု မူလက သူ တွေးထင်ထားခဲ့သည်။သို့ရာတွင် ဤတိုက်ပွဲတွင် မမျှော်လင့်ဘဲ သူ ရှုံးနိမ့်ခဲ့ရသည်။
"ဒါက ပြဿနာမရှိဘူး...မင်း အရင်ဆုံး အနားယူလိုက်အုံး...သူက ငါ့ကိုစိန်ခေါ်ဖို့ ရောက်လာမှတော့...ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်ဖြစ်တဲ့ ငါ့အနေနဲ့ နောက်တွန့်နေလို့မရဘူး"
လုယွီက တည်ငြိမ်အေးဆေးသောအကြည့်ဖြင့် ပြောဆိုလေ၏။
လီစစ်ကို အနားယူရန်အတွက် တခြားတပည့်များက နောက်သို့ဆွဲခေါ်သွားသည်။ပတ်ဝန်းကျင်ရှိ အခြေအနေ ချက်ချင်းဆိုသလိုပင် ထူးဆန်းစပြုလာသည်။
လူတိုင်း၏စူးစူးရဲရဲအကြည့်များအောက်တွင်ရှိသော ချင်လုရှန်းသည် အနည်းငယ်မျှပင် စိတ်မသက်မသာ ခံစားရပုံမရှိချေ။သူသည် ဖြည်းညှင်းစွာ စွမ်းအားပြန်လည်ဖြည့်တင်းနေလေ၏။
"ငါက နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင် ကျန်းပေါင်ရှင်းကို ရိုက်နှက်ပြီးပြီ...မင်းတို့ကောင်တွေက ဒီနေရာမှာ တွေ့ဆုံပွဲ ကျင်းပနေတယ်လို့ ငါ ကြားခဲ့တယ်...ငါ တကယ်ကို ငါ့ကိုယ်ငါမထိန်းချုပ်နိုင်တော့ဘဲ ဒီနေရာကို တစ်ချက်လာကြည့်တာပဲ...ငါက ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ ရည်ရွယ်ထားခဲ့တာ...တကယ်လို့ ငါ ကျန်းပေါင်ရှင်းနဲ့တိုက်ခိုက်တဲ့အချိန်တုန်းက ငါ့ရဲ့မှော်စွမ်းအားတွေ အများကြီးကုန်ဆုံးခဲ့တာကြောင့်သာမဟုတ်ရင် ဒီတိုက်ပွဲအဆုံးသတ်နေတာ အချိန်အတော်ကြာနေလောက်ပြီ"
ချင်လုရှန်းသည် ပတ်ဝန်းကျင်ရှိ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တပည့်များကို ရန်စသည့်အကြည့်ဖြင့်ကြည့်ကာ အူလှိုက်သည်းလှိုက် အော်ဟစ်ရယ်မောလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူများ မခံမရပ်နိုင် ဖြစ်သွားကြသည်။သူတို့သည် ချင်လုရှန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကြကာ တချို့လူများသည် ကျယ်လောင်စွာအော်ဟစ်၍ ဆဲရေးတိုင်းထွာလိုက်ကြ၏။
ဤနေရာသည် သူတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တပည့်များ တွေ့ဆုံပွဲကျင်းပနေသောနေရာပင်။အကယ်၍ ချင်လုရှန်းသည် တရားလွန်လာပါက သူတို့သည် သူ့အားတန်ကြေးပြန်ပေးဆပ်စေရန် အုပ်စုဖွဲ့တိုက်ခိုက်ရန်အား ဝန်လေးနေမည်မဟုတ်ချေ။
"တိတ်တိတ်နေ...မင်းတို့အားလုံး ထိုင်ကြစမ်း"
လုယွီ၏မျက်လုံးများက သာမာန်အတိုင်း တည်ငြိမ်နေဆဲဖြစ်ကာ သူက အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။
