← Chapters

လင်းစွေ့၏ အသက်နှင့် ယှဉ်လိုက်လျှင် သူ့အသက်က...

Vol. 5 Ch. 49

လင်းဟန်သည် ဤတစ်ကြိမ်တွင် ခေါ်ယူခဲ့သူများမှာ ယခင်တစ်ကြိမ် သူနှင့်အတူ အမဲလိုက်ထွက်ခဲ့ကြသော ထိုလူများပင် ဖြစ်ကြ၏။ ယခင်တစ်ကြိမ်က သူတို့သည် ပျော်ရွှင်မှု အပြည့်အဝ မရရှိခဲ့ကြရာ သူက နောက်တစ်ကြိမ် ထပ်မံသွားရောက်မည်ဟု ဆိုသည်ကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြပြီး မိမိတို့၏ ဘေးတွင် အခစားဝင်နေသူများကို မြင်းများနှင့် လေးနှင့်မြားများ သွားရောက်ပြင်ဆင်ရန် အမိန့်ပေးလိုက်ကြလေသည်။

လင်းဟန်သည် ရွှဲကျောင်းရှေ့သို့ ရောက်ရှိလာပြီး သူ့ပခုံးကို လှမ်းပုတ်ကာ ပြောလိုက်၏။ "သွားမယ်။ ခဏနေရင် အမဲလိုက်ထွက်ကြမယ်”

ရွှဲကျောင်းကတော့ အနည်းငယ် တွန့်ဆုတ်နေမိ၏။ သူသည် မသွားလိုခြင်း မဟုတ်ဘဲ ဤအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခြင်းသည် သူ့အဖို့ အလွန်တရာ ခဲယဉ်းလှသောကြောင့် ဖြစ်သည်။ သို့သော် ဦးလေးဖြစ်သူ ကွယ်လွန်ပြီးသည့်နောက်တွင် သူ့အမေက သူ့ လုံခြုံရေးကို အထူးတလည် အလေးထားလာခဲ့ပြီး သူ့ကို တစ်ဦးတည်း အပြင်ထွက်ခွင့်ပင် မပေးလိုတော့ပေ။ ရွှဲကျောင်းသည် စိတ်ထဲတွင် ငြီးငွေ့နေသော်လည်း စကား နားမထောင်ဘဲ မနေရဲပြန်ချေ။

ရွှဲကျောင်းက လှုပ်ရှားမလာသည်ကို မြင်ရသဖြင့် လင်းဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလဲ။ မင်း မသွားချင်ဘူးလား”

"မဟုတ်ပါဘူး။ ကျွန်တော် အမေနဲ့ အရင် သွားပြောရဦးမယ်” ရွှဲကျောင်းသည် လင်းဟန်၏ မကျေနပ်မှုကို ခံစားမိလိုက်ရသဖြင့် အလျင်အမြန် ဆိုလိုက်၏။

"ကောင်းပြီလေ။ ဒီလောက်တောင် ကြီးနေပြီ။ အပြင်ထွက်ဆော့တာတောင် အမေကို သွားပြောရဦးမယ်” လင်းဟန်က နှုတ်ခမ်းစူထားလိုက်၏။

"အစ်ကိုလင်း... ခဏလောက် စောင့်ပါ။ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်” ရွှဲကျောင်းသည် သူ့ စကားကို မကြားဟန်ဆောင်လိုက်ပြီး ရွှဲရှီကို ရှာရန် အလျင်စလို ထွက်ခွာသွားလေသည်။

ရွှဲရှီသည် သမီးဖြစ်သူ ရွှဲယင်ကို ခေါ်ဆောင်ကာ မလှမ်းမကမ်းရှိ ကြာပန်းဥယျာဉ်တွင် ထိုင်နေလေသည်။ သည်နေရာတွင် မှူးမတ်မျိုးနွယ်များမှ အမျိုးသမီး အများအပြား စုရုံးနေကြပြီး အိမ်အသီးသီးမှ မိန်းကလေးများသည် တယောတီးခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် ပြေးလွှားကစားခြင်းတို့ ပြုလုပ်နေကြ၏။ သူတို့၏ လှုပ်ရှားမှုတိုင်းကို ဘေးတွင် ထိုင်လျက် စကားပြောဆိုနေကြသော အိမ်တော်များက ဖူးရန်များက မျက်စိဒေါက်ထောက် ကြည့်ရှုနေကြလေသည်။

ကျင့်ယန်မြို့စားသည် ယခင်တစ်ကြိမ်က အရှင်မင်းကြီး၏ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသောကြောင့် ယနေ့တိုင် ရွှဲရှီထံသို့ ချဉ်းကပ်လာကာ စကားပြောဆိုသူ တစ်ဦးတစ်ယောက်မှ မရှိသေးရာ ရွှဲရှီ၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိလေသည်။

ရွှဲကျောင်းသည် ကြာပန်းဥယျာဉ် အပြင်ဘက်သို့ ရောက်ရှိလာသော်လည်း ကျူးကျော်ဝင်ရောက်ရန် မဝံ့ရဲဘဲ တံခါးစောင့် အစေခံမိန်းကလေးကို မိမိကိုယ်စား သတင်းပို့ခိုင်းလိုက်တော့သည်။ မကြာမီမှာပင် ရွှဲရှီသည် အပြင်သို့ ထွက်လာခဲ့၏။

"ကျောင်းအာ... သား ဥယျာဉ်ထဲမှာ လူတွေနဲ့ ကစားနေတာ မဟုတ်ဘူးလား။ ဘာလို့ ရောက်လာတာလဲ။ ဘာကိစ္စ ရှိလို့လဲ” ရွှဲရှီသည် သားဖြစ်သူကို တွေ့သောအခါ မေးမြန်းလိုက်၏။

"ဘာကိစ္စမှ မရှိပါဘူး။ အစ်ကိုလင်းက ကျွန်တော့်ကို အမဲလိုက်ထွက်ဖို့ ခေါ်လို့။ ကျွန်တော် အမေ့ကို လာပြောတာပါ”

"မဖြစ်ဘူး။ မသွားရဘူး” ရွှဲရှီသည် သူက အမဲလိုက်ထွက်မည်ဟု ကြားသည်နှင့် မျက်နှာရောင် ချက်ချင်း ပြောင်းလဲသွားတော့၏။ "အရင်တစ်ခါ သားက သူတို့နဲ့ ထွက်သွားလို့ တောင်ပေါ်မှာ ကျားမိစ္ဆာနဲ့ တွေ့ခဲ့ရတာလေ။ မမှတ်မိတော့ဘူးလား”

"အမေ... ဒါက မတော်တဆ ဖြစ်ခဲ့တာပါ။ ပြီးတော့ အဲ့ဒီ ကျားမိစ္ဆာကို မင်ကျင့်စီးက လူတွေ ရှင်းလင်းသွားပြီးပြီ။ ဒီတစ်ခါ ဘာမှ ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး”

"ဒါလည်း မဖြစ်ဘူး။ တောင်ထဲမှာ ဘယ်လောက် အန္တရာယ်များလဲ သား မသိဘူးလား။ မိစ္ဆာတွေ မရှိရင်တောင်မှ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင်ရော။ သားကို ခေါ်သွားတဲ့ အဲ့ဒီလူတွေက သားကို ဂရုစိုက်မှာတဲ့လား”

ရွှဲကျောင်းသည် အနည်းငယ် စိတ်မရှည်တော့ဘဲ မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။ "အမေ... သားက လူတွေနဲ့ ဆက်ဆံရေး လုပ်ရဦးမှာလေ”

"ဒါဆိုရင်လည်း စည်းကမ်းတကျရှိတဲ့ လူတွေနဲ့ ဆက်ဆံပေါ့။ သား သိကျွမ်းနေတဲ့ အဲ့ဒီ လူငယ်မဟုတ်က၊ ဟုတ်က..."

