← Chapters

ဒီပေါက်စလေးက ရိုင်းလှချည်လား

Vol. 5 Ch. 44

ဒီပေါက်စလေးက ရိုင်းလှချည်လား

Vol. 5 Ch. 44

နောက်တစ်နေ့ နံနက်စောစောတွင် မြို့တံခါး ဖွင့်ပြီး မကြာမီမှာပင် ချန်ဟွေ့သည် အပေါ်ထပ်သို့ တက်လာကာ အားချန်ကို အိပ်ရာမှ နှိုးလေသည်။

“အားချန် အိပ်ရာထတော့” ချန်ဟွေ့သည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူမကို ညင်သာစွာ တွန်းလှုပ်လိုက်၏။

အားချန်သည် ခြေရောလက်ပါ အသုံးပြုလျက် စောင်ကို တင်းကျပ်စွာ ပတ်ထားလိုက်ပြီး လျင်မြန်စွာ တစ်ပတ်လှည့်ကာ မိမိကိုယ်ကိုယ်နှင့် စောင်ကို ကုတင်အတွင်းဘက်သို့ လှိမ့်ဝင်သွားပြီး အိပ်ရာထရန် တိတ်ဆိတ်စွာ ငြင်းဆန်နေလေသည်။

ချန်ဟွေ့သည် ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး စောင်ထောင့်တစ်နေရာကို ဆွဲကိုင်ကာ အားချန်၏ တစ်ကိုယ်လုံးကို ပြန်လည် ဆွဲယူလိုက်၏။

“မအိပ်နဲ့တော့။ မြန်မြန်ထ။ မနေ့ညက ကျွန်မနဲ့ ဈေးဝယ်ဖို့ အတူတူ လိုက်ခဲ့မယ်လို့ ပြောထားတယ်လေ”

သာမန်လူထက် အေးသော သူမ၏လက်သည် အားချန်၏ နဖူးပေါ်သို့ ကပ်လိုက်သည်တွင် အားချန်သည် ခဏလောက် ညည်းညူနေပြီးနောက် နောက်ဆုံးတွင် မျက်လုံး ဖွင့်ကြည့်လာလေသည်။

“ဘယ်အချိန် ရှိသွားပြီလဲ” အိပ်ရာမှ ထကာစ အားချန်သည် ကြောင်တောင်တောင် ဖြစ်နေပြီး မျက်လုံးများပင် မလှုပ်ရှားချင်တော့ပေ။

“မနက် ၅ နာရီ ကျော်နေပြီ။ နည်းနည်း နောက်ကြာသွားရင် မြစ်ကမ်းဘေးက ဈေးငယ်လေးက ဈေးသိမ်းသွားလိမ့်မယ်။ လတ်ဆတ်တဲ့ ငါးရှဉ့်တွေလည်း ကုန်သွားတော့မှာ”

“အခု ထပြီ” အားချန်သည် သမ်းဝေလိုက်ပြီး ကုတင်ပေါ်တွင် ထိုင်လျက် အဝတ်အစားများကို ဖြည်းဖြည်းချင်း ဝတ်ဆင်နေ၏။ ချန်ဟွေ့ကတော့ သူမအတွက် ဆံထုံးတစ်ခုကို လျင်မြန်စွာ ထုံးဖွဲ့ပေးလိုက်သည်။

အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ အားချန်သည် နောက်ဆုံးတွင် အနည်းငယ် လန်းဆန်းလာခဲ့သည်။ မျက်နှာသစ် သွားတိုက်ပြီးနောက် နှစ်ယောက်သားသည် နံနက်ခင်း၏ အေးမြသော အငွေ့အသက်အချို့နှင့်အတူ အိမ်တံခါးမှ ထွက်ခွာလာခဲ့ကြ၏။

သူတို့ သွားရောက်မည့်နေရာမှာ ချန်းဖိင်ဖန်းနှင့် ကပ်လျက်ရှိသော ဟွိုင်ကျန်းဖန်း ဖြစ်လေသည်။ ဟွိုင်ကျန်းဖန်း အတွင်း၌ မြစ်တစ်စင်းသည် ဈေးနယ်မြေတစ်ခုလုံးကို ဖြတ်သန်း စီးဆင်းသွားပြီး မြို့တံခါးနှင့်လည်း မဝေးကွာလှပေ။ ရှန့်ကျင်းမြို့ပြင်မှ ပြည်သူအများအပြားသည် နံနက်စောစောတွင် ထမ်းပိုးများ ထမ်းလာကြပြီး ဟွိုင်ကျန်းဖန်း၏ မြစ်ကမ်းဘေး၌ ရာသီအလိုက် ဟင်းသီးဟင်းရွက်များနှင့် ကြက်၊ ဘဲ၊ ငါး အသားမျိုးစုံကို ဆိုင်ခင်း ရောင်းချလေ့ရှိကြသည်။

ချန်ဟွေ့သည် ချန်းဖိင်ဖန်းသို့ ပြောင်းရွှေ့လာပြီး မကြာမီမှာပင် ဤဈေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခင်က သူမ၏ ဆိုင်မှ ဟင်းလျာများသည် မြစ်ကမ်းဘေး ဈေးငယ်လေးမှ လယ်သမားများနှင့် မှာယူထားခြင်း ဖြစ်၏။

အားချန်သည် ယမန်နေ့ညက ရုတ်တရက် ငါးရှဉ့် စားချင်စိတ် ပေါ်လာသဖြင့် ချန်ဟွေ့က သူမကို ဈေးငယ်လေးအကြောင်း ပြောပြလိုက်ရာ သူမသည် စိတ်အားထက်သန်စွာဖြင့် ချန်ဟွေ့ကို အိပ်ရာနှိုးခိုင်းပြီး အတူတူ ငါး သွားရွေးခိုင်းခဲ့ခြင်း ဖြစ်လေသည်။

နှစ်ယောက်သား အတော်အတန် လျှောက်လှမ်းပြီးသောအခါ အားချန်သည် ချန်ဟွေ့၏ လက်မောင်းကို ချိတ်လိုက်ပြီး ခြေထောက် အနည်းငယ် နာကျင်လာသဖြင့် လမ်းမလျှောက်ချင်တော့ပေ။

သူမက ပြောလိုက်၏။ “ကျွန်မ စဉ်းစားကြည့်လိုက်တာ ဒီနေ့ ငါးရှဉ့် စားဖို့ မသင့်တော်ဘူးလို့ ထင်တယ်”

ချန်ဟွေ့သည် အလွန်တရာ အေးစက်ရက်စက်စွာဖြင့် ချေပလိုက်သည်။ “ရှင် အဲလို မစဉ်းစားပါဘူး”

အားချန်သည် နှုတ်ခမ်း စူလိုက်ပြီး “လမ်းမလျှောက်ချင်တော့ဘူး”

ဒီလောက် ကောင်းမွန်တဲ့ နံနက်ခင်းကြီးမှာ... ငါက ဘာလို့ စိတ်ညစ်ခံပြီး ဈေးထဲ လာနေရတာလဲ။

“ဒါဆို ကျွန်မ ရှင့်ကို ကုန်းပိုးရမလား”

အားချန်သည် အသည်းအသန် ခေါင်းခါပြလာသဖြင့် ချန်ဟွေ့သည်လည်း သူမ၏လက်ကို ဆွဲကိုင်လျက် ရှေ့သို့ ဆက်လက် ဆွဲခေါ်သွားရုံမှတပါး အခြားမရှိတော့ချေ။