တခြားတပည့်များသည် အလွန်ဒေါသထွက်နေကြသော်လည်း လုယွီ၏စကားသံကိုကြားချိန်တွင် သူတို့ကိုယ်သူတို့ထိန်းချုပ်ကာ သူတို့၏ယခင်နေရာများ၌ ပြန်ထိုင်လိုက်ကြသည်။
ချင်လုရှန်းသည် ပလ္လင်ခွေထိုင်၍ စွမ်းအားပြန်လည်ဖြည့်တင်းသည်မှာ အချိန်တစ်နာရီခန့် ကြာမြင့်သွားလေပြီ။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ အပြည့်အဝပျောက်ကင်းသွားကာ သူ၏မှော်စွမ်းအားများကို ပြီးပြည့်စုံသောအခြေအနေထိ ပြန်လည်ဖြည့်တင်းပြီးမှသာ သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်၏။
ထိုမျက်လုံးတစ်စုံပွင့်လာချိန်တွင် သိမ်းငှက်တစ်ကောင်၏မျက်လုံးများကဲ့သို့ စူးရှတောက်ပနေသည်။ဤသည်က လောကကြီးအတွင်းရှိ သူရဲကောင်းများကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်ကာ မြောက်မြားစွာသောသူရဲကောင်းများကို အနိုင်ယူနိုင်ခဲ့သော တိုက်ပွဲဝင်စိတ်ဆန္ဒပင်။
ဤတိုက်ပွဲဝင်စိတ်ဆန္ဒသည် ချင်လုရှန်း၏ရင်ဘတ်အတွင်း၌ ပြည့်နှက်သွားကာ သူ၏အရှိန်အဝါ ချက်ချင်းပြောင်းလဲသွားသည်။
တခြားလူများသည် ချင်လုရှန်းကို တဖန်ထပ်၍ ကြည့်မိချိန်တွင် သူသည် ပို၍ပို၍ နက်နဲသိမ်မွေ့လာကာ ယခင်က သူတို့တွေ့ဖူးသော ချင်လုရှန်းထက် ပို၍ရင်ဆိုင်ရ ခက်ခဲလာမည်ဟု ခံစားမိသည်။
Chapter 3023
ချင်လုရှန်း၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်စွမ်းအားလှိုင်းများ တဖန်ထပ်၍ ထွက်ပေါ်လာသည်။
ချင်လုရှန်း၏အဝတ်အစားများသည် လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှ အဝတ်အစားများအားလုံး စုတ်ပြဲသွားကာ သူ၏တောင့်တင်းသန်မာသော ကြွက်သားများကို မြင်နေရသည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလူများ ထိတ်လန့်တုန်လှုပ်သွားသည်။
ချင်လုရှန်း၏ကျောပြင်ပေါ်တွင် အနက်ရောင်နဂါးကိုးကောင်၏ပုံသဏ္ဍာန်များရှိနေကာ သူတို့၏အစွယ်များကို ဖြဲဟပြီး ခြေစွယ်လက်စွယ်များဝှေ့ယမ်းနေကြသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။ထိုအရာများသည် အလွန်အသက်ဝင်လှ၏။
ထိုအနက်ရောင်နဂါးများသည် ဆေးမင်ကြောင်အရုပ်များနှင့်မတူညီဘဲ သက်ရှိသတ္တဝါများနှင့် အတော်အသင့်တူညီသည်။သူတို့သည် ချင်လုရှန်း၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။တစ်စုံတစ်ယောက်သည် ထိုအနက်ရောင်နဂါးများကို တိတ်တဆိတ်စူးစမ်းနေသည်ကို အာရုံခံမိပုံဖြင့် ထိုနဂါးများအနက်မှတစ်ကောင်သည် လူအုပ်ကြီးကိုကြည့်ကာ နားအူလုမတတ် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အား...
