← Chapters

အခန်း (၃၀၄၁-၃၀၄၅)

Vol. 155 Ch. 3041-3045

အခန်း (၃၀၄၁-၃၀၄၅)

Vol. 155 Ch. 3041-3045

Chapter 3041

ကျန်းပေါင်ရှင်းသည် ချင်လုရှန်း၏လက်အောက်၌ ရှုံးနိမ့်ခဲ့ရသောကိစ္စကို ရှထန်ကန်းက လူသူအများရှေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ချင်လုရှန်းသည် တံလျှပ်ပင်လယ်မျှော်စင်သို့မသွားမီ နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်သို့သွား၍ တပည့်ခေါင်းဆောင်ကျန်းပေါင်ရှင်းကို စိန်ခေါ်ခဲ့သည်။

ကျန်းမိသားစု၏ပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် ကျန်းပေါင်ရှင်းသည် ကျန်းမိသားစုနှင့်နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်တို့၏ နာမည်ဂုဏ်သတင်းကို ကိုယ်စားပြုပေ၏။ထို့ကြောင့် သူသည် စိန်ခေါ်မှုကို ငြင်းဆန်ခြင်းမပြုဘဲ လက်ခံခဲ့သည်။သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက် ကျန်းပေါင်ရှင်းသည် တောင့်မခံနိုင်တော့ဘဲ ချင်လုရှန်း၏လက်အောက်တွင် ရှုံးနိမ့်ခဲ့ရတော့သည်။

ချင်လုရှန်းသည် ယခင်က တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်ဟောင်းကိုပင် အနိုင်ယူနိုင်ခဲ့သဖြင့် ထိုကိစ္စကို အံ့အားသင့်စရာဟု မည်သူမျှ မတွေးထားကြချေ။ထိုသတင်းကို တော်ဝင်မြို့တော်အတွင်း၌ ပြောဆိုနေသူများပင်လျှင် လူနည်းစုသာရှိသည်။

ကျန်းပေါင်ရှင်းက အေးစက်စက် ရယ်မောလိုက်၏။

"ငါက ချင်လုရှန်းကို တကယ့်ကိုပဲ မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ဒါပေမယ့် ငါက နေ့တိုင်းတံခါးပိတ်ကျင့်ကြံတယ်လို့ ပြောနေတဲ့လူတွေထက်တော့သာတယ်...တချို့လူတွေက တံခါးပိတ်ကျင့်ကြံနေတယ်ပြောပြီးတော့ စားသောက်ဆိုင်မှာညစာစားပွဲကျင်းပနေတယ်လို့ ငါ ကြားထားတယ်...ဒါက ငါ့ကို အမြင်ကျယ်စေတဲ့ကိစ္စပဲ"

ကျန်းပေါင်ရှင်း၏နောက်ရှိ ကျောင်းတော်တပည့်များက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

ဤသည်က ရှထန်ကန်းနှင့်ပတ်သတ်သည့် ဟာသပြက်လုံးတစ်ခုပင်။

ချင်လုရှန်းသည် တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်ဟောင်းကို အနိုင်ယူပြီးနောက် ပို၍ပို၍ မောက်မာဝံ့ကြွားလာခဲ့သည်။သူသည် စိန်ခေါ်စာများကို တော်ဝင်ကျောင်းတော်သို့ အဆက်မပြတ်ပေးပို့ခဲ့သည့်အပြင် ကျောင်းတော်တံခါးမကြီးရှေ့၌ မတ်တတ်ရပ်၍ ရန်စစော်ကားခဲ့လေ၏။

သို့ရာတွင် ရှထန်ကန်းသည် တံခါးပိတ်ကျင့်ကြံနေသည်ဟူသော အကြောင်းပြချက်ဖြင့် တိုက်ခိုက်ရန် ငြင်းဆိုခဲ့သည်။

ချင်လုရှန်းသည် ရှထန်ကန်းနှင့်တိုက်ခိုက်လိုသော်လည်း သူ တစ်ကြိမ်တစ်ခါမျှ အခွင့်အရေးမရခဲ့ချေ။

သို့ရာတွင် နောက်ပိုင်း၌ ရှထန်ကန်းသည် လမ်းတစ်လမ်းရှိစားသောက်ဆိုင်တစ်ဆိုင်အတွင်း၌ သူ၏မိတ်ဆွေများနှင့် ညစာစားပွဲကျင်းပနေသည်ကို တစ်စုံတစ်ယောက်က တွေ့မြင်သွားခဲ့လေ၏။ထိုအချိန်တွင် ရှထန်ကန်းသည် တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆင်ခြေပေး၍ ချင်လုရှန်း၏စိန်ခေါ်မှုကို ငြင်းဆန်နေခဲ့သောအချိန်ဖြစ်သည်။

ရှထန်ကန်း၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။သူသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ထပ်မံ၍စကားမဆိုတော့ချေ။

သူသည် ရှုံးနိမ့်မှုများကို ဆက်တိုက်ကြုံတွေ့ရပြီးလေပြီ။အကယ်၍ သူ ဆက်လက်၍စကားပြောဆိုပါက အဆုံးသတ်တွင် အရှက်ရမည့်သူမှာ သူကိုယ်တိုင်သာဖြစ်မည်ကို သူ စိုးရွံနေမိသည်။

ပတ်ဝန်းကျင်တွင် ကျောင်းတော်သားအမြောက်အများသည် နံဘေးဘက်မှနေ၍ စောင့်ကြည့်နေကြ၏။သူတို့သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံးထံ၌ ကိုယ်ပိုင်အတွေးများ ရှိသွားလေပြီ။

"အဲ့ဒီရှထန်ကန်းက တကယ့်ကို စဥ်းစားချင့်ချိန်မှုမှုမရှိတဲ့ကောင်ပဲ...သူက သူရဲဘောကြောင်ပြီးတော့ တိုက်ခိုက်ရမှာကို ကြောက်ရွံနေခဲ့တယ်...တော်ဝင်မြို့တော်တစ်မြို့လုံး အခု အဲ့ဒီအကြောင်းကို သိသွားကြပြီ...ကျန်းပေါင်ရှင်းက ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင် အနည်းဆုံးတော့ သူက ယောက်ျားပီသတယ်...တိုက်ခိုက်ရဲတယ်...ရှထန်ကန်းက သူ့ရဲ့နာမည်ဂုဏ်သတင်းအတွက်နဲ့ ချင်လုရှန်းနဲ့တိုက်ခိုက်ဖို့ကိုတောင်လသတ္တိမရှိဘူး"

တံခါး၏ပြင်ပတွင်ဖြစ်သွားသော ငြင်းခုံ့မှုအနည်းငယ်မှနေ၍ လူတိုင်းတွင် ကွဲပြားခြားနားသော အတွေးအမြင်များ ရှိသွားကြလေပြီ။

ဒူ...

