← Chapters

အခန်း (၃၀၇၆-၃၀၈၀)

Vol. 157 Ch. 3076-3080

အခန်း (၃၀၇၆-၃၀၈၀)

Vol. 157 Ch. 3076-3080

Chapter 3076

သူတို့နှစ်ယောက်၏ကြားမှ စကားပြောဆိုနေမှုသည် လေထုကိုဖြတ်သန်းနေသဖြင့် မြို့တစ်မြို့လုံးရှိ လူများအားလုံး ကြားနေရသည်။

ယခုလက်ရှိချိန်တွက် မည်သူမည်ဝါဖြစ်နေပါစေ သူ၏အသက်ရှုနှုန်းကို ထိန်းသိမ်း၍ သူတို့နှစ်ယောက်ကြားရှိ စကားအသွားအလာကိုနားထောင်ကာ ပြင်ပ၌မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ခန့်မှန်းနိုင်ရန် ကြိုးစားနေကြ၏။

"ကောင်းပြီလေ...စီရင်စုသခင်က ငါ့ကို ဖိတ်ခေါ်နေမှတော့ ငါ ငြင်းဆန်နေရင် မယဥ်ကျေးရာကျမယ်"

ချမ်ဝမ်ကျွင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

သူတို့နှစ်ယောက်ကြားရှိ စကားပြောဆိုနေမှု ဤနေရာအရောက်တွင် အဆုံးသတ်သွားတော့သည်။

မကြာမီမှာပင် လင်ကျိုးစီရင်စုအတွင်းရှိ လမ်းများပေါ်၌ သံချပ်ကာဝတ်စစ်သားများသည် သူတို့၏ဓားများကိုကိုင်ဆောင်၍ ခေါက်တုံ့ခေါက်ပြန်ကင်းလှည့်နေသည်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။

စာရေးတစ်ယောက်သည် မောင်းကိုတီးခတ်၍ လင်ကျိုးစီရင်စုအတွင်းရှိ ထောင့်တစ်နေရာတိုင်း၌ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို လိုက်လံ၍ကြေငြာမောင်းခတ်လေသည်။

ထိုစစ်သားများ၏လက်အတွင်းရှိ ဓားများတွင် သွေးစသွေးနများ စွန်းထင်းနေသည်ကို လူအမြောက်အများက မြင်တွေ့လိုက်ရသဖြင့် ဤသည်က ရယ်စရာလုပ်နေခြင်းမဟုတ်ကြောင်း သူတို့အားလုံး သိရှိသွားကြ၏။

လင်ကျိုးစီရင်စုအတွင်း၌ တားမြစ်မိန့်တစ်ခုကို အမှန်တကယ်ကိုပင် ထုတ်ပြန်လိုက်လေပြီ။

"လင်ကျိုးစီရင်စုသခင်ရဲ့လှုပ်ရှားမှုတွေက တော်တော်လေး လျှင်မြန်တာပဲ...သူ ဘာဆက်လုပ်မလဲဆိုတာ ဆက်ကြည့်ကြစို့"

"ဘယ်လိုပဲဖြစ်ဖြစ်...ဒါက တော်ဝင်နန်းတွင်းရဲ့အတွင်းရေးပဋိပက္ခလေ...ငါတို့နဲ့ဘာမှမဆိုင်ဘူး....တကယ်လို့ စီရင်စုရုံးတော်ဘက်က ရှုံးနိမ့်သွားရင်တောင် ငါတို့ကိုယ်ငါတို့ ဂရုစိုက်နေလို့ရတယ်...ငါတို့က တောင်ပေါ်မှာထိုင်ပြီးတော့ ကျားတွေတိုက်ခိုက်တာကို ကြည့်နေဖို့ပဲလိုအပ်တယ်"

....

ပထမလ၏ပထမဆုံးရက် မနက်စောစောအချိန်၌...

လင်ကျိုးစီရင်စုရုံးတော်အတွင်းရှိ အဆောက်အအုံတိုင်း လင်းလက်တောက်ပနေဆဲပင်။

အရာရှိများသည် အမိန့်ကိုလက်ခံရရှိပြီးသည့် နေ့မှစတင်၍ သူတို့၏လက်ရှိတာဝန်ဝတ္တရားများကို ရပ်ဆိုင်းကာ တိုက်ပွဲအတွက် ပြင်ဆင်ရန် စီရင်စုရုံးတော်၌ စုဝေးနေကြသည်။

လင်ကျိုးစီရင်စုရုံးတော်တစ်ခုလုံးသည် အလွန်လျှင်မြန်စွာ လည်ပတ်နေသော စက်တစ်လုံးနှင့်တူညီသည်။ယခုလက်ရှိချိန်တွင် စီရင်စုသခင်ပေးအပ်သောတာဝန်များကို စတင်၍လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေလေပြီ။

"စီရင်စုသခင်...မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလို့ ငါ ကြားခဲ့ပေမယ့် မင်းကိုလာပြီးဂုဏ်ပြုပေးဖို့ ငါ အချိန်မရခဲ့ဘူး...ခုလိုကိစ္စမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်လို့လည်း ငါ မျှော်လင့်မထားမိဘူး...ဟူး..."

ချမ်ဝမ်ကျွင်းက စီရင်စုရုံးတော်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာကာ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသည်။

သူသည် လင်ကျိုးစီရင်စုအတွင်း၌ နာမည်ဂုဏ်သတင်း အလွန်အမင်းမြင့်မားသူပင်။စီရင်စုရုံးတော်အတွင်းရှိ အရာရှိများပင်လျှင် ချမ်ဝမ်ကျွင်းနှင့် လုပ်ငန်းချင်းပတ်သတ်ဆက်နွယ်မှုများ ရှိနေလေ၏။ထိုအရာရှိများသည် ချမ်ဝမ်ကျွင်းကိုမြင်တွေ့ချိန်တွင် အပြုံးနှင့်နှုတ်ဆက်လိုက်ကြသည်။

"တာဝန်ခံချမ်....မင်း ရောက်လာတာလား....မြန်မြန်လေး ထိုင်ခုံတစ်လုံးယူလာပေးကြစမ်း"

လင်ကျိုးစီရင်စု၏တရားသူကြီးက ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် တရားရုံးစာရေးနှစ်ယောက်က ထိုင်ခုံတစ်လုံးကိုသယ်ဆောင်လာကာ ချမ်ဝမ်ကျွင်း၏နောက်၌ ချထားလိုက်၏။