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တပည့်များအနက်မှတစ်ယောက်ထံမှ သွေးပျက်ဖွယ်အော်သံကြီး ထွက်ပေါ်လာသည်။သူ၏မျက်လုံးအတွင်းမှနေ၍ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ သူသည် နောက်သို့ခြေလှမ်းများစွာနောက်ဆုတ်ပြီး နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ထို့နောက် သူ၏ဒွာရခုနစ်ပေါက်မှ သွေးများယိုစီးကျလာကာ သူ၏ပုံပန်းသွင်ပြင်သည် အလွန်ဆိုးဆိုးရွားရွား ဖြစ်သွားပေ၏။
တခြားတပည့်များသည် ထိုတပည့်၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံသွားသည်။
"သူ့ရဲ့နောက်မှာရှိတဲ့ နဂါးတွေကို မကြည့်ကြနဲ့"
ချိုင်လုံရှင်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ချင်လုရှန်း၏နောက်ကျောမှ အနက်ရောင်နဂါးများသည် သာမာန်ဆေးမင်ကြောင်သက်သက်ကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။ဤအရာ၏အထဲတွင် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲတစ်ကောင်၏စိတ်ဝိညာဥ် ကိန်းအောင်းနေသည့်အလား တခြားသူများ၏စိတ်ဝိညာဥ်များကို တိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အားနည်းသောစိတ်ဆန္ဒ သို့မဟုတ် စိတ်ဝိညာဥ်၏စွမ်းအား အားနည်းပါက သူတို့၏စိတ်ကို ထိုတုန်လှုပ်ချောက်ချားသောအရှိန်အဝါ သက်ရောက်သွားပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်ကြည့်မိပါက သူ၏စိတ်ဝိညာဥ် ထိခိုက်ဒဏ်ရာရရှိသွားနိုင်သည်။
ဤသည်က ချင်လုရှန်း၏ ခွန်အားအကုန်အစင်ဖြစ်သလော.....
တခြားတပည့်များသည် ချင်လုရှန်းကို တိုက်ခိုက်ရန်မဆိုထားနှင့် သူ၏နောက်ကျောမှ အနက်ရောင်နဂါးကိုးကောင်အမှတ်အသားကို မကြည့်ဝံ့တော့ချေ။
"ငါတို့ သူ့ကို ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်နိုင်မှာလဲ...သူက သူ့ရဲ့ခွန်အားကို တစ်ချိန်လုံး သိုဝှက်ထားခဲ့တယ်"
တစ်စုံတစ်ယောက်က ညည်းတွားလိုက်၏။
တခြားတပည့်များ၏မျက်နှာများပေါ်တွင်လည်း သုန်မှုန်နေသောအမူအယာများ ရှိနေသည်။
လူတိုင်း ပြောဆိုနိုင်သည်မှာ...ဤချင်လုရှန်းသည် သူ၏အစစ်အမှန်ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားခြင်းပင်။အစောပိုင်းက တိုက်ခိုက်မှုများတွင်ဖြစ်စေ တိုက်ခိုက်ရေးစာမေးပွဲတွင်ဖြစ်စေ ချင်လုရှန်းသည် သူ၏ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုခဲ့ပုံမရချေ။
သူတို့သည် ရှထန်ကန်းကို အာရုံခံခဲ့စဥ်ကပင် ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါမျိုးကို မခံစားရချေ။
"လုရှီ ဒါကိုတောင့်ခံနိုင်ပါ့မလားဆိုတာ ငါ စိုးရိမ်မိတယ်"
"ရှူး...အသံတိုးတိုးပြောစမ်း...လုရှီက အဲ့ဒီချင်လုရှန်းကို ဖိနှိပ်နိုင်လိမ့်မယ်...ဒါက အသိသာကြီး မဟုတ်လား"
တပည့်အများစုထံတွင် လုယွီသည် ချင်လုရှန်းကို အနိုင်ယူနိုင်မည်ဟူသော ယုံကြည်ချက်များ ပျောက်ဆုံးနေသည်။
ဤသည်က ထိုတပည့်များအနက်မှအများစုသည် လုယွီကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သဖြင့် သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြချေ။သူတို့သည် လုယွီ၏နာမည်ကိုသာကြားဖူးပြီး သူ တိုက်ခိုက်သည်ကို မမြင်ဘူးပေ။
ဤတစ်ကြိမ်တွင် ချင်လုရှန်း၏အစွမ်းထက်သော အရှိန်အဝါကို မြင်တွေ့နေရသဖြင့် သူတို့၏ယုံကြည်ချက်များ လျော့နည်းသွားပေ၏။
"အမ်....ဘာလို့ အပြင်ကနေ ရုတ်တရက်ကြီး ဒီနေရာကို နတ်ဘုရားစိတ်အာရုံတွေအများကြီး ကျရောက်လာတာလဲ"