ရွှဲရှီ၏ စကား မဆုံးသေးခင်မှာပင် ရွှဲကျောင်းက ဖြတ်ပြောလိုက်သည်။ "စည်းကမ်းတကျရှိတဲ့ လူတွေက ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံချင်မယ်လို့ အမေ ထင်နေတာလား”

သူသည် မိမိကိုယ်တိုင်ကို လက်ညှိုးထိုးလိုက်သည်။ "အမေ မေ့နေတာလား။ ကျွန်တော်က ဘယ်လို အဆင့်အတန်းမျိုးလဲဆိုတာကို”

သူသည် ကျင့်ယန်မြို့စား၏ တစ်ဦးတည်းသော သားဖြစ်သော်လည်း သူ့ အဆင့်အတန်းသည် ယနေ့တိုင် ပေါ်ပေါ်ထင်ထင် မရှိသေးပေ။ မှူးမတ်မျိုးနွယ်မှ သားများသည် သူ့ကို လှည့်ကြည့်ရန် တစ်ချက်လေးပင် ဆန္ဒမရှိကြ။ သူသည်လည်း စာသင်ကျောင်းထဲတွင် လီမြို့စားအိမ်မှ တတိယသခင်လေးကို တမင်တကာ ချဉ်းကပ်ခဲ့ပြီးမှ သူက ဤအသိုင်းအဝိုင်းထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

သို့သော် သူ့ အမေသည်ကား တစ်စုံတစ်ရာ နားမလည်ဘဲ သူ့ကိုပင် အပြစ်တင်နေသေးလေသည်။

ရွှဲကျောင်း၏ စကားသည် ရွှဲရှီ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားစေပြီး နောက်ထပ် စကားများ ထွက်မလာနိုင်တော့ပေ။

အတန်ကြာမှ သူမသည် မျက်ဝန်းများ နီရဲလာပြီး ပြောလိုက်၏။ "ဒါတွေအားလုံး အမေ အရည်အချင်း မရှိလို့ပါ။ သားနဲ့ သားညီမလေးကို တခြားလူတွေ အထင်သေးအောင် လုပ်မိပြီ"

သူ့အမေက သည်လိုဝမ်းနည်းနေသည်ကို မြင်လိုက်ရသည်တွင် ရွှဲကျောင်းသည်လည်း အသံကို နှိမ့်ချလိုက်လေသည်။ "အမေ... ဒါ အမေ့အမှား မဟုတ်ပါဘူး။ အပြစ်တင်ချင်ရင် ကျိချန်ကိုပဲ အပြစ်တင်... နောက်ဆို ကျွန်တော်တို့တွေ တဖြည်းဖြည်း ပိုကောင်းလာမှာပါ”

"ဟုတ်တယ်။ ငါတို့ မိသားစု တဖြည်းဖြည်း ပိုကောင်းလာမှာပါ” ရွှဲရှီသည် ထိုသို့ ပြောလိုက်သော်လည်း မျက်ခုံးများကတော့ တွန့်ချိုးထားဆဲ။ သူမသည် သားဖြစ်သူကို အတင်းအကျပ် တားထား၍ မဖြစ်နိုင်ကြောင်းကို သိနေသဖြင့် အမှာစကားသာ ပြောလိုက်ရတော့သည်။ "သား ဒီတစ်ခါ တောင်ပေါ်တက်သွားရင် သေသေချာချာ သတိထားရမယ်"

"အမေ စိတ်ချပါ။ သူတို့တွေ ဒီတစ်ခါ အပြင်ထွက်တာ ကိုယ်ရံတော်တွေ ခေါ်သွားကြတယ်။ အန္တရာယ် ရှိမှာ မဟုတ်ပါဘူး”

"ဒါဆို ညဘက် ပြန်လာနိုင်မှာလား”

"ပြန်လာနိုင်ပါတယ်။ အမေ သားကို စောင့်နေ... သား အမေ့အတွက် မြေခွေးတစ်ကောင် လိုက်ရှာခဲ့မယ်”

ရွှဲကျောင်းသည် ရွှဲရှီနှင့် စကားပြောဆိုပြီးနောက် လင်းဟန်ကို အလျင်စလို သွားရောက်ရှာဖွေလေသည်။

လူစုံပြီးနောက်တွင် သူတို့အဖွဲ့သည် လေးမြားများကို လွယ်ပိုးကာ ကြာပန်းဥယျာဉ်မှ မြင်းကိုယ်စီ ဒုန်းစိုင်း ထွက်ခွာသွားကြ၏။ သူတို့၏ နောက်တွင် လီမြို့စား အိမ်တော်မှ ကိုယ်ရံတော် ၄ ဦး လိုက်ပါသွားကြပြီး အားလုံးမှာ အဆင့် ၂ ကျင့်ကြံသူများ ဖြစ်ကြသည်။

ဤကိုယ်ရံတော် အချို့ ရှိနေသဖြင့် သူတို့အားလုံးသည် များစွာ စိတ်အေးလက်အေး ဖြစ်သွားကြ၏။

"လင်းဟန်... ဒီတစ်ခါ ငါတို့ ဘယ်ကနေ တောင်ထဲ ဝင်ကြမှာလဲ”

လီမြို့စား၏ တတိယသား ကျန်းရွှီယောင်က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ ကျန်းရွှီယောင်၏ အမေသည် လီမြို့စား၏ ဒုတိယမြောက်ဇနီး ဖြစ်ပြီး လင်းဟန်၏အမေ ယောင်ရှီနှင့် ညီအစ်မ တော်စပ်သူ ဖြစ်လေသည်။

လင်းဟန်နှင့် ကျန်းရွှီယောင်တို့သည် ဝမ်းကွဲညီအစ်ကိုများဟု သတ်မှတ်နိုင်ပြီး ဤသည်မှာပင် သူတို့ အတူတကွ ပေါင်းသင်းကစားနိုင်ကြခြင်း၏ အကြောင်းအရင်း ဖြစ်၏။

"အရင်တစ်ခါက နေရာပဲ။ အဲ့ဒီဘက်မှာ တိရစ္ဆာန်တွေ ပေါတယ်”