ထိုအချိန်မှာပင် မောင်းတီးသံတစ်သံက တော်ဝင်နန်းတော်၏ပြင်ပ၌ မြည်ဟီးသွားသည်။

လူတိုင်းသည် သူတို့၏နားများတုန်ခါသွားခြင်းကို ခံစားလိုက်ရကာ သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှနေ၍ လေးစားကြည်ညိုသောအရိပ်အယောင်မျိုး ပေါက်ဖွားလာသည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

နန်းတော်တံခါးပွင့်သွားကာ မိန်းမစိုးတစ်ယောက်ထွက်လာပြီး အော်ဟစ်လိုက်သည်။

"အချိန်ကျပြီ...နန်းတွင်းစာမေးပွဲ စတင်ပြီ"

ထိုမိန်းမစိုး၏ကျင့်ကြံဆင့်နယ်ပယ်သည် အတော်အသင့် သိမ်မွေ့နက်နဲသည်။သူ၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေကာ အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိချေ။

စာပေနှင့်တိုက်ခိုက်ရေးတွင် ပထမနေရာရရှိထားသဖြင့် လုယွီသည် တခြားရွေးချယ်ခံများ၏ ရှေ့ဆုံးမှမတ်တတ်ရပ်ကာ နန်းတော်အတွင်းသို့ လျှောက်လှမ်းလိုက်သည်။

လူအများစုသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းပင်။သူတို့သည် နန်းတော်အတွင်းသို့ဝင်ရောက်ပြီးနောက် သူတို့ရှေ့ရှိအရာများကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေကြ၏။

တော်ဝင်နန်းတော်သည် အလွန်ကြီးကျယ်ခမ်းနားကာ မြင့်မားသည်။နန်းတော်နံရံများပေါ်တွင် ထူးဆန်းသောဝင်္ကပါဖွဲ့စည်းပုံများ ရှိနေသည်။ထိုနေရာများမှနေ၍ မှော်စွမ်းအင်စီးကြောင်းများ စီးဆင်းနေလေရာ လူအများအား မူးဝေမှုကို ခံစားရစေသည်။

တံခါးမကြီး၏ဘေးတစ်ဖက်တစ်ချက်တွင် မြောက်မြားစွာသောတော်ဝင်စစ်သားများ မတ်တတ်ရပ်နေသည်။ထိုစစ်သားများအနက်မှ မည်သည့်တစ်ယောက်မဆို ပြင်ပတွင် စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် ရပ်တည်နိုင်သူများဖြစ်ပြီး အဆိုးရွားဆုံးတစ်ယောက်ပင်လျှင် လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ပေမည်။

ရံဖန်ရံခါ လူတချို့ထံမှနေ၍ လေးစားကြည်ညိုခြင်းကြောင့် အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ဤနေရာသို့ရောက်ရှိလာသူများသည် နေရာဒေသအသီးသီးမှ ပါရမီရှင်များပင်။သူတို့သည် တော်ဝင်နန်းတော် မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို ခံစားမိပေ၏။

လုယွီသည် သူ့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ရသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် လှုပ်ခတ်သွားခြင်းမရှိချေ။

ဤတော်ဝင်နန်းတော်အတွင်းတွင် မည်မျှထိများပြားသော သတ်ဖြတ်ခြင်းဝင်္ကပါများ ရှိနေသည်ကို သူ့ထက်ပို၍ မည်သူမျှသိရှိမည်မဟုတ်ပေ။

အတိတ်ဘဝတွင် သူသည် လမ်းတလျှောက်လုံးတိုက်ခိုက်ကာ နန်းတော်အတွင်းသို့ဝင်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် တွေ့ဆုံခဲ့သည်။တော်ဝင်နန်းတော်တစ်ခုလုံး စစ်အုပ်ချုပ်ရေးအောက်တွင်ရှိသည်။မြောက်မြားစွာသောဝင်္ကပါများနှင့်မှော်ရတနာများက သူကို့ဝိုင်းရံ၍ တိုက်ခိုက်ခဲ့ကြ၏။ဤကဲ့သို့တိုက်ခိုက်မှုများအောက်တွင် အကယ်၍ နယ်မြေသခင်တစ်ယောက် ရောက်လာလျှင်ပင် သူ၏အသက်ဆုံးရှုံးသွားပေလိမ့်မည်။

Chapter 3042

တော်ဝင်နန်းတော်...ကောင်းကင်နှင့်မြေပြင်ခန်းမ...

ချမ်သည် ကောင်းကင်ဖြစ်ပြီး ခွင်းသည် မြေပြင်ပြင်။

ကောင်းကင်နှင့်မြေပြင်ခန်းမတွင်ထိုင်နေသော မိုးကောင်းကင်၏သားတော်သည် လောကကြီးအတွင်းရှိ အရာရာတိုင်းကိုထိန်းချုပ်နိုင်သည်ဟု အဓိပ္ပါယ်သက်ရောက်ပေ၏။

ဤသည်က ဧကရာဇ်မင်းသည် နန်းတွင်းအရေးကိစ္စများကို စီမံခန့်ခွဲရန်အတွက် ရာနှင့်ချီသောအရာရှိများကို ဆင့်ခေါ်ရာ၌ အသုံးပြုသော နေရာတစ်ခုပင်။

တာယွီအင်ပါယာသည် ပိုင်နက်နယ်မြေ အလွန်ကျယ်ဝန်းသဖြင့် နေ့စဥ်နေ့တိုင်း အလွန်ဦးနှောက်ခြောက်ဖွယ်ကိစ္စအမြောက်အများကို ရင်ဆိုင်ဖြေရှင်းနေရသည်။ထို့ကြောင့် နန်းတွင်းညီလာခံတိုင်းသည် အနည်းဆုံး အချိန်ရှစ်နာရီခန့် ကြာမြင့်သည်။ထိုအချိန်အတောအတွင်းတွင် သူတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အလို့ငှာ အချိန်အများစုတွင် သူတို့အချင်းချင်း နတ်ဘုရားစိတ်အာရုံဖြင့်ဆက်သွယ်ကာ ရာနှင့်ချီသောစကားလုံးများကို မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြောဆိုကြသည်။

ကျောင်းတော်သားများကို ကောင်းကင်နှင့်မြေပြင်ခန်းမသို့ လာခွင့်ပြုခြင်းမှာ တော်ဝင်နန်းတွင်းသည် ပါရမီရှင်များကို တန်ဖိုးထားသည်အား ပြသလိုရုံသာမက ဤနေရာပတ်ဝန်းကျင်နှင့် ကြိုတင်၍သဟဇာတဖြစ်နေရန်လည်းဖြစ်သည်။

ကောင်းကင်နှင့်မြေပြင်ခန်းမသည် အလွန်ကျယ်ဝန်းကာ လူပေါင်းသောင်းနှင့်ချီ၍ ဝင်ဆန့်သည်။

လုယွီနှင့်တခြားသူများသည် မိန်းမစိုးများ၏ဦးဆောင်မှုအောက်တွင် ကောင်းကင်နှင့်မြေပြင်ခန်းမသို့ ရောက်ရှိခဲ့ကြ၏။