ချိုင်လုံရှင်း၏မျက်နှာအမူအယာပြောင်းလဲသွားကာ သူက ပြတင်းပေါက်မှတဆင့် ပြင်ပသို့ကြည့်လိုက်သည်။
ပတ်ဝန်းကျင်၌ နတ်ဘုရားစိတ်အာရုံများ ပြန့်ကျဲနေကာ တံလျှပ်ပင်လယ်မျှော်စင်၏ထိပ်ဆုံးထပ်သို့ စူးစိုက်၍ကျရောက်နေခြင်းကို သူ အာရုံခံမိသည်။
တံလျှပ်ပင်လယ်မျှော်စင်သည် တော်ဝင်မြို့တော်အတွင်းတွင် ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်ဖြစ်သဖြင့် အကာအကွယ်အစီအမံများမှာ လွန်စွာကောင်းမွန်သည်။
ထိုအကာအကွယ်အလွှာများကို ကျော်ဖြတ်၍ ဤနေရာအား နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းထောက်လှမ်းနိုင်သဖြင့် သာမာန်လူများမဟုတ်သည်မှာ သိသာထင်ရှားလှ၏။သူတို့သည် တော်ဝင်မြို့တော်ရှိ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသာ ဖြစ်ပေမည်။
အကယ်၍ ဤတိုက်ပွဲတွင် လုယွီအနိုင်ရရှိသွားပါက ပြဿနာမရှိချေ။သို့ရာတွင် လုယွီရှုံးနိမ့်သွားပါက သူ၏နာမည်ဂုဏ်သတင်း ထိခိုက်သွားပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် ဤအချက်ကိုအသုံးပြု၍ တိုက်ခိုက်ရေးစာမေးပွဲ၏ရလဒ်အပေါ်တွင် မေးခွန်းထုတ်လာနိုင်သည်။ဤကဲ့သို့ ကိစ္စမျိုး ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။တော်ဝင်စာမေးပွဲ၏အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေငြာပြီးနောက် ပထမနေရာရရှိသူကို စိန်ခေါ်သူများရှိခဲ့သည်။အဆုံးသတ်တွင် သူတို့သည် သူ့အား အနိုင်ယူနိုင်ခဲ့လေ၏။တော်ဝင်နန်းတွင်းမှနေ၍ ထိုလူကို ပထမနေရာမှနေ၍အဆင့်နှိမ့်ကာ ပြင်ဆင်ထုတ်ပြန်ကြေငြာပြီးမှသာ ထိုကိစ္စကို ဖြေရှင်းနိုင်ခဲ့သည်။
ချင်လုရှန်းသည် ရက်စက်ကြမ်းကြုတ်ကာ အရိုင်းဆန်ပုံရသော်လည်း သူသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။သူသည် ထိုအခြေအနေကို တွက်ချက်ပြီး ဖြစ်ပေမည်။
Chapter 3024
ယခုလက်ရှိချိန်၌ တော်ဝင်မြို့တော်တစ်မြို့လုံးသာမက ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် လူပြောအများဆုံးအကြောင်းအရာသည် လုယွီပင်။
ချင်လုရှန်းသည် လုယွီကို အနိုင်ရရှိသွားသည်နှင့် သူ့ကိုနင်းချေလိုက်သည်နှင့်တူညီကာ ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးလူငယ်ပါရမီရှင်တစ်ယောက် ဖြစ်လာပေမည်။
လုယွီကမူ အကယ်၍ သူသည် တော်ဝင်စာမေးပွဲပြီးဆုံးပြီးနောက် စိန်ခေါ်ပွဲတွင် ရှုံးနိမ့်သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး၏ ရယ်စရာပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။
လုယွီ၏တာအိုနှလုံးသားပင်လျှင် ထိုကိစ္စ၏သက်ရောက်မှုခံရကာ ဤတန်ပြန်ရိုက်ခတ်မှုဒဏ်မှ ရုန်းထွက်နိုင်တော့မည်မဟုတ်ချေ။
ဤသည်က တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်သည် ချင်လုရှန်း၏လက်အောက်တွင် ရှုံးနိမ့်သွားပြီးနောက် တံခါးပိတ်ကျင့်ကြံသွားရသော အကြောင်းအရင်းလည်းဖြစ်သည်။ထို့ကြောင့် ရှထန်ကန်းသည် တပည့်ခေါင်းဆောင်နေရာကို လွှဲပြောင်းယူပြီးနောက် ချင်လုရှန်းနှင့် တိုက်ခိုက်မှုမပြုရရန် တိမ်းရှောင်နေခဲ့လေ၏။
"မကောင်းတော့ဘူး...ငါတို့က သူ့ရဲ့လှည့်ကွက်ထဲကို ကျသွားပြီ"
ချိုင်လုံရှန်းက တစ်စုံတစ်ခု မှားယွင်းနေခြင်းကို တွေးတောမိသွားသည်။
ဤကိစ္စကိုဖြေရှင်းနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ချင်လုရှန်း၏စိန်ခေါ်မှုကို လုယွီ ငြင်းဆန်ရန်ပင်။
