← Chapters

ကျွန်မမှာ နည်းလမ်း တစ်ခုတော့ရှိတယ်။ ဒါက အကူအညီ ဖြစ်လောက်မယ် ထင်တယ် ...

Vol. 4 Ch. 31

ကျွန်မမှာ နည်းလမ်း တစ်ခုတော့ရှိတယ်။ ဒါက အကူအညီ ဖြစ်လောက်မယ် ထင်တယ် ...

Vol. 4 Ch. 31

လေးလပိုင်းနှောင်းပိုင်းတွင် ရှန့်ကျင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့လေသည်။

မြို့ပြင်ဆင်ခြေဖုန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးများ ပစ်ခတ်သံမှာ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ကြားသိရသည်။ ကောင်းကင်မှ ကျရောက်လာသည့် မိုးကြိုးချက်သည် တောင်ကုန်းတစ်ခုကို ထိမှန်ခဲ့ပြီး ထိုတောင်ကုန်းမှာ တစ်စစီ ဖြစ်သွားသည်ဟုလည်း ဆိုကြသည်။

နှစ်ရက်ဆက်တိုက် မိုးရွာသွန်းခဲ့သဖြင့် အားချန်သည်လည်း ဆိုင်မဖွင့်သလို အစားအသောက် ဝယ်ရန်လည်း အပြင်မထွက်ခဲ့ချေ။

ညဘက်တွင် သူမသည် ဗိုက်ဆာလာသလို ခံစားလာရသဖြင့် အိပ်ရာထဲကထတာ သူမ ယခင်က ဝယ်ယူခဲ့သည့် သရေစာများကို ရှာဖွေဖို့ရန်အတွက် ဗီဒိုကို မွှေနှောက်လေတော့သည်။

ဒီနေ့ည မိုးပိုသည်းနေသလိုပဲ။ မနက်ဖြန်ကျရင် မိုးနည်းနည်းလေး စဲသွားမလားတော့ မသိဘူး။ ဆူညံနေသည့် မိုးသံများကြားတွင် သူမသည် တံခါးခေါက်သံ သဲ့သဲ့လေးကို ကြားလိုက်ရ၏။

နားကြား မှားသွားတာလား။

အားချန်သည် ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် ဆီမီးခွက်ကိုကိုင်ကာ အောက်ထပ်သို့ ဆင်းလာသည်။

သူမသည် အောက်ထပ်သို့ ရောက်လာချိန်တွင် တံခါးခေါက်သံက ပိုပြီးရှင်းလင်းလာခဲ့၏။

ဒီလိုရာသီဥတုမျိုးမှာ ဘယ်သူက ငါ့ကို လာရှာတာလဲ။

"ဘယ်သူလဲ" သူမက တံခါးနားတွင်ရပ်ကာ အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်လေသည်။

အားချန်၏ အသံထွက်ပေါ်လာပြီး တော်တော်လေးကြာမှ အပြင်ဘက်ကအသံ တုံ့ပြန်သံထွက်လာခဲ့၏။ "ငါ ... ငါပါ..." ချန်ညန်ဇီ၏ အသံပင်။

တံခါးမင်းတုပ်ပေါ် တင်ထားသည့် သူမ၏လက်သည် ခဏလောက် တုန့်ဆိုင်းသွားသော်ငြားလည်း သူမသည် တံခါးမင်းတုပ်ကို ဖြုတ်ကာ တံခါးဖွင့်ပေးလိုက်ဆဲပင်။

တံခါးဖွင့်လိုက်သည်နှင့်ချက်ချင်း အပြင်ဘက်က မိုးရေများနှင့်အတူ မနှစ်မြို့ဖွယ်ကောင်းသည့် မြေဆွေးနံ့နင့် ပုပ်အဲ့အဲ့ အနံ့တို့သည် အတူတူ ဝင်ရောက်လာတော့သည်။

ချန်ညန်ဇီသည် ဝတ်ရုံတခုကို ခြုံကာ မိုးရေထဲတွင် ရပ်လို့နေသည်။ သူမ၏ခေါင်းတွင် ခေါင်းစွပ်ဦးထုပ်ကို ဆောင်းထားသော်ငြားလည်း သူမတစ်ကိုယ်လုံး စိုရွှဲလို့နေ၏။

သို့သော်ငြား အချင်းချင်း ဆယ်ရက်ကျော် မတွေ့ခဲ့ရပြီးနောက်တွင် တစ်ဖန်ပြန်တွေ့လာသည့်အခါ တဘဝစာ ကုန်လွန်သွားသည်ဟုပင် ထင်ရလေသည်။ တစ်ယောက်က တံခါး၏ အတွင်းဘက်တွင် ရပ်နေပြီး ကျန်တစ်ယောက်ကတော့ တံခါးအပြင်ဘက်တွင် ရပ်လို့နေသည်။

အားချန်က ရေနံဆီမီးအိမ်၏ အလင်းရောင်ဖြင့် မိုးရေထဲတွင် ငြိမ်သက်စွာရပ်နေသည့် ချန်ညန်ဇီကို ကြည့်လိုက်ပြီး သူမသည် သက်မဲ့နေသည့် ကျောက်တုံး တစ်ယောက်လို ဖြစ်နေလေတော့သည်။ သို့နှင့် သူမသည်လည်း သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်တော့သည်။ "ချန်ဟွေ့ ဝင်ခဲ့ပါ"

