← Chapters

အခန်း (၃၀၇၁-၃၀၇၅)

Vol. 157 Ch. 3071-3075

အခန်း (၃၀၇၁-၃၀၇၅)

Vol. 157 Ch. 3071-3075

Chapter 3071

တာယွီတော်ဝင်စစ်တပ်တွင် မရေမတွက်နိုင်သော အဖိုးတန်ကျင့်ကြံနည်းစနစ်များနှင့် ရှားပါးသောမှော်ရတနာတချို့ရှိနေသော်လည်း ထိုအရာများကိုရရှိရန်အတွက် လုံလောက်သောတိုက်ပွဲအကျိုးဆောင်ရမှတ်ရှိရန် လိုအပ်သည်။

ဥပမာအနေဖြင့် အောက်ခြေအဆင့်စစ်သားများနှင့်လက်ထောက်တပ်မှူးအများစုထံတွင် တိုက်ပွဲအကျိုးဆောင်ရမှတ်များ ကင်းမဲ့နေသည်။သူတို့၏ကျင့်ကြံဆင့်အခြေခံများ အနည်းငယ်တိုးတက်လာသော်လည်း သူတို့ထံတွင် တိုက်ပွဲအကျိုးဆောင်ရမှတ်များမရှိသဖြင့် အဖိုးတန်ရှားပါးသော မှော်ရတနာများနှင့်ကျင့်ကြံနည်းစနစ်များကို ရယူနိုင်ခြင်းမရှိချေ။

အဆုံးသတ်၌ သူတို့သည် ရှေ့ဆက်၍ရာထူးအဆင့် မတိုးနိုင်တော့သဖြင့် သူတို့၏မျှော်လင့်ချက်များကို ဂိုဏ်းတချို့ကိုနှိမ်နင်းရာ၌ ရတနာတချို့ရရှိနိုင်ရန် အခွင့်အရေးပေါ်တွင်သာ ပုံအပ်ထားရတော့သည်။

ယခုချိန်တွင် အဖိုးတန်ရှားပါးသောအခွင့်အရေးသည် သူတို့၏ရှေ့သို့ ရောက်ရှိလာလေပြီ။

စစ်သားများ၏မျက်လုံးများ တောက်ပနေကာ သူတို့သည် စိတ်ဓာတ်အလွန်တက်ကြွနေကြ၏။

အန္တရာယ်များအကြားတွင် ကြီးမားသောအခွင့်အရေးကြီးရှိနေသည်။

သူတို့အတွက် ရှေ့သို့တိုးဝင်လာသော ပုန်ကန်သူများသည် အန္တရာယ်များသောရန်သူများမဟုတ်တော့ဘဲ ကြီးမားသောတိုက်ပွဲအကျိုးဆောင်ရမှတ်များ ဖြစ်နေလေပြီ။

ဝှစ်...ဝှစ်...ဝှစ်...

ထိုစစ်သားများအနက်မှအများစုသည် အခြေအနေကိုသဘောပေါက်သွားသဖြင့် စတင်၍လှုပ်ရှားလိုက်ကြသည်။မြို့ရိုးပေါ်မှနေ၍ မြှားများတစ်တန်းပြီးတစ်တန်း မိုးရွာသွန်းသကဲ့သို့ ကျရောက်လာပြီး အောက်ရှိ ပုန်ကန်သူများကို သတ်ဖြတ်လိုက်ကြ၏။

ပုန်ကန်သူစစ်တပ်သည် အလွန်လျှင်မြန်စွာ ချီတက်လာသော်လည်း မြို့ရိုး၏အနီးသို့ရောက်ရှိချိန်တွင် သူတို့၏လူများအနက်မှတစ်ထောင်ကျော်ခန့် ဆုံးရှုံးသွားရလေပြီ။

မြေပြင်ပေါ်တွင် အလောင်းများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။သူတို့အနက်မှတချို့၏ခန္ဓာကိုယ်များကို မြှားများထွင်းဖောက်သွားသော်လည်း သူတို့သည် သေဆုံးခြင်းမရှိသေးချေ။ထိုအစား သူတို့သည် မြေပြင်ပေါ်၌ လူးလိမ့်နေကာ သူတို့၏ဒဏ်ရာများကိုဆုပ်ကိုင်၍ နာကျင်မှုကြောင့် ညည်းတွားနေရသည်။

"အရှင်...သူတို့ ချီတက်လာတဲ့အရှိန်နှုန်းက အရမ်းမြန်တယ်...သူတို့က မြို့ရိုးနားကို ရောက်လာတော့မယ်"

လက်ထောက်အရာရှိတစ်ယောက်က နံဘေးမှနေ၍ လုယွီကို သတိပေးလေ၏။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ဘာမှမစိုးရိမ်ပါနဲ့.. ငါ အရင်ကတည်းက ပြင်ဆင်ထားပြီးပြီ"

လုယွီ၏ယုံကြည်ချက်အခိုင်အမာရှိနေမှုသည် မြို့ရိုးပေါ်ရှိ တခြားစစ်သားများကိုပါ သက်ရောက်သွားပုံရသည်။စစ်သားများသည် အနည်းငယ်စိတ်တည်ငြိမ်သွားကာ မြို့ရိုးပေါ်ရှိ တိုက်ပွဲအတွင်းသို့ ခုန်ဝင်လိုက်ကြသည်။

ပုန်ကန်သူစစ်သားများ မြို့ရိုးအနီးသို့ ရောက်ရှိလုဆဲဆဲအချိန်တွင် ရုတ်တရက် အနက်ရောင်အမြှောက်များက စောင့်ကြည့်မျှော်စင်၏နံဘေးရှိ ကောက်ရိုးပုံများအကြားမှထွက်လာသည်။

ကင်းထောက်ခြင်းအပြင် စောင့်ကြည့်မျှော်စင်များကို အချက်ပြမျှော်စင်များအဖြစ်လည်း အသုံးပြုသည်။ထို့ကြောင့် လောင်စာတချို့ကို စောင့်ကြည့်မျှော်စင်၏နံဘေး၌ စုပုံထားလေ၏။

ဤသည်မှာ မူလက သာမာန်ကောက်ရိုးပုံတစ်ပုံပင်။ထိုနေရာအတွင်းတွင် အမြှောက်များကိုသိုဝှက်ထားမည်ဟု မည်သူမျှမျှော်လင့်မထားမိချေ။

"သတ်စမ်း"

လုယွီ၏အေးစက်စက်အသံကို ကြားလိုက်ရပြီးနောက် အမြှောက်များအားလုံးမှနေ၍ ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ထိုစိတ်ဝိညာဥ်စွမ်းအားများသည် အမြှောက်များပေါ်တွင် စုဝေးနေသဖြင့် ညအမှောင်အတွင်း၌ တောက်ပနေသော မီးအိမ်များနှင့် တူညီနေသည်။

"စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေလား..."

