အပိုင်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အပိုင်း ( 331 )
ဝိညာဥ်ဝါးမြိုခြင်း၊ အသက်ဓာတ်ကို သိမ်းပိုက်ခြင်း ၃
“ ဝေါင်းးး !!! “
ထိုအချိန်၌ ခရမ်းစင်း ကောင်းကင်ကျားသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်၊ ခရမ်းရောင် အခိုးအငွေ့များသည် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ တတိယအဆင့် နတ်ဆိုးစွမ်းအင် ဖြစ်သည်။
တတိယအဆင့် သိုင်းပညာရှင်များသည် ချီ-သွေးစွမ်းအင်များကို ကန်းချီများအဖြစ် ပြောင်းလဲနိုင်ပြီး၊ အလွန်အားကောင်းသော ယန်အခြေပြု စွမ်းအင်တစ်ခုအဖြစ် သန့်စင်နိုင်ပေသည်။
ထို့နည်းတူစွာပင် တတိယအဆင့် ဗီဇပြောင်းသားရဲများ သန့်စင်သော နတ်ဆိုးစွမ်းအင်ထံတွင်လည်း အလားတူ ထူးခြားမှုရှိပေသည်။
ဝုန်းးးး !!
ခရမ်းစင်း ကောင်းကင်ကျား၏ နတ်ဆိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ ၎င်း၏ အရှိန်အဟုန်သည် မြင့်တက်လာတော့သည်၊ ၎င်းသည် လက်ကို ဆန့်ထုတ်ကာ နတ်နဂါးသားရဲကြီးကို ကုတ်ချလာခဲ့သည်။
“ ခွမ်း !! “
ကြီးမားသော လက်သည်းကြီးသည် ကျားလက်သီးနှင့် တိုက်မိသွားကာ ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှင့်လာခဲ့သည်။
လေထုပင် တုန်ခါသွားခဲ့သည်။
အောက်ဘက်ရှိ မီတာရာနှင့်ချီသော မြေပြင်ပေါ်တွင် အက်ကြောင်းများပေါ်လာခဲ့ကာ၊ မြေသားမြေစိုင်နှင့် ကျောက်တုံးများပင် ပျံသန်းသွားခဲ့သည်။
၎င်းမှာ တတိယအဆင့် နတ်သားရဲကောင်၏ အစွမ်းပင်ဖြစ်သည်။
“ ဝူးအီးးးးးး !! “
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ခရမ်းစင်း ကောင်းကင်ကျားသည် နာကျင်စွာ အော်ဟစ်လာခဲ့သည်။
၎င်း၏ ကျားလက်သည်း အက်ကွဲသွားပြီး၊ သွေးများပင် စီးကျနေခဲ့ကာ၊ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ၎င်း၏လက်သည်း ကွဲအက်လုမတတ်ဖြစ်သွားခဲ့သည်။
“ ဒီကောင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ? “
ခရမ်းစင်း ကောင်းကင်ကျား တုန်လှုပ်သွားခဲ့သည်၊ တတိယအဆင့် သားရဲကောင်က ဘယ်သူလဲဟ?
နတ်နဂါးသားရဲကြီးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
သို့သော် ၎င်းသည် လျင်မြန်စွာ နားလည်သွားခဲ့သည် “ ဒီရက်ပိုင်းအတွင်း ငါစားခဲ့တဲ့၊ အလယ်အလတ် အဆင့်၃ နတ်သားရဲကောင်က ငါ့ရဲ့ခွန်အားကို သိသိသာသာ တိုးတက်စေပြီးတော့ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း တော်တော်ကြီး တောင့်သွားတဲ့ပုံပဲ “
“ အဆင့်နိမ့် တတိယအဆင့် နတ်သားရဲကောင်ကတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူးပဲ “
“ မင်းမလား? “
ခရမ်းစင်း ကောင်းကင်ကျားသည် နတ်နဂါးသားရဲကြီးကို ဒေါသတကြီး စိုက်ကြည့်နေကာ၊ တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး၊ အံ့ဩတကြီးဖြင့် ဒေါသပိုထွက်သွားတော့သည်။
“ မင်းက ငါ့ကို သိတာလား? “ နတ်နဂါးသားရဲသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ဤရက်ပိုင်းအတွင်း၌ ၎င်း၏ ကျော်ကြားမှုက အရှင်သခင်အဆင့် သားရဲများဆီသို့ပင် ပျံ့နှံ့ရောက်ရှိနေပြီဆိုသည်ကို ၎င်းက မသိသေးပေ။
လွန်ခဲ့သော လပိုင်းအတွင်း၌ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်း နယ်မြေတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အရူးအမူး သတ်ဖြတ်မှုများသည် တစ်ချို့သော် အစွမ်းထက် သားရဲကောင်တို့၏ အာရုံများကို ဆွဲဆောင်နေခဲ့ပြီဖြစ်သည်။
“ သွေးဆာတဲ့ နတ်ဆိုး၊ ရွှေတောင်ပံ သားရဲကောင် !!! “
ခရမ်းစင်း ကောင်းကင်ကျားသည် လူသားတို့၏ ဘာသာစကားဖြင့် အေးစက်စွာ စကားပြောလာခဲ့သည် “ မင်းက အရှင်သခင်ရဲ့ အာရုံကိုတောင် ဖမ်းစားထားခဲ့ပြီ “
သားရဲမျိုးနွယ်စုများကြားတွင် မျိုးနွယ်စုတစ်ခုချင်းစီတိုင်းသည် ကွဲပြားသော နည်းလမ်းများဖြင့် ဆက်သွယ်လေ့ရှိကာ ဘုံဘာသာစကား မရှိပေ။
အဘယ့်ကြောင့်ဆိုသော် သားရဲမျိုးနွယ်စုနှင့် လူသားတို့၏ နီးကပ်သော ဆက်ဆံမှုများကြောင့် ဖြစ်သည်၊ သားရဲများသည် လူသားတို့၏ ဘာသာစကားကိုသာ ဘုံဆက်သွယ်ရေး နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြသည်။
“ သွေးဆာတဲ့ နတ်ဆိုးလား? “
နတ်နဂါးသားရဲကြီးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ အဲ့ဒီအရှင်သခင်တွေ ပေးခဲ့တဲ့ ငါ့ရဲ့နာမည်ပြောင်က တော်တော်လေး ကြီးစိုးနေတာပဲ။
ငါက ဘယ်လိုလုပ် သွေးဆာရမှာလဲဟ?