"အဲ့ဒီနေရာက ဝင်ရတာ မလွယ်ဘူး။ မင်း လမ်းမှတ်မိလို့လား”

လင်းဟန်က တစ်ချက် လှောင်ရယ်လိုက်၏။ "လမ်းမှတ်ထားစရာ မလိုပါဘူး။ အရင်တစ်ခါက လမ်းပြက တော်တော် အသုံးဝင်တယ် မဟုတ်လား။ ဒီတစ်ခါလည်း သူ့ကိုပဲ ရှာလိုက်မယ်”

လူအချို့သည် လင်းဟန်က ယခင်တစ်ကြိမ်မှ လမ်းပြသူ အကြောင်းကို ထုတ်ပြောသည်ကို ကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြ၏။ တစ်ယောက်ကပင် ဝင်ပြောလိုက်သေးသည်။ "အဲ့ဒီကောင်လေး မသေသေးဘူးလား။ ငါက သူ ကျားမိစ္ဆာ စားတာ ခံလိုက်ရပြီတောင် ထင်နေတာ"

"သူ့ကိုယ်ပေါ်က မြေကြီးနံ့က အရမ်း ပြင်းလို့ နေမှာပေါ့”

လူအချို့သည် တဟားဟား အော်ရယ်လိုက်ကြပြီး မကြာမီမှာပင် ဟွမ်ရှီရွာသို့ ရောက်ရှိသွားကြလေသည်။

ရွာ၏ တံခါးဝတွင် ထိုင်လျက် စကားစမြည် ပြောဆိုနေကြသော ရွာသားများသည် မြင်းမြင့်ကြီးများကို စီးနင်းလျက် ကိုယ်ရံတော်များပါ ခေါ်ဆောင်လာသော ဤလူငယ်သခင်လေးများကို တွေ့မြင်လိုက်ရသောအခါ ခပ်ဝေးဝေးသို့ ရှောင်တိမ်းသွားကြပြီး သူတို့ ရောက်လာသည့် အကြောင်းအရင်းကို ရှေ့ထွက်ပြီး ဘယ်သူကမှ မေးမြန်းရန် မဝံ့ရဲကြပေ။

လင်းဟန်သည် ထိုရွာသားများကို တစ်ချက်ပင် ကြည့်မသွားဘဲ ရင်းနှီးပြီးသား လမ်းကြောင်းအတိုင်း လင်းစွေ့၏ မောင်ဖြစ်သူ နေထိုင်ရာ အိမ်ကို သွားရှာလိုက်တော့သည်။ သူသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး ခိုင်ခံ့မှု မရှိလှသော တံခါးမကြီးကို ခြေဖြင့် တစ်ချက် ကန်လိုက်သည်တွင် တစ်ဝက် ပွင့်နေသော တံခါးသည် ပွင့်ထွက်သွားလေသည်။

အိမ်ထဲတွင် ပုဆိန်တိုလေးနှင့် ထင်းခွဲနေသော ကောင်းလော့သည် အသံကြားသဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ လင်းဟန်နှင့် တံခါးအပြင်ဘက်မှ မြင်းစီးလျက် ရှိကြသော မှူးမတ်မျိုးနွယ်မှ သားများကို တွေ့မြင်လိုက်ရသဖြင့် ပုဆိန်ကို ဆုပ်ကိုင်ထားသော လက်မှာ တင်းကြပ်သွားလေသည်။

"မင်းတို့ ဘာလုပ်မလို့လဲ” ကောင်းလော့က ပူပန်စိတ်ဖြင့် မေးလိုက်သည်။

လင်းဟန်က သူ့ ညာဘက်ခြေထောက်ကို မျက်လွှာချ ကြည့်လိုက်သည်။ "မင်း ခြေထောက် ကျိုးသွားတယ်ဆို”

"မင်းနဲ့ ဘာဆိုင်လို့လဲ”

"ငါ့အဖေက လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းခြေထောက်ကို လူလွှတ်ပြီး လာကြည့်ခိုင်းသေးတယ်မလား။ ကြည့်ရတာ မင်းကို နတ်ဆေးတောင် သုံးပေးလိုက်ပုံပဲ။ မဟုတ်ရင် ဒီလောက် မြန်မြန် ကုတင်ပေါ်က ဆင်းနိုင်မှာ မဟုတ်ဘူး။ မင်းကို ငွေတွေလည်း ပေးသွားသေးတယ်မလား” လင်းဟန်သည် ပြန်မဖြေဘဲ မေးခွန်း ပြန်ထုတ်လိုက်သည်။

ကောင်းလော့သည် မျက်နှာကို တင်းထားလိုက်ကာ " ငွေတွေကို လာတောင်းတာဆိုရင် ကျွန်တော် အခုပဲ မင်းကို ပြန်ပေးလိုက်မယ်"

"ထားလိုက်တော့။ အဲ့ဒီ ငွေနည်းနည်းလေးနဲ့ မင်းခြေထောက်တစ်ဖက် လဲလိုက်ရတာက မင်းအတွက် အမြတ်ပဲ။ မင်း ကောင်းကောင်း သိမ်းထားလိုက်ပါ။ ဒီတစ်ခါ မင်းကို လာရှာတာက ငါတို့ကို တောင်ပေါ် လိုက်ပို့ခိုင်းမလို့”

"ကျွန်တော် မသွားဘူး!" ယခင်တစ်ကြိမ် တောင်ပေါ်တက်ခဲ့ရသော အတွေ့အကြုံကို ပြန်တွေးမိလိုက်သည်တွင် ကောင်းလော့သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းဆန်လိုက်သည်။

သူသည် ခက်ခက်ခဲခဲ အသက်ရှင်လျက် ပြန်လာခဲ့ရသည် ဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ သူသည် ဘာဖြစ်ဖြစ် ထပ်သွားလိမ့်မည် မဟုတ်ပေ။

"အဟား” လင်းဟန်က လှောင်ရယ်လိုက်ပြီး "ဒါက မင်း ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ မင်းသာ မသွားဘူးဆိုရင် ငါလည်း မင်းရဲ့ ကျန်တဲ့ ခြေထောက်တစ်ဖက်ကိုပါ ရိုက်ချိုးပစ်ရုံပဲ ရှိတော့တယ်။ မင်းကို ဒီတစ်သက်လုံး မတ်တပ် မရပ်နိုင်အောင် လုပ်ပစ်မယ်”

သူသည် ကောင်းလော့ကို လုံးဝ ဂရုမစိုက်ချေ။ သူ့ ခေါင်းမာနေသည့် ပုံစံကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်လေသည်။ " လင်းစွေ့က မင်းအတွက်နဲ့ ငါနဲ့ မျက်နှာပျက်ရဲမယ်လို့ တကယ် ထင်နေတာတော့ မဟုတ်ဘူးမလား။ နိုးထလိုက်စမ်းပါ။ အိပ်မက် မမက်နေနဲ့”

ပြောရင်းဆိုရင်း သူ့နောက်မှ ကိုယ်ရံတော်ကို လက်ယမ်းခေါ်လိုက်၏။

ကိုယ်ရံတော်များထဲမှ တစ်ဦးသည် အတွင်းသို့ ဝင်ရောက်လာပြီး ကောင်းလော့ကို ကျားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေလေသည်။