ချန်ညန်ဇီသည် တံခါးပေါင်ကိုကျော်ကာ အိမ်ထဲသို့ ဝင်ရောက်လာခဲ့၏။

အားချန်က တံခါးကို ပိတ်လိုက် သော်ငြားလည်း ပုဝါတစ်ထည်ဖြင့် သူမ၏ခန္ဓာကိုယ်ကို မသုတ်လိုက်သလို သူမကိုထို င်ပါဟုလည်း ပြောမလာချေ။ သူမက ခပ်တိုးတိုးသာ ပြောလိုက်၏။ "ဝတ်ရုံကို ချွတ်လိုက်ပါ"

"ရှင် လန့်သွားလိမ့်မယ်”

"ကျွန်မ ရှင့်ကို အိမ်ထဲဝင်ခွင့် ပေးလိုက်ပြီဆိုမှတော့ မကြောက်ပါဘူး"

ချန်ညန်ဇီသည် သူမ၏ဝတ်ရုံပေါ်က ကြိုးများကိုဖြည်လိုက်ပြီး ဝတ်ရုံသည် မြေကြီးပေါ်သို့ လျှောကျသွားကာ သူမ၏လက်ရှိရုပ်သွင် အခြေအနေမှာ ပေါ်ထွက်လာလေသည်။

သူမမှာ ခုနက ပြောသည့်အတိုင်းပင် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းနေတော့၏။

ဖော်ထားသည့် မျက်နှာပေါ်တွင် ပုပ်သိုးနေသည့် အနက်ရောင် အကွက်ပေါင်းများစွာ ရှိနေ၏။ ထိုပုပ်သိုးနေသည့် အရာများက ပုပ်အဲ့အဲ့ အနံ့တစ်ခု ထွက်ပေါ်လို့နေသည်။

အတိအကျ ပြောရမည်ဆိုလျှင်တော့ အလောင်းကောင်အနံ့ပင်။

ချန်ညန်ဇီသည် ဝင်လာသည့် အချိန်မှစပြီး ယခုအချိန်အထိ အသက်မရှူသလို နှလုံးခုန်သံလည်း မရှိချေ။

လွန်ခဲ့သည့်ရက် အနည်းငယ်က သူမသည် သက်ရှိဖုတ်ကောင် တစ်ကောင်၏ လည်ပင်းကို ကိုက်ဖြတ်ခြင်းခံခဲ့ရပြီး အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်၏။

သူမ၏အသိစိတ်က ထာဝရအမှောင်ထုထဲသို့ ကျရောက်သွား သော်ငြားလည်း သူမသည် အမြဲတမ်း နှစ်မြုပ်နေခဲ့ခြင်း မဟုတ်ပေ။ မည်သည့်အချိန်က ပြန်လည်နှိုးထ လာသည်ကိုလည်း သတိမထားမိလိုက်ချေ။

သူမသည် တဖြည်းဖြည်းနှင့် သူမ၏နာမည်ကို မှတ်မိလာပြီး ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များနှင့် သူမ၏ သေဆုံးမှုအကြောင်းကိုပင် သတိရသွားခဲ့သည်။

သူမသည် မြေကြီးထဲတွင် မြှုပ်နှံခံခဲ့ရသည်ကိုပင် ခံစားမိလိုက်၏။ သူမ၏ကိုယ်ပေါ်တွင် ဖိထားသည့် ထူထဲလှသည့် မြေကြီးသည် သူမ အပေါ်သက်ရောက်မှု မရှိသော်ငြားလည်း သူမကို မလှုပ်ရှားနိုင်အောင်တော့ ပြုလုပ်ထားနိုင်သေးသည်။

အပြင်ဘက်တွင် မိုးစတင်ရွာသွန်းလာပြီး မိုးကြိုးများစတင် ပစ်ခတ်လာသည့် အချိန်အထိပင်။

သူမကို မြှုပ်နှံထားသည့် မြေကျင်းသည် မိုးကြိုးထိမှန်ပြီး ပွင့်ထွက်သွားသည့် အချိန်က သူမသည်လည်း ထိုမြေကြီးထဲက လေးဖက်ထောက်ကာ ထွက်လာခဲ့ပြီး ထိုနေရာက ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင်တော့ သူမသည် ဘာကိုမှ သတိမထားမိသေးချေ။ ရေမြောင်းငယ်လေး တစ်ခုကို ဖြတ်လာချိန်တွင် သူမသည် ခေါင်းငုံ့ လိုက်သည့်အခါ ရေထဲက မိမိ၏ပုံရိပ်ကို မြင်လိုက်ရ၏။

သူမ၏မျက်နှာမှာ ပုပ်သိုးလို့နေသည်။

မိမိကိုယ်ကိုမိမိ အထိတ်တလန့် ဖြစ်သွားပြီး လမ်းမကြီးပေါ်သို့ ဒယိမ်းဒယိုင် တက်လာကာ လူတစ်ယောက်၏ကိုယ်ပေါ်က ဝတ်ရုံကို လုယူသည့် ပြေးထွက်လာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် အပြင်းအထန်ရောဂါ ဖြစ်နေသူတစ်ယောက် ဟန်ဆောင်ပြီး မြို့ထဲသို့ ခိုးဝင်လာခဲ့၏။ သူမသည် သေရမည်ဆိုလျှင်ပင် တခြားသူများကို ဒုက္ခမပေးမိစေရန် မိမိအိမ်တွင်သာ သေသင့်သည်ဟု စဉ်းစားခဲ့လေသည်။