“နှမြောစရာပဲ။ အိမ်က ခြံဝင်းက သေးလွန်းနေတယ်။ မဟုတ်ရင် မြင်းလှည်းတစ်စီးလောက် ဝယ်ထားလို့ရတာကို။ နောက်ဆို ကျွန်မတို့ အပြင်ထွက်ရင် မြင်းလှည်း စီးလို့ရပြီ” အားချန်သည် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့သည်။

“ရှင်သာ ဒီမှာ အမြဲတမ်း နေဖို့ စဉ်းစားထားတယ်ဆိုရင်တော့... အနောက်ဘက်က ခြံဝင်းကို ဝယ်လိုက်ပြီး ခြံနှစ်ခြံကို ပေါင်းလိုက်ရင် လုံလောက်သွားလောက်ပြီ” ချန်ဟွေ့သည် ချေပခြင်း မပြုသည့်အပြင် အကြံဉာဏ်တစ်ခုပင် ပေးလိုက်လေသည်။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” အားချန်သည် နေအိမ်ကို ချဲ့ထွင်ရမည့် ကိစ္စကို စဉ်းစားနေဆဲမှာပင် နှစ်ယောက်သားသည် ဟွိုင်ကျန်းဖန်း သို့ ရောက်ရှိလာခဲ့ကြလေသည်။

ဟွိုင်ကျန်းဖန်း ကတော့ ချန်းဖိင်ဖန်းနှင့် အမှန်တကယ်ပင် မတူညီပေ။ သည်အချိန်တွင် ဟွိုင်ကျန်းဖန်းသည် အလွန်တရာ စည်ကားနေလေပြီ။ မြစ်ကမ်းတစ်လျှောက် ဘေးနှစ်ဖက်တွင် လယ်သမားများစွာသည် ဆိုင်ခင်း ရောင်းချနေကြပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်မျိုးစုံ တောင်ပေါ်ထွက်ကုန်များနှင့် ရေထွက်ကုန်များ အစစအရာရာ အကုန် ရှိနေသည်ဟု ဆိုနိုင်လေသည်။

နှစ်ယောက်သားသည် မြစ်ကမ်းဘေးတွင် တစ်နာရီကျော်ကြာအောင် လျှောက်လည်ကြည့်ရှုခဲ့ကြပြီး အားချန်သည် ပေါင်မုန့်ပြားတစ်ချပ်ကို စားသုံးပြီးသွားသည့်အခါမှ သူတို့သည် ငါးရောင်းသော ဆိုင်တန်းကို ရှာဖွေတွေ့ရှိသွားကြလေသည်။

ချန်ဟွေ့သည် ငါးဆိုင်တန်းတွင် ငါးရှဉ့် ရွေးချယ်နေစဉ် အားချန်ကတော့ ဆိုင်တန်း အနည်းငယ်၏ အပြင်ဘက်ရှိ လှပလွန်းသည့် ကြက်ဖတစ်ကောင်ကြောင့် အကြည့်များ ဆွဲဆောင်ခြင်း ခံလိုက်ရပြီး တစ်ဖက်မှ ကြည့်ရင်း တစ်ဖက်မှ သွားရည်များ ကျနေလေသည်။

ထိုကြက်သယ် အဒေါ်ကြီးသည်လည်း လူကို နှင်မထုတ်ဘဲ အားချန်ကို ဘေးတွင် ထိုင်ချလျက် မိမိ၏ ကြက်ဖကြီးကို စူးစိုက်ကြည့်ရှုခွင့် ပေးထားပြီး မိမိကိုယ်တိုင်ကတော့ ဘေးမှ ဟင်းသီးဟင်းရွက် ရောင်းသော ဦးလေးကြီးနှင့် စကားစမြည် ပြောဆိုနေလေသည်။

ထိုအဒေါ်ကြီးက ပြောလိုက်၏။ “ဦးလေးခန်းက ဆိုင်လာမခင်းတာ တော်တော်ကြာပြီ။ ဒဏ်ရာ တော်တော် ပြင်းသွားတာလား မသိဘူး”

ဘေးမှ ဦးလေးကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး “အဲဒီလောက် သန်မာတဲ့ မြင်းကန်တာ တစ်ချက် ခံလိုက်ရတာ။ ဦးလေးခန်းက ဘယ်လိုလုပ် ခံနိုင်မှာလဲ။ အရိုးအကြော နာရုံလေးပဲ ဖြစ်ပြီး ခြေထောက်တွေ ကျိုးမသွားဖို့ပဲ မျှော်လင့်ရတာပဲ”

“ကျွန်မ ပြောရရင်လေ အဲဒီ ကျန်းပေမြို့စားက ဘာ စစ်နတ်ဘုရားလဲ။ သေမင်းတမန်လို့ ခေါ်တာမှ ပိုတူဦးမယ်။ သူ့လက်အောက်က လူတွေကလည်း အရမ်းကို အနိုင်ကျင့်ပြီး အကျိုးအကြောင်း မသိတတ်ဘူး။ သူတို့မြင်းက လူကို ကန်သွားတာကို ရှောင်ခန်းက ရှေ့တက်ပြီး စကားသွားပြောတာ ရှောင်ခန်းကို ကြိမ်လုံးနဲ့တောင် တစ်ချက် ရိုက်လိုက်သေးတယ်”

ဦးလေးကြီးက အလျင်အမြန် တားဆီးလိုက်သည်။ “ရှူး တိုးတိုး။ မင်း အသက်မရှင်ချင်တော့ဘူးလား။ ဒါက ဟိုရယ်နော်။ ဒီစကားက လျှောက်ပြောလို့ ရတဲ့ စကားမျိုးလား”

အားချန်သည် နှစ်ယောက်သား၏ စကားဝိုင်းကို ကြားသောအခါ ဝင်ရောက် မေးမြန်းလိုက်မိလေသည်။ “ဒေါ်ကြီး မနက်က ဘာကိစ္စ ဖြစ်လို့လဲဟင်”

ထိုအဒေါ်ကြီးသည်လည်း စကားပြောကောင်းသူတစ်ဦး ဖြစ်ပြီး ခုနကတည်းက အားချန်၏ ချောမောလှပသော ရုပ်ရည်ကို မြင်တွေ့ထားရာ သူမက စကားစလာသောအခါ သူမကို ပြောပြလိုက်လေသည် “ဒီမနက် မြို့တံခါး ဖွင့်ဖွင့်ချင်းမှာပဲ လူတစ်စုက မြင်းစီးပြီး မြို့အပြင် ထွက်သွားတာ။ ကျွန်မတို့နဲ့ တစ်ရွာတည်းနေတဲ့ အဘိုးကြီးတစ်ယောက်ကို ကန်သွားတယ်။ အခု လူက ဆေးခန်းမှာတောင် ရောက်နေလောက်ပြီ”

“ဒါဆို ဒေါ်ကြီးက ကျန်းပေမြို့စားရဲ့ လက်အောက်ငယ်သားတွေမှန်း ဘယ်လို သိတာလဲ”

“ဟဲ့... မနေ့က ကျန်းပေမြို့စား မြို့ထဲ ဝင်လာတာ တွေ့လိုက်တယ် မဟုတ်လား။ သူ့လက်အောက်ငယ်သားတွေပဲ အဲဒီ ကြောက်စရာကောင်းတဲ့ မြင်းကြီးတွေကို စီးကြတာလေ။ အဲဒီလူစုကလည်း အဲဒီမြင်းမျိုးတွေပဲ စီးနေကြတာ”