ရှန်လင်းလုံသည် စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်နေသဖြင့် ဤအချိန်အခိုက်အတန့်တွင် သူမသည် တော်ဝင်နန်းတွင်း၌ ရှိမနေချေ။ထို့ကြောင့် ဤအချိန်တွင် နဂါးပလ္လင်ပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိပေ။နဂါးပလ္လင်၏နံဘေးရှိ ထိုင်ခုံတစ်လုံးပေါ်တွင် အိမ်ရှေ့စံမင်းသားထိုင်နေသည်။

ယနေ့တွင်ကျင်းပသော နန်းတွင်စာမေးပွဲ၏အဓိကစစ်ဆေးရေးမှူးသည် အိမ်ရှေ့စံမင်းသားပင်။

စင်မြင့်၏လက်ဝဲဘက်နံဘေးတွင် စာပေနှင့်ယဥ်ကျေးမှုရေးရာအမတ်ကြီး ကျန်းရွှမ်စဲမတ်တတ်ရပ်နေပြီး လက်ယာဘက်နံဘေးတွင် စစ်ဆေးရေးမှူးများအဖြစ်ဆောင်ရွက်မည့် အရာရှိများရှိနေသည်။

"ဒီနဂါးပလ္လင်က...."

လုယွီသည် ကောင်းကင်နှင့်မြေပြင်ခန်းမသို့ ရောက်ရှိသည်နှင့် နဂါးပလ္လင်ကိုကြည့်ကာ အတိတ်ရှိဖြစ်ရပ်တချို့ကို ရုတ်တရက်ပြန်လည်အမှတ်ရမိသည်။

ထိုမှတ်ဥာဏ်များအတွင်းတွင် လုယွီသည် နဂါးပလ္လင်ပေါ်၌ထိုင်ကာ အောက်ရှိသက်ရှိများအားလုံးကို ငုံကြည့်နေလေ၏။

"ဧကရာဇ်မင်းကြီး...ထိပ်တန်းမိသားစုကြီးတွေရဲ့အခွင့်အာဏာကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီအရာရှိ အကြံပြုချင်တာက..."

"ဧကရာဇ်မင်းကြီး...အကန့်အသတ်မဲ့ကြယ်မြစ်ပေါ်က နတ်ဆိုးဂိုဏ်း၂၁၀၀ကျော်ကို သုတ်သင်ဖယ်ရှားပြီးပါပြီ...ဒါပေမယ့် အဲ့ဒီကိစ္စထဲမှာ မြင့်မြတ်နယ်မြေတချို့ ပါဝင်ပတ်သတ်နေတယ်...အကန့်အသတ်မဲ့ကြယ်မြစ်ရဲ့အုပ်ချုပ်ရေးရုံးတော်က ဘာဆက်လုပ်ရမလဲဆိုတာကို တော်ဝင်နန်းတွင်းဆီ အကူအညီတောင်းခံထားတယ်"

အရာရှိများက ပြောဆိုနေသော စကားများအပြင် ထိုအချိန်တုန်းက သူ ဆုံးဖြတ်ချက်ချခဲ့သည့်အရာများကိုလည်း သူ ပြန်လည်ကြားနေရသည်။

ထိုမှတ်ဥာဏ်များအတွင်းတွင် လုယွီသည် နစ်မြောနေလေ၏။သူသည် နဂါးပလ္လင်ပေါ်၌ထိုင်၍ ကျောက်စိမ်းစည်းတံဆိပ်ကိုကိုင်ဆောင်ကာ တော်ဝင်အမိန့်တော်တချို့ပေါ်တွင် ခတ်နှိပ်နေခဲ့သည်။

လုယွီသည် အတွေးများအတွင်း နစ်မြောနေရင်း ကောင်းကင်နှင့်မြေပြင်ခန်းမ၏တံခါးဝသို့ ခြေချမိလေပြီ။

ရှပ်...

သူ၏ခြေထောက် ခန်းမအတွင်းသို့ ရောက်ရှိသွားသည်နှင့် ရုတ်တရက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားသွားသည်။

မူလက တိတ်ဆိတ်ငြိမ်သက်နေသော နဂါးပလ္လင်သည် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်လိုက်၏။

ထို့နောက်မှနေ၍ သက်တန့်ရောင်အလင်းတန်းများက ပြင်ပမှနေ၍ထွက်ပေါ်လာကာ နဂါးပလ္လင်ပေါ်သို့ ကျရောက်သွားသည်။ဤအချိန်အခိုက်အတန့်တွင် နဂါးပလ္လင်ကို တောက်ပသောရွှေရောင်အလင်းလွှာတစ်လွှာဖြင့် လွှမ်းခြုံထားပုံရကာ အလွန်အမင်းခန့်ညားတောက်ပနေသည်။

ခန်းမအတွင်းရှိ အိမ်ရှေ့စံမင်းသားနှင့်အရာရှိများ၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။

ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုမျိုး ဖြစ်ပွားလာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ဝေါင်း...

ထို့နောက်မှတဆင့် နားအူလုမတက်ဟိန်းဟောက်သံကြီးက နန်းတော်၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာပေ၏။

ထိုဟိန်းဟောက်သံကို ကြားလိုက်ရသူတိုင်းသည် သူတို့၏စိတ်ဝိညာဥ်ကိုပင် သူတို့မပိုင်ဆိုင်တော့သည့်အလား ခေါင်းအစခြေအဆုံး တုန်ရီသွားခြင်းကို ခံစားလိုက်ရသည်။

ထိုဟိန်းဟောက်သံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသဖြင့် လူအများသည် ထိုအသံကိုကြားချိန်တွင် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားကြသည်။

"ဒါက တော်ဝင်နန်းတော်ထဲက နတ်ဆိုးမှော်သားရဲမဟုတ်လား...ဘယ်လိုဖြစ်တာလဲ"

"ဘာတွေဖြစ်နေတာလဲ"

ကျောင်းတော်သားအများစု၏မျက်နှာများ ဖြူရော်နေကြကာ အားနည်းသူတချို့သည် မူးမေ့လဲကျလုနီးပါးပင်။

ထိုအချိန်မှာပင် မိန်းမစိုးတစ်ယောက်က ခန်းမအတွင်းသို့ ပြေးဝင်လာသည်။သူသည် အိမ်ရှေ့စံမင်းသားရှေ့သို့ လျှောက်လှမ်းသွားကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။

"အရှင့်သား...တော်ဝင်မြို့တော်ရဲ့အစောင့်အရှောက်နတ်ဆိုးမှော်သားရဲတွေက ခုဏက ရုတ်တရက်ကြီး ထိတ်လန့်ကြောက်ရွံပြီးတော့ ဟိန်းဟောက်ခဲ့တယ်...အခုတော့ သူတို့ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးပါပြီ...ကျွန်တော်က တာဝန်ပေါ့လျော့ခဲ့မိတဲ့အတွက် အစောင့်အကြပ်တွေရဲ့ကိုယ်စား အရှင့်သားပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူပါ့မယ်"