သို့သော်ငြား သူမသည် သူမ၏အိမ်တံခါးသို့ လျှောက်လာချိန်တွင် မိုးသည်းထန်စွာရွာလာပြီး မျှော်လင့်ချက်မဲ့နေ ချိန်တွင် သူမကို အသက်ရှင်သန်ရန် ထောက်ပံ့ပေးခဲ့သည့် မွှေးရနံ့ကို ရှူရှိုက်မိလိုက်၏။

သူမသည် ကျိချန်နှင့် မတွေ့ချင်ခဲ့ပေ။ အကြောင်းမှာ သူမကို ထိတ်လန့်သွားစေမှာ စိုးရိမ်ခြင်းကြောင့်ပင်။

သို့သော်ငြား သူမ၏ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်သလို ထိုရနံ့နောက်သို့ လိုက်ပါကာ ရှာဖွေလေသည်။

ကျိချန်က သူမအတွက် တံခါးဖွင့်ပေးပြီး သူမကိုအိမ်ထဲသို့ ဖိတ်ခေါ်ခဲ့၏ ...

ချန်ညန်ဇီ၏ လက်ရှိရုပ်သွင်ကို မြင်လိုက်ရပြီး ဘာကများ မရှင်းလင်းဘဲ ရှိပါတော့မည်နည်း။ သူမသည် သေဆုံးသွားပြီး သက်ရှိဖုတ်ကောင် တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။ ထိုအပြင် ဖုတ်ကောင်တစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲမသွားသေးသည့် သက်ရှိဖုတ်ကောင်တစ်ကောင် ဖြစ်နေသည်။

သူမသည် မသေခင်က မှတ်ဉာဏ်များကိုလည်း ထိန်းသိမ်းထားနိုင်ပြီး အားချန် ယခင်က မြင်တွေ့ခဲ့ဖူးသည့် သက်ရှိဖုတ်ကောင် များထက်ပင် လူသားပိုဆန်နေသေးသည်။ သို့သော်ငြား သူမသည် ဖုတ်ကောင်အဖြစ် အပြည့်အဝ အသွင်ကူးပြောင်းနိုင်မည် မဟုတ်သည့်အတွက် တဖြည်းဖြည်းနဲ့ဆက်ပြီး ပုပ်သိုးသွားပေလိမ့်မည်။

သူမသည် ထိုအခြေအနေကို မထိန်းချုပ်နိုင်ခဲ့လျှင် မိမိကိုယ်ကို ပုပ်သိုးသွားသည့် အခြေအနေကိုသာ ကြည့်နေရပေလိမ့်မည်။

"ဘာဖြစ်ခဲ့တာလဲ" အားချန်က မေးလိုက်၏။

ချန်ညန်ဇီသည် အားချန်၏ မျက်လုံးများထဲက လန့်ဖြန့်သွားသည့် အမူအရာကို မမြင်လိုက်ရဘဲ သူမကတော့ လက်ရှိအခြေအနေကို အလွယ်တကူ လက်ခံလိုက်ဟန်တူ၏။

"ကျွန်မ ..." ချန်ညန်ဇီက ပါးစပ်ကိုဖွင့်ဟလိုက်ကာ "ဒါက အစကနေ စပြောရမယ်ဆိုရင် နည်းနည်းလေးရှည်တဲ့ ဇာတ်ကြောင်းတစ်ခုပဲ"

"ရပါတယ်" အားချန်က သူမ၏နောက်က ကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်ကာ "ထိုင်လိုက်ပါအုံး။ ရှင့်မှာ တစ်ညလုံး အချိန်ရှိပါတယ်။ ဖြည်းဖြည်းချင်း ပြောလို့ရတယ်"

အတိတ်အကြောင်းအရာများကို မည်သည့်အချိန်က စတင်ပြောပြရပါမည်နည်း။ ချန်ဟွေ့ အပျိုဖော်မဝင်မီအချိန်က စတင်ရပေလိမ့်မည်။

ထိုအချိန်က သူမ၏အဖေသည် လောကကြီးထဲက စာသင်ကျောင်းကြီးလေးခုထဲက တခုဖြစ်သည့် မင်ကျိုးစာသင်ကျောင်း၏ ကျောင်းအုပ်တစ်ယောက်ဖြစ်သည်။ သူသည် တလောကလုံးတွင် နာမည်ကြီးသည့် ပညာရှိတစ်ဦးလည်းဖြစ်၏။ တစ်နေ့တွင်တော့ သူမ၏အဖေဖြစ်သူသည် အိမ်သို့ ဝမ်းသာအားရ ပြန်ရောက်လာပြီး သူသည် အလွန် အရည်အချင်းရှိသည့် တပည့်တစ်ယောက်ကို လက်ခံခဲ့ကြောင်း၊ ထိုတပည့်သည် အရာရာတွင် ကောင်းမွန်သော်ငြား မိဘများမှာ ကွယ်လွန်သွားကြပြီဖြစ်ပြီး သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည့် အဘိုးအဘွားများမှာလည်း ဆုံးပါးသွားခဲ့ကြပြီဖြစ်ကြောင်း သူမတို့ သားအမိနှစ်ယောက်ကို ပြန်လည်ပြောပြခဲ့သည်။