ထိုနည်းလမ်းဖြင့် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ လုယွီသည် တိုက်ခိုက်ရမည်ကို ကြောက်ရွံနေသည်ဟု ပြောဆိုလာသည့်တိုင် သူတို့သည် တွေ့ဆုံပွဲကျင်းပနေခြင်းကို ဆင်ခြေအဖြစ်အသုံးပြု၍ ဖုံးကွယ်နိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ချင်လုရှန်း၏စိန်ခေါ်မှုကို လက်ခံပြီးဖြစ်သဖြင့် အလွန်နောက်ကျသွားလေပြီ။
အကယ်၍ ယခုချိန်မှသာ လုယွီသည် တိုက်ပွဲကိုရှောင်လွှဲလိုက်ပါက ပို၍အရှက်ရစရာဖြစ်သွားပေမည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ပင်လျှင် လုယွီကို တပည့်ခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိတော့မည်မဟုတ်ချေ။
လူအများစုသည် ချင်လုရှန်း၏ပုံပန်းသွင်ပြင်ကိုကြည့်ကာ စိန်ခေါ်တိုက်ခိုက်ရန်သာသိသော လူကြမ်းတစ်ယောက်သက်သက်ဟု ယူဆထားကြ၏။သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ ထိုသို့မဟုတ်ချေ။
ဤသည်က အလွန်မသမာဥာဏ်များသော အကွက်ချကြံစည်မှုပင်။အကယ်၍ တစ်စုံတစ်ယောက်သည် လုံလောက်သောအသိဥာဏ်နှင့်သတ္တိမရှိပါက ထိုကဲ့သို့သောကြံစည်မှုကြီးကို ပြုလုပ်ဝံ့မည်မဟုတ်ချေ။
ဘုန်း...
လူအားလုံး၏အကြည့်များအောက်တွင် ချင်လုရှန်း၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်း ပြန့်ကားလာသည်။နောက်ဆုံးတွင် ထိုစိတ်ဆန္ဒသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားပေ၏။ချင်လုရှန်းသည် မလှုပ်မယှက်ငြိမ်သက်ကာ မတ်တတ်ရပ်နေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်နဂါးကိုးကောင်အမှတ်အသားကြောင့် ပတ်ဝန်းကျင်ရှိအပူရှိန် သိသိသာသာကျဆင်းစပြုလာသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ချင်လုရှန်း၏ရှေ့တွင် ကျစ်လစ်မာကျောသော ရေခဲတုံးအမြောက်အများ သိပ်သည်းသွားသည်။ထိုရေခဲတုံးများသည် တစ်ခုနှင့်တစ်ခု အဆက်မပြတ်ရိုက်ခတ်မိနေသဖြင့် ကျယ်လောင်သော တဘန်းဘန်းအသံများ ထွက်ပေါ်လာသည်။
"ငါ့ရဲ့လက်ဝါးရိုက်ချက်ကို ခံယူစမ်း...မင်း ဘယ်လောက်ထိ သန်မာအားကောင်းလဲဆိုတာ ငါ မြင်ချင်တယ်"
ချင်လုရှန်းက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ရုတ်တရက် သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ သူ၏ခြေထောက်အောက်ရှိမြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာပေ၏။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်နဂါးကိုးကောင် လေထုအတွင်းသို့ ပျံသန်းသွားသည်။ထိုနဂါးကိုးကောင်အနက်မှ တစ်ကောင်းချင်းစီသည် အလွန်အသက်ဝင်လှ၏။ထိုနဂါးများသည် အစစ်အမှန်များအလား ကျယ်လောင်စွာ ဟိန်းဟောက်နေသည်။ထိုနဂါးများ၏ခန္ဓာကိုယ်များမှနေ၍ အေးစက်စက်အရှိန်အဝါများ ထွက်ပေါ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဘုန်း...ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံတစ်သံက ချင်လုရှန်း၏ခန္ဓာကိုယ်အတွင်းမှ မြည်ဟီးသွားသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေသော အနက်ရောင်နဂါးများသည် သူ၏လက်ဝါးရိုက်ချက်နှင့်အတူ လုယွီထံဦးတည်၍ ပျံသန်းသွားလေ၏။
အစွမ်းထက်သော အားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။ဤအချိန်အခိုက်အတန့်တွင် နံဘေးပတ်ဝန်းကျင်ရှိ တပည့်များသည် သူတို့၏မျက်လုံးများကို မဖွင့်နိုင်ကြတော့ချေ။သူတို့သည် နောက်သို့ဆုတ်ကာ ထိုတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို တောင့်ခံလိုက်ကြသည်။
ဘန်း...