အစောပိုင်းက အိမ်ရှေ့စံမင်းသားသည်လည်း ကြောက်ရွံထိတ်လန့်သွားပေ၏။သို့ရာတွင် သူ၏ ကြောက်ရွံထိတ်လန့်နေသော အမူအယာကို အလျှင်အမြန် ပြန်လည်ဖုံးကွယ်လိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နဂိုမူလ သူ၏တည်ကြည်လေးနက်သော မျက်နှာအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

"ဒီနေ့က နန်းတွင်းစာမေးပွဲ ဖြေဆိုတဲ့နေ့...ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ...အဲ့ဒီမှော်သားရဲတွေကို ငြိမ်ငြိမ်သက်သက်နေဖို့ ပြောလိုက်ပါ...ခန်းမထဲမှာရှိတဲ့ ပါရမီရှင်တွေကို အနှောက်အယှက်မဖြစ်စေနဲ့"

အိမ်ရှေ့စံမင်းသားက သတိပေးလိုက်၏။

Chapter 3043

"အမိန့်တော်အတိုင်းပါ အရှင့်သား"

ထိုမိန်းမစိုးသည် အမိန့်ရရှိသည်နှင့် အလျှင်အမြန်နောက်ဆုတ်ကာ ပြန်လည်ထွက်ခွာသွားတော့သည်။

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများသည် ထိုစကားများကိုကြားချိန်တွင် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားကြ၏။

ပြင်ပလောကတွင် တော်ဝင်နန်းတော်နှင့်ပတ်သတ်သော ကောလဟာလများ ပျံ့နှံ့နေသည်။တချို့ကောလဟာလများအရ တော်ဝင်နန်းတော်အတွင်းတွင် အစွမ်းထက်သောနတ်ဆိုးမှော်သားရဲတချို့ရှိသည်ဟု ဆိုကြ၏။ထိုနတ်ဆိုးသားရဲများတွင် ထက်ရှသော အမြင်အာရုံနှင့်အကြားအာရုံတို့ရှိသည်။သူတို့သည် သာမာန်လူများ စုံစမ်းထောက်လှမ်းနိုင်ရန်ခက်ခဲသော အရှိန်အဝါအမြောက်အများအား ခွဲခြားနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။

"ဖြစ်နိုင်တာတော့ အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက ဒီပါရမီရှင်တွေ သာလွန်ထူးကဲတာကို အာရုံခံမိပြီးတော့ ကြောက်ရွံသွားတာပဲဖြစ်မယ်...မင်းတို့က သဘောထားကြီးစွာနဲ့ သူတို့ကို အပြစ်မတင်ကြပါနဲ့"

အိမ်ရှေ့စံမင်းသားက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

ယနေ့တွင် အိမ်ရှေ့စံမင်းသားသည် ခမ်းနားထည်ဝါသောအနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ သရဖူဆောင်းထားပြီး တိမ်ပျံဖိနပ်ကိုစီးထားသည်။သူ၏ဝတ်စားဆင်ယင်မှုသည် ကြီးကျယ်ခမ်းနားရုံသာမက သူ၏အရှိန်အဝါသည် သာမာန်လူများ မယှဥ်သာအောင် တည်ကြည်လေးနက်ပြီး မြင့်မြတ်သည်။

သူ၏ဟာသပြက်လုံးကြောင့် လူအများစုက ပြုံးလိုက်ကြ၏။ဤသည်က အနာဂတ်ဧကရာဇ်မှနေ၍ သူတို့အား တန်ဖိုးထားမှုကို ပြသခြင်းပင်။မည်သူမည်ဝါဖြစ်နေပါစေ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေသည်။

သို့ရာတွင် လုယွီကမူ မျက်မှောင်ကြုတ်လိုက်သည်။သူသည် အမှန်တရားကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မှန်းဆပြီးလေပြီ။

တခြားသူများသည် တော်ဝင်နန်းတွင်း၌ နတ်ဆိုးမှော်သားရဲများရှိနေသည်ကို သိရှိထားကြသော်လည်း ထိုသားရဲများ မည်မျှထိအစွမ်းထက်သည်ကို သိရှိမည်မဟုတ်ချေ။

သို့ရာတွင် လုယွီကမူ ကောင်းစွာသိရှိပေ၏။

ထိုနတ်ဆိုးသားရဲများအနက်မှ မည်သည့်တစ်ကောင်မဆို နတ်ဆိုးသားရဲဧကရာဇ်အဆင့်ရှိသော အစွမ်းထက်သားရဲတစ်ကောင်ပင်။

ထိုနတ်ဆိုးမှော်သားရဲများသည် စကားပြောဆိုနိုင်ကြသည်။သူတို့သည် လူသားမျိုးနွယ်၏ဥာဏ်ရည်ဥာဏ်သွေးမျိုး ပိုင်ဆိုင်ထားသည့်အပြင် နတ်ဆိုးသားရဲမျိုးနွယ်၏ ထိပ်သီးအစွမ်းထက်တည်ရှိမှုများလည်းဖြစ်သည်။

ဤလောကကြီးအတွင်းတွင် သူတို့အား ယခုအဆင့်ထိ ထိတ်လန့်ကြောက်ရွံကာ ဟိန်းဟောက်စေသောအရာဟူ၍ များများစားစားမရှိချေ။

"ငါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးတော့ ပေါင်းစပ်ထားခဲ့တယ်...နေရာဟောင်းကို ပြန်ရောက်တဲ့အချိန်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့မှတ်ဥာဏ်တချို့ကို ငါ ထိတွေ့ခဲ့မိတယ်...ကြည့်ရတာတော့ သူတို့က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အရှိန်အဝါကို အာရုံခံမိသွားပုံပဲ"

လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ သတိကြီးစွာထားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိနေရာတွင် ရှိနေသူများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသော်လည်း လုယွီနှင့်ပတ်သတ်နေသည်ဟု တွေးတောမိမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲနှစ်ခုလုံးတွင် ပထမရရှိကာ လူအများ၏အာရုံစိုက်မှုကိုခံရသော်လည်း အဆုံးသတ်တွင် သူသည် ငယ်ရွယ်သော လူငယ်ပါရမီရှင်တစ်ယောက်သက်သက်ပင်။တက်သစ်စကြယ်တစ်ပွင့်သည် တုန်လှုပ်ချောက်ချားဖွယ်ကိစ္စများကို ဖန်တီးနိုင်လျှင်ပင် အကန့်အသတ်ထက် ကျော်လွန်မည်မဟုတ်ပေ။

ကျောင်းတော်သားများအားလုံး ခန်းမအတွင်းသို့ဝင်ရောက်ကာ မတ်တတ်ရပ်နေကြ၏။

လုယွီသည် ထိုကျောင်းတော်သားများ၏ရှေ့ဆုံးတွင်ရှိနေသဖြင့် အိမ်ရှေ့စံမင်းသားနှင့် တန်းတန်းမတ်မတ် မျက်နှာချင်းဆိုင်နေရသည်။

