← Chapters

အခန်း (၃၁၃၁-၃၁၃၅)

Vol. 160 Ch. 3131-3135

အခန်း (၃၁၃၁-၃၁၃၅)

Vol. 160 Ch. 3131-3135

Chapter 3131

ထိုအဆိပ်သင့်ထားသောလူ၏မျက်နှာသည် နက်မှောင်နေပြီး သူ၏မျက်လုံးများပြူးကျယ်နေကာ သူ၏မျက်လုံးသူငယ်အိမ်သည် ကြယ်ရောင်တောက်ပနေပေ၏။

ထိုလူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ယင်ချီများက ဝိုင်းရံနေသဖြင့် လူများကို သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာမှုကို ခံစားရစေသည်။

လူအများ၏စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးအချက်မှာ ထိုလူ၏နဖူးပြင်ပေါ်တွင် အဆောင်လက်ဖွဲ့တစ်ခုကို ကပ်ထားခြင်းပင်။

ထိုအဆောင်လက်ဖွဲ့ပေါ်တွင် ချိပ်ပိတ်မှော်မန္တန်တစ်ပုဒ်ကို ရေးသားထားကာ ထိုလူ၏နဖူးပြင်၌ ကပ်ထားခြင်းဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အခိုင်အမာချိပ်ပိတ်ထားနိုင်သည်။

ထိုလူ၏ခန္ဓာကိုယ်အတွင်း၌ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ပြင်းထန်သောအရှိန်အဝါတစ်ရပ်ရှိနေသည်။သူ၏နဖူးပြင်ပေါ်မှ ဖိနှိပ်ထားသော အဆောင်လက်ဖွဲ့ကြောင့်သာ ထိုအရာသည် ပေါက်ကွဲမသွားခြင်းဖြစ်ပေ၏။

ခန်းမသခင်ကျန်းသည် ထိုအဆိပ်သင့်လူ၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏ပါးစပ်ကိုဖွင့်လိုက်ရာ ထက်ရှသောသွားများကို တွေ့မြင်လိုက်ရသည်။

ထိုအရာများသည် လူတစ်ယောက်၏သွားများ မဟုတ်တော့ချေ။

အဆိပ်သင့်ခံရပြီးနောက် သူ၏ခန္ဓာကိုယ်သည် အချိန်တိုအတွင်း၌ သန္ဓေပြောင်းခြင်းတစ်မျိုးနှင့် ကြုံတွေ့ခဲ့ရပုံရှိသည်။

"အဆိပ်သင့်တာများတဲ့သူတွေရဲ့ ခန္ဓာကိုယ်တွေက တောင့်တင်းပြီး အေးစက်သွားတယ်...တစ်ချိန်တည်းမှာ သူတို့ရဲ့အသိစိတ်တွေ ပျောက်ကွယ်သွားပြီးတော့ ရုန့်ရင်းကြမ်းတမ်းပြီး အရိုင်းဆန်လာတယ်...တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာမှန်မယ်ဆိုရင် ဒီတစ်ကြိမ်မှာ မြို့ပြင်မှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေက...ယင်အလောင်းအဆိပ်ကို အသုံးပြုခဲ့တာပဲ"

ခန်းမသခင်ကျန်းက သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

ဤသည်က ယင်အလောင်းအဆိပ် ဖြစ်နေသလော...

ဤအဆိပ်သည် အလွန်ဆိုးရွားကာ နတ်ဆိုးကျင့်ကြံသူများသာ အသုံးပြုလေ့ရှိသောအရာပင်။

ထိုအဆိပ်သည် သေလူများကို ပြန်၍ရှင်သန်စေနိုင်ကာ ဖုတ်ကောင်အခြေအနေမျိုးနှင့် အသက်ဝင်စေပြီး နောက်ဆုံး၌ သူတို့ကို ယင်အလောင်းကောင်အဖြစ်သို့ ပြောင်းလဲကာ အသိဥာဏ်မရှိသော သတ်ဖြတ်ခြင်းအလောင်းကောင်များ ဖြစ်လာစေသည်။

ထို့ထက်မက အရေးအကြီးဆုံးအချက်မှာ ယင်အလောင်းများထံတွင် ပြန့်ပွားစေနိုင်သော အားကောင်းသည့်စွမ်းရည်မျိုးရှိနေခြင်းပင်။အကယ်၍ ထိုယင်အလောင်းကောင်၏ကိုက်ခြင်းခံရပါက အကယ်၍ ထိုလူသည် အချိန်မီဖြေရှင်းနိုင်ခြင်းမရှိလျှင် နောက်ဆုံးရလဒ်သည် ယင်အဆိပ်မိသွားပေမည်။

ယင်အဆိပ်သင့်နေသော လူတစ်ယောက်ရှိနေသရွေ့ မြို့တစ်မြို့လုံးအနှံ့ ပြန့်ပွားသွားနိုင်သည်။

အတိတ်တွင် တာယွီအင်ပါယာ၌ ယင်အလောင်းကောင်များ တစ်ကြိမ်ထွက်ပေါ်လာခဲ့ဖူးသည်။ထိုအခြင်းအရာသည် ကြယ်မြစ်အမြောက်အများသို့ ဆက်တိုက်သက်ရောက်သွားကာ ကြယ်နယ်မြေအမြောက်အများ ယင်အလောင်းကောင်ကြယ်နယ်မြေများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ကျင့်ကြံသူများနှင့်ဂိုဏ်းများသည် ထိုယင်အလောင်းများ၏တိုက်ခိုက်မှုဒဏ်ကို မခုခံနိုင်ကြချေ။

ယင်အလောင်းကောင်များ၏အဆိပ်ကို နှိမ်နင်းရန်အလို့ငှာ တော်ဝင်နန်းတွင်းမှနေ၍ အစွမ်းထက်ပညာရှင်အမြောက်အများကို တာဝန်ပေးခဲ့သည်။သူတို့သည် ယင်အလောင်းကောင်များကို သတ်ဖြတ်နိုင်ရုံသာမက ခြေရာခံရရှိမှုများမှတဆင့် ထိုအရာများကိုထိန်းချုပ်နေသော နတ်ဆိုးကျင့်ကြံသူများကိုလည်း ရှာဖွေတွေ့ရှိခဲ့လေ၏။ထိုလူများအားလုံးကို တော်ဝင်နန်းတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ သေဒဏ်စီရင်ခဲ့သည်။