“ ငါက ပိုသန်မာလာဖို့ ကြိုးစားနေရုံလေးတင်ပါ “
နတ်နဂါးသားရဲကြီး၏ အကြည့်များ အေးစက်သွားခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ပုံရိပ်သည် အရှေ့သို့ ထပ်မံ၍ ပြေးတက်လာပြန်သည်။
“ ဟစ် !! “
သို့သော် ခရမ်းစင်း ကောင်းကင်ကျားကမူ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
နတ်နဂါးသားရဲကြီးသည် တွေဝေတုံ့ဆိုင်းမနေဘဲ ၎င်း၏နောက်သို့ ချက်ချင်း ပြေးလိုက်သွားတော့သည်။
အဆိုပါ မြင်ကွင်းသည် အတော်လေး ထူးဆန်းနေခဲ့သည်၊ ဒုတိယအဆင့် သားရဲကောင်တစ်ကောင်မှ တတိယအဆင့် သားရဲတစ်ကောင်ကို အမဲလိုက်နေခြင်း !!
မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းစင်း ကောင်းကင်ကျားသည် မိုင်တစ်ရာကျော်အထိ ထွက်ပြေးလာခဲ့ပြီးပြီ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ၎င်းသည် ပြေးလွှားနေခြင်းကို ရပ်တန့်သွားခဲ့သည်။
“ ထပ်ပြီးတော့ မပြေးတော့ဘူးလား? “ နတ်နဂါးသားရဲကြီးသည် အေးစက်သောမျက်လုံးများဖြင့် ၎င်းကို ကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် သိပ်မဝေးသော နေရာရှိ ကောင်းကင်ယံတွင် ကြီးမားသော ပုံရိပ်ခြောက်ခု ပေါ်လာခဲ့သည်။
အစွမ်းထက် နတ်ဆိုးစွမ်းအင် ခြောက်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
၎င်းတို့အားလုံးသည် တတိယအဆင့် သားရဲများဖြစ်သည်။
တတိယအဆင့် ဗီဇပြောင်းသားရဲခြောက်ကောင်သည် ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းလုနီးပါး ဖြစ်နေသည့် ချီ-သွေးစွမ်းအင်များဖြင့် ဤဘက်သို့ ပျံသန်းလာခဲ့သည်။
“ ရွှေတောင်ပံ သားရဲကောင်၊ ဒီနေ့က မင်းသေနေ့ပဲ “ ခရမ်းစင်း ကောင်းကင်ကျား၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် တောက်ပသွားခဲ့သည်။
၎င်းသည် ပြေးရုံတင် ပြေးနေခြင်း မဟုတ်ဘဲ၊ ဤသွေးဆာသည့် နတ်ဆိုးကို အတူသတ်ဖြတ်ရန်အတွက် တစ်ခြားသော အရှင်သခင်များကို အကြောင်းကြားနေခဲ့ခြင်း ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် နတ်နဂါးသားရဲကြီး၏ အကြည့်များသည် ပို၍အေးစက်သွားခဲ့သည်။
သူသည် ၎င်းက ထူးဆန်းသည်ဟု ထင်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သားရဲမျိုးနွယ်စုသည် လူသားတို့ကဲ့သို့မဟုတ်ဘဲ မျိုးနွယ်စုတစ်ခုနှင့်တစ်ခု အဆက်အသွယ်လုပ်ရန် ရုန်းကန်နေခဲ့ရသည်။
သို့သော် ယခုတွင်ကား ခရမ်းစင်း ကောင်းကင်ကျားသည် တစ်ခြားသော မျိုးနွယ်စုများဆီမှ ခွန်အားတူ အရှင်သခင် ခြောက်ကောင်ကို ဆင့်ခေါ်လိုက်သည်။
“ မင်းမသိဘူးမလား? မင်းကို ဖမ်းဖို့အတွက် ဘုရင်ကြီးက အမိန့်ပေးထားခဲ့ပြီးပြီ “
သူပြောနေသည့် အချိန်မှာ အရှင်သခင်အဆင့် သားရဲခြောက်ကောင် ရရှိလာခဲ့သည်။
တစ်ကောင်သည် သွေးမျက်လုံး ခရမ်းနွားဖြစ်သည်၊ တစ်ခြားသော တစ်ကောင်ကမူ တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေဖြစ်ပြီး၊ တစ်ခြားတစ်ကောင်မှာ အဇူရာ စပါးအုံးကြီးဖြစ်ကာ ကျန်သုံးကောင်ကမူ အမျိုးအမည် မသိရသော ဗီဇပြောင်းသားရဲကောင်များ ဖြစ်သည်။
၎င်းတို့အားလုံးသည် တတိယအဆင့် အဆင့်၁ သားရဲကောင်များ ဖြစ်ကြသည်။
အရှင်သခင် ၇ပါးသည် နတ်နဂါးသားရဲကြီးကို ဝိုင်းရံ ပိတ်ဆို့လာခဲ့သည်။