သူမ၏အမေက ဂရုမစိုက်ဘဲ အဖေဖြစ်သူကို ထိုလူအား အိမ်သို့မကြာခဏ ခေါ်ဆောင်လာကာ ထမင်းဟင်းကျွေးရန် ပြောခဲ့သည်။ သို့မှသာ ငွေတချို့ ချွေတာနိုင်မည် ဖြစ်၏။

ချန်ဟွေ့သည်လည်း ဤသို့ဖြင့် ယန်လိရူနှင့် သိကျွမ်းခဲ့ လေသည်။

သူတို့သည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်ကာ ချစ်ခင်စုံမက်ခဲ့ကြပြီး နောက်ဆုံးတွင်တော့ မိဘများ၏ သက်သေဖြင့် စေ့စပ်ခဲ့ကြ၏။

နောက်ပိုင်းတွင် သူမအဖေ၏ အတန်းဖော်ဟောင်းတစ်ယောက်သည် သူမ၏အဖေကို နန်းတွင်းထဲတွင် ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ထောက်ခံခဲ့သဖြင့် သူတို့မိသားစု တစ်ခုလုံးသည် ရှန့်ကျင်းသို့ သွားရောက်ခဲ့ကြသည်။ ထိုအချိန်တွင် ကျွီရန် တစ်ယောက်ဖြစ်နေပြီဖြစ်သည့် ယန်လိရူသည်လည်း ရှန့်ကျင်းသို့ အတူတူလိုက်ပါလာခဲ့သည်။

လမ်းခရီးတွင် ချန်ဟွေ့သည် ရှန့်ကျင်းသို့သွားကာ ဆွေမျိုးများကို ရှာဖွေမည့် မိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးခဲ့၏။ ထိုမိန်းကလေးသည် သူမနှင့် ရွယ်တူဖြစ်ပြီး မျက်နှာကလည်း ဝါကျန့်ကျန့် အသားအရည်ဖြစ်နေကာ ပိန်လှီလို့နေသည်။ သူမသည် အလွန် သနားစရာကောင်းနေလေ၏။ ထို့ကြောင့် ချန်ဟွေ့ကလည်း သူမ၏အဖေကို ထိုမိန်းကလေးအား သူတို့နှင့်အတူတူ ရှန့်ကျင်းသို့ခေါ်ဆောင် သွားပေးဖို့ရန် အတင်းတောင်းဆိုပေးခဲ့သည်။

ထိုအရာက သူမ နေထိုင်လာခဲ့သည့် နှစ်များအတွင်းတွင် အဆင်ပြေလျှင် ကူညီပေးခဲ့သည့် လူများထဲက တစ်ဦးသာ ဖြစ်လေသည်။

ချန်ဟွေ့သည် ဖန်းယွီဟု ခေါ်သည့် ထိုမိန်းကလေးက သူမ၏ဘဝကို ပြောင်းလဲသွားစေမည်ဟု လုံးဝထင်မထားခဲ့ချေ။

သူတို့သည် ရှန့်ကျင်းသို့ ရောက်လာသောအခါ ထိုမိန်းကလေးက သူမ၏အဖေဖြစ်သူကို သွားရောက်ရှာဖွေခဲ့ပြီး ယန်လိရူနှင့် ချန်ဟွေ့တို့ကလည်း အတူတူ ထွက်လာခဲ့လေသည်။

နောက်ပိုင်းတွင်တော့ မမျှော်လင့်ဘဲ စားသောက်ပွဲတခုတွင် ချန်ဟွေ့သည် ဖန်းယွီနှင့် တစ်ဖန် ထပ်မံတွေ့ဆုံခဲ့၏။ သူမသည် ကျန်းပေမြို့စား၏ တစ်ဦးတည်းသော သမီးဖြစ်လာကာ အရာရှိမျိုးရိုးမှ ဆင်းသက်လာသည့် မိန်းကလေးများစွာ၏ အားကျအတုယူခြင်းကို ခံနေရသူလည်း ဖြစ်လလာသည်။

တစ်ချိန်က အားနည်းချည့်နဲ့ပြီး အနိုင်ကျင့်ခံခဲ့ရသည့် မိန်းကလေးသည် ယခုတော့ ဘဝအသစ်တစ်ခု ရရှိသွားဟန်တူ၏။

ချန်ဟွေ့ကလည်း ရှေ့သို့တက်မလာခဲ့ချေ။ သူမသည် တစ်ဖက်သား၏ လက်ရှိဘဝကို မနှောင့်ယှက်လိုပေ။ သို့သော်ငြား ဖန်းယွီကတော့ သူမကို လှမ်းခေါ်ခဲ့၏။

