← Chapters

အခန်း (၃၂၁၆-၃၂၂၀)

Vol. 164 Ch. 3216-3220

အခန်း (၃၂၁၆-၃၂၂၀)

Vol. 164 Ch. 3216-3220

Chapter 3216

မည်သို့ပင်ဆိုစေကာမူ လုဝူယာ၏တော်ဝင်စာမေးပွဲမှအဆင့်သည် မြင့်မားခြင်းမရှိသဖြင့် သူ ဤနေရာ၌ ဆက်၍နေနေလျှင်လည်း အဓိပ္ပါယ်မရှိချေ။

လုဝူယာသည် လုမိသားစု၏သခင်လေးတစ်ယောက်ဖြစ်ကာ ယခုလက်ရှိချိန်၌ အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ပိုင်ဆိုင်ထားပြီးလေပြီ။အကယ်၍ သူ ထွေထွေထူးထူးမလုပ်လျှင်ပင် သူ၏မျက်နှာသာပေးမှုကို ရယူလိုသူများ ရှိနေဆဲပင်။

လုရွှမ်အာသည် ရထားလုံးထံသို့ လုမိသားစု၏အစောင့်များ၏ ဖမ်းခေါ်သွားခြင်းကိုခံရကာ လုအိမ်တော်သို့ လိုက်ပါသွားရလေ၏။

ဤရထားလုံး၏အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။ရထားလုံးအတွင်း၌ ကျယ်ဝန်းပြီးရှည်လျားကာ ခန်းမကျယ်ကြီးတစ်ခုနှင့် တူညီနေသည်။

ဤအချိန်အခိုင်အတန့်တွင် လုရွှမ်အာသည် ရထားလုံးအတွင်း၌ ထိုင်နေကာ သူမသည် အနည်းငယ်မျှပင် တိုက်မိဆောင့်မိသည်ကို မခံစားရချေ။

သို့ရာတွင် ထို့ထက်ပို၍ သူမသည် မကြုံစဖူး ထိတ်လန့်ကြောက်ရွံမှုများကို ခံစားနေရလေ၏။နောင်အနာဂတ်တွင် သူမ မည်သည့်အရာများနှင့် ကြုံတွေ့ရမည်ကို ရေရေရာရာမသိသော ခံစားချက်မျိုးသည် သူမ၏ခေါင်းထက်၌ရစ်ဝဲနေကာ သူမ ရူးသွပ်သွားလုနီးပါးပင်။

ရထားလုံးသည် အလျှင်အမြန် ရပ်တန့်သွားလေ၏။

"သခင်လေး...ကျွန်တော်တို့ အိမ်တော်ကို ပြန်ရောက်ပါပြီ"

အစေခံတစ်ယောက်၏အသံက ပြင်ပမှထွက်ပေါ်လာသည်။

"ရထားလုံးထဲကနေ ထွက်ခဲ့တော့"

လုဝူယာက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

လုရွှမ်အာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူမ မတ်တတ်ထရပ်လိုက်စဥ်မှာပင် လုဝူယာက သူမကို ပါးဖြတ်ရိုက်လိုက်သဖြင့် သူမ မြေပြင်ပေါ်သို့ ခွေခနဲလဲကျသွားတော့သည်။

"ဒူးထောက် တွားသွားပြီးတော့ ထွက်လာခဲ့စမ်း"

လုဝူယာက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

သူ၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး နောက်ဆုံးစစ်ကြေငြာချက်ကို ထုတ်ပြန်လိုက်သကဲ့သို့ပင်။

ဤအချိန်အခိုက်အတန့်တွင် လုရွှမ်အာသည် သူမ၏စိတ်အတွင်းမှ ပူဆွေးသောကများနှင့်ကြေကွဲဝမ်းနည်းမှုများ ပွင့်အံ့ထွက်လာသကဲ့သို့ ခံစားလိုက်ရကာ သူမ၏မျက်လုံးအိမ်အတွင်းမှ မျက်ရည်များ စီးကျလာသည်။

သို့ရာတွင် လုရွှမ်အာသည် နာခံရုံမှတပါး သူမ တက်နိုင်သောအရာဟူ၍မရှိချေ။

လုဝူယာ၏ယခုလက်ရှိ အဆင့်အတန်းသည် သူမထက် များစွာပို၍မြင့်မားသည်။သူမသည် သူ ဝယ်ယူလာသော အစေခံဖြစ်သည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

ညအမှောင်အောက်၌ လှပသောပုံရိပ်လေးတစ်ခုသည် လေလွင့်ခွေးတစ်ကောင်အလား တွားသွား၍ တရွေ့ရွေ့သွားနေလေ၏။

....

ကျို့လင်ညစာစားပွဲ၌

လုယွီနှင့်ကျန်းရွှမ်စဲတို့နှစ်ယောက်သည် နတ်ဘုရားစိတ်အာရုံဖြင့် တိုင်ပင်ဆွေးနွေးပြီးနောက် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါသောအကြည့်နှင့် ကြည့်လိုက်ကြသည်။

နတ်ဘုရားစိတ်အာရုံဖြင့် ဖလှယ်ဆွေးနွေးခဲ့သောအချိန်တွင် လုယွီနှင့်ကျန်းရွှမ်စဲတို့သည် သူတို့၏ တန်ပြန်အစီအမံများအကြောင်းကို ရှင်းပြခဲ့ကြသည်။ကျန်းရွှမ်စဲသည် ထန်အင်ပါယာဘက်မှရပ်တည်ကာ လုယွီ၏တန်ပြန်အစီအမံများကို ချေပခဲ့လေ၏။

သူတို့နှစ်ယောက်သည် နတ်ဘုရားစိတ်အာရုံဖြင့် ပြောဆိုဆက်သွယ်နေကြရုံဖြစ်သော်လည်း အမှန်အားဖြင့် သေရေးရှင်ရေးကစားပွဲတစ်ခုထက် မလျော့နည်းချေ။

အဆုံးသတ်၌ သူတို့နှစ်ယောက်သည် မည်သူနိုင်မည် မည်သူရှုံးမည်ဟု အဖြေမထွက်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