သွေးမျက်လုံး ခရမ်းနွားမှ အေးလူလူ ပြောလာခဲ့သည် “ ခရမ်းစင်း ကောင်းကင်ကျား၊ ငါတို့က သဘောတူညီချက်ကို ကြိုလုပ်ထားတယ်နော်၊ ရွှေတောင်ပံ သားရဲကောင်ကို သတ်ပြီးသွားရင်၊ ရမဲ့ဆုကြေးတွေကို အညီအမျှ ခွဲရမှာ “
ခရမ်းစင်း ကောင်းကင်ကျားမှ ခေါင်းငြိမ့်ပြလိုက်သည် “ လွယ်ပါတယ်၊ ဒါပင်မဲ့ သတိထားကြ၊ ဒီကောင့်ရဲ့ စွမ်းအားက မရိုးရှင်းဘူး “
အဇူရာ စပါးအုံးကြီးသည် ၎င်း၏လျှာကို သပ်ကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ဒီကောင်က အဆင့်၂ သားရဲကောင်လေး တစ်ကောင်ပါပဲ၊ ဘယ်လောက် ကြမ်းနိုင်မှာမို့လို့လဲ? “
“ သူက အဆင့်၂သားရဲတွေ ကြားမှာပဲ နာမည်တစ်လုံး တည်ဆောက်ထားနိုင်တာပါ၊ ဒါပင်မဲ့ အခုဆိုရင် ဘုရင်ကြီးရဲ့ အမိန့်နဲ့ ငါတို့ အရှင်သခင် ခုနစ်ပါးက ဒီကောင့်ကို ဝိုင်းထားပြီလေ၊ ဒီကောင်က ငါတို့လက်ထဲကနေ ဘယ်လိုလုပ် ထွက်ပြေးနိုင်တော့မှာလဲ? “ တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေမှာလည်း အူလှိုက်သည်းလှိုက် ရယ်မောလာခဲ့သည်။
ခရမ်းစင်း ကောင်းကင်ကျားသည် ၎င်း၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီထောင်ချောက်ထဲကနေ မလွတ်သွားစေနဲ့ “
နတ်နဂါးသားရဲကြီးသည် သူတို့အနိုင်ရနေသကဲ့သို့ စကားပြောနေကြသည့် အရှင်သခင်အဆင့် သားရဲကောင်များကို ကြည့်လိုက်သည်။
သူသည် အေးအေးလူလူ မေးမြန်းလိုက်သည် “ မင်းတို့ ပြောနေကြတဲ့ ဘုရင့်အမိန့်ဆိုတာက ဘာလဲ? “
“ မင်းမသိဘူးလား? “
အမဖြစ်ပုံရသည့် အဇူရာ စပါးအုံးကြီးသည် အူလှိုက်သည်းလှိုက် ရယ်မော၍ ပြောလာခဲ့သည် “ နင်သတ်တာတွေ များနေပြီးတော့ ဘုရင်ကြီး၏ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်၊ သူက ငါတို့အတွက် ဆုကြေးတွေ ထုတ်ပေးခဲ့တယ်။ နင့်ကို သတ်နိုင်သရွေ့တော့ ငါတို့က ဆုကြေး အများကြီး ရမှာ “
“ ဒါပေါ့ ငါတို့က ဆုကြေးတွေထပ် နင့်ကို ပိုပြီးတော့ စိတ်ဝင်စားတယ် ”
အဇူရာ စပါးအုံးကြီးသည် နတ်နဂါးသားရဲကြီးကို ကြည့်ကာ လောဘမျက်လုံးများဖြင့် လျှာတသပ်သပ် ဖြစ်သွားခဲ့သည်။
“ နင်က ဟင်းလင်းပြင် စွမ်းရည်ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်၊ အဲ့တာက အဆင့်မြင့် နတ်သားရဲတွေဆီမှာတောင် မရှိဘူး “
တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ သွေးနှောမျိုးဆက်လေးပါပဲကွာ၊ ဒါပင်မဲ့ အဲ့လိုစွမ်းရည်မျိုး ပိုင်ထားတာကတော့ ငါတို့ကို မနာလိုအားကျဖြစ်သွားစေတယ် “
ဤဗီဇပြောင်းသားရဲတို့၏ အမြင်များတွင် နတ်နဂါးသားရဲကြီးသည် သွေးနှောမျိုးဆက်ရှိသည့် သားရဲတစ်ကောင်မျှသာ ဖြစ်သည်။
နတ်နဂါးသားရဲကြီးထံတွင် နတ်သားရဲတစ်ကောင်၏ စွမ်းရည်များ ပိုင်ဆိုင်ထားခဲ့သော်လည်း ၎င်းသည် သွေးနှောမျိုးဆက် ဖြစ်နေစဲပင် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အတွက် နတ်နဂါးသားရဲကြီး၏ သွေးမျိုးဆက်သည် အတော်လေး ထူးခြားနေခဲ့သည်။
၎င်းတို့၏ လောဘတကြီးဖြစ်နေသော မျက်နှာများနှင့် ရင်လိုက်ရသောအခါ၌ နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
နတ်သားရဲ သွေးမျိုးဆက် ပိုင်ထားတဲ့ တတိယအဆင့် သားရဲခုနစ်ကောင် !!!