ပုန်ကန်သူစစ်တပ်ထံမှနေ၍ ထိတ်လန့်တကြားရေရွတ်သံများ ထွက်ပေါ်လာသည်။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များသည် ပုန်ကန်သူများကိုနှိမ်နင်းရာတွင် စစ်တပ်မှအသုံးပြုသည့် အစွမ်းထက်ဆုံးလက်နက်ပင်။

အထူးသဖြင့် တိုက်ပွဲဝင်ဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များသည် အရာအားလုံးကိုချေမွှဖျက်စီးပစ်နိုင်သော မြေတူးစက်များနှင့်တူညီကာ ရှေ့ရှိအတားအဆီးများအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိသည်။

စိတ်ဝိညာဥ်စွမ်းအားများသည် အမြှောက်များ၏အမြှောက်ဆန်များပေါ်တွင် စုဝေးသွားပေ၏။ထို့နောက်မှနေ၍ ကျယ်လောင်သောတုန်ခါသံများ ဆက်တိုက်မြည်ဟီးသွားကာ မြို့ရိုး၏အရှေ့သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ဘုန်း...ဘုန်း...ဘုန်း...

ကောင်းကင်နှင့်မြေပြင်အကြားတွင် စိတ်ဝိညာဥ်ကျောက်တုံးပစ်ခတ်သည့် ကျယ်လောင်သောအသံများကသာ ပဲ့တင်ထပ်မြည်ဟီးနေသည်။

ရှေ့ဆုံးမှပြေးဝင်လာသော ပုန်ကန်သူစစ်သားများသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများအောက်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။မူလက မြို့ရိုးရှေ့၌ မားမားမတ်မတ်ရှိနေသော တိုက်ပွဲဝင်ဝင်္ကပါကြီးသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ဖိအားအောက်တွင် ချက်ချင်းပြန့်ကျဲသွားသည်။ထောင်သောင်းချီသော ပုန်ကန်သူစစ်သားများသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများအောက်တွင် ပြာကျသွားကြသည်။

သာမာန်အားဖြင့် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အလွန်အရေးကြီးသောအချိန်အခိုက်အတန့်မျိုးတွင်သာ အသုံးပြုသည်။

ဤသည်က အလွန်ပြင်းထန်သော လူသတ်လက်နက်ပင်။သို့ရာတွင် ထိုအရာကိုအသက်သွင်းလိုက်သည်နှင့် စိတ်ဝိညာဥ်အမြှောက်ကိုယ်တိုင်သည်လည်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားလေ၏။လုယွီသည် တိုက်ပွဲစစချင်းမှာပင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အသုံးပြုမည်ဟု ပုန်ကန်သူစစ်သားများက မျှော်လင့်မထားမိကြချေ။

ဘုန်း...ဘုန်း...ဘုန်း...

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို သုံးကြိမ်ခန့်ပစ်ခတ်ပြီးနောက် မြို့တံခါးကြီး၏ရှေ့တွင် သွေးပင်လယ်ကြီးဖြစ်သွားကာ ပုန်ကန်သူစစ်သားများ၏အလောင်းများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။အဝေးရှိပုန်ကန်သူစစ်သားများသည်လည်း ဖရိုဖရဲဖြစ်နေလေ၏။သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကြောင့် ထိတ်လန့်ကြောက်ရွံနေကြသည်မှာ သိသာထင်ရှားသည်။

Chapter 3072

"လင်ကျိုးစီရင်စုက ပြင်ဆင်မှုတွေလုပ်ထားတယ်...ငါတို့ရဲ့အစီအစဥ် ကျရှုံးသွားပြီ"

"သူတို့က စိတ်ဝိညာဥ်အမြှောက်တွေကိုတောင် ကြိုပြီးပြင်ဆင်ထားတယ်...ကြည့်ရတာတော့ လင်ကျိုးစီရင်စုက ငါတို့ရဲ့အစီအစဥ်တွေအားလုံးကို သိနေပုံပဲ"

"စက်ဆုပ်ဖို့ကောင်းလိုက်တာ...ငါတို့ကြားမှာ သူလျှိုတစ်ယောက်ယောက်တော့ရှိနေပြီ"

အဝေးရှိအမှောင်ထုကြီးအတွင်းတွင် နတ်ဘုရားစိတ်အာရုံတချို့က ခေါက်တုံ့ခေါက်ပြန်ကူးလူးနေကြကာ ရှေ့ဆက်လုပ်မည့်အစီအစဥ်ကို တိုင်ပင်နေကြ၏။

သို့သော် ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက မြို့ရိုးထိပ်မှ ထွက်ပေါ်လာသည်။

"မြို့တံခါးရှေ့မှာရှိတဲ့ ပုန်ကန်သူတွေအားလုံး နားထောင်ကြစမ်း...ငါတို့ရဲ့အရှင်က မင်းတို့ရဲ့ဆိုးသွမ်းယုတ်မာတဲ့အစီအစဥ်ကို သိထားပြီးပြီ...နေမဝင်ခင် မင်းတို့အားလုံး လင်ကျိုးစီရင်စုရှေ့ကနေ ထွက်သွားကြစမ်း...မဟုတ်ရင် မင်းတို့အားလုံး အကျိုးဆက်ကို ခံစားရမယ်...တော်ဝင်နန်းတွင်းကို ပုန်ကန်ဝံ့တဲ့အတွက် မင်းတို့က ဘေးဒုက္ခတွေကို ရင်ဆိုင်ရလိမ့်မယ်"

အဝေးရှိ အနက်ရောင်ဝတ်စုံဝတ်လူများ ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကြောင့် သူတို့၏လူအမြောက်အများ သေကြေပျက်စီးသွားစဥ်ကတည်းက သူတို့၏စိတ်ဓာတ်များ ကျဆင်းနေခဲ့သည်။သူတို့အနက်မှအများစုသည် နောက်သို့ပြန်လှည့်၍ ထွက်ပြေးရန် ဟန်ပြင်လိုက်ကြတော့သည်။