အားချန်သည် ခေါင်းညိတ်လိုက်၏။ ကျန်းပေမြို့စား မနေ့က စီးနင်းခဲ့သော အနက်ရောင် ကျားမြင်းသည် အမှန်တကယ်ပင် အလွန် ကြမ်းတမ်းခက်ထန်ဟန် ရှိသဖြင့် အမှတ်မှားရန်ကတော့ ခက်ခဲပေသည်။

“သူတို့ လူကို ဝင်တိုက်သွားတာ လျော်ကြေး မပေးဘူးလား”

အဒေါ်ကြီးသည် မျက်လုံးလှန်လိုက်ပြီး “လျော်ကြေး ဟုတ်လား။ အဲဒီလူစုက တော်တော် အကျိုးအကြောင်း မသိတတ်ဘူး။ အဘိုးကြီးရဲ့ သားက ရှေ့တက်ပြီး သူတို့ကို တရားစကား သွားပြောတာ အရိုက်ခံရရုံတင် မကဘူး အဖမ်းတောင် ခံလိုက်ရတော့မလို့”

“တကယ်လား။ ဒါဆိုရင်တော့ တော်တော် လွန်လွန်းတာပေါ့”

“မဟုတ်လို့လား”

မနက်စောစောစီးစီး လူလွှတ်ပြီး မြို့အပြင် ထွက်သွားတာ... ဒါက ဘာကို သွားစစ်ဆေးတာပါလိမ့်။

ထိုအချိန်တွင် ချန်ဟွေ့သည်လည်း ငါးဝယ်ပြီး ပြန်ရောက်လာခဲ့ပြီး အားချန်က ဘေးတွင် ထိုင်ချလျက် အဒေါ်ကြီးနှင့် ရင်းနှီးစွာ စကားစမြည် ပြောဆိုနေသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

အားချန်က အရင်ကထက် နည်းနည်း ပိုပြီး တက်ကြွလာသလိုပဲ။ အရင်တုန်းကဆို သူက မရင်းနှီးတဲ့သူတွေနဲ့ ဒီလို လွယ်လွယ်ကူကူ စကားမပြောတတ်ဘူး။

“အားချန် သွားမယ်” သူမက တစ်ချက် လှမ်းခေါ်လိုက်သည်။

အားချန်သည် ခေါင်းလှည့်လာပြီး “လာပြီ လာပြီ”

ထို့နောက် အဒေါ်ကြီး၏ ကြက်ဖကြီးကို နှုတ်ဆက်ရန် နှမြောတသ ဖြစ်နေသေးသည်။ မနေ့က ကြက်သားများ အလွန်အမင်း စားသုံးခဲ့သဖြင့် ချန်ဟွေ့က သူမကို နေ့စဉ် အစားအစာ တစ်မျိုးတည်းကိုသာ စားသုံးခွင့် မပြုသောကြောင့် ယနေ့တွင်တော့ အခြားဟင်းလျာစာရင်းကိုသာ အရင်ဆုံး ပြောင်းလဲလိုက်ရတော့သည်။

သူတို့ ဟွိုင်ကျန်းဖန်းမှ ထွက်ခွာလာချိန်တွင် နံနက် ၇ နာရီပင် ရှိနေလေပြီ။

အားချန်သည် ချန်ဟွေ့နှင့်အတူ အိမ်သို့ ပေါ့ပါးစွာ ပြန်လာခဲ့သော်လည်း သူမ မသိလိုက်သည်မှာ ခုနက အဒေါ်ကြီး ပြောခဲ့သော ကျန်းပေမြို့စား၏ လက်အောက်ငယ်သားများသည်လည်း မြို့အပြင်ဘက်မှ ယခုပင် ပြန်လည် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

အဖွဲ့ကို ဦးဆောင်သူမှာ ကျန်းပေမြို့စား၏ ကိုယ်ရံတော်များထဲမှ တစ်ဦးဖြစ်ပြီး လေထုံ ဟု ခေါ်တွင်လေသည်။

လေထုံသည် မြို့စားအိမ်တော်သို့ ပြန်ရောက်သောအခါ အိမ်တော်၏ သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် အပေါ်ပိုင်းဗလာကျင်းဖြင့် လှံရေး လေ့ကျင့်နေသော ကျန်းပေမြို့စားကို သွားတွေ့လိုက်၏။

ကျန်းပေမြို့စားသည် အနက်ရောင်နှင့် ရွှေရောင် လှံရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး လှံထိပ်ကို ထိုးထုတ်လိုက်တိုင်း နားထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာသော လေထုကို ထိုးခွင်းသံများ ထွက်ပေါ်နေခဲ့သည်။ သူသည် ကျေနပ်မှု မရှိဟန်ဖြင့် အတော်ကြာအောင် လေ့ကျင့်ပြီးမှသာ ရပ်တန့်လိုက်လေသည်။

“ဟိုရယ်ရဲ့ လှံသိုင်းပညာက လောကမှာ ပြိုင်ဘက်ကင်းပါပဲ” လေထုံသည် စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်ပြီး ရှေ့သို့တိုးကာ ချွေးသုတ်ပုဝါကို ကျန်းပေမြို့စားထံ ကမ်းပေးလိုက်၏။

ကျန်းပေမြို့စားသည် ပုဝါကို ယူပြီးလည်ပင်းမှ ချွေးများကို သုတ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ “တကယ်တော့ နည်းနည်း သဘောပေါက် နားလည်လာသလို ခံစားမိနေပြီ။ ဒါပေမဲ့ ကံဆိုးတာက ရှန့်ကျင်းမြို့ထဲမှာ အစီအရင် ရှိနေတော့ ဒီဟိုရယ်ရဲ့ အစွမ်းအကုန်လုံးကို ထုတ်သုံးလို့ မရဘူး။ တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ”

“တော်ဝင်မျိုးနွယ်တွေက သတ္တိမရှိဘဲ လုပ်ကြံခံရမှာ ကြောက်လို့ ဒီအစီအရင်ကို ခင်းကျင်းထားတာ ဖြစ်မှာပေါ့” လေထုံ၏ စကားသည် အမှန်တကယ်တွင် အနည်းငယ် ရိုင်းပြသော်လည်း ကျန်းပေမြို့စား ကြားချင်သော စကားများသာ ဖြစ်လေသည်။

သူသည် ဟားတိုက် ရယ်မောလိုက်ပြီးနောက် လေထုံဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည် “စစ်ဆေးတာ ဘယ်လိုလဲ”

လေထုံသည် မျက်နှာထား တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။ “ချန်ဟွေ့ကို မြှုပ်နှံပြီး မကြာခင်မှာပဲ သူမကို မြှုပ်ထားတဲ့နေရာကို မိုးကြိုးပစ်သွားတယ်။ တောင်ကုန်းတစ်ခုလုံးတောင် ပြားသွားတယ်။ ဖုတ်ကောင်လည်း မရှိတော့ဘူး။ ကြားရတာတော့ သမက်တော်လည်း လူလွှတ်ပြီး ရှာခိုင်းသေးတယ်တဲ့။ အတူတူပဲ ရှာမတွေ့ခဲ့ဘူး”

“နောက်တစ်ယောက်ကရော”

“ကျွန်တော် အဲဒီ အစေခံမလေးရဲ့ သင်္ချိုင်းကို တူးကြည့်လိုက်တာ အထဲမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်အရ အဲဒီ ခေါင်းတလားက အတွင်းဘက်ကနေ ဖောက်ထွက်ထားတာ။ ဒါကို ကြည့်ရင် မူလက ခေါင်းတလားထဲမှာ လူရှိခဲ့ပေမဲ့ မြှုပ်နှံပြီးမှ အထဲကနေ ထွက်လာတာ ဖြစ်ရမယ်”