…………………………………………………………………………………………………………………………………………..
အပိုင်း ( 332 )
ဝိညာဥ်ဝါးမြိုခြင်း၊ အသက်ဓာတ်ကို သိမ်းပိုက်ခြင်း ၄
အကယ်၍ သူကသာ ၎င်းတို့အားလုံးကို ဖမ်းနိုင်ခဲ့မည်ဆိုပါက နောက်တစ်လလုံးတွင် စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်နေရန် လိုတော့မည် မဟုတ်ပေ၊ အရေးအကြီးဆုံး အရာမှာ ၎င်းတို့မှာ အဆင့်မြင့်အစားအစာများဖြစ်ပြီး၊ ၎င်းတို့၏ အသားများတွင် မြင့်မားသော အဟာရဓာတ်များ ပါဝင်နေခြင်းပင် ဖြစ်သည်။
နတ်နဂါးသားရဲကြီး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့်အတူ တောက်ပလာခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် တိုက်ခိုက်မှုတစ်ခုကို စတင်၍ ပြုလုပ်လိုက်သည်။
“ ဝုန်းးး !! “
၎င်း၏ လက်သည်းကြီးများသည် လေထုကို ဖြိုုခွင်းကာ တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေဆီသို့ ရောက်ရှိသွားခဲ့သည်။
နတ်နဂါးသားရဲကြီး၏ လက်သည်းများသည် အစွမ်းထက် ချီ-သွေးစွမ်းအင်များ သယ်ဆောင်ထားသည့် သံမဏိများကဲ့သို့ ဖြစ်နေခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
ကုတ်ချက်တစ်ခုဖြင့်ပင် လေထုကိုပင် တုန်ခါသွားစေခဲ့သည်။
“ ဝူးအီးးး !! “
တောင်ပံခြောက် ကောင်းကင်ဘုံ ဝံပုလွေသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ၎င်း၏လက်သည်းများဖြင့် ပြန်လည်တိုက်ခိုက်လာခဲ့သည်။
ခလမ်းးး !!!
၎င်းသည် သံမဏိ သဘော်နှစ်စင်း တိုက်မိသွားခြင်းနှင့် တူညီနေခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေသည် ဒဏ်ရာရသွားပြီး၊ သွေးများသည် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်နဂါးသားရဲကြီးသည် တောင်ပံများကို ခတ်ကာ၊ တစ်ခြား အရှင်သခင် ခြောက်ကောင်ဆီသို့ တိုးဝင်လာခဲ့သည်။
ဝုန်းးးး !!
ဝုန်းးးးး !!
ဝုန်းးးးး !!!
ကောင်းကင်ထက်၌ သွေးစွန်းသော တိုက်ပွဲတစ်ခု ပေါ်ထွက်လာခဲ့သည်။
အရှင်သခင်အဆင့် သားရဲခုနစ်ကောင်သည် ဒဏ်ရာများ ဆက်တိုက် ရရှိသွားခဲ့ပြီး၊ သွေးများသည် မိုးရွာချနေသကဲ့သို့ ကောင်းကင်ထက်မှ စီးကျနေခဲ့သည်။
သို့သော် နတ်နဂါးသားရဲကြီးမှာလည်း ဒဏ်ရာများ ရရှိနေခဲ့သည်။
၎င်းမှာ အတော်အတန် အစွမ်းထက်လှသော်လည်း၊ တစ်ကောင်နဲ့ ခုနစ်ကောင် ရင်ဆိုင်နေရခြင်း ဖြစ်သောကြောင့် မည်သည့်ထိခိုက်ဒဏ်ရာမှ မရဘူးဆိုသည်မှာ မဖြစ်နိုင်သော အရာဖြစ်သည်။
အရှင်သခင် သားရဲကောင်များသည် ၎င်းတို့၏ ဒဏ်ရာများကို လျစ်လျူရှုထားကာ၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေခဲ့သည်။
နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ပိုပို၍ ပြင်းထန်လာခဲ့သည်။
၁၀မိနစ်
မိနစ် ၃၀
တစ်နာရီ
နှစ်နာရီ ကြာခဲ့ပြီးသည့်နောက်၌
“ ခွမ်းးး !! “
နောက်ထပ် တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်ခဲ့ပြီးသည့်နောက်၌ ခရမ်းစင်း ကောင်းကင်ကျားသည် နောက်သို့ ဆုတ်၍ လှောင်ပြောင်လာခဲ့သ် “ ရွှေတောင်ပံကောင်၊ မင်းက ထပ်ပြီးတော့ မထိန်းထားနိုင်တော့ဘူးမလား? “
သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် နတ်နဂါးသားရဲကြီး၏ ဒဏ်ရာများသည် များပြား ပြင်းထန်လာခဲ့သည်။
ထိုအချိန်၌ နတ်နဂါးသားရဲကြီး၏ စွမ်းအင်များသည် ထပ်မံ၍ တောင့်ခံထားရန် ရုန်းကန်နေရသကဲ့သို့ လျော့ပါးအားပျော့သွားခဲ့သည်။
“ အဆင့်၂မှာတင် ဒီလောက်ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ထားတယ်ဆိုတော့ နင့်ရဲ့ သွေးနှောမျိုးဆက်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
အဇူရာ စပါးအုံးကြီးမှ လေသံတိုးတိုးလေးဖြင့် ပြောဆိုလာခဲ့သည်၊ ၎င်း၏ ဒဏ်ရာများက အတော်လေး ပြင်းထန်နေသော်လည်း၊ ၎င်းတို့မှာ နတ်နဂါးသားရဲကြီး၏ ဒဏ်ရာများနှင့် ယှဥ်လိုက်မည်ဆိုပါက မပြောပလောက်တော့ပေ။