"မင်းက ဆရာသခင်ရဲ့အသိအမှတ်ပြုမှုကိုတောင် ရထားတဲ့အတွက် မင်းရဲ့အကျင့်စရိုက်က ကောင်းမွန်မှာပဲ...ငါ မင်းကို အကြံတစ်ခုပေးချင်တယ်...အခုချိန်မှာ မင်း အိမ်ရှေ့စံမင်းသားနဲ့ မရင်ဆိုင်သင့်ဘူး...ကျိုးမိသားစုက အိမ်ရှေ့စံမင်းသားရဲ့လမ်းကြောင်းမှာရှိနေတဲ့ ဘာအတားအဆီးကိုမှ ရှိခွင့်ပြုမှာမဟုတ်ဘူး"

ကျန်းရွှမ်စဲက သတိပေးလေသည်။

သူသည် ကျန်းဟောင်၏တပည့်တစ်ယောက်ပင်။ကျန်းဟောင်ကိုယ်တိုင်ပင် လုယွီအတွက် စကားပြောဆိုပေးခဲ့သဖြင့် သူသည်လည်း လုယွီကို ကူညီထောက်ပံပေးရပေမည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"အရှင်ကျန်းရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

"ကောင်းပြီလေ...အခုချိန်မှာ ကြီးလေးတဲ့ကိစ္စတွေ ထပ်ပြီးမပြောတော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ မင်းက ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်နေပြီ...တခြားကျောင်းတော်သားတွေက ဒီအခွင့်အရေးကိုယူပြီးတော့ မင်းနဲ့မိတ်ဖွဲ့ချင်နေကြတယ်...ငါ့လိုလူအိုကြီးတစ်ယောက်က မင်းရဲ့အချိန်တွေကို အပိုင်သိမ်းမထားသင့်ဘူး"

ကျန်းရွှမ်စဲက သူ၏ခေါင်းကိုခါယမ်းကာ အပြုံးနှင့်ပြောဆိုလေ၏။

ကျန်းရွှမ်စဲက မတ်တတ်ထရပ်ကာ ကျောင်းတော်သားများကို အားပေးစကားအနည်းငယ်ခန့် ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အမတ်ကြီးခြောက်ယောက်အနက်မှတစ်ယောက်ဖြစ်သဖြင့် ကျောင်းတော်သားအများစုသည် သူ့ကိုမြင်တွေ့ချိန်တွင် အဟန့်အတားတစ်ခုကဲ့သို့ ဖြစ်နေကြသည်။

ကျန်းရွှမ်စဲထွက်ခွာသွားသည်နှင့် ကျောင်းတော်သားများသည် စိတ်လက်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။လုယွီအနားသို့ လူအမြောက်အများဝိုင်းရံလာကာ သူနှင့်အရက်ခွက်ခြင်းတိုက်၍ ဂုဏ်ပြုစကားပြောဆိုကြသည်။

လုယွီသည် မည်သူကိုမျှ ငြင်းဆန်ခြင်းမပြုချေ။ဤသည်က အဆက်အသွယ်များ တည်ဆောက်ရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း သူ သိရှိထားသည်။

ယခုချိန်မှစ၍ သူ လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏ထိပ်သီးပါရမီရှင်များအနက်မှ တစ်ယောက်ဖြစ်သွားလေပြီ။ယခင်ကဲ့သို့ သူ၏နာမည်နှင့်သရုပ်မှန်ကို ဖုံးကွယ်ထားရန် မလိုတော့ချေ။

"လုယွီ...ငါ တခြားအပိုစကားတွေ မပြောတတ်ဘူး...မင်းသာ ငါ့ကို တကယ်ကူညီပေးနိုင်မယ်ဆိုရင် ငါက မြင်းတစ်ကောင်လိုအလုပ်လုပ်ပြီးတော့ မင်းကို ပြန်ပေးဆပ်မယ်"

ချင်လုရှန်းသည် လုယွီ၏ရှေ့သို့လျှောက်လှမ်းလာကာ သူ၏လက်အတွင်းမှ ဝိုင်အရက်အိုးကိုမြှောက်၍ သောက်လိုက်သည်။

လုယွီက ချင်လုရှန်း၏ပခုံးကိုပုတ်ကာ အပြုံးနှင့်ပြောဆိုသည်။

"မင်းရဲ့မှော်စွမ်းအားကိုသုံးပြီးတော့ ဒီဝိုင်အရက်ရဲ့အာနိသင်ကို ပျက်ပြယ်သွားအောင်မလုပ်နဲ့...တကယ်လို့ မင်း နောက်တစ်ကြိမ်ထပ်ပြီးသောက်တာနဲ့ အဲ့ဒီအကြောင်းတွေကို မင်း ထပ်ပြီးတွေးမိတော့မှာမဟုတ်ဘူး"

Chapter 3217

"အမှန်ပဲ...တကယ်လို့ ငါ မူးနေရင်...အဲ့ဒီကိစ္စတွေကို တွေးမိတော့မှာမဟုတ်ဘူး"

ချင်လုရှန်းက မျက်လုံးစုံမှိတ်ကာ သူ၏လည်ချောင်းအတွင်းသို့ ဝိုင်အရက်ကို ထပ်မံ၍ မော့ချလိုက်၏။

တခြားသူများသည် ချင်လုရှန်းမောက်မာရိုင်းစိုင်းသည်ဟုသာ သိရှိကြပေမည်။သို့ရာတွင် ချင်လုရှန်းသည် နာမည်ကျော်ကြားလာစေရန်အတွက် ထိုကဲ့သို့ပြုလုပ်ရသည်ကို သူတို့အားလုံး သိရှိမည်မဟုတ်ချေ။ထို့မှသာ သူ့တွင် ခွန်အားကောင်းလာသည့်တစ်နေ့၌ ချီဘုရင်၏အိမ်တော်အတွင်းသို့ဝင်၍ လူကိုကယ်တင်နိုင်ပေမည်။

ပတ်ဝန်းကျင်ရှိလူများက လုယွီကို အဆက်မပြတ် ချီးမွမ်းဂုဏ်ပြုနေကြသည်။ကျို့လင်ညစာစားပွဲသည် ပို၍လှုပ်ရှားသက်ဝင်လာပေ၏။

ရှထန်ကန်းက အပြုံးနှင့် ရုတ်တရက်ပြောဆိုသည်။

"မင်းက စာပေနဲ့တိုက်ခိုက်ရေးပညာရပ်တွေမှာ အရမ်းထူးချွန်ပြီးတော့ ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်ခဲ့တယ်ဆိုတာ ငါ ကြားထားတယ်...ငါတို့အားလုံးသိချင်တာက နန်းတွင်းစာမေးပွဲကို အောင်မြင်ခဲ့တဲ့ မင်းရဲ့လုပ်ဆောင်မှုတွေပဲ...ငါတို့ကို မင်း သိခွင့်ပြုနိုင်မလား"