အိမ်ရှေ့စံမင်းသားထံတွင် နူးညံသိမ်မွေ့သော အမူအယာမျိုးရှိကာ နွေဦးလေပြည်ညှင်းတိုက်ခတ်သကဲ့သို့ အရှိန်အဝါမျိုးရှိနေသော်လည်း လုယွီသည် သူ၏မျက်လုံးအတွင်းမှ အေးစက်စက်ရန်လိုစိတ်မျိုးကို ခံစားမိဆဲပင်။

'မင်းက တိုက်ခိုက်ရေးစာမေးပွဲမှာ အကြိမ်ပေါင်းများစွာ အကွက်ချစီစဥ်ခဲ့တယ်...ဒါပေမယ့် မင်း ငါ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး...ဒီတစ်ကြိမ်တော့ မင်း ဘာလုပ်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်'

လုယွီသည် အိမ်ရှေ့စံမင်းသားကို စူးစိုက်ကြည့်လိုက်ကာ တခြားကျောင်းတော်သားများကဲ့သို့ ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။

အိမ်ရှေ့စံမင်းသားက လုယွီကိုကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"လုယွီ...မင်းက စာပေနဲ့တိုက်ခိုက်ရေး စစ်ဆေးမှုနှစ်ခုလုံးမှာ ပထမနေရာရခဲ့တယ်...မင်းက ကောင်းကင်ဘုံနယ်မြေထဲက မရေမတွက်နိုင်တဲ့ လူငယ်ပါရမီရှင်တွေရဲ့မျက်နှာကို ကိုယ်စားပြုတယ်...အချိန်ကျလာရင် နန်းတွင်းစာမေးပွဲမှာ မင်း မျက်နှာပျက်အောင်မလုပ်နဲ့"

လုယွီ၏နောက်တွင်ရှိနေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တပည့်များအားလုံး မျက်မှောင်ကြုတ်လိုက်၏။

အိမ်ရှေ့စံမင်းသားတစ်ယောက်အနေဖြင့် သူသည် တစ်စုံတစ်ယောက်အား ဤကဲ့သို့စကားမျိုးကို မပြောဆိုသင့်ချေ။ဤသည်က မှတ်ချက်ပေးခြင်းမျိုးမဟုတ်ဘဲ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်မှာ သိသာထင်ရှားသည်။

အကယ်၍ လုယွီသည် နန်းတွင်းစာမေးပွဲတွင် ကောင်းမွန်စွာ ပြုမူဆောင်ရွက်နိုင်ခြင်းမရှိပါက အိမ်ရှေ့စံမင်းသားသည် သူ့အား အလွန်ခက်ခဲသောအခြေအနေမျိုးအတွင်းသို့ တွန်းပို့ပေလိမ့်မည်။တော်ဝင်နန်းတွင်းတစ်ခုလုံးသည် လုယွီ၏ယခင်ရလဒ်များနှင့် ပတ်သတ်ပြီး မေးခွန်းထုတ်နေကြ၏။

ထို့ထက်ပို၍ အရေးအကြီးဆုံးအချက်မှာ သူ့အား အိမ်ရှေ့စံမင်းသားမှနေ၍ ဖိအားပေးနေခြင်းပင်။

ဤတစ်ကြိမ် နန်းတွင်းစာမေးပွဲတွင် ဧကရာဇ်မရှိသဖြင့် နောက်ဆုံးအဆုံးအဖြတ်ကို ချမှတ်ရမည့်သူမှာ အိမ်ရှေ့စံမင်းသားဖြစ်နေသည်။

တခြားစစ်ဆေးရေးမှူးများရှိနေသော်လည်း သူတို့သည် အကြံဥာဏ်ပေးရုံသက်သက်ပင်။နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်သည် အိမ်ရှေ့စံမင်းသား၏လက်အတွင်း၌ ရှိနေပေ၏။

တခြားစကားပြောင်းဆိုရလျှင် လုယွီ၏ရလဒ်သည် အိမ်ရှေ့စံမင်းသားပေါ်တွင် မူတည်နေသည်။

လူတိုင်းသည် လုယွီ၏အစား ထိတ်လန့်ကြောက်ရွံနေကြသည်။

ဤတစ်ကြိမ်တွင် ကျန်းရွှမ်စဲပင်လျှင် လုယွီအတွက် ပြောဆိုပေးနိုင်မည်မဟုတ်ချေ။

Chapter 3044

လူအားလုံး၏အကြည့်များအောက်တွင် လုယွီက မောက်မာဝံ့ကြွားခြင်းမရှိ နှိမ့်ချခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုသည်။

"အရှင့်သားကို ကျေးဇူးတင်ပါတယ်...ငါက အရှင့်သားကို စိတ်မပျက်စေရဘူး"

အိမ်ရှေ့စံမင်းသားသည် သရော်တော်တော်ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ ထပ်မံ၍ပြောဆိုခြင်းမရှိချေ။သူသည် သူ၏နံဘေးရှိ မိန်းမစိုးကို လက်ဝှေ့ယမ်းပြကာ နန်းတွင်းစာမေးပွဲ၏စည်းကမ်းချက်များကို ထုတ်ပြန်ကြေငြာခိုင်းလိုက်၏။

"နန်းတွင်းစာမေးပွဲက အရာရှိတွေရဲ့စီမံအုပ်ချုပ်ပုံတွေကို စစ်ဆေးတာပဲ...ဖြေဆိုသူတွေအားလုံး ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲကိုဝင်ပြီးတော့ နယ်မြေခံအုပ်ချုပ်သူတွေအဖြစ်နဲ့ တစ်နှစ်နေရမယ်...အဲ့ဒီအချိန်အတောအတွင်းမှာ မင်းတို့ ဘာတွေကိုပဲလုပ်လုပ်...အပြင်မှာရှိတဲ့ စစ်ဆေးရေးမှူးတွေက တွေ့မြင်နေလိမ့်မယ်...တစ်နှစ်အချိန်စေ့တာနဲ့ ဟွမ်လျန့်အိမ်မက်ကမ္ဘာကနေ မင်းတို့ကို အလိုအလျောက် ဖယ်ရှားလိမ့်မယ်"

"တကယ်လို့ ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ မင်းတို့ သေသွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်းတို့ရဲ့စီရင်စုအုပ်ချုပ်သူရာထူးကို ဖယ်ရှားခံရတာပဲဖြစ်ဖြစ်..မင်းတို့ ရှုံးနိမ့်သွားပြီလို့ သတ်မှတ်တယ်"

နန်းတွင်းစာမေးပွဲ၏အချက်အလက်များကို ထုတ်ပြန်ကြေငြာပြီးနောက် ကျောင်းတော်သားအများစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

ဤသည်က သူတို့ စိတ်ကူးယဥ်တွေးတောထားသည်နှင့် များစွာကွဲပြားခြားနားနေပေ၏။

သာမာန်အားဖြင့် နန်းတွင်းစာမေးပွဲကို စာပေနှင့်တိုက်ခိုက်ရေးဟူ၍ အခန်းကဏ္ဏနှစ်ရပ်ခွဲကာ ကျင်းပလေ့ရှိသည်။ဤသည်က တစ်စုံတစ်ယောက်၏ စာပေပညာရပ်နှင့်တိုက်ခိုက်နိုင်မှုစွမ်းအားကို စစ်ဆေးခြင်းသာဖြစ်ပြီး ယခင်က အထူးသီးသန့်စစ်ဆေးမှုမျိုးမရှိခဲ့ချေ။