ယင်အလောင်းကောင်များကို ထိန်းချုပ်သည့်နည်းစနစ်ကို ကျင့်ကြံသည့် ဂိုဏ်းများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရကာ ကျင့်ကြံနည်းစနစ်စာအုပ်များကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် အသိုက်အတွင်းမှ ချော်ထွက်သွားသော လူတချို့ရှိနေဆဲပင်။

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။သူသည် အဆိပ်သင့်လူ၏ရှေ့သို့ လျှောက်လှမ်းသွားကာ ညည်းတွားလိုက်၏။

"ဒါက အလောင်းကောင်အဖြစ် ပြောင်းလဲတော့မယ့် အခြေအနေတစ်ခုပဲ"

"အမှန်ပဲ...ဒါက ယင်အလောင်းကောင်တွေရဲ့ ပထမဆုံးအဆင့်ပဲ...ဒါပေမယ့် သူ့ရဲ့အရှိန်အဝါတွေ ထပ်ပြီးတိုးပွားလာရင် လွတ်ထွက်သွားမှာကို ငါ စိုးရိမ်မိတယ်"

ခန်းမသခင်ကျန်းက ရုတ်တရက် လေးလံသော သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ငါ့ရဲ့ဆေးပညာစွမ်းရည်က အကန့်အသတ်ရှိတယ်...ငါ သူတို့ရဲ့ခန္ဓာကိုယ်တွေထဲမှာရှိတဲ့ ယင်အဆိပ်တွေကို အပြည့်အဝ ဖယ်ရှားမပေးနိုင်ဘူး...ငါ ယာယီပဲ ဖိနှိပ်ပေးနိုင်မယ်...ပြီးတော့ နေရဲ့ယန်စွမ်းအင်ကိုအသုံးပြုပြီးတော့ ယင်အဆိပ်တွေကို လျော့ပါးအောင်လုပ်ရမယ်...ဒါပေမယ့် ဒါကလည်း ယာယီဖြေရှင်းနည်းတစ်မျိုးပဲ...ငါ စိုးရိမ်တာက ညအချိန်က ယင်စွမ်းအင်တွေ အထွတ်အထိပ်ရောက်တဲ့အချိန်ပဲ...မြို့ထဲမှာ အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်"

သူက လုယွီကို စူးစိုက်၍ကြည့်လေသည်။

"တကယ်လို့ လိုအပ်လာမယ်ဆိုရင်...အခြေအနေတွေက အဖတ်ဆယ်လို့မရတဲ့အနေအထားမျိုးကို ရောက်သွားနိုင်တာကြောင့်...အရှင်...နောင်တစ်ချိန်မှာ ပြဿနာတက်လာမှာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဒီအဆိပ်သင့်လူတွေကို မင်း သတ်ရမယ်"

ဤအချိန်အခိုက်အတန့်တွင် ခန်းမသခင်ကျန်းထံ၌ ဆေးပညာရှင်တစ်ယောက်၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုး ထပ်မံ၍မရှိတော့ချေ။သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူ၏ရည်မှန်းချက်ပန်းတိုင်သည် သူ၏ဇာတိမြေကို ကာကွယ်နိုင်ရန်ပင်။

အကယ်၍ အဆုံးသတ်တွင် သူ တတ်နိုင်သောအရာဟူ၍ မရှိတော့ပါက သူသည် ဤလူများကိုစတေးရန် ဝန်လေးနေမည်မဟုတ်ချေ။

လုယွီက ပြင်ပ၌မတ်တတ်ရပ်နေသော စစ်သားများကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။

"ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်...မင်းက ဆေးတချို့ကိုသန့်စင်နိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်...အခုချိန်မှာ ဒီအဆိပ်နဲ့ပတ်သတ်တဲ့ အခြေအနေတွေကို အပြင်ကလူတွေကို မပြောနဲ့အုံး...အရာအားလုံးကို ငါ ကိုင်တွယ်ဖြေ ရှင်းမယ်"

Chapter 3132

ပုန်ကန်သူများ၏တိုက်ခိုက်မှုကို လပေါင်းများစွာကြာမြင့်သည်အထိ ခုခံတိုက်ခိုက်ပြီးနောက် ခန်းမသခင်ကျန်းသည် လုယွီ၏အရည်အချင်းကို သံသယမရှိတော့ချေ။

သူက သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

"အင်း...ငါ အကောင်းဆုံးကြိုးစားပြီးတော့ ဆေးလုံးတွေ သန့်စင်မှာပါ...ဒါပေမယ့် ငါက ယင်အဆိပ်ရဲ့ တုန်လှုပ်ချောက်ချားဖို့ကောင်းတာကို သိထားတယ်...တကယ်လို့ ပြန်ပြီးအဖတ်ဆယ်မရတဲ့ အနေအထားမျိုးကို ရောက်သွားမယ်ဆိုရင် မင်းရဲ့နှလုံးသား နူးညံနေလို့မရဘူး"

လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားကာ သူက တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ သူတို့က ဒီနည်းလမ်းမျိုးကို အသုံးပြုလာမယ်ဆိုရင်တောင်...လင်ကျိုးစီရင်စုကို သူတို့ မဖျက်ဆီးနိုင်စေရဘူး"

ရုတ်ချည်းဆိုသလိုပင် လုယွီက အမိန့်များကို ဆက်တိုက်ထုတ်ပြန်လိုက်သည်။

မြို့အတွင်းရှိစျေးများအားလုံးကို ချက်ချင်းပိတ်စေသည်။ယနေ့မှစ၍ အခွင့်အာဏာမရှိဘဲ မည်သူ့ကိုမျှ မြို့အတွင်းရှိတံခါးများကို ဖြတ်သန်းသွားလာခွင့်ပြုမည် မဟုတ်ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် တံခါးများကိုဖြတ်သန်းလိုပါက စီရင်စုရုံးတော်၏စည်းတံဆိပ်ခတ်နှိပ်ထားသော ရုံးစာရွက် ပါရှိရပေမည်။