သူမသည် ရှန့်ကျင်းသို့ ရောက်လာသည်မှာလည်း မကြာသေးသဖြင့် မိတ်ဆွေသူငယ်ချင်းများ မရှိသေးချေ။ ဖန်းယွီ ပေါ်လာခြင်းသည် ချန်ဟွေ့အတွက်တော့ ပထမဦးဆုံးသူငယ်ချင်းကို ရရှိခဲ့ခြင်းဖြစ်၏။ သူတို့သည် တစ်ချိန်က အတူတူစား အတူတူသွားခဲ့ကြပြီး အတူတူ အဝတ်အစားများကို ဝယ်ကာ လှလှပပ လက်ဝတ်ရတနာများကို အပြန်အလှန် လက်ဆောင်ပေးကြပြီး မိမိတို့၏ လျှို့ဝှက်ချက်ငယ်လေး များကိုလည်း မျှဝေခဲ့ကြသည်။

ထို့နောက်တွင် တစ်နေ့တွင်တော့ ယန်လိရူနှင့် ဖန်းယွီတို့သည် သူမ၏အိမ်သို့ အတူတူရောက်ရှိ လာခဲ့ကြတော့၏။

သူသည် သူမ၏အဖေရှေ့တွင် ဒူးထောက်၍ အပြစ်ကိုဝန်ခံခဲ့လေသည်။ သူသည် ရေနှစ်နေသည့်ဖန်းယွီကို ကယ်တင်ပေးခဲ့ပြီး သူမ၏ ကိုယ်ခန္ဓာကို မြင်တွေ့ခဲ့ရသဖြင့် သူမကို တာဝန်ယူရမည်ဖြစ်ပြီး ဇနီးအဖြစ် လက်ထပ်ရမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။

သို့ဆိုလျှင် သူမကရော။

ချန်ဟွေ့သည် ထိုသတင်းကို ကြားလိုက်ရချိန်က ခံစားချက်ကိုပင် မှတ်မိနေသေးသည်။ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် နာကျင်ခြင်းတို့ ဖြင့် ပြည့်နှက်နေခဲ့၏။

သူမသည် ဤသို့သော အဖြစ်အပျက်ကို ကြုံတွေ့ရခဲ့သည့် အကြောင်းအရင်းကိုပင် နားမလည်နိုင်ခဲ့ချေ။ အဘယ်ကြောင့်များ သူမထံတွင်မှ လာဖြစ်ရပါသနည်း။

အဖေကတော့ အလွန်ဒေါသထွက်ခဲ့သော်ငြား ယန်လိရူကိုလည်း အပြစ်မဆိုသာချေ။ သူသည် လူကယ်တင်ရန်အတွက်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်လေသည်။

နောက်ပိုင်းတွင် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပြီး သူမ၏ စေ့စပ်ထားသည့် သတို့သားလောင်းက တခြားတစ်ယောက်၏ ခင်ပွန်းဖြစ်သွားတော့သည်။

ထိုနောက်ပိုင်းတွင် သူမ၏အဖေသည် ဆောင်းပါးတစ်ပုဒ်ကြောင့် နန်းတွင်းအမတ်များစွာ၏ တိုင်ကြားခြင်းကိုခံခဲ့ရပြီး အရှင်မင်းကြီးသည်လည်း သူမ၏ဖခင်ကို မြို့တော်မှ နှင်ထုတ်ခဲ့သည့်တွင် လမ်းခရီး၌ မိစ္ဆာကပ်‌ဘေးကို ကြုံတွေ့ခဲ့ရတော့သည်။

ချန်ဟွေ့၏ မျက်လုံးများသည် လုံးဝကိုငြိမ်သက်နေပြီး သူမကပြောလာခဲ့၏။ "ကျွန်မမိသားစုရဲ့သေဆုံးမှုက မတော်တဆမဟုတ်ဘဲ ဖန်းယွီ တစ်ယောက်တည်းရဲ့ အကြံအစည်ကြောင့်ဆိုတာကို သေခါနီးမှပဲ သိခဲ့ရတော့တာ။ ကျွန်မရဲ့မိသားစုတစ်ခုလုံးကို သတ်ခဲ့တဲ့မိစ္ဆာကောင်ကလည်း သူမွေးထားတဲ့ သက်ရှိဖုတ်ကောင်ပဲ။ နောက်ဆုံးတော့ ကျွန်မလည်း အဲဒီသက်ရှိဖုတ်ကောင်ရဲ့ အကိုက်ခံခဲ့ရပြီး သေခဲ့ရတယ်"

အားချန်သည် ချန်ဟွေ့၏ ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် စိတ်ထဲ၌ အကြောင်းမဲ့ မွန်းကျပ်လာလေတော့၏။

သူမသည် ဤအကြောင်းအရာများ အားလုံးကို ဖြတ်သန်းခဲ့ရသည့် ချန်ဟွေ့မှာ မည်မျှမျှော်လင့်ချက်မဲ့နေမည်ကို နားလည်နိုင်ပုံရလေသည်။

"ဒါဆိုရင် ယန်လိရူက ဒီဇာတ်လမ်းထဲမှာ ဘယ်လိုဇာတ်ကောင်နေရာက ပါဝင်နေတာလဲ" အားချန်က မေးလိုက်၏။

"ချန်ဟွေ့က တော်တော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ပြောလာခဲ့သည်။ "ကြံရာပါ"

"ကျွန်မ မသေခင်တုန်းက သူ ရောက်လာတယ်လေ။ သက်ရှိဖုတ်ကောင်က ကျွန်မရဲ့လည်ပင်းကို ကိုက်ဖြတ်လိုက်တဲ့ အချိန်တုန်းက ကျွန်မ တကယ်မသေသေးဘူး။ သူ့ကို ဖုန်းရွှေကောင်းတဲ့နေရာရှာပြီး မြှုပ်နှံပေးလိုက်ပါလို့ ပြောတာကို ကျွန်မကြားလိုက်ရတာပေါ့ ဟားဟားဟား ..."