ယခု၌ ၎င်း၏ လောဘသည် ပိုပို၍ ကြီးမားလာခဲ့သည် “ နင့်ဆီမှာ လျှို့ဝှက်ချက် အကြီးကြီးတစ်ခု ရှိရမယ်၊ ငါက အဲ့တာကို ရအောင်ရှာမယ် “
“ စကားပြောနေတာ တော်လောက်ပြီ၊ သတ် !!! “
နတ်နဂါးသားရဲကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်၊ ၎င်း၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး၊ ၎င်း၏ အရှိန်အဝါမှာလည်း ပိုပို၍ အားနည်းလာခဲ့ကာ ပြိုလဲကျလုမတတ် ဖြစ်နေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အရှင်သခင် ခုနစ်ပါး၏ မျက်နှာများပေါ်တွင် အပြုံးများ ဖြစ်ပေါ်သွားခဲ့သည်။
“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းရဲ့ လမ်းကို လိုက်ပို့ပေးတာပေါ့ကွာ “
တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေမှ ရယ်မော၍ ပြောလာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထုထဲသို့ မြင့်တက်လာခဲ့ပြီး၊ နတ်နဂါးသားရဲကြီးဆီသို့ ပြေးတက်လာခဲ့သည်။
၎င်း၏ လက်သည်းများကို ဆန့်ထုတ်ကာ နတ်နဂါးသားရဲကြီး၏ အသက်ကို သိမ်းပိုက်ရန် အသင့်ဖြစ်နေခဲ့သည်။
“ ဝုန်းးးး !!! “
ထိုအချိန်တွင် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
မီးခိုးငွေ့ကဲ့သို့သော ချီ-သွေးစွမ်းအင်များသည် ကောင်းကင်ယံသို့ ထောင်တက်သွားတော့သည်။
“ ဝေါင်းးးး !! “
နတ်နဂါးသားရဲကြီးမှ ကြမ်းတမ်းစွာ ဟိန်းဟောက်၍ သံမဏိကဲ့သို့သော တောင်ပံများဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်ရာ၊ တိုက်ကွက်သည် တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေ၏ မျက်နှာကို ထိမှန်သွားခဲ့သည်။
ဖူးးးးး ~~
အသိ ကပ်မနေသောကြောင့် ဝံပုလွေသည် ခုခံချိန်ပင် မရလိုက်ဘဲ၊ ချက်ချင်းဆိုသလိုပင် ဦးခေါင်း ချေမွခံလိုက်ရသည်။
မသေမျိုး နတ်နဂါးသားရဲကြီးမှ ထပ်မံ၍ တိုက်ခိုက်လိုက်ရာ တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေသည် လုံးဝပြိုလဲပျက်စီးသွားတော့သည်။
“ ပထမတစ်ကောင် !! “
နတ်နဂါးသားရဲကြီးသည် ခေါင်းကို မော့ကာ အရှင်သခင် ခြောက်ပါးဘက်သို့လှည့်ကြည့်၍ ချွန်ထက်သော သွားများကို ဖြဲပြလိုက်သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “
အဇူရာ စပါးအုံးကြီး၏ မျက်နှာပေါ်တွင် ကြောက်လန့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
သူတို့က ချောင်းမြောင်း တိုက်ခိုက်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး၊ ရွှေတောင်ပံ သားရဲကောင်က ဒဏ်ရာ အပြင်းအထန် ရရှိကာ လဲပြိုလုမတတ် ဖြစ်နေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။
ဒီကောင်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘယ်လိုလုပ် ရုတ်တရက် သန်မာအားကောင်းလာရတာလဲဟ?
နတ်နဂါးသားရဲကြီးထံတွင် ဟင်းလင်းပြင် စွမ်းရည်သာလျှင် မဟုတ်ဘဲ၊ ပို၍ အံ့ဩဖွယ်ကောင်းသည့် အင်မော်တယ် စွမ်းရည်ပါ ရှိနေသည်ဆိုသည်ကို သူတို့ မသိကြပေ။
မည်မျှ ပြင်းထန်သော ဒဏ်ရာပင် ဖြစ်နေပါစေ၊ မျက်စိတစ်မှိတ်အတွင်းတွင် ချက်ချင်း သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။
ယခင်က ဖြစ်ရပ်အားလုံးသည် နတ်နဂါးသားရဲကြီး၏ ဟန်ဆောင်မှုများသာ ဖြစ်သည်။
“ နောက်ပြီးတော့ မင်းအလှည့်ပဲ “
နတ်နဂါးသားရဲကြီးသည် အဇူရာ စပါးအုံးကြီးကို ကြည့်ကာ ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ဖော်ထုတ်ပြသလိုက်သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် ရှေ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြေးတက်လာခဲ့သည်။
အမဲလိုက်ပွဲ စတင်ပြီ ဖြစ်သည် !!