မြို့အတွင်း၌ နေ့စဥ်နေ့တိုင်း စစ်သားများကိုစေလွှတ်၍ သိုလှောင်ရုံများသို့ စားနပ်ရိက္ခာနှင့်အထောက်အပံ့ပစ္စည်းများကို ပေးပို့ထားပေမည်။သိုလှောင်ရုံတစ်ခုစီတိုင်းတွင် စစ်သားများစေလွှတ်၍ လာရောက်သူတိုင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေလိမ့်မည်။ထိုနေရာများသို့ရောက်လာသူသည် ဘေးကင်းလုံခြုံပြီး အဆိပ်မရှိကြောင်း သေချာမှသာ မှတ်တမ်းတင်၍ ရိက္ခာပစ္စည်းများကို ထုတ်ယူနိုင်သည်။

စစ်ရေးပြကွင်းပြင်၌ လုယွီသည် ပို၍အသေးစိတ်ကျသော အစီအမံများကိုပြုလုပ်ကာ စစ်သားများကို ကွင်းပြင်၏ထောင့်တစ်နေရာတိုင်း၌ နေ့ညမပြတ် အလှည့်ကျကင်းလှည့်စေသည်။

မှတ်တမ်းစာရေးသည် ယင်အလောင်းအဆိပ်ပျံ့နှံ့သွားသည်ဟူသော သတင်းကိုကြားချိန်တွင် အလွန်တုန်လှုပ်ချောက်ချားသွားသည်။သူသည် လုယွီထံသို့ အပြေးရောက်လာလေ၏။

"အရှင်...ကျွန်တော်တို့ ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ"

"ဒီနေ့ည...မြို့တစ်မြို့လုံး မငြိမ်းချမ်းတော့မှာကို ငါ စိုးရိမ်မိတယ်"

လုယွီက စားပွဲခုံကိုလက်ဖြင့်ခေါက်ကာ တီးတိုးရေရွတ်လိုက်သည်။

လုယွီ အလွန်တည်ငြိမ်အေးဆေးနေသည်ကိုကြည့်ပြီး မှတ်တမ်းစာရေး၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်သောကများ အနည်းငယ်လျော့ပါးသွားသည်။

လုယွီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရုတ်တရက် ပြောဆိုလေ၏။

"မင်းရဲ့မိသားစုဆီ ပြန်သွားကြည့်ချင်လား"

"အမ်...ကျွန်တော် ပြန်သွားကြည့်ပြီးပြီ...ကျွန်တော် ဒီကိစ္စကို သိပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိသားစုအခြေအနေ ဘယ်လိုရှိလဲလို့ ချက်ချင်းပြန်သွားကြည့်ခဲ့တယ်"

မှတ်တမ်းစာရေးသည် အတွင်းရေးကိစ္စများကို သိရှိထားသော လူနည်းစုအနက်မှတစ်ယောက်ပင်။ထို့ကြောင့် သူသည် အိမ်သို့အပြေးပြန်၍ အခြေအနေကို ချက်ချင်းပြန်ကြည့်သည်မှာ သဘာဝကျသည်။

ယင်အဆိပ်များ ပေါက်ကွဲသွားပါက အကယ်၍ အဆိပ်သင့်သူသည် ကျင့်ကြံဆင့်အားကောင်းသူဖြစ်နေလျှင်ပင် ထိုအရာကို ခုခံနိုင်မည်မဟုတ်ချေ။ယခုချိန်တွင် မှတ်တမ်းစာရေးသည် သူ၏မိသားစုကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် မမျှော်လင့်သောကိစ္စမျိုး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ၏အစားအစာနှင့်ရေကို ဂရုတစိုက်စစ်ဆေးခဲ့သည်။

"ကောင်းတယ်...ဒီနေ့ဖြေရှင်းစရာ ရုံးစာရွက်တွေအများကြီးရှိနေတယ်...မင်း ဒီနေ့ ဒီနေရာမှာ နေရမယ်...ပြီးတော့ တခြားခန်းမက အရာရှိတွေကို ဒီည ရုံးစာရွက်တွေကိုစုစည်းပြီးတော့ ကိုင်တွယ်ဖြေရှင်းရမယ်လို့ အကြောင်းကြားလိုက်စမ်း"

လုယွီက ပြောဆိုသည်။

လုယွီ ညွှန်ကြားချက်ပေးသောကြောင့် သူ၏လက်အောက်ငယ်သားများအားလုံး သူ ခိုင်းစေသည့်အတိုင်း လုပ်ဆောင်ရပေမည်။မှတ်တမ်းစာရေးက အလျှင်အမြန် သဘောတူညီလိုက်၏။

သို့ရာတွင် မှတ်တမ်းစာရေးသည် ယင်အဆိပ်နှင့်ပတ်သတ်၍ ထပ်မံပြောဆိုခြင်းမရှိတော့ချေ။

လုယွီ ထိုသို့ပြောဆိုလာသဖြင့် အကြောင်းရင်းတစ်ခုခုရှိနေနိုင်ကြောင်း သူ ကောင်းစွာသိရှိထားသည်။မည်သည့်အကြောင်းရင်းဟူသည်မှာမူ သူ ခန့်မှန်းနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။

မကြာမီမှာပင် ညအချိန်သို့ ရောက်ရှိလာလေပြီ။

ကောင်းကင်ယံသည် တဖြည်းဖြည်းမှောင်မည်းလာကာ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှ ဖြာထွက်နေသော အလင်းတန်းများကသာ လေထုအတွင်း၌ တောက်ပနေသည်။

လင်ကျိုးစီရင်စု...ယို့ကျန်းလမ်းဆုံ

လမ်းဆုံရှိတံခါးများကိုပိတ်ထားကာ အစောင့်များက ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်၍ ကင်းလှည့်နေသည်။

ယခင်က တားမြစ်အမိန့်ထုတ်ပြန်ထားသော်လည်း အလွန်အမင်း တင်းကြပ်သောအခြေအနေမျိုးအထိ စောင့်ကြည့်နေခြင်းမရှိချေ။သို့ရာတွင် ယနေ့မနက်တွင် စီရင်စုရုံးတော်မှ တစ်ချက်လွှတ်အမိန့်ထုတ်ပြန်ပြီးနောက် အိမ်တိုင်း တံခါးများကိုပိတ်ထားကာ သာမာန်ထက်ပို၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