ချင်လုရှန်း၏လက်ဝါးရိုက်ချက်က လုယွီ၏ရှေ့သို့ ရောက်ရှိသွားသည်။
ထိုလက်ဝါးရိုက်ချက်သည် ကျယ်ပြန့်သောနေရာကို လွှမ်းခြုံထားပေ၏။လုယွီကိုဗဟိုပြု၍ အချင်းဆယ်မီတာပတ်လည်ခန့်တွင်ရှိသော အုတ်ချပ်များအားလုံး ထိုအားလှိုင်းအရှိန်ကြောင့် လွင့်ထွက်သွားသည်။ထိုအရာများသည် လေထုအတွင်းသို့ မြောက်တက်ကာ တဖြည်းဖြည်း အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းဆိုသလိုပင် ထိုဖုန်မှုန့်များဖြင့် ပြည့်နှက်သွားပေ၏။လုယွီ၏ခန္ဓာကိုယ်ကို ထိုလွင့်ပျံ့နေသောဖုန်မှုန့်များက လွှမ်းခြုံသွားသည်။
"လုရှီ...."
ကျောင်းတော်တပည့်များသည် ထိတ်လန့်တကြား အော်ဟစ်ကာ လုယွီကိုကယ်တင်ရန် ဟန်ပြင်လိုက်ကြသည်။
သူတို့ ခြေတစ်လှမ်းရှေ့တက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ချိုင်လုံရှင်း၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
"ဘယ်သူမှ မသွားရဘူး...ရလဒ်ထွက်မလာမချင်း ဘယ်သူ့ကိုမှ အဲ့ဒီနေရာဆီ သွားခွင့်မပြုဘူး"
ချိုင်လုံရှင်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
အကယ်၍ ကျောင်းတော်တပည့်များကိုသာ ရှေ့တက်ခွင့်ပြုလိုက်ပါက လုယွီရှုံးနိမ့်သွားပြီဟု သေချာသွားမည်ကို သူ ကောင်းစွာသိရှိထားသည်။
အကယ်၍ လုယွီ ရှုံးနိမ့်ခြင်းမရှိလျှင်ပင် ထိုကျောင်းတော်တပည့်များ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အနိုင်ရလဒ်သည် တရားမျှတမှုရှိတော့မည်မဟုတ်ချေ။
Chapter 3025
တခြားတပည့်များသည် သူတို့ရောက်ရှိနေသော နေရာတွင် ရပ်တန့်လိုက်ကြကာ ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
လူအမြောက်အများသည် ချင်လုရှန်းကို အလွန်အမင်းအန္တရာယ်ပေးနိုင်သူဟု တွေးတောလိုက်ကြသည်။
အကယ်၍ လုယွီသာ အမှန်တကယ်ရှုံးနိမ့်သွားပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နာမည်ဂုဏ်သတင်း ပျက်ပြားသွားပေမည်။ဤကဲ့သို့ဖြစ်အောင်လုပ်ဆောင်သူသည် သူတို့၏ရှေ့မှ ချင်လုရှန်းပင်။
ချင်လုရှန်းသည် သူ့အား စူးစူးဝါးဝါးစိုက်ကြည့်နေကြသော အကြည့်များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သူသည် မလှမ်းမကမ်းရှိ ဖုန်မှုန့်များကိုစူးစိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အရင်ကတော့...ငါက တိုက်ခိုက်ရေးစာမေးပွဲမှာ ပထမနေရာကို မရခဲ့ပေမဲ့...ရှမိသားစုကောင်မရတဲ့အတွက် ငါ ကျေနပ်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ မင်းတို့လိုမျိုး နောက်ခံအင်အားမရှိဘူး...ဒါပေမယ့် မင်းရဲ့ ဒီအရည်အချင်းလေးနဲ့ကတော့...မင်း သေရမှာပဲ"