ချန်ဟွေ့သည် အထိန်းချုပ်ကင်းမဲ့စွာ ရယ်မောလိုက်သော်ငြားလည်း သူမ၏မျက်နှာပေါ်တွင်တော့ ပြုံးရွှင်နေသည့် အမူအရာမရှိချေ။

သူမသည် မျက်ရည်များ ကျလာသည်အထိ ရယ်မောနေသော်ငြားလည်း မျက်ရည်ကတော့ မကျနိုင်တော့ပေ။

"ဒီနေ့ည ရှင် ကျွန်မကို ဘာဖြစ်လို့လာရှာတာလဲ"

"ကျွန်မ အနံ့ရလို့ အနံ့အတိုင်း လိုက်လာတာပါ။ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို မနှောင့်ယှက်ချင်ပါဘူး"

"အနံ့ဟုတ်လား" အားချန်သည် ဇဝေဇဝါ ဖြစ်သွားတော့သည်။

"ရှင် ကျွန်မကိုပေးခဲ့တဲ့ အမွှေးနံ့သာလုံးလေးလေ။ ကျွန်မ အဖမ်းခံရတုန်းက အရမ်းဆာလို့ စားပစ်လိုက်တာ။ ဘာကြောင့်မှန်းတော့ မသိဘူး။ အဲဒီအနံ့က ကျွန်မကို အရမ်းဆွဲဆောင်နေတယ်”

အားချန်သည် ထရပ်ကာ ရှေးဟောင်းပစ္စည်းများ တင်ထားသည့်စင်ပေါ်က နဂါးရိုးအမှုန့်ရောစပ်ထားသည့် အမွှေးနံ့သာလုံးတစ်လုံးကို ယူလိုက်ပြီး "ရှင်ပြောတာ ဒါလား"

"ဟုတ်တယ်" ထိုအမွှေးနံ့သာလုံးကို မြင်လိုက်ရသည်တွင် ချန်ညန်ဇီသည် ထိုရာကိုသာ စိုက်ကြည့်နေမိပြီး အချိန်မရွေး ပြေးဝင်တိုးတော့မည်ပုံ ဖြစ်နေ၏။

သို့သော်ငြား သူမသည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်ထားကာ သူမ၏ခန္ဓာကိုယ်သည် တစ်ချက်မှ မလှုပ်ရှားခဲ့ချေ။

အားချန်က ထိုအမွှေးနံ့သာလုံးကို သူမထံသို့ လှမ်းပေးလိုက်၏။ ချန်ညန်ဇီကလည်း တွေဝေမနေဘဲ ထိုအမွှေးနံ့သာလုံးကို သူမ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ဝါးပင်မဝါးဘဲ မျိုချလိုက်တော့သည်။

ခဏအကြာတွင် သူမကပဲ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသည်လားတော့ မသိချေ။ သို့သော်ငြား ချန်ညန်ဇီ၏ မျက်နှာပေါ်က ပုပ်သိုးနေသည့် အကွက်သည် ပိုပိုပြီး သေးငယ်လာသယောင် ဖြစ်သွားသည်ဟု ခံစားလိုက်ရလေသည်။

အားချန်က အနီးကပ်လေး တစ်ချက်လောက် သွားကြည့်လိုက်သည်တွင် စိတ်ထင်နေခြင်း မဟုတ်သည်ကို သိလိုက်ရ၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ" သူမက ရေရွတ်လိုက်သည်။

ဒီအမွှေးနံ့သာလုံးကို နဂါးအရိုးမှုန့်ကလွဲလျှင် တခြားထူးထူးခြားခြား ဘာပစ္စည်းမှ မသုံးထားပေ။ မွှေးကြိုင်သည့်အနံ့ အနည်းငယ် ရှိသည်ကလွဲလျှင် သေးငယ်သည့် အာနိသင်တစ်ခုသာ ရှိလေသည်။ အကယ်၍ အဝတ်အစားများအပေါ်တွင် မီးခိုးတိုက်ပြီး သုံးမည်ဆိုလျှင်တော့ မိုးရေထဲသို့သွားချိန်တွင် အဝတ်အစားများက မိုးရေများ စိုလိမ့်မည် မဟုတ်ပေ။

ဤထူးဆန်းလှသည့် အာနိသင်သည် လူအပေါ်တွင် မည်သည့်သက်ရောက်မှုမှမရှိဘဲ အနည်းငယ် ပျော်စရာကောင်းရုံသာရှိ၏။