"ဟမ့်....ဆုတ်ခွာကြစမ်း"

အမှောင်ထုအတွင်းမှနေ၍ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။

အဝေးရှိအနက်ရောင်ဝတ်စုံဝတ်လူစုကြီးသည် ချက်ချင်းနောက်ဆုတ်လိုက်ကြသဖြင့် မြို့တံခါးရှေ့ရှိအခြေအနေ အနည်းငယ်လျော့ပါးသွားလေ၏။

ပုန်ကန်သူစစ်တပ်ကြီး ဆုတ်ခွာသွားသည်ကိုကြည့်ပြီး မြို့ရိုးပေါ်ရှိစစ်သားများသည် စိတ်သက်သာရာရသွားပုံဖြင့် တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်ကြသည်။

သူတို့သည် အပြည့်အဝပြင်ဆင်ထားခြင်း မရှိချေ။အကယ်၍ ပုန်ကန်သူစစ်သားများသည် မြို့ကိုအင်ပြည့်အားပြည့်တိုက်ခိုက်လာပါက သူတို့သည်လည်း ပြင်းထန်သောသေကြေပျက်စီးမှုများနှင့် ရင်ဆိုင်ရနိုင်သည်။

"အရှင်...ဒီတစ်ကြိမ်တော့ အရှင် ဥာဏ်ပညာကြီးမားစွာနဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့လို့ အဆင်ပြေသွားတယ်...မဟုတ်ရင် ကျွန်တော်တို့အားလုံး ဘယ်လိုသေရမယ်ဆိုတာ မသိနိုင်ဘူး"

လက်ထောက်အရာရှိက သူ၏နဖူးပေါ်ရှိ အေးစက်စက်ချွေးစေးများကိုသုတ်ကာ ပြောဆိုသည်။

သာမာန်အားဖြင့် နှစ်ကူးပွဲတော်အချိန်တွင် လင်ကျိုးစီရင်စု၏ခုခံကာကွယ်မှုများ အားပျော့နေသဖြင့် အင်အားအလွန်များပြားသော ပုန်ကန်သူစစ်တပ်ကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ချေ။

လုယွီအပေါ်ထားသော တခြားစစ်သားများ၏အမြင်သည်လည်း ပြောင်းလဲသွားပေ၏။

သာမာန်အားဖြင့် လင်ကျိုးစီရင်စုသခင်သည် စီရင်စုတစ်စုလုံးအတွင်း၌ လူအမြောက်အများ သတိပြုမိသော တည်ရှိမှုမျိုးမဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် မြို့ရိုးထိပ်၌မတ်တတ်ရပ်ကာ ပုန်ကန်သူများကို ပိတ်ဆို့ဟန့်တားခဲ့သည်။ထို့ကြောင့် လူတိုင်းသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အမာခံကျောရိုးတစ်ခုရသွားသကဲ့သို့ ခံစားလိုက်ရသည်။

လင်ကျိုးစီရင်စု၏စီရင်စုသခင်သည် သူတို့နှင့် ဘေးချင်းယှဥ်၍ တိုက်ခိုက်ခဲ့လေ၏။

"ရန်သူတွေက ခုထိ အဝေးကိုထွက်မသွားသေးဘူး...ငါတို့ သတိလျော့ပါးသွားလို့မဖြစ်ဘူး...ဒီနေ့ကနေစပြီးတော့ မြို့ရိုးတွေပေါ်မှာ စစ်သည်တွေက တစ်ချိန်လုံးစောင့်ကြပ်ရမယ်...စောင့်ကြည့်မျှော်စင်မှာတာဝန်ကျတဲ့ ကင်းထောက်တွေက ရန်သူတွေရဲ့လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းရမယ်"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

သူ့ရှေ့ရှိ နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ စုံစမ်းထောက်လှမ်းမှုအောက်တွင် အဝေးရှိပုန်ကန်သူစစ်သားများသည် ထွက်ခွာသွားကြခြင်းမရှိချေ။ထိုအစား သူတို့သည် စစ်စခန်းချ၍ နေရာယူထားကြ၏။

ထိုစစ်စခန်း၌ လွှင့်ထူထားသောအလံများသည် တာယွီတော်ဝင်စစ်တပ်၏အလံများမဟုတ်ဘဲ သွေးနတ်ဆိုးဂိုဏ်း၏သင်္ကေတပါရှိသော အလံများဖြစ်သည်။

"အရှင်...စီရင်စုရဲ့အနောက်ဘက်ခြမ်းက ကိစ္စတွေလည်း ဖြေရှင်းပြီးသွားပြီ...အရှင် မျှော်လင့်ထားသလိုပဲ ပုန်ကန်သူတွေက ပင်မတံခါး မကျိုးပျက်တာကိုမြင်တာနဲ့ ဘေးတံခါးကနေဝင်ဖို့ ပြင်ဆင်လာကြတယ်...ကံကောင်းချင်တော့ ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီ...အခု သူတို့အားလုံး ဆုတ်ခွာသွားကြပြီ...အခုချိန်မှာ လျှိုမင်က တိုက်ပွဲအခြေအနေကို ကွပ်ကွဲနေတယ်...ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ပုန်ကန်သူအယောက်သုံးထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့တယ်"

ချင်ယုက အပြေးအလွှားရောက်ရှိလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

သူသည် အစောင့်တပ်၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ လုယွီနှင့် ရာထူးအဆင့်တူညီသည်။

သို့ရာတွင် မသိစိတ်မှနေ၍ ချင်ယုသည် လုယွီ၏အမိန့်ကို နာခံနေမိကာ သူသည် လုယွီ၏လက်အောက်ငယ်သားကဲ့သို့ ဖြစ်လာသည်။

ဤသည်က လုယွီ ကြံစည်ခဲ့သော အစီအစဥ်ပင်။သူသည် ပုန်ကန်သူစစ်တပ် တိုက်ခိုက်မည့်အချိန်ကို ကြိုတင်သိရှိခဲ့သဖြင့် အစီအစဥ်များကို ပြုလုပ်နိုင်ခဲ့လေ၏။

ဤတစ်ကြိမ်တွင် ပုန်ကန်သူစစ်တပ်၏ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုသည် လုယွီကြောင့် လုံးလုံးလျားလျား ပျက်စီးသွားသည်ဟု ဆိုနိုင်ပေ၏။