"ရေအရင်းအမြစ်ကို အဆိပ်ခတ်ဖို့ကြိုးစားခဲ့တဲ့ လူတွေရှိနေပြီးတော့ စီရင်စုသခင်က ဖမ်းမိခဲ့တယ်လို့ ငါ ကြားထားတယ်...အခုလက်ရှိချိန်မှာ မြို့တစ်မြို့လုံးကို တားမြစ်အမိန့်ထုတ်ပြန်ထားတာက အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေကို ဖမ်းဆီးစစ်ဆေးဖို့ပဲဖြစ်မယ်"

"အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက အရမ်းအတင့်ရဲလွန်းတယ်...သူတို့က တကယ်ကြီးထွက်လာဝံ့တယ်...တကယ်လို့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ယောက်ကိုသာ ဖမ်းမိမယ်ဆိုရင် အဲ့ဒီကောင်ကို ထောင်ထဲထည့်ပြီး သေတာထက်ဆိုးအောင် ညှင်းပန်းနှိပ်စက်ရမှာ"

"ဟမ့်...အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက ဘာလုပ်နိုင်မှာမလို့လဲ...ဒီရက်အနည်းငယ်အတွင်းမှာ ငါ ရေအရင်းအမြစ်ကို ကြည့်ပြီးပြီ...ငါက ငွေအပ်တစ်ချောင်း ဆောင်ထားတယ်...ငါက အဆိပ်တွေကို ခွဲခြားသိနိုင်တဲ့ နည်းလမ်းတချို့ကို သင်ယူထားတယ်...ဒါကြောင့် ငါက စစ်ဆေးပြီးမှ ရေကိုသောက်ဝံ့တယ်...တကယ်လို့ အဲ့ဒီကောင်တွေသာ ငါ့လက်ထဲကိုရောက်လာရင်...ဒီလောကကြီးထဲမှာ အသက်ရှင်ခဲ့ရတာကို နောင်တရသွားအောင် ငါ လုပ်ပြမယ်"

Chapter 3133

ယို့ကျန်းလမ်းဆုံရှိ တံခါး၏ရှေ့၌ စစ်သားတချို့ စကားစမြည်ပြောဆိုနေကြသည်။

သူတို့သည် ပုံမှန်အစောင့်စစ်သားများမဟုတ်ဘဲ ယာယီကင်းတပ်မှ စစ်သားများဖြစ်သည်။

ဤလူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိချေ။သူတို့အနက်မှအများစုသည် စိတ်ဝိညာဥ်နယ်ပယ်တွင်သာ ရှိနေပေ၏။သူတို့သည် ရိုးရှင်းသောမှော်မန္တန်တချို့ကိုသာ ရွတ်ဆိုနိုင်ကြသည်။အချိန်အများစုတွင် သူတို့သည် တစ်ဖက်လူများကိုတိုက်ခိုက်ရန်အတွက် သူတို့၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အသုံးပြုရန်လိုအပ်သည်။

သို့ရာတွင် ဤအရည်အချင်းသည် အရန်စစ်တပ်အတွက်မူ လုံလောက်ပေ၏။လက်ရွေးစင်စစ်သားများသည် မြို့ကိုခုခံကာကွယ်ရန်အတွက် မြို့ရိုးပေါ်သို့ ပြောင်းရွှေ့သွားစဥ်တွင် သူတို့သည် ကင်းလှည်းခြင်းကဲ့သို့ အပိုဆောင်းကိစ္စများကို လုပ်ဆောင်ရသည်။

ယို့ကျန်းလမ်းဆုံရှိ ယို့ကျန်းအလုပ်ရုံသည် လင်ကျိုးစီရင်စုရုံးတော်အနီးတွင်တည်ရှိကာ မြို့ရိုးများနှင့် အလွန်အလှမ်းကွာဟသည်။ထို့ကြောင့် ဤနေရာသည် အတော်အသင့်ငြိမ်းချမ်းသော နေရာတစ်ခုပင်။

သူတို့ စကားပြောဆိုနေစဥ်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသောလမ်းပေါ်၌ ရုတ်တရက် မြင်းခွာသံများ ထွက်ပေါ်လာသည်။

သူတို့အားလုံး ချက်ချင်းဆိုသလိုပင် သတိထားလိုက်ကြ၏။

ဤသည်က တားမြစ်မိန့်ထုတ်ပြန်ထားသော အချိန်ပင်။ဤအချိန်တွင် ပြင်ပသို့ မည်သူထွက်လာသနည်း...

"မှော်လက်နက်တွေထုတ်ပြီးတော့ မင်းတို့ကိုယ်မင်းတို့ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားကြစမ်း...တကယ်လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင် ရုံးတော်ဆီ ချက်ချင်းသတင်းပို့ရမယ်"

ခေါင်းဆောင်စစ်သားက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိချေ။အကယ်၍ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် အမှန်တကယ်ထွက်ပေါ်လာပါက ထိုလူသည် သူတို့ကို ချက်ချင်း သတ်ဖြတ်သွားပေလိမ့်မည်။

အဝေးရှိ လမ်းမပေါ်မှနေ၍ ရထားလုံးတစ်စီး မောင်းနှင်လာသည်။

"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း...မြို့ထဲမှာ ညမထွက်ရအမိန့်ထုတ်ထားတယ်...ဘယ့်သူကိုမှ အပြင်ထွက်ခွင့်မပြုဘူး...မင်း ဘယ်နေရာကနေ ရောက်လာတာလဲ"

စစ်သားတစ်ယောက်က သူ၏ဓားကိုကိုင်ဆောင်ကာ ရှေ့သို့ လျှောက်လှမ်းသွားလေ၏။

ရထားလုံးမောင်းသူသည် စကားပြောဆိုခြင်းမပြုချေ။ထိုအစား ရထားလုံး၏လိုက်ကာဟသွားကာ လူတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာသည်။

"စီရင်စုသခင်က အရေးကြီးကိစ္စကြောင့် ငါ့ကိုရှာနေတယ်...ငါက အခုချက်ချင်း သူနဲ့တွေ့ဖို့ လိုအပ်တယ်...တံခါးဖွင့်ပေးကြစမ်း"

ထိုလူက အသံနက်ကြီးဖြင့် ပြောဆိုသည်။

ထိုလူကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ဤသည်က ယို့ကျန်းအလုပ်ရုံ၏ခေါင်းဆောင်ပင်။