ချန်ညန်ဇီသည် သက်ရှိဖုတ်ကောင် တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမသည် ဒီအမွှေးနံ့သာလုံးကို အလွန်အမင်း တောင့်တနေခြင်းက နဂါးအရိုးမှုန့်ကြောင့် ဖြစ်နိုင်ခြေ များလေသည်။

သူမသည် မသေခင်က နဂါးရိုးအမှုန့်ပါသည့် အမွှေးနံ့သာလုံးကို မျိုချခဲ့ပြီး သက်ရှိဖုတ်ကောင်၏ ကိုက်ဖြတ်ခြင်းကိုခံရကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးပြီးနောက်တွင် သက်ရှိဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်ငြားလည်း အပြည့်အဝပြောင်းလဲသွားခြင်း မဟုတ်သည်က မတော်တဆဖြစ်ရပ် တစ်ခုတော့ မဟုတ်နိုင်ပေ။

ဖြစ်နိုင်ချေကတော့ နဂါးရိုးအမှုန့်သည် မမျှော်လင့်ဘဲ သူမ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး သူမက ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်ကို တားမြစ်လိုက်ခြင်း ဖြစ်နိုင်သည်။

နဂါးမျိုးနွယ်တို့၏ အစွမ်းသည် အလွန်အင်အားကြီးပြီး သူတို့၏အရိုးများ အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအတိုင်းတွင် ပြည့်နှက်လို့နေသည်။

နယ်ပယ်လေးခုက နဂါးမျိုးနွယ်တို့၏ အရိုးများတွင် အစွမ်းထက်သော စွမ်းအင်များ ပါဝင်သော်ငြား ထိုအရာများကို စုပ်ယူနိုင်ခြင်းမရှိချေ။ သက်ရှိလူသားများ မစုပ်ယူနိုင်ခဲ့လျှင် သေဆုံးပြီးသားသူများကရော။

မည်သူကမှ မစမ်းသပ်ကြည့် ခဲ့ကြဖူးပေ။

ဤမျှတန်ဖိုးကြီးလှသည့် နဂါးအရိုးမှုန့်ကို သေခါနီးလူတစ်ယောက်ကို ကျွေးမွေးပြီးနောက် သက်ရှိဖုတ်ကောင်ကို ကိုက်သတ်စေမည့်သူလည်း ရှိမည် မဟုတ်ပေ။

အချိန်တိုအတွင်းတွင် အားချန်သည် ပြဿနာကို စဉ်းစားနေမိပြီး ချန်ညန်ဇီ၏ မျက်နှာပေါ်က အကွက်လေးကလည်း တဖြည်းဖြည်း သေးသွားရာက ပျောက်ကွယ်သွား လေတော့သည်။

"တကယ်ပဲ စုပ်ယူသွားခဲ့တာပဲ" အားချန်သည် အနည်းငယ် အံ့အားသင့် သွားသော်ငြားလည်း တော်တော်လေးလည်း စိတ်ရှုပ်သွားခဲ့သည်။

ဝမ်းသာစရာမှာ သူမ၏ခန့်မှန်းချက်က မှန်ကန်နေခြင်းပင်။ ချန်ညန်ဇီသည် နဂါးအရိုးမှုန့်ထဲက စွမ်းအင်များကို အမှန်ပင် စုပ်ယူနိုင်ခဲ့သည်။ အကယ်၍ သူမတွင် လုံလောက်သည့် နဂါးအရိုးမှုန့်များ ရှိနေခဲ့မည်ဆိုလျှင် သူမသည်သာမန် လူတစ်ယောက်ပင် ဖြစ်လာနိုင်လောက်သည်။

စိတ်ရှုပ်ရစေသည်မှာ နဂါးအရိုးမှုန့်များ အများကြီး မကျန်ရစ်တော့ခြင်းပင်။

သူမသည် မိစ္ဆာမြေခွေး တစ်ကောင်ဖြစ်ခဲ့ချိန်ကပင် နယ်ပယ်လေးခုအတွင်းက နဂါးမျိုးနွယ်များကို သွားပြီး မထိတွေ့ဝင့်ပေ။

ယခုအချိန်တွင်တော့ နဂါးမျိုးနွယ်များထက် နဂါးအရိုးပိုင်ဆိုင်ထားသည့် ပိုင်ရှိုးမင်လိုပင် အန္တရာယ်ကြီးမားလေသည်။

ပိုင်ရှိုးမင်က ငါ့ကို စောင့်ကြည့်နေတဲ့ သူလျှိုတွေကို အခုလေးတင်မှ ပြန်ရုပ်သိမ်းသွားခဲ့တာ။ ငါ့အိမ်မှာ သက်ရှိဖုတ်ကောင် ရှိနေတာကို သိသွားမယ်ဆိုရင် ပထမဦးဆုံး လုပ်မှာက ငါ ရှင်းပြတာကို နားထောင်မှာ မဟုတ်တာပဲ။

အရင်တုန်းက ငါ့ကို မိစ္ဆာလို့ သံသယဝင်တုန်းက သူ့ရဲ့သဘောထားက အများကြီးကို ရှင်းပြနေခဲ့တယ်။ သူက မိစ္ဆာတစ္ဆေတွေအပေါ် ဘယ်လိုမှသဘောထား ပျော့ပျောင်းမှာ မဟုတ်ဘူး။