လုယွီသည် သူ့အားတုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးရှိမည်ဟု ချင်လုရှန်းက တွေးထင်မထားချေ။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူ့ရှေ့ရှိဖုန်မှုန့်များ လွင့်ပြယ်သွားသည်။
လုယွီသည် ထိုဖုန်မှုန့်များအကြားမှ လျှောက်လှမ်းထွက်လာပေ၏။သူ၏အစိမ်းရောင်ဝတ်စုံပေါ်တွင် မည်သည့်အမှုန်အမွှားမျှ ကပ်ညိမနေသည့်အပြင် သူ၏ဆံပင်ပေါ်တွင်ပင် ဖုန်မှုန့်တစ်စတင်နေခြင်းမရှိချေ။
လုယွီ ရှေ့သို့လျှောက်လှမ်းလာစဥ်တွင် လေထုအတွင်း၌ လွှမ်းခြုံနေသော ဖုန်မှုန့်များအားလုံး ချက်ချင်းဆိုသလို လွင့်ပြယ်သွားသည်။ထို့နောက် လုယွီ၏လက်အတွင်းမှနေ၍ အရိုးကွဲလုမတက် အေးစက်သော အနက်ရောင်မှော်စွမ်းအားများ ထွက်ပေါ်လာသည်။
ထိုအနက်ရောင်စွမ်းအားများ ထွက်ပေါ်လာချိန်တွင် လူတိုင်း ကူကယ်ရာမဲ့စွာဖြင့် အေးစိမ့်ကာတုန်ရီသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်၏အပူချိန် ပို၍အေးစက်စပြုလာခြင်းကို သူတို့အားလုံး ခံစားလိုက်ရသည်။
"ဒါက မဟုတ်သေးဘူး...ဘာလို့ လုယွီက ဒီလိုလှုပ်ရှားမှုကို အသုံးပြုတာလဲ"
ချိုင်လုံရှင်းသည် လုယွီ၏လက်အတွင်းရှိ အနက်ရောင်မှော်စွမ်းအားများကို စူးစိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် လုယွီ ပထမဆုံးအကြိမ် နာမည်ကျော်ကြားစပြုလာစဥ်ကတည်းက ချိုင်လုံရှင်းသည် သူ့ကို အာရုံစိုက်၍စောင့်ကြည့်ခဲ့သည်။
သူသည် လုယွီ အသုံးပြုခဲ့သော မှော်မန္တန်များ၏အရိပ်အယောင်ကို ရှေးဟောင်းစာအုပ်များအတွင်း၌ပင် ရှာဖွေ၍မတွေ့ခဲ့သော်လည်း အဆင့်မြင့်ကျင့်ကြံနည်းစနစ်များဖြစ်သည်ကို သူ ခံစားမိလေ၏။
လုယွီ အသုံးပြုခဲ့သော မှော်မန္တန်တိုင်းသည် အလွန်အမင်းအစွမ်းထက်ပြီး ကြီးကျယ်ခမ်းနားကာ မည်သည့်ယင်ချီအငွေ့အသက်မျှ ပါဝင်နေခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ ထုတ်ဖော်အသုံးပြုနေသော မှော်မန္တန်သည် ယခင်ကအရာများနှင့် လွန်စွာကွဲပြားခြားနားနေသည်။
"လုယွီ အခုသုံးနေတဲ့မှော်မန္တန်က ချင်လုရှန်းသုံးသွားတာနဲ့ တူနေတယ်လို့ ငါ ဘာလို့ခံစားမိတာပါလိမ့်"
လီစစ်က တီးတိုးရေရွတ်လိုက်၏။
ချင်လုရှန်းသည် လုယွီ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ထွက်လာသည်ကိုမြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ သူ၏တိုက်ခိုက်မှုကို လုယွီ ရှောင်ရှားနိုင်ခဲ့သည်ဆိုပါက သူ လက်သင့်ခံနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ရှောင်ရှားခြင်းမပြုဘဲ သူ၏တိုက်ခိုက်မှုကို အပြည့်အဝခံယူသွားသည်အား သူ မြင်တွေ့လိုက်ရ၏။
ဤသည်က သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်လာခြင်းမဟုတ်ပေ။