တခြားသူများသည် ရှထန်ကန်းကို ကြည့်လိုက်ကြ၏။လုယွီကို ချီးမွမ်းဂုဏ်ပြုရန်လာသော လူတချို့သည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ရှထန်ကန်းကို ဦးစားပေးရန် နည်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးစားနေကြောင်း လူတိုင်းသိရှိထားပြီးလေပြီ။မူလက ထိပ်သီးကျောင်းတော်သားဘွဲ့ထူးသည် ရှထန်ကန်း၏အပိုင် ဖြစ်သင့်သည်။

သို့ရာတွင် လုယွီ၏နောက်ခံသည် ပို၍အားကောင်းနေမည်ကို သူတို့ အားလုံးမျှော်လင့်မထားမိချေ။ထိုပုဂ္ဂိုလ်သည် စာပေသူတော်စင်ယီဟန်ပင်။

ကျန်းဟောင်ကိုယ်တိုင်ပင်လျှင် ရှေ့သို့ထွက်လာပြီး လုယွီအတွက် စကားပြောဆိုပေးခဲ့သည်။

ဤသည်က အိမ်ရှေ့စံမင်းသား၏အခွင့်အာဏာကို အရေးမပါသကဲ့သို့ ဖြစ်သွားစေပေ၏။

ကြည့်ရသည်မှာ ရှထန်ကန်း၏မေးခွန်းသည် နန်းတွင်းစာမေးပွဲအတွင်း၌ လုယွီ၏လုပ်ဆောင်ချက်များကို မေးမြန်းလိုပုံပင်။လုယွီသည် နန်းတွင်းစာမေးပွဲ၌ အမှားတစ်ခုခုကျူးလွန်ခဲ့သရွေ့ ရှထန်ကန်းသည် အလွတ်ပေးမည်မဟုတ်ချေ။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်းက သိချင်နေတယ်ဆိုမှတော့ ငါ မင်းကို ပြောပြရမှာပေါ့"

ထိုသို့ပြောဆိုပြီးနောက် လုယွီက အော်ဟစ်လိုက်သည်။

"ငါ့ဆီကို စုတ်တံနဲ့စာရွက် ယူလာခဲ့ကြစမ်း"

အစေခံတစ်ယောက်က စုတ်တံ မင် စာရွက်နှင့်မင်သွေးကျောက်ကို ချက်ချင်းယူဆောင်လာသည်။

ဤသည်က ကျို့လင်ညစာစားပွဲပင်။စာပေပညာတွင်ထူးချွန်သော ပါရမီရှင်တချို့သည် ကဗျာများကိုရေးသား၍ ချန်ထားခဲ့လေ့ရှိသဖြင့် စာရွက်များနှင့်မင် တို့ကို အဆင်သင့်ပြင်ဆင်ထားရသည်။

ရှထန်ကန်းက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

"လုယွီ...တကယ်လို့ မင်းရဲ့အတွေ့အကြုံတွေအကုန်လုံးကို ချရေးမယ်ဆိုရင် အဲ့ဒါတွေကိုဖတ်ဖို့ ငါတို့မှာ အချိန်မရှိဘူး...မင်း လုပ်ဆောင်ခဲ့တဲ့အရာတွေကို ဘာလို့ ငါတို့ကို ပြန်မပြောပြတာလဲ...ငါတို့အားလုံး ကောင်းကောင်းသင်ယူခွင့်ရတာပေါ့"

လုယွီက ရှထန်ကန်းကို ကြည့်ရှုခြင်းပင်မပြုချေ။

"ငါ အဲ့ဒါတွေကို ချရေးမယ်လို့ မင်းကို ဘယ်သူကပြောတာလဲ"

အစေခံတစ်ယောက်က နံဘေးမှနေ၍ မင်သွေးပေးနေသည်။လုယွီသည် စုတ်ချက်တချို့ကိုအသုံးပြုကာ စာရွက်ပေါ်၌ မြို့တစ်မြို့၏ပုံကို ရေးဆွဲလိုက်၏။

ပန်းချီကားအတွင်းရှိ မြို့၏မြို့တံခါးထိပ်တွင် 'လင်ကျိုး စီရင်စု'ဟူသော စာလုံးကြီးနှစ်လုံးကို ရေးထွင်းထားသည်။

လူတိုင်း စိတ်ဝင်စားသွားသည်။လုယွီ၏စုတ်ချက်တိုင်းတွင် ပန်းချီကားအတွင်းရှိလင်ကျိုးစီရင်စုတွင် စိတ်ဝိညာဥ်စွမ်းအားအရိပ်အယောင်များ ရောယှက်နေပုံရသည်။လူများဖြစ်စေ ရထားလုံးများဖြစ်စေ အလိုအလျောက် စတင်၍လှုပ်ရှားနေကြ၏။

ဝိုးတဝါးဖြင့် လူများအားလုံးသည် ပန်းချီကားအတွင်းရှိမြို့မှထွက်ပေါ်လာသော ဆူညံသံများကို ကြားလိုက်ရကာ ဤပန်းချီကားတစ်ချပ်လုံးသည် အသက်ဝင်နေသကဲ့သို့ပင်။

"ဒါက ပန်းချီတာအိုမဟုတ်လား....စုတ်ချက်နဲ့ သက်ရှိတွေကို ဖန်တီးနိုင်တယ်...ဒါက ပုံရိပ်ယောင်ကို အသက်ဝင်စေတဲ့ ပန်းချီနည်းစနစ်ပဲ"

"လုယွီရဲ့ပန်းချီတာအိုအဆင့်က အရမ်းမြင့်မားနေပြီ"

လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများပြူးကျယ်သွားကာ သူတို့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြ၏။

ဤသည်က သူတို့ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေလေပြီ။

စုတ်ချက်ဖြင့် သက်ရှိများဖန်တီးခြင်းသည် ပန်းချီကားအတွင်းရှိ အရာများထံတွင် အသိဥာဏ်များ ထည့်သွင်းပေးရသည်။ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ ပန်းချီသူတော်စင်တစ်ယောက်သည် ပန်းချီကားတစ်ချပ်ကို အပြီးသတ်ရေးဆွဲပြီးနောက် ထိုအရာမှနေ၍ နဂါးတစ်ကောင်ပျံဝဲထွက်လာကာ ကောင်းကင်ယံအတွင်း၌ လှည့်ပတ်ပျံသန်းနေခဲ့သည်။