………………………………………………………………………………………………………………………
အပိုင်း ( 333 )
မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေ
“ ဝှစ် !! “
နတ်နဂါးသားရဲကြီးသည် ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ တည်နေရာ ကူးပြောင်းခြင်းကို အကြိမ်အနည်းငယ်မျှ ပြုလုပ်ကာ အဇူရာ စပါးအုံးကြီး၏ အရှေ့ဘက်သို့ ရောက်လာခဲ့ပြီး၊ လက်သည်းများဖြင့် တိုက်ခိုက်လာတော့သည်။
“ ဆုတ်ဖြဲ !! “
အဇူရာ စပါးအုံးကြီးသည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီဖြစ်ကာ၊ နတ်နဂါးသားရဲကြီးကဲ့သို့ အပြည့်အဝ ပြန်ကောင်းမလာသေးသောကြောင့် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။
“ ငါ့ကို သက်ညှာပေးပါ၊ ဘာမဆို လုပ်ပေး ……….. “
အဇူရာ စပါးအုံးကြီးမှ စူးရှစွာ အော်ဟစ်လာခဲ့သည်၊ သို့သော် သူမ၏ စကားလုံးများ မပြီးသေးခင် အချိန်မှာပင် သူမ၏ မျက်လုံးများ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။
ကြီးမားသော လက်သည်းကြီးသည် သူမဆီသို့ ကျရောက်လာခဲ့ပြီး၊ ကျယ်လောင်သော ဆုတ်ဖြဲသံနှင့်အတူ ဧရာမမြွေကြီးတစ်ကောင်သည် လက်သည်းကြီး၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး၊ မြေပြင်ပေါ်သို့ လဲပြိုသွားခဲ့သည်။
“ ဒုတိယတစ်ကောင် !! “
အဇူရာ စပါးအုံးကြီးကို ဖယ်ရှားပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီးသည် မလှမ်းမကမ်းရှိ သွေးမျက်လုံး ခရမ်းနွားကို လှည့်ကြည့်လိုက်သည်။
“ မူးးးးး !! ငါက ဖြတ်သွားရုံလေးတင်ပါပဲ “
နတ်နဂါးသားရဲကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို မြင်တွေ့လိုက်ရသောအခါ၌ သွေးမျက်လုံး ခရမ်းနွားထံတွင် မည်သည့် တိုက်ခိုက်လိုစိတ်မှ မရှိတော့ပေ။
၎င်းသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ အဝေးသို့ လှည့်ပြေးသွားတော့သည်။
သို့သော် ရှုကျိုးထံ၌ ၎င်းကို လွှတ်ပေးရန် အစီအစဥ် မရှိပေ။
“ ဝှစ် !! “
နတ်နဂါးသားရဲကြီးသည် လေထုကို ဖြိုခွင်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် သွေးမျက်လုံး ခရမ်းနွားကို အမှီလိုက်ကာ တောင်ပံဖြင့် ရိုက်ချလိုက်သည်။
“ မူးးးးး !! ဒီသခင်နွားကို တွန်းအားလာမပေးနဲ့ !! “
လွတ်လမ်း မရှိတော့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သွေးမျက်လုံး ခရမ်းနွားသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။
၎င်း၏ ဦးချိုများတွင် အနက်ရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ကာ၊ မီတာ ၁၀၀ရှည်လျားသည့် ဧရာမဦးချိုကြီးအဖြစ် ကြီးမားလာခဲ့ကာ နတ်နဂါးသားရဲကြီးကို ကြမ်းတမ်းစွာ ခွေ့လာတော့လေသည်။
“ ပုရွက်ဆိတ် လှည့်ကွက်တွေ !! “
နတ်နဂါးသားရဲကြီးသည် ကိုယ်ကို ယိမ်းနွဲ့၍ အဆိုပါ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်သည်။
ထို့နောက်တွင် တောင်ပံဖြင့် ထပ်မံ၍ တိုက်ခိုက်လိုက်ရာ၊ ဘုမ်းဟူသော အသံနှင့်အတူ ဦးချိုနှစ်ခေါင်းကို ထိမှန်သွားခဲ့သည်။
ခရက် !!
ဦးချိုများ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
“ မူးးးး !! “
သွေးမျက်လုံး ခရမ်းနွားသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပြီး၊ အကြောက်တရားများသည် ၎င်း၏ ကြီးမားသော မျက်လုံးများကို ဖုံးလွှမ်းလာခဲ့သည်၊ ချီးပဲ၊ သောက်ရမ်း စွမ်းလွန်းနေတယ် !!
“ သေ !! “
နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် ကျည်ဆံတစ်လုံးကဲ့သို့ ပြေးတက်လာခဲ့ပြီး၊ တောင်ပံနှစ်ဖက်သည် ကြီးမားသော ဧရာမ လက်သီးနှစ်လုံးအဖြစ် ပြောင်းလဲသွားကာ၊ ပြင်းထန်စွာ ထိုးနှက်လာခဲ့သည်။
အဆိုပါ ထိုးချက်သည် မည်သို့မျှ ရပ်တန့်၍မရဘဲ၊ သွေးမျက်လုံး ခရမ်းနွား၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။
ဘမ်း !!!