ဟွမ်လျန့်အိမ်မက်ကမ္ဘာသည် အလွန်အမင်းထူးခြားသော ပုံရိပ်ယောင်နယ်မြေတစ်ခုပင်။လူများသည် စိတ်ဝိညာဥ်အဖြစ်နှင့် ဝင်ရောက်နေကာ အမျိုးအစားစုံလင်သော ပုံရိပ်ယောင်များကို ကြုံတွေ့ရပေမည်။

ထိုနယ်မြေအတွင်းရှိ တစ်နှစ်အချိန်ကာလသည် ပြင်ပလောက၌ နာရီအနည်းငယ်သာ ကြာမြင့်ပေမည်။

ဤသည်က ရှေးဟောင်းအချိန်ကာလများမှဆင်းသက်လာသော ရှေးဟောင်းဝင်္ကပါဖွဲ့စည်းပုံတစ်ခုပင်။ကောလဟာလများအရ ရှေးဟောင်းခေတ်မှ ကျင့်ကြံသူတစ်ယောက်သည် သူ ထာဝရအသက်ကိုရရှိသွားကာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်လာသည်ဟု အိမ်မက်မက်ခဲ့လေ၏။အဆုံးသတ်၌ သူသည် ကောင်းကင်ဘုံနန်းတော်အတွင်းသို့ ဝင်ရောက်နိုင်ကာ အစစ်အမှန်အင်မော်တယ်များအနက်မှတစ်ယောက် ဖြစ်လာခဲ့သည်။သူ ပြန်လည်နိုးထလာချိန်တွင် သူ အိမ်မောကျနေခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်းသိနားလည်သွားသည်။အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့သည်မှာ သူ၏စိတ်ကူးယဥ်အိမ်မက်သက်သက်ပင်။

နောက်ပိုင်းတွင် ထိုကျင့်ကြံသူသည် ကျင့်ကြံခြင်းလမ်းကြောင်း၌ ပြီးမြောက်အောင်မြင်ကာ အမှန်တကယ်ကိုပင် အင်မော်တယ်တစ်ယောက် ဖြစ်သွားခဲ့သည်။သူ၏အတိတ်မှအတွေ့အကြုံများကို တွေးတောမိပြီးနောက် သူသည် ဟွမ်လျန့်အိမ်နက်ကမ္ဘာကိုဖန်တီးကာ အစဥ်အဆက် လက်ဆင့်ကမ်းခဲ့သည်။

ဤဝင်္ကပါသည် မိုးကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေသည်။ထိုအရာသည် လူငယ်တစ်ယောက်ကို နှစ်ပေါင်းများစွာကြာသော အတွေ့အကြုံများ ရရှိစေသည်။ထိုအရာသည် တစ်စုံတစ်ယောက်၏ အနာဂတ်တွင် ဖြစ်လာနိုင်ချေရှိသောကိစ္စများအပေါ် ကောက်ချက်ချနိုင်သောစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်သည်။ထိုအရာအတွင်းတွင် လေဟာနယ်နှင့်အချိန်ဥပဒေသ ကံကြမ္မာဥပဒေသတို့ ရောယှက်နေသည်။ထိုဝင်္ကပါကို လူတိုင်း ခင်းကျင်းနိုင်စွမ်းမရှိချေ။

တော်ဝင်နန်းတွင်းသည် ဤဟွမ်လျန့်အိမ်မက်ကမ္ဘာကို ခင်းကျင်းနိုင်ရန်အတွက် များစွာအင်အားစိုက်ထုတ်ခဲ့ရသည်။

သို့ရာတွင် ဤသည်က ကျောင်းတော်သားအများစုအတွက် ကောင်းမွန်သောစစ်ဆေးမှုမဟုတ်ချေ။

ဤသည်က လူအများ မျှော်လင့်မထားသော စာမေးပွဲစစ်ဆေးမှုပုံစံပင်။အတိတ်တွင် ဤကဲ့သို့စစ်ဆေးခြင်းမျိုးမရှိသဖြင့် ကျောင်းတော်သားအများစုသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။

အကယ်၍ သူတို့သည် နန်းတွင်းစာမေးပွဲကို အောင်မြင်လိုပါက အပြောင်းအလဲများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ရပေမည်။

"မင်းတို့အားလုံး စည်းမျဥ်းတွေကို သိပြီဆိုမှတော့...စလိုက်ကြစို့"

အိမ်ရှေ့စံမင်းသားက အမိန့်ပေးလေ၏။

ရုတ်ချည်းဆိုသလိုပင် မိန်းမစိုးများထွက်ပေါ်လာကာ ကျောင်းတော်သားတိုင်းကို အလံငယ်တစ်ခုစီ ဖြန့်ဝေပေးလေသည်။

ထိုအလံပေါ်တွင် သင်္ကေတတစ်ခုစီရေးဆွဲထားကာ ကျောင်းတော်သားများ၏သင်္ကေတများသည် တစ်ယောက်နှင့်တစ်ယောက် မတူညီချေ။ထိုအလံကို ကိုင်ဆောင်မိသည်နှင့် သူတို့သည် နန်းတော်၏နက်ရှိုင်းသောနေရာမှ တည်ရှိမှုကြီးတစ်ခုနှင့် ချိတ်ဆက်သွားသည်ဟု ချက်ချင်းဆိုသလိုပင် ခံစားမိလေ၏။

သူတို့၏လက်အတွင်း၌ ကိုင်ဆောင်ထားသော အလံများသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာနှင့်ဆက်သွယ်ထားသော ဝင်္ကပါအမှတ်များဖြစ်သည်။

လမ်းညွှန်မှုအတိုင်းလိုက်နာ၍ ကျောင်းတော်သားတိုင်းသည် သူတို့၏စိတ်ဝိညာဥ်မှစွမ်းအားများကို သူတို့၏လက်အတွင်းရှိ အလံငယ်ထံသို့ ပေးပို့လိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်း၌ သောင်းနှင့်ချီသောကျောင်းတော်သားများ မလှုပ်မယှက်ဖြစ်သွားကြ၏။သူတို့သည် နှစ်ခြိုက်စွာအိပ်မောကျနေသည့်အလား မျက်လုံးစုံမှိတ်ကာ မည်သည့်စကားတစ်ခွန်းကိုမျှ မဆိုတော့ချေ။