"ချင်ယု...မင်းက ပင်မမြို့တံခါးကို စောင့်ကြပ်ပြီးတော့ ရန်သူတွေ ရှောင်တခင်ဝင်မတိုက်ခိုက်နိုင်အောင် ကာကွယ်ရမယ်"

လုယွီက မြို့တံခါး၏ရှေ့မှနေ၍ ခုခံကာကွယ်ရန် အမိန့်ပေးလိုက်သည်။

သူသည် ပုန်ကန်သူများ၏ ပထမဆုံးတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သဖြင့် ရန်သူများကို အတိုင်းအတာတစ်ခုထိ လက်ဦးမှုရယူနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လင်ကျိုးစီရင်စုသည် ယနေ့တွင် ပျက်စီးမသွားခဲ့သဖြင့် အတိတ်တွင် ဖြစ်ပျက်ခဲ့သောအရာများ များစွာပြောင်းလဲသွားလေပြီ။

နောက်ထပ်ဖြစ်လာမည့်ကိစ္စများသည် ယခင်က မဖြစ်ပျက်ခဲ့ဘူးသဖြင့် အပြောင်းအလဲများစွာ ရှိလာနိုင်သည်။

လုယွီသည် အရာအားလုံးအတွက် သူ့ကိုယ်သူသာ မှီခိုရပေမည်။

Chapter 3073

"တစ်ယောက်ယောက်...တောင်တန်းတုန်ဟီးခေါင်းလောင်းကို တီးခတ်လိုက်စမ်း"

လုယွီက သူ၏လက်ကိုဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။

ထိုအမိန့်ကိုပေးပြီးနောက် အချိန်တခဏကြာချိန်တွင် လင်ကျိုးစီရင်စု၏အမြင့်မားဆုံးမျှော်စင်မှနေ၍ သာယာနာပျော်ဖွယ်ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။

ဒေါင်...

ထိုခေါင်းလောင်းသံနှင့်အတူ စီရင်စုတစ်စုလုံးအတွင်းရှိ မူလကပျော်ရွှင်ဝမ်းမြောက်နေသော အငွေ့အသက်များ ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားသည်။မီးရှူးမီးပန်းပစ်ဖောက်သံများကိုလည်း ခေါင်းလောင်းသံက ဖုံးအုပ်သွားပုံရကာ မည်သည့်အသံတစ်သံမျှ ထွက်ပေါ်မလာတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုအတွင်းရှိ လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏အိမ်ပြတင်းပေါက်များမှနေ၍ ပြင်ပသို့ကြည့်လိုက်ကြ၏။

ခေါင်းလောင်းသံသည် လင်ကျိုးစီရင်စု၏အထက်ရှိ လေထုအတွင်း၌ ပဲ့တင်ထပ်နေကာ ရှေ့နောက်ရစ်ဝဲနေသည်။

အလွန်အမင်းအရေးကြီးသော အချိန်အခိုက်အတန့်မျိုးတွင်သာ တောင်တန်းတုန်ဟီးခေါင်းလောင်းသံကို ကြားရလေ့ရှိသည်။

လင်ကျိုးစီရင်စုသည် ဝေးလံခေါင်သီသောအရပ်တွင်တည်ရှိသဖြင့် အရေးပေါ်ကိစ္စမျိုးဖြစ်ပွားသည်မှာ လွန်စွာရှားပါးသည်။ဤနေရာသည် မူလကတည်းက ဖုန်းရွှေရတနာမြေမဟုတ်သောကြောင့် အင်အားစုကြီးများ၏မျက်စေ့ကျခြင်းကိုမခံရလေရာ တိုက်ခိုက်မှုကြီးကြီးမားမားမရှိချေ။ထို့ကြောင့် တောင်တန်းတုန်ဟီးခေါင်းလောင်း မမြည်ဟီးခဲ့သည်မှာ အချိန်ဆယ်နှစ်ကျော် ကြာမြင့်နေလေပြီ။

သို့ရာတွင် ယခုချိန်၌ ခေါင်းလောင်းသံသည် နှစ်ကူးပွဲတော်နေ့တွင် မြည်ဟီးလာပေ၏။

"တောင်တန်းတုန်ဟီးခေါင်းလောင်းကိုစောင့်ကြပ်တဲ့ အရာရှိ တစ်ခုခုဖြစ်နေလို့များလား"

"ဒါက အမှန်ပဲ...နှစ်ကူးပွဲတော်နေ့မှာ ဒီလိုခေါင်းလောင်းသံမျိုး ဘာလို့မြည်ဟီးနေတာလဲ...ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတာမျိုးလည်း မရှိဘူးမလား"

လင်ကျိုးစီရင်စုအတွင်းမှနေ၍ စောဒကတက်သံများ ထွက်ပေါ်လာသည်။မူလက လူအများစုသည် နှစ်ကူးပွဲတော်၏ပျော်ရွှင်မှုအတွင်းတွင် နစ်မြုပ်နေကြသော်လည်း ယခုလက်ရှိချိန်တွင် ခေါင်းလောင်းသံမြည်ဟီးလာသဖြင့် သူတို့၏ပျော်ရွှင်မှုများအားလုံး အပြည့်အဝပျက်ပြယ်သွားလေပြီ။

"လင်ကျိုးစီရင်စုထဲမှာရှိတဲ့ လူတွေအားလုံး...နားထောင်ကြစမ်း...အခုချိန်ကစပြီး လင်ကျိုးစီရင်စုက သတ်မှတ်ချိန်အတွင်းမှာအပြင်မထွက်ရတဲ့ အမိန့်အောက်ကိုရောက်သွားပြီ...ငါ့ရဲ့အမိန့်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ စီရင်စုထဲကလမ်းတွေပေါ်မှာ သွားလာခွင့်မရှိဘူး"

လုယွီ၏အသံသည် ချက်ချင်းဆိုသလိုပင် လင်ကျိုးစီရင်စု၏ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

ဤအချိန်ကျမှသာ လူအမြောက်အများ ရုတ်တရက် အသိဝင်လာကြပြီး ပြတင်းပေါက်၏ပြင်ပကို ကြည့်လိုက်ကြ၏။

ဤသည်က လင်ကျိုးစီရင်စု၏စီရင်စုသခင် ထုတ်ပြန်လိုက်သော အမိန့်ပင်။

လူတိုင်း၏စိတ်ကူးအာရုံအတွင်း၌ လင်ကျိုးစီရင်စုသခင်၏ပုံရိပ်သည် ဝိုးတဝါးသာရှိသည်။အဓိကကိစ္စကြီးများသာမရှိပါက လင်ကျိုးစီရင်စုသခင်ကို မြင်တွေ့ရသည်မှာ လွန်စွာရှားပါးသည်။