ကျန်းပေမြို့စား၏ မျက်နှာသည် မည်းနက်သွားပြီး “သက်ရှိဖုတ်ကောင် ကိုက်သတ်လို့ သေသွားတဲ့ ချန်ဟွေ့။ ခေါင်းတလားထဲကနေ ပြန်တွားသွားတဲ့ ရူဟွေ့။ ပြီးတော့ ယန်လိရူရဲ့ တစ်ကိုယ်လုံးက ဖုတ်ကောင်အဆိပ်... ကြည့်ရတာ အဲဒီ ချန်ဟွေ့က ထူးဆန်းတဲ့ ကြုံတွေ့မှုတွေ ရှိခဲ့ပုံပဲ”

လေထုံကတော့ ပြောလာ၏။ “သက်ရှိဖုတ်ကောင် တစ်ကောင်တည်းပါ။ မူလက သူက သာမန်လူတစ်ယောက်ပဲ။ သက်ရှိဖုတ်ကောင် ဖြစ်သွားရင် အလွန်ဆုံး အဆင့် ၁ ပဲ ရှိမှာ။ လက်တစ်ဖက်တည်းနဲ့တောင် ကြိတ်သတ်လို့ ရပါတယ်”

“ဒီ သက်ရှိဖုတ်ကောင် တစ်ကောင်တည်းကိုလည်း အထင်သေးလို့တော့ မရဘူး။ သူက ငါ့ရဲ့ တစ်ဦးတည်းသော သွေးသားကို သတ်သွားတာ” ကျန်းပေမြို့စား၏ လေသံသည် တည်ငြိမ်နေသော်လည်း မျက်ဝန်းများကတော့ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။ “သူသာ လက်စားချေဖို့အတွက် ယန်အိမ်တော်ကို ဝင်ခဲ့တာဆိုရင် ယန်လိရူက အသက်ရှင်နေသေးသရွေ့ သူ ရှန့်ကျင်းကနေ လွယ်လွယ် ထွက်သွားမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ အခုချိန်မှာ လူအုပ်ထဲမှာ ပုန်းအောင်းနေနိုင်တယ်။ သူ့ကို ရှာဖွေစမ်း”

“ဟုတ်ကဲ့ပါ” လေထုံသည် အမိန့်ကို နာခံကာ ထွက်ခွာသွားသည်။

ညနေစောင်း အချိန်သို့ နီးကပ်လာသောအခါ မင်ကျင့်စီးမှ တပ်မှူးများသည် တစ်သုတ်ပြီးတစ်သုတ် ရုံးမှ ထွက်ခွာလာကြလေသည်။

လေထုံသည် မင်ကျင့်စီးရုံး၏ မလှမ်းမကမ်းတွင် ရပ်စောင့်နေပြီး ထိုသူများထဲမှ တစ်ဦး ထွက်လာသည်ကို မြင်သောအခါ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ထိုသူ၏ ပခုံးကို အားဖြင့် ပုတ်လိုက်သည်။

“လေထုံလား”

“ကျန်းတပ်မှူး မတွေ့ရတာ ကြာပြီနော်” လေထုံသည် ပြုံးကာ တစ်ဖက်လူကို နှုတ်ဆက်လိုက်သည်။

ကျန်းခိုင်သည် သည်မိတ်ဆွေဟောင်းကို တွေ့လိုက်ရသောအခါ ရယ်မောလိုက်ပြီး “ခင်များ ကျန်းပေမြို့စားနဲ့ အပြင်ထွက်သွားတာ ဒီ ၃ နှစ်အတွင်းမှာ တော်တော်လေး သန်မာလာသလိုပဲ။ လာဗျာ။ ဒီည ထင်ရှန်း စားသောက်ဆိုင်မှာ သွားသောက်ပြီး သီချင်းနားထောင်ကြမယ်။ ကျွန်တော် ဒကာခံမယ်”

“ကောင်းပြီလေ။ ခင်များ ဒကာခံ ကျွန်တော် ငွေရှင်းမယ်”

နှစ်ယောက်သားသည် ရင်းနှီးစွာဖြင့် ထင်ရှန်း စားသောက်ဆိုင်ဘက်သို့ လျှောက်လှမ်းသွားကြသည်။

ညသန်းခေါင်ယံသို့ နီးကပ်လာသောအခါ ကျန်းခိုင်နှင့် လေထုံတို့သည် သေရည်အိုးများစွာကို သောက်သုံးထားခဲ့ကြပြီး ဖြစ်သည်။ အခန်းထဲတွင် ဖီဖာ တီးခတ်ပြီး သီချင်း ဆိုနေသော ကချေသည်မလေးများပင် နှစ်ဖွဲ့ ပြောင်းသွားခဲ့ပြီ ဖြစ်၏။ ကျန်းခိုင်သည် အမှန်တကယ်ပင် ဆက်မသောက်နိုင်တော့ဘဲ ယခုအခါ သူသည် လူကို ကြည့်လျှင်ပင် အရိပ်နှစ်ခု ထပ်နေသည်ကို မြင်နေရသည်။

လေထုံကတော့ ဤမိတ်ဆွေဟောင်း၏ အကျင့်ကို သဘာဝကျကျပင် သိရှိထား၏။ မူးအောင် သောက်သုံးပြီးသွားလျှင် မည်သည့်အရာကို မေးသည်ဖြစ်စေ ဖြေကြားပေလိမ့်မည်။

သူသည် ကျန်းခိုင်၏ ဘေးသို့ တိုးကပ်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် “အစ်ကိုကျန်း ကျွန်တော် ပြန်မလာခင် မြို့တော်ထဲမှာ သက်ရှိဖုတ်ကောင်တွေ ပေါ်တယ်လို့ ကြားတယ်။ အကုန် အဖမ်းခံလိုက်ရပြီလား”

“ဖမ်းပြီးသွားပြီပေါ့။ ကျွန်တော်တို့ ကျန့်ရှီဖူက ကိုယ်တိုင် ဝင်လှုပ်ရှားခဲ့တာ။ ရာဇဝတ်မှုဌာနက အသုံးမကျတဲ့ကောင်တွေထက် အများကြီး သာတယ်” ကျန်းခိုင်၏ စကားပြောသည်မှာ အနည်းငယ် လေးလံနေသော်လည်း အကြောင်းအရာမှာမူ ရှင်းလင်းနေသေးသည်။

“အဲဒီ သက်ရှိဖုတ်ကောင် တွေ ဘယ်လို ဖြစ်သွားလဲ”

“သတ်လိုက်ပြီပေါ့” ကျန်းခိုင်သည် သေရည် လေချဉ်တက်လိုက်ပြီး “မဟုတ်ဘူး။ တစ်ကောင်ကို လွှတ်ပေးလိုက်တယ် ကြားတယ်”

လေထုံ၏ မျက်နှာအမူအရာသည် တစ်ချက် တည်သွားပြီး “တစ်ကောင်ကို လွှတ်ပေးလိုက်တယ် ဟုတ်လား။ ဘာလို့လဲ”

ကျန်းခိုင်သည် ခေါင်းကို ကုတ်လိုက်ရင်း “အဲဒီ သက်ရှိဖုတ်ကောင် က မတူလို့ ထင်တယ်။ လူနဲ့တူသလိုပဲ။ တစ်ယောက်ယောက်က မွေးချင်တယ်လို့ ကြားတယ်။ ကျွန်တော်တို့ ကျန့်ရှီဖူကလည်း ဘယ်လိုဖြစ်ပြီး သဘောတူလိုက်မှန်း မသိဘူး”