ဦးခေါင်းခွံ ပေါက်ကွဲထွက်သွားတော့သည် !!
“ တတိယ တစ်ကောင် ~~ “
နတ်နဂါးသားရဲကြီးသည် ၎င်း၏ အတောင်ပံများကို ပြန်ရုတ်သိမ်းလိုက်ကာ၊ သွေးမျက်လုံး ခရမ်းနွားကို လျစ်လျူရှု၍ ကျန်ရှိနေသည့် သားရဲကောင်များကို လှည့်ကြည့်လိုက်သည်။
“ စတုတ္ထ တစ်ကောင် !! “
“ ပဥ္စမ တစ်ကောင် !! “
“ ဆဌမ တစ်ကောင် !! “
ဆဌမမြောက် အရှင်သခင်အဆင့် သားရဲကောင်ကို အမှောက်သိပ်ခဲ့ပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီးသော နောက်ဆုံးသော သားရဲကောင်ကို စိုက်ကြည့်လိုက်သည်။
၎င်းသည် ခရမ်းစင်း ကောင်းကင်ကျားပင် ဖြစ်သည်။
“ ခေါင်းဆောင်က မင်းကို ဒီတိုင်းထားမှာ မဟုတ်ဘူး “
ခရမ်းစင်း ကောင်းကင်ကျားသည် သူမလွတ်တော့ဘူးဆိုသည်ကို သိနေသောကြောင့် ကြမ်းကြမ်းတမ်းတမ်း ဟိန်းဟောက်လာခဲ့သည်။
နတ်နဂါးသားရဲကြီးသည် ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ခန္ဓာကိုယ်သည် လေထုထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
မိနစ်အနည်းငယ်ခန့် ကြာခဲ့ပြီးသည့်နောက်၌
ခရမ်းစင်း ကောင်းကင်ကျား၏ ခန္ဓာကိုယ် ဆုတ်ဖြဲခံလိုက်ရပြီး၊ ၎င်း၏ သွေးများသည် ကောင်းကင်ထက်သို့ပင် ပျံတက်လာခဲ့သည်။
“ ပြီးသွားပြီ “
နတ်နဂါးသားရဲကြီးသည် မြေပြင်ပေါ်ရှိ သားရဲအလောင်း ခုနစ်ခုကို ငေးကြည့်ကာ စိတ်လှုပ်ရှားသွားခဲ့သည်။
တစ်ချိန်က သူသည် တတိယအဆင့် သားရဲနှစ်ကောင်၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရဖူးသည်။
ယခုတွင် သူသည် တတိယအဆင့် သားရဲခုနစ်ကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်၍ အားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။
“ ဒါပင်မဲ့ ကြည့်ရတာတော့ ခေါင်းဆောင်ဆိုတဲ့ကောင်ကြီးကလည်း ငါ့ကို မျက်စိကျနေတဲ့ပုံပဲ “
နတ်နဂါးသားရဲကြီးသည် အတွေးနက်သွားတော့သည်။
ယခုလေးတင် ဤသားရဲကြီး ခုနစ်ကောင်သည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေ၏ အုပ်စိုးသူက သူ့အား ပစ်မှတ်ထားကာ အမဲလိုက်ရန် ကြေညာချက်ထုတ်ထားသည်ဆိုသည်ကို ကြားသိခဲ့ရသည်။
ယခု၌ သူသည် အရှင်သခင်အဆင့် သားရဲခုနစ်ကောင်လုံးကို သတ်ဖြတ်လိုက်ပြီဖြစ်ပြီး၊ ၎င်းသည် တစ်ဖက်လူကို သေချာပေါက် နိုးကြားသွားစေမည် ဖြစ်သည်။
“ အဆင့်၄ …….. “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်၊ သူ့ထံတွင် မူလကိုယ်ကဲ့သို့ နည်းလမ်းပေါင်းများစွာ မရှိပေ၊ အကယ်၍ သူကသာ စတုတ္ထအဆင့် သားရဲကောင်နှင့် ရင်ဆိုင်ရမည်ဆိုပါက မည်သို့မျှ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
“ ငါက အဆင့်၃ကို မြန်မြန်ရောက်အောင် လုပ်ရမယ် “
နတ်နဂါးသားရဲကြီးမှာ တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ကံကောင်းစွာနဲ့ပဲ၊ ဒီတတိယအဆင့် သားရဲကောင်တွေက ငါ့ကို တတိယအဆင့်အထိ ရောက်သွားအောင် ကူညီပေးနိုင်တယ်။ လာမဲ့ရက်တွေ အတွင်းမှာတော့ အေးအေးဆေးဆေး အဆင့်တက်နိုင်ဖို့အတွက် ပုန်းမဲ့နေရာ ရှာရမယ် “
နတ်နဂါးသားရဲကြီးသည် ၎င်း၏ တောင်ပံကိုဝေ့ယမ်းကာ တတိယအဆင့် သားရဲခုနစ်ကောင်၏ အလောင်းများကို ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပို့လိုက်သည်။
ထို့နောက်တွင် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ထက်သို့ ပျံတက်သွားကာ၊ မိုးကုပ်စက်ဝိုင်းအတွင်း တိုးဝင်၍ ပျောက်ကွယ်သွားတော့သည်။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
အပူပိုင်း မိုးသစ်တော၏ ငြိမ်သက်နေသော ကောင်းကင်ယံတွင် လှိုင်းတွန့်လေးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်၌ ကြီးမားသော ပုံရိပ်ကြီးတစ်ခုသည် အဆိုပါ ဟင်းလင်းပြင် လှိုင်းတွန့်လေးများထဲမှ တိုးထွက်လာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်သည် ပေဒါဇင်နှင့်ချီ၍ ကြီးမားပြီး၊ ဖြူစွပ်နေလျက်ရှိကာ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး၊ ပတ်ပတ်လည်ရှိ မြေပြင်ကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။