သို့ရာတွင် ဤတစ်ကြိမ်၌ လင်ကျိုးစီရင်စုသခင်သည် တားမြစ်အမိန့်ကို ထုတ်ပြန်လိုက်၏။ဤသည်က လူတိုင်းမျှော်လင့်ထားသော အရာမျိုးမဟုတ်ချေ။

"သူ ဘာလုပ်ဖို့ စီစဥ်နေတာလဲ"

"ငါလည်းမသိဘူး...ငါတို့ စောင့်ကြည့်ကြတာပေါ့"

လင်ကျိုးစီရင်စုအတွင်းရှိ အစွမ်းထက်ကျင့်ကြံသူတချို့သည် နတ်ဘုရားစိတ်အာရုံများဖြင့် အချင်းချင်းဆက်သွယ်ပြောဆိုနေကြသော်လည်း သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ လင်ကျိုးစီရင်စုသခင်သည် လောကီအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံသာမက ဤနယ်မြေအတွင်းတွင် အဆင့်မြင့်ဆုံးအရာရှိတစ်ယောက်လည်းဖြစ်သည်။သူ တားမြစ်အမိန့်ထုတ်ပြန်လိုက်သဖြင့် လူတိုင်းလိုက်နာရပေမည်။

"ဒါ့ပြင် မြို့ပြင်မှာပုန်ကန်သူတွေရှိနေတယ်...ပုန်ကန်သူတွေ မြို့ထဲဝင်လာမှာကို တားဆီးနိုင်ဖို့အတွက် မြို့တံခါးတွေနဲ့ကူးပြောင်းရေးဝင်္ကပါကို ချိပ်ပိတ်ထားမယ်...တားမြစ်အမိန့် မပယ်ဖျက်သရွေ့ ဘယ်သူကိုမှ မြို့ကနေဝင်ထွက်ခွင့်မပြုဘူး"

ရုတ်ချည်းဆိုသလိုပင် လုယွီက ထပ်မံ၍ပြောဆိုလိုက်ရာ သူ၏အသံသည် မြို့တစ်မြို့လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

လင်ကျိုးစီရင်စုသည် လူဦးရေအနည်းဆုံးတစ်သန်းခန့်ရှိသော မြို့ကြီးတစ်မြို့ပင်။လင်ကျိုးစီရင်စုအတွင်းတွင် ယာယီနေထိုင်ရန်ရောက်ရှိနေသော လူအမြောက်အများရှိနေပြီး သူတို့သည် နှစ်ကူးပွဲတော်ပြီးနောက် မြို့အတွင်းမှ ထွက်ခွာသွားလိုကြ၏။

ထို့ပြင် လုပ်ငန်းကိစ္စများဆောင်ရွက်နေသော လူတချို့ရှိနေကာ သူတို့၏ကုန်ပစ္စည်းများကို ပတ်ဝန်းကျင်နေသများသို့သွားရောက်ဝယ်ယူ၍ ဖြည့်တင်းရန်လိုအပ်သည်။နှစ်ကူးပွဲတော်အတွင်း၌ပင် သူတို့သည် အနားယူခြင်းမရှိချေ။အကယ်၍ တစ်ရက်အနားယူလိုက်လျှင် သူတို့၏ကုန်ပစ္စည်းများ ပြတ်လပ်သွားပါက သူတို့အတွက် ငွေကြေးများဆုံးရှုံးသွားနိုင်သည်။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လုယွီသည် ကူးပြောင်းရေးဝင်္ကပါကို ချိပ်ပိတ်လိုက်ခြင်းပင်။

အစွမ်းထက်သောအင်အားစုတချို့သည် ကူးပြောင်းရေးဝင်္ကပါကို ထိန်းချုပ်ထားပေ၏။သာမာန်အခြေအနေမျိုးတွင် လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကူးပြောင်းရေးဝင်္ကပါကိုအသုံးပြုရန် လိုအပ်သည်။

ထိုအရာကို တစ်ကြိမ်ချိပ်ပိတ်လိုက်သည်နှင့် ထိုအင်အားစုများ၏ဝင်ငွေများ လျော့ပါးသွားပေမည်။

"ပုန်ကန်သူတွေက မြို့ပြင်မှာ ထွက်ပေါ်လာတာလား...ဒါက ဘယ်အချိန်တုန်းက ဖြစ်ပျက်သွားတာလဲ...ဘယ်လိုလူမျိုးတွေက တော်ဝင်နန်းတွင်းကို ဆန့်ကျင်ပြီးတော့ စီရင်စုတစ်စုကို တိုက်ခိုက်ဝံ့တာလဲ"

"ခုဏက မြို့ပြင်ကနေ ကျယ်လောင်တဲ့ဆူညံသံတွေထွက်လာတာကို ကြားလိုက်ရတယ်...ဖြစ်နိုင်တာတော့ သူတို့က လှုပ်ရှားလို့ပြီးသွားတာများလား"

အစွမ်းထက်ကျင့်ကြံသူတချို့၏ နတ်ဘုရားစိတ်အာရုံများက မြို့ရိုး၏နံဘေးသို့ ကျရောက်သွားသည်။

သို့ရာတွင် မြို့တံခါးရှိ မဟာအကာအကွယ်ဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းထားပြီးလေပြီ။သူတို့၏နတ်ဘုရားစိတ်အာရုံများသည် အများဆုံးအနေဖြင့် မြို့ရိုးထံသို့သာရောက်နိုင်ကာ ပြင်ပသို့အာရုံခံနိုင်ခြင်းမရှိချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူတို့သည် မြို့ပြင်ရှိမြင်ကွင်းတချို့ကို မြင်တွေ့နေရဆဲပင်။

သူတို့၏မျက်စိတဆုံးအကွာအဝေးရှိ မြေပြင်ပေါ်တွင် ယာယီတဲများ အမြောက်အများရှိနေသည်။ကောင်းကင်ယံရှိ လေထုအတွင်း၌ ကြီးမားသောစစ်သင်္ဘော ဆယ်စင်းကျော် မျောလွင့်နေကာ ဧရာမနတ်ဆိုးသားရဲကြီးများက လေထုအတွင်း၌ပျံသန်း၍ ကျယ်လောင်စွာ အဆက်မပြတ် ဟိန်းဟောက်နေကြ၏။