ခန်းမအတွင်းရှိလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့သော်လည်း မည်သည့်ကန့်ကွက်သံမျိုးမျှ ထွက်မလာချေ။

ထိုထိုင်ခုံအပြင် တရားရုံးစာရေးများသည် လဖက်ရည်ကိုပါ တည်ခင်းဧည့်ခံကာ အထူးဧည့်သည်တော်တစ်ယောက်ကို ဆက်ဆံသည့်အလား ပြုမူဆောင်ရွက်လိုက်ကြသည်။

"ဟီး ဟီး...သွေးနတ်ဆိုးဂိုဏ်းရဲ့ပုန်ကန်မှုအကြောင်းကိုပြောရရင် ငါ အရင်ကတည်းက ဒီကိစ္စကို ကြားထားပြီးပြီ...အဲ့ဒီကောင်တွေက အရမ်းခေါင်းမာတယ်...သူတို့က ရေတွင်းထဲမှာထိုင်နေပြီးတော့ မိုးကောင်းကင်ယံကိုမော့ကြည့်နေတဲ့ ဖားတွေလိုပဲ...လှည့်စားမှုတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့က တစ်ချိန်လုံးတွေးတောနေကြတာ...အရှင်...ငါတို့က မိုးကောင်းကင်မီးတောက်ကုန်းမြေကနေ စစ်ကူအမြန်ဆုံးတောင်းခံသင့်တယ်...စစ်ကူတွေရောက်လာတာနဲ့ အဲ့ဒီကောင်တွေ ရှုံးနိမ့်သွားမှာပဲ"

ချမ်ဝမ်ကျွင်းသည် ထိုင်ခုံပေါ်၌ထိုင်ကာ သူ၏လက်ဖြင့် လဖက်ရည်ခွက်ကိုကိုင်၍ စတင်၍တစ်ငုံငုံလိုက်၏။

"မင်းကို ဘယ်သူက ထိုင်ခိုင်းလို့လဲ...မတ်တတ်ထရပ်စမ်း"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအော်သံကြောင့် ခန်းမအတွင်းရှိလူများအားလုံး ကြက်သေသေသွားသည်။အရာရှိများမှနေ၍ စာရေးများအထိ သူတို့အားလုံးသည် နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကာ သူတို့အားလုံးက ကြောင်စီစီမျက်လုံးများဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။

ချမ်ဝမ်ကျွင်း၏လက် တုန်ရီသွားကာ သူ၏လက်အတွင်းရှိလဖက်ရည်ခွက် ချက်ချင်းကွဲကြေသွားပြီး သူ၏အင်္ကျီလက်များကို စွန်းထင်းသွားတော့သည်။

နံဘေးဘက်တွင်ရှိနေသော တရားသူကြီးက မျက်မှောင်ကြုတ်လိုက်သည်။

"စီရင်စုသခင်....တာဝန်ခံချမ်က တော်ဝင်နန်းတွင်းကို ထောက်ပံ့ပေးနေတဲ့သူတစ်ယောက်ပါ...နောက်ဆုံးတစ်ကြိမ်တုန်းက စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းတွေ တည်ဆောက်နေရင်းနဲ့ ငွေကြေးပြတ်လပ်သွားခဲ့တယ်...ဒါကို တာဝန်ခံချမ်ကပဲ ရံပုံငွေထုတ်ပေးခဲ့တာ...ဒီတစ်ကြိမ်မှာ ရန်သူတွေက မြို့ပြင်ကနေ ငါတို့ကိုဝိုင်းရံထားတယ်...တာဝန်ခံချမ်က ဖြောင့်မတ်မှန်ကန်စွာ ပြုမူဆောင်ရွက်ခဲ့တယ်...သူက ငါတို့လင်ကျိုးစီရင်စုရုံးတော်ရဲ့ လေးစားရတဲ့ဧည့်သည်တော်တစ်ယောက်ပဲ...ဒါကြောင့် ငါတို့က သူ့ကို လေးလေးစားစား ဆက်ဆံနေတာ...စီရင်စုသခင်က ဘာသဘောလဲ"

လုယွီ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိဘဲ သူက ပြောဆိုသည်။

"တော်ဝင်နန်းတွင်းကို ထောက်ပံ့ပေးတာနဲ့ပဲ သူ့ကိုလေးစားရတဲ့ဧည့်သည်တော်တစ်ယောက်လို့ သတ်မှတ်ပြီး သူ့ကိုထိုင်ခွင့်ပြုရမှာလား"

Chapter 3077

တရားသူကြီးက တုံ့ပြန်ပြောဆိုသည်။

"လေးစားရတဲ့ဧည့်သည်တော်တွေကို ရုံးတော်တွေထဲမှာ ထိုင်ခုံနဲ့ထိုင်ခွင့်ပြုတာကို တော်ဝင်နန်းတွင်းကနေ တားမြစ်မထားဘူး"

"အော်...ဒါက ငါ သူ့ကို မထိုင်စေချင်တာသက်သက်ပဲ"

လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လေသည်။

"လာကြစမ်း...အဲ့ဒီထိုင်ခုံကို ဖယ်လိုက်ကြစမ်း"

ချမ်ဝမ်ကျွင်း၏မျက်နှာပေါ်ရှိအပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူက အေးစက်တင်းမာသောအမူအယာဖြင့် မတ်တတ်ထရပ်လိုက်၏။

"စီရင်စုသခင်က ငါ့ကို ဒီနေရာဆီဆင့်ခေါ်တာ ငါ့ကို အရှက်ခွဲချင်လို့လား...မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး"

"ငါ မင်းကို ဆင့်ခေါ်တာ ကိစ္စတချို့ဆွေးနွေးစရာရှိနေလို့ပဲ...ဒါပေမယ့် အခုချိန်မှာတော့ မင်း ဘေးကိုဖယ်ပြီးတော့ ရပ်စောင့်နေစမ်း"

လုယွီက သာမာန်ကာလျှံကာလေသံဖြင့် ချမ်ဝမ်ကျွင်းကို နံဘေး၌ မတ်တတ်ရပ်ခိုင်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် စာရေးနှစ်ယောက်ရောက်လာကာ ချမ်ဝမ်ကျွင်း ရှိနေသည့်နေရာမှ စားပွဲနှင့်ထိုင်ခုံကို ဖယ်ရှားလေသည်။