သည်လူ၏မျက်လုံးများသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ ထိုအကြည့်နှင့်တင် ကောင်းလော့သည် ကြက်သီးမွေးညင်းများ ထသွားတော့သည်။

ထိုကိုယ်ရံတော်က လင်းဟန်ကို မေးလိုက်၏။ "သခင်လေး လင်း... အခုပဲ သူ့ခြေထောက်ကို ရိုက်ချိုးလိုက်ရမလား"

လင်းဟန်က ပြုံးကာ မေးလိုက်၏။ "ကောင်းလော့... သွားမှာလား၊ မသွားဘူးလား"

ကောင်းလော့သည် အံကို တင်းတင်း ကြိတ်လိုက်ကာ "ကျွန်တော် သွားမယ်”

ကောင်းလော့သည် လင်းဟန်တို့ လူတစ်စုနှင့်အတူ ဟွမ်ရှီရွာ၏ နောက်ဘက်မှ တောအုပ်ထဲမှတစ်ဆင့် တောင်ထဲသို့ ဝင်ရောက်သွားလေသည်။ သူတို့ ထွက်ခွာသွားပြီး တစ်နာရီခန့် အကြာတွင် အားချန်၏ မြင်းလှည်းသည် နောက်ကျစွာ ဆိုက်ရောက်လာခဲ့သည်။

လင်းစွေ့သည် အပြင်ဘက်တွင် ထိုင်ကာ ချန်ဟွေ့ကို လမ်းညွှန်ပေးနေ၏။ ဟွမ်ရှီရွာနှင့် ပိုနီးကပ်လာလေလေ သူမ၏ စိတ်ထဲတွင် ပိုပြီး မသက်မသာ ခံစားနေရလေလေပင်။

နောက်ဆုံးတစ်ခါတွေ့တုန်းက လွန်ခဲ့တဲ့ ၂နှစ်က။ မောင်လေးက သူမကို တွေ့ချင်ပါ့မလား။ အိမ်တံခါးဝသို့ပင် ဝင်ခွင့်မပေးဘဲ သူမကို မောင်းထုတ်လိုက်လေမလား။

မြင်းလှည်းသည် ကောင်းမိသားစု၏ တံခါးအပြင်ဘက်တွင် ရပ်တန့်သွား၏။ ၃ ယောက်သားသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြပြီး ကောင်းမိသားစု၏ တံခါးမကြီးသည် ပွင့်လျက်ရှိနေကာ ခြံဝင်းထဲတွင် တစ်ဝက်တစ်ပျက် ခွဲထားသော ထင်းပုံများ ရှိနေသော်လည်း အိမ်ထဲတွင်တော့ လူမရှိသည်ကို တွေ့လိုက်ရသည်။

"ရှောင်လော့ အပြင်ထွက်သွားတာ ဖြစ်မယ်။ ကျွန်မ လူသွားမေးလိုက်ဦးမယ်” လင်းစွေ့သည် နောက်သို့ လှည့်ကာ ရွာအဝင်သို့ ထွက်ခွာသွားပြီး စကားစမြည် ပြောဆိုနေကြသော အဒေါ်ကြီးများကို မေးမြန်းလိုက်သည်။

ရွာထဲက မိန်းမတစ်ချို့သည် လင်းစွေ့ကို တွေ့လိုက်ရသောအခါ ပြုံးရွှင်စွာဖြင့် သူမကို နှုတ်ဆက်ကြပြီး သူမ မြို့ထဲသို့ ရောက်သွားပြီးနောက် ကောင်းမွန်သော ဘဝကို ရရှိနေပြီလားဟုပင် မေးမြန်းကြသေး၏။

လင်းစွေ့သည် သူတို့နှင့် စကားဆက်ပြောနေရန် စိတ်မရှိဘဲ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ "အဒေါ်တို့...ရှောင်လော့ကို တွေ့မိကြသေးလား။ သူ ဘာလို့ အိမ်မှာ မရှိနေတာလဲ"

ထိုသူများထဲမှ အသက် အနည်းငယ် ပိုကြီးသော အဘွားကြီးတစ်ဦးက ပြောလာခဲ့သည်။ "ခုနက ရွာထဲကို သခင်လေး လူငယ်တစ်စု ရောက်လာကြတယ်။ သူတို့က ရှောင်လော့ကိုပဲ လာရှာကြတာနဲ့ တူတယ်။ အဲ့ဒီ လူအုပ်စုကို အဘွား မြင်ဖူးသလိုပဲ။ အရင်တစ်ခါတုန်းကလည်း သူတို့ပဲ ရှောင်လော့ကို ခေါ်သွားကြတာ”

"ဟုတ်တယ်... သူတို့ပဲ။ သူတို့ ခုနက ရွာနောက်ဘက်ကို ထွက်သွားကြတယ်။ ကြည့်ရတာ တောင်ထဲ ဝင်မလို့နဲ့ တူတယ်" ဘေးမှ တစ်ယောက်ကလည်း ထောက်ခံလိုက်သည်။

သူတို့၏ စကားကို ကြားလိုက်ရချိန်တွင် လင်းစွေ့၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားတော့သည်။ "အရင်တစ်ခါက လူတွေပဲဆိုတာ သေချာရဲ့လား”

အဘွားကြီးသည် ခဏလောက် စဉ်းစားလိုက်ပြီး "အရင်တစ်ခါကထက်တော့ လူ ပိုများသလိုပဲ။ ဒါပေမဲ့ အထဲက ကောင်လေးတစ်ယောက်က မင်းနဲ့ ရုပ်ဆင်တယ်။ အဘွား မှားစရာ အကြောင်းမရှိဘူး”

လင်းစွေ့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နောက်သို့ လှည့်ကာ ပြန်လျှောက်လာခဲ့သည်။

အားချန်တို့က ကောင်းမိသားစု၏ ခြံဝင်းထဲတွင် ခဏလောက် စောင့်ဆိုင်းနေကြပြီးနောက် လင်းစွေ့သည် တောင့်တင်းနေသည့် ခြေလှမ်းများဖြင့် ပြန်လျှောက်လာခဲ့သည်။

"ရှင့်မောင်လေးကို တွေ့ခဲ့လား” အားချန်က မေးလိုက်သည်။

လင်းစွေ့၏ အသံသည် တုန်ယင်လျက် ရှိ၏။ "မတွေ့ခဲ့ဘူး။ ရှောင်လော့... သူ လင်းဟန်တို့နဲ့ တောင်ထဲကို အခေါ်ခံသွားရတာ ဖြစ်နိုင်တယ်”

အားချန်နှင့် ချန်ဟွေ့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ မကြာသေးမီကပင် သူတို့သည် လင်းစွေ့၏ ထိုဒုတိယအစ်ကိုက သူမ၏ မောင်ဖြစ်သူကို ခြေထောက်ကျိုးသွားအောင် လုပ်ခဲ့သည်ဟု သိထားခဲ့ကြသည်။ သည်လူက အဘယ်ကြောင့်များ သည်လို တွယ်ကပ်နေရသနည်း။