"အရှင်ဖန်ကျန်း...ဒီနေ့ စီရင်စုရုံးတော်ကနေ အမိန့်တစ်ခု ထုတ်ပြန်ထားတယ်...စည်းတံဆိပ်ခတ်နှိပ်ထားတဲ့ရုံးစာမပါရင် ကျွန်တော်တို့က အရှင်ကို ဖြတ်သန်းခွင့်ပြုဖို့ ခက်ခဲလိမ့်မယ်"

စစ်သားများသည် အနည်းငယ် တွေဝေတုံ့ဆိုင်းနေပေ၏။

ဖန်ကျန်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မင်းတို့ ဘာလို့ဒီလောက်ထိ ဂရုစိုက်နေတာလဲ...ငါ့ကိုကြည့်ရတာ နတ်ဆိုးကျင့်ကြံသူနဲ့ တူနေလို့လား...ငါက ခုဏကတင် ငါ့ကို စီရင်စုသခင်က တွေ့ချင်နေတယ်လို့ တရားသူကြီးရုံးက အကြောင်းကြားထားတယ်...တကယ်လို့ စစ်ရေးကိစ္စတွေ နှောင့်နှေးသွားမယ်ဆိုရင် အကျိုးဆက်ကို မင်းတို့ တာဝန်ယူနိုင်မှာလား...ဘေးကိုဖယ်ကြစမ်း"

စစ်သားများသည် ကျဥ်းထဲကျပ်ထဲအခြေအနေအတွင်းသို့ ကျရောက်နေကာ သူတို့သည် ဤအကျိုးဆက်ကို အမှန်တကယ်ပိုပင် မခံယူဝံ့ချေ။

အဆုံးသတ်၌ သူတို့သည် တံခါးဖွင့်ပေးကာ ထိုရထားလုံးကို သွားခွင့်ပြုလိုက်၏။

"သူ့လို အလုပ်ရုံငယ်တစ်ခုရဲ့ ခေါင်းဆောင်ကများ...သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိဘူး...စီရင်စုသခင်ကတောင် သူ့နဲ့ဆွေးနွေးစရာ ကိစ္စ ရှိနေတယ်တဲ့လား"

"ထားလိုက်တော့...ဒါက ငါတို့ ဝေဖန်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး...ငါတို့က ဆက်ပြီးစောင့်ကြပ်နေဖို့ပဲ လိုတယ်"

အစောင့်တချို့သည် မည်သည့်အရာကိုမျှ နားမလည်နိုင်သဖြင့် အလုပ်ရုံရှေ့တွင်သာ ဆက်လက်၍ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတော့သည်။

ရုတ်တရက် ခေါင်းဆောင်စစ်သားက အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူး...ငါတို့ သူ့ကို သွားခွင့်မပြုသင့်ဘူး"

"ဘာလို့လဲ"

"စီရင်စုသခင်ရဲ့ စီမံခန့်ခွဲမှုက အရမ်းတင်းကြပ်တယ်...တကယ်လို့ သူက ဖန်ကျန်းကို တွေ့ချင်တယ်ဆိုရင်တောင်...သူ့မှာ စည်းတံဆိပ်ခတ်နှိပ်ထားတဲ့ ရုံးစာရွက်ပါလာမှာပဲ...ဒီနေ့ စီရင်စုရုံးတော်ကနေ မြို့ထဲကတံခါးတွေအားလုံးကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားတယ်...အခုချိန်မှာ စီရင်စုသခင်က သူ့ကိုတွေ့ဖို့အတွက်နဲ့ တံခါးကိုဇွတ်အတင်းဖွင့်ခိုင်းဖို့ ဖန်ကျန်းကို အမိန့်ပေးမှာမဟုတ်ဘူး...ဒါက တကယ့်ကို သံသယဖြစ်စရာပဲ"

စစ်သားများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ဤသည်က အမှန်တကယ်ကို သံသယဝင်ဖွယ်ကောင်းနေသည်။

သူတို့သည် ဖန်ကျန်း၏စွမ်းအားနှင့်အခွင့်အာဏာကြောင့် ရွေးချယ်ခွင့်မရှိဘဲ ဖြတ်သန်းခွင့် ပေးခဲ့ရသည်။

ယခုလက်ရှိချိန်၌ ထိုအကြောင်းကို ပြန်လည်တွေးတောမိစဥ်တွင် ဖန်ကျန်းနှင့်ပတ်သတ်၍ ထူးဆန်းသောအချက်များရှိနေသည်။

"ငါတို့ အခုဘာလုပ်သင့်လဲ...သူက ဖြတ်သွားပြီ...တကယ်လို့ တစ်ခုခုသာဖြစ်လာရင် ငါတို့လည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

စစ်သားတချို့သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်ကြောက်ရွံသွားကြ၏။

သူတို့သည် အရန်စစ်တပ်ဖြစ်သော်လည်း တာယွီ၏စစ်ဥပဒေအရ တာဝန်ထမ်းဆောင်နေရသည်။အကယ်၍ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့ပါက အဆင်ပြေနိုင်သည်။သို့ရာတွင် တစ်စုံတစ်ခုသာ ဖြစ်ပျက်သွားပါက သူတို့ကို စစ်ဥပဒေအရ အရေးယူခြင်းခံရပေမည်။

ခေါင်းဆောင်စစ်သားသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။

"ငါနဲ့အတူ လူနှစ်ယောက်လိုက်ခဲ့...သူတို့ကို ငါ လိုက်ဖမ်းမယ်...မင်းတို့ ဆက်ပြီးတော့ ဒီနေရာကို စောင့်ကြပ်နေကြ...မှတ်ထားကြ...ဘယ်သူလာလာ တံခါးကိုဖွင့်မပေးနဲ့"

Chapter 3134

လင်ကျိုးစီရင်စုရုံးတော်သို့ ဦးတည်သွားသည့် ရှည်လျားသောလမ်းပေါ်တွင် ရထားလုံးတစ်စီးက အရှိန်ဖြင့်မောင်းနှင်နေသည်။

လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားသောနံရံများရှိနေကာ မြို့ကိုခံတပ်ငယ်လေးများအဖြစ်သို့ ပိုင်းခြားထားကာ အတွင်း၌ အိမ်များအားလုံးကို စုစည်းထားသည်။မြင်းခွာသံများကသာလျှင် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ရုတ်တရက် ရထားလုံးသည် နတ်ဆိုးမှော်သားရဲသုံးကောင်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