Chapter 3074

အစွမ်းထက်ကျင့်ကြံသူများသည် မြို့ပြင်ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် ငြိမ်အတိကျသွားသည်။

ဤကဲ့သို့ကိစ္စမျိုး မဖြစ်ပွားခဲ့သည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သူတို့ မသိရှိချေ။

ယခုချိန်၌ တာယွီအင်ပါယာသည် စည်ပင်သာယာဝပြောခြင်း၏အထွတ်အထိပ်အခြေအနေ၌ရှိနေကာ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။ဤကဲ့သို့အချိန်မျိုးတွင် အခွင့်ကောင်းယူ၍ ပုနါကန်ဝံ့သူများ ရှိနေအုံးမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

သို့ရာတွင် ထိုအစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သည်။အကယ်၍ စီရင်စုအတွင်း၌ သတင်းပေးများရှိမနေပါက ပြင်ပရှိပုန်ကန်သူများသည် စီရင်စုကို ဝင်ရောက်တိုက်ခိုက်ရန် သတ္တိရှိမည်မဟုတ်ပေ။

"အပြင်မှာရှိတဲ့အလံတွေက သွေးနတ်ဆိုးဂိုဏ်းရဲ့အလံ မဟုတ်လား"

"ဒါက သွေးနတ်ဆိုးဂိုဏ်းပဲ...သူတို့ရဲ့ရိုင်းစိုင်းတဲ့ရည်ရွယ်ချက်တွေ နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီ...ခုလတ်တလောနှစ်တွေမှာ သွေးနတ်ဆိုးဂိုဏ်းက ဂိုဏ်းတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ငါ ကြားထားတယ်...သူတို့က မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ နံပါတ်တစ်ဂိုဏ်းဆိုတဲ့နေရာကိုလိုချင်လို့ အဲ့ဒီလိုမျိုးတွေ လုပ်ခဲ့တယ်လို့ ငါ အရင်ကတွေးထင်ခဲ့တယ်...ကြည့်ရတာတော့ ဒါက ငါတို့တွေးထင်ထားသလောက် ရိုးရှင်းတဲ့ကိစ္စ ဟုတ်ပုံမရဘူး"

အစွမ်းထက်ကျင့်ကြံသူတချို့သည် အခြေအနေကိုသုံးသပ်ကာ ငြိမ်သက်နေကြသော်လည်း မြို့အတွင်းရှိ အင်အားစုငယ်တချို့သည် ဆူဆူပူပူလုပ်နေကြ၏။

"မင်းတို့ပြောတာ ဘာတွေမှန်နေလို့ မြို့တံခါးကိုချိပ်ပိတ်ထားတာလဲ...ဖွင့်ပေးစမ်း...ငါတို့ အပြင်ကိုထွက်ရမယ်"

"ဒါကအမှန်ပဲ...ဒီကိစ္စက မင်းတို့တော်ဝင်နန်းတွင်းက လက်အောက်ခံတွေရဲ့ အတွင်းရေးပြဿနာလေ...ငါတို့နဲ့ ဘာမှမဆိုင်ဘူး...မြန်မြန် မြို့တံခါးကို ဖွင့်ပေးစမ်း"

ဂိုဏ်းငယ်လေးတချို့၏ဂိုဏ်းခေါင်းဆောင်များသည် ထကြွသောင်းကျန်းကာ ဆူပူအော်ဟစ်နေကြသည်။

သူတို့သည် တော်ဝင်နန်းတွင်း၏အမိန့်အောက်တွင် နေနေရသော်လည်း စီရင်စုရုံးတော်ကို အနည်းငယ်မျှပင် အလေးမစိုက်ချေ။

ကျင့်ကြံခြင်းဂိုဏ်းအများစုသည် သူတို့၏ထုံးတမ်းစဥ်လာများကို အလယ်ခေတ်အတွင်းမှစတင်၍ ထိန်းသိမ်းခဲ့ကြသည်။ခွန်အားသည်သာ အရာရာကိုဆုံးဖြတ်ပေးနိုင်သည်ဟု သူတို့အားလုံး ယုံကြည်လက်ခံထားကာ ကျင့်ကြံသူများသည် အချုပ်အချာကင်းမဲ့စွာဖြင့် လွတ်လပ်စွာနေထိုင်လိုပြီး လောကီဥပဒေစည်းမျဥ်းများဖြင့် ဘောင်ခတ်ထားခြင်းကို မခံယူလိုကြချေ။

ထို့ကြောင့် နှစ်စဥ်နှစ်တိုင်း စီရင်စု၏အကျဥ်းထောင်အတွင်းတွင် လူအမြောက်အများ ဖမ်းဆီးအကျဥ်းချခြင်းခံရကာ ပြည့်သိပ်နေသည်။

ဤတစ်ကြိမ်တွင် ဂိုဏ်းခေါင်းဆောင်တချို့ ထကြွလာခြင်းမှာ သူတို့ထံ၌ လူအင်အားအမြောက်အများရှိနေခြင်းကြောင့်ပင်။ထို့ပြင် မြို့ပြင်၌ ကြီးမားသောပုန်ကန်သူစစ်တပ်ကြီးရှိနေသည်။မြို့အတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်ခြင်းကို ကာကွယ်ဟန့်တားနိုင်ရန်အလို့ငှာ စီရင်စုသခင်သည် အလွန်အကျွံလုပ်ဝံ့မည်မဟုတ်ချေ။

"စီရင်စုသခင်ကို ဒီလိုစကားမျိုးပြောဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးလိုက်တာလဲ...မင်းတို့က သေလမ်းရှာနေကြတာလား"

ထိုအချိန်မှာပင် ကျယ်လောင်သော ဒေါသတကြီးအော်ငေါက်သံတစ်သံက ညအမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။

ထို့နောက် ကြီးကျယ်ခမ်းနားသော ဓားချီတစ်လှိုင်းက မြို့၏ထောင့်တစ်နေရာမှ ပျံသန်းလာကာ အစောပိုင်းက စကားပြောဆိုခဲ့သော ဂိုဏ်းခေါင်းဆောင်၏အိမ်တော်သို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေ၏။

"အား....ဓားသခင်ချင်းမူ..."