"ကြည့်ကြအုံး...လုယွီက အဲ့ဒီနေရာမှာရှိနေတယ်"

တစ်စုံတစ်ယောက်က လင်ကျိုးစီရင်စုအတွင်းသို့ လက်ညှိုးညွှန်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ပန်းချီကားတစ်ချပ်လုံး စတင်၍ ဆင့်ကဲပြောင်းလဲလာတော့သည်။

ပထမရက်သည် နှစ်ကူးပွဲတော်နေ့ဖြစ်ကာ လုယွီသည် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကို မြို့တွင်းရှိစားသောက်ဆိုင်၌ စုဝေးစေသည်။ထို့နောက် မိုးကြိုးပစ်ချသကဲ့သို့ မြန်ဆန်ပြင်းထန်သောနည်းလမ်းများကိုအသုံးပြုကာ တာအိုပညာရှင်ထုံထျန်းကို သတ်ဖြတ်ပြီး ဓားသခင်ချင်းမူကို သူ၏လက်အောက်သို့ ခေါ်ယူခဲ့လေ၏။

ညအချိန်၌ နတ်ဆိုးကျင့်ကြံသူများသည် မြို့ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လုယွီက အချိန်မီ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်။

ထို့နောက် သန်းနှင့်ချီသော နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများသည် ကြီးမားသောအရှိန်အဟုန်ဖြင့် မြို့ကိုတိုက်ခိုက်ကြတော့သည်။

ကျောင်းတော်သားများအားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။သူတို့သည် ပန်းချီကားအတွင်း၌ လှုပ်ခတ်နေသော လင်ကျိုးစီရင်စုကိုကြည့်ပြီး သူတို့၏မျက်လုံးကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က နန်းတွင်းစာမေးပွဲပင်။ထိုစာမေးပွဲ၏ရည်ရွယ်ချက်သည် ပါရမီရှင်များကို ရွေးချယ်ရန်ဖြစ်ပြီး သူတို့ကိုခက်ခဲအောင်လုပ်ဆောင်ရန် မဟုတ်ချေ။ထို့ကြောင့် ကျောင်းတော်သားအားလုံးနီးပါး၏စီရင်စုများတွင် အသေးစားဖရိုဖရဲဖြစ်မှုများကိုသာ ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။

Chapter 3218

လုယွီသည် သူ၏စီရင်စုအတွင်း၌ အောင်မြင်မှုကြီးကြီးမားမားရရှိကာ သူ၏စီရင်စုကို အစီအစဥ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်ဟုသာ မူလက သူတို့အားလုံး တွေးထင်ခဲ့ကြလေ၏။

သို့ရာတွင် လုယွီ ရင်ဆိုင်ခဲ့ရသော အခြေအနေသည် သူတို့ထက် အဆများစွာ ပို၍ရှုပ်ထွေးနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။ဤသည်က အစစ်အမှန် သေရေးရှင်ရေး အခြေအနေပင်။

အကယ်၍ လုယွီသာ ဂရုမစိုက်မိပါက အရာရာတိုင်းကို ဆုံးရှုံးသွားရပေမည်။

လုယွီသည် နတ်ဆိုးကျင့်ကြံသူများကို ဟန့်တားရန်အတွက် မြို့ပြင်ပ၌ဝင်္ကပါခင်းကျင်းခဲ့သည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

လုယွီသည် ဆေးသန့်စင်ကာ ဆေးနတ်ဘုရားရှန်းနွန်၏ပုံရိပ်ယောင်ကိုဆင့်ခေါ်၍ ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများအားလုံးကို ပျက်ပြယ်သွားစေခဲ့သည်။

လုယွီသည် ပန်းချီတာအိုကိုအသုံးပြု၍ စစ်သင်္ဘောကြီးတစ်စင်းကိုလည်း ရေးဆွဲခဲ့လေ၏။နဝမလွှသွားစစ်သင်္ဘောကြီးသည် မြို့အတွင်းရှိလူများအားလုံးကိုတင်ဆောင်ကာ လင်ကျိုးစီရင်စု၏ပြင်ပသို့ ထွက်ခွာခဲ့သည်။နောက်ဆုံး၌ သူသည် နဂါးသွေးကြောနှင့်ဝင်္ကပါကြီးကိုချိတ်ဆက်၍ နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများကို မြှေအောက်သို့နှစ်မြှုပ်ခဲ့လေ၏။

လုယွီသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်နှင့် အကျဥ်းထောင်အတွင်း၌ ပုန်းအောင်းနေသော မြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်၏စိတ်ဝိညာဥ်ကို သတ်ဖြတ်ခဲ့သည်အား မြင်တွေ့ချိန်တွင် သူတို့အားလုံး၏ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

တချို့ကျောင်းတော်သားများသည် မွန်းစတားတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား လုယွီကို ကြည့်လိုက်ကြသည်။

သူသည် လူသားစစ်စစ် ဟုတ်ပါသလော...

သူတို့တွေးတောနေမိသည်မှာ အကယ်၍ သူတို့သာဆိုပါက လုယွီကဲ့သို့ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။သူတို့သည် ပထမဆုံးညမှာပင် သေဆုံးသွားနိုင်ချေရှိသည်။

ရှထန်ကန်းသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် အစမှအဆုံးတိုင် ကြည့်လိုက်၏။

လုယွီ၏လှုပ်ရှားမှုများအတွင်းမှ သူ ဟာကွက်မရှာတွေ့နိုင်သည်ကို ချက်ချင်းဆိုသလိုပင် သူ သိရှိနားလည်သွားသည်။

အကယ်၍ လုယွီသည် တည်ငြိမ်အေးချမ်းပြီး စည်ကားသော စီရင်စုတွင်ဆိုပါက မည်သည့် နည်းဗျူဟာကို အသုံးပြုသည်ဖြစ်စေ ရှထန်ကန်းသည် ဆန့်ကျင်ဘက်ပြောဆိုကာ ချေပနိုင်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဖရိုဖရဲအခြေအနေမျိုး၌ ကျရောက်နေခဲ့သည်။