“ဒါဆို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာလား”

“ဘယ်ဟုတ်ပါ့မလား... အေ့... လွှတ်မပေးခင်မှာ စာချုပ်တော့ ချုပ်လိုက်ရမှာပေါ့”

“ဒါဆို အစ်ကိုကျန်းက အဲဒီ သက်ရှိဖုတ်ကောင် ကို မွေးထားတဲ့သူ ဘယ်မှာ နေလဲ သိလား”

“သိတာပေါ့။ ချန်းဖိင်ဖန်းက အမွှေးနံ့သာဆိုင်လေ။ ဒီနေရာကိုတော့ စိတ်ထင်တိုင်း လျှောက်သွားလို့ မရဘူး။ ကျွန်တော်တို့ ကျန့်ရှီဖူ သိသွားရင် စိတ်ဆိုးလိမ့်မယ်”

မေးမြန်းစရာ ရှိသည်များကို မေးမြန်းပြီးနောက် လေထုံသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်လေသည်။ သူသည် ကျန်းခိုင်ကို နေရာချထားပေးပြီးနောက် အပြင်သို့ ထွက်ကာ ငွေရှင်းလိုက်ပြီး ထင်ရှန်း စားသောက်ဆိုင်မှ လှည့်ထွက်လာခဲ့သည်။

...

ဤအချိန်သည် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း လေထုံ၏ အရှိန်သည် အလွန် မြန်ဆန်လှသဖြင့် မည်သူမှ သူ့ အရိပ်အယောင်ကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။

မကြာမီမှာပင် လေထုံသည် ကျန်းပေမြို့စားအိမ်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ကျန်းပေမြို့စားသည် သည်အချိန်အထိပင် အနားယူခြင်း မရှိသေးပေ။

လေထုံသည် တစ်ကိုယ်လုံး သေရည်နံ့များဖြင့် ကျန်းပေမြို့စား၏ စာကြည့်ခန်းသို့ ရောက်ရှိလာပြီး သူ့ကို လျှောက်တင်လိုက်သည်။ “ဟိုရယ် ကျွန်တော် မင်ကျင့်စီးက တပ်မှူးတစ်ယောက်ဆီကနေ အဲဒီ သက်ရှိဖုတ်ကောင် ရှိတဲ့နေရာကို စုံစမ်းသိရှိခဲ့ပါပြီ။ ကျွန်တော့်အထင် မမှားဘူးဆိုရင် အဲဒီ သက်ရှိဖုတ်ကောင်က ချန်ဟွေ့ ဖြစ်ပါလိမ့်မယ်”

“ဪ။ ဘယ်နေရာမှာလဲ”

“ချန်းဖိင်ဖန်းက အမွှေးနံ့သာဆိုင်တစ်ဆိုင်မှာပါ”

“ဟက် ဟက်။ သူ့သတ္တိက တကယ် မသေးဘူးပဲ။ ငါ့မြေးကို သတ်ပြီးတော့ ရှန့်ကျင်းမှာ ဆက်နေရဲသေးတယ်။ ဒါက ဒီဟိုရယ်က သူ့ကို သွားမရှာမှာ စိုးနေတာလား” ကျန်းပေမြို့စား၏ အသံသည် ညနက်သန်းခေါင်ယံတွင် ထူးကဲစွာ အေးစက် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

လေထုံကတော့ အနည်းငယ် တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။ “ဟိုရယ်။ ကြားရတာတော့ ဒီ သက်ရှိဖုတ်ကောင်က မင်ကျင့်စီးနဲ့ စာချုပ် ချုပ်ထားပြီးပြီတဲ့။ ကျွန်တော်ပဲ သူ့ကို သွားရှင်းလိုက်ပါ့လား။ အဲဒီအချိန်ကျမှ မင်ကျင့်စီးက လိုက်စစ်ဆေးရင်လည်း ဟိုရယ်နဲ့ ဘာမှ ပတ်သက်မှု ရှိတော့မှာ မဟုတ်ဘူး”

“စာချုပ် ချုပ်ထားတော့ ဘာဖြစ်လဲ။ ငါက သက်ရှိဖုတ်ကောင် တစ်ကောင်ကို သတ်မလို့ မင်ကျင့်စီးကများ ငါ့ကို လာတားရဲလို့လား။ ချန်အာရဲ့ ရန်ကြွေးကို ငါ ကိုယ်တိုင် သွားတောင်းရမယ်”

နံနက်စောစောတွင် ကျန်းပေမြို့စားသည် နန်းတွင်းဝတ်စုံကို လဲလှယ်ကာ နန်းတွင်းစည်းဝေးပွဲသို့ တက်ရောက်ခဲ့ပြီး ညီလာခံတက်ပြီးနောက် အိမ်တော်သို့ ပြန်လာခဲ့သည်။

ကျန်းပေမြို့စားအိမ်တော်ကို စောင့်ကြည့်နေသော မင်ကျင့်စီး၏ သူလျှိုသည် ဤနံနက်ခင်းတွင် မည်သည့်ကိစ္စမျှ ရှိမည်မဟုတ်ဟု ထင်မှတ်ထားခဲ့ျဘသည်။ သို့သော် မည်သူ သိနိုင်မည်နည်း။ မကြာမီမှာပင် ကျန်းပေမြို့စားသည် ကိုယ်ရံတော်များကို ဦးဆောင်လျက် အိမ်တော်မှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

သူသည် အတော်အတန် လမ်းလျှောက်၍ နောက်ယောင်ခံ လိုက်ကြည့်သောအခါ သူတို့သည် ချန်းဖိင်ဖန်းဘက်သို့ ဦးတည်သွားနေပုံရသည်ကို တွေ့ရှိလိုက်ရသည်။

အထက်လူကြီး၏ မှာကြားချက်ကို သတိရသွားသောအခါ ထိုသူလျှိုသည် ဆက်ပြီး နောက်ယောင်ခံ မလိုက်တော့ဘဲ မင်ကျင့်စီးရှိရာဘက်သို့ ပြေးထွက်သွားလေသည်။

ကျန်းပေမြို့စားသည် လူများကို ဦးဆောင်ကာ လမ်းမတစ်ခုလုံးကို ပိတ်ဆို့လိုက်သည့်အချိန်တွင် အားချန်တစ်ယောက်ကတော့ အိမ်ထဲတွင် အမွှေးနံ့သာမှုန့်များကို ကြိတ်နေဆဲ။

ဆိုင်၏ တဝက်လောက်ပိတ်ထားသော တံခါးသည် ရုတ်တရက် ပေါက်ကွဲကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသောအခါ အားချန်၏ ခန္ဓာကိုယ်သည် တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် ချန်ဟွေ့သည် သူမ၏ ရှေ့မှောက်တွင် ကာကွယ်ပေးထားပြီး ဖြစ်လေသည်။

သစ်သားစများစွာသည် ချန်ဟွေ့၏ ကျောပြင်ထဲသို့ စိုက်ဝင်သွားပြီး အားချန်၏ အပြင်ဘက်သို့ ပေါ်နေသော လက်မောင်းသည်လည်း သစ်သားစများကြောင့် ရှည်လျားသော သွေးထွက်ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ထိုသစ်သားစများ နောက်ဆုံးတွင် ကုန်ဆုံးသွားမှသာ ချန်ဟွေ့သည် လှည့်ကြည့်လိုက်ရာ ကျယ်ပြန့်စွာ ပွင့်ဟသွားသော တံခါး၏ အပြင်ဘက်တွင် မည်းနက်နေသော လူတစ်စု ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကြမ်းတမ်းခက်ထန်သော အနက်ရောင်ကျားမြင်းများသည် တစ်တန်းတည်း ရပ်လျက်ရှိပြီး အလယ်တည့်တည့်တွင် ကျန်းပေမြို့စားသည် အနက်ရောင် ဝတ်စုံဖြင့် မြင်းပေါ်တွင် မြင့်မားစွာ ထိုင်နေလေသည်။

နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့သော်လည်း ချန်ဟွေ့သည် ကျန်းပေမြို့စားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သည်လူပင်။ သည်လူသည် သူမ၏ ဖခင်ကို ရာထူးမှ ဖြုတ်ချစေခဲ့ပြီး ဖန်းယွီသည်လည်း သူ့အာဏာကို အားကိုးလျက် သူမ၏ မိသားစုတစ်စုလုံးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူ ယနေ့ ဤနေရာသို့ ရောက်ရှိလာခြင်းသည် သူမအတွက် ဖြစ်သည်မှာ သံသယ ရှိဖွယ်မရှိချေ။

“ဒီဟိုရယ်ဆီကို လေးဖက်ထောက်ပြီး ထွက်လာစမ်း” ကျန်းပေမြို့စား၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး လူကို ရင်တုန်စေလေသည်။

အားချန်သည် ထရပ်ရန် ပြင်လိုက်စဉ်မှာပင် ချန်ဟွေ့၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး သူမက အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အားချန် သူက ကျွန်မကို လာရှာတာ။ ရှင် အပြင်မထွက်နဲ့”

ငါက အားချန်အတွက် ပြဿနာ မသေးမွှားလေး ရှာပေးမိပြီးနေပြီ။ ဒီလောက်ထိ ကြိုးစားပြီးမှ ငြိမ်သက်သွားတာ။ အေးအေးချမ်းချမ်း နေသွားရတော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒါက မျှော်လင့်ချက်သက်သက်ပဲ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဒီနေ့ ကျန်းပေမြို့စားက အားချန်ကိုပါ တစ်ပါတည်း ဒေါသ မထွက်ရင်တော့ ကောင်းမှာပဲ။

ချန်ဟွေ့ အိမ်ထဲမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း အားချန်သည် သူမ၏ စကားကို နားမထောင်ဘဲ ထရပ်ကာ နောက်မှ လိုက်ပါသွားလေသည်။

အသက် ၁၀ နှစ်ခန့် ပို၍ ငယ်ရွယ်သွားသော ချန်ဟွေ့က အိမ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ကျန်းပေမြို့စားသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်၏။ သူသည်လည်း သည်လို လူနှင့် တူသော သက်ရှိဖုတ်ကောင်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်ရာ အမှန်တကယ်ပင် ထူးခြားလှသည်ဟု ထင်မှတ်လိုက်သည်။

မူလက သူမကို ချက်ချင်း သတ်ဖြတ်ပစ်ရန် စဉ်းစားထားသော်လည်း ယခုအခါတွင်တော့ သူမကို ဖမ်းဆီး၍ သုတေသန ပြုလုပ်လိုသော စိတ်ဆန္ဒ ပေါ်ပေါက်လာခဲ့သည်။

ကျန်းပေမြို့စားသည် နောက်သို့ လက်ဝှေ့ယမ်းပြလိုက်ပြီး “သူမကို ဖမ်းခေါ်သွားစမ်း”

“ခဏနေပါဦး”

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး သေးငယ်သော ပုံရိပ်လေးတစ်ခုသည် ချန်ဟွေ့၏ နောက်မှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အားချန်သည် ကျန်းပေမြို့စားကို အရိုအသေပြုလျက် ရိုသေစွာ ဆိုလေသည်။ “ဟိုရယ်ကို အပြစ်ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မနဲ့သူက မင်ကျင့်စီးမှာ စာချုပ် ချုပ်ထားပြီးသားပါ။ သူက အခု ကျွန်မ ပိုင်ဆိုင်တဲ့သူ ဖြစ်နေပါပြီ။ ဟိုရယ်နဲ့ သူကြားမှာ ဘယ်လိုပဲ အငြိုးအတေးတွေ ရှိနေပါစေ သူ့ကို ခေါ်သွားချင်တယ်ဆိုရင်တော့ မင်ကျင့်စီးရုံးကို အရင်ဆုံး အကြောင်းကြားဖို့ လိုပါလိမ့်မယ်”

“မိန်းကလေး မင်းက မင်ကျင့်စီးကို သုံးပြီး ဒီဟိုရယ်ကို ခြိမ်းခြောက်နေတာလား” ကျန်းပေမြို့စား၏ အသံသည် နိမ့်ကျသွားပြီး အရှိန်အဝါက ဖိအားပေးလာသည်။

အားချန်၏ မျက်နှာအမူအရာသည် ပြောင်းလဲမသွားပေ။ “မခြိမ်းခြောက်ရဲပါဘူး။ ဒါပေမဲ့ စာချုပ် ချုပ်တုန်းက မင်ကျင့်စီးက လူကြီးမင်းက ကျွန်မကို ပြောထားပါတယ်။ ကျွန်မနဲ့သူက ကောင်းအတူ ဆိုးအတူပါတဲ့။ ဟိုရယ်ကသာ သူ့ကို အသုံးချပြီး မကောင်းမှုတစ်ခုခု လုပ်ခဲ့ရင် ကျွန်မလည်း အတူတူ အစွပ်စွဲခံရမှာမို့လို့ မင်ကျင့်စီးကို အခြေအနေ သွားရှင်းပြရမှာပေါ့”

“မင်း ငါ့ကို မေးခွန်းတစ်ခု ဖြေ။ ဒီဟိုရယ်က စဉ်းစားပေးနိုင်တယ်”

အားချန်သည် အနည်းငယ် ကြောင်သွားပြီး “ဟိုရယ်က ဘာမေးချင်လို့လဲ”

“သူမ အခုလို ပုံစံ ဖြစ်သွားတာ မင်းနဲ့ ပတ်သက်မှု ရှိလား”

အားချန်၏ မျက်ဝန်းအလင်းရောင်သည် အနည်းငယ် လှုပ်ရှားသွားပြီး သူမ ပြန်မဖြေမီမှာပင် ကျန်းပေမြို့စားက အမိန့်ပေးလိုက်သည်။ “သူ့ကိုပါ တစ်ခါတည်း ခေါ်သွားစမ်း”

“ဟုတ်ကဲ့”

ချန်ဟွေ့သည် ဤစကားကို ကြားသောအခါ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ အားချန်သည်လည်း ကျန်းပေမြို့စားက ဤမျှလောက်အထိ ထင်ရာစိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နေခင်းကြောင်တောင် ရှန့်ကျင်းမြို့ထဲတွင်ပင် ပေါ့ပေါ့ဆဆ လူကို ဖမ်းဆီးရဲလေသည်။

ချန်ဟွေ့ကို လက်မြှောက် အရှုံးပေးစေလိုလျှင် အားချန် ဘေးကင်းရန် လိုအပ်ပေသည်။ ယခု ကျန်းပေမြို့စားက အားချန်ကို ဖမ်းဆီးခေါ်ဆောင်သွားမည်ဆိုလျှင် သူမက မည်သို့ လှုပ်ရှားမှု မရှိဘဲ နေနိုင်မည်နည်း။