ဤသည်က လင်ကျိုးစီရင်စု၏နတ်ဆိုးမှော်သားရဲတပ်ခွဲပင်။နတ်ဆိုးမှော်သားရဲတချို့၏ခံနိုင်ရည်စွမ်းသည် မြင်းများလောက် မြင့်မားခြင်းမရှိသော်လည်း သူတို့၏အရှိန်နှုန်းသည် ပို၍လျှင်မြန်သည်။

ရှေ့ဆုံးမှဦးဆောင်လာသူသည် လင်ကျိုးလမ်းဆုံတံခါး၌ ဆုံတွေ့ခဲ့သော အရပ်စစ်တပ်မှ ခေါင်းဆောင်စစ်သားပင်။

"ဘာလို့ မင်းတို့ကောင်တွေ ထပ်ဖြစ်နေတာလဲ...တစ်ခုခု ပြဿနာရှိနေလို့လား"

ရထားလုံးအား ဟန့်တားခြင်းခံလိုက်ရသည်ကို မြင်တွေ့ချိန်တွင် လိုက်ကာစမြောက်တက်သွားပြီး ဖန်ကျန်း၏မျက်နှာ ချက်ချင်းထွက်ပေါ်လာကာ သူက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

ခေါင်းဆောင်စစ်သားက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

"အရှင်ဖန်ကျန်း...ကျေးဇူးပြုပြီးတော့ အပြင်ကိုထွက်လာပေးပါ...ငါတို့က မင်းရဲ့ရထားလုံးကို စစ်ဆေးဖို့လိုအပ်တယ်"

ဖန်ကျန်း၏မျက်ခုံး မြင့်တက်သွားကာ သူက တင်းမာခက်ထန်စွာ အော်ဟစ်လိုက်သည်။

"မင်းကို ဒီလိုသတ္တိမျိုး ဘယ်သူပေးထားတာလဲ...ငါ့ဆီမှာ အခုချက်ချင်း စီရင်စုသခင်နဲ့ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိနေတယ်...ဒီနေရာမှာ မင်းနဲ့ အချိန်ဖြုန်းမနေနိုင်ဘူး...လမ်းဖယ်ပေးစမ်း"

ရွှပ်...ရွှပ်...

ခေါင်းဆောင်စစ်သား၏နောက်ရှိ စစ်သားနှစ်ယောက်သည် သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။

ခေါင်းဆောင်တပ်မှူးက အသံနက်ကြီးဖြင့် အော်ငေါက်လိုက်၏။

"နောက်ဆုံးတစ်ခေါက်ပဲ ထပ်ပြောမယ်...ရထားလုံးထဲကနေ ထွက်လာခဲ့စမ်း"

ဤသည်က နောက်ဆုံးသတိပေးချက်ပင်။

ဖန်ကျန်း၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားကာ သူ၏ပါးစပ်ကိုဖွင့်ဟ၍ ဆူပူကြိမ်းမောင်းလေသည်။

"မင်းတို့ လုပ်ရဲလား...ဒီလိုသတ္တိမျိုး မင်းတို့ကို ဘယ်သူပေးထားတာလဲ...ငါ...."

သူ၏စကား အဆုံးမသတ်ရသေးမီမှာပင် ခေါင်းဆောင်စစ်သားသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးသွားကာ ရထားလုံးမောင်းသမား၏အင်္ကျီဂုတ်ကို ဆုပ်ကိုင်၍ မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။

"အထဲကလူတွေ ..အခုချက်ချင်း ရထားလုံးအပြင်ကို ထွက်လာခဲ့စမ်း"

ခေါင်းဆောင်စစ်သားက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ဖန်ကျန်းက စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် လေပြင်းတစ်ချက်က သူ့နောက်ရှိရထားလုံးလိုက်ကာအကွယ်မှ တိုက်ခတ်လာသည်။

ထိုလေပြင်းများအကြားတွင် အေးစိမ့်မှုများ ရောယှက်နေသည်။အနက်ရောင်လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာကာ ခေါင်းဆောင်စစ်သား၏လည်ပင်းကိုဖမ်းဆုပ်၍ ရထားလုံးအတွင်းသို့ ဆွဲသွင်းလိုက်၏။

ခရက်...ခရက်...

ရထားလုံးအတွင်းမှနေ၍ အရိုးကျိုးသံများကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။

ထို့နောက် သွေးစီးကြောင်းတစ်ကြောင်းက ရထားလုံး၏အောက်ခြေမှ ယိုစီးကျလာသည်။

"မကောင်းတော့ဘူး"

ထိုအခြေအနေကို မြင်တွေ့ချိန်တွင် ကြွင်းကျန်သောစစ်သားနှစ်ယောက်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးကြတော့သည်။

သို့ရာတွင် သူတို့ အဝေးသို့မပြေးနိုင်သေးမီမှာပင် ရှည်လျားသောလက်ကြီးနှစ်ဖက်က သူတို့နောက်သို့ တိုးဝင်လာကာ သူတို့၏လည်ပင်းများကိုဖမ်းဆုပ်၍ နောက်သို့ အတင်းအကြပ်ပြန်ဆွဲလိုက်၏။

အရာအားလုံး မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။

စစ်သားနှစ်ယောက်သည် အသံထွက်၍အော်ရန်ပင် အချိန်မရလိုက်ဘဲ ရထားလုံးအတွင်း၌ သေဆုံးသွားရသည်။

ရထားလုံးအတွင်းရှိ အမှောင်ထုကြီးအကြားမှနေ၍ အဆိပ်မှုန့်များပျံသန်းလာကာ နတ်ဆိုးသားရဲများ၏ခေါင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ထိုနတ်ဆိုးသားရဲများသည် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားကာ သူတို့၏ခေါင်းများမှ သွေးများယိုစီးကျလာသည်။

ဖန်ကျန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေ၏။

"ဒီနေရာမှာ သွေးညှီနံတွေ ထွက်နေပြီ...နတ်ဘုရားမျက်လုံးဝင်္ကပါကြီးက ခဏနေကျရင် ဒီနေရာကို စစ်ဆေးလိမ့်မယ်...ငါတို့ တိတ်တဆိတ်ခိုးဝင်ဖို့ အခွင့်အရေးမရှိတော့မှာကို ငါ စိုးရိမ်မိတယ်"