သူ ပြုလုပ်ခဲ့သော အရာရာတိုင်း စီရင်စုကို ဘေးကင်းလုံခြုံစေရန်ပင်။ဤနည်းလမ်းကြောင့် ရှထန်ကန်း မည်မျှပင် ငြင်းဆန်လိုပါစေ သူသည် အားနည်းကာ အစွမ်းအစကင်းမဲ့နေပေ၏။

"လုရှီက ထိပ်တန်းကျောင်းတော်သားဘွဲ့ထူးကို ပိုင်ဆိုင်ဖို့ တကယ်ကို ထိုက်တန်တာပဲ...ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးအောက်မှာတောင် သူက တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တယ်...ငါတို့ရဲ့ အရည်အချင်းမပြည့်ဝမှုတွေအတွက် အရှက်ရမိတယ်"

လီစစ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

တခြားကျောင်းတော်သားများသည် ခေါင်းညိတ်ပြကာ လုယွီအပေါ် သူတို့၏ကြည်ညိုလေးစားမှုများ ပို၍တိုးပွားလာသည်။

လုယွီသည် နန်းတွင်းစာမေးပွဲနှင့်ပတ်သတ်၍ လိမ်ညာမည်မဟုတ်ချေ။ထိုသို့မဟုတ်ပါက သတင်းပျံ့နှံ့သွားသည်နှင့် သူ၏နာမည်ဂုဏ်သတင်း ပျက်ပြားသွားပေမည်။

ရှထန်ကန်းက သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။

"မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ...ဒါပေမယ့် ပုန်ကန်သူတွေကို အမြစ်ပြတ်သုတ်သင်ဖို့ မင်း အချိန်အကြာကြီးယူခဲ့တာပဲ...လုယွီ မင်းက စစ်သားတွေကို သေသေချာချာ လေ့ကျင့်ပေးသင့်တာ"

လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် မျက်မှောင်ကြုတ်လိုက်၏။

ခွဲခြားသိမြင်နိုင်သောအမြင်အာရုံရှိသည့် မည်သူမဆို လုယွီသည် အလွန်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခဲ့ကြောင်း သိရှိနိုင်သည်။အဆုံးသတ်၌ သူသည် သန်းနှင့်ချီသော ပုန်ကန်သူများကိုပင် အမြှစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။ဤသည်က လူအများ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

ဤကဲ့သို့ နည်းဗျူဟာမျိုးကို မကောင်းမွန်ဟု မည်သူမျှ မပြောဆိုဝံ့ချေ။

ချင်လုရှန်းသည် ဝိုင်အရက်အလွန်အကျွံသောက်သုံးထားခြင်းကြောင့် မူးယစ်ရီဝေနေပြီဖြစ်ကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ရှထန်ကန်း...တကယ်လို့ မင်း မကျေနပ်ဘူးလို့ခံစားနေရရင် ဒီနေ့ ငါနဲ့တိုက်ခိုက်စမ်း...ငါ မင်းနဲ့တွေ့ချင်နေတာ အချိန်အတော်ကြာနေပြီ...မင်းရဲ့အရည်အချင်းလောက်နဲ့ ဘာသောက်ချေး စစ်နည်းဗျူဟာကို သုံးနိုင်မှာလဲ...တကယ်လို့ မင်းသာ လင်ကျိုးစီရင်စုမှာဆိုရင် ပထမဆုံးညမှာတင် လူအကုန်လုံးသေနေလောက်ပြီ"

ချင်လုရှန်းသည် မူလကတည်းက အာလူးပူတစ်လုံးနှင့်တူညီနေကာ သူသည် ရှထန်ကန်း၏နောက်ရှိ အင်အားစုကို ကြောက်ရွံခြင်းမရှိချေ။

ရှထန်ကန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ချင်လုရှန်း၏စကားများကို ချေပပြောဆိုခြင်းမရှိချေ။

"လုယွီ...မင်း အဲ့ဒီပန်းချီကားကိုရောင်းချင်လား...ငါက အင်မော်တယ်ကျောက်တုံးသန်းငါးဆယ်ပေးမယ်"

ကျောင်းတော်သားတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။

ထိုအချိန်ကျမှသာ လူတိုင်းသည် အံ့အားသင့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာကြကာ သူတို့ရှေ့ရှိ သက်ဝင်လှုပ်ရှားနေသောပန်းချီကားကို ကြည့်လိုက်ကြ၏။သူတို့၏မျက်လုံးအကြည့်များ ရုတ်တရက် လင်းလက်တောက်ပလာသည်။

ဤသည်က စုတ်ချက်ဖြင့်သက်ရှိများ ဖန်တီးထားခြင်းဖြစ်ကာ အလွန်အဆင့်မြင့်သော ပန်းချီနည်းစနစ်ကို အသုံးပြုထားခြင်းပင်။

အကယ်၍ ဤပန်းချီကားမျိုးကို စျေးအတွင်းတွင် သွားရောက်ရောင်းချပါက ထိပ်တန်းရတနာတစ်ခုအဖြစ် သတ်မှတ်ကြပေမည်။ဤသည်က လေလံပွဲကြီးများ၏ နောက်ဆုံးအဖိုးတန်ရတနာပင် ဖြစ်သွားနိုင်သည်။

"သန်းငါးဆယ်လား...မင်းက ငွေဒီလောက်နည်းနည်းလေးနဲ့ တောင်းဆိုဝံ့တာလား...လုရှီ ငါ သန်းတစ်ရာပေးမယ်"

"ငါက သန်းနှစ်ရာပေးမယ်"

ကျောင်းတော်သားများသည် ပန်းချီကားကို လိုချင်စိတ်ပြင်းပြနေကြသဖြင့် အပြိုင်အဆိုင် စျေးကမ်းလှမ်းကာ လေလံဆွဲနေကြသည်။

Chapter 3219

အကယ်၍ တစ်စုံတစ်ယောက်သည် ဤပန်းချီကားကိုရရှိသွားပါက နောင်အနာဂတ်တွင် တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ခု ဖြစ်သွားမည်ဟု ကြိုတင်ခန့်မှန်းနိုင်သည်။

ပန်းချီကား၏တန်ကြေးကို ဘေးဖယ်ထားလျှင်ပင် လုယွီ၏လက်ရာဟူသော အချက်တစ်ချက်တည်းဖြင့်ပင် ထိုအရာ၏တန်ဖိုးကို နှစ်ဆမြင့်တက်သွားစေရန် လုံလောက်သည်။