"ကျွန်မ တောင်ထဲကို လိုက်ပြီး ရှောင်လော့ကို သွားရှာရမယ်။ လင်းဟန်ဆိုတဲ့ အဲ့ဒီလူက လုံးဝ လူစိတ်မရှိဘူး။ ရှောင်လော့ သူတို့နဲ့ တောင်ထဲ လိုက်သွားပြီး ပြန်လာလို့ မရတော့မှာ စိုးရတယ်”

လင်းစွေ့၏ ယခုပုံစံကို ကြည့်သည်နှင့် အားချန်သည် သူမကို ဖျောင်းဖျလို့ မရနိုင်တော့ကြောင်း သိလိုက်၏။ သို့သော် သူမ တစ်ယောက်တည်း တောင်ပေါ်တက်သွားလျှင် အလွန် အန္တရာယ်များလှသည်။ အားချန်သည် ချန်ဟွေ့ကိုသာ ကြည့်လိုက်ရတော့သည်။

ချန်ဟွေ့က လင်းစွေ့ကို ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ခဏနေရင် ကျွန်မ ရှင့်နဲ့အတူတူ လူသွားရှာပေးမယ်။ ရှင် အရင်ဆုံး ရွာထဲမှာ သူတို့ ဘယ်ကနေ တောင်ထဲ ဝင်သွားလဲဆိုတာ သွားစုံစမ်းလိုက်။ ကျွန်မတို့ နောက်က လိုက်သွားကြမယ်”

"ဒါဆို အားချန်ကရော ဘယ်လိုလုပ်မလဲ” လင်းစွေ့သည် အားချန်ကို ကြည့်လိုက်၏။ ဤအချိန်အတောအတွင်း အတူတူ နေထိုင်ခဲ့ကြသဖြင့် သူမသည် အားချန်က ကျန်းမာရေး မကောင်းသည်ကိုလဲ သိထားလေသည်။ တောင်တက်ခြင်းကို မဆိုထားနှင့် ခြေလှမ်းအနည်းငယ်ခန့် အမြန်လျှောက်လိုက်လျှင်ပင် အသက်ရှူမဝ ဖြစ်သွားတတ်လေသည်။

သို့သော် သူမကို တစ်ယောက်တည်း ရွာထဲတွင် ထားခဲ့ရန်လည်း လင်းစွေ့သည် အနည်းငယ် စိတ်မချ ဖြစ်မိသည်။

"ကိစ္စမရှိပါဘူး။ ကျွန်မ ဒီမှာပဲ ရှင့်တို့ကို စောင့်နေလိုက်မယ်။ လူတွေ ဒီလောက် အများကြီး ရှိတာပဲ။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”

လင်းစွေ့သည် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။ "ဘေးအိမ်က အဘွား ဝမ်စန်းရဲ့ အိမ်ပဲ။ ခဏနေရင် ကျွန်မ သူ့ကို သွားပြောလိုက်မယ်။ ရှင် တစ်ခုခု ဖြစ်ခဲ့ရင် သူ့ကို လှမ်းခေါ်လိုက်"

"ကောင်းပြီ” အားချန်က သဘောတူလိုက်၏။

လင်းစွေ့သည် အရင်ဆုံး ရွာထဲသို့ တစ်ပတ် လှည့်ပတ် မေးမြန်းလိုက်ပြီးနောက် အဘွားဝမ်စန်း၏ အိမ်သို့ သွားရောက်ကာ အားချန်ကို ကူညီစောင့်ရှောက်ပေးရန် မှာကြားခဲ့ပြီးမှ ချန်ဟွေ့နှင့်အတူ တောင်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

.

သူတို့ ထွက်ခွာသွားပြီးနောက် အားချန်သည် ကောင်းမိသားစု၏ ခြံဝင်းတံခါးကို ပိတ်လိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့တော့သည်။

လင်းစွေ့၏ မောင်ဖြစ်သူသည် အနောက်ဘက် အခန်းတွင် အမြဲ နေထိုင်ခဲ့ပြီး အရှေ့ဘက် အခန်းထဲတွင်တော့ လင်းစွေ့၏ ပစ္စည်းများကိုသာ ထားရှိ၏။ သူမ ပြန်မလာသည်မှာ ၂ နှစ်ပင် ရှိပြီ ဖြစ်သော်လည်း အခန်းထဲတွင် အလွန် သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားလေသည်။

အားချန်က လင်းစွေ့ ယခင်က အိပ်ခဲ့သည့်ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ကုတင်ခေါင်းရင်းကို ပွတ်သပ်ကြည့်လိုက်ရာ ဖုန်မှုန့် တစ်စပင် မရှိပေ။

သူမသည် မတွေးဘဲ မနေနိုင်တော့ပေ။ လင်းစွေ့က ဒီမောင်လေးကို စိတ်ထဲမှာ အမြဲ သတိတရ ရှိနေတာ မဆန်းတော့ဘူး။ သူ့မောင်လေးကလည်း သူ့ကို အရမ်း သတိရနေမှာပဲ။

ကောင်းလိုက်တာ။ သူတို့တွေ သွေးသားတော်စပ်ကြတာ မဟုတ်ပေမဲ့ မောင်နှမအရင်းတွေလိုပဲ စိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ် ရှိနေကြတယ်။

ဟွမ်ရှီရွာ၏ အနောက်ဘက်မှ တောင်သည် မတ်စောက်ခြင်း မရှိသော်လည်း အလွန် နက်ရှိုင်းလေသည်။ ကောင်းလော့သည်လည်း တချို့နေရာများသို့ မရောက်ဖူးပေ။ အကြောင်းမှာ ရွာက လူကြီးများက သူတို့ကို ထိုနေရာသို့ မသွားရန် ပြောထားခြင်းကြောင့်ပင်။

သည်တစ်ကြိမ်တွင် ကောင်းလော့သည် လင်းဟန်တို့၏ တောင်းဆိုချက်အတိုင်း သူတို့ကို သားကောင်များ ပေါများသော အနောက်ဘက်တောင်သို့ ခေါ်ဆောင်လာခဲ့ရသည်။ သို့သော် အဘယ်ကြောင့်မှန်း မသိ။ အနောက်ဘက်တောင်တွင် သူတို့သည် ယုန်အနည်းငယ်နှင့် တောကြက် ၂ ကောင်ကိုသာ တွေ့ရှိခဲ့ရပြီး အခြားသော သားကောင်များကို ထပ်မတွေ့ရှိခဲ့ရပေ။

လူတချို့သည် အနည်းငယ် မကျေမနပ် ဖြစ်လာကြပြီး ကောင်းလော့ကို အမဲလိုက်ရန် နေရာသစ်များ ရှာဖွေခိုင်းကြလေ၏။