ကောင်းကင်နှင့်မြေပြင်ခန်းမတစ်ခုလုံး အပ်ကျသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ဒီတစ်ကြိမ် နန်းတွင်းစာမေးပွဲရဲ့စစ်ဆေးမှုပုံစံကို မဟာဆရာသခင်ကိုယ်တိုင် စီစဥ်ခဲ့တာပဲ...တကယ်တော့ ဒါက အရင်စစ်ဆေးမှုပုံစံတွေထက် အများကြီး အဆင့်ပိုမြင့်တယ်...စာပေစာမေးပွဲပဲဖြစ်ဖြစ် တိုက်ခိုက်ရေးစာမေးပွဲပဲဖြစ်ဖြစ် နှစ်ခုလုံးမှာ အားနည်းချက်တွေရှိနေတယ်...ဒါကမှ သူတို့ရဲ့ ကြိုတင်သိမြင်နိုင်စွမ်းနဲ့အစစ်အမှန်လုပ်ဆောင်နိုင်မှုစွမ်းကို စစ်ဆေးတာပဲ"

ကျန်းရွှမ်စဲက သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်ကာ ချီးမွမ်းပြောဆိုလိုက်၏။

ဤဟွမ်လျန့်အိမ်မက်ကမ္ဘာကို သာမာန်နယ်မြေသခင်အဆင့်ကျင့်ကြံသူပင် ခင်းကျင်းနိုင်မည်မဟုတ်ချေ။

ဤဝင်္ကပါကို ခင်းကျင်းနိုင်သည့် တစ်ယောက်တည်းသောပုဂ္ဂိုလ်မှာ တာယွီအင်ပါယာ၏မဟာဆရာသခင်တစ်ယောက်ဖြစ်သည့် စာပေသူတော်စင်ကျန်းဟုန်ပင်။

သူ၏နံဘေးတွင် သမိုင်းဆိုင်ရာကျွမ်းကျင်သော အရာရှိတစ်ယောက်က မှော်မန္တန်များကိုရွတ်ဆိုကာ သူ့ရှေ့ရှိမြင်ကွင်းများကို စာရွက်တစ်ရွက်ပေါ်တွင် ခတ်နှိပ်ခဲ့ခြင်းဖြစ်သည်။

ဤမမျှော်လင့်ထားသော နန်းတွင်းစာမေးပွဲပုံစံသည် သမိုင်းအတွင်း၌ မှတ်တမ်းတင်ခံရမည့် ကိစ္စတစ်ရပ်ပင်။

Chapter 3045

လုယွီသည် သူ၏စိတ်ဝိညာဥ်မှစွမ်းအားကို ဝင်္ကပါအလံအတွင်းသို့ ထည့်သွင်းပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်မှမြင်ကွင်းများ သိသိသာသာ ပြောင်းလဲသွားသည်။

ကောင်းကင်နှင့်မြေပြင်ခန်းမအတွင်းရှိ အလွန်မြင့်မားသောနန်းဆောင်များ သူ၏အမြင်အာရုံအောက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကျိုးပဲ့ပြီးဟောင်းနွမ်းပျက်စီးနေသော ခန်းမတစ်ခုက အစားထိုးဝင်ရောက်လာသည်။

ထိုခန်းမကို အလင်းရောင်ရရှိစေရန် ထွန်းညှိထားသော ဖယောင်းတိုင်မီးတောက်များ ငြိမ်းသေသွားပြီဖြစ်ကာ ညလင်းပုလဲအနည်းငယ်မှထုတ်လွှက်ထားသည့် အေးစက်ပြီးအားပျော့သော အလင်းရောင်သာရှိနေသည်။

"လင်ကျိုးစီရင်စု..."

လုယွီက နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်လိုက်ရာ ခန်းမ၏ပြင်ပရှိ ကမ္ပည်းပြားပေါ်တွင်ရေးသားထားသော စာလုံးများကို ချက်ချင်းမြင်တွေ့လိုက်ရ၏။

မြောက်မြားစွာသောမှတ်ဥာဏ်များက သူ၏စိတ်အတွင်းသို့ တိုးဝင်လာပြီးနောက် လုယွီက ချက်ချင်းဆိုသလိုပင် သူ၏ယခုလက်ရှိ ရာထူးအဆင့်အတန်းကို နားလည်သဘောပေါက်သွားသည်။

ယခုလက်ရှိချိန်၌ သူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ လင်ကျိုးစီရင်စု၏ ပဉ္စမအဆင့်အရာရှိစီရင်စုသခင်ပင်။

"ဒါက ဟွမ်လျန့်အိမ်မက်ကမ္ဘာလား...ဒီရှေးဟောင်းဝင်္ကပါက တကယ့်ကိုပဲ အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တောင် ချိပ်ပိတ်ခံထားရပြီ"

လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်၏။သူ၏ခန္ဓာကိုယ်အတွင်းမှလာသော စွမ်းအားများကို သူ ခံစားမိသည်။ဤသည်က အစစ်အမှန်ဖြစ်ကာ အိမ်မက်တစ်ခုနှင့်မတူညီချေ။

သူသည် ယခုလက်ရှိချိန်၌ လောကီအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ဤသည်က စီရင်စုသခင်တစ်ယောက်တွင်ရှိရမည့် ကျင့်ကြံဆင့်နယ်ပယ်လည်း ဖြစ်ပေ၏။

လောကီအင်မော်တယ်နယ်ပယ်သည် လုယွီအတွက် ကြီးမားသောကိစ္စတစ်ရပ်မဟုတ်သော်လည်း ဤလင်ကျိုးစီရင်စုအတွင်းတွင်မူ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်သည်။

စီရင်စုများသည် တာယွီအင်ပါယာတော်ဝင်နန်းတွင်း၏ အခြေခံအကျဆုံးဖွဲ့စည်းပုံများပင်။မိုးကောင်းကင်မီးတောက်ကုန်းမြေတွင် မိုးကောင်းကင်မီးတောက်ရုံးတော်ရှိနေကာ ထိုနေရာတည်ရှိသော ကြယ်နယ်မြေပေါ်တွင်ကြယ်တာရာအိမ်တော် ရှိနေလေ၏။

ဤသည်က ကျောင်းတော်သားများအားလုံး ဤနေရာတွင် တစ်နှစ်တာလေ့ကျင့်ရမည်ဟု ဆိုလိုခြင်းပင်။သူတို့၏နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်နေပါစေ ဤနေရာတွင်ရရှိမည့်အတွေ့အကြုံများမှတဆင့် အကျိုးကျေးဇူးများစွာ ရရှိပေမည်။

ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် တော်ဝင်နန်းတွင်းသည် နန်းတွင်းစာမေးပွဲအတွက် အလွန်အားစိုက်ထားသည်မှာ သိသာထင်ရှားသည်။ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စစ်ဆေးမှုကြီးတစ်ခုကိုပင် တော်ဝင်နန်းတွင်းမှ ပြင်ဆင်ထားခဲ့သည်။

လုယွီသည် သူ၏ယခုလက်ရှိရာထူးအဆင့်အတန်းဖြင့် လိုက်လျောညီထွေဖြစ်အောင် တဖြည်းဖြည်း ပြုလုပ်ပြီးနောက် သူ၏စိတ်အတွင်းရှိ သတင်းအချက်အလက်များကို စစ်ဆေးလိုက်သည်။