ဒေါသအရိပ်အယောင်များက ချမ်ဝမ်ကျွင်း၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

လင်ကျိုးစီရင်စု၏ချမ်းသာကြွယ်ဝဆုံးသူတစ်ယောက်ဖြစ်သဖြင့် အရာရှိအများစုသည် သူ့ထံမှ အကျိုးအမြတ်များကို လက်ခံထားကြလေ၏။သူ စီရင်စုရုံးတော်သို့ ရောက်လာသည့်အချိန်တိုင်း အထူးဧည့်သည်တော်တစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းခံရသည်။

သို့ရာတွင် ယနေ့၌ ချွင်းချက်တစ်ခု ဖြစ်ပွားသွားလေပြီ။

သူ့ရှေ့ရှိ စီရင်စုသခင်သည် သူ့အား အနည်းငယ်မျှပင် မျက်နှာသာပေးမည့်ပုံမရသည့်အပြင် သူ့အား အရှက်တကွဲဖြစ်စေခဲ့သည်။

"ဒါဆိုရင် စီရင်စုသခင်က ကျေးဇူးရှင်တစ်ယောက်ကို ဒီလိုမျိုးဆက်ဆံတာလား...ငါ နားလည်သွားပြီ...ငါ အပြင်ကိုရောက်တာနဲ့ လူတိုင်းသိစေရမယ်...ဒါက ငါ တော်ဝင်နန်းတွင်းကို အဆက်မပြတ်ထောက်ပံ့ခဲ့တာရဲ့ ရလဒ်ဆိုတာ"

ချမ်ဝမ်ကျွင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

လက်ရှိနေရာရှိ အရာရှိအများစု၏မျက်နှာများပေါ်တွင် စိတ်မကြည်မသာဖြစ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ချမ်ဝမ်ကျွင်း သူတို့အားပေးအပ်သော အကျိုးအမြတ်များကို တိတ်တဆိတ်ရယူထားခဲ့သည်။အကယ်၍ လုယွီကသာ ချမ်ဝမ်ကျွင်းကို မျက်နှာသာမပေးပါက နောင်အနာဂတ်တွင် သူတို့ရရှိမည့် အကျိုးအမြတ်များ များစွာလျော့ကျသွားနိုင်သည်။

တရားသူကြီးက ဒေါသထွက်နေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။

"စီရင်စုသခင်...မင်းက တံခါးပိတ်ကျင့်ကြံရာကထွက်လာတာ မကြာသေးဘူးဆိုတာ ငါ သိတယ်...ဒါပေမယ့် မင်း သိထားရမှာက....မင်းရဲ့အခွင့်အာဏာနဲ့ လုပ်ဆောင်လို့မရတဲ့ကိစ္စတွေ ရှိနေတယ်ဆိုတာပဲ...အခု မြို့ပြင်မှာ အင်အားကောင်းတဲ့ ရန်သူတွေရှိနေတယ်...ငါတို့က မြို့ထဲမှာရှိတဲ့အင်အားစုတွေနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားသင့်တယ်...မင်း တာဝန်ခံချမ်ကို ရန်စစော်ကားလိုက်တာက လင်ကျိုးစီရင်စုအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး"

"အမှန်ပဲ...စီရင်စုသခင်...မင်း တာဝန်ခံချမ်ကို တောင်းပန်သင့်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက တံခါးပိတ်ကျင့်ကြံရာကနေ မကြာခင်ကမှထွက်လာတာ...မင်း သွေးဆူလွယ်တာကို ငါတို့ နားလည်ပေးနိုင်တယ်"

တာဝန်ခံချမ်သည် ပတ်ဝန်းကျင်ရှိအရာရှိများ ပြောဆိုနေသောစကားများကို ကြားချိန်တွင် သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရရှိသွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

သူသည် ကိုယ်တိုင်ကိုယ်ကျ အသနားခံတောင်းပန်ခြင်းမရှိသော်လည်း စီရင်စုရုံးတော်မှအရာရှိများသည် သူ့အတွက် စကားပြောဆိုပေးနေကြ၏။

ဤသည်က ငွေကြေးမှ ယူဆောင်လာသောစွမ်းအားပင်။

ဤစွမ်းအားမျိုးကို သာမာန်လူများ မည်သို့မျှ တွေ့ကြုံဖူးမည်မဟုတ်ချေ။

ဘန်း...

လုယွီက သတိပေးသစ်သားတုံးကို တစ်ချက်ဆောင့်ချကာ ပတ်ဝန်းကျင်ရှိလူများကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။

"ဘာလဲ...မင်းတို့အားလုံးက သူနဲ့အတူ မတ်တတ်ရပ်ချင်လို့လား"

အစွမ်းထက်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အားလှိုင်းတစ်ရပ်က ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

လုယွီကို ငြင်းဆန်စကားပြောဆိုရန် ဟန်ပြင်နေကြသော အရာရှိများ၏စကားလုံးများသည် သူတို့၏ပါးစပ်ဖျားများတွင်သာ တစ်ဆို့နေပြီး မပြောဆိုဝံ့ကြတော့ချေ။

ဤသည်က သူတို့ ယခင်ထိတွေ့ဆက်ဆံနေသော စီရင်စုသခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

သူတို့ရှေ့ရှိ စီရင်စုသခင်သည် တခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။စီရင်စုသခင်၏အရှိန်အဝါတွင် ထိပ်တန်းအခွင့်အာဏာမျိုးနှင့် ပြည့်နှက်နေပေ၏။လုယွီ၏နံဘေး၌ သူတို့ မတ်တတ်ရပ်နေရသည်မှာ အချိန်အတော်ကြာ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သော စီနီယာအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်ရသည်နှင့် တူညီနေသည်။

လုယွီသည် ယခုလက်ရှိနေရာတွင်ရှိနေသော အရာရှိများကို ဝေ့ဝိုက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"ပုန်ကန်သူစစ်သားကို ဒီနေရာ ခေါ်လာခဲ့ကြစမ်း"

ချွင်...ချွင်...