သူမ၏ လက်ပေါ်တွင် ဓားသွားကဲ့သို့ ထက်ရှသော အနက်ရောင် လက်သည်းများ ရုတ်တရက် ရှည်ထွက်လာပြီး အနားသို့ တိုးကပ်လာသော ကိုယ်ရံတော်နှစ်ဦးကို ပြန်လည် ကုတ်ခြစ်လိုက်လေသည်။

ကျန်းပေမြို့စားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်မောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချန်ဟွေ့သည် အိမ်ထဲသို့ လွင့်စင်သွားတော့သည်။

ကျန်ရှိသော ကိုယ်ရံတော်များသည် အားချန်ကို လာရောက် ဖမ်းဆီးရန် ရှေ့သို့ တိုးလာကြသော်လည်း သူမကို မထိမိသေးခင်မှာပင် ဓားအလင်းရောင်တစ်ချက် လက်သွားပြီး ထိုကိုယ်ရံတော်နှစ်ဦးသည် ရှောင်တိမ်းချိန် မရလိုက်ဘဲ လက်မောင်းများ ပြတ်တောက်သွားလေသည်။

အော်ဟစ်သံများနှင့်အတူ ဓားတစ်လက်သည် ကောင်းကင်မှ ကျဆင်းလာပြီး အားချန်၏ ဦးခေါင်းထက်သို့ ကျရောက်လာဟန် ရှိ၏။ အားချန်သည်လည်း မြင်တွေ့လိုက်ရသော်လည်း သူမ ရှောင်တိမ်း မရနိုင်ခဲ့ပေ။

ထိုဓား ကျရောက်လာခါနီးမှာပင် အနီရောင် ပုံရိပ်တစ်ခုသည် သူမ၏ ရှေ့ မလှမ်းမကမ်းတွင် ပေါ်ထွက်လာပြီး သူမ၏ ဦးခေါင်းထက်မှ ဓားသည် လမ်းကြောင်း ပြောင်းကာ ထိုသူ့ လက်ထဲသို့ ပျံသန်းသွားလေသည်။

“ကျန်းပေမြို့စားက မနက်စောစောစီးစီး လူလွှတ်ပြီး ချန်းဖိင်ဖန်းကို ပိတ်ဆို့ထားတာ ဘာများ လုပ်ချင်လို့လဲ မသိဘူးနော်” ပိုင်ရှိုးမင်သည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး မြင်းပေါ်တွင် မြင့်မားစွာ ထိုင်နေသော ကျန်းပေမြို့စားနှင့် အကြည့်ချင်း ဆုံလိုက်သည်တွင် သူ့ အရှိန်အဝါကတော့ အနည်းငယ်မျှပင် အရေးနိမ့်ခြင်း မရှိပေ။

“မင်းက... ပိုင်ရှိုးမင်လား” ကျန်းပေမြို့စားသည် ပိုင်ရှိုးမင်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်၏။ “ဒီဟိုရယ် အလုပ်လုပ်တာ မင်းကို ရှင်းပြစရာ မလိုဘူး”

ပိုင်ရှိုးမင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ “ဒါပေမဲ့ ဟိုရယ်က ကျွန်တော့်လူကို ထိပါးလိုက်တော့ ဒီအရာရှိက ရှင်းပြချက်တစ်ခု လိုအပ်တယ်”

“ဟုတ်လား။ ဒါဆိုရင်တော့ ဒီဟိုရယ်ကို ပါးစပ် ဖွင့်ခိုင်းနိုင်လောက်တဲ့ အရည်အချင်း မင်းမှာ ရှိမရှိကို ကြည့်ရသေးတာပေါ့”

ကျန်းပေမြို့စားသည် အေးစက်စွာ နှာခေါင်းရှုံံ့လိုက်ပြီး မြင်းပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွား၏။ အားချန်၏ ရှေ့မှောက်တွင် ကာကွယ်ပေးထားသော ပိုင်ရှိုးမင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

အားချန်သည် လက်နက်များ ထိခတ်မိသော ကျယ်လောင်သည့် အသံများနှင့် မျက်စိရှေ့တွင် ရံဖန်ရံခါ လင်းလက်သွားသော အလင်းတန်းများကိုသာ တွေ့မြင်နေရသည်။ သူမသည် နှစ်ယောက်သား လမ်းမထက်တွင် တိုက်ခိုက်နေကြသည်ကို ခပ်ရေးရေး ခံစားမိသော်လည်း သူမ၏ မျက်လုံးများသည် လူအရိပ်ကို လုံးဝ ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။

နှစ်ယောက်သားသည် သူမ၏ မလှမ်းမကမ်းတွင် တိုက်ခိုက်နေကြသဖြင့် အားချန်သည် လုံခြုံမှု မရှိသလို ခံစားရကာ ဖြည်းညင်းစွာ နောက်ဆုတ်လျက် နံရံကို မှီလိုက်မှသာ နည်းနည်းလေး စိတ်လုံခြုံသွားတော့သည်။

သို့သော် နောက်တစ်ခဏမှာပင် အနက်ရောင်နှင့် ရွှေရောင် လှံရှည်တစ်ချောင်းသည် လမ်းမပေါ်မှ ရုတ်တရက် ပျံသန်းလာပြီး နံရံကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ကာ နောက်ဆုံးတွင် မြေကြီးထဲသို့ စိုက်ဝင်သွားလေသည်။

ထို့နောက် ဘုန်းခနဲ ကျယ်လောင်သော အသံတစ်သံနှင့်အတူ အိမ်၏ ကြမ်းပြင်သည် ပြိုကျသွားတော့သည်။

အားချန်သည် မိမိ၏ ပျက်စီးသွားသော အိမ်ကို ကြောင်တောင်တောင် ကြည့်နေမိပြီး ရုတ်တရက် ချန်ဟွေ့ အထဲတွင် ရှိနေသေးသည်ကို သတိရသွားကာ “ချန်ဟွေ့” ဟု အော်ဟစ်လိုက်သည်။

သူမသည် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

အဝေးသို့ မရောက်သေးခင်မှာပင် ချန်ဟွေ့သည် ယိုင်တိုင်တိုင်ဖြင့် ပျက်စီးနေသည့် အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

အားချန် ဒဏ်ရာမရရှိသည်ကို မြင်မှ သူမသည် အေးသွားပြီး ပြောလိုက်တော့သည်။ “ကျွန်မ ဘာမှ မဖြစ်ဘူး”

အားချန်က ရှေ့ကိုတိုးလာကာ သူမကို တွဲကူလိုက်ပြီး ချန်ဟွေ့နှင့်အတူ လမ်းမပေါ်သို့ ကြည့်လိုက်သည်။

နောက်ဆုံးတွင် တခဏတာမျှ တိုက်ခိုက်ပြီးနောက် အနီရောင်နှင့် အနက်ရောင် ပုံရိပ်နှစ်ခုသည် လမ်းမ၏ ဘေးတစ်ဖက်စီသို့ ကျရောက်သွားကြသည်။

ပိုင်ရှိုးမင်၏ ရုံးတော်ဝတ်ရုံ အင်္ကျီလက်စသည် လုံးဝ စုတ်ပြဲသွားပြီး အောက်နားစသည်လည်း ပေါက်ပြဲနေသဖြင့် အလွန်တရာ သနားစဖွယ် ဖြစ်နေ၏။ မျက်နှာချင်းဆိုင်မှ ကျန်းပေမြို့စား၏ အဝတ်အစားများကတော့ သပ်ရပ်နေသော်လည်း သူသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားပြီး သူ့ ရင်ဘတ်မှ သွေးများ စိမ့်ထွက်နေလေသည်။