သူသည် ပြိုင်ဘက်ကိုတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ရန် ရည်ရွယ်၍ အစောပိုင်းက သူ၏လက်ဝါးရိုက်ချက်တွင် ခွန်အားကုန်ထည့်သွင်းအသုံးပြုထားခဲ့သည်။အကယ်၍ ထိုတိုက်ခိုက်မှုကြောင့် သူသည် လုယွီကို သတ်ဖြတ်နိုင်ခြင်းမရှိလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေမည်။
သို့ရာတွင် လုယွီ၏ယခုလက်ရှိ ပုံပန်းသွင်ပြင်ကိုကြည့်ခြင်းအားဖြင့် အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသည်မှာ သိသာထင်ရှားလှ၏။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ယခုကဲ့သို့ အရေးကြီးအခိုက်အတန့်မျိုးတွင် ချင်လုရှန်းသည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။
လုယွီသည် သူ၏လက်ဝါးရိုက်ချက်ကို လွယ်လင့်တကူ ချေဖျက်နိုင်မည်ဟု သူ တွေးထင်မထားသော်လည်း ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။
လုယွီက ချင်လုရှန်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ လေသံပြတ်ပြတ်နှင့်ပြောဆိုသည်။
"မင်း ငါ့ကို အရင်တိုက်ခိုက်ပြီးပြီ...အခုက ငါ့ရဲ့တိုက်ခိုက်မှုကို မင်း ခံယူရမယ့်အလှည့်ပဲ"
"တကယ်လို့ မင်း မသေဘူးဆိုရင်...ငါ မင်းကို ပြောပြမယ်"
ချင်လုရှန်း၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ထူထပ်သိပ်သည်းသော အနက်ရောင်မှော်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ထိုအနက်ရောင်မှော်စွမ်းအားများသည် လုယွီ၏ခေါင်းထက်၌ စုဝေးသွားကာ နောက်ဆုံး၌ အနက်ရောင်နဂါးကိုးကောင်အဖြစ် သိပ်သည်းသွားပြီး သူတို့၏အစွယ်များကိုဖြဲဟကာ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်း၍ ကျယ်လောင်စွာ ဟိန်းဟောက်နေကြ၏။
ထိုနဂါးများ၏ဟိန်းဟောက်သံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။လုယွီ ဖွဲ့စည်းထားသော အနက်ရောင်နဂါးကိုးကောင်သည် ချင်လုရှန်း ဆင့်ခေါ်ထားသည်ထက် ပို၍ကြီးကျယ်ခမ်းနားကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိနေသည်။
"မင်းက ဒီကျင့်ကြံနည်းစနစ်ရဲ့အနှစ်သာရကို မသင်ယူနိုင်သေးဘူး...ဒီနေ့ ငါ မင်းကို လမ်းညွှန်မှုတချို့ပေးမယ်"
လုယွီက သူ၏လက်ကို မြှောက်လိုက်၏။
သူ၏နံဘေးပတ်လည်၌ ပျံဝဲနေသော အနက်ရောင်နဂါးကိုးကောင်သည် ခေါင်းများကိုမော့၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြရာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားတော့သည်။
နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်...၁၉ခုမြောက်ပြောင်းလဲခြင်းပုံစံ...
အနက်ရောင်နဂါး ပြစ်ဒဏ်စီရင်ခြင်း....