ထိုဂိုဏ်းခေါင်းဆောင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားသည်။သူတို့သည် တော်ဝင်နန်းတွင်းကို မကြောက်ရွံသော်လည်း ဓားသခင်ချင်းမူကဲ့သို့ သူတို့ထက်ဝါစဥ်ကြီးသော ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုမူ အတိုင်းအတာတစ်ခုထိ ထိတ်လန့်ကြောက်ရွံနေဆဲပင်။

"ဓားသခင်ချင်းမူ...ခုဏကကိစ္စက နားလည်မှုလွဲသွားတာပါ"

ထိုဂိုဏ်းခေါင်းဆောင်ငယ်သည် ထိတ်လန့်ကြောက်ရွံသွားကာ စတင်၍ အသနားခံတောင်းပန်လိုက်၏။

အစိမ်းရောင်ဓားချီတစ်လှိုင်းက လေထုအတွင်း၌ ထွက်ပေါ်လာသည်။

ဓားသခင်ချင်းမူသည် ထိုဂိုဏ်းခေါင်းဆောင်၏တောင်းပန်မှုကို လျစ်လျှူရှုကာ သူ၏ဓားချီဖြင့် ဆက်လက်၍တိုက်ခိုက်လေသည်။

တည်ငြိမ်နေသောရေမျက်နှာပြင်ပေါ်သို့ ဧရာမလှိုင်းလုံးကြီးတစ်လုံး မြင့်တက်လာသည့်အလား ထောင်နှင့်ချီသောဓားချီများ ချက်ချင်းပွင့်အံ့ထွက်လာသည်။ထိုဂိုဏ်းခေါင်းဆောင်သည်ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ ဓားသခင်ချင်းမူ၏ဓားချီဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

ဝှစ်...ဝှစ်...ဝှစ်...

ဓားချီလှိုင်းများ ဖြတ်သန်းလာပြီးနောက် ဂိုဏ်းခေါင်းဆောင်၏ခေါင်းကို ထွင်းဖောက်သွားသဖြင့် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

ပင့်သက်ရှိုက်သံများက ပတ်ဝန်းကျင်နေရာတဝိုက်မှ ထွက်ပေါ်လာသည်။ထိုဂိုဏ်းမှ ဂိုဏ်းသားများသည် အပြေးအလွှားထွက်လာကြပြီးနောက် သူတို့ဂိုဏ်းခေါင်းဆောင်၏အလောင်း မြေပြင်ပေါ်တွင်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။သူတို့သည် အချိန်တခဏခန့် နေရာမှာပင် ကြက်သေသေသွားကြတော့သည်။

"ဟမ့်...သူရဲဘောကြောင်တဲ့ကောင်တစ်သိုက်ကများ..."

ဓားသခင်ချင်းမူ၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းက တော်ဝင်နန်းတွင်းရဲ့အမိန့်ကိုဖီဆန်ခဲ့တယ်...အခုချိန်မှာ အဲ့ဒီဂိုဏ်းတစ်ဂိုဏ်းလုံး ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ...စီရင်စုသခင်ရဲ့အမိန့်ကိုမနာခံတဲ့ ဘယ်သူမဆို ငါ့ကိုဆန့်ကျင်တာပဲ...ပြီးတော့ ဒါက ရလဒ်ပဲ"

Chapter 3075

ဓားသခင်ချင်းမူသည် လင်ကျိုးစီရင်စုအတွင်းရှိ အစွမ်းထက်ဆုံး ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက်ပင်။သူ စကားပြောဆိုလိုက်သည်နှင့် မြို့အတွင်းရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့ရာတွင် အင်အားစုအများစုသည် အတွင်းကြိတ်၍ မုန်တိုင်းထန်နေကြ၏။

ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း ပျက်စီးသွားလေပြီ။

လင်ကျိုးစီရင်စုအတွင်းတွင် ထိပ်သီးဂိုဏ်းနှစ်ဂိုဏ်းဖြစ်သော သစ်သားစိမ်းဓားဂိုဏ်းနှင့်ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းတို့သည် မီးနှင့်ရေကဲ့သို့ဆန့်ကျင်ဘက်ဖြစ်နေကာ နှစ်ဖက်စလုံးရှိအင်အားများသည် အခြေခံအားဖြင့် တူညီပေ၏။သူတို့အကြားတွင် အနိုင်ရမှုများနှင့်ရှုံးနိမ့်မှုများ ရှိသော်လည်း တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ်သားသားချေမှုန်းနိုင်ခြင်းမရှိချေ။

နှစ်ဖက်စလုံးသည် မည်သည့်ကိစ္စမျိုးရှိနေပါစေ တခြားတစ်ဖက်ကို အပြည့်အဝဖျက်ဆီး၍မရသည်အား ကောင်းစွာသိနားလည်ထားကြသည်။မည်သို့ပင်ဆိုစေကာမူ စီရင်စုတစ်စုအတွင်းတွင် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ အုပ်စိုးမည့်ကိစ္စကို တော်ဝင်နန်းတွင်းမှ ခွင့်ပြုမည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း အဆုံးသတ်သွားလေပြီ။

ဓားသခင်ချင်းမူ၏လှုပ်ရှားမှုများမှတဆင့် အတွေးတစ်စက လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ ထွက်ပေါ်လာသည်။

ဓားသခင်ချင်းမူသည် အမှန်တကယ်ကိုပင် တော်ဝင်နန်းတွင်းနှင့် ပူးပေါင်းလိုက်သလော...

"ဓားသခင်ချင်းမူလို စီနီယာဂိုဏ်းခေါင်းဆောင်တစ်ယောက်က တော်ဝင်နန်းတွင်းရဲ့ခွေးတစ်ကောင်ဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"လင်ကျိုးစီရင်စုသခင်က အရင်က သူ့ရဲ့ခွန်အားကို တစ်ခါမှ ထုတ်ဖော်မပြခဲ့ဘူး...သူက သူ့ရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက နောက်ကွယ်မှာ ဝှက်ဖဲတွေရှိနေခဲ့တာပဲ"

ဂိုဏ်းများမှလူတချို့သည် ချက်ချင်းဆိုသလိုပင် သတိကြီးစွာထားလိုက်ကြကာ ထပ်မံ၍ စကားမပြောဆိုဝံ့တော့ချေ။

မည်သို့ပင်ဆိုစေကာမူ သွေးထွက်သံယိုမြင်ကွင်းတစ်ခုသည် အစောပိုင်းကမှ သူတို့၏မျက်လုံးများရှေ့တွင် ဖြစ်ပွားသွားလေ၏။