လုယွီသည် ယခုချိန်၌ ထိပ်သီးကျောင်းတော်သား ဖြစ်သည့်အပြင် ယခင်က မထွက်ပေါ်ခဲ့ဘူးသည့် စာမေးပွဲသုံးခုလုံး၌ ပထမနေရာကို ရယူနိုင်ခဲ့သူပင်။အနာဂတ်၌ တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်သားသည် သာလွန်ထူးကဲသောအောင်မြင်မှုမျိုး ရရှိပေလိမ့်မည်။

ဥပမာအနေဖြင့် ဖေးထျန်ကွမ်း အမတ်ရာထူးရခဲ့စဥ်တွင် သူသည် တော်ဝင်နန်းတွင်းရှိ စာပေနှင့်စစ်ရေးအရာရှိများအကြား၌ အလွန်အသက်ကြီးခြင်း မရှိသေးချေ။အကယ်၍ သူသည် ထိပ်တန်းမိသားစုကြီးတစ်စုကိုသာ ရန်မစမိပါက ရှေ့သို့ရာထူးဆက်လက်၍ မြင့်တက်သွားမည်မှာ သေချာပေါက်ပင်။

လုယွီ၏ရှေ့တွင် တောက်ပသောအနာဂတ်က စောင့်ကြိုနေသည်။

အကယ်၍ နောင်တစ်ချိန်တွင် လုယွီသည် အရေးပါသောအရာရှိကြီးတစ်ယောက် ဖြစ်လာပါက ဤပန်းချီကား၏တန်ဖိုးသည် သေချာပေါက် မြင့်တက်သွားပေမည်။

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများသည် အပြိုင်အဆိုင် စျေးကမ်းလှမ်းနေကြသဖြင့် ပန်းချီကား၏တန်ဖိုးသည် တုန်လှုပ်ချောက်ချားဖွယ်ပမာဏသို့ ရောက်ရှိသွားလေပြီ။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ခေါင်းခါယမ်းလိုက်၏။

"ငါ မင်းတို့အားလုံးကို တောင်းပန်ပါတယ်...ငါ ဒီပန်းချီကားကိုရောင်းချဖို့ ရည်ရွယ်မထားဘူး"

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများအားလုံး၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

သို့ရာတွင် ဤသည်က သာမာန်သဘာဝလွန်ပန်းချီကားတစ်ချပ်ပင်။မည်သို့ပင်ဆိုစေကာမူ ပန်းချီကားသည် လုယွီအပိုင်ဖြစ်သဖြင့် မည်ကဲ့သို့ပြုလုပ်ရမည်ကို သူ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

လုယွီက ရုတ်တရက် ရှထန်ကန်းကိုကြည့်၍ တည်ငြိမ်စွာ ပြောဆိုသည်။

"ရှထန်ကန်း...ငါ ဒီပန်းချီကား မင်းကိုပေးမယ်...မင်း ဒါကို လက်ခံဝံ့လား"

ရှထန်ကန်းသည် မူလက အလွန်ဒေါသထွက်နေသော်လည်း လုယွီ၏စကားကိုကြားချိန်တွင် သူက ပြုံးလိုက်၏။

"ဒါက အရမ်းခက်ခဲနေလို့လား..မင်းက ငါ့ကို ပေးမယ်ဆိုမှတော့ ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံပေးမယ်"

ရှထန်ကန်းက ပြုံးလိုက်ကာ သူ့ရှေ့၌မျောလွင့်နေသောပန်းချီကားကို ဆွဲယူရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

ထိုပန်းချီကားပေါ်တွင် လင်ကျိုးစီရင်စု၏ဇာတ်ကြောင်းသည် ဆက်လက်၍လှုပ်ရှားနေဆဲပင်။ဤအရာအတွင်းတွင် ကမ္ဘာငယ်လေးတစ်ခုရှိနေသည့်အလား မြောက်များစွာသောသက်ရှိများသည် သူတို့၏ကိုယ်ပိုင်ဘဝဖြင့် နေထိုင်နေကြ၏။

ပန်းချီကားအတွင်းရှိ ပန်းပွင့်များ မြက်ပင်များ ပိုးမွှားများ ငှက်များနှင့်သားရဲများသည် ကိုယ်ပိုင်အသိဥာဏ်ရှိနေသည့်အလား လှုပ်ရှားသွားလာနေသည်။

မည်သည့်ရှုထောင့်မှကြည့်ပါစေ ဤသည်က အဖိုးတန်ရှားပါးသော ပန်းချီကားတစ်ချပ်ပင်။

ရှထန်ကန်း၏လက် ပန်းချီကားပေါ်သို့ ကျရောက်သွားသောအချိန်မှာပင် ပန်းချီကား ရုတ်တရက် မှောင်အတိကျသွားသည်။

ထိုပန်းချီကား မှောင်မည်းသွားသော အချိန်အခိုက်အတန့်တွင် စာရွက်၏နံဘေးအစပ်တွင် ရွှေရောင်အမှတ်အသားတစ်ခုရှိနေကာ အဆောင်သင်္ကေတတစ်ခုကို ရေးဆွဲထားပုံပင်။

ရှထန်ကန်းက သူ၏လက်အတွင်းရှိပန်းချီကားသည် ထိုက်တောင်ကြီးဖိစီးထားသည့်အလား အလွန်အမင်းလေးလံသည်ကို ရုတ်တရက် ခံစားလိုက်ရလေ၏။

ဟမ့်...

ရှထန်ကန်းက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူ၏လက်၌ စုဝေးသွားသည်။မှော်စွမ်းအားများ၏ကူညီထောက်ပံမှုဖြင့် သူသည် ပန်းချီကားကို ဆုပ်ကိုင်သွားနိုင်ခဲ့သည်။

ဘန်း...ဘန်း...ဘန်း...