လွန်ခဲ့သော ၂ ရက်ခန့်က တောင်ခြေတွင် နေထိုင်သည့် မုဆိုးကျန်းက လူတိုင်းကို အနောက်တောင်ဘက်မှ တောင်တန်းများတွင် ယခုတလော ယုန်များ အလွန် ပေါများနေပြီး သမင်များနှင့် မြေခွေးများပါ ရှိသည်ဟု ပြောဆိုသည်ကို ကောင်းလော့ သတိရလိုက်မိသည်။

ရွာကဦးလေး တချို့သည်လည်း မုဆိုးကျန်း နောက်သို့ လိုက်ပါသွားကာ တောင်ထဲသို့ တစ်ခေါက် ဝင်ရောက်ခဲ့ကြပြီးနောက် အမှန်တကယ်ပင် တောရိုင်းတိရစ္ဆာန် အသားများစွာကို ယူဆောင်ကာ ပြန်လာခဲ့ကြသည်။

ခဏလောက် တွန့်ဆုတ်သွားပြီးနောက် ကောင်းလော့သည် သည်လူအုပ်စုကို အနောက်တောင်အရပ်ဆီသို့ ဦးဆောင် ခေါ်ဆောင်သွားလေသည်။

သူသည် ယခင်က သည်ဘက်သို့ သိပ်မလာသလောက်ပင်။ အကြောင်းမှာ သည်ဘက်က တောင်သည် ရွာက လူကြီးများ ပြောထားသည့် တားမြစ်နေရာနှင့် နီးကပ်နေသောကြောင့်ပင်။

သည်တစ်ကြိမ် ရောက်လာသောအခါ ကောင်းလော့သည် တောင်ထဲမှ မြက်ပင်များနှင့် သစ်ပင်များသည် အလွန် ထူထပ်စွာ ပေါက်ရောက်နေပြီး တောင်တက်လမ်းကို လုံးဝ ရှာမတွေ့နိုင်သည်ကို တွေ့ရှိလိုက်ရသည်။

ကျန်းရွှီယောင် ခေါ်ဆောင်လာခဲ့သော ကိုယ်ရံတော်များထဲမှ ၂ ဦးသည် အဖွဲ့၏ ရှေ့ဆုံးသို့ ရောက်ရှိလာကြ၏။ သူတို့သည် မိမိတို့၏ ကိုယ်ပေါ်မှ ဓားရှည်များကို အသုံးပြုကာ လမ်းခရီးမှ မြက်များနှင့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လမ်းဖောက်ပြီး တက်သွားကြသည်။

ကောင်းလော့သည် သူတို့ လမ်းရှာဖွေမှု အတော်လေး တည်ငြိမ်သည်ကို မြင်လိုက်သည်တွင် သည်လူ ၂ ယောက်သည် တောင်တက်အတွေ့အကြုံ အတော်အတန် ရှိကြောင်းကို သိလိုက်ပြီး ဆက်လက်၍ စကားများများ မပြောတော့ပေ။

ရှေ့သို့ ခရီးတစ်ထောက်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် သူတို့သည် မလှမ်းမကမ်းက မြက်ပင်များ လှုပ်ရှားသွားသည်ကို ရုတ်တရက် တွေ့မြင်လိုက်ရသဖြင့် ကျန်းရွှီယောင်သည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ "အဖြူရောင် အမွေးတွေ။ မြေခွေးလား မသိဘူး”

"မအော်နဲ့။ လန့်ပြီး ထွက်ပြေးသွားဦးမယ်” လင်းဟန်သည် လေးကိုတင်ကာ မြားပစ်လွှတ်လိုက်ရာ တစ်ချက် လွဲချော်သွားသဖြင့် မြက်ပင်များအောက်တွင် ပုန်းအောင်းနေသော တောရိုင်းတိရစ္ဆာန်သည် ချက်ချင်း ခုန်ထွက် ပြေးထွက်သွားလေသည်။

လူတချို့သည် အလျင်အမြန် လိုက်ပါသွားကြရာ မကြာမီမှာပင် လင်းဟန်သည် သွေးများ စီးကျနေသော မြေခွေးတစ်ကောင်ကို ဆွဲကာ ပြန်လာခဲ့သည်။

ဘေးမှ ကျန်းရွှီယောင်သည် လင်းဟန်နှင့် စကားပြောဆိုနေဆဲ ဖြစ်၏။ "ဟေး... ခုနက သမင်တစ်ကောင် အောက်ဘက်က တောင်ကြားထဲကို ပြေးဝင်သွားတာ ငါ တွေ့လိုက်တယ်။ ကျွငါတို့ ခဏနေရင် အဲ့ဒီဘက်ကို သွားကြည့်ကြမလား”

"ကောင်းသားပဲ”

ကောင်းလော့သည် သူတို့ သွားရောက်မည့် နေရာကို ကြားသောအခါ မြန်မြန် တားဆီးလိုက်လေသည်။ "အဲ့ဒီဘက်ကို သွားလို့ မဖြစ်ဘူး”

"ဘာလို့ သွားလို့ မဖြစ်ရမှာလဲ” ကျန်းရွှီယောင်သည် ခေါင်းလှည့်လာပြီး ကောင်းလော့ကို ကြည့်သော အကြည့်များတွင် မထီမဲ့မြင်ပြုမှုများ ပါဝင်လို့နေ၏။

"အဲ့ဒီဘက်မှာ အန္တရာယ် ရှိတယ်။ ကျွန်တော်တို့ ရွာက လူကြီးတွေက သွားခွင့်မပြုထားဘူး”

သူက ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် ရယ်မောသံများ ထွက်လာလေသည်။

"ဟားဟားဟား... အန္တရာယ် ရှိသေးတယ် ဟုတ်လား။ မင်းတို့ ရွာက လူတွေက ဘာများ ထူးထူးခြားခြားမို့လို့လဲ။ သူတို့က ဘာကောင်တွေမို့လို့လဲ”

တစ်ယောက်က ထပ်ပြီး လှောင်ပြောင်လိုက်သည်။ "အစ်ကိုလင်း... မင်း ခေါ်လာတဲ့ ဒီလမ်းပြက အသုံးမကျပါဘူး။ သတ္တိလည်း အရမ်း နည်းလွန်းတယ်”

ကျန်းရွှီယောင်က သူ့ ဘေးက ကိုယ်ရံတော်ကို မေးလိုက်သည်။ "တောင်ကနေ ထွက်တဲ့လမ်းကို မှတ်မိလား"

ထိုကိုယ်ရံတော်က ချက်ချင်း ပြန်ဖြေလာသည်။ "သခင်လေး... အကုန် မှတ်ထားလိုက်ပါပြီ။ စိတ်ချပါ"

"ကောင်းပြီ။ ငါ့ရဲ့ ကိုယ်ရံတော်က လမ်းမှတ်မိမှတော့ ဒီကောင်လေးကို လိုအပ်တော့မှာ မဟုတ်ဘူး။ မဟုတ်ရင် သူက တွန့်ဆုတ်နေတာနဲ့ ငါတို့ရဲ့ ပျော်ရွှင်တဲ့ စိတ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်”