"ဘာပဲဖြစ်ဖြစ် စီရင်စုသခင် လုပ်တာမှန်တယ်...ရန်သူက ငါတို့ရဲ့ရှေ့ကိုရောက်နေပြီ..ငါတို့က တက်စွမ်းသလောက် စီရင်စုသခင်ကို ထောက်ပံပေးရမယ်...ငါတို့ရဲ့ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းက စစ်သားတွေကိုဆုချီးမြှင့်တဲ့အနေနဲ့ အင်မော်တယ်ကျောက်တုံးသန်းနှစ်ရာကို လှူဒါန်းမယ်"

ကျယ်လောင်သောအသံတစ်သံက မြို့၏တစ်နေရာမှ ထွက်ပေါ်လာသည်။

ထိုအသံပိုင်ရှင်သည် နီမြန်းသောမျက်နှာရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူသည် ဝဖြိုးပြီး သူ၏လက်အတွင်း၌ ကျောက်စိမ်းခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားကာ အပြုံးနှင့်ပြောဆိုသည်။

ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်း၏တာဝန်ခံဖြစ်သော ထိုလူလတ်ပိုင်းကြီးသည် အလွန်ချမ်းသာကြွယ်ဝပေ၏။

သူ၏ခွန်အားသည် သန်မာအားကောင်းခြင်းမရှိသော်လည်း သူသည် စီရင်စုတစ်စုလုံး၌ ချမ်းသာကြွယ်ဝဆုံးလူတစ်ယောက်ပင်။

ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းသည် စီရင်စုအတွင်းရှိ အရွယ်အစားမျိုးစုံရှိသော ဆိုင်အမြောက်အများကို ထိန်းချုပ်ထားသည်။သူတို့၏လုပ်ငန်းများသည် မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေသည်ဟု ဆိုနိုင်သည်။

ဤသည်က အမျှော်အမြင်ကြီးမားသော အရည်အချင်းတစ်မျိုးပင်။သူ၏ကိုယ်ပိုင်ခွန်အားသည် အစွမ်းထက်ခြင်းမရှိသော်လည်း မြောက်မြားစွာသောအစွမ်းထက်ကျင့်ကြံသူများက သူ၏နံဘေးပတ်လည်တွင် ကာကွယ်ပေးနေသည်။

ငွေကြေးသည် နတ်ဘုရားများနှင့်နတ်ဆိုးများအပါအဝင် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်ပေ၏။ဤသည်က ထာဝရတည်ရှိသော အမှန်တရားပင်။

"ချမ်ဝမ်ကျွင်းက တကယ့်ကို အပေးအကမ်းရက်ရောတဲ့သူပဲ...သူက ဒီလောက်များပြားတဲ့ ငွေပမာဏကိုတောင် ထုတ်ပေးနေတယ်"

"ရှူး...မင်း အသံတိုးတိုးပြောစမ်း...သူကလည်း တော်ဝင်နန်းတွင်းရဲ့သူလျှို ဖြစ်နေနိုင်တယ်...သူတောင် ဒီလောက်ပမာဏထိ ထုတ်ပေးနေမှတော့ ငါတို့ကလည်း ကြိုတင်ပြင်ဆင်ထားတာမရှိရင်တောင် ထုတ်ပေးရလိမ့်မယ်"

"ငါတို့ အခြေအနေကိုသေချာစောင့်ကြည့်ပြီးတော့ ပြင်ဆင်ထားတာ ပိုကောင်းမယ်"

မြို့ရိုးထိပ်တွင် မတ်တတ်ရပ်နေသော လုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူ၏ နဂိုမူလအစီအစဥ်အရ ဤအချိန်သည် ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်း၏တာဝန်ခံကို ရှင်းထုတ်ရမည့်အချိန်ပင်။

သို့ရာတွင် ချမ်ဝမ်ကျွင်းသည် အခြေအနေကိုအကဲခတ်တက်သူတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ဓားသခင်ချင်းမူသည် လုယွီထံ၌ အညံ့ခံလိုက်သည်ကို သူ မြင်တွေ့မိချိန်တွင် မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို သူ သိရှိသွားလေပြီ။မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ချမ်ဝမ်ကျွင်းသည် တော်ဝင်နန်းတွင်းဘက်သို့ ကူးပြောင်းလိုက်၏။

ဤသည်က လုယွီထံတွင် လူသိရှင်ကြား အညံ့ခံခြင်းပင်။

အကယ်၍ ယခုလက်ရှိချိန်တွင် လုယွီသည် သူ့အား ရှင်းထုတ်လိုက်ပါက လင်ကျိုးစီရင်စုအတွင်းမှလူများအားလုံး တုန်လှုပ်ချောက်ချားသွားပေမည်။ထိုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိလာပါက မည်သူကမျှ တော်ဝင်နန်းတွင်းနှင့် ပူးပေါင်းဝံ့တော့မည်မဟုတ်ချေ။

ဤသည်က ပွင့်ပွင့်လင်းလင်း ကြံစည်ခြင်းဖြစ်ကာ လုယွီကို ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းခြင်းဖြစ်သည်။

"တာဝန်ခံချမ် အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ...မင်း စီရင်စုရုံးတော်ကို လာခဲ့ပါအုံး...ငါ မင်းကို တချို့ကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ မေးမြန်းစရာရှိနေတယ်"

လုယွီ၏အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။

ချင်ဝမ်ကျွင်းသည် စကားမပြောဆိုမီ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေလေ၏။

"အရှင့်ကို ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ငါက အခုမှ ငါ့ရဲ့ဝေဒနာဟောင်းကနေ သက်သာလာရုံပဲရှိသေးတာ...ငါ အားပြန်ပြည့်ဖို့ အချိန်လိုအပ်နေတုန်းပဲ...အရှင်က နေ့တိုင်း ကိစ္စတွေအများကြီးကို စီမံခန့်ခွဲနေရတာ...ငါက အနှောက်အယှက် မပေးတော့ပါဘူး"

"ဒါက ပြဿနာမရှိပါဘူး...လင်ကျိုးစီရင်စုရုံးတော်မှာ ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာအရာရှိတွေရှိနေတယ်...တာဝန်ခံချမ်ရဲ့ဝေဒနာကို သူတို့ဆီ ပြလို့ရတယ်...တာဝန်ခံချမ် မင်းက ငါ့ကို မျက်နှာသာမပေးချင်တာလား"

All Chapters