ခန်းမ၏ပြင်ပမှနေ၍ သံကြိုးများနှင့်မြေပြင် ပွတ်တိုက်မိသောအသံများ ထွက်ပေါ်လာသည်။

လူတစ်ယောက်သည် တုန်တုန်ရီရီဖြင့် ခန်းမအတွင်းသို့ဝင်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် သွေးများပေကျံနေသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအများစုကို လိမ်းဆေးများလိမ်းထားခြင်းကြောင့် သွေးထွက်နေမှုရပ်တန့်သွားသော်လည်း တချို့ဒဏ်ရာများမှ သွေးများယိုစီးကျနေဆဲပင်။

သူ၏လက်နှင့်ခြေထောက်ကို လေးလံသောသံကြိုးကြီးများဖြင့် ချည်နှောင်ထားသည်။ထိုသံကြိုးများကို ပြင်ပလေဟာနယ်ရှိ သံနက်ဖြင့်ပြုလုပ်ထားရုံသာမက ထိုအရာများပေါ်တွင် တားမြစ်အဆောင်လက်ဖွဲ့များ ကပ်ထားသည်။ထိုသံကြိုးကြီးများဖြင့် ချည်နှောင်ခံရသော မည်သူမဆို သူ၏မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။

Chapter 3078

ထိုပုန်ကန်သူ၏နောက်၌ ရုံးတော်အစောင့်များက သူတို့၏ဓားရှည်များကို ကိုင်ဆောင်၍ မတ်တတ်ရပ်နေကြသည်။

ပုန်ကန်သူသည် တစ်ခုခုလှုပ်ရှားသည်နှင့် ထိုအစောင့်များက သူ့ကို ချက်ချင်းဖိနှိပ်ပေလိမ့်မည်။

"အရှင်...ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုအောက်မှာ ဒီလူက သူ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်ပြောဆိုခဲ့တယ်...သူက မိုးကောင်းကင်မီးတောက်ကုန်းမြေအစောင့်တပ်က မဟာစစ်ဗိုလ်ချုပ်ရဲ့သီးသန့်စစ်စခန်းက ထောင်စုမှူးတွေထဲကတစ်ယောက်ပဲ...သူက အထက်အမိန့်ကို ရရှိခဲ့တယ်...သူတို့က ညအချိန်မှာ လင်ကျိုးစီရင်စုကို ခြုံခိုတိုက်ခိုက်ဖို့ စီစဥ်ထားတယ်...ဒါက အထက်ကနေ သူရထားတဲ့ အစီအစဥ်တစ်ခုလုံးပဲ"

ရာဇဝတ်မှုရေးရာဌာနမှခေါင်းဆောင်ဖြစ်သူက ရှေ့သို့တိုးလာကာ ပုန်ကန်သူအား စစ်ဆေးရရှိသည့် ဖြောင့်ချက်မှတ်တမ်းကို လုယွီ၏စားပွဲပေါ်သို့ တင်ပေးလေသည်။

"သူက မိုးကောင်းကင်မီးတောက်ကုန်းမြေ အစောင့်တပ်က စစ်ဗိုလ်ချုပ်တစ်ယောက်လား...သူက တကယ်ကြီး ငါတို့ကို သစ္စာဖောက်ခဲ့တာလား"

"အုပ်ချုပ်ရေးရုံးတော်ရဲ့အစောင့်တပ်က စစ်ဗိုလ်ချုပ်ကတောင် ပုန်ကန်တယ်ဆိုမှတော့...ဒါက ငါတို့ကို စစ်ကူပေးမယ့်သူမရှိဘူးလို့ ဆိုလိုတာမဟုတ်လား"

လက်ရှိနေရာတွင်ရှိနေသော အရာရှိအများစု၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

မိုးကောင်းကင်မီးတောက်ကုန်းမြေတွင် အစွမ်းထက်ဆုံးအင်အားစုသည် မဟာစစ်ဗိုလ်ချုပ်၏အစောင့်တပ်ပင်။

အကယ်၍ သူသာ ပုန်ကန်ပါက လင်ကျိုးစီရင်စုအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ မြေကမ္ဘာအင်မော်တယ် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

လုယွီသည် ထိုဖြောင့်ချက်မှတ်တမ်းကို တစ်ချက်ကြည့်ပြီးနောက် သူ မှတ်မိထားသည်နှင့် တစ်ထပ်တည်းတူညီနေသည်ကို တွေ့မြင်မိလေ၏။ထိုလူများသည် မြို့တံခါးအနီး၌ ရုတ်ရုတ်သဲသဲဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖန်တီးကာ မြို့အတွင်းရှိအစွမ်းထက်ကျင့်ကြံသူများ ပြင်ပသို့ထွက်လာစေရန် ဆွဲဆောင်ပေမည်။ထို့နောက် သူတို့သည် နောက်ကွယ်မှနေ၍ လူတချို့ကို တိတ်တဆိတ်လှုပ်ရှားစေကာ အခွင့်ကောင်းရှာ၍ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ဖျက်ဆီးကြပေမည်။

ကံအကြောင်းမလှစွာဖြင့် သူတို့၏လှုပ်ရှားမှုများသည် လုယွီ၏အစီအစဥ်များအောက်တွင် မအောင်မြင်ခဲ့ချေ။

"မိုးကောင်းကင်မီးတောက်ကုန်းမြေ မဟာစစ်ဗိုလ်ချုပ်က တော်ဝင်နန်းတွင်းကို ဆန့်ကျင်ပြီး ပုန်ကန်ချင်တာလား...မင်းတို့က သေလမ်းရှာနေကြတာပဲ"

လုယွီ၏အေးစက်စက်အသံက ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ပုန်ကန်သူခေါင်းဆောင်က သူ၏ခေါင်းကိုမော့၍ သရော်တော်တော် ပြောဆိုသည်။

"ဒီနေ့ ငါက မင်းတို့ရဲ့လက်ထဲကိုရောက်နေတယ်...မင်းတို့ ငါ့ကို သတ်မလား နှိပ်စက်ညှင်းပန်းမလားဆိုတာ မင်းတို့ရဲ့သဘောပဲ...ငါက မဟာစစ်ဗိုလ်ချုပ်ရဲ့နောက်ကိုလိုက်ပြီးမှတော့ ငါ သေသွားရင်တောင် သူ့အပေါ်မှာ သစ္စာစောင့်သိရမယ်...စကားတွေထပ်ပြောနေလည်း အသုံးဝင်မှာမဟုတ်ဘူး...ဒါပေမယ့် ငါ မင်းတို့ကို သတိပေးလိုက်မယ်...ငါတို့ရဲ့မဟာစစ်ဗိုလ်ချုပ်ကိုယ်တိုင်ရောက်လာရင် မင်းတို့ တောင်ခံနိုင်မှာမဟုတ်ဘူး...မင်းတို့က မဖြစ်သင်တဲ့ပြဿနာတွေကို ရှောင်ရှားဖို့အတွက် မြို့တံခါးကိုဖွင့်ပြီးတော့ အမြန်ဆုံးအညံခံလိုက်တာ ပိုကောင်းမယ်လို့ ငါ မင်းတို့ကို အကြံပေးချင်တယ်"

မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် လူတိုင်း၏စိတ်နှလုံးသားများထံသို့ သက်ရောက်လာသည်။

ဤသည်က မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

အကယ်၍ ထိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သာ ပုန်ကန်မှုအတွင်း၌ ပါဝင်ပတ်သက်နေပါက လင်ကျိုးစီရင်စု၏နောက်ဆုံးရလဒ်သည် ပျက်စီးသွားခြင်းသာဖြစ်နိုင်သည်။

နံဘေးတစ်ဖက်တွင်ရှိနေသော တရားသူကြီးက ပြောဆိုသည်။

"ငါ့အထင်တော့ သူ ပြောတာမှန်တယ်...စီရင်စုသခင်...ငါတို့မှာ မြို့ကိုကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုပေမယ့်...ငါတို့က လက်ရှိအခြေအနေကို ထည့်သွင်းစဥ်းစားရမယ်...မြို့ထဲမှာရှိတဲ့စစ်သားဦးရေက မြို့ပြင်မှာရှိတဲ့ပုန်ကန်သူတွေကို တိုက်ခိုက်ဖို့မလုံလောက်ဘူး...ဒါက ကြက်ဥနဲ့ကျောက်ဆောင်ဖို့ ပစ်ပေါက်တာနဲ့ ဘာမှကွဲပြားခြားနားမှာမဟုတ်ဘူး...အဆုံးသတ်တော့ ငါတို့ကိုယ်တိုင်ပဲ ပျက်စီးသွားလိမ့်မယ်...မြို့တံခါးကိုဖွင့်ပြီးတော့ စောစောစီးစီး အညံ့ခံလိုက်တာက မြို့ထဲမှာ စစ်မီးတောက်လောင်မယ့်ဘေးကနေ ရှောင်ရှားနိုင်လိမ့်မယ်"

နံဘေးဘက်တွင်ရှိနေသော အရာရှိငယ်များကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြ၏။

"ငါ့ကိုပြောစမ်း...တာယွီရဲ့ဥပဒေတွေထဲမှာ ဘာတွေရေးသားထားလဲဆိုတာ မင်း မေ့သွားတာလား"

လုယွီက အေးစက်စက်အကြည့်ဖြင့် တရားသူကြီးကိုကြည့်ကာ ခက်ထန်တင်းမာစွာ ပြောဆိုသည်။

တရားသူကြီး၏နှုတ်ခမ်းများ မသိမသာတုန်ရီသွားသည်။သူသည် လုယွီ၏မျက်လုံးအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံမိလေ၏။

တာယွီ၏ဥပဒေအရ စီရင်စုအဆင့်ရှိမြို့တစ်မြို့ကို ဝိုင်းရံတိုက်ခိုက်ခြင်းခံရပါက စီရင်စု၏အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံး သေဆုံးသည်အထိ မြို့ကိုခုခံကာကွယ်ရန် တာဝန်ယူရပေမည်။

ဤသည်က ဥပဒေအတွင်း၌ ထည့်သွင်းရေးသားထားခြင်းဖြစ်ကာ တာယွီအင်ပါယာ၏အရာရှိများအားလုံး လိုက်နာစောင့်ထိန်းရသည်။

တရားသူကြီးသည် အရှက်ခွဲခံလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားကာ အော်ဟစ်လိုက်၏။

"ဒါက အခြေအနေပေါ် မူတည်တယ်...မဟာစစ်ဗိုလ်ချုပ်တောင် ပုန်ကန်နေတဲ့အချိန်မှာ....မင်းက လင်ကျိုးကို ကာကွယ်နိုင်မှာလား...တရားသူကြီးတစ်ယောက်ဖြစ်တဲ့ ငါက မင်းရဲ့အမိန့်တွေကို ငြင်းဆန်ခွင့်ရှိတယ်...အခုချိန်မှာ မင်း ဘာပြောပြော အရမ်းနောက်ကျသွားပြီ"

လင်ကျိုးစီရင်စု၏လက်ထောက်စီရင်စုသခင်ဖြစ်သော တရားသူကြီးသည် စီရင်စုသခင်၏အမိန့်များကို ငြင်းပယ်ခွင့်ရှိရုံသာမက တစ်ချိန်တည်းမှာပင် စီရင်စုသခင်ကို စောင့်ကြည့်ရသည့်တာဝန်ကိုလည်း ယူထားရသည်။

လုယွီက တရားသူကြီးကိုစောင်းငဲ့ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်း ခုခံကာကွယ်ဖို့မလုပ်ချင်ဘူးဆိုရင် ထွက်သွားစမ်း...ဘယ်သူကမှ မင်းကို ဖိအားမပေးဘူး"

ထို့နောက် လုယွီက ခန်းမအတွင်းရှိလူတိုင်းကို ဝေ့ဝိုက်ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုလေ၏။

"ငါက မြို့နဲ့အတူ ရှင်သန်ဖို့ ဒါမှမဟုတ် သေဆုံးဖို့ကို ရွေးချယ်ပြီးပြီ...ဒါပေမယ့် ငါ မင်းတို့ကို ဖိအားမပေးဘူး...မြို့ကိုကာကွယ်ဖို့ ဆန္ဒရှိတဲ့သူတွေက ဒီနေရာမှာ ဆက်နေနိုင်တယ်...ဆန္ဒမရှိတဲ့သူတွေကတော့ ထွက်သွားကြစမ်း"

Chapter 3079

"ကောင်းတယ်...ကောင်းတယ်...ကြည့်ရတာတော့ စီရင်စုသခင်က ဒီနေရာကို လူတစ်ယောက်ရဲ့စကားကိုပဲ အတည်ပြုတဲ့ခန်းမအနေနဲ့ ပြောင်းလဲမယ့်ပုံပဲ...ဒါဆိုရင် ငါက ရာထူးကအနားယူတယ်"