လင်းဟန်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ကောင်းလော့ကို တစ်ချက် စွေကြည့်လိုက်ပြီး အထက်စီးမှ ပြောလိုက်၏။ "တော်ပြီ။ မင်း လစ်တော့"

ကောင်းလော့သည် လင်းဟန်ကို တစ်ချက် ကြည့်လိုက်ပြီး သည်လူများက သူ့ကို လွယ်လွယ်ကူကူ လက်လွှတ်မည် မဟုတ်ကြောင်း စိတ်ထဲတွင် သံသယ ဝင်နေမိသော်လည်း သူသည် နောက်သို့ လှည့်ကာ ထွက်လာခဲ့လိုက်သည်။

ခြေလှမ်း ၁၀ လှမ်းခန့် လျှောက်လှမ်းပြီးနောက် နောက်ဘက်မှ လေကို ထိုးခွင်းလာသော အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။

မြား ၂ စင်းသည် သူ့ ဘေးမှ သစ်ပင်တစ်ပင်ပေါ်တွင် စိုက်ဝင်သွား၏။ သူ နောက်သို့ မလှည့်ရသေးခင်မှာပင် နောက်ထပ် မြားတစ်စင်းသည် သူ့ ပခုံးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။

ကောင်းလော့သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားကာ ကိုယ်သည် မတည်မငြိမ် ဖြစ်လျက် တောင်စောင်းအောက်ဘက်သို့ လူးလိမ့်ကျသွားလေသည်။

သည်အချိန်မှာပင် သူသည် ထိုလူများ၏ ရယ်မောသံများကို ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။

လင်းဟန်က သူ့ ဘေးမှ ရွှဲကျောင်းကို ပြောလိုက်၏။ "မဆိုးဘူး ရွှဲကျောင်း။ မြားပစ်ပညာ မဆိုးဘူးပဲ"

ထိုကောင်းလော့ကို ထိမှန်သွားသော မြားကို ရွှဲကျောင်း ပစ်လွှတ်လိုက်ခြင်းပင်။

"အထင်ကြီးလွန်းနေပါပြီ” ရွှဲကျောင်းက ပြုံးလိုက်၏။

လူတချို့သည် ကောင်းလော့ တောင်အောက်သို့ လူးလိမ့်ကျသွားသည်ကို တွေ့မြင်သော်လည်း နောက်ထပ် တစ်ချက်ပင် လှည့်မကြည့်ကြဘဲ သူ့ သေရေးရှင်ရေးကို လုံးဝ ဂရုမစိုက်ကြပေ။

သည်နေရာသို့ လာခဲ့ချိန်က လင်းဟန်သည် ထိုကောင်လေးကို အလွယ်တကူ လွှတ်မပေးလိုကြောင်း ပြောခဲ့ပြီး ဖြစ်သည်။ သို့ဆိုမှတော့ ထိုသူကို တောင်ထဲတွင်ပင် ပျောက်ကွယ်သွားစေခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။

သူတို့သည် လူကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ဘဲ မတော်တဆ မြားတစ်စင်း ပစ်လွှတ်လိုက်မိခြင်းသာ ဖြစ်သည်။ ကောင်းလော့ အသက်ရှင်နိုင်ခြင်း ရှိ၊ မရှိကတော့ တောင်ထဲမှ တောရိုင်းတိရစ္ဆာန်များ၏ စားသောက်ခြင်းကို မခံရစေရန်သာ မျှော်လင့်ရပေမည်။

လူတစ်စုသည် သည်နေရာမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး ကျန်းရွှီယောင် ညွှန်ပြခဲ့သော တောင်ကြားရှိရာသို့ လျှောက်လှမ်းသွားကြသည်။ ပို၍ နီးကပ်လာလေလေ အနီးအနားမှ လှုပ်ရှားမှုများသည် ပို၍ များပြားလာလေလေပင်။

မကြာမီတွင်တော့ သူတို့သည် သမင်တစ်ကောင်က ခေါင်းငုံ့ကာ မြက်စားနေသည်ကို တွေ့မြင်လိုက်ရသဖြင့် လူတစ်စုသည် ချက်ချင်းပင် သမင်နောက်သို့ လိုက်ကာ တောင်ကြားထဲသို့ ပြေးဝင်သွားကြသည်။

သို့ရာတွင် သူတို့သည် ထိုပြေးလွှားနေသော သမင်၏ ဟန်ပန်သည် အလွန် တောင့်တင်းနေပြီး ခြေလှမ်း လှမ်းလိုက်တိုင်း လှုပ်ရှားမှုများသည် တစ်ပုံစံတည်း ဖြစ်နေသည်ကိုတော့ သတိမပြုမိလိုက်ကြပေ။

မကြာမီမှာပင် ကျန်းရွှီယောင်သည် ထိုသမင်ကို အမီလိုက်နိုင်သွားပြီး မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။

ထိုမြားသည် သမင်၏ လည်ပင်းထဲသို့ တိုက်ရိုက် စိုက်ဝင်သွားသော်လည်း ထိုသမင်သည် လဲကျသွားခြင်း မရှိသည့်အပြင် ရှေ့သို့ ဆက်ပြေးလွှားသွားလေသည်။

"ဒါ ဘယ်လိုဖြစ်တာလဲ။ အဲ့ဒီ သမင်က ဘာလို့ သွေးမထွက်တာလဲ” ကျန်းရွှီယောင်သည် သူ မျက်စိမှားသွားခြင်း မဟုတ်ကြောင်း သေချာသိလိုက်ပြီး နောက်သို့ လှည့်လိုက်သည် မျက်နှာအမူအရာသည် အနည်းငယ် ဆိုးရွားသွား၏။

သည်အချိန်ကျမှ လူတချို့သည် သူတို့၏ ခြေဖဝါးအောက်တွင် မြူခိုးပါးပါးတစ်လွှာ ထလာခဲ့သည်ကို သတိပြုမိလိုက်ကြ၏။ မိုးကောင်းကင်သည် ထိန်လင်းနေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်သည် အကြောင်းရင်းမရှိဘဲ မှောင်မိုက်လာခဲ့၏။

လင်းဟန်သည် မြက်တောထဲတွင် ပုန်းအောင်းနေသော ယုန်တစ်ကောင်ကို တွေ့လိုက်ရ၏။ သူသည် လက်ထဲမှ လေးဖြင့် တို့ထိကြည့်လိုက်ရာ ထိုယုန်၏ ခန္ဓာကိုယ်သည် တောင့်တင်းနေပြီး လှုပ်ရှားခြင်း မရှိဘဲ သေဆုံးနေသည်မှာ ကြာမြင့်နေသည့်နှယ်ပင်။

"သခင်လေး... ဒီနေရာမှာ တစ်ခုခု မှားနေပြီ။ ကျွန်တော်တို့ အမြန် ပြန်ဆုတ်ခွာကြရအောင်”