ရှထန်ကန်း၏ကျောင်းတော်သားဝတ်စုံသည် ကြမ်းတမ်းပြင်းထန်ပြီး အစွမ်းထက်သောစွမ်းအားကြောင့် စုတ်ပြဲသွားကာ သူ၏ကျစ်လစ်သန်မာသော ကြွက်သားများကို တွေ့မြင်နေရသည်။

ပန်းချီကားစာလိပ်ကို ရှထန်ကန်းသည် ဆုပ်ကိုင်ထားသော်လည်း အချိန်တခဏအကြာတွင် လွတ်ထွက်သွားသည်။

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများအားလုံး ကြက်သေသေသွားသည်။သို့ရာတွင် သူတို့အနက်မှအများစုသည် ဥာဏ်ကောင်းသူများဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ပြဿနာကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

လုယွီပေးလိုက်သော ပန်းချီကားကို လက်ခံရန်အတွက် ရှထန်ကန်းသည် စွမ်းအားအမြောက်အများကို အသုံးပြုခဲ့ရလေ၏။

ဤသည်က အနည်းငယ်မယုံကြည်နိုင်ဖွယ်ဖြစ်သော်လည်း လူတိုင်း၏ရှေ့၌ ဖြစ်ပွားသွားခြင်းပင်။

"အဲ့ဒီပန်းချီကားမှာ မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့စိတ်ဆန္ဒ ပါဝင်တယ်...ငါ မင်းကို ပြောဖို့မေ့သွားတယ်...ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ ငါက လင်ကျိုးစီရင်စုရဲ့ စီရင်စုသခင်ဖြစ်ရုံတင်မကဘူး မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အုပ်ချုပ်သူအရှင်ပဲ"

"မင်းက ဒီပန်းချီကားကို လက်ခံလိုက်တာကြောင့် အနည်းဆုံးတော့ ကုန်းမြေတစ်ခုရဲ့စိတ်ဆန္ဒကို တောင့်ခံနိုင်တဲ့စွမ်းအားမျိုး မင်းမှာရှိရမယ်...ရှထန်ကန်း မင်း သေချာကြိုးစားပြီးကျင့်ကြံဖို့ လိုအပ်နေသေးတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုစကားလုံးများသည် ရှထန်ကန်း၏နှလုံးသားကို ဓားများဖြင့် ထိုးစိုက်လိုက်သည့်အလားပင်။

သူသည် မူလက အလွန်မောက်မာဝံ့ကြွားပြီး လုယွီကို မကြာခဏ လှောင်ပြောင်သရော်ခဲ့သည်။

သို့ရာတွင် လူသူအများရှေ့တွင် ရှထန်ကန်းသည် လုယွီ၏ပန်းချီကားတစ်ချပ်ကိုပင် လက်ခံနိုင်ခဲ့ခြင်းမရှိချေ။

Chapter 3220

"လုယွီ...ငါလည်း မင်းကို မကြာခင်မှာပဲ လက်ဆောင်ကြီးတစ်ခုပြန်ပေးမယ်"

ရှထန်ကန်းက လုယွီကို စူးစိုက်ကြည့်ကာ နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

ပန်းချီကားကမူ ထိုအရာပေါ်ရှိသင်္ကေတမှေးမှိန်ပြီးနောက် အောက်သို့ပြုတ်ကျသွားသည်။အစေခံတစ်ယောက်က ထိုအရာကိုယူဆောင်၍ အလျင်စလို အဝေးသို့ ထွက်ခွာသွားလေ၏။

ဤတစ်ကြိမ်တွင် ရှထန်ကန်းသည် လူတိုင်း၏ရှေ့၌ အရှက်ရခဲ့ရသည်။နောင်တစ်ချိန်၌ ကျို့လင်ညစာစားပွဲနှင့်ပတ်သတ်၍ ပြောဆိုသော မည်သူမဆို ထိုကိစ္စကို အသားပေး၍ ဖော်ပြကြပေမည်။ဤသည်က ရှထန်ကန်း၏ဘဝအတွက် အစွန်းအထင်းတစ်ခုပင်။

ချင်လုရှန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ပျော်စရာကောင်းလိုက်တာ...ဒီတစ်ကြိမ်တော့ အဲ့ဒီကောင်ကို နှိပ်ကွပ်နိုင်ပြီ...အချိန်တိုင်းပဲ သူက ငါတို့ကို ရန်စောင်နေတာ...အခုတော့ ငါတို့ သူ့ကို သင်ခန်းစာပေးနိုင်ပြီ"

"လုရှီ...တကယ်လို့ ရှထန်ကန်းက ရွံရှာမုန်းတီးဖို့ကောင်းတယ်ဆိုရင်တောင် သူက ရှမိသားစုဝင်တစ်ယောက်ဖြစ်နေတုန်းပဲ...သူ့ကို အရှက်ရအောင်လုပ်ခဲ့တာက မသင့်လျော်မှာကို ငါ စိုးရိမ်မိတယ်"

လီစစ်က သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲဖြစ်ကာ သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

လုယွီက ခေါင်းခါပြကာ တည်ငြိမ်စွာ ပြောဆိုလေ၏။

"ငါက အစကတည်းက ရှမိသားစုကို ရန်စစော်ကားပြီပြီ...သူ့ကိုလည်း ချွင်းချက်ထားမှာမဟုတ်ဘူး"

သူသည် ပြောင်ပြောင်တင်းတင်း မတ်တတ်ရပ်နေခြင်းပင်။အနှေးနှင့်အမြန် သူ ရှကွေ့ကျုံးကိုရှာ၍ လက်စားချေရပေမည်။သူသည် ရှမိသားစုများ၏ဟန်ဆောင်မျက်နှာဖုံးများကို ခွာချရန်အတွက် အချိန်အတိုင်းအတာတစ်ခုသာလိုအပ်သည်။

ထို့ပြင် ရှထန်ကားသည် သူ့ကို မထိတထိ လှောင်ပြောင်သရော်နေခဲ့သည်။လုယွီသည် အလွန်စိတ်သဘောထားကောင်းသူဟု ရှထန်ကန်း တွေးထင်နေခဲ့သလော။

တခြားကျောင်းတော်သားများသည် ထိုစကားကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ မနာလိုအားကျသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှတစ်စုကို ဤကဲ့သို့ရင်ဆိုင်မည့်စကားမျိုး ပြောဝံ့သူမှာ လုယွီတစ်ယောက်တည်းသာ ရှိပေမည်။

သို့ရာတွင် လုယွီသည် ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိထားသူဖြစ်သဖြင့် တာယွီတော်ဝင်နန်းတွင်း၌ သူ၏နာမည်ဂုဏ်သတင်းသည် ကောင်းကင်ယံ၌တောက်ပနေသော နေမင်းကြီးအလားပင်။ရှမိသားစုပင်လျှင် သူနှင့်ရင်ဆိုင်ရမည်ဆိုပါက အခက်အခဲတချို့ ရှိနေနိုင်သည်။