တရားသူကြီးသည် လုယွီ၏ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံရသဖြင့် သူက သရော်တော်တော်ပြောဆိုကာ သူ၏ခေါင်းပေါ်ရှိ အနက်ရောင်ခေါင်းဆောင်းကိုချွတ်၍ ထွက်ခွာသွားတော့သည်။

တရားသူကြီး၏နံဘေးရှိ အရာရှိငယ်တချို့ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားကြ၏။

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် စီရင်စုရုံးတော်အတွင်းမှ လူတစ်ဝက်နီးပါး ထွက်ခွာသွားကာ ရှင်းလင်းသွားလေပြီ။

တခြားသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကြက်သေသေနေကြကာ မည်ကဲ့သို့ပြောဆိုရမည်ကို မသိကြတော့ချေ။

ရန်သူသည် သူတို့ရှေ့၌ရောက်ရှိနေစဥ်တွင် လင်ကျိုးစီရင်စု၏ အဆင့်မြင့်ဆုံးအရာရှိနှင့် ဒုတိယအဆင့်မြင့်ဆုံးအရာရှိတို့အကြားတွင် ပဋိပက္ခများ ဖြစ်နေကြသည်။

လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ မည်သူ၏စကားကို လိုက်နာရမည်မှန်း မသိတော့ချေ။

"ထွက်သွားချင်တဲ့သူ ကျန်သေးလား"

လုယွီ၏အသံသည် လင်ကျိုးစီရင်စုရုံးတော်၏အထက် လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထိုအသံကိုကြားရသော အရာရှိများအားလုံးသည် ခမ်းနားတောက်ပသော မိုးကောင်းကင်တေးသံကို ကြားလိုက်ရသည့်အလား နားအူမှုကို ခံစားလိုက်ရသည်။

လုယွီသည် တရားသူကြီးကို ယဥ်ယဥ်ကျေးကျေး မဆက်ဆံရသည့်အကြောင်းအရင်းမှာ ထိုနှစ်တွင်ဖြစ်ခဲ့သောကိစ္စများကို ရှင်းရှင်းလင်းလင်းသိနေသောကြောင့်ပင်။

နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူစစ်တပ် မြို့အတွင်းသို့ ဝင်ရောက်လာစဥ်တွင် တရားသူကြီးသည် ချက်ချင်းကူးပြောင်းခိုလှုံကာ သွေးနတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။သူသည် သွေးနတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ စိတ်ဝိညာဥ်အမှတ်အသားကိုပင် သူ့အားခတ်နှိပ်စေပြီး သွေးနတ်ဆိုးဂိုဏ်း၏သစ္စာရှိနောက်လိုက်ခွေးများအနက်မှ တစ်ကောင်ဖြစ်လာသည်။

ဤကဲ့သို့လူစားမျိုးထံတွင် ကြိုတင်စီစဥ်ထားသော အကြံအစည်များရှိနေနိုင်သည်။အကယ်၍ တရားသူကြီးသည် ယခုချိန်၌ ထွက်မသွားလျှင်ပင် လုယွီက သူ့အားရှင်းထုတ်ရန် ရည်ရွယ်ထားပြီးလေပြီ။

လုယွီက အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်၏။

"တာယွီရဲ့ဥပဒေအရ...ပုန်ကန်တဲ့ ဘယ်သူမဆို ချွင်းချက်မရှိ အသတ်ခံရမယ်...သူတို့အားလုံးကို သတ်ကြစမ်း"

"ဟုတ်ကဲ့"

နံဘေးဘက်တွင်ရှိနေသော အစောင့်စစ်သားသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိချေ။သူ၏ဓားကိုမြှောက်ကာ အောက်သို့ခုတ်ပိုင်းပြီး သူ့ရှေ့ရှိ ပုန်ကန်သူခေါင်းဆောင်ကို သတ်ဖြတ်လိုက်တော့သည်။ရုတ်ချည်းဆိုသလိုပင် သွေးများက ပုန်ကန်သူခေါင်းဆောင်၏ခန္ဓာကိုယ်မှနေ၍ မြေပြင်ပေါ်သို့ ယိုစီးကျသွားလေ၏။လူတိုင်း၏မျက်နှာအမူအယာ မသိမသာ ပြောင်းလဲသွားသည်။

ဤသည်က မဟာစစ်ဗိုလ်ချုပ်၏ကိုယ်ရေးအရာရှိတစ်ယောက်ပင်။

ဗိုလ်ချုပ်အများစုအတွက် ကိုယ်ရေးအရာရှိများသည် မိသားစုဝင်တစ်ယောက်နှင့်တူညီပေ၏။

ယခုချိန်တွင် လုယွီသည် မိုးကောင်းကင်မီးတောက် မဟာစစ်ဗိုလ်ချုပ်၏ကိုယ်ရေးအရာရှိကို သတ်ဖြတ်လိုက်လေပြီ။ဤသည်က မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ နံပါတ်တစ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ရန်စစော်ကားလိုက်သည်နှင့် တူညီသည်။မည်သည့်နည်းနှင့်မျှ ဤကိစ္စကို ပြေငြိမ်း၍ရတော့မည်မဟုတ်ချေ။

ချမ်ဝမ်ကျွင်းက နံဘေးတစ်ဖက်မှနေ၍ စောင့်ကြည့်နေသည်။တရားသူကြီးထွက်သွားချိန်တွင် သူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာမျိုး မသိမသယ ထင်ဟပ်လာလေ၏။သို့ရာတွင် လုယွီသည် ပုန်ကန်သူခေါင်းဆောင်ကို သတ်မိန့်ပေးလိုက်သည်ကို မြင်တွေ့ချိန်တွင် သူ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလူရဲ့အလောင်းကို မြို့ရိုးရှေ့မှာ သုံးရက်ချိတ်ဆွဲထားလိုက်စမ်း...ကျန်တဲ့ပုန်ကန်သူတွေအားလုံးကိုလည်း သတ်လိုက်...ဘယ်ပုန်ကန်သူကိုမှ အကျဥ်းချထားဖို့မလိုဘူး"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် အစောင့်စစ်သားတချို့သည် ရှေ့သို့ထွက်လာကာ ခန်းမတစ်ခုလုံးကို သန့်ရှင်းရေးလုပ်လိုက်ကြသဖြင့် မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သည့်အလား ရှင်းလင်းသွားသည်။