ကျန်းရွှီယောင်၏ ဘေးမှ ကိုယ်ရံတော်သည် လူတချို့ကို အကာအကွယ်ပေးရင်း အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။ အဝေးကြီးသို့ မရောက်သေးခင်မှာပင် မြူခိုးများသည် ပိုပြီး ထူထပ်လာပြီး မြူခိုး အတွင်းဘက်မှ ကျားဟိန်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ကိုယ်အရှည် ၃ မီတာခန့် ရှိသော အနက်ရောင် ကျားကြီးတစ်ကောင်သည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာခဲ့၏။ ထိုကျား၏ မျက်လုံးများက လူတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး သူတို့ကို အပေါ်အောက် အကဲခတ်ကြည့်ရှုနေလေသည်။

"မင်းတို့ ဖြစ်နေပြန်တာပဲ” ရုတ်တရက် ထိုကျားသည် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လူစကားကိုပင် ပြောလာခဲ့သည်။

လင်းဟန်တို့ လူတစ်စုသည် ကြောက်လန့်ပြီး သွေးပျက်မတတ် ဖြစ်သွားကြသည်။ ကျားမိစ္ဆာကို ဖမ်းဆီးသွားပြီလို့ ပြောတယ်မလား။ ဘာလို့ နောက်တစ်ကောင် ရှိနေသေးတာလဲ။

ကျန်းရွှီယောင်ကို အကာအကွယ်ပေးထားသော ကိုယ်ရံတော်များသည် အခြေအနေ မကောင်းတော့ကြောင်း စိတ်ထဲမှ သိရှိလိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကာ ထိုကျားမိစ္ဆာဆီသို့ တစ်ချိန်တည်းတွင် ပြေးဝင်သွားကြသည်။

သို့သော်ငြား လူတချို့၏ မျှော်လင့်တကြီး မျက်ဝန်းများအောက်တွင် ထိုကိုယ်ရံတော် ၄ ဦးသည် အနက်ရောင်ကျားမိစ္ဆာ၏ လက်ဝါးဖြင့် တစ်ယောက်တစ်ချက် ရိုက်ပုတ်ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားကြလေသည်။

အဆင့် ၂ ရှိသော ကိုယ်ရံတော်များသည် နည်းနည်းလေးမှ ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားခဲ့ကြ၏။

ကျားမိစ္ဆာက ကိုယ်ရံတော်များထဲမှ တစ်ဦး၏ လက်မောင်းကို ကိုက်လိုက်ပြီး ၂ ချက်ခန့် ဆွဲဖြဲလိုက်ကာ အနည်းငယ် ရွံရှာဟန်ဖြင့် ပြောလေသည်။ "နှမြောစရာပဲ... ယောကျ်ားတွေချည်းပဲ။ အသားက နည်းနည်းလေးတောင် နူးညံ့မနေဘူး"

လင်းဟန်တို့အဖွဲ့မှာ ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ကြသည်။ "ရှန်း... ရှန်းကျွင်း လူကြီးမင်း... ကျွန်တော်တို့တွေက စားလို့ မကောင်းပါဘူး။ တစ်ကယ်လို့ ခင်များက မိန်းမအသားတွေ စားချင်တယ်ဆိုရင် ကျွန်တော်တို့ ခင်များကို သွားပို့ပေးလို့ ရပါတယ်”

"ဟုတ်ပါတယ်။ ဘယ်လောက် လိုချင်သလဲ... ရှိပါတယ်” ကျန်းရွှီယောင်သည် ချက်ချင်း ထောက်ခံလိုက်သည်။

"တကယ်လား” ကျားနက်မိစ္ဆာသည် မျက်လုံးများကို မှေးမှိန်လိုက်ပြီး သူတို့၏ စကားကို ချိန်ဆနေဟန်တူ၏။

"တကယ် တကယ်ပါ” နောက်တစ်ယောက်က ထုတ်ပြောလိုက်သည်။ "ကျွန်တော်တို့ အခုပဲ ခင်များကို ဘယ်နေရာမှာ နူးညံ့တဲ့ မိန်းမသားတွေ ရှိလဲဆိုတာ ပြောပြလို့ ရပါတယ်”

"ပြောကြည့်လေ” ကျားနက်ကြီး၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အရောင်များ လက်သွား၏။ သူသည် အသက်ရှင်ရန်အတွက် အသည်းအသန် ကြိုးစားကာ သူ့ကို ချော့မော့ပြောဆိုနေကြသော လူသားများ၏ ပုံစံကို အနှစ်သက်ဆုံး ဖြစ်လေသည်။

"ဟွမ်... ဟွမ်ရှီရွာပါ” ထိုသူသည် အသံကျယ်ကျယ်ဖြင့် အော်လိုက်ပြီး လင်းဟန်ကို လက်ညှိုးထိုးလိုက်သည်။ "သူ့ညီမ ဒီနေ့ ဟွမ်ရှီးရွာမှာ ရှိတယ်။ တောင်သခင် လူကြီးမင်းရဲ့ လိုအပ်ချက်တွေနဲ့ သေချာပေါက် ကိုက်ညီမှာပါ”

"အိုး” အနက်ရောင် ကျားမိစ္ဆာသည် လင်းဟန်ကို ကြည့်လိုက်သည်။ "မင်းညီမက ရုပ်ရည် ဘယ်လို ရှိလို့လဲ”

လင်းဟန်၏ စိတ်ထဲတွင် သူ့ အပေါင်းအသင်းအပေါ် ထားရှိသော ဒေါသများသည် ကျားနက်မိစ္ဆာ၏ ကြေးခေါင်းလောင်းသဖွယ် ကြီးမားသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ လင်းစွေ့၏ အသက်နှင့် ယှဉ်လိုက်လျှင် သူ့အသက်က ပိုအရေးကြီးသည်မှာ သေချာလှ၏။

သူက မြန်မြန် ပြောလိုက်တော့သည်။ "ကျွန်တော့်ညီမက အရမ်း လှပါတယ်။ အမေက အိမ်မှာ တယုတယ မွေးမြူထားတာ။ သူ... သူက ရှန်းကျွင်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်”

"ကောင်းပြီ။ မင်းတို့တွေ အသုံးဝင်သေးတယ်ဆိုတော့... ဒီနေ့ မင်းတို့ကို လောလောဆယ် မစားသေးဘူး”

ကျားနက်မိစ္ဆာသည် ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။ "ဟွမ်ရှီရွာကို သွား။ အဲ့ဒီ မိန်းမကို ဖမ်းခေါ်ခဲ့”

သူ့ အသံ ထွက်ပေါ်လာသည်နှင့် ကျားနက်ကြီး၏ နောက်ဘက်မှ မြူခိုးနက်များထဲတွင် လူ့အရိပ်များစွာ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ အကယ်၍ သည်အချိန်တွင် ကောင်းလော့သာ ရှိနေမည်ဆိုလျှင် မကြာသေးမီက သူ တွေ့ဆုံခဲ့ရသော မုဆိုးကျန်းသည်လည်း ထိုအထဲတွင် ပါဝင်နေကြောင်းကို သေချာပေါက် တွေ့မိပေလိမ့်မည်။

...

All Chapters