"ငါ ပြောမယ်...မင်းတို့အားလုံးပဲ...ဘာလို့ ငါတို့က ရှထန်ကန်းကို ဂရုစိုက်နေရမှာလဲ...သူက ငကြောက်ကောင်တစ်ကောင်လေ...သူနဲ့ပတ်သတ်ပြီး ဘာတွေထူးခြားနေလို့လဲ...ငါတို့ဟာငါတို့ သောက်ကြစို့"

ချင်လုရှန်းသည် ဝိုင်အရက်အမြောက်အများ သောက်သုံးပြီးဖြစ်သဖြင့် မူးယစ်ရီဝေနေလေ၏။ထို့ကြောင့် သူတစ်ယောက်တည်း ကွဲထွက်မနေစေရန် တခြားသူများကိုပါ အတူတကွဝိုင်အရက်သောက်ရန် အော်ဟစ်လိုက်သည်။

ကျောင်းတော်သားတစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။

"ချင်လုရှန်း...မင်းက ထိပ်သီးကျောင်းတော်သားရဲ့လက်အောက်မှာ ရှုံးနိမ့်ခဲ့ရပြီးတော့ ရိုက်ချက်တစ်ချက်တည်းနဲ့ သတိလစ်မေ့မျောသွားခဲ့တယ်လို့ ငါ ကြားထားတယ်...အဲ့ဒါက အမှန်ပဲလား"

ချင်လုရှန်း၏မျက်လုံးများပြူးကျယ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒါက အမှန်ပဲ...ငါက လုယွီကို ရှုံးနိမ့်ခဲ့တယ်...ဒါက ဘာမှားလို့လဲ...ငါက ငါ့ရဲ့အရှုံးကို ထုတ်ဖော်ပြောဆိုဝံ့တယ်...ဘာမှဖုံးကွယ်ထားစရာ မလိုဘူး"

ပတ်ဝန်းကျင်ရှိလူများအားလုံး ရယ်မောလိုက်ကြသော်လည်း သတိကြီးစွာထားလိုက်သော လူတချို့ရှိနေဆဲပင်။

သူတို့အားလုံး ချင်လုရှန်း၏ခွန်အားကို သိရှိထားကြသည်။မမျှော်လင့်ဘဲ လုယွီသည် ချင်လုရှန်းကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတိလစ်မေ့မျောသွားစေခဲ့သည်ဟုသော ကောလဟာလသည် အမှန်ဖြစ်ပုံရပေ၏။

ထိုသို့ဆိုပါက လုယွီ၏ယခုလက်ရှိခွန်အားသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေပေမည်။

"ကောင်မလေးတွေ ဒီနားကိုလာပြီး ဖျော်ဖြေပေးကြစမ်း...ဒါနဲ့ မင်းတို့ထဲက အလှဆုံးမိန်းကလေးတွေကိုပဲ လာခွင့်ပြုမယ်"

ထိုအချိန်မှာပင် ချင်လုရှန်းက အော်ဟစ်လိုက်သည်။

အဝေးတွင်ကနေသော မိန်းကလေးများသည် ချက်ချင်းနားလည်သဘောပေါက်သွားသည်။သူမသည် တင့်တယ်လှပစွာကရင်းနှင့် ကျောင်းတော်သားများနှင့်အတူ ဝိုင်အရက်သောက်ပေးရန်အတွက် တဖြည်းဖြည်း လျှောက်လှမ်းလာကြ၏။

ကျန်းရွှမ်စဲသာ ဤနေရာတွင်ဆက်၍ရှိနေပါက ကျောင်းတော်သားအများစုသည် သူတို့ကိုယ်သူတို့ထိန်းချုပ်ကာ နေနေရပေမည်။ယခုချိန်၌ ကျန်းရွှမ်စဲ ထွက်ခွာသွားပြီဖြစ်သဖြင့် သူတို့အားလုံးသည် လူငယ်များဖြစ်နေလေရာ သူတို့၏စိတ်များကို ချုပ်တီးမထားကြတော့ချေ။

ပင်မခန်းမအတွင်းသို့ဝင်ခွင့်ရသော ကချေသည်များသည် ပထမတန်းစား အလှအပလေးများပင်။သူမတို့တွင် လှပသောရုပ်ရည် ကျောက်စိမ်းကဲ့သို့ဖြူစင်ချောမွေ့သောအသားအရေရှိကာ ရေအတွင်းမှတိုးထွက်လာသော ကြာပန်းများနှင့် တူညီနေသည်။ဤသည်က လူအများကို သူတို့၏စိတ်နှလုံးသားအောက်ခြေမှလာသော ပူလောင်ပြင်းပြမှုကို ခံစားရစေသည်။

ချောမောလှပဆုံးမိန်းမပျိုနှစ်ယောက်က လုယွီ၏နံဘေးသို့ လျှောက်လှမ်းလာကာ သူ၏ခွက်အတွင်းသို့ ဝိုင်အရက်ငှဲ့ပေးလေ၏။

သူမတို့သည် ပါးလွှာပြီး ငွေရောင်အနားကွပ်ပါသော ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမတို့ကိုကြည့်ရသည်မှာ မြင့်မြတ်ပြီး ကျက်သရေရှိကာ သူမတို့ခန္ဓာကိုယ်ပေါ်၌ ဖုန်အညစ်အကြေး တစိုးတစိမျှရှိမနေချေ။သူမတို့ထံတွင် သေမျိုးလောကသို့ဆင်းသက်လာသည့် အင်မော်တယ်များနှင့်တူညီသော အရှိန်အဝါမျိုးလည်းရှိနေသည်။

"သခင်လေး...ကျေးဇူးပြုပြီး တစ်ခွက်လောက်သောက်ပါအုံး"

မိန်းမပျိုတစ်ယောက်က လုယွီ၏နားအနီးသို့ကပ်၍ တီးတိုးပြောဆိုသည်။

အလှပဂေးတစ်ယောက်ကို နံဘေးတွင်ထားရှိနိုင်ရန်မှာ လူငယ်တိုင်း၏အိမ်မက်ပင်။

လုယွီက ရုတ်တရက် သူ့ဘေးရှိမိန်းမပျို၏လက်ကောက်ဝတ်ကို ကြည့်လိုက်၏။ထို့နောက် သူက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"မင်းတို့က ဆုတောင်းခြင်းဖီးနစ်မဟာမိတ်က လူတွေလား"

All Chapters