သို့ရာတွင် လေထုအတွင်း၌ သွေးညှီနံများ ရစ်ဝဲနေဆဲဖြစ်သဖြင့် အစောပိုင်းက ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို လူတိုင်းအား သတိပေးနေသကဲ့သို့ပင်။

"မင်းရဲ့ လျှင်လျှင်မြန်မြန်ဆုံးဖြတ်နိုင်တဲ့နည်းလမ်းတွေကို ငါ လေးစားကြည်ညိုမိပါတယ်...တကယ်လို့ တခြားဘာကိစ္စမှမရှိဘူးဆိုရင် ငါ သွားတော့မယ်"

ချမ်ဝမ်ကျွင်းက မချိပြုံးပြုံး၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

လုယွီက သူ့ကိုစောင်းငဲ့ကြည့်ကာ ပြောဆိုသည်။

"တာဝန်ခံချမ်...မင်း အခု ထွက်သွားလို့မရသေးဘူး"

ဝုန်း...ဝုန်း...

အစောင့်စစ်သားအမြောက်အများ ပြေးထွက်လာကာ ချမ်ဝမ်ကျွင်းကို ဝိုင်းရံလိုက်ကြသည်။

ထိုစစ်သားများကိုဦးဆောင်လာသူမှာ ဗိုလ်ချုပ်လျှိုမင်ပင်။

လျှိုမင်သည် လောကီအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အပြင် စစ်တပ်အတွင်း၌ အဆင့်မြင့်အရာရှိတစ်ယောက်လည်းဖြစ်သည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပြီးပြည့်စုံခြင်းအဆင့်ထိ သိပ်သည်းနေလေပြီ။သူ၏အရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်ခြင်းမပြုလျှင်ပင် လူအများစုသည် သူ့အား မြင်တွေ့သည်နှင့် အရိုးကွဲလုမတတ်အေးစိမ့်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားရပေမည်။

သတ်ဖြတ်ခြင်းနတ်ဘုရားနှင့်တူညီသော ထိုလူသည် ချမ်ဝမ်ကျွင်း၏လမ်းကြောင်း၌ ပိတ်ဆို့ဟန့်တားထားကာ သူ ထွက်ခွာသွား၍မရစေရန် ကာကွယ်ထားသည်။

Chapter 3080

"စီရင်စုသခင်...ဒါက ဘာသဘောလဲ"

ချမ်ဝမ်ကျွင်းက နောက်သို့ပြန်လှည့်ကာ သုန်မှုန်နေသောမျက်နှာအမူအယာနှင့် မေးမြန်းသည်။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ပုန်ကန်သူတွေရဲ့ဖြောင့်ချက်မှတ်တမ်းတွေအရ...သူတို့တွေ အခွင့်အရေးရပြီးတော့ ဒီနေရာကိုရောက်လာနိုင်တဲ့ အကြောင်းအရင်းက...ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့အိမ်တော်ထိန်းက သူတို့ကို လမ်းပြခေါ်ဆောင်ခဲ့လိုပဲ...တာဝန်ခံချမ်...ကျေးဇူးပြုပြီးတော့ ရှင်းပြပေးပါအုံး"

ချမ်ဝမ်ကျွင်းသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သော်လည်း သူက အေးစက်တင်းမာစွာ ပြောဆိုလေ၏။

"အဲ့ဒီရာဇဝတ်သားတွေက သူတို့သေဘေးကနေ မလွတ်နိုင်ဘူးဆိုတာကိုသိတော့ တခြားသူတွေကိုပါ ဆွဲထည့်တော့တာပဲ...ငါ့ရဲ့လုပ်ငန်းတွေက အရမ်းကျယ်ပြန့်တာကြောင့် လူအများကြီးကို ရန်စစော်ကားထားခဲ့မိတယ်...သူတို့က ငါ့အပေါ်ကို အပြစ်ပုံချတာ ပုံမှန်ကိစ္စပါပဲ"

"အပြစ်ပုံချတာလား.."

လုယွီက တခြားဖြောင့်ချက်မှတ်တမ်းတစ်ခုကိုထုတ်ယူကာ ချမ်ဝမ်ကျွင်း၏ရှေ့သို့ ပစ်ပေးလိုက်သည်။

"ဒါက သေမှုသေခင်းအရာရှိဆီက မှတ်တမ်းပဲ...သေဆုံးသွားတဲ့ပုန်ကန်သူတွေကို စစ်ဆေးတဲ့အချိန်မှာ ရှေ့ဆုံးမှာရှိနေတဲ့သူက မင်းတို့ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့အိမ်တော်ထိန်းတွေထဲက တစ်ယောက်ပဲ"

ချမ်ဝမ်ကျွင်းက ထိုဖြောင့်ချက်မှတ်တမ်းကို တစ်ချက်ကြည့်လိုက်၏။ထိုအရာပေါ်တွင် မြို့တံခါးရှေ့၌ ထွက်ပေါ်လာသည့် ပိန်ပါးပါးအဖိုးအို၏ပုံတူရှိနေသည်။

စီရင်စုရုံးတော်၏သေမှုသေခင်းအရာရှိတချို့ထံတွင် အလွန်ထူးချွန်သော ပန်းချီပညာစွမ်းရည်ရှိနေလေ၏။စုတ်ချက်အနည်းငယ်ဖြင့်ပင် ပန်းချီသည် ရှင်းလင်းပြတ်သားနေကာ ပိန်ပါးပါးအဖိုးအို၏ပုံတူက စာရွက်ပေါ်တွင် အထင်းသားထွက်ပေါ်လာသည်။

ချမ်ဝမ်ကျွင်းသည် ထိုပုံတူကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအမူအယာမျိုး ထင်ဟပ်လာသည်။

"ငါ့ရဲ့ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းမှာ အိမ်တော်ထိန်းတွေ အများကြီးပဲ...သူတို့အားလုံးကို ငါ ဘယ်လိုလုပ်ပြီး မှတ်မိနိုင်မှာလဲ...အဲ့ဒီလူက ငါတို့ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းကလူ ဟုတ်ချင်မှတောင်ဟုတ်မယ်"

"တာဝန်ခံချမ်...ဒါက မဟုတ်သေးဘူး...ငါ သိသလောက်တော့ အဲ့ဒီလူက တစ်ချိန်တုန်းကမင်းအိမ်တော်ရဲ့အိမ်တော်ထိန်းပဲ...ဖြစ်နိုင်တာတော့ မင်းက သူ့ကိုတောင် မမှတ်မိတော့တာလား"