၎င်းသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို စောင့်ကြပ်ရန် တားမြစ်နယ်မြေမှ စေလွှတ်လိုက်သည့် ဘုရင်အဆင့် သားရဲကောင်၊ ငွေဦးချို မြစ်နဂါးဖြစ်သည်။
၎င်းသည် အေးစက်မှုများ ဖုံးလွှမ်းနေသည့် မျက်လုံးများဖြင့် အရှေ့သို့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
“ တော်တော် သတ္တိကောင်းနေတာပဲ “
ငွေဦးချို မြစ်နဂါးမှာ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ အရှင်သခင် ခုနစ်ယောက်ကို တစ်ပြိုင်နက် သတ်ရဲနေတယ်ပေါ့ !! “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေအတွင်းရှိ ဗီဇပြောင်းသားရဲကောင်များသည် လူသားတို့နှင့် ကုန်သွယ်သည့် သားရဲမျိုးနွယ်စု၏ ကုန်သွယ်ရေး ပစ္စည်းများ ဖြစ်သည်။
အကယ်၍ သူတို့သည် တစ်ကောင်မှ မကျန်တော့သည့်အထိ သတ်ဖြတ်လိုက်မည်ဆိုပါက၊ လူသားတို့က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ ဝင်လာသည့် အချိန်တွင် သူတို့က မည်သည့်အရာများဖြင့် ပြန်လည်ပေးဆပ်လဲလှယ်ကြမည်နည်း?
တားမြစ်နယ်မြေ အတွင်းပိုင်းရှိ အလယ်အလတ်နှင့် အဆင့်မြင့် နတ်သားရဲများကို လွှဲပြောင်းပေးရမည်လား??
သူတို့သည် ထိုကဲ့သို့ မည်သို့မျှ ပြုလုပ်မည် မဟုတ်ပေ။
“ ဒါပင်မဲ့ ဒီရွှေတောင်ပံကောင်က အဆင့်၂မှာတင် ဒီလို တိုက်ခိုက်ရေး စွမ်းအားမျိုး ရှိနေတယ်ဆိုတော့ ……… “
ငွေဦးချို မြစ်နဂါးသည် တွေးတောစဥ်းစားသွားရတော့သည် “ အဲ့ကောင်က မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲကို ဝင်ဖို့ ကြိုးစားလာနိုင်တယ် “
သားရဲမျိုးနွယ်စု၏ တားမြစ်နယ်မြေသည် လူသားတို့နှင့် ကုန်သွယ်နိုင်သည့် နယ်မြေနှင့် ကုန်သွယ်မှု မပြုလုပ်ရသည့် နယ်မြေဟူ၍ ပိုင်းခြားထားခဲ့သည်။
ပထမအမျိုးအစားတွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကဲ့သို့သော နေရာများ ပါဝင်နေခဲ့သည်။
ဒုတိယတစ်ခုကမူ သားရဲမျိုးနွယ်စု၏ အစစ်အမှန် စားကျက်မြေဖြစ်ပြီး၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေဟူ၍ ကျော်ကြားလှသည်။
မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် အမျိုးမျိုးသော သားရဲမျိုးနွယ်စုများ တည်ရှိပြီး၊ အမြဲလိုလို တိုက်ခိုက်နေကြကာ သွေးစွန်းသော တိုက်ပွဲများ နေ့စဥ်ရက်ဆက် ဖြစ်ပွားလေ့ရှိသည်။
ထိုနေရာသည် ရွှေတောင်ပံ သားရဲကဲ့သို့သော အကောင်များအတွက် အလွန်သင့်တော်လွန်းလှသော နေရာတစ်ခု ဖြစ်သည်။
ယခင်က ငွေဦးချို မြစ်နဂါးကြီးထံတွင် ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့ချေ၊ အဘယ့်ကြောင့်ဆိုသော် ရွှေတောင်ပံသားရဲထံတွင် သန့်စင်သော သွေးမျိုးဆက် မရှိဘဲ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် နေထိုင်နိုင်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်း၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားသည် သူ့ကိုပင် သတိကပ်သွားစေခဲ့သည်။
ငွေဦးချို မြစ်နဂါး၏ မျက်လုံးများ လှုပ်ခတ်သွားပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
…
နတ်နဂါးသားရဲကြီးကမူ ယာယီ အခြေချနေထိုင်ရန်အတွက် သီးသန့် ချိုင့်ဝှမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။
သူ၏ နောက်ထပ် ရေတို ရည်မှန်းချက်သည် တတိယအဆင့်သို့ အမြန်ဆုံး အဆင့်တက်ရန် ဖြစ်သည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲရှိ အလောင်းကို ထုတ်ရန် ပြင်လိုက်သည့် အချိန်တွင် သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ခတ်လာခဲ့သည်။