လင်ကျိုးစီရင်စု၏စီရင်စုသခင်သည် ကျောင်းတော်သားတစ်ယောက်ဖြစ်သော်လည်း သူ၏အဆင့်မှာ အလွန်အမင်းနိမ့်ပါးသည်။သို့ရာတွင် သူသည် နန်းတွင်းစာမေးပွဲကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့် စီရင်စုသခင်ရာထူးကို ရရှိခဲ့လေ၏။

ထိုရာထူးအဆင့်အတန်း၏ကောင်းချီးပေးမှုကြောင့် လင်ကျိုးစီရင်စုသခင်၏ကျင့်ကြံမှုအရှိန်နှုန်းသည် ယခင်ထက် များစွာပို၍လျှင်မြန်လာကာ အကျိုးကျေးဇူးများစွာ ရရှိသွားသည်ဟု ယူဆနိုင်သည်။

သို့ရာတွင် မိုးကောင်းကင်မီးတောက်ကုန်းမြေတည်ရှိရာ ကြယ်နယ်မြေသည် အလွန်အမင်း ဝေးလံခေါင်သီသော ကြယ်နယ်မြေတစ်ခုပင်။ဤနေရာတွင် ကျင့်ကြံခြင်းအရင်းအမြစ်များ လွန်စွာရှားပါးကာ ပြင်ပနယ်မြေများနှင့်ထိစပ်နေသော နယ်စပ်တလျှောက်တွင်လည်း နယ်ခြားနတ်ဆိုးများက မကြာခဏကျူးကျော်ဝင်ရောက်နေသည်။

မူလ လင်ကျိုးစီရင်စုသခင်သည် တောင့်တင်းသောနောက်ခံအင်အားမရှိသည့်အပြင် အစွမ်းထက်သောခွန်အားလည်းမရှိချေ။သူ ဤနေရာ၌ နေထိုင်နေရခြင်းမှာ သူ၏ကျန်ရှိသောဘဝတသက်လုံးအတွက်ဖြစ်ပြီး ထပ်မံ၍ရာထူးတိုးရန် အကြောင်းကိစ္စလည်းမရှိပေ။

တာယွီအင်ပါယာတွင် စီရင်စုသခင်အမြောက်အများရှိလေရာ သူတို့အားလုံးအတွက် ထည့်သွင်းစဥ်းစားနေရန်မှာ မဖြစ်နိုင်ချေ။

လင်ကျိုးစီရင်စုသခင်သည် တာဝန်ယူကာစအချိန်တွင် လုပ်သင့်လုပ်ထိုက်သော ကိစ္စတချို့ကို လုပ်ဆောင်ခဲ့သည်။သူသည် နတ်ဆိုးများကို အပြစ်ပေးကာ လူကောင်းများကို မြေတောင်မြှောက်ပေးပြီး နတ်ဆိုးကျင့်ကြံသူများကို ဖမ်းဆီးခဲ့လေ၏။သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ သူ စိတ်ပျက်လက်ပျက် ဖြစ်သွားလေပြီ။ဤနေရာရှိ အခြေအနေသည် တော်ဝင်မြို့တော်နှင့် များစွာကွဲပြားခြားနားနေသည်။ဂိုဏ်းများက စီရင်စုအတွင်းရှိ နေရာဒေသများကို အခိုင်အမာ ထိန်းချုပ်ထားသည်။အကယ်၍ သူ မဆင်မခြင် လုပ်ဆောင်ပါက ထိုဂိုဏ်းများ၏ တားမြစ်ကန့်သတ်ခြင်းကို ခံရပေမည်။

ထို့ကြောင့် လင်ကျိုးစီရင်စုသခင်သည် စည်းမျဥ်းများကို လိုက်နာသည်ဆိုရုံမျှသာဆောင်ရွက်ပြီး သူ၏တာဝန်ကိုသာလုပ်ဆောင်ကာ စီရင်စုအတွင်းရှိဂိုဏ်းများကို မီးနှင့်ရေကဲ့သို့ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ခွင့်ပြုလိုက်သည်။

"အိမ်ရှေ့စံမင်းသားက ဒီနန်းတွင်းစာမေးပွဲမှာ ငါ့ကို အလွယ်တကူ အအောင်မပေးမှာ သေချာပေါက်ပဲ...သူ ကြိုတင်ပြီးစီစဥ်ထားတာ တစ်ခုခု ရှိနေရမယ်...ဒီဟွမ်လျန့်အိမ်မက်ကမ္ဘာက ပုံရိပ်ယောင်ကမ္ဘာသက်သက်ဆိုပေမယ့် တကယ့်ဖြစ်ရပ်မှန်တွေကို ပြန်ပြီးစီမံထားတာပဲ...လင်ကျိုးစီရင်စု...လင်ကျိုး..."

လုယွီသည် လင်ကျိုးစီရင်စုဟူသောစကားလုံးကို တီးတိုးရေရွတ်ပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။

တာယွီအင်ပါယာ၏နယ်မြေများအားလုံးမှ မှတ်တမ်းများသည် နေ့စဥ်နေ့တိုင်း ပင်လယ်သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်လေ၏။မည်သူကမျှ ဤနေရာငယ်လေးမှကိစ္စများကို ရည်ရွယ်ချက်ရှိရှိ အာရုံစူးစိုက်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များမှတဆင့် လင်ကျိုးစီရင်စုနှင့်ပတ်သတ်သော အကြောင်းအရာတစ်စိတ်တစ်ပိုင်းကို တွေ့ရှိမိသည်။

ဤသည်က နေရာတစ်ခုတွင်ဖြစ်ပွားသည့် ပုန်ကန်မှုတစ်ခုကို ဖော်ပြထားသော နန်းတွင်းညီလာခံဆွေးနွေးမှုတစ်ခုမှ မှတ်ဥာဏ်များပင်။

နယ်မြေခံနတ်ဆိုးကျင့်ကြံသူများသည် အနီးအနားရှိ စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းများကို လုယက်ရန်အလို့ငှာ အစောင့်တပ်များနှင့်ပူးပေါင်း၍ ပြောင်ပြောင်တင်းတင်း ပုန်ကန်ခဲ့ကြသည်။သူတို့သည် ဤနေရာတွင် စခန်းချနေထိုင်သော စစ်ဗိုလ်ချုပ်ကို သတ်ဖြတ်ခဲ့ရုံသာမက စီရင်စုသခင်ကိုလည်း ဖြုတ်ချခဲ့သည်။ထိုနတ်ဆိုးကျင့်ကြံသူများသည် နတ်ဆိုးနည်းလမ်းများကို အသုံးပြု၍ ယဇ်ပူဇော်ရန်အတွက် စီရင်စုအတွင်းရှိ သက်ရှိများအားလုံးကို သတ်ဖြတ်ခဲ့လေ၏။ဤသည်က အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော ကိစ္စတစ်ရပ်ပင်။

ထိုစီရင်စု၏အမည်မှာ လင်ကျိုးစီရင်စုပင်။

All Chapters