လုယွီက ပြောဆိုသည်။

ချမ်ဝမ်ကျွင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေ၏။

"ငါက တစ်နှစ်ပတ်လုံး အပြင်မှာပဲ ငါ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေရတယ်...အိမ်တော်ထိန်းတစ်ယောက်ကို အာရုံစိုက်နေဖို့ ငါ အချိန်မရဘူး...ငါ အဲ့ဒီလူကို တကယ်မသိဘူး"

"မင်းက သူ့ကို မသိမှတော့ ကိုင်တွယ်ဖို့ပိုပြီးလွယ်ကူသွားပြီ...တာဝန်ခံချမ် မင်း အခု ထွက်သွားလို့ရပြီ"

လုယွီက ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးကာ သူ၏လက်ကိုဝှေ့ယမ်း၍ ချမ်ဝမ်ကျွင်းကို ထွက်သွားခွင့်ပြုလိုက်သည်။

သူ အမှန်တကယ်ကိုပင် ဤအတိုင်း ထွက်သွားနိုင်ပြီလော....

ချမ်ဝမ်ကျွင်းသာမက လျှိုမင်တို့သည်လည်း နေရာမှာပင် ကြက်သေသေသွားသည်။

သူ၏လူများနှင့် သူ ပြေးဝင်လာချိန်၌ လုယွီသည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်တော့မည်ဟု သူ မူလက တွေးထင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ချမ်ဝမ်ကျွင်းကို ထွက်သွားခွင့် ပြုလိုက်လေ၏။

ဤသည်က မည်သည့်သဘောတရားမျိုး ဖြစ်သနည်း...

"လျှိုမင်...မင်း ငါပြောတာ မကြားဘူးလား...တာဝန်ခံချမ်ကို ထွက်သွားခွင့်ပြုလိုက်စမ်း"

လုယွီ၏မျက်နှာ ရုတ်တရက်သုန်မှုန်သွားကာ သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

လျှိုမင်သည် အချိန်တခဏခန့် ကြက်သေသေနေပြီးနောက် အလျှင်အမြန် လမ်းဖယ်ပေးလိုက်သည်။

လျှိုမင် နံဘေးသို့ရွှေ့လိုက်စဥ်တွင် စီရင်စုရုံးတော်၏ခန်းမပြင်ပရှိ ခြံဝန်းတစ်ခုလုံး စစ်သားများဖြင့်ပြည့်နှက်နေကာ သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်ကို ချမ်ဝမ်ကျွင်းက တွေ့မြင်လိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် ချမ်ဝမ်ကျွမ်း၏နောက်ကျောတပြင်လုံး ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။

အကယ်၍ လုယွီသာ တိုက်ခိုက်ရန်အမိန့်ပေးလိုက်ပါက သူ၏အသက်သည် ဤစီရင်စုရုံးတော်အတွင်း၌ ကျန်ခဲ့ရပေမည်။

"စီရင်စုသခင်...ငါ သွားတော့မယ်"

ချမ်ဝမ်ကျွင်းသည် ထပ်မံ၍ အချိန်မဆွဲဝံ့တော့သဖြင့် တံခါးဆီသို့ အပြေးသွားလိုက်၏။သူသည် လုယွီ စကားပြန်ရုတ်သိမ်းမည်ကို ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏ခြေလှမ်းများ အလွန်အမင်း လျှင်မြန်နေသည်။

ချမ်ဝမ်ကျွင်း ထွက်ခွာသွားပြီးနောက် လျှိုမင်က မေးမြန်းသည်။

"အရှင်...ဘာလို့ သူ့ကို လွှက်ပေးလိုက်တာလဲ...အဲ့ဒီအိမ်တော်ထိန်းက ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မားတဲ့သူတစ်ယောက်ဆိုတာကို ငါ့ရဲ့လက်ထောက်တပ်မှူးက သတင်းပို့ထားတယ်...ချမ်ဝမ်ကျွင်းက သူ့ကိုမသိဘူးဆိုတာ မဖြစ်နိုင်ဘူး...အဲ့ဒီကိစ္စအတွက် ချမ်ဝမ်ကျွင်းကို သေသေချာချာ စုံစမ်းမေးမြန်းသင့်တယ်"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။

"ငါ့မှာ ငါ့အစီအစဥ်နဲ့ငါ ရှိပြီးသားပါ...နတ်ဘုရားမျက်လုံးဝင်္ကပါကြီးရဲ့ကိစ္စကို မင်း စုံစမ်းပြီးပြီလား"

လျှိုမင်က သတင်းပို့သည်။

"အပြင်မှာ သွေးနတ်ဆိုးဂိုဏ်းက ရုတ်ရုတ်သဲသဲတွေဖြစ်အောင် ဖန်တီးနေချိန်မှာ သစ်သားစိမ်းဓားဂိုဏ်းနဲ့ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းက အတူပူးပေါင်းပြီးတော့ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကိုတိုက်ခိုက်ဖို့က သူတို့ရဲ့မူလအစီအစဥ်ပဲ...ဒါပေမယ့် အဲ့ဒီဂိုဏ်းနှစ်ဂိုဏ်းလုံးက အခုချိန်မှာ တော်ဝင်နန်းတွင်းရဲ့လက်အောက်ခံတွေဖြစ်သွားပြီ...မနေ့ညက နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှာ ဘာတိုက်ခိုက်မှုမှမရှိခဲ့ဘူး"

"ငါ သိပြီ"

လုယွီက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် အလင်းလုံးတစ်လုံးက သူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လင်ကျိုးစီရင်စု၏ပတ်ဝန်းကျင်ရှိ နယ်မြေများအားလုံးကို ထိုအလင်းလုံးအတွင်း၌ တွေ့မြင်ရပေမည်။

ဤသည်က နတ်ဘုရားမျက်လုံးဝင်္ကပါပင်။

လင်ကျိုးစီရင်စု၏စီရင်စုသခင်ဖြစ်သော လုယွီအနေဖြင့် နတ်ဘုရားမျက်လုံးဝင်္ကပါမှတဆင့် စီရင်စု၏နံဘေးပတ်ဝန်းကျင်ကို စစ်ဆေးနိုင်သည်။

All Chapters