အေးစက်စက်ရယ်သံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။

"မင်း ဘာတွေကြောက်နေတာလဲ...ငါတို့က ကြီးကြီးမားမား တစ်ခုခုလုပ်ဖို့သွားနေမှတော့...သူတို့က အနှေးနဲ့အမြန် ငါတို့ကို ရှာတွေ့သွားမှာပဲ"

"မင်း ဘာကိုဆိုလိုတာလဲ"

"ငါတို့ ဗြောင်ကျကျ တိုးဝင်ကြမယ်...စီရင်စုရုံးတော်က တင်းတင်းကြပ်ကြပ် လုံခြုံရေးချထားတယ်ဆိုပေမယ့်...အဓိကအင်အားစုက မြို့ရိုးပေါ်မှာ ရှိနေတုန်းပဲ...စီရင်စုသခင်က ရုံးတော်မှာပဲရှိနေတယ်လို့ ငါ သတင်းရထားတယ်...ငါတို့က သူ့ကို သတ်နိုင်တာနဲ့...လင်ကျိုးစီရင်စုကို ဖျက်ဆီးနိုင်ပြီလို့ ယူဆလို့ရတယ်"

ရထားလုံးသည် လင်ကျိုးစီရင်စုရုံးတော်သို့ဦးတည်၍ ရှေ့သို့ဆက်သွားနေသည်။

ဤအချိန်အခိုက်အတန့်တွင်...လင်ကျိုးစီရင်စုရုံးတော်အတွင်း၌....

"အရှင်...အပြင်မှာ တစ်ခုခုဖြစ်နေပုံရတယ်"

လက်ထောက်တပ်မှူးတစ်ယောက်က အလျင်စလိုပြေးဝင်လာကာ ကျယ်လောင်သောအသံဖြင့် သတင်းပို့သည်။

ရုံးတော်အတွင်းရှိ မှတ်တမ်းစာရေးနှင့်တခြားအရာရှိများသည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို မသိကြသဖြင့် အနည်းငယ် ကြက်သေသေသွားကြ၏။

သို့ရာတွင် လုယွီသည် ထိုင်ခုံပေါ်၌ ခါးမတ်မတ်ထိုင်ကာ တည်ငြိမ်စွာပြောဆိုသည်။

"အရင်အစီအစဥ်အတိုင်းပဲ ဆက်လုပ်မယ်"

Chapter 3135

ရထားလုံးတစ်စီးသည် မည်သည့်သတိပေးမှုမျှမရှိဘဲ လင်ကျိုးစီရင်စုရုံးတော်ရှေ့သို့ တရကြမ်းတိုးဝင်လာသည်။

ရုံးတော်၏ရှေ့တံခါးကို စောင့်ကြပ်နေသော စစ်သားများသည် အလျင်စလိုရှေ့သို့ပြေးတက်ကာ ပိတ်ဆို့ဟန့်တားလိုက်ကြ၏။သို့ရာတွင် ထိုရထားလုံး၏အရှိန်သည် အလွန်အမင်းလျှင်မြန်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုရထားလုံးသည် စစ်သားများ၏ပိတ်ဆို့ဟန့်တားမှုများအားလုံးကို ချိုးဖျက်ကာ စီရင်စုရုံးတော်၏အရှေ့ဘက်ခြံဝန်းသို့ ရောက်ရှိသွားတော့သည်။

အရှေ့ဘက်ခြံဝန်းရှေ့တွင် မြင့်မားသောနံရံဖြင့် ကာရံထားသော်လည်း ရထားလုံးကြောင့် ကြေမွှပျက်စီးသွားလေ၏။

ထိုရထားလုံးသည် လမ်းတလျှောက်လုံး တရကြမ်းမောင်းနှင်လာပြီးနောက် စီရင်စုရုံးတော်၏အရှေ့ဘက်ခြံဝန်းအတွင်းသို့ အရောက်တွင် ရပ်တန့်လိုက်ကာ မလှုပ်ရှားတော့ချေ။

"မဟုတ်သေးဘူး...စီရင်စုရုံးတော်ရဲ့ခုခံကာကွယ်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်ထိလျော့ရဲနေတာလဲ"

ဖန်ကျန်းက မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

အေးစက်စက်ရယ်သံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။

"ဘာမှ ဂရုစိုက်မနေနဲ့...ဒီနေရာမှာ ဘာကိုမှ ကြိုတင်ပြင်ဆင်မထားတာ ကောင်းတဲ့ကိစ္စပဲ...တကယ်လို့ ငါတို့က ရုံးတော်ထဲကိုဝင်ပြီး စီရင်စုသခင်ကိုသတ်နိုင်ရင် ငါတို့ရဲ့တာဝန် အောင်မြင်ပြီ"

ရုတ်ချည်းဆိုသလိုပင် အေးစက်ပြီးရှုပ်ထွေးသော မှော်မန္တန်ရွတ်ဆိုသံက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ထူထပ်သိပ်သည်းသော ယင်ချီများဖြင့် လွှမ်းခြုံသွားကာ ရထားလုံး၏နံဘေးပတ်လည်တွင် မျောလွင့်နေသည်။အရိုးစိမ့်မတတ် အေးစိမ့်သော အအေးလှိုင်းများက ပျံ့နှံ့နေပေ၏။

ရထားလုံးသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကာ ရာနှင့်ချီသောပုံရိပ်များ အတွင်းမှတိုးထွက်လာသည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ ပြင်းထန်သောဟိန်းဟောက်သံများနှင့် ပြည့်နှက်သွားသည်။

ဤသည်က အမှန်တကယ်ကို ယင်အလောင်းကောင်အုပ်စုပင်။

ရထားလုံးအတွင်း၌ လေဟာနယ်ဝင်္ကပါကို အသုံးပြုထားသဖြင့် အတွင်းရှိနေရာလွတ်သည် ပြင်ပမှမြင်နေရသည်ထက် အဆများစွာ ပို၍ကျယ်ဝန်းသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုယင်အလောင်းကောင်များသည် အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာသည်ကို မြင်တွေ့ရပေမည်။ယင်အလောင်းကောင်တိုင်းနီးပါး တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်ရှိကာ သူတို့၏မျက်လုံးအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ရှိနေသည်။

ယင်အလောင်းကောင်များ၏မျက်လုံးများသည် သွေးနီရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲနေပေ၏။သူတို့ထံတွင် မည်သည့်စိတ်ခံစားချက်မျိုးမျှရှိမနေဘဲ သူတို့၏အသိစိတ် လုံးလုံးလျားလျား ပျောက်ကွယ်နေသည်။

ဝေါင်း...

ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်ခါလုမတတ် ဟိန်းဟောက်သံများက လင်ကျိုးစီရင်စုရုံးတော်၏ညကောင်းကင်ယံအောက်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လင်ကျိုးစီရင်စုရုံးတော်အတွင်း၌ ရုံးအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည့် အရာရှိတချို့၏မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားပေ၏။ရုံးစာရွက်များကို ကြည့်ရှုစစ်ဆေးနေသည့် သူတို့၏လက်များ အနည်းငယ်တုန်ရီသွားသည်။

သူတို့သည် ယခုလတ်တလောအချိန်တွင် လင်ကျိုးစီရင်စုအတွင်း၌ ယင်အလောင်းကောင်များ၏ပြဿနာ ရှိနေသည်ကို သိရှိထားပြီးလေပြီ။ထိုယင်အလောင်းကောင်များကြောင့် ဘေးကပ်ဆိုးမျိုးစုံ ဆိုက်ရောက်လာနိုင်ကြောင်း သူတို့အားလုံး သိရှိထားသဖြင့် ထိုအရာများနှင့်ပတ်သတ်၍ ပြောဆိုနေစဥ်တွင် သူတို့၏မျက်နှာများ ဖြူရော်နေသည်။

အကယ်၍ ယင်အလောင်းကောင်များသာ လင်ကျိုးစီရင်စုအတွင်းတွင် ထွက်ပေါ်လာပါက သူတို့သည် အန္တရာယ်အတွင်းသို့ကျရောက်နေပြီဟု ဆိုလိုသည်မဟုတ်လော...

အရာရှိတချို့သည် မူလက သူတို့၏နေရာများမှ မတ်တတ်ထရပ်၍ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်ကြသည်။သို့ရာတွင် လုယွီသည် ပင်မထိုင်ခုံ၌ တည်ငြိမ်အေးဆေးစွာထိုင်နေသည်ကို မြင်တွေ့စဥ်တွင် သူတို့အားလုံး ထွက်ပြေးရန် ရည်ရွယ်ချက်မရှိတော့ချေ။

"အလုပ် ဆက်လုပ်ကြစမ်း"

လုယွီက သူ၏ခေါင်းကိုငုံကာ စားပွဲပေါ်ရှိ ရုံးစာရွက်များကို ဆက်လက်၍ကြည့်ရှုနေလေ၏။

ပြင်ပမှဟိန်းဟောက်သံများသည် တစတစ ပို၍ကျယ်လောင်လာသဖြင့် ရုံးတော်အတွင်းရှိအရာရှိများ စိုးရိမ်ပူပန်စပြုလာသည်။

"အရှင်...ကျွန်တော်တို့အပြင်ထွက်ပြီးတော့ တစ်ချက်ကြည့်သင့်လား"

မှတ်တမ်းစာရေးက လေသံဖျော့ဖျော့ဖြင့် မေးမြန်းသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

"ဘာမှပြဿနာမရှိဘူး...ငါ ကြိုပြီးစီစဥ်ပြီးသွားပြီ"

လုယွီ၏စကားသံ ပျောက်ကွယ်သွားသောအချိန်မှာပင် ကျယ်လောင်သောအော်သံတစ်သံက ပြင်ပမှထွက်ပေါ်လာသည်။

"ဒီယုတ်ညံတဲ့ကောင်တွေက ဘယ်နေရာက ရောက်လာတာလဲ...စီရင်စုရုံးတော်ကိုတောင် ပြဿနာလာရှာဝံ့တယ်...မင်းတို့က သေချင်နေတာလား"

ဤသည်က ချင်ယုပင်။

သူသည် သူ၏လူများနှင့်အတူ စီရင်စုရုံးတော်အတွင်း၌ ပုန်းအောင်းနေခြင်းဖြစ်သည်။

လုယွီသည် ယင်အလောင်းကောင်များကို မြင်တွေ့ပြီးနောက် တစ်ဖက်လူများသည် စီရင်စုရုံးတော်ကို အရင်ဆုံးတိုက်ခိုက်မည်ဟု သူ ကြိုတင်ခန့်မှန်းထားပြီးလေပြီ။သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရုံးတော်အတွင်းတွင် လင်ကျိုးစီရင်စု၏အရာရှိများအားလုံးကို စုဝေးစေကာ တစ်ဖက်လူများ တိုက်ခိုက်စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိချိန်တွင် တစ်ဖက်ရန်သူများ တိုက်ခိုက်ခဲ့သဖြင့် သူတို့သည် သူ ကြိုတင်ပြင်ဆင်ထားသော ထောင်ချောက်အတွင်းသို့ ကျရောက်သွားလေပြီ။

"လင်ကျိုးစီရင်စုရဲ့ အစောင့်စစ်ဗိုလ်ချုပ်လား...မကောင်းတော့ဘူး...သူတို့က ကြိုတင်ပြင်ဆင်ထားတယ်"

ဖန်ကျန်းသည် ချင်ယုကိုမြင်တွေ့စဥ်တွင် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။သူက နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။

ချင်ယုသည် မြို့ရိုးများကို အမြဲတစေစောင့်ကြပ်နေသူဖြစ်သည်။ဤတစ်ကြိမ်တွင် သူ စီရင်စုရုံးတော်၌ ထွက်ပေါ်လာသဖြင့် အကြောင်းအရင်းသည် သိသာထင်ရှားလှ၏။

ဘုန်း...

ဤအချိန်အခိုက်အတန့်တွင် ရုံးတော်၏တံခါးများ ရုတ်တရက်ပိတ်သွားသည်။စီရင်စုရုံးတော်၏နံရံများပေါ်တွင် စစ်သားတစ်စုထွက်ပေါ်လာသည်။ထိုစစ်သားတိုင််း၏လက်အတွင်းတွင် လေးနှင့်မြှားများကို ကိုင်ဆောင်ထားပြီး မြှားများမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

ဖန်ကျန်းနှင့်နတ်ဆိုးကျင့်ကြံသူ၏လမ်းကြောင်းများအားလုံး ချက်ချင်းဆိုသလိုပင် ပိတ်ဆို့ဟန့်တားခြင်း ခံလိုက်ရ၏။

All Chapters