အားချန်သည် ပိုင်ရှိုးမင်၏သူမအပေါ် သဘောထားသည် နူးညံ့သိမ်မွေ့နေသဖြင့် အရာအားလုံးကို သူ့အား ပြောပြလို့ ရသည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ။

ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။

ချန်ညန်ဇီသည် အားချန်၏ အံ့သြဝမ်းသာသည့် မျက်လုံးများအောက်တွင် လက်ကို ဆန့်တန်းကာ မိမိ၏မျက်နှာကို စမ်းကြည့်လိုက်၏။ လက်ကို ပြန်ဆန့်လိုက်ချိန်တွင် လက်ချောင်းပေါ်က ပုပ်သိုးနေသည့် အနက်ရောင်ကွက်တစ်ခုသည် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

သူမသည် အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ကြည့်ရှုလိုက်ပြီး အမှန်တကယ် ပျောက်ကွယ်သွားခြင်းဖြစ်နေ၏။

"ဒါက ဘယ်လိုဖြစ်တာလဲ"

"အမွှေးနံ့သာလုံးထဲမှာ နဂါးအရိုးမှုန့် ပါတယ်လေ။ နဂါးအရိုးမှုန့်ရဲ့အစွမ်းက ရှင့်ရဲ့ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ခဏလောက် ပြန်ဖြစ်အောင် လုပ်ပေးနိုင်တာပဲ ဖြစ်မယ်။ ဒါပေမဲ့ ..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ပုံမှန်အခြေအနေကို ထိန်းသိမ်းထားဖို့ဆိုရင် နဂါးအရိုးမှုန့်တွေကို ဆက်တိုက်စားသုံးဖို့လိုတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အရမ်းရှားတယ်" အားချန်၏ လေသံမှာ အနည်းငယ် အခက်တွေ့သွားလေသည်။

"ဒီလိုလား ... ဒါဆိုရင်လည်း ထားလိုက်ပါတော့"

ချန်ဟွေ့သည် မိမိလက်ပေါ်က သာမန်လူကဲ့သို့သော အသားအရေကို ငုံ့ကြည့်ရင်း ပြုံးရွှင်နေသည့် မျက်နှာအမူအရာကို ခက်ခက်ခဲခဲကြိုးစားကာ ပြုလုပ်လိုက်သည်။ "ရှင်နဲ့ပြန်တွေ့ပြီး ဒီစကားတွေ ပြောခွင့်ရတာနဲ့တင် လုံလောက်ပါပြီ။ ကျွန်မကတော့ သေပြီးသားလူတစ်ယောက်ပါပဲ"

"တကယ်လို့ ဒီအတိုင်းထားလိုက်မယ်ဆိုရင် ရှင် နောက်တစ်ခါ ထပ်သေရဦးမှာပဲ။ မခံချင်စိတ် မဖြစ်ဘူးလား" အားချန်က မေးလိုက်သည်။ ချန်ဟွေ့ကလည်း ညင်သာစွာပြောလာ၏။ "မခံချင်စိတ် ဖြစ်တာပေါ့။ ကျွန်မရဲ့မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတာ။ သူတို့မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင် နေနေကြတယ်လေ။ တကယ်မတရားဘူး"

"ဒါပေမဲ့ တစ်ခါတလေကျရင် လူတစ်ယောက်က ကိုယ့်ရဲ့ကံကြမ္မာကို လက်ခံရတယ်။ မရနိုင်တာတွေကို အတင်းအကျပ် မတောင်းဆိုသင့်ဘူး"

အားချန်သည် အတင်းအကျပ် မတောင်းဆိုသင့်ဘူးဟု ပြောနေသည့် ချန်ဟွေ့ကို ကြည့်လိုက်လေသည်။ သူမသည် အမှန်တကယ် အတင်းအကြပ် မတောင်းဆိုနေခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ဒုက္ခမပေးလိုချင်သာ ဖြစ်တော့သည်။

သူမသည် တောင်ပေါ်တွင် နေစဉ်ကလည်း အဖွားဖြစ်သူက သူမကို ခေါင်းမာသည်ဟု ဆူပူကြိမ်းမောင်းပြီး မရနိုင်သည်ကို အတင်းအကျပ် တောင်းဆိုနေသည်ဟု ပြောခဲ့သည်ကိုပင် မနေနိုင်ဘဲ သတိပြန်ရမိသွားတော့သည်။

သူမက မိဘများကို ပြန်တွေ့ချင်ရုံသာဖြစ်၏။

သူမ ကြီးပြင်းလာသည်အထိ၊ သူမ သေဆုံးသွားခဲ့သည်အထိ၊ နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာသည်အထိ ဤအတွေးသည် ဘယ်တုန်းကမှ ပြောင်းလဲသွားခြင်း မရှိချေ။

သူမသည် ဘယ်တော့မှလည်း ပြောင်းလဲနိုင်သည် မဟုတ်ပေ။ မတောင်းဆိုသင့်သည့်အရာကို အတင်းအကြပ် တောင်းဆိုနေမိလေသည်။

"ကျွန်မမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါက ရှင့်အတွက် အကူအညီ ဖြစ်နိုင်လောက်တယ်" အားချန်က ပြောလိုက်တော့၏။

...

All Chapters