အားချန်၏ အကြည့်သည် ပိုင်ရှိုးမင် ဆုပ်ကိုင်ထားသော ထိုဓားပေါ်သို့ ကျရောက်သွားသည်။ ဓားသွားတွင် သွေးများ မတွေ့ရသော်လည်း ဓားထိပ်မှ သွေးများ စက်လက် ကျနေသည်မှာ ကျန်းပေမြို့စား၏ သွေးများ ဖြစ်လေသည်။

ကျန်းပေမြို့စား၏ ကိုယ်ရံတော်များသည် မိမိတို့၏ ဟိုရယ် အရေးနိမ့်နေသည်ကို မြင်သောအခါ ဓားဆွဲထုတ်၍ ရှေ့တိုးရန် ပြင်လိုက်စဉ်မှာပင် သူ့ အော်ဟစ် တားမြစ်သံကြောင့် ရပ်တန့်သွားကြသည်။ “အားလုံး နောက်ဆုတ်”

ထိုကိုယ်ရံတော်များသည် ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းပေမြို့စား၏ အနားသို့ ဆုတ်ခွာသွားကြသည်။

ကျန်းပေမြို့စားသည် ကိုယ်ကို မတ်လိုက်ပြီး မျက်နှာချင်းဆိုင်က မိမိထက် များစွာ ငယ်ရွယ်သော ပိုင်ရှိုးမင်ကို ကြည့်ကာ ပြောလိုက်၏။ “ဒီဟိုရယ်က ပိုင်လူကြီးမင်းရဲ့ နာမည်ကို စောစောကတည်းက ကြားဖူးထားတာ။ ဒီနေ့ တွေ့မှပဲ တကယ် နာမည်နဲ့ လိုက်အောင် ထူးချွန်တာပဲ”

ပိုင်ရှိုးမင်၏ လေသံကတော့ တည်တည်ငြိမ်ငြိမ်ပင်။ “ဟိုရယ်ကတော့... ဒီအရာရှိကို စိတ်ပျက်စေတာပဲ”

ကျန်းပေမြို့စား၏ နဖူးထက်မှ သွေးကြောစိမ်းများသည် တစ်ချက် မြင်သာလာ၏။ သူသည် ပိုင်ရှိုးမင်နှင့် ဆက်ပြီး အငြင်းမပွားလိုတော့သဖြင့် အရင်ဆုံး ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။

ဒီ ပိုင်ရှိုးမင်ကသာ တော်ဝင်မျိုးနွယ်ရဲ့ သွေးသားကို အားမကိုး၊ မြို့ထဲက အစီအရင်ကြီးကို မသုံးနိုင်ခဲ့ရင် ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ အခုတော့... လာတောင် စိန်ခေါ်ရဲသေးတယ်။

“ဒီနေ့ ကိစ္စက ဒီဟိုရယ်က ပေါ့ဆသွားတာပါ”

ပိုင်ရှိုးမင်၏ မျက်တောင်ရှည်များ အနည်းငယ် စင်းကျသွားပြီး “ဒီအရာရှိ ကြားရတာတော့ ကျန်းပေမြို့စားက ရှီးလင်မှာ တိုက်ပွဲပေါင်း ရာနဲ့ချီ အနိုင်ရခဲ့တာ။ ပေါ့ဆတဲ့သူ တစ်ယောက်တော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး”

စကားဆုံးသည်နှင့် သူသည် မျက်လုံးများကို ပင့်တင်လိုက်ပြီး နက်ရှိုင်းသော အကြည့်များဖြင့် ကျန်းပေမြို့စားကို တည့်တည့် စိုက်ကြည့်ကာ “ထင်ရတာတော့ ဟိုရယ်က ရှန့်ကျင်းကို ခုမှ ပြန်ရောက်တော့ ကိစ္စတော်တော်များများကို အသားမကျသေးဘူး ထင်တယ်။ ဒီအရာရှိ မျှော်လင့်တာက ဒီနေ့ကစပြီး ဟိုရယ်က စည်းကမ်းတွေကို သေချာ လိုက်နာပြီး စည်းကျော်တဲ့ အပြုအမူမျိုးတွေ မလုပ်ဖို့ပါပဲ”

ကျန်းပေမြို့စားသည် ပိုင်ရှိုးမင်က သူ့ကို နည်းနည်းမှ မျက်နှာသာ မပေးလောက်ဟု မထင်ထားခဲ့သဖြင့် မျက်ဝန်းများက ပိုလို့ပင် မလိုလားရိပ်များ ဖြစ်လာတော့သည်။ “ဒီဟိုရယ်က တစ်သက်လုံးမှာ စည်းကမ်းဆိုတာကို အမုန်းဆုံးပဲ”

“ဟုတ်လား။ ဒီအရာရှိကတော့ စည်းကမ်း မလိုက်နာတတ်တဲ့ လူတော်တော်များများကို သတ်ခဲ့ဖူးတယ်” ပိုင်ရှိုးမင်သည် ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်ရင်း “ကျန်းပေမြို့စားသာ စိတ်ထဲမှာ မကျေနပ်ဘူးဆိုရင် ဒီအရာရှိက အချိန်မရွေး လက်ခံတွေ့ဆုံပေးနိုင်ပါတယ်။ ဒါပေမဲ့ မသိတာက... ဟိုရယ်က ဒီအရာရှိရဲ့ ဓားချက် ဘယ်နှချက်လောက်ကို ခံနိုင်ရည် ရှိမလဲ ဆိုတာပဲ”

“ပေါက်စလေးက... ထင်ရာစိုင်းလှချည်လား” ကျန်းပေမြို့စားသည် အံကြိတ်ထားလိုက်ပြီး စကားလုံး တစ်လုံးချင်း ဆိုလေသည်။ ရင်ဘတ်မှ ဓားဒဏ်ရာသည် ယခုအချိန်အထိ မကျက်သေးဘဲ စူးရှသော နာကျင်မှုက သူ့ စိတ်ထဲမှ သတ်ဖြတ်လိုစိတ်ကို ပိုပြီး တောက်လောင်လာစေတော့သည်။

ဒီ ပိုင်ရှိုးမင်ကသာ တော်ဝင်မျိုးနွယ်ရဲ့ သွေးသားကို အားမကိုးဘဲ မြို့ထဲက အစီအရင်ကြီးကို မသုံးနိုင်ခဲ့ရင် ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

အခုတော့... လာတာင် စိန်ခေါ်ရဲသေးတယ်။

“ဟိုရယ်က မြှောက်ပင့်လွန်းနေပါပြီ။ ဒီအရာရှိက ဟိုရယ်လောက်တော့ မတော်ပါဘူး။ ကိုယ်ပိုင်စစ်တပ်ကို သုံးပြီးတော့ နေခင်းကြောင်တောင် လူကို လာဖမ်းရဲတဲ့အထိလေ”

“ဒီဟိုရယ် ဖမ်းချင်တာက ငါ့မြေးကို သတ်သွားတဲ့ လူသတ်သမားကို။ ပိုင်လူကြီးမင်းက သက်ရှိဖုတ်ကောင် တစ်ကောင်ကိုများ ကာကွယ်ပေးမလို့လား”

“လူသတ်သမား ဟုတ်လား” ပိုင်ရှိုးမင်သည် မျက်ခုံးပင့်လိုက်သည်။ “သက်သေ ရှိလို့လား”

“ဒီဟိုရယ်ရဲ့ စကားတစ်ခွန်းက အတည်ပဲ။ ငါ့စကားက သက်သေပဲ”

“ဒါဆိုရင်တော့ မရှိဘူးပေါ့။ မရှိမှတော့ ပြန်သွားလိုက်တော့”

...

All Chapters